ထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ လ၀က (လူဝင်မှုကြီးကြပ်ရေး) ရုံးက အစားအစာနဲ့ သောက်ရေ မပေးဘူးလို့ သိရပါတယ်။
ရေလွှမ်းမိုးနေတဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း ခရိုင်တွေကနေ ရေဘေးရှောင်ပြေးလာကြတဲ့ မြန်မာအလုပ်သမား ၅၀၀၊ ၁၀၀၀ လောက်ကို မဲဆောက်အ၀င် ရဲတွေက နေ့စဉ်ဖမ်းပြီး လ၀ကစခန်းမှာ ယာယီထိန်းသိမ်းထားတုန်း အစာရေစာမပေးကြောင်း MAP မဲဆောက်ရုံး တာဝန်ခံတဦးက ပြောပါတယ်။
“လူများတော့ ထားမယ့်နေရာမရှိ၊ အစားအသောက် မရှိ ဖြစ်နေတယ်။ အလုပ်သမားတွေက ရေနဲ့ ထမင်း မရဘူးဖြစ်နေတယ်။ MAP အနေနဲ့လည်း ဒီလူတွေကို ထမင်းဟင်းကျွေးဖို့ အတွက် အစိုးရအနေနဲ့ ဘယ်လိုအကူအညီရှိလဲပေါ့။ အကူအညီမရှိဘူးဆိုရင် ကျနော်တို့ ဒီမှာရှိတဲ့ အန်ဂျီအိုအနေနဲ့ ဘယ်လို အကူအညီပေးလို့ ရမလဲဆိုတာ ဆွေးနွေးပွဲလုပ်ကြမယ်။”

အထိန်းသိမ်းခံ အလုပ်သမားတွေကို စခန်းတွင်းက ဆိုင်တွေမှာ ၀ယ်ယူစားသောက်ခွင့် ပေးထားပေမယ့် ရေဘေးကပြေးရှောင်လာတဲ့ အလုပ်သမား အတော်များများဟာ ပိုက်ဆံမရှိကြတဲ့အတွက် အထိန်းသိမ်းခံရတဲ့ တနေ့ လုံး ထမင်းငတ် ရေငတ်ဖြစ်နေကြရတယ်လို့ အလုပ်သမားတွေက သူတို့အခြေ အနေကိုလာမေးမြန်းတဲ့ MAP FOUNDATION ၀န်ထမ်းကို ပြောပါတယ်။
နေ့စဉ် ဖမ်းဆီးမိတဲ့ အလုပ်သမား ၅၀၀ ကနေ ၁၀၀၀ လောက်ကို မြန်မာနယ်စပ်က နယ်ခြားစောင့်တပ်ဂိတ်အမှတ် ၁၀ နဲ့ ၉၉၉ တွေကို မပို့ ခင် မဲဆောက် လ၀ကရုံးမှာ တညထိန်းသိမ်းထားတယ်လို့  သိရပါတယ်။
ဘန်ကောက်အထက် ရေလွှမ်းနေတဲ့ ပထုံဌာနီခရိုင်က ဆောက်လုပ်ရေး လုပ်ငန်းတခုမှာ ပန်းရန်လုပ်ခဲ့တဲ့ အမျိုးသမီးတဦးက နယ်မြေကျော်ဖြတ်ခွင့်မရှိတဲ့ အလုပ်သမားမှတ်ပုံတင်ကို ကိုင်ဆောင်ထားတဲ့အတွက် ကယ်ရီကားနဲ့ မဲဆောက်ကို ပြန်လာခဲ့ရတယ်လို့ ပြောပါတယ်။
“ကျမတို့ ပွဲစားခ ၄၀၀၀ ပေးရတယ်။ ဒီကိုရောက်လာတာတောင် ကားဂိတ်ကနေပြီးတော့ အိမ်ကိုပြန်ဝင်ဖို့  ဆိုင်ကယ်ခမရှိလို သမီးလမ်းထဲက အသိတယောက်နဲ့ ချေးပြီးတော့ ဆိုင်ကယ်ခပေးလိုက်ရတယ်။”
မဲဆောက်အခြေစိုက် JACBA ခေါ် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုမိုးကြိုးက နယ်ခြားစောင့်တပ်ဂိတ်တွေကနေ နယ်မြေဖြတ်သန်းကြေး ၃ ဆပိုပြီးကောက်နေတဲ့အတွက် မြန်မာအလုပ်သမား တွေ မိမိနေရပ်ကိုမပြန်နိုင်ဘဲ မဲဆောက်မှာ သောင်တင်နေတယ်လို့ ပြောပါတယ်။
“၄၀၀၀ အတောင်းခံရတော့ သူတို့ မှာ အဲလောက်ပဲ ပါတဲ့အတွက် မြန်မာပြည်ဘက်ကို ခရီးဆက်မယ့် အစီအစဉ်ကို မဆက်နိုင်ဘဲ မဲဆောက်ကို ကူးလာကြတာဖြစ်တယ်။ မဲဆောက်မှာ ခုလောလောဆယ် အလုပ်ရှာနေကြတယ်။ ကျနော်နဲ့ ထိတွေ့သလောက်ကတော့..အယုဒ္ဓယ၊ ပထုံဌာနီ၊ နခေါင်ပထုံက တွေ့ တယ်။”

Ref: DVB

23:20
Unknown
Posted in:
0 comments:
Post a Comment