သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Saturday, 3 March 2012
BC ကုန်တိုက် သန့်ရှင်းရေး အလုပ်သမား (၆)ဦး လုပ်အားခ ဘတ်ငွေ လေးသောင်းကျော်ရပြီ
အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးလှစ်လျှူရှု့ပြီး
အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးက တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို လှစ်လျှူရှု့ပြီး အလုပ်သမားတစ်ဦးကို အနည်းဆုံး လစာငွေ ငါးသောင်းတစ်ထောင် သတ်မှတ်ကြောင်း မတ်လ ၁ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ မူလလစာထက်တောင် နှစ်သောင်းကျော် နည်းသွားတာကြောင့် အလုပ်သမားတွေ မကျေနပ်ဖြစ်နေကြပါတယ်။ တရားမျှတမှုမရှိတဲ့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘဲ အဆင့်ဆင့် ဆက်လက် တိုင်ကြားသွားမယ်လို့ တိုင်ရီ အလုပ်သမား ကိုယ်စားလှယ်တွေက ပြောပြခဲ့ပါတယ်။
ဒီဗွီဘီ
Ref: သစ်ထူးလွင်
Posted in: ၀၃။ မြန်မာ့ သတင်းThursday, 1 March 2012
လက်နက်ကိုင်သည့် တိုင်းရင်းသားများ ကွန်ပျူတာ လက်တော့ ကိုင်စေရမည်ဟု သမ္မတပြော
Posted in: ၀၃။ မြန်မာ့ သတင်းနှစ်သက်မိသော မျက်ရည်များ
တစ်ခုက ကျနော်တို့သားအမိ ဗွီဒီယိုသွားသွားကြည့်သည့် ဗွီဒီယိုရုံပိုင်ရှင်သမီး စင်မြင့်ထက်မှ တရားဟောခြင်းဖြစ်သည်။
ဖနောင့်တစ်ချက်ပေါက်ရင်မီးဟုန်းဟုန်းတောက်စေရမယ်ဆိုပြီး ငေါက်ငေါက်ငမ်းငမ်း ဟောပြော ခြင်းအား ဘာကိုကြောက်မှန်းမသိ ကျနော်ကြောက်ခဲ့သည်။
ဒုတိယမှတ်မိတာက ကျောက်သယ်သောကားကြီးနှင့် ကျနော်တို့နေသောရွာမှ မန္တလေးကျုံးအထိသွားကာ ဆန္ဒပြလူပင်လယ်ကြီးနှင့် ပူးပေါင်းခြင်း၊ ကျနော့်လက်မှာက ဘယ်သူလာထည့်ပေးသွားမှန်းမသိသော “ကျွန်ုပ်တို့ ငြိမ်းချမ်းစွာဆန္ဒပြနေသည်” ဆိုသည့် ဆိုင်းဘုတ်လေး ကိုင်ထားခဲ့သည်။ မူလတန်းကျောင်းသား ချာတိတ်အရွယ်၊ ဆိုင်းဘုတ်နှင့် မြောက်ကြွ မြောက်ကြွမျက်နှာကိုကြည့်ကာ လူတွေ ပြုံးစိ ပြုံးစိ လုပ်သွားတာမှတ်မိသည်။ ရေခဲချောင်းတွေစားရသည်။ ကောက်ညှင်းပေါင်းလည်း စားခဲ့ရသည်ထင်သည်။ အအေးတွေလည်း သောက် သည်။ အိမ်ပြန်ရောက်တော့ အစားစုံကာ ကျနော်အပြင်းဖျားသည်။ ထိုတွင် ၈၈ နှင့် ကျနော် အဆက်အသွယ်ပြတ်သွားတော့သည်။
မတ် ၁၊ ၂၀၁၂
Posted in: ၀၈။ ဆောင်းပါးနောက်ပြန် လှည့်နိုင်သေးလို့ ဒေါ်စု ဆို
တချို့က သိပ် အကောင်းမြင်လွန်း နေတယ် ၊ သူ့အနေနဲ့တော့ အခြေအနေကို သတိထားပြီး အကောင်းမြင်တယ်လို့ ကနေဒါ နိုင်ငံ အော့တာဝါ တက္ကသိုလ် ကျောင်းသားတွေကို ဗီဒီယိုနဲ့ စကားပြော ရာမှာ ဒေါ် အောင်ဆန်း စုကြည်က ပြောဆို ခဲ့တာပါ။
အကြွင်းမဲ့ အာဏာဟာ စစ်တပ်လက် မှာပဲ ရှိနေသေး တာမို့ ဒီမိုကရေစီ ကူးပြောင်းရေးကို စစ်တပ်က လုံးဝ ထောက်ခံ မလာမချင်း နောက်ပြန် လှည့်မယ့် အန္တရာယ် မရှိဘူးလို့ ပြောလို့ မရသေးကြောင်း ဒေါ် အောင်ဆန်း စုကြည်က ဆိုပါတယ်။
မြန်မာပြည် အခြေအနေဟာ ပြုပြင် ပြောင်းလဲရေး လမ်းစပေါ် ရောက်နေပြီလို့ ဒေါ် အောင်ဆန်း စုကြည် ပြောဆိုခဲ့ပြီး ဧပြီ ကြားရွေးကောက်ပွဲကို ဝင်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။
နေပြည်တော်မှာ ဒေါ် အောင်ဆန်း စုကြည် စည်းရုံးဟောပြောဖို့ စီစဉ်ထားတဲ့ လယ်ကွင်းကို အသုံးမပြုဖို့ ဒေသ အာဏာပိုင်တွေက တားမြစ်မှုတွေ ရှိနေတယ်လို့ သတင်း ရရှိပါတယ်။
Posted in: ၀၃။ မြန်မာ့ သတင်းထိုင်းနိုင်ငံရောက် မြန်မာပြည်သားတို့၏ ယာယီနိုင်ငံကူးလက်မှတ်များအား ၄ လသက်တမ်းတိုးမြှင့် ပေးလိုက်ကြောင်း ကြေငြာ
Posted in: ၀၄။ ထိုင်းသတင်းမတ်လ ၁ ရက်နေ့မှစ၍ လေယာဉ် လက်မှတ်ခများ တိုးမြှင့်မည်
Posted in: ၀၃။ မြန်မာ့ သတင်းကျပ် ၁၈၀၀၀၀ ၀န်းကျင်ဖြင့် GSM ဖုန်းများ ချထားပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ကျပ် ၂၃၀၀၀၀ ဖြင့် GSM ဖုန်းများ ချပေးမည်ဟု ထပ်မံသတင်းထွက်
Posted in: ၀၃။ မြန်မာ့ သတင်းတိုင်ရီပဋိပက္ခ ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက် ချတော့မည်
လှိုင်သာယာမြို့နယ် အလုပ်သမားရုံးတွင် ခုံရုံးဖွဲ့ကာ အလုပ်ရှင် အလုပ်သမား သက်သေခံချက်များ တင်သွင်းခြင်း၊မေးမြန်စစ်မေးခြင်း၊ ပြန်လှန်စစ်မေးခြင်းများကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီက ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ခဲ့သည်။
"မနက်ဖြန်တော့ အမိန့်ချဖြစ်လိမ့်မယ်လို့ ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီ ဥက္ကဋ္ဌ ဦးစောစိုးတင့် ကနေပြီးတော့
ညွှန်ကြားတယ်ဗျာ။ ကျနော်တို့က အဲဒီအမိန့် ဘာများဖြစ်လာမလဲလို့ စောင့်နေတယ်။ ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကိုဖိုးဖြူက ပြောသည်။
အလုပ်သမား ၁၈၀၀ ကျော်၏ ဆန္ဒပြခြင်းခံနေရသော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံအား ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) |
ဒေါ်အေးအေးကြည်၊ ဒေါ်အိဖြူလွင်တို့ တက်ရောက်ခဲ့ပြီး အလုပ်ရှင်ဘက်မှလည်း ရှေ့နေနှစ်ဦးနှင့် မန်နေဂျာများ၊ စာရင်းကိုင်တို့ တက်ရောက် လျှောက်လဲခဲ့ကြသည်။
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅ဝ ကျပ်၊ ရက်မှန်ကြေး ၈,ဝဝဝ ကျပ် ပေးရေး အပါအဝင် အခြားလူမှုဖူလုံရေးနှင့်လုပ်ငန်းခွင်သာယာရေး တောင်းဆိုချက်များကို
ထိုကာလအတွင်း အလုပ်သမားများ ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် အလုပ် လုပ်နေကြသည်ဟု လည်း သိရသည်။
အလုပ်သမားများဘက်မှ တောင်းဆိုချက်များတွင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံးကျ ထားပေးရန်တို့ကိုလည်း တောင်းဆိုထားကြသည်။
တိုင်ရီ စက်ရုံမှ အလုပ်သမားများသည် မိမိတို့၏ ဆုံးရှုံးနစ်နာမှုမျာကို တင်ပြတောင်းဆိုနိုင်ရန် ဗုဒ္ဓဟူးနေ့တွင် ၄၅ ဦး ခေါင်းဆောင်သည့် အလုပ်သမား ယာယီဦးဆောင်ကော်မတီကိုလည်း အဖွဲ့ဝင် ၁၃၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။
အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်အတွက် အစိုးရသစ်မှ ၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလုပ်သမား ဥပဒေပြဋ္ဌာန်းခဲ့သော်လည်း နည်းဥပဒေ ထပ်မံထွက်ရှိလာခြင်း မရှိသေးသည့်အတွက် အလုပ်သမားများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း နှောင့်နှေးနေသေးသည်။
အဆိုပါ အလုပ်သမားဥပဒေ၏ အသေးစိတ် ပြဋ္ဌာန်းချက်ဖြစ်သော နည်းဥပဒေ ထုတ်ပြန်ပြီးပါက အလုပ်သမားသမဂ္ဂအဖြစ်ဖွဲ့စည်းကာအလုပ်သမားများအခွင့်အရေးများကို တောင်းဆိုလာနိုင်မည်
"အလုပ်သမားတွေက ဆုံးရှုံးတာ နစ်နာတာတွေကို သူတို့ ပြောရေးဆိုခွင့်လည်းမရှိဘူး၊ ရှေ့လည်း မထွက်ရဲဘူး။ သမဂ္ဂ အဖွဲ့အစည်းတွေ ရှိလာရင်တော့ တောင်းဆိုလို့ ရပြီပေါ့" ဟု တိုင်ရီ စက်ရုံ အလုပ်သမား ခေါင်းဆောင်ဒေါ်မိုးဝေက ပြောသည်။
အလုပ်သမား အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍လည်း အခြေခံ အလုပ်သမားအဖွဲ့အစည်းတွင် အနည်းဆုံး အလုပ်သမားဦးရေ ၃ဝ ဖြင့် ဖွဲ့စည်းနိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှိ အလုပ်သမား ၁ဝ ရာခိုင်နှုန်းမှ ထောက်ခံရမည်ဟု ပါရှိသည်။ အခြေခံအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဟူ၍ ခွဲခြားထားသည်။
၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် အလုပ်သမား ဥပေဒတွင် အခန်း ၁၄ ခန်းပါဝင်ပြီး၊ အပိုဒ် ၅၈ ပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါဥပဒေတွင် ဆန္ဒပြရန်အတွက် ကန့်သတ်ချက်များလည်း ပါဝင်သည်။
အလုပ်သမားများအနေဖြင့် သပိတ်မှောက်လိုပါက သက်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့်နေ့ရက်၊ နေရာ၊ ပါဝင်မည့်သူဦးရေ၊ သက်ဆိုင်ရာ အလုပ်ရှင်နှင့် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တို့သို့ ၁၄ ရက် ကြိုတင်အကြောင်းကြားရမည်ဟု ပါရှိသည်။
ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တနှစ် သို့မဟုတ် ငွေဒဏ် ကျပ်တသိန်း၊ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ပါရှိသည်။
Posted in: ၀၃။ မြန်မာ့ သတင်းပြည်နှင်ဒဏ်ခံရနိုင်တဲ့အရေး မြန်မာလုပ်သားတွေကို လူ့အခွင့်အရေးအဖွဲ့တွေ သတိပေး
(Photo: AFP) ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP) |
Posted in: ၀၄။ ထိုင်းသတင်းWednesday, 29 February 2012
KIO ရှိ ကချင်ဒုက္ခသည် ကူညီရေးကိစ္စ ကုလနှင့် မြန်မာအစိုးရ ညှိနှိုင်းနိုင်
၎င်းသည် ကုလ၀န်ထမ်း လေးဦးပါအဖွဲ့ငယ်ကို KIO ဗဟိုဌာနချုပ် လိုင်ဇာဒေသို့သွားရောက်ကူညီရန် မြန်မာအစိုးရကခွင့်ပြုခဲ့ပြီး နှစ်လအကြာ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်ကြာခရီးစဉ်အတွင်း ကုလအထူးသံတမန်က မြန်မာအစိုးရနှင့် ယင်းသို့ ကူညီရန် ညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မည်သည့်အချိန်တွင် ဒုက္ခသည် ၄၅၀၀၀ ကျော်ရှိ KIO ဒေသသို့ ကုလအကူအညီများရောက်ရှိလာမည်ကို မသိရသေးပေ။
မြန်မာအစိုးရက ၎င်းတို့အကူအညီများပါ ပေါင်းထည့်လို
ကုလအကူအညီညှိနှိုင်းမှု ကြန့်ကြာနေရခြင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ၏ တောင်းဆိုချက်ကြောင့် ဖြစ်သည်ဟု မစ္စတာနမ်ဘီးယား (Mr. Vijay Nambiar) က Inner City Press မှ Matthew Russell Lee ၏ မေးမြန်းချက်ကို ဖြေဆိုထားသည်။
“အခက်အခဲနည်းနည်းရှိနေတာက အစိုးရကသူတို့ အကူအညီပါ တပါးထဲ ပါဝင်စေချင်တယ်” ဟု ဆိုသည်။ “ဆက်ပြီးညှိနှိုင်းနေတယ်။ အစိုးရနဲ့ ကုလအကူအညီတွေကို နယ်စပ်ဆီ တပါးထဲ သယ်သွားစေချင်တော့ နဲနဲ ပြဿနာရှိတယ်။ ဒါက အစိုးရအကူအညီကို လက်မခံရင် ပြန်သယ်လာဖို့ရှိပြီး။ ကုလအကူအညီတော့ လက်ခံဖို့ရှိတယ်။” ဟု သူ ဆက်ဆိုသည်။
ထိုဒီဇင်ဘာ ၁၂ ရက်ကုလခရီးစဉ်တွင် KIO က မြန်မာအစိုးရက ပေးပို့လာသည့်အကူအညီများကို လက်မခံခဲ့ပါ။ ဒုက္ခသည်များထံသို့ အစိုးရ၀ါဒ မသက်ရောက်စေလိုသည့် အတွက် ဖြစ်သည်ဟု သိရသည်။
မစ္စတာနမ်ဘီးယား (Mr. Vijay Nambiar) တွေ့ဆုံခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးကောင်စီတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် စစ်အရာရှိဟောင်းများ အများအပြားပါဝင်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီတို့နှင့် အပစ်ခတ်ရပ်ဆိုင်းရေးကို ရထားဝန်ကြီး ဦးအောင်မင်း အဖွဲ့ဖြင့် ဆွေးနွေးရ၍ အလားတူကိစ္စရပ်အတွက် KIO သည် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ သစ္စာတော်ခံ သီးခြား လွှတ်တော်ကော်မတီတရပ်နှင့် ဆွေးနွေးရသည်။
၎င်းကော်မတီကို စက်မှု-၁ ၀န်ကြီးဟောင်း ဦးအောင်သောင်း ဦးဆောင်သည်။ သူသည် စစ်ဗိုလ်ဟောင်းဖြစ်ကာ၂၀၀၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည့် ဒီပဲယင်းလူသတ်ပွဲအား ပုံဖော်သူများထဲမှ တစ်ဦးဖြစ်သည်ဟုဆိုသည်။
၎င်းအား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့်နီးစပ်ကာ သဘောထားတင်းမာသူအဖြစ် ယူဆကြသည်။
တိုးလာသည့် ကချင်စစ်ပြေးဒုက္ခသည်များနှင့် ကုလသမဂ္ဂ
၉ လ ကျော်လာသည့် မြန်မာအစိုးရနှင့် KIO ကြားတိုက်ပွဲသည် မြန်မာနိုင်ငံအတွက် နှစ် ၂၀ အတွင်း အဆိုးဆုံးလက်နက်ကိုင်ပဋိပက္ခဖြစ်သည် ဟု မြန်မာ့အရေးလေ့လာသူများကဆိုသည်။
ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ရပ်ရွာစွန့်ခွာကြရသူအများစု (လူဦးရေ ၆၀၀၀၀) မှာ ကုလသမဂ္ဂလူသားချင်းအကူအညီများနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။
UNHCR (ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး)၊ UNOCHA (ကုလသမဂ္ဂလူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့)၊ WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) တို့သည် မြန်မာနိုင်ငံတွင်းရှိနေသော်လည်း ဒုက္ခသည် အများစုရှိနေသည့် KIO ဒေသထဲ အကူအညီ မပေးပို့နိုင်ကြပါ။
ခြွင်းချက်အနေဖြင့် ဒီဇင်ဘာလတွင် အကူအညီအနည်းငယ်ဖြင့် ကုသမဂ္ဂ၀န်ထမ်း ၄ ဦးပါ အဖွဲ့ KIO ဒေသသို့ သွားရောက်လေ့လာခဲ့သည်။
အမျိုးမျိုးသော ကုလသမဂ္ဂအဖွဲ့အစည်းများမှာ မြန်မာအစိုးရနယ်မြေထဲရှိ ဒုက္ခသည်အနည်းစုကိုသာ ကူညီနိုင်ခွင့်ရှိနေသည်။ မြန်မာအစိုးရလက်အောက်ရှိ စခန်းများသည် KIO ဒေသရှိ စခန်းများထက် အခြေအနေသာလွန်သော်လည်း ဒုက္ခသည်အများစု လူဦးရေ အနည်းဆုံး ၄၅၀၀၀ မှာ KIO ဒေသသို့ရောက်ရှိနေကြသည်။
နောက်ထပ် ဒုက္ခသည်ထောင်ချီမှာ ပိုပြီး အခြေအနေဆိုးရွားသည့် တရုတ်ဖက်ခြမ်း ယာယီတဲစခန်းများတွင် နေထိုင်နေကြသည်။
“ကုလသမဂ္ဂက လာကြည့်သင့်တာပေါ့။ ဒီမှာ ကျွန်တော်တို့ ဘယ်လောက်ထိ ခံစားနေရတယ်ဆိုတာလေ။ မလွယ်ဘူး။” ဟု ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ မိုင်ဂျာယန်အနီး တရုတ်နယ်စပ် စခန်းတစ်ခုရောက် အသက် ၆၀ အရွယ် ကချင်လယ်သမားတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။
Ref: Sky Karen
Posted in: ၀၃။ မြန်မာ့ သတင်းတရုတ်စီးပွားရေးပုံစံ ခေတ်ကုန်နေပြီလို့ ကမ္ဘာဘဏ်သတိပေး
Posted in: ၀၂။ နိုင်ငံတကာသတင်းထိုင်းရောက်မြန်မာလုပ်သားများ တန်းတူအခွင့်အရေးရတော့မည်

´အခုလောလောဆယ် မတ်လကုန်တာနဲ့ ထိုင်းအလုပ်သမားတွေရရှိသလို တရားဝင်လုပ်တဲ့သူတွေကို တန်းတူအခွင့်အရေးရရှိဖို့ လုပ်ပြီးပြီ။ နောက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိုင်းနဲ့တန်းတူအခွင့်အရေးရဖို့ လုပ်ထားတယ်။ ဗမာအလုပ်သမားတွေ လုပ်အားခတိုးမြှင့်ရရှိဖို့ ကြိုးစားနေပါတယ်´ဟု မစ္စတာပရစ်ချာက ဖာလားဝါးနယူးစ်ဂျာနယ်သို့ တရားဝင်ပြောကြားသည်။
တရားမ၀င်လာလုပ်တဲ့သူတွေလဲ တရားဝင်ဖြစ်လာအောင် မဲဆွယ်စည်းရုံးမယ်။ များသောအားဖြင့် ဒီအလုပ်သမားတွေက ထိုင်းကို အကျိုးပြုနေတယ်ဆိုတာ လက်ခံပါတယ်။ သူတို့ရဲ့ အကျိုးကိုလဲ ထိုင်းအစိုးရက ပြန်ကြည့်ရှုရမှာပေါ့´ဟု ယင်းက ဆက်ပြောသည်။ထိုင်းနိုင်ငံတစ်ခုလုံးတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာလုပ်သမားပေါင်းတစ်သန်းခွဲခန့်ရှိနေပြီး တရားမ၀င်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများလည်း များစွာရှိနေကြောင်းသိရသည်။
ယင်းအပြင် အသားငါးနှင့် ပုဇွန်လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံ၊ အသေးအကြီးပေါင်း ၁၀၀၀၀ ကျော်ရှိနေသည့် ထိုင်းနိုင်ငံ စမွတ်ဆန်းခွမ်းခရိုင်တွင် တရားဝင်နှင့် တရားမ၀င်လုပ်ကိုင်းလျက်ရှိသော မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိနေကြောင်း သိရသည်။
´အလုပ်သမားတွေဟာ နောက်ဆုံးတော့လဲ မြန်မာနိုင်ငံကို ပြန်လာမှာပဲ။ ဘာဖြစ်လို့ တရားမ၀င်အလုပ်သမားတွေများလာရလဲဆိုရင် အခွန်အခတွေကို ကြောက်လို့ဖြစ်ပါတယ်။ ဗမာ၊ကရင်၊ မွန်လူမျိုးတွေပိုများပါတယ်။ စမွတ်ဆန်းခွမ်းခရိုင်မှာဆိုရင် မြန်မာအလုပ်သမားတွေ အများဆုံးပဲ´ဟု အဆိုပါခရိုင်၏ကုန်သွယ်ရေးကိစ္စ ဒုဥက္ကဌလည်းဖြစ်သော မစ္စတာပရစ်ချာက ပြောသည်။
ထိုင်းနိုင်ငံရောက်မြန်မာတရားဝင်အလုပ်သမားအနေဖြင့် ထိုင်းအလုပ်သမားများနည်းတူ လုပ်ခလစာတိုးမြှင့်ခံစားပိုင်ခွင်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအထောက်အပံ့များ တန်းတူပေးခြင်းနှင့် ထိုင်းနိုင်ငံ၏တရားဝင်အလုပ်ပိတ်ရက်များကိုလည်း ခံစားခွင့်ပေးခြင်းတို့ကို ယခုနှစ် ဧပြီလ ၁ရက်နေ့မှစတင်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
´မြန်မာအလုပ်သမားတွေဟာ တရားဝင်ဖြစ်ဖို့နဲ့ သူတို့ရဲ့နေထိုင်ခွင့်၊ စားသောက်ခွင့်တွေ ပိုမိုကောင်းမွန်အောင်လုပ်မယ်။ နောက်ငွေပို့ချင်တဲ့အခါ အခက်အခဲဖြစ်နေတာကို ဘယ်လိုလုပ်ဆောင်နိုင်မလဲ၊ စတာတွေကို လုပ်နေတယ်။ ဒါလဲ အစိုးရနှစ်ခုကြား ပူးပေါင်းပြီးစီစဉ်နေတာပဲလေ။ အလုပ်သမားတွေလုပ်ပိုင်ခွင့် ရဖို့တို့၊ ပတ်စ်ပို့ရဖို့တို့လဲ သူတို့ကလုပ်ပေးနတာပဲ။ မြန်မာအလုပ်သမားတွေအပေါ်မှာေ စတနာထားလုပ်ပေးတာကိုကြိုဆို ရမှာဖြစ်ပါတယ်´ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဌ ဦးအောင်လွင်က ပြောသည်။
ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများအနေဖြင့် လုပ်ခလစာတူညီမှုမရှိသော်လည်း ထိုင်းအလုပ်သမားများနည်းတူ တန်းတူအခွင့်အရေးရရှိရန် အာမခံကြောင်း၊ ယင်းအပြင်နယ်စပ်ဖြတ်ကျော်လုပ်ကိုင်သူများအပေါ်တွင်လည်း ကြားခံအဖွဲ့အစည်းများအနေဖြင့် ကောက်ခံနေတဲ့အခွန်အခများကို လျှော့ပေးသင့်ကြောင်း မစ္စတာပရစ်ချာက ပြောသည်။
**နှင်းကို(သာစည်)**
The Flower News Journal
Posted in: ၀၄။ ထိုင်းသတင်းဥရောပ ပါလီမန်မှာ ဒေါ်စု မိန့်ခွန်းပြောဖို့ ဖိတ်ကြားမည်
ဥရောပ ပါလီမန်မှ ချီးမြှင့်သော ၁၉၉၀ Sakharov ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဗုဒ္ဓဟူးနေ့တွင် ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံစဉ် ပါလီမန်ဥက္ကဋ္ဌ Martin Schulz ၏ ဖိတ်ကြားချက်ကို ကိုယ်စားလှယ်များက သတင်းစကား ပါးမည်ဖြစ်သည်။
ဥရောပ ပါလီမန်အနေဖြင့် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများအား ကြိုဆိုပြီး ဂျာမဏီ လွှတ်တော် အမတ် Werner Langen ဦးဆောင်သည့် ကိုယ်စားလှယ် ၁၁ ဦးသည် သမ္မတ၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် အခြားလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်သည်။ ထို့ပြင် နေပြည်တော် လွှတ်တော်နှင့်လည်း တရားဝင် ဆက်သွယ်ရေးများ ထူထောင်ထားရှိရန် သွားရောက် လည်ပတ်ဦးမည် ဖြစ်သည်။
မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဥရောပသမဂ္ဂ EU ၏ အရေးယူ ပိတ်ဆို့မှုများအား ပယ်ရှားရန်အတွက် ဥရောပ ပါလီမန်က ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဆုံးဖြတ်ဖွယ်ရှိပြီး လူသားချင်း စာနာသည့် အကူအညီများလည်း ထပ်မံပေးဖွယ်ရှိနေသည်။
EU ဖွံ့ဖြိုးရေးမင်းကြီး Andris Piebalgs က မြန်မာနိုင်ငံ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အအုံများ အတွက် ဒေါ်လာသန်း ၂၀၀ ကူညီမည် ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကြေညာခဲ့သည်။
သမ္မတ ဦးသိန်းစိန်က Andris Piebalgs နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အရေးပါသော အပြောင်းအလဲများ ဖြစ်နေသော် လည်း EU ပိတ်ဆို့မှုများ ရှိနေသည်ကို ထောက်ပြပြောဆိုခဲ့သည်။ Andris Piebalgs အနေနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတမှုရှိပါက ပိတ်ဆို့မှုများလျှော့ချရေး ဆက်လက် ပြုလုပ်သွားမည်ဟု ပြန်လည်
ပြောဆိုခဲ့သည်။
Posted in: ၀၂။ နိုင်ငံတကာသတင်းTuesday, 28 February 2012
ဒေါ်စု ကိုယ်စားလှယ်လောင်း အတည်ပြုချက် ရပြီ
Posted in: ၀၃။ မြန်မာ့ သတင်းဒေါ်စုကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးပြတ်ပယ်ချ
"အယူခံလွှာကို တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲက ပလပ်လိုက်ပါတယ်။ ကိုယ်စားလှယ်
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်မည့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးတင်ရီ၏ ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်လွှာကို တိုင်းရွေးကောက်ပွဲ ကော်မရှင်မှ အင်္ဂါနေ့တွင် ပလပ်လိုက်ခြင်း ဖြစ်သည်။
ယင်းအပြင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ဝင်ရောက်အရွေးခံကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာစိုးမင်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီတို့ကိုလည်း ကိုယ်စားလှယ်လောင်းအဖြစ်ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ကအင်္ဂါနေ့တွင်အသိ အမှတ်ပြုလိုက်ခြင်းဖြစ်သည်။
ဦးတင်ရီ၏ ကန့်ကွက်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်နိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ကဒ် ရရှိထားသူဖြစ်ခြင်း၊ ရရှိသည့် ဆုငွေများကို နိုင်ငံခြားဘဏ်များတွင် အပ်နှံထားခြင်း၊ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် နေထိုင်စဉ် အခွန်ငွေများကို မြန်မာသံရုံးသို့ ပေးဆောင်ခြင်းမရှိဘဲ ဗြိတိန်အစိုးရသို့သာ ပေးဆောင်ခြင်းတို့ကြောင့် နိုင်ငံခြားသား အကျိုးကျေးဇူးများကို ခံစားနေသူဖြစ်သည်ဟု စွပ်စွဲထားပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၁ နှင့် ငြိစွန်း
နေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁ ပုဒ်မခွဲ (စ) တွင် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများသို့မဟုတ် ကျေးဇူးခံစားခွင့်များကိုခံစားနိုင်ခွင့်ရှိသူသည် ရွေးကောက်ပွဲတွင်
ဦးတင်ရီ၏ အထက်ပါ စွပ်စွဲချက်များများနှင့် ပတ်သက်၍ ခိုင်လုံသည့် သက်သေ အထောက်အထား မရှိခြင်းကြောင့် ကန့်ကွက်မှုကို ပယ်ချလိုက်ခြင်းဖြစ်သည်ဟုလည်း ဦးကိုကိုက မဇ္ဈိမကို ပြောသည်။
"ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယမှာနေခဲ့တုန်းက အခွန်ငွေ မဆောင်ခဲ့ဘူးပေါ့။ အဲဒီလိုမျိုး သူပြောရုံနဲ့တော့ အန်ကယ်တို့က လက်မခံဘူး။ အထောက်အထား အခိုင်အမာ တင်ပြရမယ်။ အဲဒီလိုမျိုး မဆောင်ခဲ့တာကို ဘယ်မှတ်တမ်း မှတ်ရာတွေရှိသလဲ။ သက်ဆိုင်ရာ သံရုံးက စာရွက်စာတမ်း ပြလေ။ သူ ရအောင်ယူပြီး အန်ကယ်တို့ကို တင်လေ။ ဟိုစာစောင်ထဲမှာ ပါတာကိုကူး၊ ဒီက ကြားတာကို ထည့်ရေး၊ ဒါမျိုးဆိုရင်တော့ ခိုင်မာတဲ့ အထောက်အထား မဟုတ်ဘူးလေ။ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ တင်သွင်းဖို့ သူ့မှာ တာဝန်ရှိပါတယ်" ဟု ဦးကိုကိုက
ပြောသည်။
ဦးတင်ရီသည် သူ၏ ကန့်ကွက်လွှာကို ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းခဲ့သေးပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပယ်ချပြီးနောက် အယူခံကို တိုင်း ရွေးကောက်ပွဲကော်မရှင်သို့ ထပ်မံတင်ပြခဲ့ရာ တိုင်းရွေးကောက်ပွဲကော်မရှင်က ယခုကဲ့သို့ ပယ်ချလိုက်ခြင်းဖြစ်သည်။
ဦးတင်ရီ၏ ကန့်ကွက်မှုနှင့် ပတ်သက်၍ တိုင်းရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည် ဟု ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားသည်ကို တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ကိုးကားကာ "ဒါ့ကြောင့် အန်ကယ်တို့က နောက်ထပ်တကြိမ်ကိုတော့ အန်ကယ်တို့က လက်မခံတော့ဘူး။ ရှေ့လုပ်ရမယ့် အလုပ်ကိုပဲ ဆက်လုပ်တော့မယ်။ ဒါနဲ့ အချိန်ကုန်မခံနိုင်တော့ဘူး" ဟု မဇ္ဈိမကိုပြောသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကလည်း ဦးတင်ရီ၏ ကန့်ကွက်မှုကို လက်မခံနိုင်ကြောင်း တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။
"ဒီမိုကရေစီနိုင်ငံကို သွားတဲ့အခါမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တယောက်ကို ဒီလိုကန့်ကွက်ခြင်းဟာ ပြည်သူလူထု မျှော်လင့်ချက်တွေကိုလည်း ရိုက်ချိုးရာရောက်တယ်။ ဒီမိုကရေစီအစဉ်အလာတွေကိုလည်း ပစ်ပယ်ရာရောက်တယ်။ နိုင်ငံရေး ဖြစ်စဉ်ကြီးကိုလည်း
ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရန်အတွက် ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ဝါးသင်္ခရွာတွင် သန်းခေါင်စာရင်း ဝင်ထားပြီးဖြစ်သည်။
“အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာ ကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု သတင်းမီဒီယာများကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့သည်။
ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,ဝဝဝ ခန့် ရှိသည့်အနက် ၂ဝ၁ဝ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်း အရေအတွက်မှာ ၈၃,ဝဝဝ ခန့် ရှိကြောင်း သိရှိရသည်။
Posted in: ၀၃။ မြန်မာ့ သတင်းထိုင်း-မြန်မာနယ်စပ် တောမီးကြောင့် တခ်ခရိုင် လေထုညစ်ညမ်းမှု စိုးရိမ်ဖွယ်ရှိ
![]() |
| ထိုင်း မြန်မာနယ်စပ် အုန်းဖျန့်ကရင်ဒုက္ခသည်စခန်းတွင် မီးလောင်ကျွမ်းခဲ့သည့်ပုံ |
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ တက်ခ်ခရိုင် မဲဆောက်မြို့အနီးမှာ တောမီးလောင်ကျွမ်းမှုများကြောင့် ထိုင်းနိုင်ငံ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှုံမှိုင်းနေပြီး မီးခိုးနဲ့ ဖုန်မှုန်တွေပါဝင်တဲ့ လေထုညစ်ညမ်းမှု ဖြစ်နေကြောင်း၊ ၄င်းလေကို ရူရိုက်နေရတဲ့ လူတွေရဲ့ ကျန်းမာရေးမှာ စိုးရိမ်စရာရှိကြောင်း တက်ခ်ခရိုင် အုပ်ချုပ်သူများက ကြေငြာခဲ့သည်။
တနင်္ဂနွေမှာ ထိုင်းစစ်တပ် တာဝန်ရှိများ၊ မြူနီစပါယ် ၀န်ထမ်းများနှင့် သစ်တောထိန်းသိမ်းရေးတာဝန်ခံများက ထိုင်းနယ်စပ်မြို့များကို ရဟတ်ယဉ်များနှင့် လှည့်ကြည့်ရူခဲ့ကြသည်။ ထိုင်းမြန်မာ နယ်စပ်တလျှောက် မြို့ တော်တော်များများမှာ မီးခိုးများနှင့် မှောင်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများပိတ်သလို မှုန်မှိုင်းေ၀၀ါးနေသည်။ တောမီးက မြန်မာဖက်မှာရော ထိုင်းဘက်မှာပါ လောင်ကျွမ်းနေခြင်း ဖြစ်သည်။
နယ်စပ် တောမီးက တော်တော်နှင့် ငြိမ်းမည့်ပုံ မပေါ်ဘဲ၊ နောက်ထပ်ရက်အတန်ကြာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မြူနှင်းတွေလို မှုန်ဝါးနေဦးမည်ဖြစ်ကြောင်း မစ္စတာ စူရိရာက ပြောဆိုသည်။ မီးခိုးမှုန်တွေ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေသောကြောင့် မဲဆောက်မှာ ဆင်းမယ့် လေယာဉ်များကိုပင် Phitsanulok မှာ ဆင်းခိုင်းရကြောင်း ပြောဆိုသည်။
မမေ
မောက္ခနိုင်ငံတကာသတင်း
Posted in: ၀၄။ ထိုင်းသတင်းကမ္ဘာ့ ထိပ်တန်း စာရင်းဝင်လာတဲ့ မြန်မာနဲ့ အောက်ဆုံး ရောက်သွားတဲ့ စင်္ကာပူ

ဗြိတိသျှ ကိုလမ်ဘီယာတက္ကသိုလ်က ပြုလုပ်တဲ့ The Eco2 Index ဂေဟစနစ် အညွန်းကိန်းမှာ စင်္ကပူနိုင်ငံက ကမ္ဘာ့ အဆိုးဆုံး စာရင်းမှာ ပါဝင်သွားပါတယ်။ ကမ္ဘာ့ အဆိုးဆုံး ငါးနိုင်ငံက
၁။ စင်္ကာပူ ၂။ ဂျော်ဒန် ၃။ ကိုးရီးယား ၄။ အစ္စရေး ၅။ ကူဝိတ်နိုင်ငံ တို့ဖြစ်ကြပါတယ်။
၁။ ဗော်လဗီးယား ၂။ အင်ဂိုလာ ၃။ နမီးဘီးယား ၄။ ပါရာဂွေး ၅။ အာဂျင်တီးနား တို့ဖြစ်ကြပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးပြေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ ထဲမှာ မြန်မာက အဆင့် ၃၂ မှာရှိပါတယ်။ မလေးရှားက အဆင့် ၈၀ နှင့် ထိုင်းနိုင်ငံက အဆင့် ၉၆ ကိုရောက်သွားပါတယ်။ ဒီသုတေသနက ကမ္ဘာ့ဘဏ်က အချက်အလက်တွေကို အခြေခံပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံဟာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေမှာ ပိုငွေတွေ ပြနေပေမယ့် ဂေဟစနစ် ချွှတ်ခြုံကျမှု က ကမ္ဘာ့ ထိပ်ဆုံးစာရင်းမှာ ပါသွားပါတယ်။ စင်္ကာပူ ဥပဒေပြုအမတ်တွေဟာ သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှင့် ဂေဟစနစ် အဆက်အစပ်ကို စိုးရိမ်ပူပင်မှုတွေ အစဉ်ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ရေပြတ်လတ်မှု၊ စွမ်းအင်မရှိမှုနှင့် အခြားသော သဘာဝ သယံဇာ မရှိမှုတွေကြောင့် စိုးရိမ်ပူပင်မှုတွေရှိခဲ့ပါတယ်။
စင်္ကာပူရဲ့ လေအေးစက်တတ်ထားတဲ့ ကြီးမားတဲ့ ရှော့ပင်းမောတွေနှင့် လူထုရဲ့ စားသုံးမှုတွေက ထုတ်လုပ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေဟာ စင်္ကာပူမှာရှိတဲ့ စိုက်ပျိုးနိုင်တဲ့မြေနဲ့ စွမ်းအင်ကို မမျှမတ ဖြစ်စေပါတယ်။ စင်္ကပူရဲ့ အဓိက ပြသနာက စွမ်းအင်နဲ့ ရေကို နိုင်ငံခြား တိုင်းပြည်တွေကနေ တင်သွင်းနေရတဲ့ ပြသနာဖြစ်ပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံက ၂၀၆၁ ခုနှစ်ထိ စင်္ကာပူအတွက် လိုအပ်တဲ့ ရေကိုဖြည့်ဆည်းပေးဖို့သဘောတူထားပါတယ်။
စောပြည့်ညို
မောက္ခနိုင်ငံတကာသတင်း
Posted in: ၀၂။ နိုင်ငံတကာသတင်းဒုတိယကမ္ဘာစစ်က ဖောက်လုပ်ခဲ့သည့် သေမင်းတမန်ရထားလမ်းကို ပြန်လည်ဖောက်လုပ်တော့မည်
အဆိုပါရထားလမ်းသည် ဖက်ဆစ်ဂျပန်တို့ မြန်မာပြည်သူများကို ချွေးတပ်အဖြစ်ခေါ်ယူကာ ဖောက်လုပ်ခဲ့ပြီး အသက်ပေါင်း များစွာဆုံးရှုံးစေခဲ့သော ကြောင့် ''သေမင်းတမန်ရထားလမ်း''ဟု တင်စားထားသည့်
ရထားလမ်းလည်းဖြစ်ကာ နိုင်ငံခြားခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုများရှိကြောင်းသိရသည်။
''ထိုင်းဘက်ခြမ်းမှာ သေမင်းတမန်ရထားလမ်း ဖောက်လုပ်ပြီးနောက် ခရီးသွားလုပ်ငန်းအောင်မြင်နေပါတယ်။ ဒါကြောင့် ဒီသေမင်းတမန်ရထားလမ်းကို အမြန်ဆုံး အကောင်အထည်ဖော်သွားပါမယ်'' ဟု ဖေဖော်ဝါရီ ၂၄ ရက်တွင် မွန်ပြည်နယ်တွင် ပြုလုပ်သော ဒေသဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
![]() |
| သေမင်းတမန်ရထားလမ်း မြေပုံ |
အဆိုပါ ရထားလမ်းကို မွန် ပြည်နယ်ဒေသဖွံ့ဖိုးတိုးတက်ရေးနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်ပြီး ပြန်လည် ဖောက်လုပ်ကာ ရထားလမ်း အရှည်မိုင် ၆ဝ ရှိကြောင်း သိရသည်။
''အဓိကတော့ ဂျပန်ခေတ်က ထိုင်းနယ်စပ်ကိုသွားလာနိုင်ဖို့ ဒီရထားလမ်းကို ဖောက်တာပါ။ မြန်မာတွေရဲ့ အသက်ပေါင်းများစွာ စတေးခဲ့တဲ့နေရာပဲ။ ရထားလမ်းဇလီဖားတုံး တစ်ခုစီမှာ အသက်တွေရှိနေတယ်လို့ တင်စားပြီး သေမင်းတမန် ရထားလမ်းလို့ နာမည်ကြီးပါတယ်'' ဟု မြန်မာ့မီးရထားမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
''ထိုင်းဘက်က ခရီးသည်တွေ ရထားလမ်း ကိုလာကြည့်ကြတယ်။ သံဖြူဇရပ်မှာလဲ ရထားလမ်း နဲ့ပတ်သက်တဲ့ မှတ်တမ်းဓာတ်ပုံနဲ့အတူ ပြတိုက်လဲရှိပါ တယ်'' ဟု ယင်းက ဆက်ပြောသည်။
အဆိုပါ ရထားလမ်းဟောင်း စီမံကိန်းကြီးကို ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခင်ရထားလမ်း အရှည် သည် ၄၁၅ ကီလိုမီတာရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်
Posted in: ၀၃။ မြန်မာ့ သတင်းမော်တော်ယာဉ်စီးခကို i-Pay ကဒ်စနစ်ဖြင့် ကောက်ခံမည်
အဆိုပါ i-Pay ကတ်စနစ်ကို အသုံးပြုရန်အတွက် ကစ္ဆပနဒီကုမ္ဂဏီမှ စက်များနှင့် ကတ်များကို အခမဲ့ပေးဝေ တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း၊ထိုသို့ ပြုလုပ်ရန်အတွက်လည်း ၄င်းကုမ္ဂဏီအနေဖြင့် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။
''ဒီလိုလုပ်မယ်ဆိုလဲ ကောင်းပါတယ်။ ဂျာနယ်တွေမှာလဲ ဖတ်ရတယ်။ စင်ကာပူလိုလုပ်မယ်ဆိုရင် ဒါတွေ လမ်းတွေကစပြီးတော့ လုပ်သင့်ပါတယ်။ ဘာဖြစ်ဖြစ် ကြိုဆိုပါတယ်။ ခရီးသည်တွေလဲ ဒီလိုစနစ်လုပ်ရင် စည်းကမ်းရှိဖို့လိုပါတယ်'' ဟု သိမ်ဖြူမှ ကိုညီထွေးက ပြောသည်။'' သူတို့လုပ်မယ်ပုံစံက စက်ကို ကားပေါ်မှာ စပယ်ယာက ထိန်းထားရမယ်။ အဲမှာ ကိုယ်သွားချင်တဲ့နေရာကို ကတ်နဲ့ကပ်ပြီး နှိပ်လိုက်ရင် အော်တို ယာဉ်စီးခကို ဖြတ်လိုက်လိမ့်မယ်။ စက်ခွဲ တွေကို ယာဉ်လိုင်းအသီးသီးမှာ ထားပေး သွားပါမယ်။ အဲဒီ့ကမှ ကျွန်တော်တို့ဆီမှာ လာရှင်းရင် ဖြစ်နိုင်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး မထသ(ဗဟို)က အတွင်း ရေးမှူး ဦးဘမြင့်မှ ထပ်မံရှင်းပြသည်။ i-Pay ကတ်ဖြင့် ယာဉ်စီးခ ကတ်များကို ၅၀၀ တန်ကတ် ၁၀၀၀ တန် ကတ်များဖြင့် ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။
Posted in: ၀၃။ မြန်မာ့ သတင်း


09:57
Unknown









