သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Saturday, 26 May 2012
ဆန္ဒမှတ်စု (၂)
လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
Photo courtesy of NLD |
ဆန္ဒမှတ်စု
မေလ ၂၅ ရက်နေ့ည ရန်ကုန်၊ ပုသိမ်၊ မုံရွာ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲများ
Ref: ဧရာဝတီ၊ ဒေါက်တာလွမ်းဆွေ၊ DVB၊ MNN ၊ BurmaToday
လျှပ်စစ်မီးရရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
ဘီပိုးကို နိုင်တဲ့ဆေး
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။ ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု သူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)
Ref: Facebook
Friday, 25 May 2012
ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ အရည်အချင်းစစ်
နိုင်ငံခြားသွားတဲ့အခါ ဘယ်သူတွေ ကိုယ့်ဖာသာကိုယ် ဆွေးနွေးနိုင်မယ်၊ ဘယ်သူတွေကတော့ ဘာသာပြန်လိုမယ် ဆိုတာ သိနိုင်အောင်အခုလို ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် လှည်းကူး
အမတ်ကိုဖြိုးမင်းသိမ်းက ပြောပါတယ်။
သူ့အနေနဲ့ ၅ လပိုင်း ၁၆ ရက်နေ့က BC မှာစာမေးပွဲ ၀င်ဖြေခဲ့ပြီး ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ် အကုန်လုံးလည်း ဖြေထားပြီးပြီလို့ ပြောပြပါတယ်။ ဖြေထားတဲ့ result level တွေကြည့်ပြီး လိုအပ်တဲ့ သူတွေကို အဖွဲ့ချုပ်က နောက်ထပ် သင်ကြားမှုတွေ ဆက်လုပ်ပေးဦးမှာ ဖြစ်တယ်လို့ ကိုဖြိုးမင်းသိမ်းက
ပြောပါတယ်။ ဒါဟာ လွှတ်တော်အမတ်တွေ အရည်အချင်း မြင့်မားရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက်အစီအစဉ် ဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီဗွီဘီ
ပြည်မြို့တွင် လျှပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက် ဆန္ဒထုတ်ဖော်သူများ အင်အားသုံး၍ဖြိုခွဲခံခဲ့ရကြောင်းသိရ
မေလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် နံနက် ၉ နာရီမှ ၁၁ နာရီအချိန်အထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မြို့လည်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်တွင် ဖယောင်းတိုင်မီးများ စုပေါင်းထွန်းညှိခဲ့ကြောင်းသိရသည်။ မေလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် နံနက် ၉ နာရီအချိန်မှစ၍ လူဦးရေ ၅၀ ကျော်ခန့်ရှိသည့် ဆန္ဒဖော်ထုတ်သူများမှ ပြည်မြို့တွင်းရှိ လမ်းများ၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြရာ လမ်းရှည်လမ်းနှင့် လက်သမားလမ်းထောင့် အရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပထမအကြိမ် အင်အားသုံးဖြိုခွဲခဲ့ကြောင်း သိရသည်။ ထိုသို့ဖြိုခွင်းမှုကြောင့် ဆန္ဒဖော်ထုတ်သူများထဲမှ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်အား ဆန္ဒဖော်ထုတ်သူများအား လိုက်လံအားပေးသည့် မြို့ခံလူထုအင်အား ၅၀၀ ကျော်မှ ၀ိုင်းဝန်းကာကွယ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါဆန္ဒဖော်ထုတ်သူများသည် လမ်းမတော်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံရာ ဗိုလ်ချုပ်ကျောက်တိုင် အနီးအရောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဒုတိယအကြိမ် အင်အားသုံးဖြိုခွင်းခြင်းခံခဲ့ရပြီး လူ ၆ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်အတွင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်အမတ်များနှင့် ဆွေးနွေးမှုများပြုလုပ်ပြီး မွန်းလွဲ ၂ နာရီကျော်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ထိန်းသိမ်းခံရသော ၆ ဦးအား ပြန်လည်လွှတ်ပေးရာ၌ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း အသိပေးခဲ့ပြီး အာမခံဖြင့်ပြန်လည်လွှတ်ပေးခြင်း ဖြစ်ကြောင်းသိရပါသည်။
''ကျွန်တော့်နာမည် ဦးကျော်ဆွေပါ။ ထိန်းသိမ်းခံရတဲ့ ၆ ဦးထဲက တစ်ဦးပါ။ ကျွန်တော်တို့တွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဆူပူအကြမ်းဖက်ဖို့ လုံးဝရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို လုံခြုံရေးတွေက အင်အားသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။ ပထမအကြိမ်ဖြိုခွင်းတာမှာ မြို့ခံလူထုကောင်းလို့သာ ဒဏ်ရာရတဲ့သူ နည်းခဲ့တာပါ။ ဒုတိယအကြိမ်မှာတော့ ဗိုလ်ချုပ်ကျောက်ရုပ် မရောက်ခင်မှာ လုံခြုံရေးတွေက အင်အားသုံးဖြိုခွဲတာ ခံရပါတယ်။ ကျွန်တော်အပါအ၀င် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းပြီး အချုပ်ကားနဲ့ ပြည်ထောင်ကို ခေါ်သွားပါတယ်။ ထောင်ပိုင်ကြီးရဲ့ရုံးခန်းမှာ ကျွန်တော်တို့ကို ထားပါတယ်။ ထောင်ပိုင်ကြီးကတော့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အရ ခေတ္တထိန်းသိမ်းထားရတာ ဖြစ်ကြောင်းရှင်းပြပြီး ထမင်းတောင်ကျွေးပါသေးတယ်။ အဲဒီနောက် လွှတ်တော်အမတ်တွေအပါအ၀င် အာဏာပိုင်အဖွဲ့အစည်းတွေ ရောက်လာပြီး ကျွန်တော်တို့အားလုံး ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်ဆန္ဒပြမှုနဲ့ အမှုဖွင့်ထားကြောင်းနဲ့ အခုအာမခံနဲ့ ပြန်လွှတ်ပေးတာဖြစ်ပြီး ခံဝန်လက်မှတ် ထိုးခိုင်းပါတယ်။ လွှတ်တော်အမတ် ၅ ယောက်ရဲ့ အာမခံနဲ့ ပြန်လွှတ်ပေးတာဖြစ်ပါတယ်'' ပြန်လည်လွတ်မြောက်လာသူ ဦးကျော်ဆွေမှ ပြောကြားပါသည်။
အဆိုပါပြစ်မှုအား ဥပဒေနှင့်အညီ ပြန်လည်တရား ရင်ဆိုင်သွားမည်ဟု သိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံး ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသွားခဲ့သူ ၃ ဦးမှလည်း အမှုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မျက်နှာပြောင်းသွားတဲ့ မဲဆောက်
ဒုက္ခသည်များ အိမ်ကို စပြန်နေ
မယ်လ ဒုက္ခသည် စခန်းအတွင်းက နံနက်ပိုင်း မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ) |
ဆန္ဒပြမှုများ အကြမ်းဖက် မဖြိုခွင်းရန် အာဆီယံ အကြီးအကဲ သတိပေး
နိုင်ငံသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို မြန်မာအာဏာပိုင်များ အနေဖြင့် အကြမ်းဖက် အင်အားသုံးနှိမ်နင်းခြင်း မပြုလုပ်ရန် အရေးကြီးသည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan က ပြောဆိုလိုက်ခြင်း
ဖြစ်သည်။
လျှပ်စစ်မီး အချိန်မှန် ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ အစပိုင်းရက်များတွင် အာဏာပိုင်များက သည်းခံခဲ့သော် လည်း ကြာသပတေးနေ့ကမူ ပြည်မြို့တွင် ဆန္ဒပြသူများအား ရဲများက ဖြိုခွင်းခဲ့ပြီး မန္တလေးမြို့တွင်လည်း NLD အဖွဲ့ဝင် အများအပြားကို ဖမ်းဆီး ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်း၍ ပြန်လွှတ်ပေးခဲ့သည်။
“တကယ်လို့ နိုင်ငံတနိုင်ငံ ဒါမှမဟုတ် လူ့အဖွဲ့အစည်း တရပ်ဟာ ဒီမိုကရေစီလမ်းစဉ်ကို ကျင့်သုံးဖို့ ဆန္ဒပြင်းပြနေတယ် ဆိုရင် အဲဒီနိုင်ငံဟာ လူထုလှုပ်ရှားမှုတွေ၊ ဖိအားတွေ၊ တောင်းဆိုမှုတွေ၊ ပဋိပက္ခတွေ၊ သဘောထား တင်းမာမှုတွေ၊ တခါတရံမှာ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ရိုက်တာ သတင်းဌာနက Surin Pitsuwan ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။
“နိုင်ငံတနိုင်ငံ ဒါမှမဟုတ် အစိုးရတရပ်ဟာ ဒါတွေကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းမှစ၍ အာဏာရှင် အဆက်ဆက်သည် လူထု ဆန္ဒပြမှုများအား အကြမ်းဖက် အင်အားသုံး နှိမ်နင်းသည့် လမ်းစဉ်ကို နှစ်ပေါင်း ၅ဝ နီးပါးခန့် အသုံးပြုခဲ့ကြသည်။
ယခု ဆန္ဒပြမှုများသည် မြန်မာအစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများအတွက် တကယ့် စမ်းသပ်စိန်ခေါ်မှု တခုသဖွယ်လည်း ဖြစ်နေသည်ဟု နိုင်ငံရေး အကဲခတ် များက ရှုမြင်ကြသည်။
ဆန္ဒပြသူများအပေါ် အကြမ်းဖက် နှိမ်နှင်းမှုများသည် လက်ရှိအစိုးရနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ကာ မြန်မာနိုင်ငံ အပေါ် စီးပွါးရေးပိတ်ဆို့ အရေးယူမှုများအား ဖြေလျှော့ ဖယ်ရှားပေးနေကြသည့် ဒီမိုကရက်တစ် အစိုးရများ၏ တုံ့ပြန် အရေးယူမှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုကြသည်။
Surin Pitsuwan က မြန်မာနိုင်ငံ၏ ရေပြတ်လပ်မှု ပြဿနာ၊ အစားအစာ ရှားပါးမှု ပြဿနာ၊ သယ်ယူပို့ဆောင်ရေးပြဿနာများနှင့် ပတ်သတ်၍ အာဆီယံ အနေဖြင့် အဖွဲ့ဝင် နိုင်ငံများ၏ အတွေ့အကြုံများကို မျှဝေပေးကာမြန်မာနိုင်ငံအား ကူညီရန် အသင့်ရှိသည်ဟု ဆိုခဲ့သည်။
အာဆီယံ ၁ဝ နိုင်ငံအနက် အဆင်းရဲဆုံး နိုင်ငံများတွင် အပါအဝင် ဖြစ်သည့် မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆ဝ ခန့်အား လျှပ်စစ်မီး ပေးနိုင်ရေး ပြဿနာသည် မြန်မာအစိုးရ ရင်ဆိုင်နေရသည့် ပြဿနာများထဲမှ တခုဖြစ်သည်။
မြန်မာနိုင်ငံရှိ လူလေးယောက်တွင် တယောက်နှုန်းသာ (၂၅ ရာခိုင်နှုန်း) လျှပ်စစ်မီး သုံးစွဲနိုင်သည်ဟု ခန့်မှန်းချက်များက ဆိုသည်။
ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်သူများက မြန်မာနိုင်ငံ၌ တနေ့လျှင် ၆ နာရီခန့်မျှသာ အလှည့်ကျ လျှပ်စစ်မီး ရရှိနေချိန်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လျှပ်စစ်မီး ရောင်းချနေသည့် မူဝါဒကိုလည်း မေးခွန်းထုတ် ဝေဖန်နေကြ သည်။
အစာငတ်ခံ ဆန္ဒပြ အလုပ်သမားများ ကျန်းမာရေးထိခိုက်နေ
ယခု လဆန်းမှ စတင်၍ ဆန္ဒပြနေသည့် လှိုင်သာယာ ဆံပင်တု စက်ရုံမှ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ) |
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပေါ်ထွက်လာရန်ရှိ
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲလျက်ရှိပြီး အသစ်ထွက်ပေါ် လာမည့် ထိုဥပဒေသစ်တွင် ဝင်ငွေခွန်နှင့် အကောက်ခွန် ကင်းလွတ်ခွင့်များ ပါရှိမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးကျော်ထွန်းက ပြောကြားသည်။
“မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်ရေးဆွဲနေပါတယ်။ အခု အသစ်ပြင်ဆင်ဖို့ရှိတဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ပါဝင်မယ့် အခွင့်အရေးတွေထက် သာစေရပါမယ်။ နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ဖက်စပ်ရင်းနှီးမြှုပ်နှံဖို့ ဥပဒေတွေလည်း ပါပါလိမ့်မယ်” ဟု ဦးကျော်ထွန်းက ဆိုသည်။
အသစ်ထွက်ပေါ်လာရန် ရှိသည့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှု ဥပဒေတွင် ဝင်ငွေခွန်နှင့် အကောက်ခွန် ကင်းလွတ်ခွင့် အနည်းဆုံး ၃ နှစ် ရရှိမည်ဖြစ်ပြီး ကင်းလွတ်ခွင့် ကာလအတွင်း တင်သွင်းကုန်ကြမ်းများနှင့် လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းမှု အပေါ် အခွန်ကင်းလွတ်ခွင့် ပေးသွားမည်ဟုလည်း ဆိုသည်။
“ပြည်တွင်းမှာ မော်တော်ယာဉ်တွေ တပ်ဆင် ထုတ်လုပ်ဖို့အတွက် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု စက်ရုံ သုံးရုံကို လုပ်ကိုင်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ အခု အသစ်ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းသစ်တွေ အနေနဲ့ စတင်လုပ်ကိုင်ရပါမယ်” ဟု ညွှန်ကြားရေးမှူး က ဆိုသည်။
နိုင်ငံခြားနှင့် ပြည်တွင်းလုပ်ငန်းရှင်များ ဖက်စပ်ရင်းနှီး မြှုပ်နှံလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ဥပဒေသစ်ကိုလည်းရေးဆွဲလျက် ရှိပြီး အဆိုပါဥပဒေတွင် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ဖက်စပ်လုပ်ငန်းများတွင် အရင်းအနှီး ထည့်ဝင်ရာတွင် အနည်းဆုံး ပမာဏ အနေဖြင့် ပထမနှစ်တွင် ၁ဝ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ၂ဝ ရာခိုင်နှုန်းနှင့် တတိယနှစ်တွင် ၃ဝ ရာခိုင်နှုန်း စသည်ဖြင့် ပါဝင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည် ဟု ဆိုသည်။
“လောလောဆယ် ဖက်စပ်ရင်းနှီးမြုပ်နှံမှု လုပ်ငန်းလုပ်ကိုင်ဖို့အတွက် ပါမစ်ခွင့်ပြုချက် လျှောက်ထားမှု ၄၃ ခုရှိပါ တယ်။ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်မှု လုပ်ငန်းတွင် ဆူဇူးကီး ကုမ္ပဏီက ပြည်တွင်း ကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ဖို့ ခွင့်ပြုချက်တင်ထားပါတယ်” ဟု ဦးကျော်ထွန်းက ဆိုသည်။
ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ရာတွင် ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး၊ ပြည်တွင်းတွင် ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ခွင့်ပြုသွားဖွယ်ရှိပြီး အဆိုပါလုပ်ငန်း ရပ်များတွင် ငါးလုပ်ငန်းအတွက် ကုန်ကြမ်းများ တင်သွင်းပြီး ပြည်တွင်းတွင် အပြီးသတ် ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းများလည်း ပါဝင်မည်ဖြစ် သည်ဟု ဆိုသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြင်ဆင်သည့် ဥပဒေတရပ်ကိုမူ လွန်ခဲ့သော မတ်လအတွင်းက ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ထိုဥပဒေကို လက်တွေ့ ကျင့်သုံးရန်အတွက် နိုင်ငံတော် သမ္မတက အတည်ပြု လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည်။
အဆိုပါ ပြင်ဆင်ထားသည့် ဥပဒေတွင် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းရန် မလိုအပ်တော့ဘဲ ၁ဝဝ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည်ဖြစ်ပြီး ပထမ ငါးနှစ်တာ ကာလအတွင်း အခွန်အကောက် ကင်းလွတ်ခွင့် ပြုမည်ဟု ဆိုထားသည်။
နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် ပြည်တွင်းကုမ္ပဏီများနှင့် ပူးတွဲရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါကလည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၃၅ ရာခိုင်နှုန်း အနည်းဆုံး ထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သည်။ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သော မြေနေရာ များကို နှစ် ၃ဝ စာချုပ်အထိ ချုပ်ဆို ငှားရမ်းလုပ်ကိုင်နိုင်ပြီး ၁၅ နှစ် ထပ်မံ သက်တမ်းတိုး လုပ်ကိုင်နိုင်သည်ဟုလည်း ဆိုထားသည်။
ထာဝရငြိမ်းချမ်း 67 လက်မှတ်ရေးထိုး လှုပ်ရှားမှု
နယူးဒေလီ (မဇ္ဈိမ) ။ ။ တနှစ်ခန့်ကြာ ကချင်ပြည်နယ်တွင်း ထိုးစစ်များ အပါအဝင် နှစ်ပေါင်း ၆ဝ ကျော်
ပြည်တွင်းစစ် ရပ်စဲခြင်း မရှိသေး၍ “ထာဝရငြိမ်းချမ်း 67” ခေါ် လက်မှတ်ရေးထိုး လှုပ်ရှားမှုတခု စတင်တော့မည်ဟု သိရသည်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် စတင် လက်မှတ်ရေးထိုး အရေးဆိုကြမည့် ထာဝရငြိမ်းချမ်း 67 လှုပ်ရှားမှု ဖွင့်ပွဲကို Generation Wave မျိုးဆက်သစ် လူငယ်များက ကမကထပြုကာ မေလ ၂၅ ရက်နေ့နံနက်တွင် ရန်ကုန်မြို့၊
တော်ဝင်နှင်းဆီ၊ သီရိခန်းမ၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း စည်းရုံးရေးနှင့် စွမ်းရည်မြှင့်တင်ရေးတာဝန်ခံ ကိုဝေဖြိုး က ပြောသည်။
“ဘဘဦးဝင်းတင်၊ အန်တီ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ၈၈ မျိုးဆက် ကျောင်းသားတွေလည်း ဖိတ်ထားတယ်။ CSO က ဒေါက်တာကျော်သူ၊ အနုပညာ အသိုင်းအဝိုင်းထဲက လူငယ် အဘောက်၊ စတုန်း၊ ရသတို့လို လူငယ်အဆိုတော်တွေလည်း ဖိတ်ထားပါတယ်။ စာရေးဆရာတွေထဲက ဆရာမ ဂျုး တို့ကိုလည်း ဖိတ်ထားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
တိုင်းရင်းသားအချင်းချင်း အငြင်းပွားနေမှုများကို လက်နက်စွဲကိုင် သတ်ဖြတ်တိုက်ခိုက် အဖြေရှာနေခြင်းများ အကြွင်းမဲ့ ရပ်ဆိုင်းရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် ရဟန်းရှင်လူ တိုင်းရင်းသား ပြည်သူအပေါင်းမှ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုသွားရန် နှိုးဆော် တိုက်တွန်းထားသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ထာဝရ ငြိမ်းချမ်းရေး လိုလားသူ ပြည်သူများ၏ လက်မှတ်များကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်သွားမည်ဟု ဆိုသည်။ ထို့ကြောင့်ပင် လှုပ်ရှားမှုအမည်အား ထာဝရငြိမ်းချမ်း 67 ဟု အမည်ပေးထားသည်ဟု ဆိုသည်။
လက်ရှိ မြန်မာ့ နိုင်ငံရေးအပြောင်းအလဲများကို နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်တို့က လက်တွဲဦးဆောင်ကာ ဖန်တီးဖော်ဆောင်နေကြောင်း Generation Wave ၏ အသိပေးနှိုးဆော် ပန်ကြားလွှာတွင် ဖော်ပြထားသည်။
သို့သော် အထူးသဖြင့် ကချင်ပြည်နယ်တွင် စစ်မက်များ ဆက်လက်ဖြစ်ပွားနေပြီး အခြား တိုင်းရင်းသားဒေသများ တွင်လည်း စစ်မှန်သည့်ငြိမ်းချမ်းရေး ရရှိရန် လိုအပ်နေသေးကြောင်း ဆိုသည်။
“ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အန်တီစု အနေနဲ့က ကျနော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် ပဋိပက္ခတွေကို လူထုခေါင်းဆောင်အနေနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အန်တီ ဦးဆောင်ရင် ပြည်တွင်းစစ် ရပ်စဲရေး ကိစ္စတွေကို အောင်မြင်အောင် လုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟုလည်း ကိုဝေဖြိုးက
ပြောသည်။
နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကိုလည်း
မေလ ၃ ရက်နေ့က ဖွဲ့စည်းထားပြီး ဖြစ်သည်။
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်တွဲ ပူးပေါင်း အမြန်ဆုံးဖော်ဆောင်ရန် တိုက်တွန်းထားသည်။
လာမည့် ဇွန်လ ၉ ရက်နေ့ဆိုလျှင် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ တနှစ်တင်းတင်း ပြည့်တော့ မည်ဖြစ်ပြီး အစိုးရ၏ ထိုးစစ်များကြောင့် စစ်ဘေးရှောင်၊ စစ်ပြေးဒုက္ခသည် ခန့်မှန်းခြေ လူပေါင်း ၅၀,၀၀၀ ခန့် အိမ်ယာများအား စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
“စစ်ကြောင့်ဒုက္ခရောက်နေတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေရဲ့ ပုံတွေကို ကျနော်တို့ ဗွီနိုင်းတွေနဲ့ ဘုတ်ထောင် ပြီးတော့ ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ အတူတူလိုက်ကောက်မယ်။ ငြိမ်းချမ်းရေးဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ တကယ်မရသေးတဲ့ ငြိမ်းချမ်းရေးအတွက်ကို လူတိုင်းလူတိုင်း ပါဝင်လက်မှတ်ရေးထိုးစေချင်ပါတယ်” ဟု ကိုဝေဖြိုးက
ပြောသည်။
နယ်မြို့များတွင် လူငယ်အဖွဲ့များနှင့် ရွာခံများ စုပေါင်း၍ ဟောပြောပွဲများ ကျင်းပကာ လက်မှတ်များစုဆောင်း
ကောက်ခံသွားမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ လမ်းဆုံ၊လမ်းဂွများတွင် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားသွားမည်ဖြစ်ကြောင်း ကိုဝေဖြိုးက ဆက်ပြောသည်။
ကောက်ခံရရှိသည့် လက်မှတ်များအား ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဟု သိရသည်။
အလုပ်သမားထု တောင်းဆိုချက်များ အငြင်းခံရ
Photo courtesy of Messenger News journal |
Thursday, 24 May 2012
အလုပ်သမား လုပ်ခလစာ ဥပဒေ မရှိသေးဘူး
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် (၄) ရှိ ဆံပင်တု စက်ရုံမှ အလုပ်သမားများ မေလအစောပိုင်းတွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ဧရာဝတီ) |
ဘန်ကောက် စီးပွားရေးဖိုရမ် ဒေါ်အောင်ဆန်းစုကြည် တက်မည်
ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်း-မြန်မာ နယ်စပ်ရှိဒုက္ခသည်များကလည်း တွေ့ချင်နေကြသည်။ (ဓာတ်ပုံ- Reuters) |
အင်အားသုံးဖြေရှင်းမှု ဆန္ဒထုတ်ဖော်သူများ မကျေနပ်
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးတချို့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကို လုံခြုံရေးများက တားဆီးခြင်း၊ အင်းအားသုံးရိုက်နှက် ဖမ်းဆီးခြင်းများ ရှိနေသောကြောင့် မကျေနပ်မှုများ ကျယ်ပြန့်လာကာ နိုင်ငံရေးအရ ပြဿနာ ကြီးထွားလာမည်ကို ဆန္ဒထုတ်ဖော်သူ ပြည်သူများက စိုးရိမ်နေကြသည်။
ပြည်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရေး ဆန္ဒထုတ်ဖော်သူများနှင့် လုံခြုံရေးများကို ယနေ့ ဤသို့တွေ့ရသည် |
“ရဲတွေက ရှေ့ကနေ ဒိုင်းတွေနဲ့ ၀င်ပြီး တားတယ်။ အဲဒီ အချိန်မှာ ဘေးက လူငယ်လေး တယောက်က ဒါဟာ ကျနော်တို့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၁ အပိုဒ် ခွဲ (ဃ) အရ လုပ်တာ၊ ခင်ဗျားတို့ တားဆီးပိုင်ခွင့် မရှိဘူးဆိုပြီး ပြောနေတုန်းပဲ ချက်ချင်း ဖမ်းကွာဆိုပြီး ရိုက်ပြီးဖမ်းကြတယ်” ဟု ပြည်မြို့ခံ ကိုရဲထင်က ဧရာဝတီကို ပြောသည်။
ပြည်မြို့ ဒေသခံများက “၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဒို့အရေး” ဟူ၍ ကြွေးကြော်ကြကြောင်း၊ စတင် ဆန္ဒ ထုတ်ဖော်စဉ်က လူ ၃၀၀ ခန့် ရှိပြီး ရိုက်နှက်ဖမ်းဆီး ခံရသူများထဲတွင် ပြည်မြို့၌ လူ့အခွင့်အရေး ပညာပေးရေး လုပ်ဆောင်နေသော ကိုကျော်ဆွေနှင့် ရှေ့နေ ဦးမြင့်အေးတို့ ပါဝင်ကြောင်း သိရသည်။
“ဒီမိုကရေစီ အသွင်ကူးပြောင်းခါစမှာ ဒီလို ပြည်သူကို အကြမ်းဖက်တယ်ဆိုတာမျိုးက လက်ရှိ အပြောင်းအလဲ တခုလုံးကို အယုံအကြည်မရှိ ဖြစ်သွားနိုင်တယ်။ အပြောင်းအလဲကို အေးအေးချမ်းချမ်းပဲ သွားချင်ကြတာပါ။ ဒီအတိုင်းဆို အသွင်ကူးပြောင်းနေတဲ့ ကိစ္စ နောက်ပြန်လည်သွားနိုင်တယ်၊ လူထု တိုက်ပွဲတွေလည်း ဖြစ်သွားနိုင်တယ်” ဟု ကိုရဲထင်က ဆိုသည်။
ယခုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အင်အားသုံး၍ ရိုက်နှက်ဖမ်းဆီးခြင်းမှာ ယနေ့ ပြည်မြို့ဖြစ်ရပ်သည် ပထမဆုံးဖြစ်ကြောင်း သူက ဆက်ပြောသည်။
ယမန်နေ့ ညကလည်း ရန်ကုန်မြို့ မြို့တော်ခန်းမနှင့် ဆူးလေ စေတီအနီးသို့ ဖယောင်းတိုင်မီးများ ထွန်းညှိကာ ငြိမ်းချမ်းစွာ ဆန္ဒပြရန် လုပ်ဆောင်နေစဉ် ဆန္ဒဖော်ထုတ်သူ တဦးဖြစ်သည့် ကိုဟန်ဝင်းအောင်နှင့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ရန်ကုန် အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင်၏ လက်မှတ်ဖြင့် သတိပေးစာကို ပေးခဲ့ကြောင်း၊ အခြေအနေ တင်းမာမည်ကို စိုးရိမ်၍ အေးချမ်းစွာ ဆန္ဒဖော်ထုတ်ကာ လူစုခွဲခဲ့ကြကြောင်း ရန်ကုန်မြို့ခံ ဆန္ဒဖော်ထုတ်သူ တဦးထံမှ သိရသည်။
ရဲမှူးကြီး လက်မှတ်ဖြင့် သတိပေးစာတွင် ယခင် န၀တ စစ်အစိုးရ အမိန့်အမှတ် ၂/ ၈၈ သည် ယခုအချိန်အထိ အသက်ဝင်နေသဖြင့် လူ ၅ ဦးအထက် စုဝေးလျှင် ဖမ်းဆီးအရေးယူနိုင်ကြောင်း ပါရှိသည်။ ထို့အပြင် ဆန္ဒပြခွင့်ကို အခြေခံ ဥပဒေက ပြဌာန်း ထားသော်လည်း လုပ်ထုံးလုပ်နည်း ရေးဆွဲမှု မပြီးစီးသေး၍ ဆန္ဒပြခွင့် မရှိကြောင်း၊ ဆက်လက် ဆန္ဒပြပါက တည်ဆဲ ဥပဒေအရ ဖမ်းဆီး အရေးယူနိုင်ကြောင်း သတိပေးထားသည်။
ယမန်နေ့ညက ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ်တွင်လည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် လူ ၁၀၀ ခန့်တို့ ဖယောင်းတိုင် မီးထွန်း၍ လမ်းလျှောက်ခြင်းကို ရဲမှူးများ၊ ခရိုင်မှူးများက ဟန့်တားခဲ့ကြောင်း၊ သို့သော် အေးချမ်းစွာ ပြောဆို၍ လျှပ်စစ်ရုံးရှေ့သို့ သွားကာ လျှပ်စစ် ၀န်ကြီးစကားအရ လျှပ်စစ်မီး ပိုလျှံနေသည်များကို ယခုပြည်သူများ လျှပ်စစ်မီး မလုံလောက်၍ ပြန်ပေးစေလိုသည်ဟု ပြောဆိုပြီး ဆက်လက် ထွက်ခွာလာခဲ့ကြောင်း၊ လမ်းတွင် ရဲကားများနှင့် ရဲများက လက်နက် အပြည့်အစုံဖြင့် ထပ်မံ တားဆီးခဲ့ကြောင်း ကိုနေမျိုးဇင်က ဧရာဝတီကို ပြောသည်။
“ဒီနေ့ ထူးခြားတာကတော့ တညလုံး မီးပျက်ထားရာက နေ့လယ် ၁၁ နာရီ မိနစ် ၂၀ မှာ မီးလာတယ်။ ပုံမှန်အတိုင်း ပါပဲ။ ခဏလည်းကြာရော မီး အားက ၃၀၀ ကျော်ထိ ဆောင့်တက်တယ်။ လျှပ်စစ်ပစ္စည်းတွေ အကုန်လောင်ကုန် တယ်၊ ပြီးတော့ မီးပြန်ပျက်သွားတယ်” ဟု သူက ဆိုသည်။
သို့အတွက် မနက်ဖြန်ညနေ မေလ ၂၅ ရက်နေ့တွင် ပျက်ဆီးသွားသည့် လျှပ်စစ်ပစ္စည်းများကို မြို့နယ် လျှပ်စစ်ရုံးရှေ့ တွင် စုပုံ၍ ထိုင်ကာ လျှပ်စစ်ဌာန၏ တာဝန်မဲ့ လုပ်ရပ်အတွက် မေးမြန်းသွားမည်ဟု သူက ဆက်ပြောသည်။
ဖယောင်းတိုင်မီးထွန်းညှိ၍ လျှပ်စစ်မီး ရရှိရေး ပထမဆုံး စတင်ခဲ့သည့် မန္တလေးမြို့တွင်လည်း လွန်ခဲ့သည့်ရက်ပိုင်းက ပါဝင်သူတချို့ကို ခေါ်ယူစစ်ဆေးပြီးနောက်ပိုင်း ဆီဒိုးနားဟိုတယ်အနီးနှင့် တိုင်းလျှပ်စစ်ဌာရုံး၊ ၂၆၊ ၂၇၊ ၂၈ လမ်း တို့တွင် လုံခြုံရေးများ ထူထပ်စွာချထားကြောင်း၊ သို့သော် ယမန်နေ့ညက ဖယောင်းတိုင်မီးများသာမက မီးတုတ်များပါ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြမှု လုပ်ခဲ့ပြီး လုံခြုံရေးများ ထူထပ်စွာချထားသည့် အတွက် အချိန်ပိုင်းနှင့် လူစုခွဲခဲ့ကြောင်း မြို့ခံတဦးက ဆိုသည်။
မန္တလေးမြို့တွင် ယမန်နေ့က စ၍ ရပ်ကွက်များအတွင်း ကားများဖြင့် လိုက်လံ၍ ၁၅၀ ကီလိုဝပ် မီးစက်ကြီးများဖြင့် အလှည့်ကျ လျှပ်စစ်မီး ဖြန့်ဝေပေးလျှက်ရှိကြောင်း၊ ထမင်းဟင်းချက်ပြုတ်ခြင်းနှင့် ရေတင် ခြင်းများအတွက်သာ လုံလောက်ပြီး ၆ နာရီကြာ လျှပ်စစ်မီးရရှိကြောင်း စီးပွားရေး လုပ်ငန်းများအတွက်မှု မည်သို့မျှ မလုံလောက်ကြောင်း ကြားသိရသည်။
မုံရွာ၊ ပဲခူး စသည့်မြို့များတွင်လည်း လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆန္ဒဖော်ထုတ်မှုများ လုပ်မည်ကို အာဏာပိုင်များ ဘက်က စိုးရိမ်ပြီး လက်နက်အပြည့်အစုံဖြင့် လုံခြုံရေး ထူထပ်စွာချထားကြောင်း ဒေသခံများက ပြောသည်။
လျှပ်စစ်မီး လုံလောက်စွာ မရရှိသည့်အတွက် ဆန္ဒဖော်ထုတ်မှုများ လုပ်ဆောင်နေသည်ကို အင်တာနက် လူမှုကွန်ရက် များတွင်လည်း အကျယ်တ၀င့် ရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။
အများပြည်သူ လျှပ်စစ်မီးရရှိရေးအတွက် အမှတ် ၂ လျှပ်စစ် ၀န်ကြီးဌာနက ရန်ကုန်မြို့တွင် မီးစက် စုစုပေါင်း ၁၁ လုံးဖြင့် လျှပ်စစ်ဓာတ်အား ၃၈၉၅ ကေဗီအေ ကိုလည်းကောင်း၊ မန္တလေးမြို့တွင် မီးစက် အလုံး ၂၀ ဖြင့် ၆၃၁၅ ကေဗီအေကိုလည်းကောင်း၊ ပြည်မြို့တွင် မီးစက် ၅ လုံးဖြင့် ၇၃၅ ကေဗီအေကိုလည်းကောင်း တိုးမြှင့် ဖြန့်ချိ ပေးနေကြောင်း၊ နောက်ထပ်လည်း အမေရိကန်၊ စင်ကာပူ စသည့် နိုင်ငံတို့မှ မီးစက်များမှာယူထားရာ တပတ်အတွင်း ရောက်မည်ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
Ref: ဧရာဝတီ
ရိုဟင်ဂျာတချို့ အန္ဒိယမှာ ပြည်ဝင်ခွင့်ဗီဇာရ
တိုးမြင့်အောင် စက်ရုံမှတာဝန်ရှိသူများ အလုပ်သမားများကို ကိုယ်ထိလက်ရောက်စော်ကား
ကိုယ်ထိလက်ရောက်စော်ကားခံရတဲ့ တိုးမြင့်အောင် စက်ရုံမှ အလုပ်သမားတဦး |
မေလ(၂၃)ရက်နေ့ က ရန်ကုန်တိုင်း လှိုင်သာယာမြို့ နယ် စက်မှုဇုန်(၄) တိုးမြင့်အောင် ဇာထိုးပန်းထိုး စက်ရုံမှ အလုပ်သမားများ စက်ရုံမှ စက်ရုံမှုးများ မန်နေဂျာ များမှ ကိုယ်ထိလက်ရောက်စော်ကားခဲ့ကြောင်းသိရပါတယ်။
မီးခွက်ဈေးအောက်ထိပ် တွင် နံနက်(၆)နာရီအချိန် ထန်းတပင်မှ အလုပ်သမား (၄၀) ကျော်စီးလာသော ဖယ်ရီကား ၅က(၅၀၀၂) မှာ စက်ရုံရှေ့ ရောက်သောအခါ တိုးမြင့်အောင် စက်ရုံမှ စက်ရုံမှုးများ မန်နေဂျာ များမှ အလုပ်သမားကောင်မလေးများကို ကိုယ်ထိလက်ရောက် ရိုက်နှက်ချင်း၊ ဆံပင်ဆွဲချင်း၊ အင်္ကျီတွေဆွဲဖြဲချင်း၊ဆွဲဆောင်ရိုက်နှက်ချင်းများ ပြုလုပ်ခဲသောကြောင့် မိန်းခလေး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ထို့ကြောင့်နံနက်(၈)နာရီမှာလှိုင်သာရာရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရှိရပါတယ်။
ညနေ(၄)နာရီမျာတော့ ပုလဲအထည်ချုပ်စက်ရုံတွင် အလုပ်ရှင်၏လူများက စက်ရုံပြင်ပမှ တောင်းဆိုနေသောအလုပ်သမားများကို အော်ဟစ်ဆဲဆို ရန်စခဲ့တဲ့ အတွက် ရုန်းရင်းဆန်ခက် ဖြစ်ပွားခဲ့ပါတယ်။
Ref: Myanmar News Now