ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်း ကြားခံ ဆောင် ရွက်နေသည့်ဘန်ကောက် ပွဲစားများ လိမ်လည် ထွက်ပြေးကြသဖြင့် မြန်မာအလုပ်သမားများ ငွေကြေးများဆုံးရှုံးမှုများနှင့်ကြုံတွေ့ နေကြကြောင်း အလုပ်သမားများပြောပြချက်အရသိရှိရသည်။
ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ ၀က်ကဘေးလမ်းသွယ် ၁ တွင်ရှိသော ပန်းရံဆိုဒ်မှ အလုပ်သမား ၁၄ဦးတို့ထံမှ တစ်ဦးလျှင် ဘတ်ငွေ ၆၅၀၀ နုန်းဖြင့် ဘတ်ငွေ ကိုးသောင်းကျော် အားလိမ်လိမ်ထွက်ပြေးသွားကြောင်း မကရင်မ ကပြောသည်။
“ကျမတို့ ပတ်စပို့တင်ထားတဲ့ ကုမ္ပဏီက ကြာနေတယ်လေ၊ ကျမတို့ကိုလိမ်တဲ့ ကိုရဲက အပြောကောင်းတယ်။
တစ်ပတ်အတွင်းလုပ်ရမယ်ဆိုပြီး ဖေါင်ဖြည့်တော့ ဘတ် ၁၀၀၀ ယူတယ်။ တစ်နေ့က ညနေရောက်လာတယ်။
မဲဆောက်ကို ဆင်းရတော့မယ်၊ကျန်ငွေတွေကိုတောင်းတယ်၊ စာရွက်စာတမ်းတွေကိုတောင်းတယ်။ သူ့သူငယ်ချင်းကိုစောင့်ခိုင်းထားခဲ့တယ်။ ပေါ်မလာလိုက်တော့ဘူး” ဟုပြောသည်။

အလုပ်သမားများမှာ ကြားပွဲစား ကိုစောင့်နေစဉ် အတွင်း တောမော (ထိုင်းလ၀က ရဲ)ကားရောက်လာသဖြင့် လုပ်ငန်းရှင်က မိမိတို့  အလုပ်သမားဖြစ်ကြောင်း ပြောခဲ့သဖြင့် သာအဖမ်းမခံခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့်အပတ်ကလည်း ဘန်ကောက်မြို့အယ်ကချိုင် ၇၆လမ်းတွင် ရှိသော ကုမ္ပဏီ တစ်ခုတွင် ကြားပွဲစားများထံမှ ငွေလက်ခံသည့် မွန်အမျိုးသမီးတစ်ဦး ထိုင်းဘတ်ငွေ သိန်းသုံးဆယ်ထက်မနည်း အားယူဆောင်ပြီးထွက်ပြေးတိမ်းရှောင်သွားသဖြင့် အလုပ်သမားများစွာ နစ်နာခဲ့ကြောင်း သိရှိရသည်။
ယခင်လကလည်းဘန်ကောက်မြို့ စူစ၀ါ ၃၁ လမ်းတွင်ရှိသောပတ်စပို့ ကုမ္ပဏီမှကိုမျိုးဆိုသူလည်း ဘတ်ငွေ ၆ သိန်းကျော်ခန့် ကောက်ခံပြီး ရနောင်းသို့ဆင်းရန်အတွက်အဆင်ပြင်ဆင်သည်ဟုဆိုကာ အလုပ် သမားများ လမ်းပေါ်တွင်တစ်ည ကုန်ခဲ့ရသည့် လိမ်လည်မှု လည်းဖြစ် ပေါ်ခဲ့သည်။
ကြားပွဲစားများသည် ကုမ္ပဏီလိပ်စာများ၊ကုမ္ပဏီ တံဆိပ်များ ဖြင့် လိပ်စာကတ်များ ရိုက်နှက်လျှက် ယာယီပတ်စပို့လုပ်လိုသည့်အလုပ်သမားများအား ရှာဖွေကာ ကုမ္ပဏီကြီးများသို့ ပေးသွင်းသော်လည်း ထိုသို့လိမ်လည်မှုများပေါ်ပေါက်လာသည့်အခါ တာဝန်ခံဖြေရှင်း ပေးခြင်းမရှိသဖြင့် အလုပ်သမားများမှာ အထူးသတိထား၍လုပ်ကိုင်နေရကြောင်းသိရှိရသည်။
မြတ်ညို (အလွတ်သတင်းထောက်) ။
Ref: Golden Worker



10:47
Unknown

Posted in:
0 comments:
Post a Comment