ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီစဉ်ညွှန်ကြားချက်အရ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ အရည်အချင်း စစ်စာမေးပွဲတွေ ဖြေဆိုထားကြ တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။ 
နိုင်ငံခြားသွားတဲ့အခါ ဘယ်သူတွေ ကိုယ့်ဖာသာကိုယ် ဆွေးနွေးနိုင်မယ်၊ ဘယ်သူတွေကတော့ ဘာသာပြန်လိုမယ် ဆိုတာ သိနိုင်အောင်အခုလို ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် လှည်းကူး
အမတ်ကိုဖြိုးမင်းသိမ်းက ပြောပါတယ်။
သူ့အနေနဲ့ ၅ လပိုင်း ၁၆ ရက်နေ့က BC မှာစာမေးပွဲ ၀င်ဖြေခဲ့ပြီး ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ် အကုန်လုံးလည်း ဖြေထားပြီးပြီလို့ ပြောပြပါတယ်။ ဖြေထားတဲ့ result level တွေကြည့်ပြီး လိုအပ်တဲ့ သူတွေကို အဖွဲ့ချုပ်က နောက်ထပ် သင်ကြားမှုတွေ ဆက်လုပ်ပေးဦးမှာ ဖြစ်တယ်လို့ ကိုဖြိုးမင်းသိမ်းက
ပြောပါတယ်။ ဒါဟာ လွှတ်တော်အမတ်တွေ အရည်အချင်း မြင့်မားရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက်အစီအစဉ် ဖြစ်တယ်လို့ သူကပြောပါတယ်။

ဒီဗွီဘီ
Ref: MNN 

 23:23
23:23
 Unknown
Unknown
 
 Posted in:
 Posted in:   
0 comments:
Post a Comment