သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Saturday, 5 November 2011
၂၀၁၁ ဆီးဂိမ်းအုပ်စုဒုတိယမြောက်ပွဲ မြန်မာနှင့် ဗီယက်နမ်ပွဲအပေါ် သုံးသတ်ချက်
2011, November လ အတွက် ဗေဒင် ဟောစတမ်း
ဒီလတွင်း အလုပ်အကိုင် ကိစ္စများ အနည်းငယ်ကောင်းမွန်လာမည်။ အလုပ်ကောင်းသော်လည်း စိတ်ပျော် ရွှင်မရှိပဲ ဖြစ်နေမည်။ အထက်လူကြီးနဲ့ ပြသာနာကိစ္စများ ဖြေရှင်းရမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စကားများရမည်။ အလုပ်ပြောင်းလိုစိတ် နေရာပြောင်း လိုစိတ်များ ဖြစ်ပေါ်နေမည်။
ညီအစ်ကို မောင်နှမများ မိသားစု အတွင်း လုပ်ငန်းအဆင်ပြေလာမည်။ လူမှုရေး ကိစ္စများအတွက်နဲ့ အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ မရခင် ကုန်ကျများနေမည်။ အဖတ်မတင်သေးပါ။ အလှူအတန်းကိစ္စများ ပရဟိတကိစ္စများပြုလုပ်ရမည်။ ခရီးသွားရမည်။ စနေနံ ပစ္စည်းများ ဝင်လာမည်။
ပညာရေး ရည်မှန်းချက် အသစ်ပေါ်လာမည်။ အဆင်ပြေလာမည်။
ဒီလအတွင်း အချစ်ရေးကိစ္စများ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်နေရသော ပြသာနာများ မကြာခဏ ဖြစ်ပေါ်နေမည်။ အိမ်ထောင်ရေးမှာ ပျော်ရွှင်အေးချမ်းနေရသော အချိန်လေးပါ။
ဒီလအတွက် အအေးမိခြင်း ၊ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့ ဖြစ်နေမည်။
ယတြာ = ကံကောင်းစေရန်အတွက် မိမိနေအိမ်ဘုရားတွင် ပန်းသီး ၃ လုံး လှူဒါန်း၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ 5 2 8 1
ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်လာနေသော အချိန်လေးပါ။ ဆက်လက်ကြိုးစား၍ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ အကြံညဏ်ပေးသူ ကူညီပေးသူများ ရှိလာမည်။ အလုပ်ကိစ္စများတွင် ဆက်ဆံနေရသော လူအများနှင့် အနည်းငယ် ပြသာနာ ဖြစ်မည် စကားများရမည်။ စိုးရိမ်စရာ မရှိပါ။ အဆင်ပြေလာမည်။
ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေမည်။ ငွေစုမိနေမည်။ စက်ပစ္စည်း အသစ်ထပ်ဝင်မည်။ လူဝင်မည်။ ကြာသပတေးနံ အတွက် အနည်းငယ် စိတ်ညစ်နေရမည်။ အဝတ်အထည် ဝင်မည်။ အိမ်မက်ကောင်း မက်လာမည်။ လူမှုရေးကိစ္စများတွင် မိမိ ပါဝင်ဆောင်ရွှက်ပေးရမည်။
ပညာရေး ကိစ္စများ ကြိုးစားနေရမည်။ သင်တန်း ကိစ္စများများ လေ့လာတက်ခွင့် ရမည်။
ယခုလတွင်း အချစ်ရေးကိစ္စများ နီးရက်နဲ့ ဝေးနေရမဲ့ အချိန် ဖြစ်နေမည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်မပြေ ဖြစ်ဖြစ်နေမည်။
ယခုလ အတွင်း ကျန်းမာရေးမှာ ဇက်ကြောတက်ခြင်း ၊ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့တွင် လိမ္မော်သီး ၄ လုံးကို မိမိ နေအိမ်ဘုရားတွင် လှူဒါန်း၍ဆုတောင်းလိုက်ပါ။
ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 3 2 8 6
ယခုလ အတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေနေသော အချိန်ဖြစ်ပါ၍ ကြိုးစား၍ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ စမ်တူကိစ္စများ အလုပ်များ လုပ်ဆောင်ရမည်။ လုပ်ငန်းများ တိုးတက်လာမည်။
ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ အကူညီပေးသူ ပေါ်မည်။ အကူအညီပေးသူ ပေါ်လာမည်။ ငွေဝင်မည်။ ဗုဒ္ဓ္ဓဟူးနံ ဝင်မည်။ လူဝင်မည်။ မိသားစု အတွင်း အနည်းငယ် စကားများနေရမည်။ ပျော်စရာကောင်းသော နေရာသို့ ခရီးထွက်ရမည်။
ပညာရေး ကံကောင်းနေသော အချိန်ဖြစ်ပါသည်။
ဒီလအတွင်း အချစ်ရေးမှာ အဆင်မပြေသေးပါ။ ဝေးနေရမည်။ ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။
ဒီလအတွင်း ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။
ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက်တွင် သရက်သီး ၆ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 9 0 0 0
ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်မပြေသေးပါ။ အလုပ်ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ အချိန်ကုန်နေမည်။ ယခုလအတွင်း စမ်တူလုပ်ငန်းများ သတိထား၍ လုပ်ပိုင်ပါ။ အထက်လူကြီးထံမှ အကူအညီရမည်။ ဒီလအတွင်းမှာ စိတ်ညစ်ပြီး အလုပ်လုပ်နေရမည်။ စီးပွားရေးမှာ ခဏလေးတော့ စောင့်ရဦးမည်။
ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ အဖက်ဖက်က ငွေဝင်ကိန်း ရှိပါသည်။ ငွေကြေးကိစ္စများ ကတော့ ချက်ချင်းလိုတဲ့ ငွေကိုချက်ချင်း ရှာလို့ မရဘူးနော်။ သဘောက ခဏစောင့်ရဦးမှာပါ။ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ ငွေဝင်နေသော်လည်း မစုမိသေးပါ။ခရီးတွေက ရုတ်တစ်ရက်သွားလာခြင်း ရှောင်ပါ။ သူတစ်ပါးကိစ္စတွေနဲ့ အလုပ်ရှပ်နေမည်။
ပညာရေး ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။ ပညာရေး ကိစ္စများလည်း အောင်မြင်လာမည်။
ဒီလအတွင်း အချစ်ရေးကိစ္စများ အချစ်ရေးမှာ အဆင်ပြေပါသည်။ အိမ်ထောင်ရေး ကိစ္စများ စိတ်ပူစရာ မရှိပါ။ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။
ယခုလ အတွင်း ကျန်းမာရေး ကိစ္စများ ခါးနာမည် ၊ ခြေထောက်နာမည်။
ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်တွင် နို့ ၇ ခွက်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 8 6 9 6
ဒီလအတွင်း အလုပ်အကိုင်များ မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ အဆင်ပြေမည့် လမ်းစများ ပေါ်ပေါက်လာမည်။ အကူအညီပေးသူများ ပေါ်မည်။ စမ်တူကိစ္စများ လုပ်ကိုင်ရာတွင် အနည်းငယ် စိတ်ညစ်နေရမည်။
ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ယခုလအတွင်း သူငယ်ချင်း မိတ်ဆွေများနှင့် လုပ်ငန်းတစ်ခု ကို လုပ်ဆောင်ရမည်။ ရွှေဝင်မည်။ ထီကံကောင်းလာမည်။ အဝတ်အထည် အသစ်များ ဝင်မည်။
ပညာရေး ပုံမှန် သင့်တင့် ရှိနေသော အချိန်လေးပါ။
ဒီလအတွင်း အချစ်ရေး ကိစ္စများ ပျော်စရာတွေ ကြုံရတတ်ပါတယ်။ ချစ်သူမရှိရင် ချစ်သူရမည်။ စန်းပွင့်နေမည်။ အိမ်ထောင်ရေးကိစ္စများ စကားများနေရသော အချိန်လေးပါ။
ဒီလအတွင်း မျက်စီအားနည်းမည် ၊ သွားနာ သွားကိုက် ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက်တွင် သြဇာသီး ၅ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 6 9 8 9
ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ပုံမှန်အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။ စီးပွားမတက်သလို စီးပွားမကျသေးပါ။ ကြိုးစား၍ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။ အောင်မြင်ဖို့အတွက် လမ်းစပေါ်လာမည်။ ယခုလအတွင်း အလုပ်ကိစ္စများ အတွက်နဲ့ စိတ်တိုင်းမကျသော်လည်း အနည်းငယ် အဆင်ပြေလာမည်။ စမ်တူကိစ္စများ အဆင်မပြေသေးပါ။
ငွေကြေး ကိစ္စများ အတွက်နဲ့ စိတ်ပူပင်နေရမည်။ ရသမျှကုန်နေမည်။ မစုမိသေးပါ။ ငွေဝင်နေမည်။ မိသားအတွင်းမှ ကူညီသူပေါ်မည်။ ရုတ်တစ်ရက် ငွေဝင်ပြီး ရုတ်တစ်ရက် ကုန်နေမည်။ကြွေးတင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ လုပ်ဖော်ကိုင်ဖက်များနဲ့
အဆင်မပြဖြစ် တတ်ပါသည်။ အိမ်မက်ကောင်း မက်လာမည်။ ထီကံစမ်းပါ။
ယခုလအတွင်း ပညာရေးကိစ္စများ ကြိုးစားနေရသော အချိန်လေးပါ။
ယခုလအတွင်း အချစ်ရေး ချစ်သူနဲ့ အဆင်မပြေပဲဖြစ်နေမည်။ စကားများနေရမည်။ ယခုလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။ မိမိအိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။
ယခုလအတွင်း ကျန်းမာရေးမှာ အိပ်ရေးပျက်မည်။ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။
ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက်တွင် ဇီးသီး ၈ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 5 4 8 4
ယခုလအတွင်း အလုပ်ကိစ္စများ အဆင်ပြေပါသည်။ အတိုက်အခံများကို အောင်မြင်လာမည်။ အလုပ်အတွင်း ကောင်းသောကိစ္စများ တိုးတက်ပြောင်းလဲ လာမည်။ အဆင်ပြေလာမည်။ အလုပ်များ အဆင်ပြေလာသော်လည်း စိတ်တိုင်းမကျသေးပဲ ဖြစ်နေမည်။
ယခုလအတွင်း ငွေကြေးကိစ္စများ ကံကောင်းလာမည်။ ချေးဌားခြင်း ခဏရှောင်ပါ။ စိတ်ညစ်ရတတ်ပါသည်။ လူမှုရေး ကိစ္စများတွင် ကူညီပေးနေရမည်။ ဘာသာရေး ကိစ္စများ အလှူအတန်းကိစ္စများ ပြုလုပ်ရမည်။ ရွှေဝင်မည်။ မိသားစု အတွင်းလူဝင်လာမည်။ စနေနံကိစ္စများ အတွက် အနည်းငယ် စိတ်ညစ်နေရမည်။
ယခုလအတွင်း ပညာရေးကိစ္စများ အဆင်မပြေ ဖြစ်တတ်ပါသည်။
အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေလာမည်။ ဝေးကွာ နေရသော ချစ်သူများ ပြန်လည် ဆုံဆည်းခွင့် ရမည်။ ယခုလ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း သူတစ်ပါးအတွက်နဲ့ စကားများ နေရမည်။
အခုလအတွင်း ကျန်းမာရေးမှာ စက်ပစ္စည်း ထိမိခိုက်မိ ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက်တွင် သောက်တော်ရေ ၄ ခွက် နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 3 2 5 9
Ref: ဟန်ဆရာမျိုးကို
ဆန့်ကျင်ကန့်ကွက်သူတွေက တူးမြောင်းတံခါးပိတ်တာကို တားမြစ်ပိတ်ပင်
ဘန်ကောက်မြို့တွင်း ရေမြုပ်
2011, November 4 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့ နှင် ဗွီဒီယိုဖိုင်
ဗဟိုအစိုးရနှင့် ဘန်ကန်အုပ်ချုပ်ရေးအာဏာပိုင်တွေအကြား ပဋိပက္ခဟာ တနေ့တခြား ပိုမိုကြီးထွားလာနေပြီး မနေ့ကပြုလုပ်တဲ့ ဘန်ကောက်ထဲဝင်လာနေတဲ့ရေတွေကို ထိမ်းချုပ်ဖို့အတွက် ဆည်မြောင်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆွေးနွေးပွဲမှာ တဖက်နှင့်တစ်ဖက် အပြန်အလှန် စကားစစ်ထိုးတဲ့အဆင့်အထိရောက်ခဲ့ပြီး ပဋိပက္ခဟာအမြင့်ဆုံးအခြေအနေထိ
ရောက်ခဲ့တယ်လို့ သိရပါတယ်။ (The nation)
Ref: The Nation
ဗိုလ်နှုတ်ခမ်းမွှေး DKBA နှင့် အစိုးရ အပစ်ရပ် သဘောတူ
ပြောသည်။
“သုံးရက်နေ့မှာ သဘောတူတယ်။ ဘားအံမြို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးမှာ လက်မှတ်ထိုး ပြီးသွားပြီ။” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) က ပြောသည်။ အပစ်စတင်ရပ်စဲမည့်နေ့ကို နိုဝင်ဘာ
ခြောက်ရက်နေ့အဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။
သဘောတူညီချက်အရ DKBA ဌာနချုပ်ကို ကရင်ပြည်နယ် ဒေါနတောင် အရှေ့ခြမ်း မြဝတီခရိုင်ရှိ ဆုံဆည်းမြိုင်
ဒေသတွင် ပြုလုပ်ရန် သတ်မှတ်ထားပြီး ကရင်ပြည်နယ်အတွင်း ပျံ့နေသော တပ်များကို မူလအတိုင်း ဆက်ထား မည်ဟု ပြောသည်။
အင်အား တထောင်ကျော်ရှိမည်ဟု ခန့်မှန်းထားသည့် နယ်ခြားစောင့်တပ် လုပ်ရန် ငြင်းဆန်သော DKBA အဖွဲ့နှင့် ဗဟိုအစိုးရ ကိုယ်စားလှယ်တို့ ဒုတိယအကြိမ် တွေ့ဆုံအပြီး သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။ DKBA ဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေးက ဦးဆောင်ပြီး ဗိုလ်မှူးကြီးအီးဒို၊ ဗိုလ်မှူးကြီးစိန်ဝင်း၊ ဗိုလ်မှူးကြီးမောင်လေး အပါအဝင် ရုံးအဖွဲ့ဝင် သုံးဦးတို့ ပါဝင်ဆွေးနွေးခဲ့သည်။
သို့သော် DKBA ကိုယ်စားလှယ်အဖွဲ့ ဌာနချုပ်သို့ ပြန်မရောက်သေးဘဲ သတင်း ရှေ့ပြေး ရောက်လာခြင်းဖြစ်ကာ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းရန် အစိုးရက ထည့်သွင်း တောင်းဆိုခြင်း မပြုတော့ဟု သိရသည်။ DKBA အနေ
ဖြင့် ထိန်းချုပ်ရာနယ်မြေတွင် အခွန်ကောက်ခံခွင့် ရရှိနိုင်မှာဖြစ်သော်လည်း ထပ်မံ၍ နိုင်ငံရေး ဆွေးနွေးခြင်းပြုမည်၊ မပြုမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဖြစ်နေသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် အပစ်ရပ်ရေး အစိုးရက ပြန်လည်ကြိုးပမ်းပြီးနောက် ဝ ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ (ဝ အထူးဒေသ ၂)၊ မိုင်းလား အထူးဒေသ (၄) တို့အပြီး သဘောတူညီချက် ရသွားသော တတိယမြောက် အဖွဲ့ ဖြစ်သည်။
အောက်တိုဘာ ၂၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့၌ နှစ်ဘက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးစဉ်က နယ်မြေကျော် မလှုပ်ရှားရေးကို သဘောတူညီခဲ့ပြီး ကရင်ပြည်နယ်မြို့တော် ဘားအံ အပါအဝင် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်တုံ၊ ကော့ကရိတ်၊ မြဝတီမြို့ များတွင် DKBA ရုံးများ ဖွင့်လှစ်ခွင့်ပြုရန် သမ္မတထံသို့ တဆင့် တင်ပြခဲ့သည်ဟု DKBA ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေးက မဇ္ဈိမကို ပြောထားသည်။
နိုဝင်ဘာ ၈ ရက် ၂ဝ၁ဝ ပြည့်နှစ်ကစ၍ အစိုးရတပ်ကို ပြန်လည် တိုက်ခိုက်မှု မတိုင်ခင်က ဗိုလ်မှူးကြီး အဆင့်သာ ရှိခဲ့သော နှုတ်ခမ်းမွှေး၏ တပ်များနှင့် ကရင်အမျိုးသား အစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး တို့လည်း ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။
နယ်ခြားစောင့်တပ်ပြောင်းပြီးမှ ပြန်လည်တောခိုသော ဗိုလ်မှူးစောဘိခေါင်းဆောင်သော DKBA အဖွဲ့ငယ်တခု
နောက်ဆုံးကျန်ရှိနေသေးပြီး ကရင်အမျိုးသားအစည်းအရုံးနှင့် မဟာမိတ်ဖွဲ့ထားသည်။ ၁၉၉၄ ခုတွင် ကရင် အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့သော DKBA အနက် တပ်အများစုက ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ပြောင်းခဲ့ကြသည်။
Friday, 4 November 2011
၂၆ ကြိမ်မြောက် ဆီးဂိမ်း မြန်မာအသင်း အဆဲလွတ်ဖြင့်ဖွင့်
ဒီ youtube ဖိုင်လေးကိုရဖို့ တနေကုန်သွားပါတယ်ရှာလိုက်ရတာ။ တင်တာ နောက်ကျလို့လဲဖြစ်ပါလိမ့်မယ်။ ဘယ်သူဘာဘဲပြောပြော အချိန်တန်တော့လဲ သွေးက စကားပြောတာပါဘဲ။ ချစ်လွန်းလို့နို်င်စေချင်၊ နိုင်တော့ ပိုချစ်၊ အဲ ရှုံးတော့လည်း ချစ်လို့ဆဲတယ်မှတ်ပါပေါ့။ နဲနဲဘဲ ဆဲရတဲ့အခါ ရှိသလို များများဆဲမိတဲ့အခါတွေလည်းရှိပါတယ်။ ဒီတစ်ခါတော့ နဲနဲဘဲဆဲကြရမယ်ထင်ပါတယ်။ အုပ်စုပွဲစဉ်ကို အောက်မှာ ဖေါ်ပြလိုက်ပါတယ်။
Kamis (3/11/2011)
Vietnam vs Filipina (16.00)
Laos vs Myanmar (19.00)
Sabtu (5/11/2011)
Brunei vs Timor Leste (16.00)
Myanmar vs Vietnam (19.00)
Senin (7/11/2011)
Timor Leste vs Filipina (16.00)
Laos vs Brunei (19.00)
Rabu (9/11/2011)
Myanmar vs Brunei (16.00)
Vietnam vs Timor Leste (19.00)
Jumat (11/11/2011)
Filipina vs Laos (16.00)
Brunei vs Vietnam (19.00)
Minggu (13/11/2011)
Filipina vs Myanmar (16.00)
Timor Leste vs Laos (19.00)
Selasa (15/11/2011)
Myanmar vs Timor Leste (16.00)
Filipina vs Brunei (19.00)
Kamis (17/11/2011)
Laos vs Vietnam (16.00)
မောင်ရွယ်ရောက်
နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် မကြာခင် လွတ်ဖွယ်ရှိ
Photo: RFA |
၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ဖျောက်ဖျက်မရနိုင်လို့ ပြည်ထောင်စုလွှတ်တော် နာယကပြော
AFP PHOTO/POOL/NYEIN CHAN NAING |
2011, November 3 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့