လျှပ်စစ်မီးပိုမိုရရှိရေး အတွက် ရန်ကုန်မြို့နေ တက်ကြွလှုပ်ရှားသူများနှင့် မြို့ခံအချို့က ယနေ့ညနေ ၆နာရီ ၅၅မိနစ်တွင် ဆူးလေဘုရားလမ်း KING လားရှိုး လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်လူစုကာ ဖယောင်းတိုင်မီးများ ကိုင်ဆောင် လှည့်လည် ဆန္ဒပြခဲ့ကြသည်။
ရှေးဦးစွာ ဆူးလေဘုရားကို လှည့်ပတ်၍ ဆန္ဒပြကြပြီးနောက် ဘုရားပေါ်သို့ တက်ရောက် ဆုတောင်းကြသည်။
ဖယောင်းတိုင်မီးထွန်း၍ ဆန္ဒပြသူ အယောက်၅၀ ၀န်းကျင်ရှိပြီး သတင်းမီဒီယာ နှင့် ရာနှင့်ချီသည့် ကြည့်ရှုသူပရိတ်သတ်များဖြင့် ဆူးလေစေတီတ၀ိုက်တွင် စုစုပေါင်း လူအင်အား တထောင်ကျော် ခန့်ရှိသည်ကိုတွေ့ရသည်။
၎င်းတို့ ဆန္ဒပြရင်း ကြွေးကြော်နေသော အသံမှာ “ အခွင့်အရေး အတူတူ ရရမယ်လို့ ပြောတယ်၊ အခု နေပြည်တော် လယ်ကွင်းထဲမှာ မီးတွေထိန်ထိန် လင်းနေတယ်၊ ကျွန်တော်တို့ ရန်ကုန်မှာက မီးလည်းပျက်တယ်၊ ရေလဲသုံးမရဘူး ” ဟုလက်ရှိ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင်ခံစားနေရ သည့်အခြေအနေကို နေပြည်တော် လျှပ်စစ်မီးပေးဝေမှုနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ကြသည်။
ဆန္ဒပြသူ တဦးဖြစ်သည့် အသက် ၈၀ကျော် ဒေါ်မာမာဝေက “ အဖွားတို့မှာက အမှောင်ထဲမှာ နေနေရတယ်။ ဒါအစိုးရမှာ တာဝန်ရှိတယ်” လို့ပြောသည် ဆန္ဒပြစဉ် လုံထိန်းများက ထိန်းသိမ်း ကြသော်လည်း ကြမ်းတမ်းစွာ တုန့်ပြန်မှု မရှိသည်ကိုတွေ့ရသည်။
နိုင်ငံရေး အကျဉ်းသားမိသားစု ကူညီရေး ကွန်ရက်မှ ကိုဟန်ဝင်းအောင် ဦးဆောင်သည့် ဆန္ဒပြသူများက ဆူးလေစေတီပေါ်မှ ဆင်းကာ လူစုခွဲသွားသည့်နောက် ည ၈ နာရီဝန်းကျင်တွင် နောက်ထပ် လူငယ်တစ်စုရောက်ရှိလာပြီး ဆူးလေဘုရားရှေ့တွင် ဖယောင်းတိုင်မီးထွန်း ၍ဆက်လက် ဆန္ဒပြခဲ့ကြသည်။
မန္တလေးမြို့တွင် မေလ ၂၀ နှင့် ၂၁ ရက်နေ့များက လျှပ်စစ်မီး ပိုမိုရရှိရေး အတွက် ဖယောင်းတိုင်ထွန်းညှိ ဆန္ဒထုတ်ဖေါ်ပြီးနောက် ယနေ့နံနက်က ဦးဆောင်သူဟု ယူဆသူများကို ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းမှုရှိခဲ့သည်။ မန္တလေးမြို့၌ ယခင် ၂ရက်တာ ဆန္ဒထုတ်ဖေါ်သူများ စုဝေးသည့်နေရာတ၀ိုက် လုံခြုံရေး တင်းကြပ်စွာချထားပြီး ထပ်မံမဖြစ်ပွားအောင် ကာကွယ်ထားသည်ဟု မန္တလေးမြို့မှ သတင်းပေးပို့ချက်အရ သိရသည်။
လျှပ်စစ်မီး မလုံလောက်မှုနှင့် ပတ်သက်၍ ပြည်သူများသို့ ယနေ့ထုတ် သတင်းစာတွင် `ပြည်သူလူထုသို့ မေတ္တာရပ်ခံ ပန်ကြားခြင်း´ဆိုသည့် ပန်ကြားချက်ဖြင့် လျှပ်စစ်မီး မလုံလောက်မှု အခြေအနေကို လျှပ်စစ်ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ခဲ့သည်။ ။
ဒေါ်မာမာဝေ၊ ( ကျောင်းသားခေါင်းဆောင် စည်သူမောင် ၏ အဖွား တော်စပ်သူ) လည်းပါဝင်
Ref: MNN 



 07:16
07:16
 Unknown
Unknown
 
 Posted in:
 Posted in:   
0 comments:
Post a Comment