ကျပ် ၁၈၀၀၀၀ ၀န်းကျင်ဖြင့် ဂျီအက်စ်အမ် ဖုန်းများကို ချထားပေးမည် ဟု သတင်းများ ထွက်ပေါ်ပြီး ရက်ပိုင်း အတွင်း ကျပ် ၂၃၀၀၀၀ ဖြင့် ချထားပေးမည်ဖြစ်ကြောင်း ထပ်မံသတင်း ထွက်ပေါ်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ဂျီအက်စ်အမ်ဖုန်းများကို တစ်လုံးလျှင် ငွေကျပ် ၁၈၀၀၀၀ နှုန်းဖြင့် ချထား ပေးရန်ရှိသည်ဟု သိရှိခဲ့ရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ပြန်လည် ညှိနှိုင်းချက်များအရ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ဂျီအက်စ်အမ် ဖုန်းတစ်လုံးလျှင် ၂၃၀၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ပြောင်းလဲ လျာထားသည်ဟု သတင်းများထွက်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်နီးစပ်သူ တစ်ဦး၏ ထပ်မံ ပြောကြားချက်အရ သိရှိရသည်။
“ဂျီအက်စ်အမ်ဖုန်းတွေရဲ့ တန်ဖိုး တွေနဲ့ပတ်သက်ပြီး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ အချိန်နဲ့အမျှ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ပြည်သူတွေ သုံးစွဲနိုင်မယ့် ဈေးနှုန်းကို ချိန်ဆနေပါတယ်”ဟု နေပြည်တော် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပြောကြားခဲ့သည်။
လာမည့် မတ်လ ၅ ရက်နေ့ တွင် စတင်ချပေးမည်ဟု သတင်း ထွက်ပေါ်နေသည့် ဂျီအက်စ်အမ် ဖုန်းများ ၏ နံပါတ်ကို ၀၉-၄၂ နံပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
Ref: EMG



11:00
Unknown
Posted in:
0 comments:
Post a Comment