အိန္ဒိယ နိုင်ငံက အခုလို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးလိုက်တဲ့အတွက် လွန်ခဲ့တဲ့နှစ်တွေက မြန်မာနိုင်ငံ ကနေ အိန္ဒိယ နိုင်ငံကိုထွက်ပြေးရောက်ရှိလာကြတဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံကိုအတင်း အဓမ္မပြန်ပို့နိုင်တဲ့ အန္တာရယ်ကနေ သက်သာရာရတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးစောင့်ကြပ်ရေးအေဂျင်စီရဲ့ပြောဆိုချက်အရ အိန္ဒိယ နိုင်ငံအရှေ့မြောက်ပိုင်းမှာ ရခိုင်ပြည်ကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာလူမျိုးတွေ တသိန်းလောက်ရှိတယ်လို့ဆိုပါတယ်။
အိန္ဒိယ အစိုးရကနေအခုလို ကာလရှည် ဝီဇာတွေထုတ်ပေးတဲ့အတွက် ရိုဟင်ဂျာလူမျိုးတွေဟာ အိန္ဒိယ နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တွေ၊ ကျောင်းတက်ခွင့်တွေ ရသွားနိုင်တယ်လို့ ကုလသမဂ္ဂဒုက္ခသည် အဖွဲ့ကပြောပါတယ်။
ဒါမေမဲ့တရားဝင်အမြဲတန်းနေထိုင်ခွင့် ရရှိနိုင်ဖို့ဆိုတာ နှစ်နဲ့ချီကြာဦးမှာဖြစ်တယ်လို့လဲပြောပါတယ်။
Ref: ABC Radio Australia



09:13
Unknown

Posted in:
0 comments:
Post a Comment