မေ ၂၃
မြတ်ညို (အလွတ်သတင်းထောက်)
မြတ်ညို (အလွတ်သတင်းထောက်)
ခေတ္တရပ်ဆိုင်းထားခဲ့သည့် ပတ်စပို့စာအုပ် သက်တမ်းတိုးခြင်းလုပ်ငန်းအားဘန်ကောက်မြို့ မြန်မာသံရုံးကလာမည့်လဆန်းပိုင်း တွင် ပြန်လည်ေ ဆာင် ရွက်ပေးတော့မည်ဖြစ်ကြောင်း သံရုံးအလုပ် သမားရေးရာဌာနမှသိရှိရသည်။
မြန်မာသံရုံး အလုပ်သမားရေးရာ တာဝန်ခံ ဦးကျော်ကျော်လွင် က “ လာမယ့်လထဲမှာတော့ အယင်အတိုင်းစတေကာကပ်တဲ့စနစ်နဲ့ မြန်မာသံရုံးကနေပြီးတော့ယာယီပတ်စပို့တွေကို ပြန်ပြီးတော့သက်
တမ်းတိုးမြှင့်ပေးသွားတော့မှာဖြစ်တယ် လို့ လူကြီးတွေက ပြောပါတယ်” ဟုပြောသည်။
ယခင် မြန်မာအစိုးရ ၀ါဇီ အလုပ်ရုံမှ ထုတ်လုပ်သည့် အနီရောင် ပတ်စပို့စာအုပ်မှ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း
တွင် တန်ဘိုးပိုမိုကြီးမားပြီး စာရွက်ရေလည်းများသည့် ခရမ်းရောင်ပတ်စပို့ အား မြန်မာအစိုးရက ထုတ်ပေးခဲ့
သည်။
မြန်မာသံရုံးက အလုပ်သမားများ ကိုင်ဆောင်သည့် ပတ်စပို့သက်တမ်းတိုးသည့် အစီအစဉ်အား မတ်လ ကတည်းကရပ်ဆိုင်းခဲ့သဖြင့် မြန်မာအလုပ်သမားများ အကုန်အကျအထူးများပြားခဲ့ကြသည်။ ထို့ကြောင့် လာမည့် တနင်္လာနေ့တွင် ဘန်ကောက်မှ မြန်မာ အလုပ်သမားများနှင့်တက်ကြွနိုးကြားသူများ ဆန္ဒပြပွဲ တစ်ရပ်ကျင်းပမည်ဖြစ်ကြောင်း စီစဉ်သူများ ဖြန့်ဝေနေသည့် စာများအရ သိရှိရသည်။
Ref: GoldenWorkers



07:51
Unknown


Posted in:
0 comments:
Post a Comment