Showing posts with label ၁၉။ မြန်မာ SEA Games. Show all posts
Showing posts with label ၁၉။ မြန်မာ SEA Games. Show all posts

Saturday, 7 December 2013

ဝါတာပိုလိုအဖွင့်ပွဲ မြန်မာကို ထိုင်းဂိုးပြတ်နိုင်

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဝါတာပိုလို အားကစားနည်း အဖွင့်ပွဲစဉ်ကို ဒီဇင်ဘာ ၆ရက်နေ့က ဇေယျာသီရိ ရေကူးကန်တွင် ကျင်းပခဲ့ရာ ထိုင်းအသင်း က မြန်မာအသင်းကို ၂၂ ဂိုး သုံးဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

SEA Games ပြိုင်ပွဲတွင်ပါဝင်သည့် အားကစားနည်း ၃၃ မျိုးအနက် ဒုတိယမြောက် အားကစားပွဲစဉ် အဖြစ် ကျင်းပခြင်းလည်း ဖြစ်သည့် ယင်းပြိုင်ပွဲတွင် မြန်မာအသင်းသည် ထိုင်းအသင်း၏ တစ်ဖက်သတ် ဖိအားပေးခြင်း ခံခဲ့ရပြီး ဂိုးပြတ်ရှုံးခဲ့ရခြင်းလည်း ဖြစ်သည်။

မြန်မာအသင်းအတွက် ချေပဂိုး များကို သန်းထွဋ်၊ အောင်မင်းထွဋ်နှင့် တိုးတိုးတို့ က သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာဝါတာပိုလို အသင်းသည် SEA Games ပြိုင်ပွဲသမိုင်း တစ်လျှောက် ယင်းအားကစားကို ၁၉၆၉ ခုနှစ် ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် တစ်ကြိမ် ယှဉ်ပြိုင်ခဲ့ ဖူးပြီး ယခု ၄၄ နှစ်အကြာ၌ အိမ်ရှင်အဖြစ် ကျင်းပသည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ တွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ဒီဇင်ဘာ ၇ ရက်နေ့တွင် အင်ဒိုနီးရှားအသင်း၊ ဒီဇင်ဘာ ၉ ရက်နေ့တွင် မလေးရှား အသင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စင်ကာပူအသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

27th SEA GAMES နောက်ဆုံးသတင်းနှင့်ရိုးရာခြင်းလုံးပွဲအစအဆုံးအစီစဉ်

MEDAL TALLY

CountryGoldSilverBronze
Myanmar
610
Thailand
221
Vietnam
111
Malaysia
108
Cambodia
022
Laos
022
Indonesia
010
Philippines
010
Singapore
001
Brunei
000
Timor-Leste
000
Last Updated - 7/12/2013 13:00
27th SEA GAMES နောက်ဆုံးသတင်း

ရိုးရာခြင်းလုံးပွဲအစအဆုံးအစီစဉ်ကိုဒီထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်

http://www.mrtv.gov.mm/mrtv-program/road-to-seagames

Friday, 6 December 2013

seagames မြန်မာနိုင်ငံ နှင့် ကမ္ဘောဒီယား အမျိုးသမီးဝိုင်းခြင်းပြိုင်ပွဲ 6.12.2013



sea games မြန်မာနိုင်ငံ 6.12.2013 မနက် 9 နာရီတွင် MRTV4 မှ ထုတ်လွင့်ခဲ့သော
 မြန်မာ နှင့်  ကမ္ဘောဒီယား အမျိုးသမီးဝိုင်းခြင်းပြိုင်ပွဲ

seagames မြန်မာနိုင်ငံ နှင့် စင်္ကာပူ ခြင်းလုံးအလှပြိုင်ပွဲ 6.12.2013


sea games မြန်မာနိုင်ငံ 6.12.2013 မနက် 9 နာရီတွင် MRTV4 မှ ထုတ်လွင့်ခဲ့သော
 မြန်မာ နှင့် စင်္ကာပူ အမျိုးသားခြင်းလုံးအလှပြိုင်ပွဲ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes