Showing posts with label အားကစားသတင်း. Show all posts
Showing posts with label အားကစားသတင်း. Show all posts

Tuesday, 3 December 2013

အဓိကပြိုင်ဘက် ထိုင်းဖြစ်ဟု စစ်တုရင် နည်းပြပြော

မဇ္ဈိမ| အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃ ခုနှစ် 

ဆီးဂိမ်း စစ်တုရင်ပြိုင်ပွဲတွင် မြန်မာကစားသမားများအနေဖြင့် ထိုင်းကစားသမားများကို အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုင်းအသင်းသာလျှင် အဓိက ပြိုင်ဘက်ဖြစ်ကြောင်း မြန်မာစစ်တုရင်နည်းပြချုပ် ဦးခင်ကိုက သုံးသပ်ပြောကြားသည်။

“ရိုးရာစစ်တုရင်ပြိုင်ပွဲနဲ့ အာဆီယံစစ်တုရင်ပြိုင်ပွဲတွေမှာ မြန်မာကစားသမားတွေအနေနဲ့ ထိုင်းကစား သမားတွေကို အဓိကထားယှဉ်ပြိုင်ရပါမယ်။ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲမှာတော့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက ကစားသမားတွေရဲ့လက်ရည်က တော်တော်လေးကောင်းတယ်လို့ သိထားရပါတယ်”ဟု ဦးခင်ကိုက ပြောသည်။ရိုးရာစစ်တုရင်ပြိုင်ပွဲသို့ နိုင်ငံပေါင်း၆ နိုင်ငံ၊အာဆီယံ စစ်တုရင်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၆ နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၈ နိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား ကြောင်း သိရသည်။ စစ်တုရင်ပြိုင်ပွဲတွင် ကစားနည်း ၃ မျိုးပါဝင်မည်ဖြစ်ပြီး ပွဲစဉ် ၁၈ ပွဲပါဝင်မည်ဖြစ်ကာ ရွှေတံဆိပ် ၁၈ ခု ပေးအပ်မည် ဖြစ်သည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ စစ်တုရင်ပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၂ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်၊ ဇဗ္ဗူသီရိဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။



Mizzima - News in Burmese

Wednesday, 3 October 2012

ဆိုးသွမ်းပရိသတ်ကြောင့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် လုံခြုံရေး ပိုမိုတင်းကြပ်မည်


ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော AFC U-22 ချန်ပီယံရှစ် ဘောလုံးပွဲတွင် ပရိသတ်အချို့၏ ဆိုးသွမ်းသည့် အားပေးမှုကြောင့် ဒဏ်ငွေဆောင်ခဲ့ရသော မြန်မာ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လာမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် လုံခြုံရေးများ ပို၍ တင်းကြပ်သွားမည် ဟုဆိုသည်။

ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ကျင်းပခဲ့သော U-22 ပွဲစဉ်များတွင် မီးရှူးမီးပန်းများ ထွန်းညှိအားပေး သည့် ပရိသတ်များနှင့် ကြုံတွေ့ခဲ့ရပြီး ဒေါ်လာ ၂၈,ဝဝဝ ဒဏ်ရိုက်ခံခဲ့ရသည်။

လာမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် မီးရှူးမီးပန်းများကို ကွင်းအတွင်း ယူဆောင်လာခြင်း မရှိစေရန် အဓိက စစ်ဆေး သွားမည်ဖြစ်ပြီး ရဲလုံခြုံရေးအင်အားကို U-22 ပွဲစဉ်ကထက် ပိုမိုချထားရန် ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေသည်။

“U-22 ပွဲစဉ်တုန်းက လုံခြုံရေးယူတဲ့ ရဲအရာရှိတွေကတော့ အမျိုးသမီးတွေ၊ ကားတွေမှာ မီးရှူးမီးပန်းတွေ ပါလာတယ် လို့ ပြောကြပြီး လာမယ့် ဆူဇူကီးဖလား ခြေစစ်ပွဲမှာ အမျိုးသမီးတွေရော ကားတွေကိုပါ သေသေချာချာ စစ်ဆေးမှာ
ဖြစ်ပါတယ်။ ရဲအင်အား ဘယ်လောက်သုံးမယ်ဆိုတာ အတိအကျ ပြောလို့မရ ပေမယ့် U-22 ပွဲစဉ်တုန်းက သုံးခဲ့တဲ့ ရဲအင်အား ၁,၄၀၀ ထက်တော့ ပိုမှာ သေချာပါတယ်” ဟု ဘောလုံးအဖွဲ့ချုပ်၊ လုံခြုံရေးဌာနမှ ဒါရိုက်တာ ဦးအေးချို က မဇ္ဈိမကို ပြောသည်။
suzukicup2012“ပညာပေး ဆိုင်းဘုတ်တွေ စိုက်ထူပြီး ပရိသတ်တွေကို အသိပေးသွားမှာပါ။ ပရိသတ်အများကြီးထဲက အနည်းငယ် ကပဲ အဲဒီလိုလုပ်နေကြတာဆိုတော့ အဲဒီလူအနည်းငယ်ကပဲ ပြုပြင်စေချင်တယ်” ဟု ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ဆူဇူကီးဖလား ခြေစစ်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ အောက်တိုဘာလ ၅ ရက်နေ့မှ စတင် ကျင်းပသွားမည်ဖြစ်ပြီး ပရိသတ်များ အဝင်အထွက် လွယ်ကူစေရန် ကွင်းဝင်ပေါက်များကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်


သုဝဏ္ဏကွင်းတွင် ဂိတ်ပေါက်ကြီး ရှစ်ပေါက် ရှိပြီး ဂိတ်ပေါက် ၁ နှင့် ၃ မှ လွဲ၍ ကျန်သည့် ဂိတ်ပေါက်အားလုံးကို ဖွင့်ထားပေးမည်ဖြစ်ကြောင်း ကွင်းရုံတာဝန်ခံ ဦးဇော်လင်း က မဇ္ဈိမကို ပြောသည်။

“ဂိတ် ၂ တခုတည်းမှာတင် ဝင်ပေါက် ၁၆ ခု ရှိတယ်။ MNL ပွဲတွေတုန်းက ၄ ပေါက်ပဲ ဖွင့်ပေးခဲ့ပေမယ့် ဆူဇူကီးပွဲမှာ
တော့ ၁၆ ပေါက်လုံး ဖွင့်မယ်။ အားလုံးပေါင်း ဝင်ပေါက် ၃၂ ခုလောက် အသုံးပြုသွားမှာ ဖြစ်ပြီး ဝင်ပေါက်တခုကနေ တမိနစ်ကို လူ ငါးယောက်လောက် ဝင်လို့ရတယ်” ဟု ဆိုသည်။

လက်ရှိတွင် ဂိတ် ၄ ကို VIP ဝင်ပေါက်အဖြစ် အသုံးပြုလျက်ရှိပြီး ဂိတ် ၅ ကိုမူ မီဒီယာများနှင့် လုံခြုံရေး တာဝန်ရှိ သူများဝင်ရန် သတ်မှတ်ထားသည်။
မဇ္ဈိမ

Wednesday, 26 September 2012

ဂျပန် ခြေစမ်းပွဲများတွင် မြန်မာအသင်း ရလဒ်ဆိုးရွားနေ

ဂျပန် ခြေစမ်းပွဲများတွင် မြန်မာအသင်း ရလဒ်ဆိုးရွားနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။            ။ ခြေစမ်းပွဲများ ကစားရန်အတွက် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ့ လက်ရွေးစင် အသင်းသည် စက်တင်ဘာလ ၂၃ ရက်နေ့က ဂျေလိဂ် (၁) ကလပ် ဆီရီဇို အုဆာကာ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၃-၀ ဖြင့် ရှုံးနိမ့်သွားခဲ့ပြီး ဒုတိယအကြိမ် ဂိုးပြတ်ဖြင့် ရှုံးခြင်းလည်း ဖြစ်သည်။

စက်တင်ဘာ ၂၀ ရက်နေ့က ကစားခဲ့သော ဂျေလိဂ်ကလပ် အိုကိုရာမာအသင်းနှင့် ပွဲတွင် ၆-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သေးသည်။

ဂျပန်ကလပ်အသင်းများမှာ မြန်မာအသင်းထက် ဘောလုံးကျွမ်းကျင်မှု၊ လျှင်မြန်မှုနှင့် နည်းစနစ် ပိုင်းများတွင် များစွာ သာလွန်နေသည့်အတွက် မြန်မာအသင်းအနေဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်မှ မီဒီယာတာဝန်ရှိသူများက သုံးသပ်သည်။

မြန်မာအသင်း၏ နည်းပြချုပ် ပတ်ဆောင်ဟွာ အနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက် ခြေစမ်းမည့် ခရီးစဉ်အတွက် တိုက်စစ်မှူး ရန်ပိုင်နှင့် စိုးမင်းဦးတို့မှ လွဲ၍ မြန်မာ နေရှင်နယ်လိဂ်၏ အကောင်းဆုံး ကစားသမား ၂၅ ဦးကို ရွေးချယ်
ခေါ်ယူသွားခဲ့သော်လည်း ရလဒ်များမှာမူ ကျေနပ်ဖွယ်အနေအထား တခုအထိ စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။

“ကျနော်တို့အသင်းနဲ့ ဂျပန်အသင်းကြားမှာ ကွာခြားချက်တွေ အများကြီးရှိပါတယ်။ ကျနော်တို့မှာ လိုအပ်နေတာက
လေ့ကျင့်ပြင်ဆင်မှုနဲ့ ပြင်းပြင်းထန်ထန် အားထုတ်မှုပါ။ သူတို့လို အဆင့်မျိုး ရောက်ဖို့ဆိုရင် လေ့ကျင့်မှုနဲ့ကြိုးစား
အားထုတ်မှုကို အခုထက်ပိုပြီး လိုအပ်ပါတယ်” ဟု မြန်မာ့ လက်ရွေးစင်အသင်း၏ အသင်းမန်နေဂျာ ဦးသန်းတိုးအောင်က ဆိုသည်။

လက်ရှိခြေစမ်းပွဲ နှစ်ပွဲ ကစားပြီးချိန်အထိ မြန်မာအသင်း၏ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးဘဲ တိုက်စစ်မှူး
များအဖြစ် ပတ်ဆောင်ဟွာ ရွေးချယ် ခေါ်ယူသွားသည့် ကောင်းစည်သူ၊ ရာဇာဝင်းသိန်းနှင့် ကျော်ဇေယျာဝင်းတို့မှာ ဂိုးပေါက်ပျောက် လျက်ရှိသည်။

ဒဏ်ရာရရှိထားသော တိုက်စစ်မှူး ကျော်ကိုကို ဂျပန်ခရီးစဉ်သို့ လိုက်ပါသွားခဲ့သော်လည်း ၎င်းမှာ ခြေစမ်းပွဲများတွင် ပါဝင်ကစားနိုင်ခြင်း မရှိသေးပေ။

“မြန်မာအသင်းအနေနဲ့ လိုအပ်ချက်တွေ အများကြီးပဲ။ တဦးချင်းရော၊ အသင်းလိုက် ပိုင်းမှာရော၊ ကစားကွက်ပိုင်းနဲ့ နားလည်မှုပိုင်းမှာရော လိုအပ်ချက်တွေ ရှိနေသေးတယ်” ဟု ကျော်ကိုကိုက မဇ္ဈိမ ကိုပြောသည်။

မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ခန်းဆဲအိ တက္ကသိုလ် လက်ရွေးစင်အသင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဗစ်ဆဲလ် ကိုဘေး ယူ-၁၈ အသင်းတို့နှင့် ခြေစမ်းပွဲများ ဆက်တိုက် ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသေးသည်။
မဇ္ဈိမ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes