သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Saturday, 4 June 2011
ပြည်နယ် ၃ ခု အခြေအနေ ဆိုးဝါး
Friday, 3 June 2011
ထိုင်းတွင် အရောင်းစား ခံထားရသူ ၂ ဦးကို ပြန်ရွေးယူခဲ့
ရောင်းစားခံထားရသူများ လွတ်မြောက်ရေးနှင့် လူမှောင်ခို ကုန်ကူးသူများကို ဖမ်းဆီး ဖော်ထုတ်နိုင်ရေးအတွက် အကူအညီပေးနေသည့် မဲဆောက်အခြေစိုက် People Volunteer’s Association (PVA) အဖွဲ့က ယင်းလူငယ် ၂ ဦးကို ပြန်လည် ရွေးထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လူငယ် ၂ ဦးသည် ပင်လယ်ထဲတွင် ၁၃ ရက်ခန့် ငါးဖမ်းနေခဲ့ရကြောင်း၊ ဆွေမျိုးများက ပိုက်ဆံနှင့် ရွေးထုတ်၍ ရလျှင် ရွေးထုတ်ချင်သည်ဟု ပြောသဖြင့် PVA နှင့် ပူးပေါင်း ဆောင်ရွက်နေသူ ကိုခိုင်မင်းထွန်းက သွားရောက် ရွေးထုတ် ပေးခဲ့ကြောင်း PVA အဖွဲ့ မှ ဗဟိုကော်မတီဝင် ၁ ကိုသိန်းဆန်းက ပြောသည်။
ကိုခိုင်မင်းထွန်းက “ဒီနယ်မြေက လူမှောင်ခိုမှုတွေ၊ လူရောင်းစားမှုတွေ အရမ်း များတော့ အခုလို သွားရွေးရတာ သိပ် အန္တရာယ်ကြီးတယ်။ အကြောင်းမညီညွတ်ရင် ကိုယ်ပါ အစပျောက် သွားနိုင်တယ်။ ဒါပေမယ့် လူသားချင်း ကျေးကျွန်လို ရောင်းစားခံထားရတဲ့ သူတွေအတွက် ကျနော် အရဲစွန့်လုပ်ပေးခဲ့တာ” ဟု ဆိုသည်။
ရွေးထုတ် လာခဲ့သည့် ကိုကျော်ဇံမှာ အသက် ၂၄ နှစ် ရှိပြီး ကိုဇော်ထွန်းမှာ အသက် ၁၉ နှစ် ဖြစ်သည်။ နှစ်ဦးစလုံး ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ဖြစ်ကြသည်။
၎င်းတို့သည် မေလ ၆ ရက်နေ့မှ စတင်ကာ မြ၀တီ နယ်ခြားစောင့်တပ် အမှတ် ၁၄ ဂိတ်မှ ထွက်လာခဲ့ကြပြီး မဲဆောက် ဘက်ခြမ်းမှတဆင့် တောလမ်းခရီးကို လျှောက်ခဲ့ကြရကြောင်း၊ မေ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် အချောင်မြို့ ဝေလာစိန် တံတားတွင် ရှိသော ငါးဖမ်းလှေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုအရပ်သို့ရောက်မှ ၎င်းတို့ ရောင်းစားခံခဲ့ရ သည်ကို သိရကြောင်း ကိုကျော်ဇံက ပြောသည်။
ကိုကျော်ဇံအား ပွဲစားက မဟာချိုင်အရပ်ရှိ ပုစွန်ခေါင်းချိုး စက်ရုံတွင်လုပ်ရမည်ဟု ပြောကာ ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် မဟာချိုင်ဒေသမဟုတ်ဘဲ စက်ရုံတွင်လည်း မလုပ်ရကြောင်း သူက ဆိုသည်။
“အနီးအနားက မွန်တယောက်ကို မေးကြည့်တော့မှ သူက မင်းတို့ကို ပွဲစားက ဘတ် ၁ သောင်းနဲ့ အပြတ် ရောင်းထား ခဲ့ပြီလို့ ပြောတယ်။ အဲဒီတော့မှ အရောင်းစား ခံလိုက်ရပြီဆိုတာကို သိလိုက်ရတယ်။ ကိုယ့် လူမျိုးအချင်းချင်း တိရစ္ဆာန်တကောင်ကို ရောင်းသလို၊ ကျွန်ကို ရောင်းသလို ရောင်းစား ခံလိုက်ရတာ အရမ်းခံပြင်းတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဘာမှ မတတ်နိုင်တော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။
ပွဲစားသည် တခြားသူများအား ဘန်ကောက်ရှိ ငါးသေတ္တာစက်ရုံ၊ နာနတ်သီးစက်ရုံနှင့် ပန်းရံလုပ်ငန်းများတွင် အလုပ်အကိုင် ရမည်၊ လက်ငင်းငွေပေးစရာမလို၊ အလုပ်သမား လက်မှတ်လည်း လုပ်ပေးမည်၊ ယာယီနိုင်ငံကူးလက်မှတ်လည်း လုပ်ပေးမည်၊ လမ်းစရိတ် ဘတ် ၁၀၀၀၀ ကျမည်း၊ အရစ်ကျ ဆပ်ရမည်၊ လစာ တလလျှင် ဘတ် ၈၀၀၀ ရမည် စသဖြင့် မက်လုံးများပေးကာ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
လူဆွယ်ပေးသော ပွဲစားမှာ အသက် ၂၀ ကျော်အရွယ်ရှိ မြန်မာနိုင်ငံသား မင်းမင်း ဆိုသူဖြစ်ကြောင်း၊ မင်းမင်းက မြ၀တီရှိ လူပွဲစား မမော် (ခ) ဒေါ်စန်းစန်းမော်ထံသို့ ပို့ပေးကြောင်း ပြန်ရွေးထုတ်ခံခဲ့ရသူ ကိုဇော်ထွန်းက ပြောပြသည်။
“ကျနော်တို့ကို မဲဆောက်ကနေ မြ၀တီမှာရှိတဲ့ မမော်ဆီကို မင်းမင်းက ပို့ပေးတယ်။ သူက ပွဲခယူပြီး ကျနော်တို့ကို လွှဲပေးလိုက်တာ။ အဲဒီ မမော်က မြ၀တီဘက်ကမ်းမှာရှိတဲ့ အမှတ် ၁၄ နယ်ခြားစောင့်တပ် ၀န်းထဲမှာနေတာ။ ကျနော်တို့ အဲဒီမှာ တညအိပ်ခဲ့ရတယ်” ဟု သူက ဆိုသည်။
မဲဆောက်မှ ဘန်ကောက်သို့ လူတင်ပို့သော ကယ်ရီ (ပွဲစား) များစွာ ရှိပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် နယ်စပ်အသီးသီးမှ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ကယ်ရီများဖြင့် သွားလာကြရကြောင်း၊ ထိုကယ်ရီများထဲတွင် လူမှောင်ခို ကုန်ကူး သူများလည်း ပါရှိကြောင်း PVA အဖွဲ့ မှ ကိုသိန်းဆန်းက ဆိုသည်။
“ကယ်ရီတွေကတော့ ဒီမှာ အများကြီးပဲ။ ဒီလို လူမှောင်ခို ကုန်ကူးတဲ့အဖွဲ့တွေက သုံး၊ လေးဖွဲ့လောက်တော့ ရှိနိုင်မယ် ထင်တယ်။ ကျနော်တို့ ခြေရာခံ မိနေတာကတော့ မမော်တို့အဖွဲ့ပဲ။ သူတို့အထဲက မင်းမင်းဆိုတဲ့သူကို ကျနော်တို့ ထိန်းသိမ်းထားတယ်။ မမော်က နယ်ခြားစောင့်တပ်ကို အကာအကွယ်ယူပြီး လှုပ်ရှားတယ်။ ထိုင်းဘက်ကို မကူးဘူး” ဟု ကိုသိန်းဆန်းက ဆိုသည်။
အချောင်မြို့ ဝေလာစိန် လှေဆိပ်တွင် ငါးဖမ်းလှေ ထောင်နှင့်ချီ ရှိနိုင်ကြောင်းနှင့် ယင်းလှေများတွင် အရောင်းစား ခံထားရသူ များစွာရှိကြောင်းလည်း ကိုကျော်ဇံက ပြောသည်။
ကိုကျော်ဇံတို့ ၁၃ ရက်ကြာ လိုက်ခဲ့ရသော လှေနံပါတ် ၁၁ တွင် လှေသား ၁၂ ဦး ရှိရာ ၁၀ ဦးမှာ ရောင်းစား ခံထားရသည့် မြန်မာများ ဖြစ်ကြောင်း၊ ကျန် ၂ ဦးမှာ ပဲ့နင်း ထိုင်းလူမျိုးနှင့် ရေသျှူး (ငါးရနိုင်မရနိုင် ကြည့်ပေးရသူ ရေကျွမ်းကျင်) မွန်တိုင်းရင်းသား တဦးဖြစ်ကြောင်း၊ ၎င်းမှာ သူဌေး၏ လူယုံလည်း ဖြစ်ကြောင်း သိရသည်။
လူပွဲစားများက လူတဦးလျှင် ဘတ်တသောင်းဖြင့် ရောင်းစားခဲ့ပြီး အရောင်းစားခံရသူက ဘတ် ၂၀၀၀၀ အထိ ပြန်ဆပ် နိုင်မှ လွတ်မြောက်နိုင်မည် ဖြစ်သည်။ အရောင်းစား ခံရသူသည် တလလျှင် ပျမ်းမျှ ဘတ် ၃၀၀၀ ခန့် ရမည်ဟု သတ်မှတ် ထားသော်လည်း မည်သည့် လစာမျှ မရဘဲ ၇ လခန့် အလုပ်လုပ်ပေး ကြရသည်။
အကယ်၍ လှေမှ ထွက်ပြေးရန်ကြိုးစားပါက ပြင်းထန်စွာ ရိုက်နှက်ခံရကြောင်း၊ လှေ သူဌေးထံမှ ထွက်ပြေးစဉ် ရဲ မိ၍ ပြန်လာအပ်ပါက မူလသတ်မှတ်ဈေးထက် ၂ ဆ ပြန်ဆပ်ရကြောင်း ကိုဇော်ထွန်းက ပြောသည်။
“ကျနော်တို့ ရှေ့မှာပဲ ထွက်ပြေးတဲ့သူကို အုပ်နဲ့ ၀ိုင်းရိုက်တာ မြင်မကောင်းဘူး။ ပြီးတော့ ကျနော်တို့ နေခဲ့တဲ့ လှေပေါ်မှာ ကျောက်ဖြူက ကိုစိုးမြင့်ထွန်းနဲ့ ကိုထွန်းထွန်းဝင်း ဆိုတဲ့ လူ ၂ ယောက်ကိုတွေ့ခဲ့တယ်။ သူတို့ ထွက်ပြေးလို့ ရဲက ဖမ်းမိပြီး သူဌေးကို ဘတ် ၅၀၀၀ နဲ့ ပြန်လာ ရောင်းသွားတယ်။ အခု သူတို့ လုပ်ပေးရမယ့် လက်ကျန် ၃ လ ပြည့်သွားပေမယ့် မလွတ်သေးဘူး။ နောက်ထပ် ၃ လ ထပ်လိုက် ပေးရဦးမယ်လို့ ပြောတယ်” ဟု သူက ရှင်းပြသည်။
ထိုင်းနိုင်ငံ အတွင်းတွင် ယခုကဲ့သို့ ရောင်းစား ခံထားရသော မြန်မာနိုင်ငံသား မြောက်များစွာရှိနေပြီး ယခု မေလ အတွင်းတွင်ပင် မြ၀တီမြို့မှ မမော်တို့အဖွဲ့ ရောင်းစားလိုက်သူများမှာ ရာနှင့် ချီရှိသည်ဟု PAV အဖွဲ့က ပြောသည်။
ယင်းအထဲမှ အမျိုးသားများကို ငါးဖမ်းလှေသို့  ရောင်းစားပြီး အမျိုးသမီးများမှာမူ ယခုအချိန်အထိ မည်သည့်နေရာတွင် ရောက်နေကြောင်း အတိအကျ မသိရဟု ကိုသိန်းဆန်းက ဆိုသည်။
ယခုကဲ့သို့ လူများ အစုလိုက် အပြုံလိုက် ရောင်းစား ခံနေရခြင်းမှာ မြန်မာအလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် လာရောက်နိုင်ခြင်း မရှိဘဲ ပွဲစားများ၊ လူမှောင်ခို ကုန်ကူးသူများနှင့် သွားလာနေရခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအစိုးရများ၏ အလုပ်သမား ပေါ်လစီ အားနည်းချက်ကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် ဒေသခံ အာဏာပိုင် များမှာလည်း အလုပ်ရှင်များ၏ အကျိုးစီးပွားကိုသာ ကြည့်သဖြင့် ဖြေရှင်းရခက်ကြောင်း လူမှောင်ခိုမှု၊ လူရောင်းစား ခံရမှု အပါအ၀င် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အရေးကို ဆောင်ရွက်ပေးနေသည့် Thai Action Committee for Democracy in Burma (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေကပြောသည်။
၎င်းက “ချွန်ဘူရီ အချောင်ဘက်မှာ အခုလို အမှုမျိုး ခဏခဏ ဖြစ်နေတယ်။ ဒေသခံ အာဏာပိုင်တွေကလည်း လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကိုပဲ ဦးစားပေးကြည့်နေတော့ ဖြေရှင်းရတာ မလွယ်ဘူး။ ဒီအမှု ၁၀ မှုမှာ ၁ မှုကို ဖမ်းဆီးဖို့က မလွယ်လှဘူး” ဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်းတွင် လာရောက်အလုပ်လုပ်နေကြသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများမှာ အနည်းဆုံး ၂ သန်းမှ ၄ သန်း ၀န်းကျင်ခန့်ရှိကြောင်း အလုပ်သမားအဖွဲ့ များက ခန့်မှန်းကြသည်။
ထိုင်းနိုင်ငံ ဆက်ဘူရီမြို့ လမ်းဘေးတနေရာက မြန်မာ ၃ ဦးရုပ်အလောင်း နောက်ဆက်တွဲသတင်း
M.W.R.N
စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ..
ပေးပို့သော ကိုကျော်သူအား ကျေးဇူးတင်လျှက် မေမေ့သား
John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ မြင်ကွင်းလေးများကို ခံစားကြည့်ရှုနိုင်ဖို့ အတွက် ပြန်လည်ဝေဌပေးလိုက်ပါတယ်
ကျနော်က ထပ်ဆင့်ဝေမျှ ပေးလိုက်ပါတယ် ။
ဒါလေးကို ကြည့်ပြီးတော့ စိတ်မကောင်းဖြစ်မိတာ တခုက ဒို့တိုင်းပြည် အကြီးအကဲ အမည်ခံများဟာ လူတကာကို လှည့်စားဖို့ သာကြိုးစားပြီး
ပြည်သူလူထုရဲ့ မှီခိုအားထားရာ အခုလို နေရာမျိုးကို လာရောက်ဖို့ တခါမှ စိတ်ကူးရှိဟန် မတူပါဘူး .........။
တမ္ဘာလုံးက လူမှုရေး လုပ်ငန်း လုပ်ဆောင်နေသူတွေကို ဘွဲ့တံဆိပ် အမျိုးမျိုးချကာ ချီးကြူးဂုဏ်ပြုနေကြချိန်မှာ ဒို့တိုင်းပြည်ကလည်း ဥပဒေအမျိုးမျိုးချကာ နှိပ်ကွပ်ပြနေတုန်းပါဘဲ ။
သူတို့လျှောက်လှမ်းနေတဲ့ ခရီးလမ်းက အာဏာတည်မြဲရေး အတွက် ဖြစ်နေလို့ ပြည်သူလူထု အတွက် စဉ်းစားဖို့ ဆိုတာ အချိန်မရကြတာ အသေအချာပါဘဲ ။
တိုင်းပြည်ရဲ့ သယံဇာတကို ဈေးပေါပေါနဲ ထိုးအပ်ပြီး သူတို့ ဘက်က ရပ်တည်ဖို့ တရုတ်ပြည်ကို ချီတက်သွားတဲ့ ဦးသိန်းစိန် တစ်ယောက်
ဘယ်သောအခါမှလည်း ဒီလို နေရာမျိုးကို ရောက်လာမှ မဟုတ်ပါဘူး ..........။
ဆက်လက် ငုံ့ခံနေသမျှတော့ ဖိနှိပ်မှုတွေက ဆက်တိုက် တိုးလာအုံးမှာ အသေအချာဘဲ ဆိုတာ အတိတ်သမိုင်းက သက်သေပြခဲ့သလို လက်တွေ့မှာလည်း လုပ်ဆောင်နေကြဆဲ ဖြစ်လို့ အနာဂတ် အတွက် မျှော်လင့်ချက်လေး ရှင်သန်စေချင်ရင် ဒို့တတွေ ရုန်းထကြမှ ရလိမ့်မယ် .......။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
မလေးရှားဒုက္ခသည်စခန်းများမှ လူပေါင်း ၆၀၀၀ ကျော် နှစ်စဉ် ကြိမ်ဒဏ်ချမှတ်
Thursday, 2 June 2011
ပြည်ပရောက် ရဟန်း သံဃာင်္တော်များသို့ အိတ်ဖွင့်ပေးစာ (ရေးသူ- အောင်ရဲလင်း (စစ်တွေ)
နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်း နိုင်ငံတော်ကို မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် နိုင်ငံတော်ကြီးလည်း ဆင်းရဲမွဲတေ၊ ပြည်သူ လူထု တစ်ရပ်လုံးလည်း အကျင့်စာရိတ္တပျက်ပြား၊ ရဟန်းသံဃာ များလည်း အူမတောင့်မှ သီလစောင့်နိုင်မည် ဆိုသည့် မူကို လက်ကိုင်ထားပြီး၊ ယင်းနှင့်ပင် အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို မှာယွင်းမှု စနစ်ဆိုး တစ်ခုကြောင့် တလောကလုံး အမှောင်ကျခဲ့ရ သည်မှာ ယနေ့ထိတိုင် ဆက်လက်ဖြစ်ပွား နေသည်။ အဆိုးဆုံးက ကမ္ဘာမီးလောင် သားကောင် ချနင်း ဆိုသလိုမျိုး ဖြစ်နေပြီလား။
ပြည်သူလူထု တစ်ရပ်လုံး စားဝတ်နေရေး အတိ့ဒုက္ခရောက် နေချိန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးကို မှားယွင်းသော စနစ်ဆိုး အမှောင်ထုကြီးတစ်ခုက ဖုံးလွှမ်းထားခြင်း ခံနေရချိန်တွင် ရဟန်းအသွင် လက္ခဏာကို ဆောင်ထားသော ပုဂ္ဂိုလ်များက ဘာသာရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွါး အတွက် အမြတ်ထုတ်နေ ကြသည့် ရဟန်းအချို့ကိုလည်းတွေ့ရသည်။
ရဟန်းဆိုသည် အလှူခံစားရမည်ဟု ဘုရားရှင်က မိန့်ကြားထားသော်လည်း အချိန်နှင့် အခါအပေါ်တွင် မူတည်ပြီး အခြေအနေကို လေ့လာသုံးသပ်ကာ လက်ရှိအခြေအနေမျိုးတွင် အလှူခံသင့် မသင့် ပညာဥာဏ်ဖြင့် စဉ်းစားဆုံးဖြတ်သင့်သည်။
ရဟန်းကောင်း ရဟန်းမြတ်တို့သည် လောကကြီး ငြိမ်းချမ်းရေး၊ ပြည်သူလူထုကောင်းစားရေးနှင့် အမျိုးဘာသာ ထွန်းကားရေးအတွက် ကျင့်ကြံအားထုတ်ကြသည်။
ရဟန်းအသွင် လက္ခဏာဆောင်နေကြသည့် အချို့သော ရဟန်တို့သည် အထက်ဖေါ်ပြသည့် တရားများနှင့် ဆန့်ကျင်ပြီး ကိုယ်ကျိုးအတွက် မသမာနည်းဖြင့် ဝင်ငွေရှာ၊ အမြတ်ထုတ်နေကြသည့် ရဟန်းတို့လည်း အလွန်ပင်များပြားလွန်းသည်။
ရဟန်းတပါး ဆွမ်းငတ်ပြီးသေခဲ့သည် ဟူ၍လည်း (ရခိုင့်လူမျိုးဖြစ်သော အာရှနေ၀န်း အသျှင် ဆရာတော် ဦးဥတ္တမ မှအပ) သမိုင်းတစ်လျှောက်လုံးတွင် မတွေ့ဖူး၊ မကြားဖူးသေးပါ။
ပြည်သူများသာ နိုင်ငံရေးအကျပ်အတည်း၊ စီးပွါးရေးအကျပ်အတည်းကြောင့် ငတ်ပြတ်ပြီး သေကြေ ပျက်စီးကြရသည်ဟုသာ တွေ့မြင် ကြားသိ နေရသည်။
ဘာသာရေးအပေါ်တွင် ပြည်သူလူထုသည် အမှန်တကယ် တာဝန်ကျေပွန်ကြပါသည်။
ရဟန်းကောင်း ရဟန်းမြတ်တို့သည်လည်း ပြည်သူလူထုဘက်မှ အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည် ပေးသင့်ပါသည်။
ဘာသာရေး၏ အသက်သွေးကြောသည် ပြည်သူလူထု၏ လက်ထဲ၌သာရှိသည်၊ ပြည်သူတို့၏ အကျိုးစီးပွါးကို ကာကွယ် စောင့်ရှောက်ခြင်းသည် ဘာသာတရား ကိုလည်း ထိန်းသိမ်းရာ ရောက်ပေသည်။
ရွာစဉ်၊ မြို့စဉ်လှည့်လည်ကာ ကိုယ်ကျိုးစီးပွါးအတွက် အလှူခံထွက်နေခြင်းသည် ပြည်သူ လူထုကို လည်း ဒုက္ခပေးရာ ရောက်သလို ဘာသာတရားကိုလည်း ညှိုးနွမ်း ထိခိုက်စေပါသည်။
အထက်ပါ အရေးကိစ္စများ အားလုံးအဆင်ပြေပြီးမှ မိမိတို့ကိုးကွယ်ရာ ဘာသာတရားကိုလည်း သက်ဝင်ယုံကြည် လှူဒါန်းဆည်းကပ် လာကြမည်ဖြစ်သည်။
ယခုကဲ့သို့ ပြည်သူများ အလှူဒါန်းပြုနိုင်ရန် လက်ထဲမှာငွေရှိရန် လိုအပ်သည်။ လက်ထဲမှာ ငွေရှိရန်အတွက်လည်း စီးပွါးရေး အဆင်ပြေရန် လိုအပ်ပေသည်။
စီးပွါးရေးအဆင်ပြေမည်ဟု ဆိုရာတွင်လည်း ပထမဆုံးအနေဖြင့် နိုင်ငံရေး တည်ငြိမ် အေးချမ်းရန် လိုအပ်ပေသည်။
မည်သည့်အကြောင်းအရာတွင်မဆို တခုနှင့်တခု၊ တနည်းနှင့် မဟုတ် တနည်း၊ အားလုံး ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်မှုရှိနေကြသည့် အနေအထားကိုတွေ့ရသည်။
ဆက်စပ်မှုရှိနေကြသော အရာများသည်လည်း တစ်စုံ တစ်ခုတည်းဖြင့် သီးခြားရပ်တည်၍မရနိုင်။
“ဘာသာတရားသည် ပြည်သူတို့၏ ထောက်ပံ့ကူညီမှုကိုမရရှိပဲ သီးသန့် ရပ်တည်၍ မရနိုင်သကဲ့သို့ ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသော ရဟန်းတို့သည်လည်း ပြည်သူများအပေါ်တွင် ဥပေက္ခာရှု ထား၍ မရနိုင်။”
တိုင်းပြည်သည် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးအကျပ်အတည်း ဂယက်ရိုက်ခတ်နေချိန်တွင် ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲ ဒုက္ခရောက်နေချိန်မျိုး၌ ရဟန်းတို့သည် ပြည်သူလူထုကို စာနာထောက်ထားရန် လိုအပ်လှပေသည်။
အထူးသဖြင့် အလုပ်သမားတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို တတ်နိုင်သည့်ဘက်မှ ကာကွယ်စောင့်ရှောက်မှုများပေးရန် လိုအပ်ပေသည်။
အတိတ်က ဒါန၊ သီလ၊ ဘာဝနာ၊ နိဗ္ဗာန်ကိုသာ လက်ကိုင်ထားပြီး ရှေ့တန်းတင် ဟောပြောနေရုံမျှဖြင့် လက်ရှိ ပြည်သူတို့၏ဘဝ အခြေအနေကို ဖြေရှင်းပေးနိုင် လိမ့်မည် မဟုတ်။ ပြည်သူတို့၏ လက်ရှိဘဝ အခြေအနေနှင့် ဆက်စပ်နေသော အကြောင်းတရားများကိုသာ ဦးစွာ ဖြေရှင်း ပေးကြရမည် ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် ပြည်သူလူထုတရပ်လုံးသည် အချိန်နှင့်အမျှ ဘဝကိုရုန်းကန်နေကြရသည်။
အရာရာအားလုံးကို စဉ်းစားတွေးတောနိုင်ရန် အချိန်မပေးနိုင်ကြချေ။
ရဟန်းတို့သည်ကား ပြည်သူများ ပေးလှူအပ်သော ဆွမ်းကို မပင်ပန်း မနွမ်းနယ်ပဲ ကောင်းစွာ စားသုံးကြရပြီး အရာရာအားလုံးကိုလည်း စဉ်းစားတွေးတောနိုင်ရန် အချိန်များ ပေးနိုင်ကြသည်။
ယင်းကြောင့် ရဟန်းတို့သည် ပြည်သူလူထုတို့ မလုပ်နိုင်သော အချို့သော တာဝန်များကို ပြည်သူ့ကိုယ်စား လုပ်ဆောင်ပေးရမည်ဖြစ်ပေသည်။
“ဗုဒ္ဓဘုရားရှင်သည် သက်တော် ထင်ရှားရှိစဉ် ကာလပတ်လုံး အတ္တ ကိုယ်ကျိုးကို ကြည့်ကာ တစ်ကိုယ်တကာယ ကောင်းစားရေးအတွက် မည်သည့်အရာ တခုကိုမျှ မလုပ်ခဲ့ပါ၊
ပရဟိတ အများအကျိုးကိုသာ အစဉ်ရှေ့ရှုပြီး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။”
ယနေ့အချိန်အခါမျိုးတွင် လူအများက ဘာသာရေး၌ သက်ဝင်ယုံကြည်မှု လျော့နည်း ကျဆင်းလာကြသည်ကို တွေ့ရှိရသည်။
ယင်းကဲ့သို့ဖြစ်ရခြင်း၏ အကြောင်းအရင်းမှာ အလှူခံ ပုဂ္ဂိုလ်များ ပေါများလာသည်နှင့်အမျှ ဘာသာရေးနှင့် ရဟန်း သင်္ဃာတော်များ အပေါ်တွင်လည်း ယုံကြည်မှု နည်းပါး လာကြသည်ကို တွေ့ရပေ သည်။
လှူချင်၊ မလှူချင်မှန်းမသိ အိမ်စဉ်လျှောက် အလှူခံ နေကြသော ရဟန်းများ သည်လည်း များလွန်း လှပေသည်။
ယင်း၏ အကျိုးဆက်ကား အချို့သော သူများသည် ရဟန်းသင်္ဃာတစ်ပါးပါးကို မိမိအိမ်ရှေ့တွင် တွေ့မြင် လိုက်ရသည်နှင့် တပြိုင်နက် အိမ်တံခါးဝ များကို ပိတ်လိုက်ကြ တော့သည်။
ယင်းနောက် ပြည်ပသို့ ထွက်ခွာကာ ပြည်ပသို့ ရောက်လာကြပြီးနောက် အဆိုပါ ရဟန်းသင်္ဃာများ သာသနာ ပြုနေကြပုံမှာ -
မြန်မာ့ရွေ့ပြောင်း အလုပ်သမားများရှိရာ စက်ရုံ၊ အလုပ်ရုံ၊ ပန်းရံဆိပ်၊ လှေဆိပ်စသည်များသို့ လှည့်လည်ကာ အလှူခံသည့် သာသနာပြု လုပ်ရပ်ကိုသာ တစိုက်မတ်မတ် ကျင့်ကြံ လုပ်ဆောင်နေကြသည်ကို နေရာအနှံ့တွေ့ရပေသည်။
ဤသို့ လုပ်ဆောင်နေကြသည်ကို ရဟန်းသင်္ဃာတော်များ အနေဖြင့် သာသနာပြု လုပ်ငန်းစဉ်ဟု ဆိုနိုင်ပါမည်လား။
ဗုဒ္ဓကျင့်စဉ်နှင့်ကား လိုက်လျောညီထွေမှု ရှိနိုင် ပါမည်လား။ အချို့သော ရဟန်းတို့သည် အသိမိတ်ဆွေ တကာ တကာမများထံသို့ သွားရောက်ချဉ်းကပ်ပြီး အလှူခံမည့် ကိစ္စကို ဆွေးနွေး တိုင်ပင်ကြသည်၊
“ဒကာတို့ စက်ရုံလုပ်ငန်းခွင်မှာ အလှူပွဲ၊ တရားပွဲ လုပ်လို့ရနိုင်မှာလား လုပ်လို့ရနိုင်မယ်ဆိုရင် ဒကာက ဦးဆောင်ပြီးလုပ်။ ဒကာကို ဦးဇင်းက အလှူခံလို့ရတဲ့ ငွေထဲက သုံးပုံ တပုံပေးမယ်” ဆိုပြီး ဘုန်းကြီးက ဒကာကို မက်လုံးပေးကာ စည်းရုံး လိုက်သည်။
ဒကာများကလည်း ဘုန်းကြီးပြောသည်ကို အားကျပြီး “ငါအလုပ်ဆင်းလျှင် ဘတ် (၂၀၀) ပဲရမယ်၊ ဘုန်ကြီးပြောတာ လိုက်လုပ်ပေးရင် (၅၀၀၀) အထက်ရမယ်” စသဖြင့် စဉ်းစားပြီး ဘုန်းကြီးပြောသည်ကို လိုက်နာထောက်ခံပြီး အနီးအနား မှာရှိသည့် အလုပ်သမားများကို တရားပွဲလုပ်ရန်၊ အလှူပွဲလုပ်ရန် အတွက် နှိုးဆော် စည်းရုံးတော့သည်။
ဟောနေသည့်တရားက နိဗ္ဗာန်ရောက်ကြောင်း တရား။ လက်တွေ့မှာ လုပ်နေသည် အလုပ်က ဟောနေသည့် တရားနှင့် ဖီလာကန့်လန့် ဖြစ်နေသည်။
အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနှင့် ရဟန်းများ သာသနာပြုပုံက အနာဂတ် သာသနာတော် အတွက် ရင်လေးစရာပင် ကောင်းနေပါပြီ။
ပြည်ပမှာ ခေတ်စားနေသော ဒကာနှင့် ဆရာ သာသနာပြုပုံက…
ဝါဆိုကာလ၊ ကထိန်ကာလတို့တွင် ရဟန်းတို့သည် ရွေ့ပြောင်း အလုပ်သမား များရှိရာ လုပ်ငန်းခွင်များသို့ ဖုန်းဖြင့် သော်လည်းကောင်း၊ ကိုယ်တိုင် သွားရောက်၍ သော်လည်းကောင်း သင်္ကန်း ကပ်လှူရန် အတွက် သော်လည်းကောင်း စသဖြင့် အလှူအမျိုးမျိုးကို ခေါင်းစဉ်တပ်ကာ စည်းရုံးကြသည်။
ပြည်တွင်းမှ နာမည်ကြီး ဆရာတော်များ သည်လည်း ဝါဆို၊ ကထိန် ကာလအတွင်း ပြည်ပကိုလာပြီး သင်္ကန်းရောင်းကြသည်၊
သင်္ကန်းတစ်စုံကို (၄၀၀) မှ (၅၀၀) ဘတ်ဖြင့် သင်္ကန်းများ ရာနှင့်ချီ၍ ရောင်းစားကြသည်။
ထိုင်းနိုင်ငံတွင် အနေကြာကာ လုပ်ရဲကိုင်ရဲသူ လည်းဖြစ် ထိုင်းစကားလည်းတတ်သော သူများသည် ယခုကဲ့သို့ ရဟန်း အထာများကို သိထားသည့်အပြင် ယခင်ကလည်း လုပ်ကိုင်ခဲ့ဖူးသောကြောင့် အလှူပွဲကာလအတွက် သင်္ကန်းများကို ကြိုတင် စုဆောင်း ထားကြသည်။
အလှူပွဲကာလမှာ ရဟန်းတို့သည် ဒကာများထံမှ သင်္ကန်းကို အခကြေးငွေပေးပြီး ငှါးကြရသည်၊ အလှူပွဲ ပြီးသည်နှင့်တခါတည်း ငှားယူထားသော သင်္ကန်းနှင့် ငှားရမ်းခ ငွေကိုပါ တပါတည်း ဒကာထံသို့ ပြန်ပေးအပ်ကြရသည်။
ယင်းကဲ့သို့ ဒကာနှင့် ဆရာ နားလည်မှု ချစ်ကြည်ရေး အလှူခံများသည် နေရာအနှံ များပြားလွန်းသည်။
ထိုင်းနိုင်ငံမှာ ကျောင်းတက်နေသော အချို့သော ရဟန်းတို့သည်လည်း အလုပ်သမားများထံသွားပြီး မိမိဝင်ငွေရရှိရေးအတွက် အမျိုးမျိုး ကြွားဝါကြသည်။
“ဦးဇင်းက ဒီမှာတက္ကသိုလ်တက်နေတာ၊ ထိုင်းနိုင်ငံကို ဘွဲ့ယူဖို့လာတာ၊ ဒီထိုင်းနိုင်ငံမှာက ကျောင်းတက်ခွင့် ရဖို့ဆိုတာ မလွယ်လှဘူး ကျောင်းတက်ရတာလည်း ကြေးရေး ငွေရေး အရမ်းကို အခက်အခဲရှိတယ်..” စသဖြင့် ပုံစံ အမျိုးမျိုးဖြင့် ရွေ့ပြောင်း အလုပ်သမားများအပေါ် လှည့်ပတ်ကာ အလှူခံနေကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသည် စစ်အာဏာရှင်တို့၏ အုပ်ချုပ်မှု ယန္တရားအောက်ကို ကျရောက်နေပြီး ပြည်သူလူထုသည်လည်း စစ်ကျွန်ဘဝနှင့် ဆင်းရဲဒုက္ခ ရောက်နေကြသည်ကို ရဟန်းတို့သည် မျက်ဝါးထင်ထင် တွေ့မြင်နေရဆဲ ဖြစ်ပေသည်။
ရဟန်းတို့အနေဖြင့် အလှူခံခြင်း လုပ်ရပ်ကိုသာ သာသနာပြု လုပ်ငန်းစဉ်အဖြစ် လက်ခံကျင့်သုံးနေမည်ဆိုပါက အနာဂတ် သာသနာတော်ကြီးအတွက် သာသနာ့ အန္တရာယ်များ ဖြစ်နေပြီလား။
သာသနာပြု လုပ်ငန်းစဉ်ဟူသည် ကိုယ်ကျိုးအတွက် အလှူခံခြင်းကို ဆိုလိုသည်မဟုတ်ပေ။ အမှန်တရား အစဉ် တိုးတက် ရေးနှင့် ငြိမ်းချမ်းရေးကို ဆိုလိုခြင်းပင် ဖြစ်ပေသည်။
ရဟန်းတို့ လုပ်ဆောင်ရမည့်တာဝန်သည် ငြိမ်းချမ်းရေးမျှသာဖြစ်သည်။
ဗုဒ္ဓဘုရားရှင်သည်လည်း လောကဝေါဟာရအားဖြင့် ဖွင့်ဆိုရမည် ဆိုပါက ငြိမ်းချမ်းရေးကို ဦးတည်သော နိုင်ငံရေးသမား တစ်ဦးအဖြစ် ဖွင့်ဆိုလျင် မှားဖွယ်ရာ ရှိလိမ့်မည်ဟု မထင်ပါ။
ဆရာနှင့် ဒကာပူးပေါင်းပြီး အလှူပွဲကြီးတွေ တခမ်းတနား ကျင်းပနေမည့်အစား၊ ဆရာနှင့် ဒကာလက်တွဲပြီး မြန်မာနိုင်ငံ တရားမျှတမှုနှင့် အမှန်တရား ပေါ်ပေါက်ရေးအတွက် တာဝန်သိသိ၊ တာဝန်ရှိရှိနှင့် လုပ်ဆောင်ကြမည် ဆိုပါက နိုင်ငံတော်လည်း တရားမျှတ၊ ပြည်သူ တွေလည်း ဆင်းရဲဒုက္ခမှလွတ်မြောက်၊ သာသနာ တော်ကြီးလည်း အစဉ်တိုးတက် လာမည်ပင်ဖြစ်သည်။
စာရေးသူ - အောင်ရဲလင်း (စစ်တွေ)
မေ ၂၈၊ ၂၀၁၁
အကျင့်ဆိုးတစ်ခုကို တာရှည်လက်မခံထားပါနှင့်
လာရာ လားရာ အလားအလာ
မည်သည့်အရာမဆို လာရာက လည်း အရေးကြီးသည်။ လားရာကလည်း အရေးကြီးသည်။ အလားအလာကလည်း အရေးကြီးသည်။ အကျိုးလို၍ ညောင်ရေလောင်း ဟူသည်မှာလည်း အလားအလာကို အလေးဂရုပြုသောကြောင့် ဖြစ်သည်။ အဆိပ်ပင်ကို ရေမလောင်း ဟူသည်မှာလည်း အလားအလာကို အဓိကထားသောကြောင့် ဖြစ်သည်။ အများစုသည် အလားအလာကို ပဓာနထားသောကြောင့် မြေစမ်း ခရမ်းပျိုးရသည်မျိုးကို ဖြစ်နိုင်လျှင် ရှောင်ရှားလိုကြသည်။
မေးတော့''မသိပါဘုရား...''ဟု ဖြေခဲ့သည်။ သူမခမြာ လာရာကို မသိရှာ၊ ဘုရားက ဆက်ပြီးတော့ ''ဘယ်ကို သွားမှာလဲ''ဟု မေးတော့ ''မသိပါဘုရား''ဟုပဲ ဖြေနိုင်သည်။ သူမခမြာ လားရာကိုလည်း မသိရှာ၊ လားရာကိုမသိတော့ အလားအလာကိုလည်း မမြင်နိုင်ဘဲ ရှိတော့သည်။ အများစုလည်း မေးလာခဲ့လျှင် ရက်ကန်းသည်မလေးလိုသာ ဖြေကြရလိမ့်မည်။ အဋ္ဌကထာ ဆရာကတော့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေသူတို့၏ ကိုယ်ပိုင်အိမ်ကား အပါယ်လေးပါးသာ ဖြစ်သည်ဟု မိန့်ခဲ့၏။ အသိဉာဏ်ဦးမစီး၊ မောဟအားကြီး၊ မေ့မေ့လျော့လျော့နေ၊ ပေါ့ပေါ့ဆဆ လုပ်သူတို့၏ လားရာကား အပါယ်လေးပါးမှတပါး အခြား မရှိချေ။
အဖိုးတန်သောပစ္စည်းနှင့် အဖိုးမတန်သောလူ
လူတွေဆိုရင် . . .
ကားတွေ ဥဒဟို ဖြတ်သန်း မောင်းနှင်နေချိန်မှာ မီးပွိုင့်က စိမ်းလိုက်၊ ၀ါလိုက်၊ နီလိုက်နဲ့။ တစ်ခုသော စိမ်းဝါနီမှာပေါ့ဗျာ။ ဘယ်ဘက်ကွေ့ကြောမှာ ကွေ့နေကြတဲ့ ကာတွေထဲက ကားကြီးကားကောင်း တစ်စီးကွေ့ရင်း
မီးနီမိသွားတယ်။ ဒီတော့ ကွေ့လက်စ နေရာ လမ်းဆုံရဲ့ အလယ်ခေါင်မှာ ရပ်တယ်။
မြင်လိုက်တာနဲ့ အင်မတန့် အင်မတန်မှ ဈေးကြီးမှန်း သိသာတဲ့ကားကြီးပေါ့။ အဲဒီကားကြီး ကိုးလို့ကန့်လန့် ရပ်ထားတော့ မီးပွိုင့် လွတ်လာတဲ့ကားတွေ ဒုက္ခရောက်ကုန်တယ်။ တည့်တည့်သွားဖို့ထားတဲ့ ယာဉ်ကြောနှစ်ကြောထဲက တစ်ကြောက လုံးဝ ပိတ်သွားတယ်။
တစ်ဖက်ကနေ တည့်တည့်သွားမယ့် အငှားကား ယာဉ်မောင်းကတော့ သည်းခံနိုင်ဟန် မရှိတော့ပါဘူး။ ကားခေါင်းထဲကနေ ခေါင်းပြူပြီး ''ခင်ဗျားတို့ ဘယ်လိုလုပ် ရပ်ထားတယ်။ နောက်ပြန်ဆုတ်ပါလား။ ဒီမှာ ကားတွေပိတ်ကုန်ပြီတဲ့''။
စိတ်တိုတိုနဲ့ အော်ပါရော။
ကားကောင်းကြီးကတော့ ခပ်တည်တည်နဲ့ နောက်မဆုတ်တဲ့ အပြင် ကားပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ မိန်းမကြီးတစ်ယောက် အငှားကားယာဉ်မောင်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြန်အော်ပါရော။ ''ဟဲ့ နင်ခိုင်းတိုင်းလုပ်ရအောင် နင်က ဘာကောင်မို့လို့လဲ။ အောက်တန်းစား တက်စီသမားကများ လူပါးဝလို့''
ပြောတဲ့စကားနဲ့ လေယူလေသိမ်းနဲ့ မျက်နှာပုံစံ၊ အသားအရည် အရောင်အသွေးက အဲဒီမိန်းမကြီး ကိုယ်စားပြုတဲ့ မျိုးနွယ်စုကို အထင်သား ဖော်ပြနေတယ်။
စိတ်တိုဒေါသထွက်စွာနဲ့ အငှားကားယာဉ်မောင်း တံခါးဖွင့်ပြီး လမ်းပေါ်ဆင်းလာတယ်။ အဲဒီအချိန်မှာပဲ တစ်ဖက်မီးပွိုင့်က စိမ်းသွားတာနဲ့ ကားအကောင်းစားကြီး ၀ူးကနဲ မောင်းထွက်သွားတယ်။ မိန်းမကြီးက တံထွေးတစ်ချက် ထွီကနဲထွေးရင်း လမ်း ပေါ်က အငှားကား ယာဉ်မောင်းကို စေ့စေ့ကြည့်သွားတယ်။ လမ်းပေါ်က ကားဆရာခမျာ လက်သီးလက်မောင်းတန်းပြီး ဒေါသထွက်လွန်းလို့ တုန်ပြီး ကျန်နေခဲ့တယ်။
အဲဒီမိန်းမကြီးကို မိုက်ရိုင်းခွင့်လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။
ပြည်လမ်းရဲ့ ယာဉ်ကြောသုံးခုထဲက ဘယ်ဘက် အစွန်ဆုံးကြောကို ဘယ်ကွေ့တဲ့ကားတွေအတွက် သီးသန့်ပေးထားပြီး မီးပွိုင့်မှာလဲ မီးစိမ်း သီးခြားအချက်ပြ တပ်ဆင်ထားပါတယ်။
ပြည်လမ်း မီးနီ မိနေချိန်မှာ အရောင်တွေ တဖိတ်ဖိတ်တောက်နေတဲ့ ကားကြီးတစ်စီး မောင်းဝင်လာတယ်။ ဘယ်ကွေ့ကြောအတိုင်း လာပြီး ရှေ့ဆုံးမှာရပ်တယ်။ ကားရဲ့နံပါတ်က သာမန်ကားနံပါတ်တွေလို မဟုတ်ဘူး။
နံပါတ်သက်သက် အဖြူရောင်နံ ပါတ်ပြားနဲ့။ ကားရှေ့မှာလဲ အလံတိုင်ငယ် တစ်ခုကို သားရေအစွပ် အမဲနဲ့ ကပ်ထားတယ်။ ဘယ်အလံမှန်းတော့ မသိရဘူးပေါ့။ ဗဟုသုတရှိ သူတွေကတော့ ဘယ်ကကားလည်း သိမှာပါ။
မီးစိမ်းတယ်။ ဘယ်ကွေ့ကြောက ကားတွေ လွတ်လွတ်လပ်လပ် ကွေ့နိုင်ဖို့ သီးသန့် အချက်ပြမီးစိမ်းက ပေါ်လာတယ်။ မြားစိမ်းစိမ်းရယ်။ ၂၀၊ ၁၉၊ ၁၈၊ ၁၇ . . .စသဖြင့် တဖြည်းဖြည်း ငယ်သွားတဲ့ ဂဏန်းတွေက အချိန်ကိုပြလို့။
ကွေ့ဖို့ သီးသန့်ခွင့်ပြုထားတဲ့ လိုင်းရဲ့ထိပ်က ကားအကောင်းစားကြီးက လုံးဝမလှုပ်။ နောက်ကားက မီးဖွင့်ပိတ်လုပ်ပြီး သတိပေးတယ်။ မမြင်တာလား။ ဂရုမစိုက်တာလား။ ကားအကောင်းစားကြီးရယ်။ ငြိမ်လို့ ခပ်တည်တည်ပဲ။
ကွေ့ကြောသီးသန့် မီးစိမ်း အပြီးမှာ တည့်တည့်သွားမယ့် မီးစိမ်း ပေါ်လာတယ်။ ၀ူး ခပ်တည်တည် ကားအကောင်းစားကြီး ခပ်တည်တည်ပဲ တည့်တည့် မောင်းထွက်သွားတယ်။ ကွေ့ဖို့ ခွင့်ပြုချိန်မှာ မကွေ့လိုက်ရတဲ့ တသီတတန်းနဲ့ ကားတွေ နောက်မှာရပ်ပြီး မေတ္တာပို့ ကျန်ခဲ့တယ်။
အဲဒီကားမောင်းတဲ့ နိုင်ငံကြီးသားကို စည်းကမ်းဖောက်ဖျက်ခွင့် လိုင်စင်ပေးထားတာ မဟုတ်ပါဘူး။
ကားရပ်တဲ့နေရာမှာ ကားတွေက ဒင်းကြမ်း။ အများစုက ခပ်မိုက်မိုက်ကားတွေ။ အဲဒီကားတွေက ဈေးက မိုးပေါ်မှာဆိုတာ တော်ရုံတန်ရုံလူ သိပါတယ်။ အဲဒီထဲက ကားတစ်စီးရဲ့ နံပါတ်ပြားက ဖြူ၊ နက်၊ နီ၊ ပြာ တစ်ခုမှမဟုတ်တဲ့ တခြားအရောင်။
ကားဝယ်ယူတင်သွင်း ခွင့်ပြုချက် မူလရထားသူပဲဖြစ်ဖြစ်၊ သူ့ဆီကနေ တစ်ခြားသူတစ်ယောက်ယောက်က ခဏယူသုံးတာပဲ ဖြစ်ဖြစ်၊ ယာဉ်မောင်းက ခိုးထွက်လာတာမျိုးပဲ ဖြစ်ဖြစ်၊ ဘာတွေဖြစ်ဖြစ်ပါ မလျော်မကန်ကြီးပါလား ဟရိုး ဆိုပြီး အော်ချင်မိတာ အမှန်ပါ။
အဲဒီသူတို့ကို လုပ်ချင်ရာလုပ်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။
အဲဒီတစ်ခုသော သီးသန့်ခန်းမှာ ရေပေါ်ဆီတစ်စု ညစာ သုံးဆောင်ကြတယ်။ ထုံးစံအတိုင်း စားစားသောက်သောက် ပြောပြောဆိုဆိုနဲ့ပေါ့။ သူ့ ရိုးလက်နာရီက ဘယ်လောက်တန်တာ။ ငါ့ကိုရမ်နာရီက ဘယ်လိုဈေးကြီးတာတွေလဲ ပါတယ် ဘောလုံးပွဲ၊ ရုပ်ရှင်၊ ကိုရီးယားမင်းသား၊ မင်းသမီး ဘာညာစုံပါရော။
အဲဒီမှာတင် ဟိုတစ်ယောက်က ငါနဲ့ဘယ်မှာ ဘယ်လိုဖြစ်ဖူးတာတို့၊ ဘာတို့ညာတို့ကို နာမည်တွေနဲ့ ပျစ်ပျစ်နစ်နစ် တစ်ယောက်နဲ့တစ်ယောက် အားကျမခံ ပြောကြပါရော။ တကယ်ပဲလား။ ပါးစပ်အရသာခံ ပြောတာလား။
ဘာပဲဖြစ်ဖြစ် မကောင်းတာအ မှန်။ စောင့်ရမယ့် ''စည်း''ကို ကျော်ပြီး ပြောချင်ရာ ပြောကြာတာဗျာ။ နောက်ပြီး စားပွဲထိုးလေးကို လှမ်းပြောသေးတယ်။ ''နင် ငါတို့ အခုပြောနေတာတွေကို ဘယ်သူ့မှ လျှောက်မပြောနဲ့နော်''တဲ့။
သေချာပါတယ် ပြောမှာ။
အဲဒီပုဂ္ဂိုလ်များကို တစ်ဖက်သား ထိခိုက်နစ်နာအောင် အသရေဖျက်ပြောခွင့် လိုင်စင်ပေးထားတာ မဟုတ်ဘူး။
ပိတ်ရက်ဖြစ်တော့ ထုံးစံအတိုင်း လူကများလှသပေါ့။ ဒီတော့ တီရုံမှာ စထွက်ရဖို့ အရေးက စောင့်ရတယ်။ ကြာတယ်။ စရိုက်မဲ့အဖွဲ့၊ ရိုက်ဖို့ပြင်နေတဲ့ အဖွဲ့၊ နောက်လိုက်မဲ့ အဖွဲ့ စသဖြင့် အနည်းဆုံး သုံးဖွဲ့လောက်
နေရာယူထားတာဆိုတော့ လူဆယ့်လေးငါးယောက်လောက် ရှိသပေါ့ဗျာ။ သူငယ်ချင်း မိတ်ဆွေတွေကို နှုတ်ဆက်ခွဲရသလို ကြွားချင်တဲ့ ပုဂ္ဂိုလ်များဆိုလည်း ကြွားဖို့ အင်မတန် အဆင်သင့်ချိန်ပေါ့။
''ဟဲ့ကေင်မလေး၊ ငါ့ဒရိုင်ဗာ အသစ်ယူခဲ့စမ်း''
ကျယ်ကျယ်ဟဟ အသံထွက်လာတော့ ဂေါက်သီးရိုက်မယ့် လူတွေရော၊ ကျန်တဲ့ ကယ်ရီ၊ ထီးမိုး၊ တီဇုံဝန်ထမ်း စတဲ့ လူတွေရဲ့ အာရုံက အသံလာရာဆီကို ရောက်သွားကြတယ်။
''ငါ့ကို ဂေါက်တုတ် အသစ်နော်၊ အဲဒီ တစ်ချောင်းထဲကို သိန်းငါးဆယ် ပေးရတာ''
ဘာကြီးလဲဟ၊ သူ့ဖာသား ငါးဆယ်မလို့ ငါးရာဖြစ်ဖြစ်၊ ငါးထောင်ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် အားကျအထင်ကြီးတဲ့ မျက်လုံးတွေလဲရှိရဲ့။ ဆက်လာတဲ့စကားက နားထဲကို ခါးသီးစွာ ၀င်လာတယ်။
''ကောင်းကေင်းကိုင်ခဲ့၊ ထိခိုက် ပွန်းပဲ့သွားလို့ကတော့ ငါနဲ့တွေ့မယ်။ အဲဒီလောက်ပိုက်ဆံ နင်ဟိုဟာလုပ်ရှာတောင် တစ်သက်လုံးရမှာ မဟုတ်ဘူး''
သွားပြီ။ ကယ်ဒီလေးမျက်နှာ ရဲကနဲ ဖြစ်သွားတယ်။ အနားက ဂေါက်သမားတချို့ မျက်နှာလည်း မည်းကနဲနဲ့။
အဲဒီလူကို နိုင်ထက်စီးနင်း ပြုကျင့်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။
''ကဲရှင်းမယ်၊ ပိုက်ဆံတွက်''
ပိုက်ဆံအိတ်ကြီးကို ဘုတ်ကနဲ ထုတ်ယူပြီး ပြောတယ်။ ''ဒါနဲ့ဟိုကောင်၊ မနက်ဖြန်မနက် ၆ နာရီတိတိ စရိုက်မှာနော်။ ကွင်းကြေး သောင်းကျော်ရော၊ ကယ်ဒီမုန့်ဖိုးပါ ငါပေးနေတာ။မင်းဘာကုန်ရတာ မို့လို့လဲ။ ဂေါက်သီးလေး လာရိုက်ပေးပါတယ်။ အရေးထဲ ပင့်ရဖိတ်ရနဲ့၊ မင်းဖာသာဆို ဒီလိုကွင်းမျိုး သွားနိုင်လို့လား''
အပြောခံလိုက်ရတဲ့ သူငယ်ချင်းရဲ့ ရင်ထဲမှာ ကျင်ခနဲ နာသွားတယ်။ သံယောဇဉ်နဲ့ လုပ်ပေးနေတာတွေကိုကွာ၊ မင်းလက်အောက်ငယ်သားလဲ မဟုတ်ရပေါင်ကွာ။ စိတ်ထဲက စကားတွေက နှုတ်ဖျားကို ရောက်မလာပါဘူး။ နောက်ပြီး အမြဲတမ်းလဲ အားချင်မှအားမှာ၊ ပြီးတော့ အချိန်၊ လစ်ဟာသွားတဲ့ မိသားစုတာဝန်။တခြားဟာတွေတော့ ဖယ်ထားလိုက်ပါတော့။
ပစ္စည်းရှိတဲ့လူ အနေနဲ့ ပစ္စည်းမဲ့တဲ့လူကို စိတ်ဒဏ်ရာရအောင် လုပ်ခွင့် လိုင်စင်ပေးထားတာ မဟုတ်ပါဘူး။
''ဟိတ်ကောင် ငါ့ကိုလာတွဲဦး။ ရေထဲပြုတ်ကျလို့ ငါ့အဖိုးတန် အ၀တ်အစားတွေ ရေစိုကုန်ရင် မလွယ်ဘူး''
''ဟုတ်ကဲ့''
ဒီလိုနဲ့ သမ္ဗန်ပေါ်မှာ သူဌေးကြီးကိုတင်ပြီး ငှက်ခတ်လာတယ်။
''အခု တစ်နေ့ ဘယ်လောက်ရတုံး''
''အမှန်မရှိပါဘူး။ သူဌေးကြီးရယ်။ တစ်ကျပ်ရ ငါးမူးရနဲ့''
''၀င်ငွေဘာမှမရပါလား။ တယ်ညံ့သကိုး''
ခဏနေပြန်တော့ ''မင်းမှာ အိမ်ရောရှိရဲ့လား''
''မရှိပါဘူး။ သူဌေးကြီးရယ်၊ ဟိုသောင်ခုံကတဲမှာ နေတာ''
''အိမ်ကလေး တစ်လုံးတောင် မရှိတဲ့ကောင်၊ တယ်ညံ့သကိုး''
ဒီလိုနဲ့ သူဌေးကြီးက သမ္ဗန်သမားမှာ မရှိတာတွေကို မေးလိုက်၊ တယ်ညံ့သကိုး ဆိုလိုက်နဲ့ မြစ်လယ် ရောက်လာတယ်။ အဲဒီမှာတင် ရုတ်တရက် မိုးမှောင်ကျလာပြီး လေပြင်းအတိုက် လှိုင်းအရိုက်မှာ သမ္ဗန်မှောက်ပါရော။
''ဟိတ်ကောင်၊ ငါရေမကူးတတ်ဘူးကွ၊ ငါ့ကိုဆယ်ပါဦး''
''ရေလေးတောင် မကူးတတ်တဲ့ သူဌေးကြီး၊ တယ်ညံ့သကိုး'' ပြောပြောဆိုဆိုနဲ့ သမ္ဗန်သမားဟာ ရေကူးပြီး ထွက်သွားပါရော''
ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်မှာ ပြဿနာက နည်းပါတယ်။ ယဉ်ကျေးမှုတွေ ထွန်းကားလာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် များပြားလာတယ်။ ကုန်သွယ်ရာမှာ ကြားခံအဖြစ် ငွေကိုသုံးလာတယ်။
လူသားရဲ့အစွမ်းက အံ့မခန်းပါပဲ။
ကိုယ်အဆင်ပြေစေဖို့ တီထွင်ခဲ့တဲ့ ပစ္စည်းတွေကြောင့် အဆင်မပြေ ဖြစ်ရတာတွေလဲ ရှိလာတယ်။
အားလုံးကို ဆိုလိုတာ မဟုတ်ပါ ဘူး။ ပိုင်ဆိုင်မှုတွေ များသထက် များပြားလာချိန်မှာ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာတယ်။ ဂရုဏာတရားတွေ ပျောက်ကွယ်လာတယ်။ သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာတယ်။ ပုံမှန် ဆက်ဆံရေးတွေ ကွယ် ပျောက်လာတယ်။
''ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်''လို့ ပြောတတ်ကြပါတယ်''
ကိုယ်တစ်ယောက်ထဲနဲ့ ပြီးသွားမယ်ဆိုရင် ပြဿနာ မရှိပါဘူး။ ကိုယ့်လူမျီုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်အလွှာ၊ ကိုယ့်ပတ်ဝန်းကျင် စသဖြင့် ရိုတ်ခတ်မှုက အနည်းအများ ရှိမှာ။ ဒါ အသေအချာ။
မတောင်းတော့ပါဘူး။ အစ်ကိုကြီးရေ)
''အဖိုးတန်ပေ့ဆိုတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင် အသုံးပြုနိုင်ရုံနဲ့ လူ့အဖိုးတန် မဖြစ်ဘူး။ ရိုးသားစိတ်ကောင်းထားပြီး လူ့လောက ကောင်းကျိုးကို တတ်နိုင်သမျှ သယ်ပိုးဆောင်ရွက်မှ တကယ့် လူ့အဖိုးတန်တဲ့ဗျား။''
မင်း ..မြန်မာ့စိတ်လား..ကျွန်စိတ်လား ( ၁ )