သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Saturday, 7 December 2013
832 နှစ် မှ တစ်ခါသာကြုံရတဲ့ မြန်မာပြက္ခဒိန်
Wednesday, 4 December 2013
စိုးမြတ်သူဇာနှင့် နဝရတ် ရဲစစ်ချက်မှတ်တမ်း ဟူ၍ Facebook တွင် တင်ထားခြင်း ရပ်တန့်ရန် ရုပ်ရှင်အစည်းအရုံး တောင်းဆို


ရန်ကုန်၊ ဒီဇင်ဘာ ၃
အကယ်ဒမီ စိုးမြတ်သူဇာနှင့် နဝရတ်တို့ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့သည် ဟုဆိုသော ရဲစစ်ချက် မှတ်တမ်းများဟု ယူဆရသည် များကို နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့က Facebook လူမှုကွန်ရက်တွင် Moe Zay Nyein အမည်ဖြင့် ဖော်ပြခြင်းကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်တွင် တစ်ချိန်က အနုပညာရှင် အချို့ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ သို့သော်လည်း ယင်းသို့ တွေ့ဆုံဆွေးနွေးမှုသည် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အရ လည်းကောင်း၊ လူမှုရေးအရ လည်းကောင်း ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် ထားရှိရမည်ဖြစ်ကြောင်း၊ သို့သော် ယင်းလျှို့ဝှက် ထွက်ဆိုချက်သည် ယခုအခါ အွန်လိုင်းလူမှုရေး ကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ရောက်ရှိရုံမျှသာမက ပုဂ္ဂလိက သတင်းစာနှင့် ဂျာနယ်အချို့တွင်ပါ တရားဝင်ထုတ်ပြန်ချက် သဖွယ် ကူးယူ ဖော်ပြလာသည်ကို တွေ့ရှိရကြောင်း၊ ယင်းအတွက် မူးယစ်ဆေးဝါးနှင့် လုံးဝပတ်သက်ခြင်း မရှိသော အနုပညာရှင်များ၊ ပတ်သက်မှု ရှိခဲ့သော်လည်း ယခုအခါတွင် လမ်းမှန်သို့ လျှောက်လှမ်းရန် ကြိုးစားနေကြသော အနုပညာရှင်များ နှင့်တကွ မိသားစုများပါ ဂုဏ်သိက္ခာ ညှိုးနွမ်း ထိခိုက်ကြရသည်ကို စိတ်မကောင်းစွာ တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနှင့် အထက်ပါ လုပ်ရပ်များကို ရပ်တန့်ပေးရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။
Moe Zay Nyein ဆိုသူ တင်ထားသည့် အကယ်ဒမီ စိုးမြတ်သူဇာ၏ ရန်ကုန် မူးယစ်အရှေ့ အထူးအဖွဲ့ စစ်ဆေးချက်ဟု ဆိုသည့် မှတ်တမ်းတွင် စိုးမြတ်သူဇာ ကိုယ်တိုင် ရာမဆေးပြားနှင့် WY ဆေးပြားသုံးစွဲကြောင်း ဖော်ပြထားပြီး ရုပ်ရှင်နှင့် ဂီတ နယ်ပယ်မှ ယင်းဆေးပြားများ သုံးစွဲမှုနှင့် ဆက်စပ်နေသည့် အနုပညာရှင်များ၏ အမည်များကိုလည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။
သရုပ်ဆောင် နဝရတ်၏ အစစ်ခံချက် ဟူ၍ တင်ထားသည့် မှတ်တမ်းတွင်လည်း Ecstay နှင့် WY ဆေးပြားများ သုံးစွဲကြောင်း ဖော်ပြမှုနှင့် အတူ ၄င်း၏အမည်နှင့် ဆက်နွှယ်၍ တပ်မတော်အရာရှိ အချို့၏ သားသမီးများနှင့် အနုပညာရှင် အချို့၏ အမည်များ ဖော်ပြထားသည်ကို တွေ့ရှိရသည်။
သရုပ်ဆောင် စိုးမြတ်သူဇာ၏ အမည်နှင့် အွန်လိုင်းပေါ်တွင် တင်ထားသည့် ရဲစစ်ချက် မှတ်တမ်းနှင့် ပတ်သက်၍ ၄င်းက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၄င်း၏ Facebook မှတစ်ဆင့် ပြောကြားရာတွင် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး နာမည် ပါခဲ့သည့် အနုပညာရှင်များ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည့် အတွက် တောင်းပန်ကြောင်း၊ Moe Zay Nyine Account ပိုင်ရှင်ကို မသိရှိသလို မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့သည်ကို နားမလည်ကြောင်း၊ ယင်း Account ပိုင်ရှင် တင်ထားသည့် အကြောင်းအရာ များကို တစ်ဦးတစ်ယောက် ကမျှ မထောက်ခံထား သည့်အတွက် လုံးဝ အမှန်ဟု မယူဆသင့်ကြောင်း၊ အနုပညာရှင် များ၏ အမည်များ ပါဝင်ခဲ့သည့်အတွက် အများကြီး ထိခိုက်နစ်နာစေပြီး လုပ်ဖော်ကိုင်ဖက် အချင်းချင်း သံသယကြောင့် ရင်းနှီးမှုကို ပျက်ပြား စေကြောင်း၊ ၄င်းသည် ယနေ့အချိန်အထိ မည်သူ့ကိုမျှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့ကြောင်း၊ ယင်းအကြောင်းအရာများ အွန်လိုင်းတွင် ပေါ်ပေါက်ခဲ့ သည့်အတွက် မိမိနှင့် ပတ်သက်သော မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ပရိသတ်များ အားလုံး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသလို ကိုယ်တိုင်လည်း စိတ်ထိခိုက် နာကျင်ရကြောင်းနှင့် ၄င်းသည် ၄င်း၏ ရပ်တည်မှု အတွက် လိပ်ပြာသန့်ကြောင်း ပြောကြားခဲ့သည်။
The Voice Weekly
Posted in: ၀၃။ မြန်မာ့ သတင်းဆီးဂိမ်းအားကြိုဆိုရန် ထိုင်းအနုပညာရှင်များ ရန်ကုန် ရောက်
''ဒီနေ့မှာ ထိုင်းနိုင်ငံက Pee Mark မင်းသမီး လာမယ်။ မင်းသားနဲ့မင်းသမီးကိုယ်ပိုင်အဖွဲ့ ဝင်စုစုပေါင်း ၁၁ဦးပါဝင်ပါတယ်။ ဒီနေ့မှာတော့ မြန်မာအနုပညာ ရှင်တွေဖြစ်တဲ့ ကိုလူမင်း၊ စိုင်းစိုင်း တို့နဲ့ တွေ့ဆုံမယ်။ ညနေဘက် မှာ ဆီးဂိမ်း အကြို မြန်မာ ပရိသတ် နဲ့ Juction Square မှာ တွေ့မယ်။ မနက်ဖြန် နံနက်မှာတော့ ရွှေတိဂုံ စေတီတော်မြတ်ကြီးနဲ့ ဗိုလ် တထောင်စေတီတော်ကို ဖူးမြော် ကြမယ်လို့ ပြောပါတယ်''ဟု စီစဉ် သူ ADMA ကုမ္ပဏီမှ ဒု-ဥက္ကဋ္ဌ ဦဝေမင်းမောင်က ပြောသည်။
အဆိုပါအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃ရက်တွင် Jaunction Square ၌ မြန်မာပရိသတ်အား ဖျော်ဖြေသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၄ရက်တွင် ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ဗိုလ်တထောင်စေတီ တော်မြတ်ကြီးကို ဖူးမြော်သွား မည်ဖြစ်သည်။ ထိုင်း အနု ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ဖြစ်ပုံ နှင့်ပတ်သက်၍ ADMA ကုမ္ပဏီ မှ မြန်မာအနုပညာရှင် သရုပ် ဆောင်ဇာနည်ကလည်း ''ထိုင်း မင်းသမီး လာဖြစ်တာကတော့ ကျွန်တော်တို့ဆီက ကိုဝေမင်း မောင်က ဘန်ကောက် ကို သွား တော့ ချိတ်လာတယ်။ ဆီးဂိမ်း မှာ ပရိုမိုးရှင်းလုပ်ဖို့ ဖိတ်ခဲ့တယ်။ အခုလို ထိုင်းအနုပညာရှင်တွေ မြန်မာနိုင်ငံကိုလာတာ ကောင်းပါ တယ်။ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ ပြည်ပက နှစ်ယောက် မြောက် ထိုင်းမင်းသမီးကို ဖိတ် ခေါ်နိုင် လို့ ကောင်းပါတယ်။ သူ တို့က အနုပညာအနေနဲ့လဲ ကောင်းပါတယ်။ မြန်မာတွေရဲ့ သရုပ်ဆောင်အရည်အသွေးကို ပြောရမယ်ဆိုရင် အခု ထိုင်း နိုင်ငံမှာ နာမည်ကြီးနေတဲ့ Pee Mark ဇာတ်ကားကို မြန်မာပြည် က သရုပ်ဆောင် တွေလဲ သရုပ် ဆောင်နိုင် လိမ့်လို့ ကျွန်တော် မြင်တယ်''ဟု ပြောသည်။ ထိုင်းမင်းသမီးနှင့် အဖွဲ့ဝင် များအား လေဆိပ်နှင့် လမ်းတစ် လျှောက်တွင် လုံခြုံရေးကုမ္ပဏီမှ အထူးလုံခြုံရေးအဖွဲ့ဝင်များက လုံခြုံမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်ဦးဆောင်တဲ့ အထူးဘော်ဒီဂတ် စုစုပေါင်း ၁၅ဦး နဲ့ ထိုင်းအနုပညာရှင်တွေကို လုံခြုံ ရေးပေးထားတယ်''ဟု ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီမှ ဦးအောင်မိုး က ပြောသည်။ ထိုင်းအနုပညာရှင်များ နှင့် မြန်မာအနုပညာရှင်များ ပူး ပေါင်း ကာ မြန်မာပရိသတ်အား ဆီးဂိမ်းအကြို တွေ့ဆုံဖျော်ဖြေ ခြင်းအပြင် မြန်မာသရုပ်ဆောင် များနှင့် ပူးပေါင်းပြီး ထိုင်း-မြန်မာ ယဉ်ကျေးမှုများပါဝင်မည့် ရုပ်ရှင် ဇာတ်ကားတစ်ကားကို ရိုက်ကူး သွားမည်ဖြစ်သည်။
''နိုင်ငံတကာ ထိုးဖောက် ဖို့နဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးလဲ ရိုက်ကူးသွားမယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို ထည့်သွင်းရိုက် ကူးဖို့ ရှိပါတယ်။ မြန်မာ့ယဉ် ကျေးမှုတွေ ပါချင်လို့ မင်းသားကို ဧည့်လမ်းညွှန် ဇာတ်ရုပ် အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ယဉ်ကျေးမှုတွေကို လဲ ထည့်သွင်းရိုက်ကူးသွားပါ မယ်''ဟု ဦးဝေမင်းမောင်က ဆက် လက်ပြောသည်။ ယင်းဇာတ်ကားအတွက် ဇာတ်လမ်း၊ ဇာတ်ညွှန်းများကို ပြင်ဆင်နေပြီ ဖြစ်ပြီး ဇာတ်ကား တွင် ထိုင်း၊ မြန်မာ၊ အင်္ဂလိပ်ဘာ သာစကားများ ပြောဆိုမည်ဖြစ် ကာ ဇာတ်ကားအား အင်္ဂလိပ် စာတန်း၊ ထိုင်းစာတန်းများ ထိုး သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ရိုက်ကူးမည့် ရုပ် ရှင်ဇာတ်ကားတွင် အဆိုပါ မင်း သမီးနှင့် အတူ လူမင်း၊ စိုင်းစိုင်း ခမ်းလှိုင်တို့မှ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမည်ဖြစ်သည်။
သူသူ ၊ နွေးနွေး
Yangon Media Group
Pee Mak မင်းသမီး Davika Hoorne နှင့် ထိုင်းမင်းသား Mos Patiparn ဓာတ်ပုံများ - ရဲနောင်(ဖယ်ခုံ)
ကိုင်း ဒီကိစ္စ ဘယ်လို လုပ်ကြမတုန်း
ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆိုတာ လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ တစ်ခါတည်း သူ့နောက်ပါသွားလေရာ့သလား မ ပြောတတ်ပါဘူး။
ဒီအထဲက တစ်ပုံကို အိတ်ပိတ်ပြီး အဲ့ဒီကျောင်းက အတန်း ခေါင်းဆောင် ဆရာလက်ထဲလည်း ထည့်ပြီးပါပြီ။ အ ထောက်အထား ယူပေးတဲ့ ကိုယ့်ကို တောင် ပြန် ရန်လုပ်ချင် တဲ့ပုံပဲ ပြောပုံက ဒီပုံ ဘယ်သူရိုက်တာလဲတဲ့။
ဒါ ကျောင်း ကို သိက္ခာချတာဆိုလားဘဲ ။ တလ ကျော်သွားပါပြီ ဘာမှထူးမလာပါဘူး ။
ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲပါဘဲ။
အ ကြွေအမ်း တာတောင် ငါးဆယ် မရှိလို့ ဆေးလိပ်ယူသွားတဲ့ဗျာ နားနဲ့ ဆက်ဆက် ကိုကြားတာပါ။ ပထမတော့ က လေးက မယူပါဘူး။ နှစ်ခါလောက်ပြောတော့ သူလည်း ယူသွားရှာတယ။်
ဒီအချိန်မှာ သွားပြောရင် ရန်ဖြစ်ဖို့ပဲရှိတာပေါ့။
ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို
ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို
သိတာနဲ့ ပြင်းပြင်းထန်ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ။
တစ်လ သာကျော်သွားတယ် မထူးလာဘူး ဒါ့ကြောင့် ဖွဘုတ်မှာ တင်ပြီး ဖွတယ် လို့သာမှတ်ပေါ့ဗျာ။ ခေတ်မှီလာပြီနော် ကိုရီးယားမ တွေ လိုပဲ နောက်ဆို အရက်ဆိုင် ပါထိုင်တော့မှာ ရင်လေးပါတယ်ဗျာ အဲဒီအချိန် ရောက်မှာနဲ့ ကျုပ်သမီး အဲ့ဒီ့အရွယ် ရောက်မှာနဲ့က တော့ ကွက်တိပဲ အမြင် မ တော်သူများ များများရှဲပေးကြပါဗျာ အမြင်တော်ရင်တော့လည်းတတ်နိုင် ဘူး ကျောင်းနာမည် သိချင် သူများ ချက်ဘောက်မှတဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
မေးမြန်းဆုံစမ်းခြင်းကို ဒလ ဟော ခွင့်ပြုပါတယ်။
Posted in: ၀၃။ မြန်မာ့ သတင်းအွန်လိုင်းပေါ်တွင် ပြန့်နေသည့်အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးကိစ္စ ရုပ်ရှင်လောကသားများ တုံ့ပြန်ပြီ
သတင်းကိုလူတိုင်းစိတ်ဝင်စားကြသည်။ သတင်းထူးသတင်းဦးဆိုပါက ပို၍ပင် စိတ်ဝင်တစားရှိတတ်ကြသည်။ သတင်းဆိုသည်ကို တစ်ကြိမ် တစ်ခါမျှ မဖြစ်ပေါ်ဖူး သော အဖြစ်အပျက်ဟုဖွင့်ဆိုထားရာ ယင်းကဲ့သို့ တစ်ကြိမ်တစ်ခါမျှ မဖြစ်ပျက်ဖူး၊ မပေါ်ပေါက်ဖူးသော သတင်းမျိုးဆိုပါက ပို၍ပို၍ပင် စိတ်ဝင်စားကြမည်ကမလွဲ။
လတ်တလောတွင် ထိုကဲ့သို့သတင်းထူးသတင်းဦးများစွာအနက် သက် ဆိုင်ရာနယ်ပယ် အသီးသီးတွင် ငလျင်တစ်ခုကဲ့သို့ လှုပ်ခတ်တုန်ခါ သွားစေ ခဲ့သော သတင်းတစ်ခုပေါ်ပေါက်လာခဲ့သည်။ တကယ်တော့ ထိုသတင်း၏ အသွင်ပိုထူးခြားစေခဲ့သည်က လျှို့ဝှက်အပ်သောအရပ်မှ ပေါက်ကြားခဲ့သော သတင်းဖြစ်နေသောကြောင့်ပင်။
”ဟိုးအစောပိုင်းကတော့ ကျွန်တော်တို့လည်း အစစ်ခံခဲ့ရဖူးတာပဲ။ အမှား က တော့ကင်းတဲ့သူ သိပ်မရှိပါဘူး။ ဒီဟာမကောင်းဘူးဆိုတာ သိလို့ လမ်းမှန်လျှောက် နေတဲ့ သူတွေ အများကြီးပါ။ တရားဥပဒေကိစ္စကတော့ ကျွန်တော် သိပ်နားမလည်ဘူး။ ဒီဟာက စစ်ဆေးတဲ့ဟာ အပြင်ထွက် လာတယ်ဆိုတာက မဖြစ်သင့်ဘူးလေ။ အပြင် ထွက်လာတော့ ရှုပ်ကုန် တာပေါ့။ မဟုတ်ဘဲ အစွပ်စွဲခံရသူတွေက ငြင်းတာအကြောင်း မဟုတ်ပေ မယ့် ဟုတ်နေတဲ့သူတွေ ငြင်းတာကတော့ ပြဿနာပေါ့။ ဘာပဲဖြစ်ဖြစ် လျှို့ဝှက် အပ်တဲ့ မပေါက်ကြားသင့်တဲ့အရာကတော့ အခုလိုပေါက်ကြားတာ လုံးဝ မသင့်လျော်ဘူး။ အမှားကို ဆက်လုပ်နေတဲ့သူတွေအတွက်ကတော့ သတိပေးလိုက်တဲ့ သဘောတော့ ရှိနိုင်ပေမယ့် အရင်က မှားခဲ့တဲ့အမှား ကိုသိပြီး အမှန်ကိုလျှောက်နေ တဲ့သူတွေ ခြေလှမ်းတုံ့ဆိုင်းသွားနိုင်တယ်”ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ အဖြစ် လူမှုရေးကိစ္စများကို ကိုယ်အား စိတ်အား ထက်သန်စွာဆောင်ရွက်နေသူ ဦးကျော်သူက ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့်အနုပညာရှင် များနှင့်မူးယစ်ဆေးဝါး ကိစ္စအပေါ် သူ၏အမြင်ကို ထုတ်ဖော်ပြောဆိုပါသည်။
အဆိုပါ အနုပညာရှင်များ မူးယစ်ဆေးဝါးသုံးစွဲသည်ဆိုခြင်းနှင့် သုံးစွဲသူတို့၏ အမည်စာရင်းပါ ရဲစစ်ဆေးချက်၌ မူးယစ်ဆေးဝါးသုံးစွဲသူ အဆိုတော်သုံးဦး အမည် စာရင်းတွင် ပါဝင်နေသည့် သားဖြစ်သူ၏ကိုယ်စားသာမက ရုပ်ရှင်လောကတစ်ခုလုံး ကိုယ်စား ပြောကြားသူ မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းက ”ကျွန်တော်ပြောမယ်ဆိုရင် မင်းမော်ကွန်း ဖခင်ဖြစ်တဲ့ ဇင်ဝိုင်းအနေထက် ရုပ်ရှင် လောကသားတစ်ဦး အနေနဲ့ လောက တစ်ခုလုံး ကိုယ်စားပြောချင်တယ်။ ကျွန်တော် တို့ သိသလောက် ဒီစစ်ဆေး ချက်က ၂ဝဝ၈ ခုနှစ်က ဖြစ်တယ်။ အဲဒီကာလတုန်းက ဒီနှစ်ယောက် တည်း ခေါ်ယူစစ်ဆေးတာ မဟုတ်ပါဘူး။ အနုပညာရှင် တော်တော်များ များကို ခေါ်ယူစစ်ဆေးတာ ကျွန်တော့်သား အပါအဝင်ပါပဲ။ ခေါ်ယူ စစ်ဆေးပြီး စစ် ဆေးချက်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ မှတ်တမ်းတင် ချက်၊ စစ်ဆေးချက်တွေ ဆိုတာ ရုံးလုပ်ထုံးလုပ်နည်းအရဖြစ်စေ၊ လူမှုရေး အရပဲဖြစ်စေ လျှို့ ဝှက်ထားရမယ့် ကိစ္စပဲဖြစ်ပါတယ်။ အခု ဒီကိစ္စပေါက်ကြား လာတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိပါ သလဲမေးချင်ပါတယ်။
ဒီလူမှုကွန်ရက် Facebook ပေါ် တက်လာတာနဲ့ သတင်းကို ပုဂ္ဂလိက စာနယ်ဇင်းတွေက ဖော်ပြတာရှိတယ်။ အတည်ပြုချက်ရယူပြီးမှ ဖော်ပြတာ လား ဆိုတာ ကျွန်တော်မသိပါ။
ကျွန်တော့်နာမည်နဲ့ ပြည့်တန်ဆာခန်း ထောင်ထားသူ ဇင်ဝိုင်းလို့ စာတစ်ကြောင်းကိုFacebook ပေါ်မှာ တက်လာရင် ပေါ်ပြူလာကတင်လာ မယ်ဆိုပါတော့ ကျွန်တော့်ကို အတည်ပြုမေးရပါမယ်။
အဲဒါက အတည်ပြုချက်မပါဘဲ ပါလာရင် လုပ်လို့ မရပါဘူး။ ကျင့်ဝတ်အပိုင်း ပါသွားပြီ။ ဒါကိုတော့ ထားလိုက်ပါ။ ခေတ်စနစ်တစ်ခု ကို ပြောင်းလဲနေ တဲ့ကာလမှာ အားလုံးက နေသားတကျ မှားယွင်းမှု ကို နားလည်ပါတယ်။ အခု အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ နာမည်စာရင်းတွေက အနုပညာ သည်တွေ မကပါဘူး။ မူးယစ်ဆေး ဝါးအန္တရာယ်ဟာ ကျွန်တော်တို့နိုင် ငံ တော်အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုပါပဲ။ လူငယ်တွေကြားမှာ သူတို့ ပတ် ဝန်းကျင်က စာအုပ်ကောင်းတစ်အုပ် ဘဝတက်လမ်းအတွက် အကျိုးပြုစေတဲ့ အချက်များရှိနေတာထက် မူးယစ်ဆေးဝါး အရက်၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ နံပါတ် ၄၊ ရာမ အစုံ အစုံ လက်လှမ်းတမီမှာ ရှိနေပါတယ်။ သိပ်ကြောက်စရာကောင်းပါတယ်။ အများအမြင်မှာ ဒီကလေးတွေ ဒီလူ စာရင်းတွေဟာ တရားခံလို့ မြင်ကြပေမယ့် ကျွန် တော် ကတော့ ခေတ်ဆိုး စနစ်ဆိုးရဲ့ သားကောင်လို့ပဲမြင်တယ်။ အနုပညာလောက ရယ်မှမဟုတ်ပါ ဘူး။ မင်းမော်ကွန်းအတွက် ပြောခြင်းလည်း မဟုတ်ပါဘူး။ ကျွန်တော် တို့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ထုတွေကို အမြန်ဆုံးမူးယစ်ကျွန်ဘဝမှ အမြန်ဆုံး ကယ်တင်ပေးကြပါ။ နိုင်ငံသားတစ်ဦးဖြစ်တဲ့ ဇင်ဝိုင်းအနေ နဲ့ တောင်းဆိုတာပါ။ မူးယစ် ရာဇာတွေက လူကုံထံရပ်ကွက်ထဲမှာ နန်းတော်တမျှ ကြီးကျယ်ခမ်းနားတဲ့တိုက် ကြီးတွေနဲ့ နောက်ဆုံးပေါ်ကား ၁၄ စီး ၁၅ စီးနဲ့ တဝီးဝီးစီးနေကြတဲ့ မျက်လုံးမည်း မည်း အသား နီစပ်စပ်ပုဂ္ဂိုလ်တွေက ဘိန်းဖြူဘိန်းမည်းက အစရောင်းတာကို ပဲပြုတ်သည် သာမက ဆိုက်ကားသမားပါသိပါတယ်။ သက်ဆိုင်ရာတာဝန် ရှိသူများက မသိကြ တာ၊ မတွေ့ ကြတာ၊ သတင်းမရကြတာကတော့ အလွန်အံ့သြဖို့ ကောင်းပါတယ်”
၂ဝဝ၈ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဖြန့်ဝေမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ် ဆေးခဲ့မှု ရဲမှတ်တမ်းတစ်ခု ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် လက်ရှိနာမည်ရ အနုပညာရှင်များစွာ ပါဝင်နေခြင်းက သတင်း၏တန်ဖိုးကို ပိုမြင့်မားစေခဲ့ခြင်းဖြစ်သည်။ အများပြည်သူ သိရန်ခဲယဉ်းသော အရေးယူ စစ်ဆေးမှုမှတ်တမ်းတစ်ခု ပေါက်ကြား ခဲ့ခြင်းဖြစ်၍ လူထုစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်လာသကဲ့သို့ ဝေဖန်ကန့်ကွက်မှုများလည်း ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။ အဓိကထောက်ပြကြသည်က လူ့အခွင့် အရေး နှင့် ဂုဏ်သိက္ခာ။
ထိုသတင်းကို ဖေ့စ်ဘွတ်တွင် ထုတ်ဖော်တင်ခဲ့သူကတော့ ယခင် ကာလ ဥပဒေစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် အာဏာလွှမ်းခဲ့သည့်အတွက် အရေးယူမှုများ ပေါ့လျော့ဖုံးဖိခဲ့သည်ကို သိရှိရန်ဟု ဆိုခဲ့သည်။ သို့သော် လတ်တ လောရပ်တည်နေကြသူများ၏ ဂုဏ်သိက္ခာအတွက် ခုတ်ရာတခြား ရှရာတခြား ဖြစ်ခဲ့ သည်ဟု ဝေဖန်မှု များက ပို၍ညံလာခဲ့သည်။
ယင်းတို့အနက် သရုပ်ဆောင်လူမင်းက ထိုသတင်းပေါ်ပေါက်ပြီး မရှေး မနှောင်းတွင်ပင် ၄င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှနေ၍ ငြင်းဆို ကန့်ကွက်ေ ကြာင်းတင်ခဲ့ပြီး စိုးမြတ်သူဇာကလည်း ၄င်း၏သဘောထားကို တင်ခဲ့သည်။ သို့အတွက် အကယ်ဒမီစိုးမြတ်သူဇာနှင့် ဒါရိုက်တာမိုက်တီးတို့၏ ဖေ့စ် ဘွတ်တွင် ဖော်ပြချ က်သဘောထားနှင့်တကွ အနုပညာလောကမှ သဘောထားများကို ဆက်သွယ်မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။
► လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးဖို့ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်ဖို့ လုပ်ဆောင်နေပါတယ်…
လူမင်း(ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)
► အထူးလျှို့ဝှက်ဆိုတဲ့ ဖိုင်တွေတောင် ပေါက်ကြားကုန်မှတော့ …
ဇာဂနာ(ဦးသူရ)
► လူမှုရေးအရပဲ ကြည့်ကြည့် ဥပဒေအရပဲကြည့်ကြည့် ဒါမျိုးက ဒီလို ဖေ့စ်ဘွတ်မတင်ဘဲ ဥပဒေအရပဲ ဖြေရှင်းရမယ့်ကိစ္စ …
ဦးအောင်စိုးဦး (တရားလွှတ်တော် ရှေ့နေ)
► ကိုယ်ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်က အသိဆုံးပဲလေ။ အစ်မအနေနဲ့ ဘယ်သူတွေဘာပြောပြော
အစ်မ ဘာမှမထိခိုက်ဘူး . . .
နန္ဒာလှိုင်(သရုပ်ဆောင်)
► Nobody Perfect ဆိုပေမယ့် Perfect ဖြစ်တဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ သေချာတာက ကျွန်မဟာ Perfect မဟုတ်ဘူးဆိုတာပါပဲ . . .
စိုးမြတ်သူဇာ
စတဲ့ အနုပညာရှင်များ ရဲ့ ရင်တွင်း စကားသံများကို ဆက်လက် ဖတ်ရှု လိုပါက
Read More >>> http://www.popularmyanmar.com/mpaper/?p=80371
Posted in: ၀၃။ မြန်မာ့ သတင်းနည်းပညာတက္ကသိုလ်ကျောင်းသားများ B Tech BE ၀င်ခွင့်ပြန်လည်ဖြေဆိုရန် လတ်မှတ်ရေးထိုး၍ စုပေါင်းတောင်းဆိုမည်
နည်းပညာတက္ကသိုလ်များတွင် AGTI နှင့် B Tech အောင်မြင်သူများအား ၀င်ခွင့်စာမေးပွဲပြန်လည်ဖြေဆိုခွင့်ရရန်သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာနသို့  မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်ကျောင်းသားများ စုပေါင်းလတ်မှတ်ရေးထိုး
တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ရက်က အမျိုသားဒီမိုကရေစီပါတီ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။
လက်ရှိတွင် AGTI နှင့် B Tech သင်ယူပြီးသည့် ကျောင်းသားကျောင်းသူမျာအား ကျောင်းဆက်လက်တက်ရောက်ရန်
ဝင်ခွင့်ပြန်လည်ဖြေဆိုခွင့်ပေးထားသော်လည်း သင်ခန်းစာနှင့် အချိန်ကာလညီမျှမူမရှိခြင်း ကြောင့် ကျောင်းပြန်လည်တက်ရောက်
နိုင်သူရှားပါးပြိး အဝေးသင်တက္ကသိုလ်သို့ ပြောင်းလဲတက်နေရကြောင်း သန်လျင်နည်းပညာတက္ကသိုလ်မှ ကိုတင်ကိုကိုကပြောသည်။
" ကျွန်တော်တို့ မှာ အများကြီးနစ်နာမူတွေရှိနေပါတယ်။ ကျောင်းဆက်တက်ခွင့်အတွက် ၀င်ခွင့်ဖြေဆိုချိန်က တစ်လပဲရှိတယ်။
ရိုးရိုးအောင်သွားပြီဆိုရင် အဝေးသင်တက္ကသိုလ်တွေအဖြစ်ပဲဆက်တက်ရတယ်။ ပညာရေးစနစ်တွေပြုပြင်ပြောင်းလဲတယ်ဆိုရင်
လက်တွေ့ ပြောင်းလဲသင့်ပါတယ်" ဟု သန်လျင်နည်းပညာတက္ကသိုလ်မှ ကိုတင်ကိုကိုကပြောသည်။
ထိုသို့ ကျောင်းတက်ခွင့် ပြန်လည်ရရန်အတွက် မြန်မာနိုင်ငံအသီးသီးမှ နည်းပညာတက္ကသိုလ်ကျောင်းသားများဧ။် လတ်မှတ်များ
စုပေါင်းကာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်ပြီး သယန်းကျွန်းမြိုနယ် လွတ်တော်ကိုယ်စားလှယ်
ဦးသိန်းညွန်မှ ကျောင်းပြန်လည်တက်ခွင့်နှင့် ပတ်သတ်၍ လွတ်တော်တွင်းမေးခွန်းများ မေးမြန်းသွားမည်ဖြစ်ကြောင်းသိရသည်။
"ကျောင်းသားလူငယ်တွေဖြစ်နေတဲ့ပြသနာကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး လာမယ့်လွတ်တော်မှာ မေးခွန်းမေးပေးသွားပါမယ်။ သူတို့ ဆီမှာလဲ မတူညီတဲံ့အခက်ခဲတွေအများကြီးရှိကြတယ်။ တင်ပြလာတဲ့အချက်တွေပေါ်
မူတည်ပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်" ဟု လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန်ကဆိုသည်။
လက်ရှိတွင် B Tech BE ၀င်ခွင့်ပြန်လည်ဖြေဆိုရန် အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ တောင်းဆိုရန် ကျောင်းသား ၁၀၀၀ကျော်ခန့် လတ်မှတ်ရေးထိုးပြီး
ဖြစ်ကြောင်းသိရသည်။
Reposted by pyae phyo
Credit to (ရိုးရာလေး)
Posted in: ၀၃။ မြန်မာ့ သတင်းရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်ကို ချင်းမိုင်မှာ ဂုဏ်ပြုဆုချီးမြှင့်
ရှမ်းတိုင်းရင်းသား အဆိုတော် တေးသံရှင် စိုင်းဆိုင်မောဝ်ကို ဆုချီးမြင့်ရတာနဲ့ပတ်သက်လို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ အတွင်းရေးမှူး နန်းယဉ်စီလာက RFA ကို အခုလို ပြောပါတယ်။
“ကျမတို့ ပင်လုံရွှေရတုကျင်းပတဲ့ ပြီးခဲ့တဲ့ ၂၀၀၈ လား ၂၀၀၉ လား၊ အဲ့ဒီတုန်းက ကျမတို့ ရှမ်းအဆိုတော်နဲ့ ရှမ်းစာပေ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ ကျမတို့ရဲ့ တိုင်းရင်းသားလူမျိုးက ခေါင်းဆောင်တွေကို ကျမတို့ ဆုချီးမြင့်တယ်လေ၊ ဘွဲ့တံဆိပ်လိုမျိုး သဘောပေါ့နော်၊ အဲ့တုန်းက ရှမ်းအဆိုတော်ဆို ၅ ယောက် ၆ ယောက်လောက်ဆုရတယ်၊ နောက်ပြီး စာပေနဲ့လုပ်တဲ့ ဆရာကြီးတွေဆို သုံးလေးငါးယောက်ရှိတယ်၊ အဲ့ရွှေရတုမှာ ဘွဲ့ပေးတဲ့သဘောနဲ့ အဲ့လိုမျိုး ဂုဏ်ပြုချီးမြှင့်တယ်ပေါ့၊ တစ်ခေါက်လုပ်ပြီးပြီ၊ ဒါပေမယ့် ကျမတို့ ထိုင်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေက တစ်ခါမှ မလုပ်ရသေးဘူးပေါ့၊ အဲ့ဒါကြောင့်မို့လို့ ဒီနှစ် သူလည်းဒီကိုလာတဲ့အတွက် အထိမ်းအမှတ်အနေနဲ့ ကျမတို့က လုပ်ပေးတာဖြစ်တယ်၊ ထပ်ပြီးတော့ ချီးမြင့်တာပေါ့နော်”
ဂုဏ်ပြုဆုအဖြစ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ချင်းမိုင်ကနေပြီး ရှမ်းအနုပညာရှင် စိုင်းဆိုင်မောဝ်ကို ဂုဏ်ပြုချီးမြှင့်သည် ဆိုတဲ့စာတမ်းပါ အမှတ်တံဆိပ်ဂုဏ်ပြုဆုနဲ့အတူ ရှမ်းရိုးရာဝတ်စုံတစ်စုံနဲ့ မြန်မာကျပ်ငွေ သိန်း ၃၀ ကို ဂုဏ်ပြုပေးအပ်ခဲ့တယ်လို့ ဆက်ပြောပါတယ်။
အဆိုတော် စိုင်းဆိုင်မောဝ်ကလည်း ပြည်ပမှာရှိတဲ့ ရှမ်းတိုင်းရင်းသား ညီအကိုမောင်နှမတွေကနေပေးအပ်တဲ့ ဒီလိုဂုဏ်ပြုဆုကို လက်ခံရရှိတဲ့အတွက် ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“ကျနော့်ရဲ့ ဘ၀သက်တမ်း အနုပညာမှာ ကျနော့်ကို ဒီလိုမျိုး နိုင်ငံခြားမှာရောက်နေတဲ့ အဝေးရောက် ကျနော်တို့အမျိုးတွေရဲ့ ပေးတဲ့ဆုဟာ ကျနော် ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ပါဘူး၊ အင်မတန်မှ ပီတီဖြစ်မိပါတယ်၊ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်၊ ကျနော်တို့ အနုပညာသည် အားလုံးအတွက်လေ၊ ကျနော်တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ ကျနော်တို့ ဗမာပြည်မှာရှိတဲ့ အနုပညာသည်အားလုံး၊ နာမည်ကြီးတဲ့ လူတွေအားလုံးအတွက်ရော ကျနော်ခံစားပြီးတော့ ကျနော် အဲ့ဒီဆုကို ၀မ်းပန်းတသာနဲ့ လက်ခံယူလိုက်ပါတယ်”
ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ရှမ်းပြည်နယ်အတွင်းက လူငယ်တွေ အနုပညာတိုးတက်မှုတွေ ပိုမိုရရှိလာစေဖို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစလို့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ အနုပညာပန်းခြံဆိုပြီး အနုပညာကျောင်း ဖွင့်လှစ်သင်ကြားပေးနေသလို မျိုးဆက်သစ် အနုပညာရှင်တွေ မွေးထုတ်ပေးချင်တဲ့အတွက်ဆိုပြီး အခုနှစ်ထဲမှာပဲ မိုဘိုင်း ရီကောဒင်းအဖွဲ့ဖွဲ့ပြီး လုူငယ်တွေကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။
လာမယ့် ဖေဖေါ်ဝါရီလမှာတော့ စိုင်းဆိုင်မောဝ် ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ ‘ကမ္ဘာ့ရင်သွေးငယ်များဆီသို့’ ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာသံစဉ် စီးရီးထွက်နိုင်ဖို့ စတင်အသံသွင်းနေပြီလို့လည်း သိရပါတယ်။
khine
Posted in: ၀၃။ မြန်မာ့ သတင်းပညာသင် အာမခံ လျော်ကြေးငွေ ၅ သန်း စာချုပ် ပယ်ဖျက်
Posted in: ၀၃။ မြန်မာ့ သတင်းTuesday, 3 December 2013
e-Asia Joint Research Program Intelligent Infrastructure ဆိုင်ရာ အလုပ်ရုံ ဆွေးနွေး
မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်း၍ နည်းပညာ သုတေသန ဆိုင်ရာ အဆင့်မြှင့်တင်မှု တစ်ရပ် အနေဖြင့် ရန်ကုန်နည်းပညာ တက္ကသိုလ် (အင်းစိန်)နှင့် ဂျပန်နိုင်ငံ Japan Science and Technology Agency (JST) တို့၏ နည်းပညာ သုတေသန e-Asia Joint Research Program Intelligent Infrastructure ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ နည်းပညာ တက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပရာ သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများ၊ ဂျပန်နိုင်ငံမှ (JST)မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်ခိုင်မိုးနှင့် ဂျပန်နိုင်ငံ (JST) မှ ညွှန်ကြားရေးမှူး Mr.Toshihiko တို့က အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ Mr.Soichi Kubota u e-Asia အစီအစဉ်ဖြင့် နည်းပညာဆိုင်ရာ သုတေသန ပူးပေါင်းဆောင်ရွက်မှု စီမံချက်များတွင် လူ့စွမ်းအား အရင်းအမြစ် ပျိုးထောင်ခြင်းနှင့် ပညာသင်ဆု ပံ့ပိုးမှုများကို ဟောပြောဆွေးနွေး ခဲ့ကြသည်။ Dr.Haruo Takeda က ''Intelligent Structure" နှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ မြို့ပြ အဆင့်မြှင့်တင် ဆောင် ရွက်မှု၊ နေ့စဉ် လူနေမှုကိစ္စများ အတွက် အသုံးဝင်မည့် အဆောက်အအုံ ဒီဇိုင်းများ၊ စက်ပစ္စည်းများ၊ အာရုံခံ ကိရိယာများ၊ အီလက်ထရွန်နစ် ကိရိယာ ပစ္စည်းများနှင့် နည်းပညာများ အကြောင်းကို ပရိုဂျက်တာဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်မျိုး(ဧရာဝတီ)
Posted in: ၀၃။ မြန်မာ့ သတင်းမြန်မာနိုင်ငံ မိုဘိုင်းလ်ဆင်းကတ် ဈေးနှုန်းနှင့် အင်တာနက် မြန်နှုန်း Ooredoo မှ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်မည်
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်ပဆက်သွယ် ရေးကုမ္ပဏီနှစ်ခု အနက်မှ တစ်ခုဖြစ်
သည့် Ooredoo Myanmar အနေဖြင့် မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းများကို စတင်လုပ်ကိုင်သည့် အချိန်တွင် မြန်မာနိုင်ငံ၌ လက်ရှိ ရောင်းချနေသည့် ဈေးနှုန်းများနှင့် အင်တာနက် မြန်နှုန်းများကို ပြောင်းလဲပစ်မ ည် ဖြစ်ကြောင်း Ooredoo Myanmar ၏ စီးပွားရေးရာများ ဆိုင်ရာ အရာရှိချုပ် အရှေ့တောင်အာရှ ဒေသဆိုင်ရာ ရှေ့နေချုပ်ဖြစ်သူ ScottWeenink က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ အပြင် မြန်မာနိုင်ငံသားများအနေဖြင့်
မြန်မာနိုင်ငံတွင် မိုဘိုင်းလ်နှင့် အင်တာနက် ကွန်ရက် မရှိခြင်း၊ အခြေခံ အချက်များဖြစ်သည့် အီးမေးလ်များစစ်ဆေးခြင်းနှင့် နိုင်
ငံခြားသို့ ဖုန်းခေါ် ဆိုခြင်းများ အတွက် အဆင်မပြေ ဖြစ်လျက်ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
''အခုလတ်တလော မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ရတာ အခက်အခဲ ရှိပါတယ်။ အီးမေးလ် တွေ စစ်တဲ့အခါမှာ များသောအားဖြင့် ဟိုတယ်မှာရှိတဲ့ Wifi ကိုပဲ အားကိုးနေရတယ်။ ဖိုင်တစ်ဖိုင်ကို download လုပ်ဖို့ တစ်နေကုန် ကြာရင် ကြာတတ်ပါတယ်။ ဒါပေမဲ့
မြန်မာ နိုင်ငံမှာ ကျွန်တော်တို့ စပြီးတော့ လုပ်တယ်ဆိုတာနဲ့ ဒါတွေကို ပြောင်းပစ်နိုင်ပါတယ်'' ဟု Scott Weenink က ပြော
ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် 3G ကွန်ရက်ဖြင့် လုပ်ဆောင်မည် ဖြစ်ပြီး ၁၅ နှစ် သက်တမ်း လုပ်ကိုင်ခွင့် ရရှိထားသော Ooredoo သည် မိုဘိုင်းလ်ကွန်ရက် လုပ်ကိုင် ဆောင်ရွက်မည့် အပြင် မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုနှင့် အချက်အလက်များ ရယူနိုင်သော ဝန်ဆောင်မှု များလည်း လုပ်ကိုင်သွားမည် ဖြစ်သည်။
ကံထူး
Posted in: ၀၃။ မြန်မာ့ သတင်းMonday, 2 December 2013
ရိုဟင်ဂျာများအားနိုင်ငံသားပေးရန် UN တောင်းဆိုမှုကိုကန့်ကွက်
Posted in: ၀၃။ မြန်မာ့ သတင်းTuesday, 20 November 2012
အမေရိကန် သမတ အိုဘားမား ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်
အမေရိကန် သမတ ဘားရက် အိုဘားမား ဟာ ဒီနေ့မှာ သူ့ရဲ့ ၆ နာရီကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အမေရိကန် သမတ တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ သမိုင်းဝင် ခရီးစဉ်လဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံ သမတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေကိုလဲ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကနေ တိုက်ရိုက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သမတ အိုဘားမားနဲ့ အတူ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်လည်း အတူ လိုက်ပါခဲ့ပါတယ်။ သမတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ မိန့်ခွန်း ရုပ်/သံ ထုတ်လွှင့်တင်ဆက်မှုကို အောက်ပါ ဗီဒီယို တွေမှာ ကြည့်ရှုနိုင်ပါတယ်။
Posted in: ၀၃။ မြန်မာ့ သတင်းTuesday, 23 October 2012
ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းတော့မည်
အောက်တိုဘာလ ၂၃ ရက် ၂၀၁၂၊ စဖန်းရှောင်း (ကေအိုင်စီ)
ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအနေဖြင့် အလုပ်သမားလက်မှတ် မရှိ သူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းဆီးတော့မည်ဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်(work permit) အမြန်ဆုံးလုပ် ကြရန် မဲဆောက်မြို့ရှိ အလုပ်သမားရုံးရှေ့တွင် ထိုင်းအာဏာပိုင်များက အသိပေးထားကြောင်း သိရသည်။
မဲဆောက်အခြေစိုက် အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနသည့် ရောင်ခြည်ဦးအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က “ထိုင်းအစိုးရက သူတို့နိုင်ငံမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဟာ Work Permit လုပ်ရမယ်။ မလုပ်ရင် ဒီနှစ်ကုန်ပိုင်းမှာ စဖမ်းမယ်။ အခြား ဘာလက်မှတ် ကိုင်ဆောင်ထားပါစေ Work Permit မရှိရင် ဖမ်းဖို့ ထုတ်ပြန်ထားတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ အလုပ်လုပ်ခွင့် Work permit ရှိသူများအနေဖြင့် ယခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် နောက်ဆုံး သက်တမ်းတိုးရန် သတ်မှတ်ထားပြီး သက်တမ်းမတိုးမိသူများ၊ Work permit မရှိသူများနှင့် စာရွက် စာတမ်းအခိုင်အလုံ မရှိသူအားလုံးကို လာမည့် ဒီဇင်ဘာလ၊ ၁၄ ရက်နေ့အထိ နောက်ဆုံးထားကာ ထိုင်းအစိုးရ က ဖမ်းဆီးအရေးယူသွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ကိုထွေးနိုင်က ဆိုသည်။
ထိုသို့ အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိသူများကို ထိုင်းဥပဒေ ပုဒ်မ BE2522 (ဘီအီး၂၅၂၂)အရ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅,၀၀၀ (ငါးထောင်)နှင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချ မှတ်ခံရနိုင်သည်ဟု သိရသည်။
မဲဆောက်တွင် လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားတစ်ဦးက “အရင်က အထောက်အထား တစ်ခုရှိရင်ရတယ်။ ပိုက်ဆံလည်း ကုန်ပေါင်းမနည်းတော့ဘူး။ အခုက အဲဒီဟာတွေနဲ့ မရတော့ဘူးဆိုတော့ သူတို့(ထိုင်းအစိုးရ)ပြောသလို လုပ်ရတော့မှာပေါ့”ဟု ပြောသည်။
၎င်းအပြင် အလုပ်လုပ်ခွင့် Work permit ပြုလုပ်ရာတွင် အချို့မှာ ပွဲစားများမှတဆင့် ပြုလုပ်ရာတွင် ပိုမိုကုန်ကျ မှုများရှိပြီး သတ်မှတ်ချက်အရ ၆ လစာ သက်တမ်းအတွက် ဘတ်ငွေ ၁,၀၀၀ (တစ်ထောင်)နှင့် ဆေးစစ်ခ တစ်နှစ်စာအတွက် ဘတ်ငွေ ၁,၉၀၀(တစ်ထောင့်ကိုးရာ) ကုန်ကျမည်ဟု ရောင်ခြည်ဦးအလုပ်သမား ကူညီ စောင့်ရှောက်ရေးအဖွဲ့က ပြောဆိုသည်။
တဆက်တည်းမှာပင် Work permit ပြုလုပ်ရာတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြောင်းထောက်ခံစာ၊ ဆေးရုံ တစ်ခုခုထောက်ခံပေးသော ဆေးထောက်ခံစာနှင့်အတူ အလုပ်ရှင်၏ထောက်ခံချက်များ မဖြစ်မနေပါရှိရမည် ဖြစ်သည်ဟုလည်း ကိုထွေးနိုင်က ပြောသည်။
ထိုင်းနိုင်ငံတွင် ယာယီ နိုင်ငံကူးလက်မှတ်အပြင် အလုပ်သမားလက်မှတ်(Work permit) ကိုင်ဆောင်သူများ အနေဖြင့် ပုံမှန် ရက် ၉၀ သက်တမ်းကို အချိန်မှီ တိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေအဖြစ် ဘတ်ငွေ ၁,၀၀၀ မှ ၅၀၀၀ အထိ ပေးဆောင်ရနိုင်သည်ဟု သိရသည်။
kic
Posted in: ၀၃။ မြန်မာ့ သတင်းရွှေ့ပြောင်းလုပ်သား သားသမီးများ မြန်မာပြည်တွင် ပညာသင်နိုင်ရေး စီစဉ်မည်
ပြည်ပနိုင်ငံ အရပ်ရပ်တွင် ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများသည် မိခင်နိုင်ငံနှင့် ကာလကြာမြင့်စွာ ဝေးကွာနေသည့်အတွက် ဘာသာစကား၊ ယဉ်ကျေးမှုတို့တွင် အခက်အခဲ ပြဿနာများ ရှိနိုင်သဖြင့် အဆင်ပြေနိုင်မည့် နည်းလမ်းများကို စီစဉ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က တက္ကသိုလ် စိန်ရတု
ခန်းမတွင် ပြုလုပ်ခဲ့သည့် မြန်မာရွှေ့ပြောင်း လုပ်သားများဆိုင်ရာ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ၌ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြောသည်။
“မိဘတွေက ရွှေ့ပြောင်း လုပ်သားတွေအဖြစ် နှစ် ၂၀၊ ၃၀ လောက် ကိုယ့်နိုင်ငံနဲ့ ဝေးနေတော့ ကလေးတွေရဲ့ ပညာရေး စနစ်က ပြဿနာရှိနေတာကြောင့် သူတို့တွေရဲ့ ပညာရေး အပါအဝင် လူမှုဘဝ တိုးတက်ရေးတွေကို အဆင်ပြေစေမယ့် နည်းတွေနဲ့ စီစဉ်ဖို့ရှိတယ်” ဟု သူက ဆိုသည်။
ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေ နည်းပါးသဖြင့် ဝင်ငွေပိုမို ရရှိနိုင်သည့် ပြည်ပ အလုပ်အကိုင်များသို့ နည်းမျိုးစုံဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြသော အလုပ်သမား အများစုမှာ အခွင့်အရေး အပြည့်အဝ မရရှိခြင်း၊ ခေါင်းပုံဖြတ် ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက် ခံရခြင်း စသည်ဖြင့် ကြုံတွေ့နေရသော်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ အထိ ဝန်ကြီးဌာန စာရင်းများအရ ရွှေ့ပြောင်းအလုပ်သမား ဦးရေ ၃ သန်းနီးပါးအထိ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ပေါ်ခံစားနေရသည့် ပြဿနာများ ပြေလည်နိုင်စေရန် ပြည်ပ အလုပ်အကိုင် အေဂျင်စီများစုပေါင်းကာ အသင်းတခုဖွဲ့စည်း၍ သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းသို့ ဖွဲ့စည်းလိုက်မည် ဆိုပါက အစိုးရဌာနမှ ဖြေရှင်းနေရသည့် ပြဿနာများကို အေဂျင်စီများက သက်ဆိုင်ရာ နိုင်ငံအလိုက် အသင်းကိုယ်စားလှယ်များ ထားရှိ၍ လုပ်သားစေလွှတ်ရာတွင် မှန်ကန်မှုရှိ မရှိ စိစစ်နိုင်မည် ဖြစ်သည့်အပြင် လုပ်သားများ၏ အခက်အခဲ ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်း နိုင်မည်ဟု ယူဆကြောင်း၊ လက်ရှိတွင် ပြဿနာများကို သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံးကိုယ်စားလှယ်များ ထားရှိကာ ဆောင်ရွက် နေသော်လည်း ဖြေရှင်းရမှု များပြားသဖြင့် ကြန့်ကြာခြင်း ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောသည်။
Today Top Star ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ ဒေါက်တာ ဒေါ်ဝါဝါစိန်ကလည်း “လုပ်သားတွေက နိုင်ငံတကာမှာ ဆိုတော့ သူတို့အတွက် လုံခြုံ စိတ်ချရမှုက အရေးပါတယ်။ ရွှေ့ပြောင်း လုပ်သားတွေတင် မဟုတ်ဘဲ သူတို့ရဲ့ ရင်သွေးတွေ အတွက်ကိုပါ ထည့်စဉ်းစား သင့်တယ်။ နှစ်နိုင်ငံ ညှိနှိုင်းဖို့ လိုတယ်” ဟု ဆိုသည်။
မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံး ကိုယ်စားလှယ်များ၏ ဖုန်းနံပါတ်၊ fax နံပါတ်၊ လိပ်စာတို့ကို ပြည်တွင်းမှ မထွက်ခွာမီ ပေးထားမည် ဆိုပါက ပြဿနာ တစုံတရာ ရှိလာချိန်တွင် တိုင်ကြားရန် လွယ်ကူမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ခြင်းကို ခံနေရခြင်း၊ နိုင်ငံသား မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ် စသည့် အထောက်အထားများကို လုပ်ငန်းရှင်က သိမ်းယူထားခြင်း၊ လိင်မှု စော်ကားခံရခြင်း စသည့် အခြေအနေများ ရှိနေသည့်အတွက် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ရန် လိုအပ်နေကြောင်း သိရသည်။
“အထောက်အထားတွေ မရှိတဲ့ အလုပ်သမားအချင်းချင်း ယူပြီး မွေးလာတဲ့ ကလေးကို မြန်မာနိုင်ငံ ကလည်း မွေးစာရင်း မပြနိုင်တော့ လက်မခံဘူး၊ အလုပ်လုပ်နေတဲ့ နိုင်ငံကလည်း နိုင်ငံသားအဖြစ် လက်မခံတော့ ကလေးက ဘယ်နိုင်ငံသားမှန်း မသိတဲ့ အခြေအနေတွေ ရှိတယ်” ဟု မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုရှိုင်းက ပြောသည်။
ပြည်တွင်းရှိ အေဂျင်စီများက လုပ်သားစေလွှတ်ရာတွင် ဌာနကို မတင်ပြဘဲ တရားမဝင် ပို့ခြင်း၊ အလုပ်စာချုပ်ထဲတွင် ပါရှိသည့် အချက်အလက်များနှင့် လက်တွေ့ အခြေအနေ ကွဲပြားနေခြင်း၊ အခြေခံ ဝန်ဆောင်မှု စရိတ်ကို လုပ်သား၏ လေးလစာထက် ပိုမို တောင်းခံခြင်းများ ရှိနေပါက စိစစ်ကာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေ့ပြောင်း လုပ်သား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ဆိုသည်။
ပြည်ပ အလုပ်အကိုင် အေဂျင်စီများသည် ပြည်ပ အလုပ်အကိုင် ကြော်ငြာခေါ်ယူပါက အလုပ်သမား ဝန်ကြီးဌာန၏ ခွင့်ပြုမိန့် ရှိမှသာ ကြော်ငြာရမည်ဟု စည်းကမ်းချက် ထုတ်ပြန်ထားသော်လည်း ခွင့်ပြုချက် မရှိဘဲ လုပ်သား ကြော်ငြာ ခေါ်ယူနေသည့် အေဂျင်စီများ ရှိနေကြောင်း သူကဆက်ပြောသည်။
ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် တရားဝင် နည်းလမ်းဖြင့် သွားရောက်ကြရန် လိုအပ်ကြောင်း၊ အလုပ်အကိုင် အေဂျင်စီများအနေဖြင့် ပြည်ပ လုပ်သား စေလွှတ်ရာတွင် မသမာသော နည်းများဖြင့် ဆောင်ရွက်မှုများ မပြုလုပ်သင့်ကြောင်း၊ သို့မှသာ ပြည်ပနိုင်ငံများတွင် ဖြစ်ပေါ်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပြဿနာတချို့ ပြေလည်သွားနိုင်မည် ဖြစ်ကြောင်း ဒေါ်ခင်နွေဦးက သုံးသပ်သည်။
စင်ကာပူနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် အိမ်အကူ သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမ အများစုမှာ အသက်မပြည့် သူများ ဖြစ်နေသည့်အတွက် ယင်းနိုင်ငံသို့ အေဂျင်စီများမှ တဆင့် အိမ်အကူအလုပ်အတွက် စေလွှတ်မည် ဆိုပါက သက်ဆိုင်ရာ ဌာနနှင့် ညှိနှိုင်းသင့်ကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ အများဆုံး တွေ့ကြုံနေရသည့် ယာယီနိုင်ငံကူးလက်မှတ် သိမ်းဆည်းခြင်းကို လုပ်ငန်းရှင်များ မလုပ်နိုင်ရန် အလုပ်သမား ဝန်ကြီးဌာနက ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အစိုးရဌာနသို့ ညွှန်ကြားထားကြောင်းနှင့် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ တိုးတက်မှု မှတ်တမ်းကို အလုပ်သမား ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရှိ တီမားဆက် ဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ် ရေးဆွဲလျှက် ရှိကြောင်း သိရသည်။
“စင်ကာပူနိုင်ငံကို သက်ဆိုင်ရာက အိမ်ဖော် စေလွှတ်ခွင့်မပြုထားပေမယ့် အဲဒီမှာ မြန်မာအိမ်ဖော်တွေ အများကြီးပဲ။ အစိုးရ အနေနဲ့ မြန်မာ အလုပ်သမားတွေနဲ့ သင့်လျော်မယ့် နိုင်ငံသစ်တွေမှာ အလုပ်လုပ်ကိုင်ခွင့် ပြုဖို့ လိုပါတယ်” ဟု သုခစုစံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ဒါရိုက်တာ ဦးချမ်းသာက ပြောသည်။
လက်ရှိတွင် အေဂျင်စီများ အနေဖြင့် ထိုင်းနိုင်ငံသို့ လုပ်သားတင်ပို့ရာတွင် ယင်း နိုင်ငံရှိ အေဂျင်စီများမှတဆင့် ဆောင်ရွက် နေရပြီး လုပ်ငန်းရှင်များနှင့် တိုက်ရိုက် ဆက်သွယ်ရခြင်း မရှိသည့်အတွက် မြန်မာ အေဂျင်စီများ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း သူက ဆိုသည်။
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသူ အများစုသည် စက်ရုံများ၊ ကုမ္ပဏီများ၊ အထည်အလိပ် လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင် လုပ်ကိုင်ကြကြောင်း သိရသည်။
လက်ရှိ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ထိုင်းနိုင်ငံတွင် ၂ ဒဿမ ၄သန်း၊ မလေးရှားတွင် တသိန်းကျော်၊ ဂျပန်တွင် ၁၅၀၀၀ ဦးရေ၊ ဘင်္ဂလားဒေ့ရှ်တွင် ဦးရေ ၂၀၀၀၀ မှ ၁ သိန်းကြား၊ ကိုရီးယားတွင် ဦးရေ ၄၀၀၀ မှ ၁၀၀၀၀ ကြား သွားရောက် လုပ်ကိုင်နေပြီး တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ယူနန် ပြည်နယ်တို့တွင် လုပ်ဆောင် နေသော်လည်း ယင်းနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာလုပ်သား စာရင်းမှာ အတိအကျ သိရခြင်း မရှိသေးကြောင်း အလုပ်သမား ဝန်ကြီး ဌာနမှ သိရသည်။
မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ဖြင့် ရွှေ့ပြောင်း အလုပ်သမားများနှင့် သက်ဆိုင်သော သတင်း အချက်အလက်များနှင့် လုပ်သားဈေးကွက်၊ လုပ်သားများ အပေါ် ထိထိရောက်ရောက် ကာကွယ်ပေး နိုင်မည့် အစီအမံများ၊ လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့် ရစေရေး စသည်တို့ကို သက်ဆိုင်ရာက ဆောင်ရွက်လျှက် ရှိကြောင်း၊ မြန်မာရွှေ့ပြောင်း လုပ်သားများသည် မိမိတို့ သွားရောက် လုပ်ကိုင်သည့် နိုင်ငံတွင် ပြဿနာများ ဖြစ်ပေါ်လာပါက အလုပ်သမား ဝန်ကြီးဌာနသို့ အွန်လိုင်းမှဖြစ်စေ၊ ဌာန၏ ဖုန်းများသို့ဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
ဧရာဝတီ
Posted in: ၀၃။ မြန်မာ့ သတင်း


14:40
Unknown











