|
၁.၅ မီတာအမြင့်ကာရံထားတဲ့ အစိုးရအိမ်တော်ဝင်းရဲ့ သဲအိပ်ရေတမံဖြစ်ပါတယ်။ ၀န်ကြီးဌာနအများအနေနှင့် ရေဘေးပြဿနာကိုလုံခြုံစိတ်ချစွာဖြေရှင်းနိုင်ရန်အတွက် ၀န်ကြီးချုပ် ယင်းလပ်ချီနာဝပ်အနေနှင့်အတူ တာဝန်အသီးသီးခွဲဝေလုပ်ကိုင်နေကြပါတယ်။ |
|
ရေဘေးကြောင့် ထိုင်းထီကံထူးရှင်ရွေးပွဲ ဖျက်ခဲ့ရပါတယ်။ အဓိကကျတဲ့နေရာတွေမှာ ဘဏ်ခွဲပေါင်း (၄၃၆)ခု ပိတ်ထားခဲ့ရပြီး ATM ငွေထုတ်စက်တွေလဲ(၄၀၀၀)ကျော်ရပ်နားထားရတယ်လို့ ဆိုပါတယ်။ |
|
Rarm Intra လမ်း ရေမြင့်တက်လာနေပုံဖြစ်ပါတယ်။ တခြား Ratchadaphisek နှင့် Huai Khwang လမ်းတွေမှာလဲရေပိုမိုမြင့်တက်လာတယ်လို့သိရပါတယ် |
|
ဒါကတော့ အစိုးရရုံးဌာနဇုံရှေ့က Chaeng Wattana လမ်း ရေလွမ်းနေပုံဖြစ်ပါတယ်။ ထိုနေရာဟာ ဗီစာရုံးချုပ်တည်ရှိရာလည်းဖြစ်ပြီး ဘန်ကောက်နေ နိုင်ငံခြားသားများအနေနှင့် ယခုရက်ပိုင်းအတွင်း ဗီစာကိစ္စတွေမှာ ခက်ခဲမှုတွေရှိနေပါတယ်။ |
|
Bang Kae နေပြည်သူတချို့ ရေလွတ်ရာ ကယ်ဆယ်ရေးစခန်းဆီကို ရွှေ့ပြောင်းကြပုံဖြစ်ပါတယ် ဘန်ကောက်ဟာ မြို့နယ်ပေါင်း(၅၀)ရှိပြီး၊လူဦးရေ(၁၀)သန်းနေမှီတင်းနေထိုင်လျှက်ရှိပါတယ် |
|
မင်ဘူရီနယ်ထဲက ပလပ်စတစ်စက်ရုံတစ်ခုမှ အလုပ်သမားတွေ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေကြပုံဖြစ်ပါတယ်။ အစိုးရက ရေဘေးအတွက်ရုံးပိတ်ရက် ၅ ရက်သတ်မှတ်ပေးခဲ့တာ ပြည့်သွားပြီဖြစ်လို့ တရားဝင်ရုံးပိတ်ရက် ထပ်တိုးမပေးတဲ့အတွက် ရေဘေးကြောင့်ရုံသွားရမလွယ်ကူတဲ့ဒေသတွေမှာ အတော်လေး အခက်ကြုံနေရပါတယ်။ |
|
မြန်မာစာသင်သားသံဃာတော်များနှင့် သာသာနာပြုသံဃာ အပါး ၁၅၀ ခန့်သီတင်းသုံးရာ ဘန်ခဲရပ် ၀ပ်သလုံးကျောင်းတိုက်အတွင်း ရေစတင်ဝင်ရောက်လာပုံဖြစ်ပါတယ် ရေက တဖြည်းဖြည်းချင်း တက်လာနေပြီ အခြေအနေက ပိုဆိုးလာဖို့ဘဲရှိတယ်လို့ ကျောင်းခံသံဃာတစ်ပါးက မိန့်ပါတယ်။ |
(ထပ်မံဖြည့်စွက်ဖေါ်ပြပါမည်)
0 comments:
Post a Comment