Showing posts with label ၁၁။ ကွန်ပျူတာနည်းပညာ. Show all posts
Showing posts with label ၁၁။ ကွန်ပျူတာနည်းပညာ. Show all posts

Tuesday, 3 December 2013

ပြည်နယ်နှင့်တိုင်းလေးခုတွင် ကွန်ပျူတာပညာရှင် အသင်းအသိအမှတ်ပြုစာမေးပွဲ ကျင်းပမည်

ယုဝေ| အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃ ခုနှစ် 

မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်း (MCPA) အသိအမှတ်ပြု Network စာမေးပွဲများကို တစ်ပြိုင်နက်ကျင်းပမည်ဖြစ်သည်ဟု မြန် မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ 

အဆိုပါစာမေးပွဲမှာ အိုင်တီပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသည့် ကျောင်းသား၊ ကျောင်း သူများ၏ အရည်အချင်းကို အသိအမှတ်ပြုခံနိုင်စေရန် ဦးတည်သောစာမေးပွဲဖြစ်ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။

ဖြေဆိုနိုင်သည့် စာမေးပွဲအမျိုးအစားများမှာ Network Associate Examination (NA), Network Professional Examination (NP) တို့ဖြစ်ကာ စာမေးပွဲအောင်မြင်သူများအနေဖြင့် ပညာရှင်နယ်ပယ် တွင် စတင်ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ စာမေးပွဲဖြေဆိုလိုသူများအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် နောက်ဆုံးစာရင်းပေးသွင်းရမည်ဖြစ်ပြီး စာမေးပွဲကြေးမှာ Network Associate Examination အတွက် ကျပ် ၅၀၀၀၊ Network Professional Examination အတွက် ကျပ် ၁၀,၀၀၀ သတ်မှတ်ထားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များအတွက် ၁၀ ရာခိုင်နှုန်းလျှော့ဈေး ဖြင့် ဖြေဆိုနိုင်မည်ဖြစ်သည်။

အသေးစိတ်သိရှိလိုသူများအနေဖြင့် ဖုန်း- ၆၅၂၂၇၆ နှင့် ၀၉-၇၃၀၈၈၃၀၀ တို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်



Mizzima - News in Burmese

ကွယ်လွန်သူ ဟက်ကာ Aaron Swartz အကြောင်း

Aaron Swartz လို့အမည်ရပါတယ်။ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ဖွား လူငယ်တစ်ဦးပါ။

ငယ်ငယ်လေးကတည်းက ကွန်ပြူတာပညာကို တစ်စိုက်မတ်မတ်လေ့လာ ခဲ့ ပြီး အသက် ၁၃ နှစ်ကစလို့ ဝဘ်ဆိုဒ်နဲ့ လုံခြုံရေး စနစ် လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေပြီ ဖြစ်ပါတယ်။ သူ့ကို ယနေ့တိုင် အမေရိကန် ကွန်ပြူတာ ဟက်ကာ၊ ပရိုဂမ်မာ အဖြစ် လူသိများစေပါတယ်။

Reddit တို့လို ကမ္ဘာကျော် ဆိုရှယ်ဆိုဒ်ကို ပူးတွဲတည်ထောင်ခဲ့ သူပါ။ ပြီးတော့ RSS လို့ခေါ်တဲ့ Web Feet format ကို တီထွင် ဖန်တီးမှုထဲမှာလည်း ဦးဆောင်ပါဝင်သူ ဖြစ်ပါတယ်။ w3c, MarkDown တို့မှာလည်း လုပ်ကိုင်ပြီး Wikipeida မှာလည်း အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ ပါသေးတယ်။ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဟားဗတ်စ် တက္ကသိုလ်မှာလည်း research fellow အဖြစ် အသိအမှတ်ပြု ခံရပြီး ပညာရေးမှာလည်း တက်ကြွလှုပ်ရှားပါဝင်ခဲပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်မှာ သူဟာ နိုင်ငံတော်က ပေးအပ်တဲ့ James Madison Award ကို ရရှိခဲ့ပါတယ်။ ယင်းဆုက အစိုးရ ဆိုင်ရာသတင်းအချက်အလက်များအား လုံခြုံအောင် ထိန်းသိမ်းပေးနိုင်သူ အိုင်တီပညာရှင်များကို ပေးအပ်တဲ့ ဆု ဖြစ်ပါတယ်။ အကြီးမားဆုံး အင်တာနက်လုံခြုံရေး အားနည်းချက်ကို ရှာဖွေနိုင်သူကိုလည်း ပေးတဲ့ဆု ဖြစ်ပါတယ်။ ဒါကြောင့် Aaron က ကွယ်လွန်ပြီးမှ ရရှိခဲ့တာပါ။

၂၀၁၁ ခုနှစ်တုန်းကပါ။ JSTOR အမည်ရ အွန်လိုင်းပညာရေး စာကြည့်တိုက်ကနေ သုသေတန စာတမ်းပေါင်း များစွာကို Download ဆွဲယူခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ JSTOR ဟာ နိုင်ငံပေါင်း ၁၆၀ ကျော် ရဲ့  ပညာရေး သုတေသန သတင်းအချက်အလက်များကို သိမ်းဆည်းထားတဲ့ အွန်လိုင်းစာကြည့်တိုက်တစ်ခုဖြစ်ပြီး အချို့ အရာတွေကိုပဲ access ပေးလုပ်တာပါ။ အများစိုကို လျှို့ ဝှက်ထားပါတယ်။ ယင်းအတွက်လည်း ကမ္ဘာ့အတော်ဆုံး ဟက်ကာများ ထားရှိပြီး အချက်အလက်ကို လုံခြုံစေပါတယ်။ တည်ထောင်ပြီး တစ်သက်လုံး တိုက်ခိုက်မှုပေါင်းများစွာ ကြုံပေမယ့် ဘာမှမဖြစ်ခဲ့တဲ့ ယင်း ဆိုဒ်ဟာ Aaron Swartz ကြောင့် သတင်းများ ပေါက်ထွက် စေခဲ့ပါတယ်။ ပမာဏ အတိအကျ မဖော်ပြထားပါဘူး။ သို့ပေမယ့် ယင်းပြစ်မှုအတွက် ထောင်ဒဏ် ၃၅ နှစ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ သန်းသတ်မှတ်တဲ့အတွက် သတင်းအချက်အလက်အတော်များများ ပါဝင် သွားလို့ ဖြစ်ပါတယ်။

ပစ်မှုအတွက် Aaron Swartz ဟာ တရားရုံးတက်ရမှာပါ။ သို့ပေမယ့် သူ ဆန့်ကျင်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ မှာ ကြိုးဆွဲချ သေနေတဲ့ Aaron Swartz ကို သူ့အခန်းထဲမှာ တွေ့ရှိခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နဲ့တင် ကွယ်လွန်ခဲ့တဲ့ Aaron Swartz ဟာ ကမ္ဘာ့ အတော်ဆုံး ဟက်ကာများ စာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။
.
Ref: wiki

အောင်ခမ်း ( ရိုးရာလေး )

သူငယ်ချင်းတို့ရေ အွန်လိုင်းမှာ အလိမ်အညာ အင်မတန်ပေါ
တာသိကြာမှာပါ အဲဒီအထဲက download link ကို Survey ခံတဲ့
လိမ်ညာမှုကို ပြောပြပါ့မယ် အထူးသဖြင့် hackin ဆော့ဝဲတွေကို
ဒေါင်းတဲ့အခါ survey ဖြေနိုင်မှ ဒေါင်းရမယ်ဆိုတာ တွေနဲ့လိမ်
ပါတယ်အမှန်တော့ အဲဒီ hacking ဆော့ဝဲက လည်း အစစ်အ
မှန်မဟုတ်ပါဘူးပိုက်ဆံလိမ်ယူတာပါ အခုမှ အင်တာနက်စသုံး
ခါစ သမားများအတွက်မျှားသောနည်းတစ်ခုပါ ကိုယ်ကလို
ချင်ဇောနဲ့ သူတို့ပြောသလိုငွေလွှဲပေးလိုက်ပြီဆိုတာနဲ့ ကုန်
မယ့်သာမှတ်ပါ ။တကယ်သာ software တစ်ခုနဲ့ facebook တို့
gmail တို့သာဟက်ရနေမယ်ဆိုရင် လူတိုင်းဝယ်နေကြမှာပါ ။။။
အခုမှ အင်တာနက်သုံးသူတွေ သတိပြု စေဖို့ ပါ။အင်တာနက်
ပါးဝနေသူတွေကတော့ ဒါတွေ သိပြီးသားမို့အေးဆေးပါ

>>>ဆော့ဝဲမြို့တော်

Tuesday, 13 December 2011

မြန်မာစာစနစ်နှင့် OpenOffice 3.0 ကို အသုံးပြုချင်သူများအတွက်

ကျွန်တော်တို့ မြန်မာ ပညာရှင်တွေရဲ့ ကြိုးစား မှုတွေကြောင့် အခုနောက်ပိုင်းမှာ Myanmar Version Project တွေ တစ်ခုပြီး တစ်ခုထွက်ပေါ်လာနေတာ ဟာကျွန်တော်တို့လို အသုံးပြုသူများ အတွက်တော့ ၀မ်းသာစရာနဲ့ ပြီးတော့ ဂုဏ်ယူစရာပါပဲ။
အခုလည်း ညီလေးတစ်ယောက် စီဘောက်မှာ မေးထားလို့ ရှာကြည့်လိုက်ရင်းနဲ့ OpenOffice.org ရဲ့ Project တစ်ခုဖြစ်တဲ့ Microsoft Office ကဲ့သို့ မြန်မာစာ စနစ်ဖြင့် အသုံးပြု နိုင်တဲ့ OpenOffice 3.0 ကို အသုံးပြုချင်သူတွေ အတွက် OpenOffice 3.0 ကိုမိတ်ဆက် ပေးချင်ပါတယ် .. ကျွန်တော် အခုနောက်ထပ် စမ်းသပ် ဗားရှင်းအဖြစ် ထုတ်ထားတဲ့ OOo_3.0.0_081115_Win32 ကို အသုံးပြု ချင်သူတွေ အတွက် ဘယ်လို ဒေါင်းလော့ ချပြီး အသုံးပြုလို့ ရမယ်ဆိုတာကို ရေးပေးသွား ပါမယ် .. ။
Microsoft Office လောက် ပြည့်စုံမှုမရှိသေး ပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုး တွေ အတွက်တော့ မြန်မာစာစနစ်ဖြင့် အသုံးပြုလို့ ရမှာ ဖြစ်တဲ့ အတွက် စိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်။
ဒါပေမယ့် Unicode 5.1 နှင့် လိုက်လျောညီထွေသော ( Padauk, Myanmar3, Parabaik ) တို့ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် မိမိတို့ ကွန်ပျူတာမှာ Unicode Font ကို Install လုပ်ထားဖို့ လိုပါလိမ့်မယ်။ Unicode Font ကို မိမိတို့ကွန်ပျူတာမှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို မသိသေးတဲ့ သူတွေကတော့ ဒီလင့် မှာ ကျွန်တော် Zawgyi-One နှင့် Unicode နှစ်မျိုးလုံး သုံးချင်သူများအတွက် ဆိုပြီး ရေးပေးထားတာ ရှိပါတယ်။ ကျွန်တော် OpenOffice 3.0 ကို အသုံးပြုချင် သူတွေအတွက် ဒေါင်းလော့ ချတဲ့ အဆင့်ကနေ စပြီး ပုံလေးတွေနဲ့ ရှင်းပြပေး သွားပါမယ် ..
အရင်ဆုံး ဒီအောက်က လင့်လေးကနေ သွားလိုက်ပါ..
ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း Windows အောက်မှာ ရှိတဲ့ OOo_3.0.0_081115_Win32Intel_install_my.exe (md5sum) ကိုကလစ်ပြီး ဒေါင်းလော့ ချလိုက်ရုံပါပဲ ..
ဒေါင်းလော့ချပြီး သွားပြီ ဆိုရင်တော့ ဒီကောင်လေးကို ဘယ်လို Install လုပ်ရမယ် ဆိုတာကို ကျွန်တော် အောက်မှာ ပြပေးထားပါတယ် .. အရင်ဆုံး ဒေါင်းလော့ ချလို့ရလာတဲ့ File လေးကို Double Click လုပ်ပြီး ဖြည်လိုက်ပါ .. ပြီးရင် Auto Run သွား ပါလိမ့်မယ် ..
အောက်မှာ ကျွန်တော်တို့ အနေနဲ့ Microsoft Office မှာ အသုံးပြုသလို Word , Excel , Powerpoint တို့လို အသုံးပြု နိုင်မှာ ဖြစ်ပါတယ် .. Word အစား မှတ်တမ်းမှတ်ရာ စာသား ၊ Excel အစား ဖြန့်သော အလွှာချပ် Powerpoint အစား တင်ပြချက်တို့ကို ကလစ်ပြီး အသုံးပြု နိုင်မှာ ဖြစ်ပါတယ် ..
အောက်က ပုံမှာတော့ ကျွန်တော် မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..
ဒီအောက်ကပုံကတော့ မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် ..
ဒီအောက်က ပုံမှာတွေ့ရတဲ့ ပုံကတော့ ဖြန့်သော အလွှာချပ် မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..
ဒါကတော့ ကျွန်တော့် အနေနဲ့ OpenOffice 3.0 ကိုအသုံး ပြုချင်သူတွေ အတွက် ကျွန်တော် လေ့လာမိသလောက် ပြန်ပြီး မိတ်ဆက် ပေးတာပဲ ဖြစ်ပါတယ် ..
အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..။

Saturday, 27 August 2011

သိပြီးသား ဖြစ်ချင်ဖြစ်မယ်

FB account ရှိသူတိုင်းအတွက် ရည်ရွယ်ပါတယ် ဆိုတဲ့ သတိပေးစာကို ထပ်ဆင့် ဖြန့်ဝေပေးလိုက်ပါတယ်။

ကိုယ့် မိတ်ဆွေထဲက တစ်ယောက်ယောက်ရဲ့ နာမည်နဲ့ပဲဖြစ်ဖြစ် "Visit the New Facebook" ဆိုတဲ့ လင့်(ခ်)ကို ပေးလာရင် မဖွင့်ကြပါနဲ့။ ဖွင့်လိုက်တာနဲ့ ကိုယ့် FB စာမျက်နှာ ပျောက်သွားပါလိမ့်မယ်။ ကိုယ့် ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပြီး ကိုယ့်စာမျက်နှာ ပျက်သွားအောင် လုပ်မှာမို့ သတိထားကြပါ။ ကော်ပီကူးပြီး မိတ်ဆွေတွေဆီ လက်ဆင့်ကမ်းကြပါ။ မိတ်ဆွေတွေသာ မကဘဲ ကိုယ့် အုပ်စု (groups) တွေထဲမှာလည်း ဖြန့်ကြပါ..(လက်ဆင့်ကမ်းအသိပေးခြင်းပါ)
(ဖြည့်စွက်။   ။  G-Mail အဲလို Web Page အတုနှင့် ဟက်တာရှိပါတယ် ဥပမာ.. ကိုယ်နှင့် တခြား မိတ်ဆွေတစ် ယောက်ယောက်ချက်နေတဲ့အခါမှာ တစ်ဖက်က ကိုယ့်ရဲ့ ဘောက်စ်ထဲကို G-Mail , Sign in Web page Link တစ်ခုပို့လိုက်တယ်ဆိုပါစို့ ကိုယ်က အဲဒီ Link ကို ဖွင့်လိုက်တဲ့အခါ Sign in Web page ပွင့်လာပါလိမ့်မယ် ထူးခြားတာက တကယ် Sign in Web page အစစ်နဲ့အနည်းငယ် ကွဲလွဲမူရှိတဲ့အတွက် ခွဲခြားရတာ လွယ်ကူပါတယ်။ အဲဒီLinkကို ဖွင့်လျင်ဖွင့်ချင်းတော့ ဘာမှမဖြစ်သေးပါဘူး အဲ.. အဲဒီ Sign in ထဲမှာ ကိုယ့်ရဲ့ Account Name, Passwords တွေထည့်လိုက်ပြီဆိုရင် Web page က ကိုယ့်ဆီမှာပျောက်သွားပြီး တစ်ဖက်လူဆီမှာ သွားပေါ်ပါလိမ့်မယ်...။ ကိုယ့် Account Name, Passwords အသေးစိတ်ကို သွားပေါ်ပါလိမ့်မယ်။ သိပြီးသားဖြစ်ချင်ဖြစ်မှာပါ ကိုယ်တိုင်ကြုံခဲ့ရတာမို့ ထပ်မံဖြည့်စွက် မျှဝေခြင်းပါ)
Source: ဧရာဝတီ

Friday, 8 July 2011

မြန်မာဖောင့် နဲ့ ပတ်သက်လို့ အခက်တွေ့နေသူများအတွက်

ဝင်းဒိုးမှာ ဇော်ဂျီဖောင့် ကို install လုပ်တာက စပြောပေးပါ့မယ်။ XP မှာ ဆိုရင်တော့ အောက်ကပေးထားတဲ့ installer ကို Download လုပ်ပြီး run ပေးလိုက်ပါ။ Blogger day အတွက် ဆိုပြီး အမှတ်တရ ထုတ်ထားတဲ့ font and keyboard installer ဖြစ်ပါတယ်။ font ရော keyboard ရော install လုပ်ပေးမှာ ဖြစ်ပြီး၊ IE တွင် ဇော်ဂျီဖောင့် ပေါ်ရန် ပြောင်းလဲပေးခြင်း၊ အခြား installer များကဲ့သို့ password ရိုက်ပေးရမှု မရှိခြင်း၊ အခြားသော ၀င်းဒိုးမှာ ဖောင့်အတွက် ပြောင်းပေးရတဲ့ clear type ပြောင်းတာတွေ ဇော်ဂျီရွေးပေးရတာတွေကို ဒီ installer ကို run ပြီး restart လုပ်ပေးလိုက်ရုံနဲ့ အလိုလိုလုပ်ပေးပါတယ်။ အောက်မှာ ထူးခြားချက် အားလုံးကို ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ပုံအောက်က လင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

အားနည်းချက်ကတော့ Vista နဲ့ Windows 7 အချို့စက်များတွင် installing မပြီးဆုံးသော ပြဿနာများကို ကြုံရပါတယ်။ ပြီးတော့ 64-bit အတွက် support မရှိပါဘူး။ အဲဒါကို ဖြေရှင်းဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။  Zawgyi font Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ သူများရေးတာ မြင်ရတာက မိမိမှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။ ကိုယ်ပြန်ရေးမရတာက မိမိ zawgyi keyboard က အဆင်မပြေဖြစ်နေလို့ပါ။ ဘာသာစကား အမျိုးမျိုးကို ရိုက်နိုင်ရန်အတွက် keyboard တွေကို add ထားလို့ ရပါတယ်။
run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။
မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ တကယ်လို့ အောက်မှာ ပြထားတဲ့အတိုင်း zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိမနေခဲ့ဘူးဆိုပါစို့။ ကိုယ့်ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။
ပြထားတဲ့အတိုင်း add ကို နှိပ်ပါ။ မြန်မာဘာသာ ဆိုပြီး ၀င်းဒိုးမှာ ထည့်ပေးထားခြင်း မရှိသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်များကို English (United State) အောက်မှာ ထည့်ထားပါတယ်။ ရှာပြီး check ပေးပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
ခုနက add နှိပ်ခဲ့တဲ့ နေရာမှာ ဇော်ဂျီကီးဘုတ် လာဝင်နေပါပြီ။ (အခြားကီးဘုတ်တစ်ခု ထည့်ချင်တယ်ဆိုလည်း ဒီအတိုင်းပါပဲ။ ဘယ်ဘာသာစကားလဲဆိုတာကိုရှာ keyboard ဆိုတာကို check ပေးပြီး apply လိုက်ရုံပါပဲ)။ အဲဒီထည့်လိုက်တဲ့ ကီးဘုတ် အမျိုးမျိုးကို shortcut key တွေသုံးပြီး ပြောင်းရေးနိုင်အောင်အတွက် သတ်မှတ်ပေးလို့ရပါတယ်။ XP မှာတုန်းကတော့ အဲဒီ add နှိပ်ပေးရတဲ့ box ရဲ့ အောက်မှာပဲ key setting ဆိုပြီး ပါတာပါ။ Vista နဲ့ 7 အတွက်တော့ လက်ရှိပွင့်နေတဲ့ box ရဲ့ နောက်ဆုံး tab ဖြစ်တဲ့ Advanced key settings ဆိုတာကိုနှိပ်ပြီး key setting တွေ ပြောင်းပေးလို့ရပါတယ်။
နောက်တစ်ခုက အခုလို ဇော်ဂျီကီးဘုတ် add ပေးထားတာတောင် မိမိ taskbar မှာ keyboard icon ပေါ်မနေဘူးဆိုရင်လည်း စာရိုက်မရတာ ဖြစ်တတ်ပါတယ်။ ခုနက ဖွင့်ထားတဲ့ ဒုတိယ tab မှာ language အတွက် setting တွေ ရှိပါတယ်။ ဖတ်ကြည့်လိုက်ရင် နားလည်မှာပါ။ မိမိရဲ့ keyboard icon ကို ဘယ်မှာ ဘယ်လို ပေါ်ချင်လဲ ရွေးပေးနိုင်ပါတယ်။ တစ်နေရာရာမှာတော့ language bar ရှိမှ ကီးဘုတ်တွေပြောင်းပြီး ဘာသာအမျိုးမျိုးကိုရိုက်နိုင်မှာပါ။
အပေါ်ကအတိုင်း လုပ်ပေးလိုက်ရင်တော့ ဇော်ဂျီဖောင့်ကီးဘုတ်အတွက် အဆင်ပြေပြီး စာရိုက်နိုင်ပါပြီ။ ဒါပေမယ့် မိမိအသုံးပြုခဲ့တဲ့ installer နဲ့ ၀င်းဒိုး အဆင်မပြေတာရှိခဲ့ရင်တော့ ဇော်ဂျီကီးဘုတ်ကို add တဲ့အချိန်မှာ error ပြပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဒီဝင်းဒိုးမှာ မိမိသုံးထားတဲ့ ကီးဘုတ်က ဘယ်လိုမှ အသုံးပြုလို့မရတာပါ။ (အပေါ်က manually install လုပ်ဖို့ ပြောခဲ့တာပါ။ အဆင်သင့်သုံးချင်သူများအတွက် အောက်က နည်းအတိုင်းသုံးနိုင်ပါတယ်)။ အခြို့က zawgyi အတွက်ဆိုရင် အနည်းဆုံးနှစ်မျိုးကလေ လေးမျိုးလောက်ထိ run ပေးတတ်ကြတယ်ဗျ။ အဲဒီမှာ ရှုပ်ကုန်ပြီး ပြဿနာတွေလည်း တတ်တတ်ပါတယ်။ နောက်ပြီး လက်ရှိ http://www.mandalayalpha.com/ မှာ ကီးဘုတ်အမျိုးအစား အမျိုးမျိုးနဲ့ removal တွေပါ  free download ပေးပါတယ်။ ကျနော်မကြိုက်ပါဘူး။ ဘာလို့လဲတော့ မမေးနဲ့။ အပေါ်က ကျနော်ပေးခဲ့တဲ့ installer တစ်ခုထဲကိုပဲ သုံးကြည့်ပါ။ installing complete ဖြစ်တယ်ဆိုရင် သူတောင်းတဲ့အတိုင်း restart ပေးလိုက်ပါ။ နေရာတိုင်းအတွက် လုံးဝ အဆင်ပြေပါတယ်။ အကယ်၍ အခြို့ ၀င်းဒိုးမှာ installing မပြီးခဲ့ရင် အောက်က keyboard installer ကို run ပေးပါ။ (Vista နဲ့ Windows 7 မှာ ဖြစ်တတ်ပါတယ်။ 64-bit windows ဆိုရင်လည်း အခုပေးတဲ့ ကီးဘုတ်ပဲ အဆင်ပြေမှာပါ)
Zawgyi keyboard installer Download (x86 and x64-bit windows)
ကျနော်ပေးထားတာကို ဇစ်ဖြည်လိုက်ရင် Zawgyil ဆိုပြီး ဖိုဒါတွေ့လိမ့်မယ်။ အဲဒီထဲမှာ setup ဆိုတဲ့ ကမ္ဘာလုံးပုံလေးကို run ပေးပါ။ ၅ စက္ကန့် ခန့်အတွင်း complete လို့ ပြပါလိမ့်မယ်။ (loading တွေ installing တွေ ဘာမှ မပြပါဘူး)။ Finish ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ taskbar မှာ ဇော်ဂျီကီးဘုတ် ပေါ်လာမှာ ဖြစ်ပါတယ်။ (ဒီ installer နဲ့ အလွဲအချော်ဖြစ်တာ၊ အဆင်မပြေတာ တခါမှ မတွေ့ဘူးသေးပါဘူး။ ၀င်းဒိုးအားလုံးအတွက် အဆင်ပြေပါတယ်)။ ဒီ installer က ကီးဘုတ် တစ်ခုထဲကိုသာ ထည့်သွင်းပေးတာဖြစ်လို့ ဖောင့်မပါသေးပါဘူး။ (အပေါ်က ပေးခဲ့တဲ့ installer သို့မဟုတ် အခြား Installer တွေ run ပြီးလို့ အဆင်မပြေမှ ဒါကို run တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါတစ်ခုထဲ run ထားတာ ဆိုရင်တော့ ဖောင့်ကို မိမိဘာသာ ထည့်ပေးရမှာဖြစ်ပါတယ်။
XP မှာ ဖောင့်တစ်ခုကို ထည့်သွင်းဖို့က ဖောင့်ကို copy ယူလာပြီး Control panel – Font ထဲမှာ paste ချပေးပါ။ ပြီးရင် ထည့်ပေးလိုက်တဲ့ ဖောင့်ကို double click နှိပ် (သို့) restart ချပေးမှ ဖောင့် active ဖြစ်ပါတယ်။ ဖောင့်အများကြီးကို install လုပ်ချင်တာ ဆိုရင်တော့ Control panel – Font ရဲ့ နေရာလွတ်တစ်ခုမှာ right-click လုပ်ပြီး install font ကို နှိပ်ပါ။ ပြီးရင် မိမိဖောင့်ထည့်ထားတဲ့နေရာကေို ရွေးပေးပြီး၊ select လုပ်ကာ install လို့ ပေးလိုက်လို့ရပါတယ်။
Vista နဲ့ windows 7 အတွက်တော့ အရမ်းလွယ်သွားပါပြီ။ Install လုပ်ချင်တဲ့ ဖောင့်ပေါ် right-click ထောက်ပြီး install ဆိုတာကို နှိပ်ပေးရုံပဲ။ အများကြီး install လုပ်ချင်ရင် အားလုံးကို select လုပ်ပြီး right-click ထောက် install နှိပ်ပါ။
Zawgyi font ဆိုလို့ သက်တမ်းတစ်လျှောက်မှာ ထူးခြားတဲ့ ဖောင့်တမျိုးရှိပါတယ်။ စာလုံးမှားရေးတတ်သူတွေအတွက် အတော်လေး အထောက်ကူရပါတယ်။ ဥပမာ – သုညနဲ့ ၀လုံးလိုမျိုးပေါ့။ အခြားဖောင့်တွေ အားလုံးက အတူတူပါပဲ။ အဲဒီအတွက် အလွယ်ပဲ ၀လုံးနေရာ သုညကိုပဲ ရေးလိုက်ပါတယ်။ ဒီဖောင့်မှာကျတော့ သုည အပေါက်လေး နှစ်ပေါက် လုပ်ပေးလိုက်တဲ့အတွက် ၀လုံးနဲ့ သိသိသာသာကြီး ကွာခြားသွားပါတယ်။ နောက်ပြီး “နု” ဆိုပြီးရေးမယ်ဆိုပါစို့ မိမိက  န ကို အခုအတိုင်း ခြေထောက်ပါတဲ့  အရှည်ရေးမိလိုက်ရင်လည်း  -ု ထည့်တဲ့ အချိန်မှာ သူ့ဘာသာ ခြေထောက်မပါတဲ့ နငယ် ဖြစ်အောင် ပြောင်းလဲပြီး နု အဖြစ်ရေးပေးသွားပါတယ်။ အထူးသဖြင့် ယရစ်တွေပေါ့။ မြန်မာစာလုံးမှာ ယရစ်တွေ အမျိုးမျိုးရှိပါတယ်။ လုံးကြီးတင်ပါ ၊ မပါ ၊ ယရစ်ကြီး၊ သေး တွေ ရှိပါတယ်။ြ-ြ-ြ-ြ-        စသဖြင့်တွေ့ပါလိမ့်မယ်။ လုံးကြီးတင်ပါရဲ့သားနဲ့ အပြည့်ယရစ်နဲ့ရေးမိရင် မလှသလို၊ လုံးကြီးတင်မပါပဲနဲ့ အပွင့်နဲ့ဆိုလည်း မလှပါဘူး။ အဲလို မျိုးအတွက် ဒီဖောင့်က မိမိကြိုက်တာရေးလိုက် သူ့ဘာသာ ပြောင်းလဲသွားပေးပါတယ်။ ဒါတွေရဲ့ creator က မာ့ခ် လို့ သိရပါတယ်။ ကျနော်ပြောတာထက် အများကြီးပိုပြီး update လုပ်ထားပြီးပါပြီ။ ဒီနေရာမှာ ဖောင့်တွေအတွက် သူပြောထားတာ အများကြီးရှိပါတယ်။ လေ့လာကြည့်ပါဦး။
ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်တွေအတွက် အဆင်မပြေဖြစ်နေသေးသူများအတွက် ဒီပို့စ်ကို ရေးသားပါတယ်။

Saturday, 21 May 2011

Black & White To Colour Photo

Black & White To Colour Photo
ထုံးစံအတိုင်းပြင်မယ့် ပုံကို Photoshop နဲ့ဖွင့် Duplicate layer လုပ်ထားပေါ့။ ပြီးရင်Polygonal Lasso tool နဲ့ အကျီကို သပ်သပ်ယပ်ယပ်လေး Select လုပ်ပေးပါ .. ။ဒီ Tutorial မှာ Select က အသက်ဖြစ်ပါတယ်။
Polygonal Lasso tool ကိုလူသိပ်မသိတာလေး တစ်ခုရှိတယ်ဗျ .. ။ အဲဒါက selection လုပ်ပြီးလို့အောက်ပါပုံအတိုင်း ပိုနေတာ တွေ လိုနေတာတွေ ရှိလာရင် အစက ပြန်မလုပ်ပဲပြင်လို့ ရတယ်ဆိုတာကိုပါ။

Polygonal Lasso tool ရဲ့ အပေါ် Attribute bar မှာ Add to selection ဆိုတာလေး နှိပ်ပေးလိုက်။

Tool မှာ + လေး ပေါ်လာတယ် .. အဲဒါဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း လိုတဲ့ နေရာလေးကို ပြန်ဖြည့်ဆွဲ ပြီး Select ပြန်လုပ်လို့ ရပါတယ်။

အဲလိုပဲ Subtract from selection ဆိုတာကို နှိပ်ကြည့်လိုက်ပါ။

Tool မှာ - ပေါ်လာပါတယ်။ ပိုသွားတာတွေ ပြန်နှုတ်လို့ ရပြီပေါ့ .. ။
ကဲ ပြန်ဆက်ကြရအောင် .. အောက်ပါအတိုင်း Selection လုပ်ပြီးသွားပါပြီ။


Image - Adjustments - Hue/Saturation (or) Ctrl+U ကိုနှိပ်ပါတယ်။ အောက်ပါတန်ဖိုး အတိုင်းရအောင် ချိန်ကြည့်လိုက်ပါ။
အောက်ပါ ပုံအတိုင်းရလာပါမယ်။
ဒီတစ်ခါဘောင်းဘီကို Select ထပ်လုပ်ပါတယ်။ နေရာတွေ ကွဲနေတာ ဖြစ်လို့ ဥာဏ်ရှိသလိုလုပ်နိုင်ပါတယ်။ ပြီးရင် ခုနက အတိုင်းပဲ Ctrl+U နှိပ်ပြီး အစိမ်းရောင်ဖြစ်အောင် ချိန်ကြည့်ပါ။
သဘောပေါက်မယ်ထင်ပါတယ်... မိမိ နှစ်သက်သလို အရောင်တွေ ပြောင်းနိုင်ပါတယ်။ အဓိက ကတော့ Selectionသပ်ယပ်ဖို့ ဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ဖိနပ်၊ မျက်လုံး၊ နှုတ်ခမ်း၊ အသားရောင်၊ဆံပင်တွေ ကို အရောင်ဖြည့်လိုက်ပါတယ်။ အခက်အခဲတစ်ခုက အသားရောင်ပါ။အသားအရောင်အတွက် က အောက်ပါ တန်ဖိုး အတိုင်း လိုက်ဖြည့်ကြည့်ပါ။


ကျန်တာတွေက လွယ်ပါတယ် အဆင်ပြေမယ်ထင်ပါတယ် .. ။ အားလုံးပြောင်းပြီး သွားတဲ့နောက် အောက်ပါပုံအတိုင်း လှသွားပါတယ်။
အဆင်ပြေကြပါစေဗျာ .. ဒီတစ်နည်းတည်းကို Repeat နဲ့ပြောနေရမှာစိုးလို့ နည်းနည်း အကျဉ်းချုပ်လိုက်ပါတယ် ။
အဆင်ပြေကြ ပါစေဗျာ ....

Friday, 20 May 2011

အချိန်မစောင့်ဘဲ Download လုပ်မယ်

RapidShare တို့ Megaupload တို့ကို စာဖတ်သူတို့သုံးဖူးကြမယ်ထင်တယ်။
Free User ဆိုရင် Download မလုပ်ခင် တစ်မိနစ်လောက်စောင့်ရတယ်။
မစောင့်ဘဲလုပ်ချင်လား။ အခုကျွန်တော်ပြောပြပါမယ်။

ကျွန်တော်ကတော့ အခုဟာကို Browser Side Java Hacking လို့နာမည်ပေးလိုက်တယ်။
Hacking ဆိုလို့ လန့်မသွားပါနဲ့။ ကျွန်တော်တို့က သူတို့ရဲ့ ဆိုဒ်ကို တိုက်ရိုက်ပြင်တာမဟုတ်လို့ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ကို Browser က display လုပ်တာကိုသာပြင်တာပါ။


ဘယ်လိုလုပ်မလဲ။
1) ကိုယ် download လုပ်ချင်တဲ့ လင့်ကိုဖွင့်လိုက်ပါ။

2) Free User ကိုရွေးလိုက်ပါ။
3) Catchpa Code ဖြည့်ရမယ်ဆိုရင် ဖြည့်လိုက်ပါ။
java_hacking_2

java_hacking_3

4) ပြင်ချင်တဲ့ဆိုဒ်နဲ့သက်ဆိုင်တဲ့ အောက်ကကုဒ်တွေကို copy ကူးပြီး notepad ထဲမှာ တစ်ကြောင်းထဲဖြစ်အောင် ပြင်ထားပါ။ (သို့) attach လုပ်ထားပေးတဲ့ notepad ထဲကနေ copy လုပ်ရင်လဲရပါတယ်။
java_hacking_5

java_hacking_6

5) Download Timer စတာနဲ့ Address Bar မှာ ကုဒ်တွေကို ဖြည့်ပြီး enter ခေါက်လိုက်ပါ။

java_hacking_4

java_hacking_7

ဖြည့်ရမယ့် Code က Website တစ်ခုနဲ့တစ်ခုတူမှာ မဟုတ်ပါဘူး။

Megaupload
javascript:document.getElementById(‘downloadlink’).style.display = ”;document.getElementById(‘downloadcounter’).style.display = ‘none’;void(0);

File Factory
javascript:document.getElementById(‘downloadLink’).style.display = ”;document.getElementById(‘linkContainer’).style.display = ‘none’;void(0);

Deposit Files
javascript:show_url(0);void(0);

Badongo
javascript:check_n = 1;void(0);

Uploaded.to
javascript:secs = 11;document.getElementById(‘download_submit’).value = “Free Download”;document.getElementById(‘download_submit’).disabled=false;void(0);

ကျွန်တော်ရေးထားတဲ့ အထဲမှာမပါတဲ့ ဖိုင် Hosting ရှိခဲ့ရင်လဲပြောပါ။
ကျွန်တော် တင်ပေးပါမယ်။
Rapidshare နဲ့ Easy-Share.com ကတော့ server ဘက်မှာပါ counter ရှိပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဖက်က ပြင်လဲဖိုင်က Download လုပ်လို့မရပါဘူး။

Download Attached File [Right Click and Save Target As]

အင်တာနက် အဆ ၂၀ မြန်အောင် လုပ်နည်း

၁။ start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ၊
၂။ Administrative Templates ကို နှိပ်ပါ။

၃။ Network ကိုနှိပ်ပါ။
၎။ QoS Packet Scheduler ကိုနှိပ်ပါ။
၅။ Limit reservable bandwidth ကိုနှိပ်ပါ။
၆။ Enabled (optional) ကိုရွေးပါ။
၇။ Bandwidth limit (%) ကို 20 ကို 0 ပြောင်းပါ။
၈။ Apply ကိုနှိပ်ပြီး ပေါ်နေတဲ့ Windows တွေအားလုံးပြန်ပိတ်လိုက်ပါ။ သင့်Computer ရဲ့ Internet Speed 20% မြန်သွားပါပြီ။ (သူငယ်ချန်းးတစ်ယောက်ပီးတဲ့နည်းတစ်ခုကို မျှလိုက်ပါရေ. သိသူများလည်းရှိပါဖို့မသိသိမ်းသူများအတွက်ပါ။)

Wednesday, 11 May 2011

ကွန်ပျူတာအသုံးပြုသူများ မလွဲမသွေ ပြုလုပ်သင့်သော အချက် ၆ ချက်

ယခုဆိုလျင် ကွန်ပျူတာ နည်းပညာ တိုးတက်လာမှု နှင့်အတူ ကွန်ပျူတာ အသုံးပြုသူများမှာလည်း ကမ္ဘာပေါ်တွင် သန်းနှင့်ချီ တည်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် မသမာသူများ၏ နှောက်ယှက်မှုကြောင့် ဖြစ်စေ၊ နည်းပညာ၏ နှောက်ယှက်မှုကြောင့်ဖြစ်စေ၊ ကွန်ပျူတာကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှုသည် အသုံးပြုသူများအတွက် နေ့စဉ်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပေတော့သည်။ အကယ်၍သာ ၄င်းစိန်ခေါ် နေသော ပြဿနာရပ်များကို နည်းပညာ အကူအညီ ဖြင့် မကျော်လွှား၊ မဖြတ်သန်းနိုင်ပါက User များအနေဖြင့် မိမိ၏အလုပ်ကို တွင်ကျယ်စွာ လုပ်နိုင်တော့မည် မဟုတ်ချ။ ထို့ကြောင့် ကွန်ပျူတာ အသုံးပြုသူ များအတွက် မလွဲမသွေ ပြုလုပ်ထား သင့်သော အချက် (၆) ချက်ကို စာဖတ်သူ များ လေ့လာနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။



ကွန်ပျူတာတွင် antivirus နှင့် antispyware ပရိုဂရမ်များ အသုံးပြုခြင်း
Internet အသုံးပြုသော စက် ဖြစ်စေ၊ အသုံးမပြုသော စက်ဖြစ်စေ၊ Antivirus Software တစ်ခုခုကို မိမိ စက်ပေါ်တွင် သုံးသင့်သည် အဘယ် ကြောင့်ဆိုသော် Memory Stick ကို အသုံးပြုခြင်းသည် မိမိကွန်ပျူတာထဲ သို့ Virus ၀င်စေရန် ဖိတ်ခေါ်နေ သောကြောင့်ပင် ဖြစ်သည်။ ထို့ ကြောင့် ကွန်ပျူတာ အသုံးပြုသူများ အနေဖြင့် Antivirus တစ်ခုကို သုံးစွဲ ပြီး၊ အမြဲ Update ဖြစ်နေစေရန် လည်း သတိပြု လုပ်ဆောင်သင့် သည်။ Antivirus မသုံးထားခြင်းနှင့် Virus Update မဖြစ်သောအခါများ တွင် Virus များ Trojan များ၊ Worm များ၏ နှောက်ယှက်ခြင်းကို ခံရမည် ဖြစ်သည်။ Spyware များသည် ကွန်ပျူ တာ သုံးစွဲသူများ မသိလိုက်ပဲ ကွန်ပျူ တာအတွင်းသို့ ၀င်ရောက်လာသော ပရိုဂရမ်တစ်ခု ဖြစ်သည်။ ၄င်းသည် သုံးစွဲသူများ၏ သတင်းအချက် အလက်များကို စုဆောင်းပြီး Spyware ရေးသားသူဆီသို့ ပြန်ပို့ သောကြောင့် လုံခြုံရေးကို အလွန် တရာ အနှောက်အယှက် ဖြစ်စေ သော ပရိုဂရမ်ဖြစ်သည်။ ယင်း တို့ကို Antivirus က မဖယ်ရှားပေးနိုင်သော ကြောင့် Antispyware များကို အသုံးပြုကာ ဖယ်ရှားပေးဖို့ လိုအပ် ပေသည်။

အရေးကြီးသော Backup
Backup လုပ်ထားခြင်းသည် နေရာတိုင်းတွင် အသုံးဝင်သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ တစ်နည်း ဆိုရလျင် Backup လုပ်ခြင်းသည် ဒုတိယ အစီအစဉ် (Second Protocol) တားခြင်းနှင့်လည်း သဏ္ဍာန် တူသည်။ အရေးကြီးသောလုပ်ငန်း File များကို ကွန်ပျူ တာ၏ Harddisk C: ထဲတွင် ထားခြင်းထက် D: ထဲတွင် နောက်ထပ် Floder တစ်ခုဖြင့် Backup ထားသင့်သည်။ အကယ်၍ ထို့ထက်ပိုပြီး လုံခြုံစေချင်လျင် External Hard Disk (သို့) CD (သို့) DVD ဖြင့် ကူးထားသင့်သည်။ သို့မှသာ User ၏ င်္File များ ပျက်စီး ခဲ့လျင် အချိန်မီ Recovery ပြန်လုပ်နိုင် မည် ဖြစ်သည်။ ထို့ကြောင့် User များ အနေဖြင့် Windows Backup သာမကပဲ Thirc-party back-up Software များကိုသုံးကာ Backup လုပ်ထား သင့်ပါသည်။

Disk Defragment ပုံမှန်လုပ်ပေးခြင်း
Software များကို Install လုပ် ခြင်းနှင့် unistall အကြိမ်ကြိမ် ပြုလုပ် ခြင်းသည် Hard Disk ၏ နေရာမှတ် သားမှုများတွင် ကွက်လပ်များ ဖြစ် ပေါ်စေနိုင်သလို၊ ကွန်ပျူတာ၏ Regstry ကိုလည်း ရှုပ်ထွေးကြီးထွားလာ စေသည်။ Registry ၌ ဤကဲ့သို့ အ၀င်၊ အထွက်များ ရှုပ်ထွေးလာ လျင် ကွန်ပျူ တာ အလုပ်လုပ်မှုကိုပါ နှေးကွေးစေသည်။ ထို့အပြင် Uninstall လုပ်ခြင်း ကြောင့် Disk တွင် နေရာကွက်လပ် များ ဖြစ်စေခြင်းသည်လည်း စက်၏ စွမ်းဆောင်ရည်ကို ကျစေသည်။ ဤသို့ဖြစ်လျင် Detragmenttool ကို အသုံးပြုပြီး File များကို နေရာ ပြန်လည်ချပေးသင့်သည်။

Internet သုံးရာတွင် Firewall ခံသုံးခြင်း
အရေးကြီးသောလုပ်ငန်း လုပ်ဆောင်နေသူများ အနေဖြင့် Internet အသုံးပြုမည်ဆိုပါက Firewall ကို မဖြစ်မနေ အသုံးပြုသင့် သည်။ အကယ်၍ Firewall မပါရှိဘဲ Internet ကို စိတ်ချလက်ချသုံးလျင် Virus များ နှင့် Hacker များကို လက်ယက်ခေါ်နေသယောင် ဖြစ်နေ ပေလိမ့်မည်။ ထို့ကြောင့် အင်တာ နက် အသုံးပြုသူ User များအနေဖြင့် Firewall တစ်ခုခုကို မိမိ၏ စက်နှင့် တွဲဖက်ကာ အသုံးပြုသင့်သည်။

UPS သုံးခြင်းဖြင့် PC ကို ကာကွယ်ခြင်း
မီးအား အတက်အကျ မမှန် သော နေရာများတွင် ကွန်ပျူတာ အသုံးပြုသူများ အနေဖြင့် UPS ကို အသုံးပြုသင့်သည်။ အဘယ်ကြောင့် ဆိုသော် အိမ်မီး EPC ဖြင့် ကွန်ပျူတာ ကို တိုက်ရိုက်အသုံးပြုပါက မီးအား ရုတ်တရက် တက်လာသောအခါ ကွန်ပျူတာ Motherboard ၏ ကက်ပက်စီတာ (capacitor) များကို ထိခိုက် ပျက်စီးစေနိုင်သလို အခြား Hardware Device များကိုလည်း ပျက်စီးမူကိုလည်း ဖြစ်စေနိုင်သည်။ ထို့ကြောင့် UPS လို့ ခေါ်ဆိုသည့်  Uninterruptible Power Supply ကို သုံးကာ ကာကွယ်မှု ယူသင့်သည်။ Attachement ကို မလိုအပ်ပဲ မဖွင့်ခြင်း E-mail Attachement များ တွင် System ကို ဖျက်စီးနိုင်သည့် Code များ ပါဝင်လာနိုင်သည်။ ၄င်း Attachement များသည် exe သာ မက doc နှင့် xls code များတွင်မှာ ပေါင်းထည့်ပြီး ပို့လာနိုင်သည်။ ထို့ကြောင့် User များအနေ ဖြင့် gif, jpg, bmp စတဲ့ Graphics ဖိုင်တွေကို ဖွင့်သည့်အခါတွင် သတိ ထားသင့်သည်။ မလိုလားအပ်သော Malicious ပရိုဂရမ်များ မိမိ၏စက် အတွင်းသို့ ၀င်မလာစေရန် မိမိမသိ သော သူများ ပေးပို့သည့် E-mail မှ Attachement အ များကို ဖွင့်မကြည့် သော နည်းဖြင့် ကာကွယ်သင့်သည်။

အောင်ရဲမောင်မောင်
MCP, MCTS

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes