သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Saturday, 12 May 2012
ဂျက်စီကာ စဲန်ချက်ဇ်ကို မဲပေးကြဖို့ ဖိလစ်ပိုင် ဒု သမ္မတက တိုက်တွန်း
သရုပ်ဆောင် ကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရပြီ
(Photo: RFA) ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ပုံတူရုပ်တုနှင့် သူရေးသားသောစာစု (Photo: RFA) |
Posted in: ၀၃။ မြန်မာ့ သတင်းသံဃာ့လှုပ်ရှားမှု နစ်နာချက်များ လွှတ်တော်ကို တိုင်ကြားရင် စုံစမ်းစစ်ဆေးမည်
RFA ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါသည်။ |
Posted in: ၀၂။ နိုင်ငံတကာသတင်းရွှေဝါရောင်မှာ ကျူးလွန်ခဲ့တာကို တောင်းပန်ပြီး
ဂျာမန်လူမျိုး ဗုဒ္ဓဘာသာဝင်တဦးက သူဟာ ဗုဒ္ဒဘာသာဖြစ်လို့  -၂၀၀ရ-ခုနှစ်က ရဟန်းသင်္ဃာတော်တွေကို ရက်ရက် စက် စက် သတ်ဖြတ်ခဲ့ကြတာကို သိရလို့ စိတ်ထိခိုက်ခဲ့ ရပါတယ်တဲ့။
ဒါကို အခုအစိုးရက တောင်းပန်ဖို့  မရှိသေးဘူးလားလို့ မေးရာမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက “အဲဒီအချိန်မှာ ပြည်သူ့ လွှတ်တော် မရှိသေးလို့  လွှတ်တော် အတွင်းက တောင်းပန်ဖို့  မရှိခဲ့ဘူး။ အခုအချိန်မှာ ပြည်သူ့ လွှတ်တော် ရှိလာပြီဖြစ်လို့ လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့  တောင်းပန်ပါတယ် ဆိုတဲ့အကြောင်း” ဖြေဆို သွားပါတယ်။ အစိုးရ အနေနဲ့  အခုလို ပြည်သူ ကို တောင်းပန် စေလိုတာကတော့ လိုအပ်နေတယ်လို့ အစည်းအဝေးမှာ လက်ခံ ပြောဆိုသွားကြပါတယ်။
Source:(ခိုင်အောင်ကျော်- နယူးယောက်ပေးပို့သည်)
Posted in: ၀၃။ မြန်မာ့ သတင်းပြည်ပရောက် မြန်မာပညာရှင်များအား တိုင်းပြည်ပြန်လာလုပ်ကိုင်ဖို့ ထပ်မံဖိတ်ခေါ်
Posted in: ၀၃။ မြန်မာ့ သတင်းမြန်မာ့အပြောင်းအလဲတွေကို အမေရိကန်အနီးကပ်စောင့်ကြည့်
Posted in: ၀၂။ နိုင်ငံတကာသတင်းကလေးအသေများ၏ သွေးသားကို အမှုန့်ကြိတ် ပြုလုပ်ထားသည့် ဆေးတောင့်များ တရုတ်မှ တောင်ကိုရီးယားသို့ တင်သွင်းမှုအား ဖမ်းဆီးရမိ

ယင်းဆေးတောင့်များကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကလေးအလောင်းများအား အစိတ်စိတ်ပိုင်းကာ အခြောက်ခံပြီး အမှုန့်ကြိတ်ထားခြင်းဖြစ်ကြောင်း ကိုရီးယား အကောက်ခွန်ဌာနက ထုတ်ပြန်ခဲ့သည်။
ယင်းကလေးအသေများကို မည်သည့်နေရာမှ ရသည်၊ မည်သူတို့က ယင်းဆေးအဖြစ် လုပ်သည်ကိုမူ မသိရသေးပေ။ သန္ဓေသားလောင်းနှင့် မွေးစကလေးအသေများကို အသုံးပြုပြီး ဆေးဝါးထုတ်လုပ်ခြင်းအား စုံစမ်းစစ်ဆေးရန် ပြီးခဲ့သည့်နှစ်တွင် တရုတ်အာဏာပိုင်များက ညွှန် ကြားထားခဲ့ဖူးသည်။
အားတိုးဆေးအဖြစ် စာရင်းသွင်းကာ ကိုရီးယားသို့ တင်သွင်းလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လမှစကာ ယခုအချိန်အထိ ယင်းဆေးမျိုး တင်သွင်းမှုအကြိမ်ရေ ၃၅ ကြိမ်တိတိကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးတောင့် ၁၇၄၅၀ တောင့်မျှ သိမ်းဆည်းရမိခဲ့သည်ဟု အကောက်ခွန်ဌာနက ထုတ်ပြန်သည်။
ယင်းဆေးများကို အချို့က ရောဂါမျိုးစုံ ပျောက်ကင်းစေသော ဆေးဝါးများအဖြစ် ယုံကြည်မှုရှိနေသည်ဟု ဆိုသည်။ ဆေးများ ခိုးသွင်းလာခဲ့သူများကမူ ယင်းဆေးများကို ပုံမှန်အားတိုးဆေးများအဖြစ်သာ သိရှိထားပြီး မည်သည့်အမယ်များ ပါသည်၊ မည်သို့ ထုတ်လုပ်သည်ကို မသိကြောင်း ထွက်ဆိုထားသည်။ တရုတ်အရှေ့မြောက်ပိုင်းတွင် နေထိုင်ခဲ့ကြပြီး ယခုအခါ တောင်ကိုရီးယားတွင် ပြန်လည်အခြေချကြသည့် ကိုရီးယားလူမျိုးအချို့မှာ ယင်းဆေးကို သုံးစွဲကြခြင်း (သို့မဟုတ်) ကိုရီးယား-တရုတ်ကပြားများက သုံးစွဲကြခြင်းဖြစ်သည်ဟု ယူဆရကြောင်း အကောက်ခွန် အရာရှိများက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ ကျန်းမာရေး ၀န်ကြီးဌာနတို့ကို မေးမြန်းခဲ့ရာ ချက်ချင်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ တရုတ်မီဒီယာများ၏ ဖော်ပြချက်အရမူ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံနှင့် ထိစပ်နေသော ကျင် လင်းပြည်နယ်မှာ ယင်းကဲ့သို့သော ပစ္စည်းများထွက်ရှိရာအရပ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
Posted in: ၀၂။ နိုင်ငံတကာသတင်းယာယီပိတ်ထားသော ဂိတ်အားလုံးကို DKBA ပြန်ဖွင့်
“ကျနော်တို့က ပြည်သူလူထု ထိခိုက်မှာကို မလိုလားလို့ ပြန်ဖွင့်ပေးလိုက်ရတာ ဖြစ်တယ်။”ဟု DKBA ၏ ကလို့ထူးဘော ကရင်အစည်း အရုံးမှ ဗိုလ်ကြီးစောကိုမျိုးက ကေအိုင်စီသို့ ပြောသည်။
ထိုင်းအစိုးရသည် ဗိုလ်ချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး)အား မူးယစ်ရာဇာအဖြစ် စွပ်စွဲ၍ ဆုငွေထုတ်ပြီးနောက် DKBA အခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တပ်လှန့်ခဲ့သောကြောင့် DKBA ဘက်မှ လည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဂိတ် ၁၂ခုကို မေလဆန်း ပိုင်းမှစ၍ စတင် ပိတ်ပစ်ကာ ယမန်နေ့၌ ယခုလို ပြန်ဖွင့်လိုက်ခြင်းလည်းဖြစ်သည်။
မြ၀တီမြို့နယ်အတွင်းရှိ ကလော်ဝေါ်ရွာမှ ဒေသခံတဦးက “ကျနော်တို့တွေဟာ ထိုင်းနိုင်ငံက လာတဲ့ စားသုံးကုန်၊ လူသုံးကုန် မှန်သမျှ အမှီပြုနေရတဲ့အတွက် ပြန်ဖွင့်လိုက်တော့ ကောင်းတယ်။”ဟု ပြောသည်။
ထို့အပြင် ဂိတ်များကို ယာယီပိတ်ထားသော်လည်း ထိုကာလအတွင်း ၎င်းတို့ဒေသခံအနေဖြင့် ထိုင်းဘက်ခြမ်း မဲဆောက်မြို့မှတဆင့် ၀င်ရောက်လာသည့် စားသုံးကုန်များကို မြ၀တီမြို့တွင် သွားလာရောက်ဝယ်ယူနိုင်ခြင်း မရှိခဲ့သည့်အတွက် မိသားစု စားဝတ်နေရေး ထိခိုက်ခဲ့ရသည်ဟု သူက ဆက်ပြောသည်။
ဂိတ်ပိတ်ထားသည့် ကာလတွင် ဂိတ်များကို ဖြတ်သန်းသွားလာသည့် ကားများကို ပိတ်ထားပြီး လူကိုသာ ခြေလျင်ဖြင့် ဖြတ်သန်းသွားလာ ခွင့်ပြုသည်ဟု သိရသည်။
တဆက်တည်း၌ပင် အဆိုပါ ထုတ်ပြန်ချက်အရ ဗိုလ်ချုပ်စောလားပွယ်အား စွပ်စွဲခြင်းအပေါ် တုန့်ပြန်သည့်အနေဖြင့် ထိုင်းနှင့် မြန်မာနိုင်ငံ ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Drug Enforcement Administration-DEA ကိုလည်း ကလို့ထူးဘော အခြေစိုက်ရာ ဒေသတွင်းသို့ လာရောက် စစ်ဆေးမေးမြန်းရန် ဖိတ်ခေါ်ကြောင်း ပါရှိသည်။
ထိုကြေညာချက်တွင် ဗိုလ်ချုပ်စောလားပွယ်အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခြင်း မရှိသည့်အတွက် ထိုင်းနိုင်ငံသို့ သွားရောက် အစစ်ဆေးခံရန် မဖြစ်နိုင်ကြောင်းလည်း ၎င်းတို့၏ သဘောထားကို ထည့်သွင်းဖော်ပြထားသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည်ဟု ထိုင်းအစိုးရ၏ စွပ်စွဲချက်ကို တုန့်ပြန်သည့်အနေဖြင့် ဗိုလ်ချုပ်စောလားပွယ်သည် ၎င်း၏ ကလို့ထူးဘောဌာနချုပ်(ကော်သူးမွဲခီး) ဆုံဆည်းမြိုင်တွင် ယမန်နေ့က ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ယခုလို ကြေညာ ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Ref: KIC
Posted in: ၀၃။ မြန်မာ့ သတင်း၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုအား စတင် သတ်မှတ် ပြဋ္ဌာန်း
ကာကွယ် ထိန်းသိမ်း ထားသော ဇုန် PZ အဖြစ် သတ်မှတ် လိုက်တဲ့ နေရာတွေ ကတော့ မြောင်းမြ မြို့နယ်၊ မြောင်းမြ မြို့ဟောင်း၊ လောင်းလုံ မြို့နယ် မြို့ဟောင်း ကျေးရွာ အုပ်စု၊ သာဂရ မြို့ဟောင်း၊ မြောက်ဦး မြို့နယ် ဝေသာလီ ကျေးရွာနဲ့ သလ္လာဝတီ ကျေးရွာ ဝေသာလီ မြို့ဟောင်း၊ ကျောက်တော် မြို့နယ်၊ မဟာမုနိ ကျေးရွာ၊ ဓည၀တီ မြို့ဟောင်းနဲ့ ချောင်းဦး မြို့နယ် အတွင်းရှိ အမြင့်ရွာ ဒေသနှင့် သုံးပန်လှ အနိမ့် ရွာဒေသတို့ပဲ ဖြစ်ပါတယ်။
သတ်မှတ် ပြဋ္ဌာန်း ထားတဲ့ ဇုန်များ အတွင်း အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် များကို ထိခိုက် ပျက်စီး စေမည့် ဆောင်ရွက်မှုများ ဖြစ်တဲ့ လူနေအိမ်ခြေ အပါအ၀င် အဆောက်အအုံ သစ်များ ဆောက်လုပ်ခြင်း၊ ဆည်မြောင်း ကန်များ တူးဖော်ခြင်း၊ ဓာတ်တိုင်များ စိုက်ထူခြင်း၊ တာဝါတိုင် များစိုက်ခြင်း၊ လယ်ယာမြေများ ချဲ့ထွင်ပြီး ထွန်ယက် စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေများ စိုက်ပျိုးခြင်း၊ ခြံစည်းရိုးများ ကာရံခြင်း၊ စက်ရုံ အလုပ်ရုံများ၊ ဟိုတယ်များ တည်ဆောက်ခြင်း၊ မြို့ရွာများ တိုးချဲ့ခြင်း၊ မြေကွက်များ ဖော်ထုတ် နေရာချခြင်း၊ ဓာတ်သတ္တု ပစ္စည်းများ တူးဖော်ခြင်း စသည့် ရှေးဟောင်း နေရာ၊ ဒေသ၏ အသွင်အပြင် ပျက်စီး စေမည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ရန် ၁၉၉၈ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေအရ တားမြစ် ကန့်သတ် ထားပါတယ်။
အဆိုပါ ဒေသများ အတွင်း နေထိုင်သော ဒေသခံများ၊ ဌာနဆိုင်ရာများ အနေနဲ့ ယဉ်ကျေးမှု အမွေအနှစ် ဒေသ အတွင်း အထက်ပါ ကိစ္စ တစ်ခုခုကို ပြုလုပ်လိုပါက ယဉ်ကျေးမှု ၀န်ကြီး ဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနသို့ ကြိုတင် တင်ပြ ညှိနှိုင်းပြီး ခွင့်ပြုချက် အရသာ ဆောင်ရွက် ရမည်ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ ဆောင်ရွက်ပါက တရား ဥပဒေနှင့် အညီ အရေးယူ ခံရမည်ဟု ယဉ်ကျေးမှု ၀န်ကြီး ဌာနက သတင်း ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။
MRTV-4
Ref: MNN
Posted in: ၀၃။ မြန်မာ့ သတင်းအစိုးရ တပ်စခန်းတခု KIA သိမ်း၊ တပ်ရင်းမှူး အပါအဝင် ခြောက်ဦး ကျဟုဆို
အစိုးရ၏ ခလရ ၁၃၈ လက်အောက်ခံ အဆိုပါတပ်စခန်းကို KIO တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့များက ကြာသပတေးနေ့တွင် တိုက်ခိုက်သိမ်းယူလိုက်ခြင်းဖြစ်ပြီး တိုက်ပွဲတွင် အစိုးရတပ်မှ တပ်ရင်းမှူး အပါအဝင် ခြောက်ဦး ကျဆုံးခဲ့သည်ဟု KIA ရှေ့တန်းသတင်းရပ်ကွက်က ပြောသည်။
“မနေ့ညနေ ၅ နာရီကျော်လောက်မှာ အစိုးရဲ့ စခန်းတခုကို သွားတိုက်တာ သူတို့ဘက် ခြောက်ယောက် သေတယ်။ ကျနော်တို့ဘက်က တယောက် ဒဏ်ရာရတယ်။ ခု အဲဒီကို ကျနော်တို့တပ်ဖွဲ့တွေ နေရာယူထားတယ်” ဟု KIA ရဲဘော်တဦးက မဇ္စျိမကို ပြောသည်။
အစိုးရဘက်မှ ကျဆုံးသူ ခြောက်ဦးတွင် ခလရ ၁၃၈ တပ်ရင်းမှူး ဗိုလ်မှူး အေးကိုဦးနှင့် တပ်ကြပ်တဦး ပါဝင်ပြီး KIA ဘက်မှ တဦး ဒဏ်ရာသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။
သို့သော် နေပြည်တော်ရှိ အစိုးရနှင့် နီးစပ်သူတဦးအဆိုအရ အစိုးရတပ် အင်အား ၃၅ ဦး ရှိရာ ထိုတပ်စခန်းအား KIA ဘက်မှ အင်အား ၁ဝဝ ခန့်က တိုက်ခိုက်ခဲ့ရာ အင်အားမမျှ၍ အစိုးရဘက်မှ ၆ ဦးသေဆုံးက ၈ ဦး ပျောက်ဆုံးနေ သည်ဟု သိရသည်။ အနီးရှိ လှုပ်ရှား တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သူက ဆိုသည်။
ထိုတိုက်ပွဲမှ ၆ဝ မမ တလက်နှင့် ၎င်းဗုံးသီး ၆ လုံး၊ MA‑4 စက်လက် ၁၈ လက်နှင့် ၎င်းကျည် ၂ဝ တောင့်၊ MA ကျည် ၁,ဝဝဝ၊ ဗုံးသီး ၁ဝ လုံး၊ သေနတ်တို ၁ လက်၊ စစ်ဝတ်စုံ၊ ကုလားပဲ ၉ အိတ်၊ ဆားအိတ် ၆ အိတ်၊ ဆန် တပေပါနှင့် အိတ် ၁ဝဝ တို့ KIA မှ သိမ်းဆည်းရမိသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသည်။
ဆုတ်ခွါသွားသည့် အစိုးရတပ်ဖွဲ့များမှာ မေလ ၅ ရက်နေ့က ဆွမ်ပရာဘွမ်မြို့ရှိ KIO ၏ ဆက်ဆံရေး ရုံးအား မီးရှို့ ဖျက်ဆီးခဲ့သည့် တပ်ဖွဲ့များဖြစ်သည်ဟု KIA ၏ ရဲဘော်တဦးက စွပ်စွဲပြောဆိုသည်။
မေလ ၈ ရက်နေ့က ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲအတွင်းရှိ KIO ၏ တပ်မဟာ ၅ လက်အောက် တပ်ရင်း ၁၉ တပ်စခန်းကို အစိုးရစစ်တပ်ဖွဲ့က သိမ်းယူလိုက်သည်။ KIA တပ်ဖွဲ့က ပြန်လည်သိမ်းယူရန် သွားရောက် တိုက်ခိုက်စဉ် KIA တပ်သားတဦး ကျဆုံးခဲ့သည်ဟု KIA ဌာနချုပ် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
KIO နှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေး သုံးကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာ မေလ ၈ ရက်နေ့ထိ တိုက်ပွဲပေါင်း ၁,၃ဝဝ ကြိမ် ဖြစ်ပွားခဲ့သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့ထိ မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့်မျှ ပြန်လည် တွေ့ဆုံခြင်း မရှိသေးပေ။
Posted in: ၀၃။ မြန်မာ့ သတင်းFriday, 11 May 2012
HIV ပိုးရှိသူ တသိန်းခန့် ဆေးဝါး အရေးပေါ် လိုအပ်နေ
ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံရသူ ၂၄၀,၀၀၀ ခန့် ရှိသည့်အနက် တသိန်းခန့်မှာ ARTဆေးဝါး အရေးပေါ် လိုအပ်နေကြောင်း Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဒေါက်တာစစ်နိုင် က ပြောသည်။
ယခင်က ခုနှစ်သောင်းခန့် အတွက်သာ အရေးတကြီး လိုအပ်ခဲ့သော်လည်း ယခုကဲ့သို့ ပိုမိုများပြားလာရခြင်းမှာ ယခင်က CD4 ဆဲလ်အရေအတွက် ၂ဝဝ ရှိသူများကိုသာ ART ဆေးတိုက်ကျွေးခဲ့ပြီး ယခု ၃၅ဝ ရှိသူများကိုပါ တိုက်ကျွေးရန် ပြောင်းလဲလိုက်သောကြောင့် ဖြစ်သည်ဟု ဒေါက်တာ က ပြောသည်။
“အသစ်ပေးချင်တာ ဆေးသောက်ဖို့ လိုနေတဲ့လူက အရင်တုန်းက စံနှုန်းနဲ့တွက်ရင် ခုနှစ်သောင်းလောက် လိုတာပေါ့နော်။ အခု စောစောစီးစီး ဆေးတိုက်ကြရအောင် ဆိုပြီး ပြောင်းလဲသွားတဲ့ စံနှုန်းနဲ့တွက်ရင် တသိန်းလောက်ဆေးသောက်ဖို့ လိုတဲ့လူ ရှိမလားလို့ မှန်းတာပေါ့” ဟု ဒေါက်တာစစ်နိုင် က ပြောသည်။
| NLD ပါတီရုံးချုပ်တွင် ပြုလုပ်သည့်ကမ္ဘာ့ AIDS နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ) |
မြန်မာနိုင်ငံသို့ ငှက်ဖျား၊ တီဘီ၊ HIV တို့အတွက် ထောက်ပံ့နေသော Global Fund အဖွဲ့မှ ထောက်ပံ့မှုများ ဖြတ်တောက် လိုက်ပြီးနောက် လူနာသစ်များအား ART ဆေးဝါး မပေးနိုင်သေးကြောင်း ဒေါက်တာစစ်နိုင်က ပြောသည်။
“Global Fund ကနေပြီးတော့ ယူမယ်ဆိုပြီးလုပ်တော့ လုပ်တာ။ သူက နားသွားတော့ ထပ်ရဖို့ နည်းနည်း ခက်သွား တယ်။ ခုလောလောဆယ် အသစ်ထပ်ခေါ်ဖို့ မရှိသေးဘူး။ အခုရှိနေတာက ရလက်စ လူတွေကတော့ ထပ်ရနေတယ်။
ပေးဖို့ လူတွေက ကျန်နေသေးပေမယ့် တိုးချဲ့ဖို့က ခက်သွားတယ်” ဟု သူက ဆက်ပြောသည်။
၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလက ရန်ပုံငွေ အခက်အခဲကြောင့် Global Fund ထောက်ပံ့မှုများ မြန်မာနိုင်ငံအပေါ် ဖြတ်တောက် ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ တောင်ဒဂုံနှင့် မြောက်ဒဂုံတို့ရှိ HIV ပိုးကူးစက်ခံရသူများ ထိန်းသိမ်း စောင့်ရှောက်ရေး ဂေဟာတွင် ယခင် က ဝေဒနာရှင်ဦးရေ ၂၀၀ ရှိရာမှ ၃၀၀ ထိ တိုးမြင့်လာခြင်းကို ကြည့်ခြင်းအားဖြင့် ART ဆေးဝါး သောက်သုံးရမည့် သူများ အတွက် ပိုမိုခက်ခဲလာသည်ဟု ဂေဟာ တာဝန်ခံ ဒေါ်ဖြူဖြူသင်းက ပြောသည်။
“ဒီမှာတောင် တနှစ်ခွဲ နှစ်နှစ်အတွင်းမှာ သုံးလေးဆလောက် လူနာ တက်လာတယ် ဆိုတော့။ ဒါကို တွက်ကြည့်ခြင်း အားဖြင့် ကျန်တဲ့လူတွေက ဆေးမရနိုင်ဘူးဆိုတာ ပြောလို့ရတာပေါ့။ တသိန်းတောင် မကလောက်တော့ဘူး။ ဆေးပေးဖို့”ဟု သူက မဇ္စျိမကို ပြောသည်။
“ဆေးက NGO တွေကနေ ယူတာ တန်းစီရတယ်။ အရင်တုန်းက CD4 ၃၅ဝ အောက်ဆို ရတယ်။ ခုနောက်ပိုင်း ၁၅ဝ အောက် ပေးလာတယ်။ ဒီလို အကန့်အသတ်ရှိတော့ ဒီကို လာတဲ့လူတွေက CD4 ၂ဝဝ ဆေးပေးနိုင်တဲ့နေရာကို သွားရှာကြတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်သည့် ဒေါ်ဖြူဖြူသင်း က ဆိုသည်။
HIV ပိုးကူးစက်ခံရသူ ပိုများလာသဖြင့် ရရှိသည့် ရန်ပုံငွေနှင့် လုံလောက်မှု မရှိကြောင်း၊ မိုးတွင်းရောက်လာသဖြင့်ဂေဟာအတွင်း နေထိုင်ရန် လုံလောက်မှု မရှိသဖြင့် နေရာသစ်ပြန်လည် ရှာဖွေနေသည်ဟုလည်း ဒေါ်ဖြူဖြူသင်းကပြောသည်။
| NLD ပါတီရုံးချုပ်တွင် ပြုလုပ်သည့် ကမ္ဘာ့ AIDS နေ့ အခမ်းအနားတွင် တွေ့ရသည့် တေးသံရှင် ချစ်သုဝေ (ဓါတ်ပုံ မဇ္ဈိမ) |
“ကျမတို့မှာ လူနာတွေကို ငြင်းပဲငြင်းနေရတယ်။ ပိုပြီး ရောဂါဆိုးပြီး သေဆုံးသွားကြရမယ်ဆိုတာ ကျမတို့ သိပါတယ်” ဟု MSF မှ တာဝန်ခံ Dr. Maria Guevara အား ကိုးကား၍ ဂါးဒီယန်း သတင်းစာကြီးတွင် ရေးသားထားသည်။
ဆရာဝန်များအနေနှင့် ဆေးဝါးများကို ခွဲတမ်းစနစ်ဖြင့် ပေးနေရကာ အခြေအနေ အဆိုးဆုံး ဝေဒနာသည်များကိုသာဆေးညွှန်းရေးပေးနေရသည်ဟုလည်း ဆိုသည်။
ရောဂါရင့်မှ ဆေးခန်းရောက်လာ၍ သေဆုံးကြရသူ နှုန်းမှာလည်း ၂ဝ၁၁ ခုနှစ်အတွင်း ၂၅ ရာခိုင်နှုန်း ရှိလာကြောင်း MSF က ဆိုသည်။ ကုလသမဂ္ဂ ၂ဝဝ၉ ခုနှစ် ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် HIV ရောဂါပိုး ကူးစက်ခံပြီး နှစ်စဉ် လူ ၁၈,ဝဝဝ ခန့် သေဆုံးနေသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၃၃ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုအောက် ရောက်နေရသဖြင့် တလလျှင် ဒေါ်လာ ၃ဝ ဖိုး ကုန်ကျမည့် ART ဆေးဝါးအတွက် ဝေဒနာသည်များ မတတ်နိုင်ကြကြောင်း MSF က ဆိုသည်။
အစိုးရ ကျန်းမာရေးဝန်ကြီးဌာနတွင်လည်း ဘဏ္ဍာငွေ အလွန်ကြပ်တည်းလျက်ရှိသည်။ ဌာနအတွက် လိုအပ်သော ဘဏ္ဍာငွေ၏ ၄၃ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း ဝန်ကြီး ဒေါက်တာဖေသက်ခင်က ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။ လိုအပ်သည်မှာ ကျပ်သန်းပေါင်း ၈,ဝဝဝ ဖြစ်သော်လည်း ကျပ်သန်း ၃,၅ဝဝ သာ ရရှိခဲ့၍ အစိုးရဆေးရုံ ဆေးခန်းများတွင် ဆေးဝါးမလုံလောက်မှု၊ လုပ်ငန်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
Posted in: ၀၃။ မြန်မာ့ သတင်းဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ
RFA ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Rodoslaw Sikorski တို့ကိုတွေ့ရစဉ်။ |
Posted in: ၀၃။ မြန်မာ့ သတင်းMyint April အထည်ချုပ်စက်ရုံမှ အလုပ်သမများဆန္ဒပြ
ဧပြီလလစာမှကျပ်၁၀၀၀၀ ဖြတ်တောက်ခြင်း၊ လစာဖြတ်တောက်မှုကို ပြောသည့်အခါ All Supervisor ဖြစ်သူဒေါ်နွယ်နွယ်ဦးက ရုန့်ရင်း ကြမ်းတမ်းသော စကားများဖြင့်ပြန်လည်ပြောဆိ
အလုပ်သမားတစ်ဦးဖြစ်သည့်အသက
အဆိုပါအလုပ်ရုံ၏အလုပ်ချိန်သ
Popular Myanmar News Journal
Posted in: ၀၃။ မြန်မာ့ သတင်းငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ
Photos courtesy of NLD ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်။ |
Posted in: ၀၃။ မြန်မာ့ သတင်းနိုင်ငံတော် သမ္မတရုံး တရားဝင် Website လွှင့်တင်
![]() |
Photo Credit : http:// |
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော် သမ္မတရုံး သတင်းပြန်ကြားရေး ဌာန၏ တရားဝင် Website ဖြစ်သော http:// www.president-office.gov.mm/ ကို မေလ ၁၁ရက်နေ့ (ယနေ့) မှစ၍ စမ်းသပ် ကာလ အဖြစ်သတ်မှတ်၍ စတင် ခဲ့ရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော် သမ္မတကြီး ဦးဆောင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး ဓာတ်ပုံနှင့် နိုင်ငံတော် သမ္မတကြီး၏ ပြောကြားချက် အချို့ ကို ကောက်နုတ် ဖော်ပြခဲ့သည်ကို တွေ့ရသည်။
အဆိုပါ အစည်းအဝေး ဓါတ်ပုံ၌ နိုင်ငံတော် သမ္မတကြီး၏ ဝဲဘက် ထိပ် ထိုင်ခုံတွင်မူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောင်ခမ်းကို တွေ့ရှိခဲ့သော်လည်း နိုင်ငံတော် သမ္မတကြီး၏ ယာဘက်ထိပ်၌ ဒုတိယသမ္မတ တစ်ဦးဖြစ်သူ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ ထိုင်ခုံမှာ လစ်လပ်နေသည်ကို တွေ့ရှိရသည်။
သမ္မတရုံး Website တွင် အဖွင့်စာမျက်နှာ၊ သတင်းများ၊ အခန်းကဏ္ဍ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော် ကဏ္ဍဟူ၍ ပါရှိပြီး အဖွင့်စာမျက်နှာ အောက်၌ သမ္မတရုံးနှင့် ဆိုင်သည့် ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ၊ စာအုပ်စင်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရန် အတွက် တိုက်ရိုက်ထုတ်လွှင့်မှု ဟူ၍ ခွဲခြားထားသည်။
သတင်းများ အောက်တွင်လည်း ယင်းကဲ့သို့ နိုင်ငံတော်နှင့် သက်ဆိုင်သော သတင်းများ၊ သတင်းစာ ရှင်းလင်းချက်များ၊ သမ္မတရုံး၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြထားပြီး အခြား ခေါင်းစဉ်များ အောက်တွင်လည်း ခေါင်းစဉ်ခွဲများ ပါရှိကြောင်း သိရသည်။
The Voice Weekly
Ref: MNN
အဆိုပါ အစည်းအဝေး ဓါတ်ပုံ၌ နိုင်ငံတော် သမ္မတကြီး၏ ဝဲဘက် ထိပ် ထိုင်ခုံတွင်မူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောင်ခမ်းကို တွေ့ရှိခဲ့သော်လည်း နိုင်ငံတော် သမ္မတကြီး၏ ယာဘက်ထိပ်၌ ဒုတိယသမ္မတ တစ်ဦးဖြစ်သူ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ ထိုင်ခုံမှာ လစ်လပ်နေသည်ကို တွေ့ရှိရသည်။
သမ္မတရုံး Website တွင် အဖွင့်စာမျက်နှာ၊ သတင်းများ၊ အခန်းကဏ္ဍ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော် ကဏ္ဍဟူ၍ ပါရှိပြီး အဖွင့်စာမျက်နှာ အောက်၌ သမ္မတရုံးနှင့် ဆိုင်သည့် ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ၊ စာအုပ်စင်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရန် အတွက် တိုက်ရိုက်ထုတ်လွှင့်မှု ဟူ၍ ခွဲခြားထားသည်။
သတင်းများ အောက်တွင်လည်း ယင်းကဲ့သို့ နိုင်ငံတော်နှင့် သက်ဆိုင်သော သတင်းများ၊ သတင်းစာ ရှင်းလင်းချက်များ၊ သမ္မတရုံး၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြထားပြီး အခြား ခေါင်းစဉ်များ အောက်တွင်လည်း ခေါင်းစဉ်ခွဲများ ပါရှိကြောင်း သိရသည်။
The Voice Weekly
Ref: MNN
Posted in: ၀၃။ မြန်မာ့ သတင်းအပြောင်းအလဲများ ပျက်လွယ်ဟု ပိုလန် ပြော
| ပိုလန် နိုင်ငံခြားရေး ၀န်ကြီး Mr.Radoslaw Sikorski နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ မေလ ၁၀ ရက်နေ့က သတင်းစာ ရှင်း လင်း ပွဲ၌ ပြောဆို ရှင်းလင်းနေစဉ် (ဓာတ်ပုံ - အောင်သက်ဝိုင်း / ဧရာဝတီ) |
Posted in: ၀၃။ မြန်မာ့ သတင်းပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် မဟာဗျူဟာ သမ္မတ ညွှန်ကြား
“အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲလုပ်ဆောင်ရာတွင် ရှေးကနှင့်မတူဘဲ စိတ်ဓါတ်အရ၊ လူမှုဆက်ဆံရေးအရ ပြည်သူ့အကျိုး စီးပွားအတွက် ပြည်သူများကို မိမိတို့မိဘသဖွယ် တိုးတက်အောင် ကူညီစောင့်ရှောက်ရေးနှင့် ပြည်သူ မလိုလားသော လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိ လိုက်စားမှုများ၊ ဆက်ဆံရေး မပြေပြစ်မှုများကို ရှောင်ရှားကြရေးအတွက် အဓိက္က ဦးစားပေး ပြောင်းလဲလာအောင် ကြပ်မတ်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း” ဟု ဦးသိန်းစိန်က ညွှန်ကြား သွားသည်။
ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေး၊ နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်တို့ကိုလည်း နိုင်ငံ၏ ဘဏ္ဍာငွေ တခုတည်းအပေါ် မှီခိုလုပ်ဆောင်ခဲ့ရာမှ နိုင်ငံတကာအကူအညီများ ရရှိရေးအတွက် ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်သွားရန် လိုအပ်သည်ဟုလည်း သမ္မတက ပြောကြားသွားသည်။
| နိုင်ငံတော် သမ္မတရုံးတွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (Photo: President's office website) |
ပြည်ပရောက် မြန်မာ ပညာရှင်များ၊ ဘာသာရပ် ကျွမ်းကျင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များသာမက အလုပ်မျိုးစုံ သွားရောက်လုပ်ကိုင်နေကြသူများ ပြန်လာရေးနှင့် စီးပွားရေး အလုပ်အကိုင်များ ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် အခက်အခဲများ တင်ပြလာလျှင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သမ္မတ က ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သူ သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းရေး
ဆွေးနွေးသဘောတူပြီးသော တိုင်းရင်းသား အဖွဲ့အစည်းများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူ့စွမ်းအား အရင်းအဖြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်” ပြောဆိုသွားသည်။
သောကြာနေ့ မနက် အစည်းအဝေးသို့ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရာထူးမှ နှုတ်ထွက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ဒု-သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးမှာ သောကြာနေ့ အစည်းအဝေးသို့ တက်ရောက်လာခြင်း မရှိပေ။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အာင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်းတို့မှာ မေလ ၅ ရက်နေ့မှစ၍ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လျက်ရှိသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာလည်း မေလ ၆ ရက်နေ့မှစ၍ ဥရောပ နိုင်ငံများသို့ ချစ်ကြည်ရေးခရီး ထွက်လျက်ရှိသည်။
Posted in: ၀၃။ မြန်မာ့ သတင်းမန္တလေး ဟိုတယ်ဇုန်အတွက် မြေဧက ၃ ထောင်ကျော် သတ်မှတ်
| ၂၀၁၁ ခုနှစ်အတွင်းက မြေနေရာ လျာထားသော်လည်း ဒေသခံများ ကန့်ကွက်မှုကြောင့် ဟိုတယ်ဇုန် မဆောက်ဖြစ်သည့် ရှမ်းကလေးကျွန်း (ဓာတ်ပုံ - မန်းသားလေး / ဧရာတီ) |
Posted in: ၀၃။ မြန်မာ့ သတင်းဧရာဝတီမြစ်ရေ တိုက်စားရာမှ ကမ်းပါးပြိုကျမှုများကြောင့် မတ္တရာမြို့နယ် အတွင်းရှိ မြစ်ကမ်းနံဘေး ကျေးရွာများတွင် စိုက်ပျိုးမြေနှင့် အိမ်ခြံမြေ ဆုံးရှုံးမှုများ ပိုမိုကြုံတွေ့လာရ
| နန်းတော်ကျွန်းရွာ ကမ်းပါးပြိုနေသည်ကိုတွေ့ရစဉ် |
| သုံးဆယ်ပေးရွာ ကမ်းပါးပြိုနေသည်ကိုတွေ့ရစဉ် |
Posted in: ၀၃။ မြန်မာ့ သတင်းမြန်မာ၏အနာဂတ်ကို လေးလေးနက်နက် မျှော်လင့်ထားဟု ကုလသမဂ္ဂအကြီးအကဲ ဘန်ကီမွန်း ပြောကြား
![]() |
| Secretary-General Ban Ki-moon (left) makes a historic address to the Union Assembly, Myanmar’s joint houses of parliament, as the first foreigner to do so. (UN Photo/Mark Garten) |
Posted in: ၀၃။ မြန်မာ့ သတင်း“ရွှေ့ပြောင်းအလုပ်သမား သားသမီးများအတွက် စာသင်ကျောင်းကြီးတစ်ကျောင်းFEDဖွင့်”
နိုင်ငံတကာအဖွဲ့အစည်း ၄ခုတို့၏ ကူညီမှုဖြင့် ကျောင်းသား ၃၀၀ ခန့် တစ်စုတစ်ဝေးတည်းတက်ရောက် သင်ကြားနိုင်သည့် အဆင့်မြင့်စာသင်ဆောင်များ၊ ကွန်ပျူတာခန်းများနှင့် စာသင်ခန်းတိုင်းတွင် နိုင်ငံတကာ အဆင့်မီ သင်ထောက်ကူပစ္စည်းများ၊ တီဗွီပြစက်များ၊ကစားကွင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ ကျောင်းတက်နိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေး ကားများအပြည့်အစုံဖြင့် ၅ဧကကျယ်ဝန်းသည့် မြေနေရာတွင် လှပသည့် စာသင်ကျောင်းကြီးအား ယမန်နေ့ နံနက် ၉နာရီ ၉မိနစ်တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ ခြင်းဖြစ်သည်။
စာသင်ကျောင်းသစ်ဖွင့်ပွဲသို့နယ်မြေအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကျောင်းသား/သူများ ရာချီတက်ရောက်ခဲ့ကြသည်။
FED ၏ ဥက္ကဌ ဖြစ်သော ထိုင်းအထက်လွှတ်တော်အမတ် ခရိုင်ဆပ် ချွန်နဝန် ကိုယ်တိုင်လာ ရောက်ဖွင့်လှစ်ပေးခဲ့ပြီးစာသင်ကျောင်းဖြစ်မြောက်ရေးအတွက် အကူအညီပေးခဲ့ကြသည့် နိုင်ငံတကာ အင်ဂျီအို အဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။ ခရိုင်ဆပ် ချွန်န၀န်က “ဒီကျောင်းလေးအနားမှာ တောင်တန်းလေးတွေ သစ်ပင်လေးတွေ စမ်းချောင်းလေးတွေနဲ့ ကစားကွင်းနဲ့ အလွန်သာယာဖွယ် နေရာဖြစ်တယ်။ ဒီကျောင်းဟာ ထိုင်းမှာ အလှဆုံးနဲ့ အကောင်းဆုံးကျောင်းဖြစ်တယ်။ ဒီကလေးတွေ စာတတ်မှ အနာဂတ်သာယာမယ်၊ ဒီကလေးတွေဟာ ကျနော်တို့ရဲ့အနာဂတ်ပဲဖြစ်တယ်”ဟု ကျောင်းဖွင့်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။ကော့သောင်းဇာတိ ဆဌမတန်း ကျောင်းသူ မချယ်ရီထွန်း က“သမီးတို့လို ကျောင်းတက်ခွင့်မရတဲ့ သူငယ်ချင်း တွေကို ဒီမှာကျောင်း တက်ကြ စေချင်ပါတယ်။ သမီးကတော့ပညာကို ဆုံးခန်းတိုင်အောင်သင်ပြီး ကျောင်း ဆရာမကြီးလုပ်မယ်လို့ စိတ်ကူးထားပါတယ်”ဟုပြောသည်။
ညနေပိုင်းတွင် မြန်မာအလုပ်သမား တီးဝိုင်းတစ်ခုက စတိတ်ရှိုးဖြင့် လာရောက်ဖျော်ဖြေရာ FED မှ အဆို ၀ါသနာရှင်များလည်း တပျော်တပါး ဆင်နွဲခဲ့ကြကြောင်းသိရှိရသည်။
Posted in: ၀၁။ အလုပ်သမားများ သတင်းYES – Inno အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြ
RFA ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်က လှိုင်သာယာစက်မှုဇုန် YES – Inno အထည်ချုပ်စက်ရုံက အလုပ်သမားများ အခြေခံ လုပ်ခလစာ တိုးပေးရေး တောင်းဆို ဆန္ဒပြနေကြစဉ်။ |
Posted in: ၀၃။ မြန်မာ့ သတင်းThursday, 10 May 2012
မြန်မာ့အရေး ကူညီအားပေးရန် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို တိုက်တွန်း
| အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ နယူးဒေလီမြို့တွင် ၂၀၁၂ မေလ ၇ ရက်နေ့ က တွေ့ဆုံစဉ် (ဓာတ်ပုံ - PM India) |
Posted in: ၀၂။ နိုင်ငံတကာသတင်းဆန္ဒပြ အလုပ်သမားများ တောင်းဆိုချက်ကို သဘောတူလိုက်ပြီ
| လှိုင်သာယာ ဆံပင်တု စက်ရုံမှ ဆန္ဒပြ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ) |
| အလုပ်သမား ဝန်ကြီး ဌာနအလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် (ဓာတ်ပုံ - ဧရာဝတီ) |
Posted in: ၀၃။ မြန်မာ့ သတင်းလိုအပ်လာရင် ချစ်ကြည်ရေးတံတားပိတ်မယ်
မြဝတီမြို့နယ် အင်းကြင်းမြိုင်မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်နူတ်ခမ်းမွေးက ပြောကြားလိုက်တာပါ။
ထိုင်းဘက်က ဗိုလ်နှုတ်ခမ်းမွေးကို မူးယစ်ရာဇာအဖြစ် စွပ်စွဲထားပြီး ဖမ်းဝရမ်း ဆုငွေထုတ်ထားတဲ့အပေါ်ကို ရှင်းလင်းဖို့အတွက် ပြည်တွင်းပြည်က သတင်းထောက်ကို ဖိတ်ကြားပြီးပြုလုပ်တာပါ။
သတင်းထောက်တွေက နယ်စပ်ဂိတ်တွေပိတ်ရတဲ့ မေးမြန်းမှုအပေါ်ကို ဗိုလ်နှုတ်ခမ်းမွေးက ဖြေကြားသွားတာလို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုဖိုးစီက ပြန်ပါတယ်။
“ကျနော်တို့ အခုလိုမျိုး ရင်ဆိုင်ရတဲ့ ပြဿနာတွေမှာ ဂိတ်တွေပိတ်တယ်။ အခန့်မသင့်ရင် ချစ်ကြည်ရေးတံတားကို ပိတ်မယ်။ ဘာကြောင့် ချစ်ကြည်ရေးတံတားကို ပိတ်မလဲဆိုရင် မြန်မာနိုင်ငံရဲ့ ကရင်ပြည်နယ်မှာ ရှိတဲ့အတွက် ကျနော်တို့က ကရင်လူမျိုးတွေ ဖြစ်တယ်။ ဒါကြောင့် အကယ်၍ ပြဿနာ အကြီးအကျယ်ဖြစ်ရင် ဒီချစ်ကြည်ရေးတံတားကို နှုတ်ခမ်းမွေးကိုယ်တိုင် ဦးဆောင်ပြီး ပိတ်မယ်။”
အခုလို ထိုင်းအစိုးရကနေ မူးယစ်ရာဇာအဖြစ် စွပ်စွဲထားပြီး ဖမ်းဝရမ်း ထုတ်ထားတဲ့အပေါ်ကို ပြန်လည်ဖြေရှင်းနေရာတာဟာ သူအတွက် အချိန်ကုန်တယ်လို့ တုံ့ပြန်ပြောဆိုပြီး ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ခုချိန်ထိ ဘာကြောင့်တရားရုံမတင် နိုင်ရတာလဲဆိုပြီး မေးခွန်းထုတ်တယ်လို့ ဆိုပါတယ်။
“ဒီလို လုပ်ခြင်းအားဖြင့် ကျနော့်မှာ အချိန်ကုန်တယ်။ ကျနော် ထိန်းသိမ်းထားတဲ့ နယ်မြေမှာ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကျနော်လုပ်ရဦးမယ်။ နောက် ၂ အချက်ကတော့ သက်ဆင်ဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေရှေ့မှောက်မှာ ဆုံးဖြတ်ချက်အရ ထောင်ဒဏ်ကျတဲ့အကြောင်း ဆုံးဖြတ်ပေမယ့် သူ့ကိုကျတော့ နိုင်ငံခြားမှာ ထွက်ပြေးတိမ်းရှောင်နေတာကို ဘာလို့ အမိ မဖမ်းသေးဘဲ ထိုင်းနိုင်ငံမှာ ဥပဒေရင်ဆိုင်မှု မလုပ်သလဲပေါ့နော်။ ဘာကြောင့် ကျနော့်ကို ဒီလိုလုပ်ရသလဲပေါ့။”
သစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးအခွန်၊ သတ္တူတူးဖော်ရေးနဲ့ မော်တော်ယာဉ်တွေဆီကနေ အခွန်အခနဲ့ ဒေသဖွံဖြိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်နေရတာပါလို့ ဗိုလ်နှုတ်ခမ်းမွေးက သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ဟာ သူတို့ မူးယစ်ဆေးဝါးလုပ်ဆောင်တာ အချိန်မရွေး လာရောက်စစ်ဆေးဖို့ အမေရိကန်၊ မြန်မာနဲ့ထိုင်းအစိုးရက တာဝန်ရှိသူတွေကို ဖိတ်ကြားထားတယ်လို့လည်း ပြောဆိုပါတယ်။
ဒီနေ့ ပြုလုပ်တဲ့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြည်တွင်း သတင်းထောက် ၄၂ ဦးနှင့် ထိုင်းနိုင်ငံမှ သတင်းထောက် ၁၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။
မင်းလွင် (ဒီဗွီဘီ)
Posted in: ၀၃။ မြန်မာ့ သတင်း


21:43
Unknown










