Ramintra Road လမ်းဟာ ၈၀ စင်တီမီတာအထိ တက်ခဲ့ပြီး ကားလေးတွေမောင်းလို့မရတော့ဘူးလို့သိရပါတယ်။ တစ်ခြားနေရာတွေမှာ ထိုထက်ပိုဆိုးခဲ့ပြီး ၁.၅ မီတာအထိ ရေလွှမ်းခဲ့တယ်လို့ဆိုပါတယ်။ |
ရေမြင့်တက်လာတဲ့အတွက် ရန်စစ် တက္ကသိုလ်အပါအ၀င် နေရာတော်တော်များများမှာ အစိုးရမှာ လျှပ်စစ်မီး ဖြတ်လိုက်ပါတယ်။ ပုံကတော့ လမ်းဖုန်းဖြင့် အကူအညီတောင်းခံနေသော ထိုင်းအမျိုးသမီးငယ်တစ်ဦးပုံဖြစ်ပါတယ်။ |
နိုဝင်ဘာပထမပတ်မှာ ရေကျမယ်လို့ ဘန်ကောက်နှင့် ပြင်ပဧရိယာအားလုံးကို ၀န်ကြီးချုပ် ယင်လပ် ချီနာဝပ်က အတည်ပြု ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ |
ဒိုမောင်းလေယာဉ်ကွင်းရဲ့ မြင်ကွင်း |
ဘန်ကောက်ရှိ လူဦးရေ ၃၅၀၀၀၀ ကို တစ်ပြိုင်တည်း ရွှေ့ပြောင်းကယ်တင်နိုင်သည့် ခရီးသည်တင်ကား ၃၀၀၀ ကို ပို့ဆောင်ရေ၀န်ကြီးဌာနက အဆင်သင့်ပြင်ဆင်ထားပါတယ်။ |
Phra Athit မော်တော်ဆိပ်အနီးရှိ Phra Sumen Fort ရှေးခေတ် ခံတပ်အဆောက်အဦးဟောင်းအောက်ခြေ ရေလွှမ်းနေပုံဖြစ်ပါတယ်။ တရုပ်တန်းအတန်းအပါဝင် တခြား နေရာတော်တော်များများကိုလဲ ရေတစ်မီတာကျော် လွှမ်းခဲ့ပါတယ် |
ကျောက်ဖရားမြစ်က လျှံကျလာတဲ့ရေတွေကြောင့် ထုံဘူရိနယ်ဟာ သုံးရက်အတွင်း ရေနစ်မြုပ်နိုင်ပြီး ၎င်းရေဟာ ဘန်ကောက် မြို့တော်ခန်းမအထိရောက်နိုင်တယ်လို့ဆိုပါတယ် |
0 comments:
Post a Comment