![]() |
| ၂၀-၅-၂၀၁၂ ၂၆လမ်း မန္တလေး စွမ်းဟော်တယ်ရှေ့တွင် လျှပ်စစ်မီး ပုံမှန် ရရှိရေး ဆန္ဒပြု ဆုတောင်းခြင်းအားတွေ့ရစဉ် |
![]() |
| ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ ၄၅ နာရီကျော်ခန့်ကစတင်၍ လူအင်အား ငါးဆယ်ကျော်ရှိသော မန္တလေးပြည်သူပြည်သားများက စွမ်းဟိုတယ်ရှေတွင်လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် လက်မှတ်ရေးထိုးပြီး ဆန္ဒထုတ်ဖော်ပြသကြစဉ် |
![]() |
| လျှပ်စစ်မိးရရှိရေးမန္တလေးတွင်ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် (ဓါတ်ပုံ-CJMyanmar) |
ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ နာရီကျော်ခန့်ကစတင်၍ လူအင်အား တစ်ရာကျော်ရှိသော မန္တလေးပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံးအား ပတ်၍ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ပွဲ ကျင်းပနေကြပါသည်။
မန္တလေး၊ စွမ်းဟိုတယ်ရှေ့တွင်လည်း ယခု စီတန်းလမ်းလျှောက်ပွဲနှင့် တစ်ပြိုင်နက်တည်း ဖယောင်းတိုင်မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂ ဖွဲ့ ပူးပေါင်းမည်ဟု သိရကြောင်း CJmyanmar
- Facebook မှာ ဖော်ပြထားသည်။
မန္တလေးမြို့တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းနှင့် ဓာတ်အား ဖြန့်ဝေရာတွင် အလှည့်ကျစနစ် မဟုတ်ဘဲ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် မန္တလေးမြို့ခံ စာပေပညာရှင်များ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် မြို့ခံလူထုတို့က မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး အနီးတွင် ယနေ့ည ၇ နာရီ တိတိမှ စတင်၍ ဖယောင်းတိုင်မီးများ ထွန်းညှိကိုင်ဆောင်၍ စီတန်းလှည့်လည် ဆန္ဒပြလျက် ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
“လေးယောက်တစ်တွဲ စီတန်းလှည့်လည်နေတာပါ။ အင်အား ၂၀၀ ကျော်လောက် ရှိတယ်။ အနောက်ကနေ ကားတွေ ဆိုင်ကယ်တွေနဲ့ လိုက်နေတဲ့ လူထုက အဲဒီနှစ်ဆကျော်လောက် ရှိပါတယ်” ဟု ၎င်းက တယ်လီဖုန်းဖြင့် ဆက်သွယ် သတင်းပေးပို့သည်ဟု The Voice Weekly-Facebook မှာလည်း
ဖော်ပြထားပါသည်။

Ref: MNN

08:52
Unknown

Posted in:
0 comments:
Post a Comment