သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Saturday, 7 December 2013
Wednesday, 4 December 2013
အမျိုး သမီးတို 5 အ တွက် ထိတ် လန် 5 ဖွယ်ြ ကက် တောင် ပံ
Posted in: ၁၀။ ပညာပေးနှင့် အထွေထွေသုတThursday, 24 May 2012
ရက်(၉၀) တံဆိပ်နှင့် ရက်ကျော်ခ ဒဏ်ငွေ

ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ သိထားသင့်သည့် ရက်(၉၀) တံဆိပ်နှင့် ရက်ကျော်ခ ဒဏ်ငွေ
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် သူများအနေဖြင့် ရက်(၉၀) တွင် တစ်ကြိမ် မိမိတို.အလုပ်လုပ်ရာ နယ်မြေရှိ လူဝင်မှု.ကြီးကြပ်ရေး စခန်း(ထိုင်း) များတွင် သွားရောက်ကာ တိုင်ကြားကြရမည်ဖြစ်သည်။
သို.သော်မြန်မာအလုပ်သမားအများစုသည် အကြောင်းအမျိုးမျိုး အခက်အခဲ အမျိုးမျိုးကြောင့် သတ်မှတ်ရက်ထက် ကျော်လွန်သွားခြင်းများကိုတွေ.ရှိရပြီး ထိုသို. ရက်ကျော်လွန်မှု.အတွက် ထိုင်း လူဝင်မှု.ကြီးကြပ်ရေးမှ ဒဏ်ကြေးငွေ (၅၀၀၀) ဘတ် သတ်မှတ်ထားပြီး ဒဏ်ရိုက်လျှက်ရှိကြောင်းသိရသည်။
သတ်မှတ်ရက်မှာ ရက်(၉၀) ပြည့်ပြီး (၇) ရက် အထိ မပါဝင်ပဲ (၇)ရက်ထက်ကျော်လွန်သွားပါက ဒဏ်ငွေ (၅၀၀၀)ဘတ်ကို ပေးဆောင်ရမည်ဖြစ်သည်ဟု ထိုင်းလူဝင်မှု.ကြီးကြပ်ရေးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။
(ဖြေရှင်းရန်နည်းလမ်း)
မြန်မာအလုပ်သမားအနေနှင့် အထက်ဖော်ပြပါ ရက်(၉၀) တံဆိပ်တုံးထုခြင်း ရက်ကျော်လွန်ခဲ့ပါက
၁။ မိမိ တို. အလုပ်ရှင်အား အကူအညီတောင်းပြီး မိမိအပါအ၀င် လ၀က(တာမော) ရုံးသို. သွားရောက် ကာ ရက်ကျော်ရခြင်းအကြောင်းကို အလုပ်ရှင်မှ မေတ္တာရပ်ခံ ပြီး ပြောစေခြင်းဖြင့် ဒဏ်ကြေးငွေ လျှော့စေပါသည်။
မင်းလွမ်းနောင်(ပန်းတနော်)
Posted in: ၁၀။ ပညာပေးနှင့် အထွေထွေသုတSaturday, 28 April 2012
အကြော်စားသုံးသူများ အထူးသတိပြုရန်
နဲ့ကြွကြွရွရွဖြစ်နေစေရန် ကော်ရည်အဖြစ် သုံးခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒေါ်ဝင်း
Posted in: ၁၀။ ပညာပေးနှင့် အထွေထွေသုတTuesday, 24 April 2012
စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု
သူ့အထဲမှာညွှန်းထားတာတော့ အကောင်းဆုံး Websites အခု ( ၁၈ ) လို့ပြောတာပဲ …နဂိုမူရင်းရေးထားတဲ့ သူကတော့ အခု ၂၀ ပါ.. ဒါပေမယ့် အဲဒီ့အထဲက တချို့ ဆိုဒ်တွေကမရှိတော့လို့ကျန်တာကလေးကိုပဲ ဖော်ပြလိုက်ပါတယ် ..
Free Ebook Download ပါ .. Free နော် Free .. ကျွန်တော်တို့ တွေက Free ဆိုမှ စိတ်ဝင်စား ကြလို့ ကြေငြာပေးတာပါ…အဲဒီ့ ၁၈ ခုကတော့ အောက်မှာနော်… လိုလို မယ်မယ် ပေါ့ .. ကူးပြီးတော့ Save ရင် Save ထားလိုက်ပါ…
၁ ။ http://www.freebookspot.in
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …
၂ ။ http://www.free-ebooks.net
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီး
တော့ ရှာနိုင်ပါတယ် ..
၃ ။ http://manybooks.net
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ
ဖတ်နိုင်ပါတယ် ..
၎ ။ http://www.getfreeebooks.com
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..
၅ ။ http://freecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.
ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာ စာအုပ်တော်တော်များများကိုလည်း
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၆ ။ http://www.freetechbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေကို လေ့လာချင်သူများ အတွက် အထူး သင့်လျော်တဲ့ဆိုဒ် တစ်ခုပါ..
၇ ။ http://www.scribd.com
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်း
ရှာဖွေတွေ့ ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့
Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …
၈ ။ http://knowfree.net
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။
၉ ။ http://www.onlinefreeebooks.net
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာ
တွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။
၁၀ ။ http://www.memoware.com
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။
၁၁ ။ http://www.zillr.org
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၂ ။ http://www.onlinecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၃ ။ http://www.snipfiles.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်
ဘူး ထင်ပါတယ် ..:)
၁၄ ။ http://www.bookyards.com
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..
၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …
၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ်
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် …
၁၈ ။ http://www.ebooklobby.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..
စာအုပ်တွေကို တော့ Online မှာ တခြားနေရာက ဆိုဒ်တွေမှာလည်း ရှာနိုင်ပါတယ် …ကျွန်တော်အနေနဲ့
လည်း အဲဒီ့ ဆိုဒ်ကလေးကနေတွေ့လို့ သဘော ကျလို့ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ် …
ကိုယ်လိုချင်တဲ့စာအုပ်တွေကိုလည်း အလွယ်တကူ ရှာတဲ့ အခါမှာ အကူအညီ ပြုမယ်ထင်ပါတယ် ..
အဆင်ပြေပါစေလို့ ဆုတောင်းလျက် …
REF : http://www.hongkiat.com
http://www.mmcfamily.org မြန်မာချစ်သူဆိုဒ်မှ..
Posted in: ၁၀။ ပညာပေးနှင့် အထွေထွေသုတSaturday, 21 April 2012
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မူကြမ်း)
Posted in: ၁၀။ ပညာပေးနှင့် အထွေထွေသုတWednesday, 15 February 2012
လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့

အင်ဒိုနီးရှားနိုင်ငံ Toraja ဟာ လူသေကောင်ကို ဖုတ်သွင်းပြီး သူမြေမြုပ်ခံရမယ့် ဂူထဲကိုသွားစေပါတယ် ။ လူသေကောင်ဟာ ရုတ်တရက် လမ်းလျှောက်ပြီး ဂူထဲကို လမ်းလျှောက်လာပါတယ် ။
ရှားတော့ရှားပေမယ့် ကျွန်တော်တို့အနေနဲ့ သိပ္ပံပညာနဲ့ နေရာတကာမှာ ချိန်ထိုးပြီး မျက်စိစုံမှိတ်ငြင်းဆန်နေ လို့မဖြစ်သေးပါဘူး ။ လူသေကောင်ကို ဖုတ်သွင်းတဲ့ ဓလေ့ကိုတော့ မှော်နက် ( Black magic ) အောက် လမ်းနည်း စသဖြင့် အမျိုးမျိုးခေါ်ဆိုကြပါတယ် ။
လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်းညွှန်ပေးရပါတယ် ။
ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။ အကယ်၍ လူသေကောင်က တခုခုကို သတိထားမိသွားတယ်ဆိုရင် ဖုတ်က ပြန်ထွက်သွားပြီး လူသေကောင်ဟာ အဲဒီနေရာမှပဲ လဲကျသွားမှာဖြစ်ပါတယ် ။
ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာ ဟာ ယနေ့ထက်တိုင်အောင် ရှိနေဆဲပါပဲ ။
Ref: အဝေးဆီက မလေးရောက်ခရီးသည်
Posted in: ၁၀။ ပညာပေးနှင့် အထွေထွေသုတSunday, 29 January 2012
ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခြင်းခံရသည့် ဂုဏ်ပြုဆုများ
![]() |
| ဓါတ်ပုံ(ဖေ့စ်ဘုတ်) |
Posted in: ၁၀။ ပညာပေးနှင့် အထွေထွေသုတMonday, 23 January 2012
ကြွက်ထောင်ချောက်
Tuesday, November 4, 2008
ကြွက်ထောင်ချောက်
ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာမြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာအားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။
ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျလို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ ကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကို ဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။
ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်းထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ .. လို့ ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာပါလား။
တစ်ညတော့ "ဗြောင်း" ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင်တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။
လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။
အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။ အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။ ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။ သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။
နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။
ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။
http://ngarkalay.blogspot.com/2008/11/blog-post.html မှကူးယူဖော်ပြသည်။
Posted in: ၁၀။ ပညာပေးနှင့် အထွေထွေသုတSunday, 11 December 2011
သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ လစာတွေ ဘယ်လိုယူထားသလဲ
Thursday, 24 November 2011
Gmail, Gtalk ကို မြန်မာအစိုးရ ကြားဖြတ် ဖောက်ဖတ်နိုင်ဟုဆို
“သူက ကြားခံ ဆာဗာ သုံးခုကို ဖြတ်ရတယ်။ ဖြတ်တိုင်းမှာ ဆာဗာတွေက မှတ်တမ်းယူထားတယ်။ အဲဒီမှတ်တမ်းကို အခြေခံပြီး ပြန်ယူလို့လွယ်တယ်။” ဟု ပြည်ပအခြေစိုက် အိုင်တီလုံခြုံရေးဆိုင်ရာ ပညာရပ်ဖြင့် လုပ်ကိုင်နေသူ ကိုမောင်မောင်က မဇ္ဈိမကို ပြောသည်။
ကြားခံ ဆာဗာသုံးခုမှာ အသုံးပြုရာ နယ်မြေအခြေစိုက် သက်ဆိုင်ရာ မြို့နယ်အလိုက် ထားရှိသည့် Local ISP (Internet service provider), တနိုင်ငံလုံးအား အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ရတနာပုံ တယ်လီပို့စ်နှင့်
မြန်မာ့ဆက်သွယ်ရေး MPT ကဲ့သို့သော Main ISP နှင့် ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် ထားရှိသည့် ဟံသာဝတီ National Gateway တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဂျီမေးလ်၊ ဂျီတော့ပ်အား တိုက်ရိုက်ကြည့်ရှု့ခွင့်ရနေသည်ဟု ထင်မြင်ရသော်လည်း အမှန်တွင်မူ အထက်ပါ ကြားခံဆာဗာသုံးခုအား ဖြတ်ကျော်ပြီးမှသာလျှင် ကြည့်ရှုရနိုင်ခြင်း ဖြစ်သည်။ ယင်းကြားခံ ဆာဗာသုံးခု မှာလည်း အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းဖြစ်ကာ ယင်းတို့မှ အဆင့်ဆင့် ဖြတ်ကျော် ဝင်ရောက်ရခြင်း
ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်အထိ မြန်မာ့ဆက်သွယ်ရေး MPT နှင့် ရတနာပုံ တယ်လီပို့စ်ဟူ၍ အင်တာနက် ဝန်ဆောင်မှု ပေးသည့် Internet Service Provider – ISP နှစ်ခုရှိပြီး ယင်းအထက်တွင် ဟံသာဝတီ National Gateway ရှိသည်။
ယင်းနောက် ၂ဝ၁ဝ နောက်ပိုင်းတွင် စစ်အစိုးရက အင်တာနက်လိုင်းစနစ်အား ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ပြောင်းလဲ လိုက်သည့် ISP စနစ်သစ်တွင် MPT နှင့် ကာကွယ်ရေးဝန်ကြီးဌာန MOD ISP ဟူ၍ ပင်မနှစ်ခု ဖြစ်လာကာ ရတနာပုံ တယ်လီပို့စ် ISP အား MPT လက်အောက်သို့ ပြောင်းလဲထားရှိခဲ့သည်ဟု ပြည်ပ အခြေစိုက် မြန်မာ့သတင်းသမဂ္ဂ BMA မှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်း ထုတ်ပြန်ခဲ့သည့် “အမျိုးသားအဆင့် ရတနာပုံ မြန်မာ Web Portal - ဖွံ့ဖြိုးမှုလော၊ ဖိနှိပ်မှုလော” စာတမ်းတွင် ပါရှိသည်။
“တယောက်ချင်းစီ စစ်စရာမှ မလိုဘူးလေ။ ကိုယ်လိုချင်တဲ့ အကောင့်ကို ဖွင့်ရုံပဲ။ ဘယ်သူ ဘယ်လိုင်း သုံးတယ်ဆိုတာ ဆာဗာထဲမှာ အကုန်ရှိတယ်လေ။ ဆာဗာတွေက ISP လက်အောက်မှာ ရှိတာ။ လုပ်ပိုင်ခွင့်က ISP မှာ အပြည့်ရှိတယ်။ ISP မှာ ဘယ်သူ ဘာဆိုတာ အကုန်ရှိပြီးသား။ လုပ်ချင် လွယ်လွယ်လေးပေါ့။” ဟု ကိုမောင်မောင် က ဆိုသည်။
အစိုးရအနေဖြင့် အင်တာနက်သုံးစွဲသူ၏ သုံးစွဲမှုမှတ်တမ်းအား စစ်ဆေးမည်ဆိုပါက ဆာဗာအသီးသီးရှိ Main Memory (ပင်မ မှတ်တမ်းသိုမှီးရာနေရာ) မှသာမက Cache Memory ဟုခေါ်သည့် သီးခြားမှတ်တမ်း သိုမှီးရာ နေရာမှလည်း လွယ်လင့်တကူ စောင့်ကြည့် စစ်ဆေးနိုင်သည်။
မြန်မာ့အင်တာနက်လုံခြုံရေးဆိုင်ရာ အင်ဂျင်နီယာတဦးအဆိုအရ အစိုးရအနေဖြင့် အင်တာနက် သုံးစွဲသူ အားလုံး ကို စောင့်ကြည့်လေ့ရှိခြင်းမဟုတ်ဘဲ ထင်ရှားသူများ၊ ပစ်မှတ်ထားခံရသူများကို စောင့်ကြည့်ခြင်းဖြစ်ကာ ဦးသိန်းစိန် အစိုးရ တက်လာသည့်နောက်ပိုင်းတွင် စောင့်ကြည့်မှု လျော့ပါးလာသည်ဟု ဆိုသည်။
“ နိုင်ငံခြားသူတယောက် ပြောပြတယ် ကျနော့်ကို။ ရန်ကုန်သွားတော့ သူ ဂျီမေးလ် အသစ်တခုဖွင့်ပြီး သုံးတာ။ သူလည်း အစိုးရ မကောင်းကြောင်းတွေရေးတော့ ရက်ပိုင်းအတွင်း သူ့မေးလ် ပိတ်သွားတယ်တဲ့။ ” ဟု ပြည်ပ သတင်းဌာနတခုတွင် လုပ်ကိုင်နေသူ ချင်းမိုင်အခြေစိုက် အိုင်တီသမား ကိုထွန်းထွန်းအောင်က ပြောသည်။
သုံးစွဲသူအနေဖြင့် မည်မျှပင် လုံခြုံရေးစကားဝှက် Password ပြောင်းလဲထားစေကာမူ သုံးစွဲသူ၏ မှတ်တမ်း
အားလုံးမှာ ဆာဗာတွင် ကျန်ရစ်မည်ဖြစ်၍ မလုံခြုံနိုင်ခြင်း ဖြစ်သည်။
အစိုးရပိုင်းမှ စောင့်ကြည့်ခြင်း၊ ဖောက်ထွင်းခြင်းများ ရှိ၊ မရှိဆိုသည်ကိုမူ သေချာမသိသော်လည်း ထင်ရှား ကျော်ကြား သူအချို့ မည်သည့်ဝက်ဘ်ဆိုက်ကြည့်သည်၊ မည်သည့်သူနှင့် ဆက်သွယ်သည်ကိုမူ IP Address မှတ်သား၍ အာဏာပိုင်များသို့ သတင်းပို့ရလေ့ရှိသည်ဟု ရတနာပုံတယ်လီပို့စ် ဝန်ထမ်းဟောင်း တဦးထံမှ သိရသည်။
“စာရင်းကတော့ အတိအကျ မရှိဘူး။ ၅ဝ လည်း ဖြစ်ရင် ဖြစ်မယ်၊ ၁ဝဝ လည်း ဖြစ်ရင် ဖြစ်မယ်။ ဥပမာ ဘုန်းကြီး အရေးအခင်းဖြစ်မယ်ဗျာ။ ဘုန်းကြီးအရေးအခင်းဖြစ်တုန်းကဆိုရင် သူတို့ စောင့်ကြည့်ရမယ့်သူတွေ အများကြီးပဲ။ အယောက် ၂၀၀ လောက်ဖြစ်ရင် ဖြစ်သွားမယ်။ သာမန်ကတော့ အရေးကြီးတဲ့ အန်တီစုတို့ ဘာတို့ကတော့ Report အမြဲတမ်း လုပ်နေရမှာပေါ့နော်။” ဟု ရတနာပုံ တယ်လီပို့စ် ဆာဗာအင်ဂျင်နီယာဟောင်းတဦးက မဇ္ဈိမကို ပြောသည်။
စောင့်ကြည်ခြင်းလုပ်ငန်းကို ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဆက်သွယ်ရေးတပ် (ကက-ဆက်) မှ စစ်ဘက် အရာရှိ အများစု ပါဝင်သည့် Net Security ကဲ့သို့သော အင်တာနက်လုံခြုံရေးဌာနမှ လုပ်ကိုင်ခြင်းဖြစ်ကာ အဓိက အားဖြင့် နိုင်ငံရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသူများကို စောင့်ကြည့်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်း များအတွက် အသုံးစားရိတ်ကို စစ်ဘက် အသုံးစားရိတ်များတွင် ထဲ့သွင်း ဖော်ပြလေ့ရှိသည်။
စောင့်ကြည့်ခံရသူ အရေအတွက်မှာမူ အတိအကျမရှိနိုင်သော်လည်း ပြည်တွင်း၌ နိုင်ငံရေးလှုပ်ရှားမှု တစုံတရာ
ဖြစ်ပေါ်ပါက စောင့်ကြည့်ခံရသူ များပြားနိုင်ပြီး သာမန်ချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်၊ လူရွှင်တော် ဇာဂနာ ကဲ့သို့သော သူများမှာ စောင့်ကြည့်ခံရနိုင်ဖွယ်ရှိသည်ဟု အင်ဂျင်နီယာက ခန့်မှန်းထားသည်။ ထိုသူမှာ အဓိက အားဖြင့် Network ပိုင်းဆိုင်ရာ စောင့်ကြည့်ထိန်းသိမ်းရေး၊ တဦးနှင့် တဦး မေးလ်ပို့ရာတွင် မှန်ကန်ကြောင်းဆိုင်ရာ မှတ်ပုံတင်ခြင်း Certificate Authority ပိုင်းဆိုင်ရာ ဌာနတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
အင်တာနက် သုံးစွဲသူ အများစုအား ဝန်ဆောင်မှုပေးနေသည့် ရတနာပုံတယ်လီပို့စ်တွင် Net Security, Proxy, Mail, CA – Certificate Authority Team စသည်ဖြင့် ဌာနခွဲပေါင်းများစွာ ထားရှိ၍ ဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကိုလည်း MPT မှ သတ်မှတ်ပေးကြောင်း သိရသည်။ ဆာဗာလုံခြုံရေးနှင့် စောင့်ကြည့်
ရေးပိုင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် မိမိ၏ ဌာနမဟုတ်သည့်အတွက် မသိကြောင်း ပြောဆိုသည်။
“MPT ကနေ ချပေးလိုက်တဲ့ လမ်းညွန်ချက်အတိုင်း ဘယ် Port ပိတ်မယ်၊ ဘယ် Port ဖွင့်မယ်ပေါ့နော်။ အဲဒါတွေ ကတော့ အပေါ်က လူကြီးပိုင်းတွေပဲ လုပ်တာလေ။ သူတို့အပေါ်က လမ်းညွန်ချက်က ဒေါက်တာ လွဏ်းဆွေပိတ်မယ်၊ ဒါမှမဟုတ် ဘယ်ဘလော့ဂ်ဆိုက်ပိတ်မယ်ပေါ့။ တခု ပိတ်မယ်၊ ဖွင့်မယ်။ အပေါ်မှာ သူတို့ ဘယ်လို လုပ်တယ်ဆိုတာ
တော့ ကျနော်တို့ သေချာမသိဘူး။” ဟု ဆာဗာ အင်ဂျင်နီယာဟောင်းက ဆိုသည်။
အစိုးရအနေဖြင့် အင်တာနက် သုံးစွဲခွင့်ပေးထားရာတွင် ဆာဗာအဆင့်ဆင့် ခံထားသည့်အပြင် ယင်းဆာဗာများတွင် DNS Poisoning နည်းလမ်းများသုံး၍ အင်တာနက်သုံးစွဲသူ၏ အချက်အလက်များအား ရယူနိုင်ဖွယ် ရှိသည်ဟုလည်း BMA ၏ စာတမ်းတွင် ပါရှိသည်။
DNS Poisoning ဆိုသည်မှာ ISP ဆာဗာတွင် ကြားခံ စက်ကိရိယာထားရှိ၍ အင်တာနက်အသုံးပြုသူ၏ အချက် အလက်များကို ခိုးယူခြင်း ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် သုံးစွဲသူမှ ရိုက်သွင်းလိုက်သည့် Login ဆိုင်ရာ အချက်အလက်များကို ကြားဖြတ်ယူထားကာ၊ ယင်းမှတဆင့် သက်ဆိုင်ရာ ဆာဗာသို့ ပေးပို့ခြင်း ဖြစ်သည်။
“လုံခြုံရေးကြောင့်ပဲပေါ့။ လိုအပ်ရင် လိုအပ်သလို ထိန်းဖို့လေ။ စစ်သားဆိုတာလုံခြုံရေးပဲ အရင်ကြည့်တာ ဘယ်ခေတ်
ရောက်ရောက်။” ဟု ကိုမောင်မောင်က ပြောဆိုသည်။
ယင်းသို့ မိမိ၏ အချက်အလက်များအား ဆာဗာမှ ခိုးယူခြင်းအား ကာကွယ်နိုင်ရန်မှာ Virtual Private Network - VPN ခေါ် ကြားခံဆာဗာတခုမှ မိမိသွားလိုသည့် အင်တာနက်စာမျက်နှာသို့ သွားရောက်ခြင်း ဖြစ်သည်။
VPN မှာ မိမိအသုံးပြုနေသည့်နိုင်ငံရှိ ဆာဗာများကို ဝင်ရောက်ခြင်းမရှိဘဲ အခြားဆာဗာမှတဆင့် မိမိ သွားလိုရာ အင်တာနက်စာမျက်နှာသို့ ဝင်ရောက်ခြင်းဖြင့် ယာယီအကာအကွယ်ဖြစ်စေသလို သီးခြားလျို့ဝှက်ကုတ်ဒ်များဖြင့် ပုံစံပြောင်းအသုံးပြုခြင်း ( Encryption) ဖြင့်လည်း ကာကွယ်နိုင်သည်ဟု အင်တာနက်လုံခြုံရေးသမားများက လမ်းညွှန်ထားသည်။
Posted in: ၁၀။ ပညာပေးနှင့် အထွေထွေသုတFriday, 27 May 2011
ကုလသမဂ္ဂ အထိမ်းအမှတ်နေ့များနှင့် သီတင်းပတ်များ
ဖေဖော်ဝါရီလ (၂၀) ရက် – ကမ္ဘာ့လူမှုရေး တရားမျှတမှုနေ့ (၂၀၀၉ ခုနှစ်မှ စတင်၍)
ဖေဖော်ဝါရီလ (၂၁) ရက် – အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့
မတ်လ (၈) ရက် – အမျိုးသမီးများ၏ အခွင့်အရေးနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး ကုလသမဂ္ဂ အထိမ်းအမှတ်နေ့ (အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့)
မတ်လ (၂၃) ရက် – ကမ္ဘာ့မိုးလေ၀သနေ့
မတ်လ (၂၅) ရက် – ကျွန်ပြုခံရသူများနှင့် အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ကျော် ကျွန်ကုန်ကူးမှု အောက်မေ့ခြင်း အပြည်ပြည်ဆိုင်ရာနေ့
ဧပြီလ (၂) ရက် – ကမ္ဘာ့ကလေးသူငယ်များ အထီးကျန်၍ စိတ်ဝေဒနာ ခံစားမှုများကို အသိအမှတ်ပြုရေးနေ့
ဧပြီလ (၄) ရက် – မိုင်းအန္တရာယ် သတိပြုဆင်ခြင်ရေးနှင့် မိုင်းအန္တရာယ် အရေးယူ ဆောင်ရွက်ခြင်း ကူညီပေးမှု အပြည်ပြည်ဆိုင်ရာနေ့
ဧပြီလ (၇) ရက် – ကမ္ဘာ့ကျန်းမာရေးနေ့
ဧပြီလ (၂၂) ရက် – အပြည်ပြည်ဆိုင်ရာ မိခင်မြေကြီးနေ့
ဧပြီလ (၂၃) ရက် – ကမ္ဘာ့စာအုပ်စာတမ်းများနှင့် မူပိုင်ခွင့်နေ့
မေလ (၃) ရက် – ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့
မေလ (၈-၉) ရက် – ဒုတိယကမ္ဘာစစ်အတွင်း အသက်ဆုံးရှုံးသွားသူများအတွက် အောက်မေ့ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းအချိန်
မေလ (၁၅) ရက် – အပြည်ပြည်ဆိုင်ရာ မိသားစုများနေ့
မေလ (၁၇) ရက် – ကမ္ဘာ့ကြေးနန်း ဆက်သွယ်ရေးနှင့် သတင်းအဖွဲ့အစည်းနေ့
မေလ (၂၁) ရက် – ကမ္ဘာ့ယဉ်ကျေးမှု ကွဲပြားခြားနားခြင်းအတွက် ဆွေးနွေးခြင်းနှင့် ဖွံ့ဖြိုးမှု ကမ္ဘာနေ့
မေလ (၂၂) ရက် – အပြည်ပြည်ဆိုင်ရာ ဇီဝကွဲပြားခြားနားခြင်းနေ့
မေလ (၂၅) ရက်မှ စ၍ – ကိုယ်ပိုင်အုပ်ချုပ်ရေး မရှိသော နယ်ပယ်သားများ စည်းလုံးညီညွတ်မှု ရက်သတ္တပတ်
မေလ (၂၉) ရက် – အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းတပ်များနေ့
မေလ (၃၁) ရက် – ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့
ဇွန်လ (၄) ရက် – အပြည်ပြည်ဆိုင်ရာ နှိပ်စက်ခံရသော အပြစ်မဲ့ ကလေးများနေ့
ဇွန်လ (၅) ရက် – ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့
ဇွန်လ (၈) ရက် – ကမ္ဘာ့သမုဒ္ဒရာနေ့
ဇွန်လ (၁၇) ရက် – ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးနေ့
ဇွန်လ (၂၀) ရက် – ကမ္ဘာ့ဒုက္ခသည်များနေ့
ဇွန်လ (၂၃) ရက် – ကုလသမဂ္ဂပြည်သူ့ဝန်ဆောင်မှုနေ့
ဇွန်လ (၂၆) ရက် – အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့
ဇွန်လ (၂၆) ရက် – အပြည်ပြည်ဆိုင်ရာ အနှိပ်စက်ခံတန်ဆာခံများကို ထောက်ပံ့သည့်နေ့
ဇူလိုင်လ (၃) ရက် – အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့ (ဇူလိုင်လ ပထမစနေနေ့)
ဇူလိုင်လ (၁၁) ရက် – ကမ္ဘာ့လူဦးရေနေ့
ဇူလိုင်လ (၁၈) ရက် – နယ်လ်စင်မင်ဒယ်လ်လား အပြည်ပြည်ဆိုင်ရာနေ့
သြဂုတ်လ (၉) ရက် – အပြည်ပြည်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများနေ့ (၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့ထိ တလျှောက်လုံး)
သြဂုတ်လ (၁၂) ရက် – အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့
သြဂုတ်လ (၁၉) ရက် – ကမ္ဘာ့လူသားချင်း စာနာထောက်ထားခြင်းနေ့
သြဂုတ်လ (၂၃) ရက် – အပြည်ပြည်ဆိုင်ရာ ကျေးကျွန်များနေ့
သြဂုတ်လ (၂၉) ရက် – အပြည်ပြည်ဆိုင်ရာ နျူကလီးယားစမ်းသပ်ခြင်း ဆန့်ကျင်သောနေ့
စက်တင်ဘာလ (၈) ရက် – အပြည်ပြည်ဆိုင်ရာ စာတတ်မြောက်ရေးနေ့
စက်တင်ဘာလ (၁၅) ရက် – အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့
စက်တင်ဘာလ (၁၆) ရက် – အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့
စက်တင်ဘာလ (၂၁) ရက် – အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့
စက်တင်ဘာလ – ကမ္ဘာ့ပင်လယ်ရေကြောင်း ထိန်းသိမ်းရေးနေ့ (စက်တင်ဘာ နောက်ဆုံးပတ်)
အောက်တိုဘာလ (၁) ရက် – အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့
အောက်တိုဘာလ (၂) ရက် – အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့
အောက်တိုဘာလ (၄ – ၁၀) – ကမ္ဘာ့အာကာသရက်သတ္တပတ်
အောက်တိုဘာလ (၅) ရက် – ကမ္ဘာ့လူသားများ အခြေချနေထိုင်ရာရပ်ခွင်များဆိုင်ရာနေ့ (အောက်တိုဘာလ၏ ပထမ တနင်္လာနေ့)
အောက်တိုဘာလ (၅) ရက် – ကမ္ဘာ့ဆရာများနေ့
အောက်တိုဘာလ (၉) ရက် – ကမ္ဘာ့စာပို့လုပ်ငန်းနေ့
အောက်တိုဘာလ (၁၀) ရက် – ကမ္ဘာ့စိတ်ကျန်းမာရေးနေ့
အောက်တိုဘာလ (၁၃) ရက် – အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်များ လျှော့ချရေးနေ့ (အောက်တိုဘာလ၏ ဒုတိယ ဗုဒ္ဓဟူးနေ့)
အောက်တိုဘာလ (၁၅) ရက် – အပြည်ပြည်ဆိုင်ရာ ကျေးလက်ဒေသနေ အမျိုးသမီးများနေ့
အောက်တိုဘာလ (၁၆) ရက် – ကမ္ဘာ့စားနပ်ရိက္ခာနေ့
အောက်တိုဘာလ (၁၇) ရက် – အပြည်ပြည်ဆိုင်ရာ ဆင်းရဲချို့တဲ့မှု တိုက်ဖက်ရေးနေ့
အောက်တိုဘာလ (၂၄) ရက် – ကမ္ဘာ့ကုလသမဂ္ဂနေ့
အောက်တိုဘာလ (၂၄) ရက် – ကမ္ဘာ့ဖွံ့ဖြိုးမှုလုပ်ငန်း သတင်းပို့ချရေးနေ့
အောက်တိုဘာလ (၂၄ – ၃၀) ရက်- လက်နက်ဖျက်သိမ်းရေး ရက်သတ္တပတ်
နိုဝင်ဘာလ (၆) ရက် – အပြည်ပြည်ဆိုင်ရာ စစ်နှင့်လက်နက်ကိုင် ပဋိပက္ခဖြစ်ခြင်းတို့ဖြင့် ပတ်ဝန်းကျင်ကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမှ ကာကွယ်ရေးနေ့
နိုဝင်ဘာလ (၁၄) ရက် – ကမ္ဘာ့ဆီးချိုရောဂါနေ့
နိုဝင်ဘာလ (၁၆) ရက် – အပြည်ပြည်ဆိုင်ရာ သည်းခံခြင်းနေ့
နိုဝင်ဘာလ (၂၀) ရက် – အာဖရိက စက်မှုထူထောင်ရေးနေ့
နိုဝင်ဘာလ (၂၀) ရက် – အပြည်ပြည်ဆိုင်ရာ ကလေးများနေ့
နိုဝင်ဘာလ (၂၁) ရက် – ကမ္ဘာ့ရုပ်မြင်သံကြားနေ့
နိုဝင်ဘာလ (၂၁) ရက် – ကမ္ဘာ့ယာဉ်တိုက်မှု ဘေးသင့်ခဲ့သူများအတွက် အမှတ်တရနေ့ (နိုဝင်ဘာလ၏ တတိယ တနင်္ဂနွေနေ့)
နိုဝင်ဘာလ (၂၅) ရက် – အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးနေ့
နိုဝင်ဘာလ (၂၉) ရက် – အပြည်ပြည်ဆိုင်ရာ ပါလက်စတိုင်းလူမျိုးများနှင့် ပေါင်းစည်း ညီညွတ်ရေးနေ့
ဒီဇင်ဘာလ (၁) ရက် – ကမ္ဘာ့ခုခံအား ကျဆင်းမှု ရောဂါတိုက်ဖျက်ရေးနေ့
ဒီဇင်ဘာလ (၂) ရက် – အပြည်ပြည်ဆိုင်ရာ ကျေးကျွန်ကုန်ကူးမှု ဖျက်သိမ်းရေးနေ့
ဒီဇင်ဘာလ (၃) ရက် – အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့
ဒီဇင်ဘာလ (၅) ရက် – စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုအတွက် အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းများနေ့
ဒီဇင်ဘာလ (၇) ရက် – အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း ပျံသန်းမှုနေ့
ဒီဇင်ဘာလ (၉) ရက် – အပြည်ပြည်ဆိုင်ရာ လာဘ်ပေးလာဘ်ယူ ဆန့်ကျင်ရေးနေ့
ဒီဇင်ဘာလ (၁၀) ရက် – လူ့အခွင့်အရေးနေ့
ဒီဇင်ဘာလ (၁၁) ရက် – အပြည်ပြည်ဆိုင်ရာ တောင်ကုန်းများနေ့
ဒီဇင်ဘာလ (၁၈) ရက် – အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာ နေထိုင်သူများနေ့
ဒီဇင်ဘာလ (၁၉) ရက် – ကုလသမဂ္ဂ ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနေ့
ဒီဇင်ဘာလ (၂၀) ရက် – အပြည်ပြည်ဆိုင်ရာ လူသားအချင်းချင်း စည်းလုံးညီညွတ်မှုနေ့
အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ် ဆယ်စုနှစ်နှင့် အထိမ်းအမှတ်နှစ်များ
၂၀၀၁ – ၂၀၁၀ – ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဆယ်စုနှစ်
၂၀၀၁ – ၂၀၁၀ – ကိုလိုနီစနစ် ပျောက်ပျက် ဖျက်ဆီးခြင်းအတွက် ဒုတိယ အပြည်ပြည်ဆိုင်ရာ ဆယ်စုနှစ်
၂၀၀၁ – ၂၀၁၀ – အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး တိုးပွားဖွံ့ဖြိုးမှုနှင့် ကမ္ဘာ့ကလေးသူငယ်များအား အကြမ်းမဖက်ရေး ဆယ်စုနှစ်
၂၀၀၃ – ၂၀၁၂ – ကုလသမဂ္ဂ စာတတ်မြောက်ရေး ဆယ်စုနှစ်၊ လူတိုင်းအတွက် ပညာရေး
၂၀၀၅ – ၂၀၁၄ – ရေရှည်တည်တံ့ ခိုင်မြဲနိုင်သော ဖွံ့ဖြိုးရေးဆိုင်ရာ ပညာပေးခြင်း ကုလသမဂ္ဂဆယ်စုနှစ်
၂၀၀၅ – ၂၀၁၄ – ကမ္ဘာ့ဒေသခံ တိုင်းရင်းသားလူမျိုးများ ဒုတိယ ကုလသမဂ္ဂ ဆယ်စုနှစ်
၂၀၀၅ – ၂၀၁၅ – “အသက်ရှင်မှုအတွက်ရေ” လှုပ်ရှားမှု အပြည်ပြည်ဆိုင်ရာ ဆယ်စုနှစ် (၂၀၀၅ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့မှ စတင်၍)
၂၀၀၆ – ၂၀၁၆ – ဘေးသင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ဆယ်စုနှစ် (ချာနိုဘိုင်း ဘေးအန္တရာယ်နှင့် ပတ်သက်သော)
၂၀၀၈ – ၂၀၁၇ – ဆင်းရဲမှု ပပျောက်ရေး ဒုတိယကုလသမဂ္ဂဆယ်စုနှစ်
၂၀၁၀ – ၂၀၂၀ – သဲကန္တာရနှင့် သဲကန္တာရ ဖြစ်စေခြင်းကို တွန်းလှန်ခြင်း၏ ကုလသမဂ္ဂ ဆယ်စုနှစ်
၂၀၁၀ – ယဉ်ကျေးမှုများ ပြန်လည်ပေါင်းစည်းခြင်း အပြည်ပြည်ဆိုင်ရာနှစ်
၂၀၁၀/၂၀၁၁ – အပြည်ပြည်ဆိုင်ရာ လူငယ်များနှစ်၊ ဆွေးနွေးခြင်းနှင့် အပြန်အလှန် နားလည်မှု (၂၀၁၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ စ၍)
၂၀၁၁ – အာဖရိကန်မျိုးနွယ်စု လူမျိုးများအတွက် အပြည်ပြည်ဆိုင်ရာနှစ်
၂၀၁၁ – အပြည်ပြည်ဆိုင်ရာ သစ်တောများနှစ်
၂၀၁၁ – အပြည်ပြည်ဆိုင်ရာ ဓာတုဗေဒနှစ်
၂၀၁၂ – သမ၀ါယမအသင်းအဖွဲ့များ၏ အပြည်ပြည်ဆိုင်ရာနှစ်
Source: (UNIC/YGN/10/01)
ဤနေရာမှ တဆင့် ကူးယူဖေါ်ပြပါသည်။
Posted in: ၁၀။ ပညာပေးနှင့် အထွေထွေသုတWednesday, 11 May 2011
အလုပ် ရှာပေးသူ အချို့ မိမိကိုယ်မိမိ လူကုန်ကူးခြင်း ကျူးလွန် မိကြောင်း မသိဖြစ်နေ
Posted in: ၁၀။ ပညာပေးနှင့် အထွေထွေသုတ


14:37
Unknown






