Showing posts with label ၀၄။ ထိုင်းသတင်း. Show all posts
Showing posts with label ၀၄။ ထိုင်းသတင်း. Show all posts

Wednesday, 4 December 2013

ဆီးဂိမ်းအားကြိုဆိုရန် ထိုင်းအနုပညာရှင်များ ရန်ကုန် ရောက်

မြန်မာ နိုင်ငံ၌ပြုလုပ်မည့် ဆီးဂိမ်းအား ကြိုဆိုသောအားဖြင့် ထိုင်းအနု ပညာရှင်နှစ်ဦးဖြစ်သည့် ထိုင်းမင်း သား Mos Patiparn နှင့် Pee Mak မင်းသမီး Davika Hoorne တို့ ဒီဇင်ဘာ ၃ရက် မွန်းလွဲ ၁နာရီ မိနစ်၅ဝ တွင် ထိုင်းလေကြောင်း လိုင်း TG301 ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ ရောက်ရှိလာ သော အဖွဲ့ဝင်များမှာ စုစုပေါင်း ၁၁ဦးခန့်ရှိကာ ထိုင်းမင်းသမီးသည် ထိုင်းဘာသာဖြင့် 'ဆာဝါဒီခ' (မင်္ဂလာပါ)ဟု အကြိမ်ကြိမ် နှုတ်ဆက်ခဲ့ကြောင်း၊ ယင်းတို့အဖွဲ့သည် မြန်မာပရိသတ်များအား ဆီးဂိမ်း အထိမ်းအမှတ်အဖြစ် တွေ့ဆုံ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

''ဒီနေ့မှာ ထိုင်းနိုင်ငံက Pee Mark မင်းသမီး လာမယ်။ မင်းသားနဲ့မင်းသမီးကိုယ်ပိုင်အဖွဲ့ ဝင်စုစုပေါင်း ၁၁ဦးပါဝင်ပါတယ်။ ဒီနေ့မှာတော့ မြန်မာအနုပညာ ရှင်တွေဖြစ်တဲ့ ကိုလူမင်း၊ စိုင်းစိုင်း တို့နဲ့ တွေ့ဆုံမယ်။ ညနေဘက် မှာ ဆီးဂိမ်း အကြို မြန်မာ ပရိသတ် နဲ့ Juction Square မှာ တွေ့မယ်။ မနက်ဖြန် နံနက်မှာတော့ ရွှေတိဂုံ စေတီတော်မြတ်ကြီးနဲ့ ဗိုလ် တထောင်စေတီတော်ကို ဖူးမြော် ကြမယ်လို့ ပြောပါတယ်''ဟု စီစဉ် သူ ADMA ကုမ္ပဏီမှ ဒု-ဥက္ကဋ္ဌ ဦဝေမင်းမောင်က ပြောသည်။

အဆိုပါအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃ရက်တွင် Jaunction Square ၌ မြန်မာပရိသတ်အား ဖျော်ဖြေသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၄ရက်တွင် ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ဗိုလ်တထောင်စေတီ တော်မြတ်ကြီးကို ဖူးမြော်သွား မည်ဖြစ်သည်။ ထိုင်း အနု ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ဖြစ်ပုံ နှင့်ပတ်သက်၍ ADMA ကုမ္ပဏီ မှ မြန်မာအနုပညာရှင် သရုပ် ဆောင်ဇာနည်ကလည်း ''ထိုင်း မင်းသမီး လာဖြစ်တာကတော့ ကျွန်တော်တို့ဆီက ကိုဝေမင်း မောင်က ဘန်ကောက် ကို သွား တော့ ချိတ်လာတယ်။ ဆီးဂိမ်း မှာ ပရိုမိုးရှင်းလုပ်ဖို့ ဖိတ်ခဲ့တယ်။ အခုလို ထိုင်းအနုပညာရှင်တွေ မြန်မာနိုင်ငံကိုလာတာ ကောင်းပါ တယ်။ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ ပြည်ပက နှစ်ယောက် မြောက် ထိုင်းမင်းသမီးကို ဖိတ် ခေါ်နိုင် လို့ ကောင်းပါတယ်။ သူ တို့က အနုပညာအနေနဲ့လဲ ကောင်းပါတယ်။ မြန်မာတွေရဲ့ သရုပ်ဆောင်အရည်အသွေးကို ပြောရမယ်ဆိုရင် အခု ထိုင်း နိုင်ငံမှာ နာမည်ကြီးနေတဲ့ Pee Mark ဇာတ်ကားကို မြန်မာပြည် က သရုပ်ဆောင် တွေလဲ သရုပ် ဆောင်နိုင် လိမ့်လို့ ကျွန်တော် မြင်တယ်''ဟု ပြောသည်။ ထိုင်းမင်းသမီးနှင့် အဖွဲ့ဝင် များအား လေဆိပ်နှင့် လမ်းတစ် လျှောက်တွင် လုံခြုံရေးကုမ္ပဏီမှ အထူးလုံခြုံရေးအဖွဲ့ဝင်များက လုံခြုံမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်ဦးဆောင်တဲ့ အထူးဘော်ဒီဂတ် စုစုပေါင်း ၁၅ဦး နဲ့ ထိုင်းအနုပညာရှင်တွေကို လုံခြုံ ရေးပေးထားတယ်''ဟု ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီမှ ဦးအောင်မိုး က ပြောသည်။ ထိုင်းအနုပညာရှင်များ နှင့် မြန်မာအနုပညာရှင်များ ပူး ပေါင်း ကာ မြန်မာပရိသတ်အား ဆီးဂိမ်းအကြို တွေ့ဆုံဖျော်ဖြေ ခြင်းအပြင် မြန်မာသရုပ်ဆောင် များနှင့် ပူးပေါင်းပြီး ထိုင်း-မြန်မာ ယဉ်ကျေးမှုများပါဝင်မည့် ရုပ်ရှင် ဇာတ်ကားတစ်ကားကို ရိုက်ကူး သွားမည်ဖြစ်သည်။

''နိုင်ငံတကာ ထိုးဖောက် ဖို့နဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးလဲ ရိုက်ကူးသွားမယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို ထည့်သွင်းရိုက် ကူးဖို့ ရှိပါတယ်။ မြန်မာ့ယဉ် ကျေးမှုတွေ ပါချင်လို့ မင်းသားကို ဧည့်လမ်းညွှန် ဇာတ်ရုပ် အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ယဉ်ကျေးမှုတွေကို လဲ ထည့်သွင်းရိုက်ကူးသွားပါ မယ်''ဟု ဦးဝေမင်းမောင်က ဆက် လက်ပြောသည်။ ယင်းဇာတ်ကားအတွက် ဇာတ်လမ်း၊ ဇာတ်ညွှန်းများကို ပြင်ဆင်နေပြီ ဖြစ်ပြီး ဇာတ်ကား တွင် ထိုင်း၊ မြန်မာ၊ အင်္ဂလိပ်ဘာ သာစကားများ ပြောဆိုမည်ဖြစ် ကာ ဇာတ်ကားအား အင်္ဂလိပ် စာတန်း၊ ထိုင်းစာတန်းများ ထိုး သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ရိုက်ကူးမည့် ရုပ် ရှင်ဇာတ်ကားတွင် အဆိုပါ မင်း သမီးနှင့် အတူ လူမင်း၊ စိုင်းစိုင်း ခမ်းလှိုင်တို့မှ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမည်ဖြစ်သည်။

သူသူ ၊ နွေးနွေး
Yangon Media Group


Pee Mak မင်းသမီး Davika Hoorne နှင့် ထိုင်းမင်းသား Mos Patiparn ဓာတ်ပုံများ - ရဲနောင်(ဖယ်ခုံ)

Tuesday, 3 December 2013

လူထိခိုက်သေဆုံးမှုတွေရှိတဲ့အထိ ဖြစ်နေတဲ့ ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့က ဆန္ဒပြပွဲကို မြန်မာနိုင်ငံသားတွေ အနေနဲ့ 
သတိထားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက 
သတိပေးလိုက်ပါတယ်။ သီတင်းပတ်နဲ့ချီ ကြာလာပြီဖြစ်တဲ့ 
ထိုင်းဆန္ဒပြပွဲတွေကြောင့်မို့လည်း မြန်မာစီးပွားရေး 
လုပ်ငန်းတချို့မှာပါ ဂယက်ရိုက်ခတ်မှုတွေ ရှိလာနေတာပါ။ 
ထိုင်းဝန်ကြီးချုပ် ကတော့ ဒီဆန္ဒပြပွဲတွေ အဆုံးသတ်စေဖို့ 
ဥပဒေနဲ့အညီ တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။  ဘန်ကောက်က နောက်ဆုံး အခြေနေ အသေးစိတ်ကို 
မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

သီတင်းပတ်တွေနဲ့ချီ ကြာလာပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေ အဆုံးသတ်နိုင်ရေး ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်န၀ပ်နဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြပြီးနောက် - ထိုင်းဝန်ကြီးချုပ်က သူ့အနေနဲ့ ဥပဒေနဲ့ မညီတဲ့ တောင်းဆိုချက်တွေကို လိုက်လျောမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းစစ်တပ်ရဲ့ အကူအညီနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူထက် သောင်ဆူဘန် (Suthep Thaungsuban) နဲ့ ၀န်ကြီးချုပ် ယင်းလတ်တို့ မနေ့ညနေက တွေ့ဆုံခဲ့ကြတာပါ။ ၀န်ကြီးချုပ်ကတော့ ထိုင်းပြည်သူတွေ ကျေနပ်အောင် ဥပဒေနဲ့အညီ သူတတ်နိုင်တာ ဘာမဆို လုပ်ဆောင်ပေးဖို့ ဆန္ဒရှိပါတယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“ထိုင်းပြည်သူတွေ ငြိမ်းချမ်းဖို့အတွက် ကျမတတ်နိုင်တာ ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ ထိုင်းအစိုးရ အနေနဲ့လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ နောက်ထပ် ဆွေးနွေးမှုတွေလုပ်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့လည်း သူတို့ တောင်းဆိုချက်တွေအတိုင်းဆိုရင် တည်ဆဲဥပဒေအရ - လက်ရှိ ပြဿနာတွေ ပြေလည် စေမယ့်နည်းလမ်း ကျမ မမြင်ပါဘူး။”

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကတော့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် နှုတ်ထွက်ပေးဖို့နဲ့ ကြားဖြတ်အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းရေး၊ ပြီးတော့ လွှတ်တော်ဖျက်သိမ်းရေး တောင်းဆိုနေတာပါ။ ဘန်ကောက်မှာတော့ ဒီကနေ့ အထိ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ သီတင်းပတ်တွေနဲ့ချီ ကြာလာပြီဖြစ်တဲ့ ဒီဆန္ဒပြပွဲတွေအတွင်း အခုချိန်ထိ  သေဆုံးသူ အနည်းဆုံး ၃ ဦး ရှိသွားပြီဖြစ်သလို၊ ထိခိုက်ဒဏ်ရာရသူတွေဦးရေဟာလည်း ၅၀ ကျော်သွားပြီဖြစ်ပါတယ်။  ထိုင်းအစိုးရကလည်း ဘန်ကောက်မြို့ခံတွေကို လုံခြုံမှုအတွက် ညဘက် အပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါကြောင့် ဘန်ကောက်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိထား သွားလာကြဖို့နဲ့ ဒီဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်ခြင်း မလုပ်ကြဖို့ ဘန်ကောက်-မြန်မာသံရုံးကလည်း ကြေညာချက် ထုတ်ပြန်ထားတဲ့အကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက သတိပေးပြောဆိုခဲ့ပါတယ်။

“အဓိကကတော့ နှစ်ချက်ပဲရှိပါတယ်။ တစ်အချက်ကတော့ မိမိကိုယ်မိမိ လုံလုံခြုံခြုံနဲ့ နေကြထိုင်ကြပေါ့ဗျာ။ အဲ့ဒါမျိုး ကျနော်က ပြောတာပေါ့။ ဒုတိယအချက်ကတော့ ဆန္ဒပြတဲ့ထဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ပေါ့။ ဘာကြောင့်လဲဆိုတော့ ဟိုတနေ့က ခိုက်ရန်ဖြစ်ကြတယ်ပေါ့နော်။ ရှပ်နီနဲ့ ကျောင်းသားတွေလို့ပြောတယ်။ အဲ့ဒီမှာ သေဆုံးတဲ့ထဲမှာ ကမ္ဘောဒီးယား တစ်ယောက် ပါတယ်လို့လည်း ကြားတယ်။ စသည်ဖြင့်ပေါ့ဗျာ နော်။ အဲ့ဒီမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေကလည်း သန်းနဲ့ချီပြီးရှိတာကိုး။ သန်းနဲ့ချီရှိတော့ အဲ့လိုမျိုးတွေထဲမှာ ပါကောင်းပါသွားနိုင်တယ် ပေါ့နော်။

ဟိုးအရင်ကလည်း ပါခဲ့ဖူးတယ်လို့ ကြားရတယ်။ အခုလည်း ပါနေနိုင်တယ် စသည်ဖြင့် အနေအထားလေးတွေ အရ ကျနော်လည်း စိတ်ပူပြီးတော့ အဲ့ဒီမှာ မပါသင့်ဘူးပေါ့နော်။ ဒါကြောင့် ကျနော်တို့က နှစ်နိုင်ငံ ဆက်ဆံရေးပေါ့ နှစ်နိုင်ငံချစ်ကြည်ရေးကလည်း
 ကောင်းနေတဲ့အခါကျတော့ ချစ်ကြည်ရေး ထိခိုက်သွားနိုင်တဲ့ဟာမျိုးဆိုတော့ Demonstration မှာ မပါသင့်ဘူးပေါ့။ အားလုံးပါပဲ ဒီအချိန်မှာကတော့ အထူးသဖြင့်တော့ မိမိကိုယ်မိမိ လုံခြုံရေးပေါ့နော် အထူးသတိပြုဖို့ ဆိုတာမျိုးကိုပဲ ကျနော်က မှာချင်ပါတယ်။”

ဒါ့အပြင် အခုလို ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေသေးတဲ့အတွက်လည်း ကြာလာတာနဲ့ အမျှ စီးပွားရေးလုပ်ငန်းတွေ မှာပါ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ ဘန်ကောက်မြို့မှာ တည်းခိုခန်းငယ်လေးဖွင့်လှစ်ပြီး ငွေလွှဲလုပ်ငန်းလည်း လုပ်ကိုင်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော် အဓိကလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းမှာတော့ အရမ်းကြီးတော့ မထိခိုက်သေးဘူးဆိုပေမဲ့ တော်တော်လေးတော့ ထိလာပြီဗျ။ ငွေဈေးကလည်း ကမောက်ကမဖြစ်တယ်ဗျာ။ ငွေဈေးကဆိုရင် လွန်ခဲ့တဲ့ နှစ်ရက်လောက်က ၃၂၀၀ ပတ်ချာလည်လောက်ကနေ ၃၂၅၀ ပတ်ချာလည်နားလောက်ကို ရောက်သွားတယ်။ အဲ့တော့ ငွေဈေးမှာလည်း ကမောက်ကမဖြစ်တယ်။ နောက်ပြီးတော့ ဗမာပြည်ကနေ ဒေါ်လာဝယ်လာတဲ့ သူတွေကလည်း ပိုကိုက်တယ်ဆိုတဲ့ အနေအထားရှိတော့ ဒေါ်လာပဲ ၀ယ်လာတယ်။ အဲတော့ ငွေလွှဲလုပ်ငန်းတွေ ဘာတွေဆိုရင် အရင်လောက်တော့ မကောင်းတော့ဘူးပေါ့နော်။ ဒီပြဿနာဖြစ်တော့ ပိုဆိုးသွားတယ်ပေါ့နော်။

ကုန်သည်လည်း မတက်လာတော့ဘူး အဲ့လိုမျိုးတွေ ရှိတာကိုး။ ပုံမှန်ဆိုရင် ဒီအချိန်ဆို ကုန်သည်တွေက အများကြီးလာတယ်ဗျာ။ ဘုရင့်မွေးနေ့ လျှော့ပွဲရှိတယ်ဗျာ။ ဒီဇင်ဘာ လျှော့ပွဲရှိတယ်ဗျာ။ ဟက်ပီးနယူးရီးယား လျှော့ပွဲ ဈေးလျှော့တယ် Discount ရတယ်ဗျာ။ အဲ့လိုမျိုးတွေရှိတော့ လူတွေက အများကြီးလာကြတယ်။ ဒါပေမဲ့ ဒီအခု ဆန္ဒပြတဲ့ ပြဿနာကြောင့်တော့ လူက အရမ်းနည်းသွားတယ်။ လာတဲ့သူက တ၀က်လောက်ကျသွားတယ်။ ကုန်သည်လည်း အလာနည်းတယ်။ ကုန်သည်အလာနည်းတော့ ပစ္စည်းလည်း သိပ်မသွားတော့ဘူး။”

ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင်တွေကတော့ မနေ့ တနင်္ဂနွေနေ့ဟာ သူတို့အတွက် အောင်ပွဲခံနေ့ဖြစ်ရ မယ်လို့ ပြောဆိုထားခဲ့ပြီး ၀န်ကြီးချုပ် ယင်းလတ် မနှုတ်ထွက်မချင်း ၀န်ကြီးဌာနတွေကို တခုချင်း သိမ်းသွားမယ်လို့ သန္နိဌာန်ချထားကြောင်း ပြောဆိုခဲ့ကြပါတယ်ရှင်။

VOA

ဘန်ကောက်မြို့ ၊ ၃-၁၂-၂၀၁၃ ထိုင်းဝန်ကြီးချုပ် ရှင်လပ် ရှင်နာဝပ် ထရာ ရုပ်သံသတင်းအစီအစဉ်

ထိုင်းဝန်ကြီးချုပ် ရှင်လပ် ရှင်နာဝပ် ထရာ ရုပ်သံသတင်းအစီအစဉ် 

 ဆန္ဒပြ ခေါင်းဆောင် ဆူသက် သောင်ဆူဘန် (ယာအစွန်လူ)



ဘန်ကောက် ၊ ၃-၁၂-၂၀၁၃ 

ထိုင်းဝန်ကြီးချုပ် ရှင်လပ် ရှင်နာဝပ် ထရာ က အကြမ်းဖက် ဆန္ဒပြမှုများ ပြီးဆုံးရန် အစစ အရာရာ လိုက်လျောမည် ဆိုသော်လည်း ရွေးကောက် တင်မြှောက် ထားခြင်း မရှိသော ကောင်စီကို အာဏာ လွှဲပြောင်းရန် မှာမူ ဖွဲ့စည်းပုံ အခြေခ ဥပဒေနှင့် မကိုက်ညီ သည့်အတွက် သဘောတူ နိုင်မည် မဟုတ်ကြောင်း ယမန်နေ့ တွင် နိုင်ငံပိုင် ရုပ်မြင်သံကြား မှ တစ်ဆင့် ပြောကြား ခဲ့ကြောင်း သိရသည်။ 

ရင်လပ် ၏ ပြောကြားချက် ကြောင့် အကြမ်းဖက် ဆန္ဒပြမှု ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေသော ထိုင်းနိုင်ငံ ၏ အနာဂတ် အရေးေ၀၀ါး နေသေးကြောင်း ပေါ်လွင် သွားသည်။ 

ရင်လပ် နှင့် ဒီဇင်ဘာ ၁ ရက်တွင် တွေ့ဆုံခွင့် ရရှိခဲ့သော ဆန္ဒပြ ခေါင်းဆောင် ဆူသက် သောင် ဆူဘန် က ရင်လပ် နုတ်ထွက်ခြင်း ၊ ရွေးကောက်ပွဲ အသစ် ကျင်းပခြင်း တို့ဖြင့် မိမိ ကျေနပ်မည် မဟုတ်ကြောင်း ၊ ရွေးကောက်ပွဲ ဖြင့် ရွေးချယ်ခြင်း မဟုတ်ဘဲ လူထုက ရွေးချယ် တင်မြှောက်သော ကောင်စီ ကသာလျှင် ၀န်ကြီးချုပ် အသစ်ကို ရွေးချယ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ရာ ၄င်း၏ တောင်းဆိုမှု မှာ ဒီမိုကရေစီ နည်းလမ်း မကျကြောင်း ဝေဖန်မှု အမြောက်အမြား ထွက်ပေါ် ခဲ့သည်။ 

" ကျွန်တို့ ဆူသက် ရဲ့ တောင်းဆိုမှုကို ဘယ်လို ဆောင်ရွက်ပေး ရမလဲ ဆိုတဲ့ နည်းလမ်းကို ရှာမတွေ့ပါဘူး ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ မပါတဲ့ တောင်းဆိုမှု တွေ ဖြစ်နေ ပါတယ် .... " ဟု ရင်လပ် က ၁၂ မိနစ်ကြာ ရုပ်သံ သတင်း အစီအစဉ် တစ်ခုတွင် ပြောကြား ခဲ့သည်။ 

ရင်လပ် မိန့်ခွန်း ပြောကြား နေစဉ် လမ်းမပေါ် အကြမ်းဖက် မှုများ ပိုမို ဆိုးရွားလာပြီး ဆန္ဒပြသူ များက အမှိုက်သိမ်းကား ၊ ဘူဒိုဇာ များဖြင့် အစိုးရ အိမ်တော် ခြံဝင်း နှင့် အခြား အဓိက ကျသော ရုံးများကို ဖျက်ဆီးရန် ကြိုးပမ်း ခဲ့သည်။ 

ရဲတပ်ဖွဲ့ ကလည်း မျက်ရည်ယို ဗုံးများ ၊ ရေအမြောက် များ ၊ ရော်ဘာ ကျည်ဆန် များဖြင့် လူစုခွဲရန် ကြိုးပမ်း ခဲ့ရာ ဆန္ဒပြသူ များကလည်း လက်လုပ် လောင်ချာများ ၊ လက်ပစ်ဗုံးများ ဖြင့် ပြန်လည် ပစ်ခတ် ခဲ့ကြောင်း သိရသည်။ 

ရင်လပ် အစိုးရ ကို ဖြုတ်ချရန် ကြိုးပမ်းသည် အကြမ်းဖက် ဆန္ဒပြမှု က အရှေ့တောင် အာရှ ၏ အခိုင်မာ ဆုံးသော စီးပွားရေး နိုင်ငံ တစ်နိုင်ငံ၏ တည်ငြိမ် အေးချမ်းမှု ကို ကာလ အတန်ကြာ သည်အထိ ပျက်စီး စေလိမ့်မည် ဟု အရှေ့တောင် အာရှ နိုင်ငံများက စိုးရိမ် မကင်း ဖြစ်နေကြသည်။ 

လွန်ခဲ့သည့် သုံးရက်အတွင်း ဆန္ဒပြသူ များထဲမှ အနည်းဆုံး ၃ ဦးသေဆုံး ကာ ၂၀၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး ဆန္ဒပြသူ လူဦးရေ တစ်သိန်းခန့် ရှိကာ အခြေအနေ ကို ထိန်းချုပ်၍ မရနိုင် သေးကြောင်း AP သတင်း တစ်ရပ်တွင် ဖော်ပြ ထားကြောင်း သိရှိရသည်။

By Myawady Daily


ထိုင်းဆန္ဒပြ အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်နဲ့တွေ့ဆုံ



Monday, December 2, 2013

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်က ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ သူတွေ့ဆုံခဲ့ကြောင်း၊ သူတို့ရဲ့ လှုပ်ရှားမှုကို ရုပ်သိမ်းပေးဖို့ ငြင်းဆိုခဲ့ပြီး ကြားဖြတ်အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းရေးနဲ့ လက်ရှိအစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။Suthep Thaugsuban က ဆန္ဒပြသူတွေစုဝေးစခန်းချရာဘန်ကောက်မြို့လယ်မှာသူ့ကိုထောက်ခံသူတွေကိုတနင်္ဂနွေနေ့က ပြောဆိုလိုက်တာပါ။ ဒီပဋိပက္ခမှာ ဘက်မလိုက်ဘဲ ကြားနေတယ်လို့ဆိုတဲ့ ထိုင်းစစ်တပ်က အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူတွေရဲ့ အစည်းအဝေးကို လုံခြုံရေး စောင့်ကြည့် ပေးခဲ့ပါတယ်။တနင်္ဂနွေနေ့မနက်ပိုင်းက ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်ရုံးစိုက်ရာ အစိုးရ ရုံးဝင်းကို ခဲတွေနဲ့ပေါက်ခဲ့လို့ ထိုင်းရဲတွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲခဲ့ရပါတယ်။ လွန်ခဲ့တဲ့အပတ်ကစခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဒီတခါ ပထမဆုံးအကြိမ် မျက်ရည်ယိုဗုံး အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ အစိုးရကတော့ ဘန်ကောက်မြို့ခံတွေကို လုံခြုံမှုအတွက် ညဘက် အိမ်ပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။
အတိုက်အခံခေါင်းဆောင် ဒု-ဝန်ကြီးချုပ်ဟောင်း Suthep Thaugsuban (ဒီဇင်ဘာ ၁၊ ၂၀၁၃)

VOA

ထိုင်းရှိ ဗီဇာသက်တမ်းကုန် အလုပ်သမားများ အတွက် one stop service centre များ ယခုလအတွင်း ဖွင့်လှစ်မည်


ထိုင်းရှိ ဗီဇာသက်တမ်းကုန် အလုပ်သမားများ အတွက် one stop service centre များ ယခုလအတွင်း ဖွင့်လှစ်မည် Created on Tuesday, 03 December 2013 ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် one stop service centre များကို ယခုအလတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ အလုပ်သမားများ အတွက် one stop service centre များကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အပါအ၀င် ထိုင်း-မြန်မာ နယ်စပ်ဒေသများ ဖြစ်သည့် မယ်ဆိုင် (တာချီလိတ်)၊ မဲဆောက် (မြ၀တီ)၊ ပူနရွန် (ထီးခီး)၊ ဆင်ဂေါင်း (မောတောင်)နှင့် ရနောင်း (ကော့သောင်း)တို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ ''one stop service centre တွေဖွင့်ဖို့ စီစဉ်နေပါတယ်။ ထိုင်းမြန်မာ နယ်စပ်ဒေသတွေဖြစ်တဲ့ တာချီလိတ်၊ မြ၀တီတို့မှာဖွင့်ဖို့ လောလောဆယ် လျာထားပါတယ်။ နောက်ကျရင်တော့ အပြောင်းအလဲ ရှိနိုင်ပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမားများ ဆက်လက်လုပ်ကိုင်ခွင့် ရရေးအတွက် ယခင်ယာယီ နိုင်ငံကူးလက်မှတ်အစား နိုင်ငံကူးလက်မှတ် ပတ်(စ်)ပို့အနီ ပြောင်းလဲထုတ်ပေး သွားမည်ဖြစ်ပြီး အလုပ်သမားများ အနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း စသည့် အထောက်အထား များနှင့်အတူ နယ်စပ်ဒေသရှိ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းများ (one stop service centre) တွင် လာရောက် ပြုလုပ်ရမည် ဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမား ၃၀၀၀၀ ကျော် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ သိရသည်။ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ယင်းအလုပ်သားများ အတွက် one stop service centre ဖွင့်လှစ်ရေးတို့ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့သည်။ Reposted by pyae phyo Credit to EMG www.facebook.com/mmcities ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်း ဆွေးနွေးပွဲအား တွေ့ရစဉ်

အတိုက်အခံတွေ တောင်းဆိုချက် ထိုင်းဝန်ကြီးချုပ်လက်မခံနိုင်




ဗွီအိုအေ (မြန်မာဌာန)

ထိုင်းနိုင်ငံမှာ အစိုးရကိုဆန့်ကျင်တဲ့ အတိုက်ခံ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို သူမအနေနဲ့ လုပ်ဆောင်မပေး နိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောဆိုလိုက်ပါတယ်။ တောင်းဆိုချက်တွေဟာ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဝန်ကြီးချုပ်ယင်းလပ်က သူမနဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြ ခေါင်းဆောင်ဖြစ်သူ ဆူထေ့ပ် သာ့ဆူဗန်နဲ့ တနင်္ဂနွေနေ့ နှောင်းပိုင်းတုန်းက တွေ့ဆုံခဲ့တဲ့အကြောင်း တနင်္လာနေ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒီတွေ့ဆုံမှုကို ဘယ်ဘက်ကိုမှ ဘက်မလိုက်တဲ့ ထိုင်း စစ်တပ်က စီစဉ်ပေးခဲ့တာ ဖြစ်ကြောင်း သူမကပြောပါတယ်။

မစ္စတာ ဆူထေ့ပ်ရဲ့ တောင်းဆိုချက်တွေကတော့ သူမကို ရာထူးကနေ ဆင်းပေးရမယ်၊ ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးချယ် တင်မြှောက် ခံထားရသူတွေ မဟုတ်တဲ့ ပြည်သူ့ကောင်စီဆိုတဲ့အဖွဲ့လက်ထဲကို အစိုးရအာဏာ လွှဲပေးရမယ် ဆိုတာတွေ ဖြစ်ပြီး ဒီအချက်တွေဟာ ဥပဒေနဲ့မကိုက်ညီဘူးလို့ ၀န်ကြီးချုပ် ယင်းလပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မစ္စယင်းလပ်က သူမအနေနဲ့ ပြည်သူလူထု စိတ်ချမ်းသာမယ်ဆိုရင် ဘာမဆို လုပ်ပေးဖို့အသင့်ရှိနေပါတယ်၊ ဒါပေမဲ့ သူမအနေနဲ့ ဥပဒေနည်းလမ်းတကျ လုပ်ဆောင်ပေးရတာမျိုးကိုသာ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ ပြောသွားပါတယ်။

သူမကအဲဒီလိုပြောဆိုနေချိန်မှာပဲ ရဲတပ်ဖွဲ့က အစိုးရအဆောက်ဦတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းကြတဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ၊ ရာဘာကျည်ဆံတွေ အသုံးပြုပြီး ခုခံတိုက်ခိုက်နေပါတယ်။

ဆန္ဒပြသူတွေဟာ တနင်္ဂနွေနေ့ဟာ အောင်ပွဲနေ့ဖြစ်ပြီး မစ္စယင်းလပ်အစိုးရကို ဖြုတ်ချနိုင်ရမယ်လို့ မျှော်မှန်းထားပြီး ၀န်ကြီးချုပ်ရုံးထိုင်တဲ့ အစိုးရရုံးကို သိမ်းပိုက်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

အစိုးရရုံးရှေ့မှာ မပေါက်ကွဲသေးတဲ့ မျက်ရည်ယိုဗုံးကို အဓိကရုဏ်းတပ်ဖွဲ့တွေဆီ ပြန်ပစ်ထုတ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦး။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)

VOA

ထိုင်းနိုင်ငံရေး နောက်ဆုံး အခြေအနေ - ဖမ်းဝရမ်းထုတ်ပြီ

ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က သူ့ကို ရာထူးက ဆင်းပေးဖို့ တောင်းဆို ချက်ကို ထပ်မံ ပယ်ချ လိုက်ပြီး၊ စေ့စပ် ဆွေးနွေးဖို့ အတွက် လမ်းဖွင့်ထား တယ် လို့ ပြောကြား လိုက်ပါ တယ်။

မစ်ယင့်လတ် ဟာ ဆန္ဒပြ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပေမယ့် ရွေးကောက် တင်မြောက်ခံ သူ့ အစိုးရ နုတ်ထွက်ဖို့ ကိစ္စ ကတော့ အခြေခံ ဥပဒေနဲ့ မကိုက်ညီ ဘူးလို့ ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ကို ဆန့်ကျင်တဲ့ အစိုးရ နုတ်ထွက် ပေးရေးနဲ့ တောင်းဆို ဆန္ဒပြ သူတွေဟာ ဘန်ကောက် တိုင်းရဲချုပ်ရုံး သိမ်းပိုက်ဖို့ အတွက် ကြိုးစား တာကြောင့် ရဲနဲ့ ထိပ်တိုက် တွေ့ပြီး ရဲကနေ ရာဘာ ကျည်ဆံ သုံးရတဲ့ အထိ ဖြစ်ခဲ့ရ ပါတယ်။

ဝန်ကြီးချုပ် ရုံးနဲ့ ဘန်ကောက် တိုင်းရဲရုံး အရှေ့မှာ သွပ်ဆူး ကြိုးတွေ ကွန်ကရစ် တုံးတွေနဲ့ အဆင့်ဆင့် ကာထားကာ အတွင်းပိုင်းမှာ ရာချီတဲ့ ရဲတွေက ဒိုင်းတွေ ကာပြီး ကာကွယ်ထား ပါတယ်။

ဆန္ဒပြသူတွေက သွပ်ဆူးကြိုး တွေကို သဲအိပ်တွေနဲ့ ဖိချပြီး ဝင်ဖို့ကြိုးစားကြပါတယ်။ ကွန်ကရစ် တုံးကြီးတွေကို မ ထုတ်ဖို့ အတွက် ဘက်ခိုး မြေတူး ကားကြီး မောင်းလာ ပြီး ဆွဲထုတ် တာပါ။ အဲ့ဒီ အချိန်မှာ ရဲက မျက်ရည်ယို ဗုံးနဲ့ ပစ်လိုက်၊ မျက်ရည်ယို ဓါတ်ငွေ့ ရောစပ် ထားတဲ့ မီးသတ်ပိုက် ရေနဲ့ ထိုးပက်လိုက်နဲ့ နောက်ဆုံး မှာ ရာဘာ ကျည်နဲ့ ပစ်ခတ်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဒဏ်ရာ ရသူတွေကို ကယ်ဆယ်မှု အခြေအနေ

တနေ့လုံး လိုလိုပဲ ဆန္ဒပြ သူတွေက ရှေ့တိုးလိုက် ရဲက ပစ်လိုက်နဲ့ ဖြစ်နေခဲ့ ပါတယ်။ ထိခိုက် ဒဏ်ရာ ရသူတွေကို ကယ်ဆယ် ရာမှာ ပုံမှန် ကျန်းမာရေး ဝန်ထမ်း တွေ အပြင် စစ်တပ်က ဆေး တပ်ဖွဲ့ဝင် ၃ဝ ကလည်း ဒီနေ့မှာ လာရောက် ကူညီ ဆောင်ရွက် ပေးခဲ့ ပါတယ်။

ဒဏ်ရာရ သူတွေကို ဆေးရုံး အသီးသီးကို ပေးပို့ တာကြောင့် ဒဏ်ရာရသူ ဘယ်နှစ်ယောက် ရှိမလဲ ဆိုတာ အတိ အကျ မပြောနိုင်သေးဘူး။ ရာမာအထိဘောဒီ ဆေးရုံက ထုတ်ပြန်ချက် အရ ကျည်ဆံ အစစ်နဲ့ ဒဏ်ရာ ရသူ ၂ ဦး ရှိပြီး ရာဘာ ကျည်ဆံနဲ့ ထိမှန်သူ တစ်ဦး ရှိတယ်လို့ ထုတ်ဖေါ် ပြောကြားထား ပါတယ်။

မိုးချုပ် လာချိန်မှာတော့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ရုံးနဲ့ ဘန်ကောက် တိုင်းရဲရုံး တွေကနေ ဆုတ်ခွာပြီး အနီးနားက သပိတ် စခန်းတွေကို ပြန်သွားကြတယ်။

ဖမ်းဝရမ်းထုတ်ပြီ

ညနေပိုင်းမှာတော့ တစ်ထောင် လောက်ရှိတဲ့ လူတစ်စုက မြို့လယ်ခေါင်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ရုံးချုပ် အရှေ့ကို လာရောက် ဆန္ဒပြနေကြပြန်ပါတယ်။

ဆန္ဒပြ ခေါင်းဆောင် စူထေ့ပ်ကိုတော့ အစိုးရက နိုင်ငံတော် ပုံကန်မှုနဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ နောက်ထပ် ခေါင်းဆောင် ၄ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။

ဘန်ကောက်မြို့ ဆန္ဒပြ နေတဲ့ နေရာတွေမှာ စိုးရိမ် စရာရှိသလို တခြား နေရာက သူတွေက စိုးရိမ်မှု ရှိပေမယ့် တမြို့လုံး မှာတော့ ပုံမှန် သွားလာ ရောင်းဝယ် နေကြ ပါတယ်။ ထိုင်းတောင်ပိုင်းက ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွေမှာလည်း ဆန္ဒပြမှုတွေ ရှိပေမယ့် အကြမ်းဖက်မှုတွေ တော့ မရှိဘူးလို့ သိရပါတယ်။

BBC

Monday, 2 December 2013

ရင်လတ်ကို ထိုင်းဝန်ကြီးရာထူးမှ နှုတ်ထွက်ရန် ထိုင်းပြည်သူတို့ ရာဇသံပေး

လက်ရှိ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝက်ထရာ ကို သမ္မတ ရာထူးကနေ ၂ ရက်အတွင်း နှုတ်ထွက်ပေးဖို့ အတွက် ထိုင်းပြည်သူတို့ ရာဇသံပေးခဲ့ကြောင်း သိရ ပါတယ်။ 

အစိုးရ ဆန့်ကျင့် သပိတ်ခေါင်းဆောင် Suthep Thaugsuban ကိုယ်တိုင် ရင်လတ်နဲ့လည်း တွေ့ဆုံခဲ့ပြိး ယင်းစကားကို ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ က အစိုးရ ဆန့်ကျင့် ဆန္ဒပြပွဲ အတော်လေး ပြင်းထန်နေပါပြီ။ အစိုးရ ဆန့်ကျင်တဲ့ ရှပ်ဝါနဲ့ အစိုးရ ထောက်ခံ ရှပ်နီတို့ ထိပ်တိုက် တွေ့ဆုံ တဲ့ အခြေအနေ အထိ ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေး ရဲများရဲ့  လက်နက်သုံး ဖြိုခွင်းမှုကြောင့် ၂ ဦးသေဆုံး ၄၈ ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ရင်လတ်ကို ဆန့်ကျင်တဲ့ အဖွဲ့ဟာ လက်ရှိမှာ ဝန်ကြီးချုပ်ရုံး၊ အစိုးရ ဌာနကို ဦးတည်လို့ ဆန္ဒပြပြီး ထိုင်း တပ်မတော်ကလည်း လုံခြုံရေးကို တင်းကြပ်လာပါတယ်။ ထိုင်း တပ်မတော်မှ ရာထူး အကြီးဆုံး အရာရှိများ ပါဝင်လာတဲ့ ပထမဦးဆုံး ပြည်တွင်း ပဋိပက္ခဖြစ်ကြောင်းလည်း ဆိုပါတယ်။ ထိုင်းတပ်မတော် ခေါင်းဆောင် Prayuth Chan- ocha ကိုယ်တိုင်လည်း ပါဝင်လာခြင်း ဖြစ်ပါတယ်။ 

ဒီတော့ စစ်အာဏာသိမ်းမှုပဲ ထပ်ဖြစ်မလား၊ ရင်လတ်ပဲ ရာထူးက နှုတ်ထွက်မလား၊ အစိုးရ ဆန့်ကျင်အဖွဲ့ပဲ ကျရှုံးမလားဆိုတာ ရင်တမမ နဲ့ စောင့်ကြည့်နေရတဲ့ ကာလ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက် ဆင်ကို ထိုင်းနိုင်ငံ ပြန်လည် ဝင်ရောက်လာခွင့်ရှိအောင် နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းခွင့် ဥပဒေကို ရင်လတ်တို့ ပျူထိုင်းပါတီက လွတ်တော်သို့ တင်သွင်းပြီး အတည်ပြုရန် ကြိုးစားခြင်းဖြစ်ကြောင်း နိုင်ငံရေး ပညာရှင်များက ခန့်မှန်း ပြောဆိုပါတယ်။ သက်ဆင် ဝင်ရောက်လာမှုအပေါ်ကို ဘန်ကောက်က အလယ် လတ်တန်းနဲ့ အထက်တန်း လူတန်းစား ပါဝင်သော ရှပ်ဝါ အုပ်စုက စတင် ဆန္ဒပြခြင်း ဖြစ်ပြီး လူပေါင်း သောင်းချီ အင်အား ကြီးထွားလာခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့်မို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ်က ပဋိပက္ခဟာ ယခု ရက်ပိုင်းအတွင်း တိကျသော အဖြေ တစ်ခု ထွက်နိုင်မယ်လို့ ကမ္ဘာ့ စောင့်ကြည့်သူများက ခန့်မှန်းထားကြကြောင်း သိရပါတယ်။

Wednesday, 19 September 2012

နယ်စပ်ကုန်သွယ်ရေး ‘နှစ်ဆတိုးရန်’ ထိုင်း မျှော်မှန်းထား


ဘန်ကောက် ။      ။ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးကို ၂ဝ၁၅ ခုနှစ်တွင် နှစ်ဆတိုးကာ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ အထိ ရှိလာစေရန် ထိုင်းနိုင်ငံက မျှော်မှန်းထားသည်။ ထိုအချိန်တွင် ပေါ်ထွက်လာမည့် အာဆီယံ စီးပွါးရေး အသိုင်းအဝိုင်း (AEC) ကြောင့် ပေါ်ထွက်လာမည့်ကျယ်ပြန့်သော ဈေးကွက်ကြီးများကို မျှော်ကာ ထိုသို့ ရည်ရွယ် မှန်းဆထားခြင်း ဖြစ်သည်။

“AEC မတိုင်ခင် ပေါ်ပေါက်လာမယ့် ပိုမိုနီးစပ်တဲ့ စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးဟာ ထိုင်းနိုင်ငံအတွက် ပိုပြီး အရေးပါလာဦးမယ်။ နောက်ထပ် အာဆီယံနိုင်ငံတွေ အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ တို့က အကောက်ခွန်တွေကို လျှော့ချနေကြပြီး ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေးကိုလည်း ပိုပြီး မြှင့်တင်လုပ်ဆောင်ဖို့ လိုလာနေပါတယ်” ဟု ထိုင်းနိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ ဥက္ကဋ္ဌ အော်လန်းချိုင်ပရာဗတ် (OlarnChaipravat) က တနင်္လာနေ့ က ပြောကြားလိုက်သည်။

ဥရောပ ကြွေးမြီ အကြပ်အတည်းကြောင့် နောင်နှစ်ပေါင်း အတော်ကြာထိ ရှိနေဦးမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး
နှေးကွးမှုအတွင်း နိုင်ငံ့စီးပွါးရေး ခိုင်မာနေစေရန်အတွက် ထိုင်းအစိုးရက နယ်စပ် ကုန်သွယ်ရေးကို ထည့်သွင်း
ဆောင်ရွက်သွားမည် ဖြစ်သည်။

AEC စနစ်အတွင်း အကောက်ခွန် သုညအထိ လျှော့ချထားမည်ဖြစ်၍ အာဆီယံ ကုန်သွယ်ရေးကို နှစ်ဆအထိ တိုးလာစေသင့်ကြောင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အလုပ်ကော်မတီ၏ ပထမဆုံး အစည်းအဝေးအပြီး အော်လန်း က ပြောကြားလိုက်သည်။

အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး တို့အတွက် ထိုင်းအစိုးရ က ဆောင်ရွက်သွားမည် ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့အတွက် ထိုင်းအစိုးရက လုပ်ငန်း အစီအစဉ် ငါးရပ် ရေးဆွဲချမှတ်သွားမည် ဖြစ်သည်။

လုပ်အား အသားပေး စီးပွါးရေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများတွင် တည်ထောင် လုပ်ကိုင်ပြီး တတိယနိုင်ငံ
ဈေးကွက်များသို့ တင်ပို့နိုင်ရန်အတွက် အစိုးရက မက်လုံးများ ပေးသွားမည် ဖြစ်သည်။ ဤနည်းဖြင့် ထိုင်းနိုင်ငံတွင်
ဖြစ်ပေါ်လျက်ရှိသော လုပ်သားအင်အား ရှားပါးမှုကို လျော့ပါးသက်သာစေပြီး ကုန်ချော တင်ပို့ရာတွင်လည်း ဖွံ့ဖြိုးပြီး
နိုင်ငံများက အိမ်နီးချင်းနိုင်ငံများကို အထူး သက်သာသော အခွန်နှုန်းထားများ ပေးထားသဖြင့် ထိုင်းလုပ်ငန်းရှင်များ အတွက် ပို့ကုန် အထူးအခွင့်အရေးများ ရရှိစေမည် ဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းအနေနှင့်လည်း အာဆီယံ ပေါင်းစည်းရေးကို ရှေးရှုသည့်အနေဖြင့် အာဆီယံ နိုင်ငံများအပြင် အခြား တတိယနိုင်ငံများသို့လည်း တင်ပို့သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ သည်လည်း ပိုမိုပြိုင်ဆိုင်နိုင်စွမ်း ရှိလာစေရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်မှုများ လုပ်ဆောင်လာမည် ဖြစ်သည်။

ထိုင်းနိုင်ငံအနေနှင့် နယ်စပ် ဂိတ်များလည်း ပိုမိုဖွင့်လှစ်ကာ အမြဲတန်း နယ်စပ်ဂိတ် ငါးခုကို နိုင်ငံတကာ နယ်စပ်စခန်း များအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး အနည်းဆုံး ယာယီဂိတ် ၁ဝ ခုကိုလည်း အမြဲတမ်း နယ်စပ်ဂိတ်များအဖြစ် တိုးမြှင့်သွားမည် ဖြစ်သည်။

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို အဓိကထားကာ အိမ်နီးချင်းနိုင်ငံများတွင် ကူးသန်း ရောင်းဝယ်ရေး ဘဏ်များ ဖွင့်လှစ်ရေး ထိုင်းအစိုးရက ကူညီထောက်ပံ့ပါရန်လည်း ထိုင်းအမျိုးသား သင်္ဘောလုပ်ငန်းရှင်များ အသင်း ဒု-ဥက္ကဋ္ဌ ဗာလော့ဗီတာနာကွန် က ပြောကြားလိုက်သည်။
မဇ္ဈိမ

Friday, 6 July 2012

ထိုင်းနိုင်ငံရောက် သာသနာပြု လန်ပန်း ဆရာတော်ကြီး ဦးဓမ္မာနန္ဒ ပျံလွန်

လွန်ခဲ့နှစ်ပေါင်း (၅၀) ကျော်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ကြွချီပြီး ပရိယတ္တိ၊ ပဋိပတ္တိစာပေတွေ သာသနာပြု သင်ကြားပေးနေတဲ့ သက်တော် (၉၃) နှစ်၊ ဝါတော် (၇၃) ဝါ ရှိပြီဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရ ဝပ်ထာ့မအို ကျောင်းတိုက် လန်ပန်း ဆရာတော်ကြီး ဦးဓမ္မာနန္ဒဟာ မနေ့ မနက်က လန်ပန်းခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ပျံလွန်တော်မူသွားပါတယ်။

ဆရာတော်ကြီး ပျံလွန်တော်မူတာနဲ့ပတ်သက်လို့ (၁၀) နှစ်ကြာ အနီးကပ် ပြုစုခဲ့တဲ့ အရှင်ဇနကက အခုလို မိန့်ပါတယ်။

“ဆရာတော်ကြီးက ပြီးခဲ့တဲ့နှစ် (၂၇) ရက် ဇူလိုင်လကနေ ဆေးရုံတက်ရတာ၊ အခုဆို တနှစ်နီးပါးပဲပေါ့။ ရင်ကြပ်တာလေးနဲ့ စပြီးတော့ ဆေးရုံတင်လိုက်တာ၊ ဆေးရုံမှာပဲ သက်တောင့်သက်သာ special nurse တွေ ထားပြီးတော့ ဆေးကုသ ထားတာပေါ့နော်၊ ဒီနေ့ မနက်ခင်းပဲ မနက်ခင်း (၅း၅၀) လောက်က ပျံလွန်တော်မှုသွားတာ”

လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀) ကတည်းက ဆရာတော် ဦးဓမ္မာနန္ဒနဲ့ အမေရိကန်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးသောဇနရယ်တို့ဟာ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ အစီအစဉ်အရ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ထိုင်းနိုင်ငံ နခွန်ဆဝမ်မြို့မှာ စာဝါပို့ချပြီး သီတင်းသုံးနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဝပ်ထာ့မအိုကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဖြစ်လာပြီး ပရိယတ္တိ စာသင်တိုက် တည်ထောင်ခဲ့ပါတယ်။ ဆရာတော်ဟာ ဗုဒ္ဓသာသနာနဲ့ ပတ်သက်လို့ ပါဠိစာပေတွေကို ထိုင်းလူမျိုး အများစုအပါအဝင် နိုင်ငံခြားသားတွေကို သင်ကြားပို့ချပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို စာပေသင်ကြားပေးတဲ့အတွက် နာမည်ကျော်ကြားလာပြီး ထိုင်းဘုရင့်သမီးတော် သီရိဒုံ ဆက်ကပ်တဲ့ ကျမ်းပြုအကျော်အမော်ဘွဲ့နဲ့ မြန်မာစာသင်သား ရဟန်းတော်များ တက်ရောက် သင်ကြားနေတဲ့ မဟာချုလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်က ပါရဂူဘွဲ့ ဆက်ကပ်ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံကနေ လာပြီးတော့ ပရိယတ္တိ၊ ပဋိပတ္တိစာပေ ပြန့်ပွားရေးအတွက် သာသနာပြုခဲ့တဲ့ အကျော်အမော် ဆရာတော်တွေ ရှိတဲ့အထဲမှာ ပရိယတ္တိစာပေနဲ့ ပတ်သက်လို့ ဆရာတော်ကြီးဟာ နောက်ဆုံးလို့ ပြောရမှာ ဖြစ်ကြောင်းလည်း ဆရာတော် ဦးဇနကက မိန့်ပါတယ်။

ဆရာတော်ရဲ့ အန္တိမ ဈာပနကို (၆) လ (၁) နှစ်ကြာမှ ပြုလုပ်မှာ ဖြစ်တဲ့အတွက် အပတ်တိုင်းမှာတော့ အလှူရှင်အပေါ် မူတည်ပြီး ဝပ်ထာ့မအိုကျောင်းမှာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်မယ်လို့လည်း သိရပါတယ်။

Ref: RFA

Tuesday, 3 July 2012

"လည်ပင်းကို လှီးသတ်ဖြတ်သည့်မြန်မာတစ်ဦးအား၂လအကြာတွင်ဖမ်းမိ"


ဇူလိုင် ၂ ကိုတီး(ထိုင်းဘာသာပြန်သတင်းထောက်)

       ထိုင်းနိုင်ငံ အနောက်ပိုင်း ဘန်ကောက်မြို့နှင့် ကီလိုမီတာ ၁၀၀ ကွာဝေးရှိ  လရှ်ဘူလီမြို့နယ် ခုပိုးဝါးရွာ နယ်မြေ အမှတ် ၁ ဘန့်စွယ် လွမ့်ကျိုင် လမ်းစွယ် တွင် လူသတ်မှုကျူးလွန်ခဲ့သူဟု ယူဆရသူ
 အသက်၂၃ နှစ်အရွယ် ကိုစောထွန်း အား ယမန်နေ့ က ဖမ်းဆီးရမိေ ကြာင်း ထိုင်းဘာသာဖြင့်ထုတ်ဝေ သည့် ခေါင်စွတ်သတင်းစာတွင်  ရေးသားဖေါ်ပြထားသည်။

ပြီးခဲ့သည့် ၂လခန့်က ဆိုင်ကယ်တက္ကဆီ ပြေးဆွဲနေသော ထိုင်းလူမျိုး နိုင် ဝိစစ် စုဖုန်း အသက် ၃၉ နှစ် အား အလည်ရန် ငှားရမ်းပြီး လူပြတ်သည့် နေရာအရောက်တွင် အပေါ့သွားရန် ဆိုင်ကယ် ပေါ် မှ ဆင်း၍ ယူဆောင်လာသော ဓါးနှင့် ဝမ်းဗိုက်ကို ထိုးခဲ့ ကြောင်း ကိုစောထွန်း ကထွက်ဆိုကြောင်း  သတင်းတွင်း  ရေးသားထားသည်။

ဆိုင်ကယ်မောင်းသူမှာ ဓါးဒဏ်ရာဖြင့် ထွက်ပြေးခဲ့သော်လည်း မလွတ်ဘဲ ဓါးဖြင့် လည်ပင်းကို လှီးပြီး  ဓါးကို နီးစပ်ရာတွင် လွှင့်ပစ် ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူတွင် ပါလာသော ဘတ်ငွေ ၃၆၂၀ ယူ၍ လရှ်ဘူလီမြို့နယ်ရှိ ဖိုးထလန်း ရွာတွင်တိမ်းရှောင်ခဲ့စဉ် ယ္ခု ကဲ့သို့ အဖမ်း ခံခဲ့ရသည်။

Ref: Golden Workers

Saturday, 30 June 2012

မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ပြည်တော်ပြန်မှာ ထိုင်း စိုးရိမ်

မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ နှစ်အနည်းငယ်အတွင်းမှာ ပြည်တော် ပြန်သွားနိုင်တာကြောင့် လိုအပ်လာမယ့် အလုပ်သမား အခက်အခဲတွေအတွက် အမြန်ဆုံး ကြိုတင်ပြင်ဆင်ကြဖို့ လိုတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ Trang ခရိုင်စက်မှုဇုန် ဥက္ကဋ္ဌ Withee Supitak က ဇွန်လ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တခုမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ – ဧရာဝတီ)
ပြီးခဲ့တဲ့ မေလက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့  ထိုင်းနိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်းမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို တွေ့ဆုံခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာတွေ အမိမြေကို လာမယ့်နှစ် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ပြန်လာနိုင်ပြီး အလုပ် လုပ်နိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လုပ်ပေးနိုင် လိမ့်မယ်လို့ Mr. Withee Supitak က ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆို ထားပါတယ်။
“အထူးသဖြင့် ထုတ်ကုန်လုပ်ငန်းတွေမှာ ဒီရွှေ့ပြောင်း အလုပ်သမားတွေကိုပဲ မှီခို အားထားနေရတာကြောင့် အလုပ်သမား ပြတ်လပ်မှု အခက်အခဲဖြစ်လာမှာကို Trang က စက်မှု လုပ်ငန်းရှင်တွေက စိုးရိမ်နေကြတယ်” လို့ Mr. Withee Supitak က ဆိုပါတယ်။
Trang စက်မှုဇုံမှာ ထိုင်းနိုင်ငံ မြောက်ပိုင်းကနေ တောင်ပိုင်းအထိ တနံတလျားက ထိုင်းနိုင်ငံသားတွေကို ထိုင်းရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် အလုပ်အကိုင်တွေ ခန့်ထားပေးနေတာကြာပါပြီ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သူတို့ ဒေသနယ်မြေတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အရင်ကထက် ပိုရှိလာပြီး ၀င်ငွေနဲ့ လုပ်အားခကလည်း ဒီကပေးတဲ့ ပမာဏလောက်ရှိတော့ ကျနော်တို့ဘက်ကို အလုပ်လာရှာတဲ့ လူတွေ နည်းလာတယ်လို့ သူက ဆက်ပြောတယ်။
“ရွှေ့ပြောင်း အလုပ်သမားတွေဟာလည်း သူတို့ရဲ့ မိခင်နိုင်ငံကို ပြန်သွားကြမယ်ဆိုရင် တောင်ပိုင်း စက်ရုံလုပ်ငန်းတွေမှာ အစားထိုးနိုင်ဖို့ အပြောင်းအလဲတွေ အမြန်လုပ်ရလိမ့်မယ်။ ပြီးတော့ အလုပ်သမား နည်းပါးလာမှုကို တခြား စက်ယန္တယားတွေနဲ့ ဘယ်လို အစားထိုးမလဲဆိုတဲ့ နည်းလမ်းတွေလည်း အမြန် ရှာရလိမ့်မယ်” လို့ Mr. Withee Supitak က ဆိုပါတယ်။
ပြည်ပပို့ကုန်လုပ်ငန်းတွေမှာ ၁၀ ရာခိုင်နှုန်းက နေ ၂၀ ရာခိုင်နှုန်းအထိ ဆက်တိုက် အရှုံးပေါ်နေပြီး Trang ခရိုင်ရဲ့ စီးပွားရေးဟာလည်း ပုံမှန်ထက် နှေးကွေးနေကြောင်း၊ နိုင်ငံခြား တိုင်းပြည်ကနေ မှာယူတင်သွင်းရတဲ့ ရော်ဘာတို့၊ ဆီအုန်း တို့မှာလည်း အရှုံးပေါ်သလို ထိုင်းဘတ်ငွေဈေး ကျလာတဲ့အပြင် ပြည်တွင်း လယ်ယာထွက်ကုန်ပစ္စည်း ဈေးနှုန်းတွေကလည်း ကျလာတယ်လို့ သူက ဆက်ပြောထားပါတယ်။
“လူတွေဆီက ဆန္ဒမဲရဖို့ အစိုးရကလည်း အစောပိုင်းမှာ မူဝါဒပိုင်းလောက်သာ ကောင်းတာကြောင့် အစိုးရအပေါ်မှာလည်း ဒီက စက်ရုံလုပ်ငန်းရှင်တွေအနေနဲ့ မှီခိုလို့ မရဘူး။ ဒါကြောင့် လုပ်ငန်း လုပ်ကိုင်ရတာလဲ အဆင်မပြေဘူး” လို့ သူက ထောက်ပြပါတယ်။
ထိုင်းနိုင်ငံမှာ အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီယား စတဲ့ နိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား သန်းချီရှိတဲ့အထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားက ၂ သန်းကျော်ရှိပါတယ်။
အဲဒီအထဲက ၁ သန်းကျော်ကိုသာ ထိုင်း-မြန်မာ အစိုးရတို့ ပူးပေါင်းပြီး အထောက်အထား စာရွက်စာတမ်း ထုတ်ပေးနိုင်ပါသေးပြီး တခြား တရားမ၀င် ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အနည်းဆုံး ၁ သန်းကျော် ရှိနေသေးတယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောကြပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်က လာရောက်ပြီး အလုပ်ကြမ်းအလုပ် လုပ်ကိုင်နေတဲ့  အသက် ၂၂ အရွယ် မောင်နေအောင်ကတော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးတာရယ်၊ သူတို့ရဲ့ တောင်ယာတွေကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးမှုတွေကြောင့် ၀င်ငွေနဲ့ လုပ်အားခ ထိုက်သင့်တဲ့ ထိုင်းနိုင်ငံကို လာတာလို့ ပြောပါတယ်။
“လောလောဆယ်တော့ မြန်မာနိုင်ငံမှာ ပြောင်းလဲနေပြီလို့ သတင်းတွေမှာ ပြောပေမယ့် အလုပ်အကိုင်ရဖို့တို့ နောက် ပိုက်ဆံရဖို့ ဆိုတာတွေက ချက်ချင်းကြီး ဒီ ထိုင်းနိုင်ငံလောက် မရနိုင်လောက်သေးဘူးလို့ပဲ ကျနော်ထင်တယ်။ ကိုယ့်နိုင်ငံက ပိုအဆင်ပြေရင်တော့ ဒီထိုင်းထက် ပိုရရင်တော့ မြန်မာပြည်ပြန်မှာပေါ့” လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးစနစ်ဟာ လုပ်အားခသက်သာပြီး အောက်ခြေသိမ်း လုပ်ငန်းများမှာ လုပ်ကိုင်နိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားများရဲ့ လုပ်အားကို အကြီးအကျယ် မှီခိုနေကြရပါတယ်။

Ref: ဧရာဝတီ

Saturday, 23 June 2012

လူကုန်ကူးမှုလုံးဝ ရပ်တန့်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ထိုင်းအစိုးရ ပြော

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး၌ အသင့်အတင့် ကာကွယ်သည့် အဆင့်တွင်သာ ရှိနေသေးသဖြင့် လူကုန်ကူးမှုလုံးဝ ရပ်တန့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထိုင်းလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး ဌာနမှ အမျိုးသမီးတဦးဖြစ်သူ ဒါရိုက်တာ Chuliporn က ပြောကြားလိုက်သည်။
IMG_6254
လူကုန်ကူးမှုတိုက်ဖျက်ရေး၌ လုံးဝအကာအကွယ်ပေးနိုင်သည့် အဆင့်၊ အသင့်အတင့် ကာကွယ်ပေးနိုင်သည့် အဆင့်နှင့် လစ်လျူရှုထားသည့် အဆင့်ဟူ၍ အဆင့် ၃ဆင့်ထဲတွင် ထိုင်းနိုင်ငံသည် ယင်းအဆင့်သာ ရှိနေသေး ကြောင်းကို ယနေ့ မဲဆောက်မြို့၌ နံနက် ၈နာရီမှ ညနေ ၃နာရီအထိ ပြုလုပ်သည့် “ထိုင်းလူကုန်ကူးမှု ပပျောက်ရေးနေ့” အခမ်းအနားတွင် သူမက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လူလူချင်းရောင်းစားတဲ့ လူကုန်ကူးမှုတွေ ကျူးလွန်နေတာဟာ လုံးဝ မရှိသင့်ဘူး။ နောက် လူကုန်ကူးတဲ့သူ တွေကိုလည်း ဖမ်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အဆင့် မဟုတ်ပါဘူး။ အခုလို မျိုးပညာပေးပွဲလေး လုပ်ဖြစ်သွားတော့ အားလုံးလည်း ဗဟုသုတတွေရရှိပြီး ကျမတို့နဲ့အတူ လူကုန်ကူးမှု တိုက်ဖျက်ရေးကို ပူးပေါင်းသွားကြစေချင်ပါ တယ်။”ဟု ပြောသည်။

ထိုင်းလူဝန်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ထိုင်းနိုင်ငံ လူကုန်ကူးမှုများကို တိုက်ဖျက်သည့် အနေဖြင့် စွတ်ခွန်ထိုင်း နှင့် တာ့ခ်ခရိုင်တို့တွင် စခန်းများထားရှိပြီး တရားဝင် မဟုတ်သူများ ကူးသန်းသွားလာ ပါက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ကာ သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ပေးနေကြောင်း ပြောသည်။

ယနေ့ အခမ်းအနားတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ အစိုးရဌာနဆိုင်ရာများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုင်းအစိုးရဌာနများမှ တာဝန်ရှိသူများ၊ လူထုအခြေပြုအဖွဲ့အချို့မှ ပုဂ္ဂိုလ်များနှင့် ထိုင်း-မြန်မာနယ်စပ် ရွေ့ပြောင်းမြန်မာစာသင် ကျောင်းမှ ကျောင်းသူကျောင်းသားများအပါအ၀င် လူထု ပရိဿတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း-FED က ကိုရန်မျိုးနိုင်က “ဒီလိုပွဲလေး လုပ် လိုက်ခြင်းဖြင့် အားလုံးလည်း ဗဟုသုတအသိတွေ ပိုများလာမယ်။ အရင်ကဆို တခုခုဖြစ်ရင် ဘယ်နေရာသွား တိုင်ရမှန်း မသိဘူး။ အခုလို ကူညီမယ့်အဖွဲ့အစည်းလည်း ရှိတယ်ဆိုတာ သိသွားတော့ လူကုန်ကူးမှုကြုံလာရင် ဘယ်လို တိုင်ကြားလို့ ရမယ်ဆိုတာကို သိလာမယ်လေ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အခမ်းအနားတွင် တက်ရောက်သည့် ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းများဖြစ်သည့် ဆာ့သူးလေ၊ ပါရမီ၊ ခွဲကဘောင်၊ အာရုံဦး၊ နေ့သစ်၊ CDC ကျောင်းသူကျောင်းသားလေးများက လူကုန်ကူးမှုတိုက်ဖျက်ရေး ပြဇာတ်၊ တေးသီချင်း၊ သံချပ်၊ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သလို ပန်းချီပြိုင်ပွဲများလည်း ကျင်းပခဲ့သည်။

ခွဲကဘောင်ကျောင်းမှ ၁၂ တန်းကျောင်းသူ နော်ဒါးဒါသူးက “အခုထိုင်းနယ်စပ်မှာ လူကုန်ကူးမှုတွေ ခေတ်စား နေတယ်လေ။ ဒီပွဲကို တက်တဲ့အတွက် သူများရဲ့ အလိမ်မခံရအောင် အသိတွေ အများကြီးရလာတယ်။ တခြား မသိသေးတဲ့ သူတွေကိုလည်း သမီးသိထားတာလေးတွေ ပြန်ပြောပြမယ်။”ဟု ပြောသည်။

ထိုင်းနိုင်ငံသည် နိုင်ငံတကာအသိအမှတ်ပြု လူကုန်ကူးမှုခံရသူများအား ကာကွယ်ရေးအက်ဥပဒေ-TVP ကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စတင်ကာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းလူမှု့ဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

Ref: KNG

Wednesday, 6 June 2012

ထိုင်းအစိုးရနှင့် ရွှေ့ပြောင်းအလုပ် သမားကူညီရေးအဖွဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဆွေးနွေးခဲ့

ဇွန်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၏ အလုပ်သမားအခွင့်အရေး ဥပဒေကို မြန်မာရွေ့ပြောင်းအလုပ်သမားများသိရှိလာရန် ရည်ရွယ်၍ မဲဆောက်အခြေစိုက် ထိုင်း အလုပ်သမားကာကွယ်ရေးဦးစီးဌာနနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့်အဖွဲ့များ ယနေ့ တွေ့ဆုံဆွေး နွေးခဲ့ကြသည်။

ယနေ့ နံနက် ၉နာရီမှ နေ့လည် ၁နာရီအထိ မဲဆောက်မြို့ရှိ SP စားသောက်ဆိုင်တွင် ထိုင်းအလုပ်သမား ကာကွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် ၄ဦးနှင့် NGOs ၊ CBOs အဖွဲ့ ၁၂ဖွဲ့မှ ကိုယ်စားလှယ် ၂၀ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု ရောင်ခြည်ဦးမြန်မာ အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့၏ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က ပြောသည်။

“အလုပ်သမားတွေအနေနဲ့ အခွင့်အရေးချိုးဖောက်ခံရမယ်ဆိုရင် ဘယ်လိုမျိုးပြင်ဆင်ပြီး တောင်းဆိုခွင့်ရှိတယ်။ အခွင့်အရေးတောင်းဆိုတဲ့ အခါမှာလည်း အလုပ်ကို နားလိုက်တာမျိုး မလုပ်ရဘူး။ နားမယ်ဆိုရင်လည်း တရားဝင် နားရမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး အလုပ်သ မား အခွင့်အရေးထဲမှာပါတဲ့ ရှောင်သင့်၊ ဆောင်သင့်တာတွေကို ဆွေးနွေးကြတာပါ။”ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး အလုပ်သမားကူညီဆောင်ရွက်ပေးနေသည့် NGOs ၊ CBOs အဖွဲ့များအနေဖြင့် အလုပ်သမားများကို အခွင့်အရေးဆိုင်ရာ ပညာပေးခြင်း၊ သင်တန်းပို့ချပေးခြင်းနှင့် အမှုကိစ္စများ လိုက်လံဖြေရှင်းပေးရာတွင်လည်း ချိတ်ဆက် လုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့ သည်ဟု ၎င်းက ဆက်ပြောသည်။

အလုပ်သမားအခွင့်အရေးများကို အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့များအနေဖြင့် သိရှိထားပြီးဖြစ်သောကြောင့် ထိုင်းအစိုးရ အား တစ်စုံတရာ တင်ပြဆောင်းဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ရက်နေ့ကလည်း ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမားများ၏ တစ်နေ့တာလုပ်အားခ အပြည့်အ၀ ရရှိရေးအတွက် ထိုင်းအစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ မဲဆောက်မြို့တွင် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း

တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့လို့ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်က ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီအစ္စလာမ်ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်တချို့ စုဝေးဆန္ဒပြမှု ဖြစ်ပွားရာ ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းနေစဉ်။
အစ ပထမပိုင်းမှာ ဆန္ဒပြသူ ၁၀ ဦးခန့်က စာတမ်းများကို ကိုင်ဆောင်ပြသနေပြီး နောက်ပိုင်းမှာ အသတ်ခံရတဲ့ သူတွေရဲ့ သွေးသံရဲရဲ ဓာတ်ပုံတွေကို ပြသကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဆန္ဒပြသူတွေအပြင် ရပ်ကြည့်သူတွေ တဖြည်းဖြည်းနဲ့ လူ ၅၀၀ ခန့်အထိ များပြားလာတယ်လို့ ဆိုပါတယ်။ မွန်းလွဲ ၂ နာရီကျော်ကျော်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဆန္ဒပြသူတွေကို လာပြီး မေတ္တာရပ်ခံခဲ့တယ်လို့ ရပ်ကြည့်နေသူတစ်ဦးက အခုလို ပြောပါတယ်။

"အစ္စလာမ်ဘာသာဝင် လေး-ငါးရာလောက်ရှိမယ်။ တောင်ကုတ်မှာ အသတ်ခံလိုက်ရတဲ့ လူတွေအစား သူတို့က တရားခံတွေ ရှာပေးဖို့ သူတို့ ဆန္ဒထုတ်ဖော်ကြတာပေါ့။ အဲတော့ အဲဒီမှာ သူတို့ဓာတ်ပုံတွေထောင်ပြပြီးတော့ တရားခံတွေ အမြန်ဆုံး ဖော်ထုတ်ပေးပါပေါ့။ အရေးယူ ပေးပါပေါ့နော်။ ကိုမြအေးတို့လည်း ရောက်လာတယ်။ ကိုမြအေးက ဒါကိုသည်းခံကြဖို့၊ တရားဥပဒေ စိုးမိုးရေးအတွက် အဓိက လူစုခွဲပေးကြဖို့ပေါ့။ သူကတော့ မေတ္တာရပ်ခံတယ်"

ဆန္ဒပြသူတွေ ခေတ္တလူစုခွဲသွားပြီးနောက် ခနအကြာမှာ ထပ်မံပြီး ဆန္ဒပြကြပါတယ်။ ရပ်ကြည့်သူတွေထဲက ဆန္ဒပြသူတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေကို ဖယ်ရှားဖို့ အပြန်အလှန် တောင်းဆိုရာကနေ အခြေအနေ တင်းမာလာပါတယ်။

ညနေ ၄-နာရီခန့်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့တွေ ရောက်လာပြီး လူစုခွဲဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ ရပ်ကြည့်နေသူ နောက်တစ်ဦးက အခုလိုပြောပါတယ်။

" ဆူးလေဘုရားနဲ့ ဒီဘက်က မြို့တော်ခန်းမ ရှေ့အပေါက်ပေါ့နော်။ ဒါကိုသူတို့ ပိတ်လိုက်တယ်။ ယာဉ်ကြောတွေ ပိတ်ပစ်လိုက်ပြီးတော့ သူတို့ လူစုခွဲနေတာပေါ့လေ။ သူတို့ လူစုခွဲနေပြီးတော့ ဗလီထဲကို ပြန်ပြီးတော့ သွင်းနေတယ်။ ခုနက ဓာတ်ပုံတွေကိုင်ပြီး ပြနေတဲ့ဟာတွေ မရှိတော့ဘူးခင်ဗျ။ မရှိတော့ဘဲနဲ့ ပြန်ဝင်သွားတယ်။ လောလောဆယ် အခုကဖြစ်နေတာက အပြင်က ခုနက ကြည့်နေတဲ့ ပရိသတ်ထဲကနေပြီးတော့ ပြန်ပြီးတော့ ဆူတဲ့ပူတဲ့ သဘော ဖြစ်နေတာပေါ့နော်။ အဲဒီလို ဆန္ဒမပြသင့်ဘူး။ ခေါင်မိုးပေါ်တက်ပြီးပြောတော့ အထဲကလှမ်းပြီး ဆဲလိုက်တာ။ လှမ်းဆဲလိုက်တော့ အခုက ရုန်းရုန်းပြန်ဖြစ်သွားတာ။ အခုတော့ ပရိသတ်နဲ့ ဖြစ်နေတဲ့ သဘောပေါ့နော်"

ညနေ ၄ နာရီနောက်ပိုင်းမှာ ဆူးလေဘုရားလမ်း အ၀ိုင်းပတ်တဲ့ ယာဉ်ကြောတစ်ကြောသာဖွင့် ပေးထားပါတယ်။ လုံထိန်းတွေ တင်ဆောင်လာတဲ့ကား ၆ -စီး ကို မြို့တော်ခန်းမအနီးမှာ တွေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

သက်ဆိုင်ရာက ကြားဝင်ဟန့်တားခဲ့လို့ လူစုကွဲသွားကြပြီလို့ သိရပါတယ်။ အလားတူ ဆန္ဒပြပွဲမျိုး မင်္ဂလာတောင်ညွန့် မြို့နယ် အောင်ဆန်းကွင်း အရှေ့ဘက်က တခြမ်းပဲ့ ဗလီမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Ref: RFA

Monday, 4 June 2012

 ဒုက္ခသည်စခန်းရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ဒုက္ခသည်စခန်းရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးစားသွားမည်ဟု  ဒေါ်အောင်ဆန်းစုကြည်က ထိုင်း-မြန်မာနယ်စပ်အနီးရှိ မယ်လဒုက္ခသည် စခန်းသို့ ရောက်ရှိချိန်တွင် ပြောဆိုလိုက်ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂ ရက်နေ့တွင် နံနက်ကိုးနာရီခန့်အချိန်တွင် မဲဆောက်သို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။ 

ဒုက္ခသည်စခန်းသို့ ရောက်ရှိချိန်၌ သီးခြား မိန့်ခွန်းပြောဆိုခဲ့ခြင်း မရှိသော်လည်း ဒုက္ခသည်များအား နှုတ်ဆက်စကား အနည်းငယ်ပြောကြားခဲ့ရာတွင် နေရပ်ပြန်နိုင်ရေးအတွက် ကြိုးစားပေးသွားမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

"ဒီကလူတွေကိုလည်း မေ့မထားပါဘူး။ တစ်နေ့ကျရင် ပြန်လာနိုင်အောင် ကြိုးစားပေပါမယ်။ ကျန်းမာရေးကအစ တခြားလိုအပ်တာတွေ ရအောင်လည်း အမြန်ဆုံး ကြိုးစားပေးမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ 
w7_35_02_1
သို့သော် ယခုရင်ဆိုင်နေရသော ပြဿနာများသည် လက်တွေ့ကျကျ ဖြေရှင်းရမည့် ကိစ္စများ ဖြစ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ခဲ့ပါသည်။ 

“ဒီပြဿနာတွေက စိတ်လှုပ်ရှားခံစားမှုနဲ့ ဖြေရှင်းလို့မရဘူး။ လက်တွေ့ကျကျ ဖြေရှင်းရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။ 

မယ်လဒုက္ခသည်စခန်းသည် ထိုင်းနိုင်ငံတွင်ရှိနေသော မြန်မာဒုက္ခသည် စခန်း ရှစ်ခုအနက် အကြီးဆုံးသော ဒုက္ခသည်စခန်းဖြစ်ပြီး ဒုက္ခသည်အရေအတွင် ၅၀၀၀၀၀ ကျော်နေထိုင်လျက် ရှိနေပါသည်။ အကျယ်အ၀န်း လေးမိုင်ခန့်ရှိသော မယ်လဒုက္ခသည်စခန်းတွင် ဇုန်အရေအတွက် သုံးခုခွဲ၍ သတ်မှတ်ထားပြီး ဇုန်အမှတ် C သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဒုက္ခသည်စခန်းအတွင်း ရောက်ရှိနေသူများအနက် ၈၅ ရာခိုင်နှုန်းမှာ ကရင်လူမျိုးများ ဖြစ်ကြပြီး အခြားတိုင်းရင်းသားများနှင့် ဗမာများလည် ရောက်ရှိလျက်ရှိနေပါသည်။ 
w7_35_02_1
ဒုက္ခသည်စခန်းအတွင်း ရောက်ရှိသူများအနက် ၂၀၀၅ခုနှစ် မတိုင်မီ ရောက်ရှိသူအများစုမှာ စစ်ပြေးဒုက္ခသည်များ ဖြစ်ကြပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း ရောက်ရှိလာသူများမှာ စီးပွားရေးအဆင်မပြေမှု အပါအ၀င် အခြားသော အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာကြသူများ ဖြစ်ပါသည်။ 
w7_35_02_1
ဒုက္ခသည်အများစု၏ အနာဂတ်မှာ ပျောက်ဆုံးလျက် ရှိနေသော်လည်း အမေရိကန်၊ ကနေဒါနှင့် အီးယူအစရှိသော တတိယနိုင်ငံများသို့ သွားရောက်နိုင်ရေး အိပ်မက်မှာမူ ဒုက္ခသည်များတွင် ရှိနေကြဆဲဖြစ်သည်။ လတ်တလောအနေဖြင့်မူ UN မှ အသိအမှတ်ပြုလက်မှတ်နှင့် ထိုင်းနိုင်ငံမှ ထုတ်ပေးသော မှတ်ပုံတင်ရှိသူများသာ တတိယနိုင်ငံသို့ သွားရောက်ရန် မျှော်လင့်ချက်ကို ရှင်သန်မှုရှိစေကြောင်း သိရပါသည်။ 


"အခုအခြေအနေအရတော့ UN ကထုတ်ပေးတဲ့ လက်မှတ်နဲ့ ထိုင်းမှတ်ပုံတင် ရထားသူတွေပဲ တတိယနိုင်ငံတွေကို သွားဖို့ အိပ်မက်ထားနိုင်တာပါ။ အဲဒီလက်မှတ်တွေကို ၂၀၀၅ခုနှစ် မတိုင်ခင်က ရောက်လာတဲ့ သူတွေကိုပဲ ထုတ်ပေးနေပါတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်း ရောက်လာတဲ့သူတွေပိုတော့ ထုတ်မပေးသေးပါဘူး။ ၂၀၀၅ ခုနှစ်နောက်ပိုင်း  ရောက်လာသူတွေကတော့မျှော်လင့်ချက်တွေ ပျောက်နေပါတယ်”ဟု မွန်ပြည်နယ်အတွင်း နေထိုင်ခဲ့ပြီး မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိလာသူ ကိုနိုင်အောင်က ပြောပါသည်။ 
w7_35_02_1
"UN လက်မှတ်နဲ့ ထိုင်းမှတ်ပုံတင် ရထားတဲ့သူတွေကျတော့လည်း တတိယနိုင်ငံသွားဖို့ စောင့်ရတာတွေ ရှိပါတယ်။ ပထမတစ်ချက်ကတော့ OPE ပေါ့။ OPE ဆိုတာ ဘယ်လို စစ်ဆေးလဲတော့ ကျွန်တော်လည်း တစ်ခေါက်မှ မရောက်ဖူးဘူး။ နောက်ပြီးတော့ DHS ဆိုတာ ရှိတယ်။ DHS က သူတို့ဆီရောက်မယ်ဆိုလို့ရင် ဒီကနေ ကြိုပြီးတော့ စစ်ဆေးထားတဲ့ ဟာပေါ့။ အခုထပ်ပေါ်လာတာတော့ Homeless Security ပေါ့နော်။ အဲတာတွေ စိစစ်ပြီးမှ သွားခွင့်ရတာပါ။ အဲတာတွေက ဘယ်လောက်ကြာမလဲဆိုတာတော့ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး”ဟု ကိုနိုင်အောင်က ဆက်လက်ရှင်းပြပါသည်။ 
w7_35_02_1
လက်ရှိအခြေအနေအရ UN လက်မှတ်နှင့် ထိုင်းမှတ်ပုံတင်ရရှိသူများအား စိစစ်ပြီး တတိယနိုင်ငံများသို့ စေလွှတ်မှုမှာ ဒုက္ခသည်စခန်းတစ်ခုအလိုက် လူဦးရေ ၁၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။  တတိယနိုင်ငံများသို့ သွားရောက်နိုင်ရေးမှာ ဒုက္ခသည်များအတွက် တစ်ခုတည်းသော ရွေးချယ်ခွင့်  မျှော်လင့်ချက်ဖြစ်နေဆဲ ဖြစ်ပါသည်။ သို့သော် ဒုက္ခသည်စခန်းအတွင်း နေထိုင်စဉ်ကာလအတွင်း၌   ကလေးငယ်များ၏ ပညာရေးအနာဂတ်ပျောက်ဆုံးမှုနှင့် စားနပ်ရိက္ခာမဖူလုံမှုများမှာ န့စဉ်ရင်ဆိုင်နေရသော အခက်အခဲများ ဖြစ်ကြောင်း သိရသည်။ 

"အခက်အခဲတွေကတော့ အများကြီးရှိတယ်။ ဒီမှာ ကျွန်မတို့  ဒုက္ခသည်တွေဆိုတာ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူးလေ။ အလှူရှင်တွေအပေါ်မှာ မူတည်တယ်။ လုပ်ကိုင်နေထိုင် စားသောက်ရတာတော့ ခက်ခဲတာပေါ့” မယ်လဒုက္ခသည် စခန်းရှိ CCEG (Cooperation Committee Ethnic Group) အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါ်မိုးမိုးဝင်းက ပြောပါသည်။ 

"အဓိကကတော့ ကလေးတွေရဲ့ ပညာရေးပဲ။ ပညာရေးက ဘာဆက်ရမယ်ဆိုတာ မရှိဘူး။ ဘာသာစကားမတူတဲ့ အတွက်ကြောင့် ပညာရေးမှာ အရမ်းခက်ခဲတယ်။ ဗမာပြည်က တက်လာတဲ့ ကလေးတွေဆိုလည်း အရမ်းခက်ခဲတယ်။ ကျွန်မ ကလေးဆိုလည်း ဒီအတိုင်းပဲ။ ကျောင်းတောင် မတက်ဘူး။ ဒီလိုပဲ နေရတာ။ လေးငါးခြောက်နှစ်အရွယ်မှာ၊ အသက်ကလည်း ကြီးလာပြီ။ ကျောင်းကလည်း တက်စရာမရှိဘူး”ဟု ကယားပြည်နယ်တွင် နေထိုင်ခဲ့ပြီး မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိလာသူ ဒေါ်မယ်ရီက ပြောပါသည်။ 

ထို့အပြင် အခြားပြဿနာတစ်ရပ်အနေဖြင့် စားနပ်ရိက္ခာမလုံလောက်မှုကလည်း ဒုက္ခသည်များအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း သိရသည်။ 

"ဒီမှာတော့ ဆန်ရယ်၊ ဆီရယ်၊ ပဲရယ၊ ငပိရယ် ပေးတယ်။ ဆန်ကတော့ တစ်ယောက်ကို ၁၂ ကီလို၊ ဆီကတော့ လီတာဝက်၊  မီးသွေးပေးတယ်။ မီးသွေးကတော့ လောင်စာတောင့်ပေါ့။ ပဲကတော့ တစ်ယောက်ကို တစ်ကီလိုပေးတယ်။ ပဲကတော့ ကုလားပဲနဲ့ ပဲစင်းငုံကို စပ်ထားတယ်။  နောက်ပြီးတော့ အာဟာရမှုန့်ပေးတယ်။ ဂျုံမှုန့်တော့ မဟုတ်ဘူး။ ဂျုံရော၊ ဆန်ရော ပေးထားတာတော့။ အဲတာတွေက တစ်ယောက်ကို တစ်လစာ ပေးထားတာပဲ။ ဘယ်လိုမှ မလောက်ပါဘူး”ဟု မယ်လဒုက္ခသည်စခန်းအတွင်း ဆယ်နှစ်ကျော်ကြာ နေထိုင်နေသူ မစပယ်က ပြောပါသည်။ 
w7_35_02_1
ဒုက္ခသည်များအတွက် ပေးအပ်သော ရိက္ခာမလုံလောက်သဖြင့် ၀င်ငွေရှာမှုကို ဒုက္ခသည်စခန်း အနီးရှိ ကျေးရွာများသို့ တောင်ယာလုပ်ငန်း သွားရောက်လုပ်ကိုင်ရကြောင်း သိရသည်။ ထိုသို့လုပ်ကိုင်ရာတွင် တစ်နေ့လျှင် ထိုင်းဘတ် ၇၀၊ ၈၀ခန့်ရရှိကြောင်း သိရသည်။ စခန်းအတွင်း စားသောက်နေထိုင်မှုမှာ အသီးအရွက်များဖြင့်သာ ဖြတ်သန်းရပြီး မျှစ်ချိုးစားသောက်မှုများဖြင့် ရှင်သန်ရကြောင်း သိရပါသည်။ 

မယ်လဒုက္ခသည်စခန်းအတွင်း UN အသိအမှတ်ပြုလက်မှတ်နှင့် ထိုင်းမှတ်ပုံတင်ရရှိထားသူမှာ အရေအတွက် ၂၀၀၀၀ ကျော်သာ ရှိပြီး ကျန်ရှိသူများမှာ အနာဂတ်မဲ့ဘ၀နှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်မူ နောက်သုံးနှစ်ကြာပါက မယ်လဒုက္ခသည်စခန်းအား ပိတ်သိမ်းပြီး ဒုက္ခသည်များအား နေရပ်ပြန်ပို့မည်ဟူသော သတင်းများကလည်း ရှိနေပါသည်။ 

"စခန်းကို ပိတ်ပြီး နေရပ်ပြန်ပို့မယ် ဆိုတဲ့ ကိစ္စက လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ပေါ် မူတည်တယ်။ ကလေးတွေက ကျွန်မတို့အတွက် အဓိက ပါပဲ။ တရားဝင်မကြေညာသေးတဲ့အတွက် မသိရသေးဘူး။ ကျွန်မတို့က ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့ အတွက် ရွေးချယ်ခွင့် မရှိဘူးပေါ့။ ဒါပေမယ့် ကျွန်မတို့ သက်ဆိုင်ရာကိုတော့ အသနားခံမယ်လို့ စဉ်းစားထားတယ်။ လူဖြစ်တဲ့အတွက် သူ့ရဲ့ စိတ်ဆန္ဒကို ဖော်ထုတ်ခွင့် ရှိမယ်လို့ ထင်တယ်။ သွားချင်တဲ့လူက သွားချင်တဲ့လူ ပြောမှာပဲ။ နေချင်တဲ့သူလည်း နေချင်တဲ့သူဘက်က ပြောမှာပဲ။

 ပြန်ချင်တဲ့လူလည်းပြန်ချင်တဲ့လူအလျောက် ပြောမှာပဲ။ အားလုံးပဲ သူ့ရဲ့ ခံစားချက်ရှိကြတယ်" ဟု CCEG မှ ဒေါ်မိုးမိုးဝင်းက ပြောပါသည်။ 

"ကျွန်တော်တို့ မြန်မာပြည်ပြန်ပြီး ဘာလုပ်စားမလဲ။ ရွာလည်း မရှိတော့ဘူး။ အလုပ်လည်း မရှိဘူး။ ကျွန်တော်ကတော့ ပြန်ဖို့အကြောင်းကို မစဉ်းစားရဲသေးဘူး”ဟု ကရင်ပြည်နယ်အတွင်း နေထိုင်ခဲ့ပြီး မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည် ကိုမန်းဦးမောင်က ပြောပါသည်။ 
မည်သည့်နေရာတွင် နေထိုင်ရသည်ဖြစ်စေ လုံခြုံမှုက အဓိကကျကြောင်းနှင့် ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း စစ်ပြေးဒုက္ခသည်တစ်ဦးဖြစ်သူ ဒေါ်မိုးလျန်းက ပြောပြခဲ့ပါသည်။ 

“ကျွန်မတို့ကတော့ လုံခြုံမှုကို အဓိက လိုချင်တာပဲ။ ကျွန်တော်တို့လိုချင်တဲ့ လုံခြုံမှုဆိုတာ တတိယနိုင်ငံ သွားဖို့ မဟုတ်ဘူးလေ။  ဘယ်မှာပဲနေနေ ကျွန်မတို့က ဒုက္ခသည်ဖြစ်တဲ့ အတွက် ဒုက္ခသည်အခွင့်အရေး အသိအမှတ်ပြုခံချင်တယ်။ အဲဒီ အသိအမှတ်ပြုခံရတဲ့ အခြေအနေအောက်မှာ ကျွန်မတို့ နေရသည်ဖြစ်စေ၊ သွားရသည် ဖြစ်စေ လက်ခံတယ်။ ကျွန်မတို့က ဘာမှ ပြောစရာမရှိဘူး။ ကိုယ့်ဟာနဲ့ ကိုယ်ကတော့ နေတတ်အောင်နေရတာပေါ့။ ကိုယ့်ဘ၀က သူများကို အားကိုးနေတဲ့ အခြေအနေဖြစ်နေတော့လေ။ ကျွန်မတို့ရဲ့ မျှော်လင့်ချက်ဆိုတာ တစ်ကယ်ပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေကို တစ်ကယ်ပဲ ညီတူမျှတူ ဖိနှိပ်မှုမရှိဘဲ အခွင့်အရေးတန်းတူ ပေးမယ်ဆိုရင်ပေါ့ ကိုယ့်တိုင်းပြည်ကို မချစ်တဲ့သူ တစ်ယောက်မှ မရှိပါဘူး"ဟု ဒေါ်မိုးလျန်းက ပြောပါသည်။ 

မယ်လဒုက္ခသည်စခန်းသည် ၁၉၈၄ခုနှစ်က ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်အတွင်း စတင်တည်ရှိနေခဲ့သော ဒုက္ခသည်စခန်းဖြစ်ပြီး စတင်ရှိစဉ်က လူဦးရေ ၁၁၀၀ခန့်သာ ရှိခဲ့ပါသည်။ နောက်ပိုင်းတွင် တဖြည်းဖြည်း တိုးပွားလာပြီးနောက် ဒုက္ခသည်ဦးရေး ၅၀၀၀၀ ကျော်ရှိလာခဲ့ခြင်း ဖြစ်သည်။

Ref: EMG

Saturday, 2 June 2012

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ဘဏ်ကနေ ငွေလွှဲလို့ရပြီး

ယနေ့ ဇွန်လ (၁) ရက်နေ့သည်၊ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ပြီးဖြစ်သည်ဟု Karsikorn Bank (K Bank) ကထုတ် ပြန်ပါသည်။ ဤအစီစဉ်သည် Karsikorn Bank (K Bank) နှင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တို့ ပူးပေါင်းခြင်း ဖြစ်ပါ တယ်။ ငွေလွှဲနှုန်းမှာ အမေရိကန်ဒေါ်လာ (၁၀၀) မှ (၃၀၀၀) အထိ ၀န်ဆောင်ခ (၁၅၀) ဘတ် ပေးဆောင်ရပါမည်။

Ref: ရွှေဟင်္သာ

ထိုင်းနှင့် တပြေးညီ မြန်မာများ လုပ်အားခ ရတော့မည်



ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းတို့ ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - Bangkok Post)

ထိုင်းနိုင်ငံသားများနှင့် အတူ တရားဝင် လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားများကို တနေ့လုပ်အားခ ဘတ်ငွေ ၃၀၀ (၁၀ ဒေါ်လာ) ရရှိရန် ဆောင်ရွက်ပေးမည်ဟု ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်း က ပြောသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ ဆုံခဲ့ပြီး ချလုံ ယူဘမ်ပရုန်းက ပြောကြားခဲ့ကြောင်း bangkokbiznews အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ဘတ် ၃၀နဲ့ ဆေးကုသလို့ရတဲ့ အခွင့်အရေးတွေ၊ ပြီးတော့ တနေ့  လုပ်အားခကို ထိုင်းနိုင်ငံသားတွေ ရတဲ့အတိုင်း ဆောင်ရွက်ပေးမယ်”ဟု ချလုံ ယူဘမ်ပရုန်းက ပြောသည်။

လတ်တလော ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသူ မြန်မာနိုင်ငံသား ၈ သိန်းခန့်ရှိပြီး မှတ်ပုံ မတင်ရသေးသူ ၁ ဒဿမ ၂ သန်းကိုလည်း နှစ်နိုင်ငံ ပူးပေါင်း၍ နိုင်ငံသား စိစစ်ရေး ကိစ္စများ ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာအလုပ်သမားများကို၂၀၁၃ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ထိုင်းနိုင်ငံသားများနှင့် အတူ တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ ရရှိရန် ဆောင်ရွက်ပေးမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်း အစိုးရအနေနှင့် မြန်မာအလုပ်သမားများနှင့် စစ်ပြေး ဒုက္ခသည်များအား ကူညီဆောင်ရွက် ပေးနေမှုများကို ကျေးဇူတင်ကြောင်း bangkokbiznews သတင်း၌ ရေးသားသည်။

“ထိုင်းအစိုးရအနေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်၊ ထိုင်းနိုင်ငံဟာ ငယ်ပေမယ့် ဒိန်းမတ်နိုင်ငံလို မချမ်းသာ ဘူး၊ ဒါပေမယ့် ဒုက္ခသည်တွေကိုတော့ အကောင်းဆုံး ဖြစ်အောင် ကူညီခဲ့တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်ဒေသရှိ မြန်မာအလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေးရုံးသို့ ထပ်မံ သွားရောက်ခဲ့သည်။ မြန်မာ အလုပ်သမားများအား ယာယီနိုင်ငံကူး လက်မှတ် လုပ်ပေး နေ သည့် အခြေအနေများကို သွားရောက်လေ့လာခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အလုပ်သမားများ နှင့် ဒုက္ခသည်များ အရေးကို ဆက်လက် ၍ ကြိုးစားလုပ်ဆောင်သွားမည်ဟု အလုပ်သမားများကို ထပ်မံပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုခဲ့သည်။

“ကြိုးစားပါ့မယ်လို့ ပြောလို့ တချို့က အားရချင်မှ အားရမှာ၊ အခုချက်ချင်း လက်ငင်း လုပ်ပေးစေချင်တဲ့သူတွေ ရှိမှာပဲ၊ ဒါပေမယ့် ကတိတွေပေးပြီး ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပ ခရီးစဉ် အဖြစ် ၂၄ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်တွင် ကျင်းပနေသည့် ၂၀၁၂ ခုနှစ် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံသို့ တက်ရောက်လာခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့ တဖက်ကမ်း မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ဆေးခန်းနှင့် မယ်လဒုက္ခ သည် စခန်းများသို့လည်း စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ

Friday, 1 June 2012

အိမ်ပြန်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ဒေါ်စုပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ​စမွတ်ဆခွန်ခရိုင်မဟာချိုင်ဒေသကို ​ဒုတိယအကြိမ်သွားပြီး ​ရွေ့ပြောင်းအလုပ်သမားတွေအတွက် ​ဖွင့်လှစ်ထားတဲ့ယာယီပတ်စပို့ရုံးမှာ ​အလုပ်သမားလက်မှတ်နဲ့ ​ယာယီ ​ပတ်စပို့လုပ်ပေးနေတဲ့ ​အခြေအနေတွေကို ​မနေ့ ​ညနေပိုင်းက ​သွားရောက်လေ့လာခဲ့တယ်လို့ ​သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​ယာယီပတ်စပို့လုပ်နေတဲ့ ​မြန်မာအလုပ်သမားတွေရဲ့ ​အခြေအနေကို ​သွားရောက် ​မလေ့လာခင် ​ထိုင်းနိုင်ငံ ​ဒုတိယ၀န်ကြီးချုပ်နဲ့ ​တွေ့ဆုံခဲ့ပြီး ​မြန်မာအလုပ်သမားတွေရဲ့ ​အခြေအနေတွေနဲ့ ​ပတ် ​သက်ပြီး ​ဆွေးနွေးခဲ့ကြတယ်လို့ ​ပြောပါတယ်။ ​ဒေါ်အောင်ဆန်းစုကြည်ကို ​ထိုင်းဝန်ကြီးချုပ် ​ရင်လတ်ရှင်နာဝကလည်း ​လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​မဟာချိုင်ဒေသက ​အလုပ်သမားတွေကို ​မှတ်ပုံတင်လုပ်ပေးနေတဲ့ရုံးကိုရောက်ရှိပြီး ​အလုပ်သမားတွေနဲ့ ​တွေ့ဆုံတဲ့အခါ ​ထိုင်းနိုင်ငံ ​ဒုတိယ၀န်ကြီးချုပ်နဲ့ ​တွေဆုံခဲ့တဲ့အခြေအနေတွေကို ​ရှင်းပြခဲ့တယ်လို့ ​အလုပ်သမား ​တွေကိုကူညီဆောင်ရွက်ပေးနေတဲ့  ​လူ့အခွင့်အရေးနဲ့ ​ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ​HRDF ​က ​ကိုစိန်ဌေးက ​ခုလိုပြောပါတယ်။

ပတ်စပို့ရုံးမှာ ​လုပ်တဲ့လုပ်ငန်းစဉ်တွေ ​သွားကြည့်တယ်၊ ​ပြီးတော့အလုပ်သမားတွေကို ​ထွက်ပြီးတော့ ​မိန့်ခွန်း ​ပြောတယ်၊ ​မနေ့က ​အလုပ်သမားတွေနဲ့ ​တွေ့ဆုံပြီးတော့ ​အလုပ်သမားတွေတင်ပြခဲ့တဲ့ ​အလုပ်သမားအခွင့်အရေး ​နဲ့ ​ပတ်သက်တဲ့အကြောင်စအရာတွေကို ​ပတ်စပို့ရုံးကို ​မသွားခင်လေးမှာ ​ထိုင်းဒုတိယ၀န်ကြီးချုပ်နဲ့ ​တွေ့တဲ့အခါ  ​အဲဒါတွေ ​ပြောခဲ့တဲ့အခါကျတော့ ​ထိုင်းဒုဝန်ကြီးချုပ်က ​အမြန်ဆုံး ​ပြေလည်အောင် ​ဆောင်ရွက်ပေးမယ်လို့ ​ဂတိပေး ​တယ်ဆိုတဲ့အကြောင်း ​သူပြောတယ်။
ဒါအပြင် ​ မြန်မာအလုပ်သမားကလေးတွေကို ​ထိုင်းအစိုးရကျောင်းတွေမှာ ​တက်ရောက် ​သင်ကြားခွင့်ပေးဖို့၊ ​အလုပ်ရှင်တွေအနေနဲ့ ​အလုပ်သမားတွေရဲ့ ​ပတ်စပို့ကို ​သိမ်းဆည်းထားတဲ့ ​ကိစ္စတွေ၊ ​အလုပ်ရှင်တွေအနေနဲ့ ​လုပ်ငန်းခွင်အတွင်းမှာ ​ထိခိုက်ဒဏ်ရာရရှိတာတွေကို ​တာဝန်ယူပေးဖို့၊ ​အလုပ်သမား ​လက်မှတ်မရှိသေးတဲ့ ​သူတွေကို ​လက်မှတ်လုပ်ပေးဖို့ ​၊ ​လုပ်အားခကို ​တန်းတူညီမျှပေးဖို့ကိစ္စတွေကို ​ထိုင်းဒုဝန်ကြီးချုပ်နဲ့ ​ဆွေးနွေးခဲ့ ​တယ်လို့ ​ပြောပါတယ်။

အလုပ်သမားတွေ ​ပတ်စပို့လုပ်နေတဲ့လုပ်ငန်းစဉ်မှာ ​ဘယ်လိုမျိုးလွဲချော်မှုတွေရှိနေလဲ၊ ​အစိုးရသတ်မှတ်တဲ့နှုန်းနဲ့ ​အပြင်မှာ ​လုပ်နေတဲ့နှုန်းက ​ဘယ်လိုကွာဟမှုတွေရှိနေလဲ၊ ​အလုပ်သမားတွေအနေနဲ့ ​ဘယ်လိုခေါင်းပုံဖြတ်မှုတွေ ​ခံနေရလဲဆိုတာတွေလာရောက်လေ့လာတာဖြစ်ပြီး ​မြန်မာနိုင်ငံသားတွေအနေနဲ့ ​အိမ်အမြန်ပြန်နိုင်အောင် ​အ ​တတ်နိုင်ဆုံးလုပ်ဆောင်ပေးမယ်လို့လည်းပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံခဲ့တာနဲ့ ​ပတ်သက်ပြီး ​ထိုင်းဒုဝန်ကြီးချုပ်က ​ အလုပ်သမားတွေ ​လုပ်ငန်း ​ခွင်ထိခိုက်မှုတွေကို ​တာဝန်ယူပေးဖို့ကိစ္စတွေ၊ ​လုပ်အားခကိစ္စတွေ၊ ​အလုပ်ရှင်တွေက ​အလုပ်သမားတွေအပေါ် ​နိုင်ထက်စီးနင်းပြုလုပ်တာတွေ ​မဖြစ်အောင် ​ကာကွယ်စောင့်ရှောက်ပေးဖို့ ​ကိစ္စတွေကို ​လုပ်ဆောင်ပေးသွားမယ်လို့ ​ပြောခဲ့ပါတယ်။ ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​မြန်မာအလုပ် ​သမားတွေ ​အိမ်ပြန်နိုင်အောင် ​၃နှစ်အတွင်း ​အတတ်နိုင်ဆုံးလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ​ပြောဆိုခဲ့တဲ့ ​အကြောင်း ​ထိုင်းမီဒီယာတွေမှာ ​ဖော်ပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​ဒီကနေ့မှာတော့ ​ကမ္ဘာစီးပွားရေးဖိုရမ်မှာ ​အာရှအမျိုးသမီးများနဲ့ ​ပတ်သက်တဲ့အကြောင်းအရာတွေကို ​မိန့်ခွန်းပြောကြားမှာ ​ဖြစ်ပြီး ​မနက်ဖြန်မှာတော့ ​ထိုင်းနိုင်ငံ ​အနောက်မြောက်ပိုင်းက ​မြန်မာဒုက္ခသည်တွေနေထိုင်တဲ့ ​မယ်လ ​ဒုက္ခသည်စခန်းကို ​သွားရောက်လည်ပတ်မှာဖြစ်ကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

 Ref: Radio Australia



 ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များဘ၀ကို လုံခြုံမှုပေးနိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့

မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။
ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များ၏ ဘ၀ကို လုံခြုံမှုပေးနိုင်ရန် ဆက်လက်ပြီး ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၁ရက်နေ့ ညနေပိုင်းက မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ပြောကြားသော မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
b5_9_25_1
မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။

b5_9_25_1
မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်။
b5_9_25_1
မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်။
b5_9_25_1
မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်။
b5_9_25_1
မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်။
''နှစ်ရက်သုံးရက်အတွင်းမှာတင် အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန်မသိလာတာတွေ ရှိပါတယ်။ ဒီနိုင်ငံက ကျွန်မတို့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ ၀န်ကြီးဌာနတွေ ကျွန်မတို့ ဆက်ပြီးတော့ လုပ်ပါမယ်။ ကျွန်မတို့ နိုင်ငံဘက်ကလည်း တတ်နိုင်သမျှ ကျွန်မတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ဘ၀ကို လုံခြုံမှုပေးနိုင်အောင်လို့ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားပါ့မယ်လို့ ပြောပါရစေ။ ကြိုးစားပါ့မယ်လို့ ပြောလို့ တစ်ချို့တွေက အားရချင်မှ အားရမှာ။ အခု ချက်ချင်းလက်ငင်း လုပ်ပေးစေချင်တဲ့သူတွေ ရှိမှာပဲ။ ဒါပေမဲ့လည်း ကျွန်မကကတိတွေပေးပြီး တော့ကျွန်မတို့ ပြည်သူတွေကို မလှည့်ဖျား ချင်ပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ခြင်းမှာ အစည်းအဝေးတက်ရောက်ရန် ဆိုသည်ထက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်တွေရဲ့ ဘ၀အခြေအနေကို သုံးသပ်ပြီး မည်သည့်နည်းများဖြင့် သက်သာစေရန် လုပ်ဆောင်နိုင်မည့် နည်းလမ်းကို ရှာဖွေလိုခြင်းက ပိုအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ လာရောက်ရသည့် အကြောင်းအရင်းမှာမူ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်ရရှိရန် မည်သို့ ဆောင်ရွက်ရသည်၊ မည်မျှ ကုန်ကျသိသည်တို့ကို သိရှိလို၍ဖြစ်ကြောင်း သိရပါသည်။

''ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင်ထားရတဲ့ ကျွန်မတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့ လုပ်လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားကနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မလို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မတို့ ဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေး တဲ့ ကျွန်မတို့ရဲ့အလုပ်သမားတွေ မှတ်ပုံတင်ရေးကိစ္စ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင် ရသေးသရွှေ့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘ၀ဟာ အင်မတန်မှ ခက်ခဲတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေး ကိစ္စတွေကို ဘယ်လို အမြန်ဆုံး လုပ်နိုင်မလဲ၊ ဘယ်လို အပြေလည်ဆုံး လုပ်နိုင်မလဲဆိုတာ ကျွန်မတို့ သက်ဆိုင်ရာ တာဝန်ခံတွေနဲ့ ဆက် လက်ပြီးတော့ ဆွေးနွေးပါ့ မယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောပါသည်။  

အဓိကအားဖြင့် မိမိတို့၏ တာဝန်မှာ ပြည်ပရောက် မြန်မာအလုပ်သမားများ မိခင်နိုင်ငံသို့ ပြန်လာချိန်တွင် လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးအတွက် လုပ်ဆောင်ပေးရမည်ဟု နားလည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါသည်။

''လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်ရရှိနိုင်ရမယ်ဆိုတာကို ဆိုလိုတာပါ။ ကျွန်မက လွယ်လွယ် ကတိတွေ မပေးချင်ပါဘူး။ ကျွန်မတို့က လုပ်ပေးမယ်လို့ လွယ်လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲ ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကိုအောင်မြင်အောင် လုပ်ပေးသွားမှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တစ်ကယ်တော့  ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာ မူတည်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာရှိရှိ မနေနိုင်သရွှေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ မပြောနိုင်ပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။ 
''ကျွန်မတို့ ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ တစ်ချိန်လုံး ကြိုးစားနေမှ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ပြန်လာပြီးတော့ အလုပ်ရနိုင်အောင် လုပ်ဖို့ဆိုတာဟာ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမှာ ဒီနိုင်ငံမှာရှိနေ သေးသရွှေ့ကတော့ အတတ်နိုင်ဆုံး အဆင်ပြေအောင်လို့ ကြိုးစားပါ့မယ်လို့ ကျွန်မပြောပါရစေ''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ထို့အပြင် မြန်မာပြည်သူများ၏ အိမ်သည် မည်သည့်အခါမျှ ပြောင်းရွှေ့သွားမည် မဟုတ်ကြောင်းနှင့် ပြည်သူများ နေထိုက်သည့် အိမ်ဖြစ်အောင် ကြိုးစားသွားမည်ဟုလည်း ပြောကြားခဲ့ပါသည်။

''အိမ် ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့ မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မတို့ ပြည်သူတွေ နေထိုက်တဲ့အိမ်ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်လို့ ပြောပါရစေ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။

Ref: EMG

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes