”တခြားအလုပ်တစ်ခု ရနိုင် ရင် ပြောပေးပါဗျာ။ ကျွန်တော်ဒီမှာ မလုပ်ချင်တော့ဘူး။ ဒီမှာလုပ်တဲ့ ၆ နှစ်သက်တမ်းမှာ ဘာပညာမှ လည်း မရခဲ့ဘူး။ နောက် ပိုင်ရှင် ရယ်၊ အဖျော်ဆရာရယ် မျက်နှာ ကို ကြည့်ပြီးနေရတာ။ သူတို့ အပြောအဆိုက လွတ်တယ်ဆို တာမရှိဘူး” ဆိုသူက လက်ဖက် ရည်ဆိုင် စားပွဲထိုးလုပ်သား မောင် မြင့်နိုင်ဖြစ်သည်။
လက်ဖက်ရည်ဆိုင် စားပွဲထိုး အဖြစ် ၆ နှစ်သက်တမ်းရှိပြီဖြစ် သော်လည်း သူလိုချင်နေသည့် ငွေကြေးမရ။ ငွေပိုရနိုင်သော အလုပ်များအတွက် ပညာသင်ခွင့် မကြုံ။ ဘာပဲဖြစ်ဖြစ် လက်ဖက် ရည် ဖျော်ဆရာနှင့် မုန့်လေးအချို့ လောက် လုပ်တတ်လျှင် လစာ ကောင်းကောင်း ရနိုင်မှန်းသိ၍ ယင်းပညာလောက်တော့ တတ် ထားချင်သည်ဆိုသည်။”ကျွန်တော်က အရင် ဒီဆိုင် မရောက်ခင် ယမကာဆိုင်မှာ ၁ နှစ်လောက် လုပ်ခဲ့ဖူးတယ်။ အဲဒီမှာနေတုန်းကမှ အရက်စပ် တာတို့၊ ဘာတို့ လုပ်တတ်ခဲ့သေး တယ်။ နယ်ကလာတာဆိုတော့ အသက်ငယ်တုန်းမှာ ပညာလေး တစ်ခု တတ်ထားချင်တယ်။ ဒါ ကြောင့် တခြားတစ်နေရာကို ပြောင်းချင်နေတာ” ဟု မောင် မြင့်နိုင်က ပြောပြသည်။
မောင်မြင့်နိုင်သည် လွန်ခဲ့သော ၇ နှစ်ခန့်က အညာဒေသ ကျောက်ပန်းတောင်းမြို့မှ ရန်ကုန် မြို့ကြီးသို့ ရောက်ရှိလာပြီး လက်ဖက်ရည်ဆိုင် စားပွဲထိုးအလုပ် လုပ်နေ သူဖြစ်သည်။ လက်ဖက် ရည်ဆိုင် စားပွဲထိုးအလုပ်အတွက် တစ်လကျပ် နှစ်သောင်းဆိုသည့် ဝင်ငွေသည်နည်းသည်ဟု မဆိုနိုင်သော်လည်း အခြားအတတ် ပညာတစ် ခုခုကို တတ်ထားချင် သည်။ သင်ယူချင်နေသည်။ သူ လိုချင်နေသော ရည်မှန်းချက်အ ကောင်အထည်ဖော်နိုင်မည်ဟု ဆို သည်။
ထို့ထက်ပို၍ အတန်း ပညာ ကို သေစာရှင်စာသာ သင်ကြား ခွင့် ရခဲ့၍ အသက်မွေးဝမ်းကျောင်း အလုပ် တစ်ခုကို ပိုမိုတတ်မြောက် ချင်သည်။ သို့မှသာ ငယ်ငယ်က လုပ်ခဲ့ရသော သူရင်းငှား၊ နွားအငှား ကျောင်းသားဘဝနှင့် လက်ဖက်ရည် ဆိုင် စားပွဲထိုးဘဝ လွတ်ရာ လွတ် လမ်း ကြံဆနိုင်မည်ဆိုသည်။
”ကျွန်တော် ဒီအလုပ် မလုပ် ချင်လို့ ထွက်ပြီး ကျောက်ပန်း တောင်းပြန်ရင်လည်း အရင်လိုပဲ သူ များနွားအငှားကျောင်းတဲ့ဘဝ ပြန် ရောက်မှာ။ အဲဒီလို မလုပ်ချင်လို့ ရန်ကုန်တက်လာတာ။ ဒီမှာလည်း ဒီအချိန်ထိ ဘာပညာမှ မတတ် သေးဘူး။ ရတဲ့လစာကလည်း အိမ် ကလာယူနေတာနဲ့ပဲ ကျွန်တော် အ ဝတ်အစားဝယ်ဝတ်ဖို့တောင် အနိုင် နိုင်။ အဖေရော၊ အမေပါရှိပေမယ့် ကျန်တဲ့ကလေးတွေ ကျောင်းစရိတ် ကြောင့် အိမ်ကအဆင်မပြေဘူး။ အဖေကလည်း သူများနေ့စား လိုက် လုပ်ရတာကြောင့် ပုံမှန်ဝင်ငွေမရှိ ဘူး” ဟု စားပွဲထိုးမောင်မြင့်နိုင်က သူ့မိသားစုဘဝအကြောင်း ပြန် ပြောင်းပြောပြသည်။
တစ်ချိန်က အများသူငါ နည်း တူ ပညာသင်ကြားခွင့်ရရှိခဲ့သော် လည်း မပြေလည်သည့် မိသားစု အရေးကြောင့် မူလတန်းလွန် ပညာ ရေးအထိ ရောက်ရှိမလာခဲ့။ သို့ သော် ထိုအကြောင်းအရာတွေကို ငယ်စဉ်က မတွေးခဲ့မိ။ လူ့ဘဝတွင် အတန်းပညာအရည်အချင်းသည် ထမင်းစားဖို့လောက် အရေးမကြီးခဲ့ ခြင်းက တစ်ခုအပါအဝင်မို့ အရွယ် မတိုင်မီ အလုပ်ခွင်ဝင်ခဲ့ရသည်ကို ဂုဏ်ယူမိခဲ့သေးသည်။
နေ့စဉ်တိုင်း ပုံသေနည်းကျ လုပ်နေရသောဘဝကို ပြောင်းလဲ ချင်နေမိသည်။ လူငယ်လေးတစ်ဦး ပီပီ ရည်မှန်းချက်၊ အပြောင်းအလဲ များကို ရင်ဆိုင်ချင်သည်။ သို့သော် ထိုခွန်အားတွေအတွက် မောင်မြင့် နိုင်ထံ အဖြေမရှိ။
”ပညာသင်ခွင့်လည်း မရှိလို့ ဆိုင်ပြောင်းချင်နေတာ။ ဒီမှာက မနက် ၄ နာရီလောက်ထပြီး မီးမွှေး၊ အကျရည်နှပ်၊ ရေနွေးအိုးတည်၊ ခုံ ခင်းနဲ့ အခြားလိုအပ်သမျှ လုပ်တာ က ကျွန်တော် နေ့တိုင်းကြုံနေကျ။ ညဘက်ကျတော့လည်း ညဥ့်နက်မှ အိပ်ရတာ။ တစ်ရက်ခြား တစ်ခါ တော့ နေ့လယ်ဘက် လူလဲနဲ့ အိပ်ရ လို့တော်သေးတယ်။ ညဘက် အိပ် ချိန် သိပ်မရှိတော့ အိပ်ရေးမဝဘူး။ ဆိုင်ရှင်နဲ့ အဖျော်ဆရာရဲ့ ဆူပူမှုနဲ့ လက်ဖက်ရည် လာသောက်တဲ့ သူတွေအချို့ရဲ့ အဆင်မပြေတဲ့ ဆက်ဆံမှုတွေကြောင့် ကျွန်တော် မလုပ်ချင်တော့ဘူး”ဟု သူ့အလုပ် နှင့် ပတ်သက်၍ ပြောပြသည်။
ယခုတော့ မွေးရပ်ဌာနေ အညာမြေကိုလည်း မရောက်ဖြစ် တော့။ မပြေလည်၍ လုပ်ခလစာ လေး လာရောက်ထုတ်ယူသော အမေကြောင့် သူတို့ဒေသ၏လက် ရှိ အခြေအနေကို သိခွင့်ရသည်။ မောင်မြင့်နိုင်ခွဲခွာခဲ့သော ဌာနေမွေးရပ်၏ မပြေလည်မှုက သူ၏ မိခင်လုပ်ခလစာ လာရောက်ထုတ်ယူမှု စိပ်စိပ်လာခြင်းက သက်သေခံ နေသည်။ ထိုအဖြစ်တွေကို တွေးမိတော့ အားငယ်သလိုရှိသည်ဟု ဆို ပြန်သေးသည်။
”မလုပ်ချင်ပေမယ့် ကြိုယူထားတဲ့ လစာကရှိနေသေးတယ်။ မလုပ်လို့ကလည်း မဖြစ်ပြန်ဘူး။ အခုမှ ကျွန်တော် ကျောင်းစာမသင်ခဲ့ရတာကို နောင်တရတယ်။ ဆိုင်ရှေ့ ကနေ ကျွန်တော့်အရွယ် တက္ကသိုလ်ကျောင်းသားတွေ ဖြတ်သွားရင် ကိုယ့်ကိုယ်ကိုယ် ရှက်သလိုပဲ။ ပညာတတ်ဖြစ်ရင် ဒီအလုပ်လုပ်စရာမလိုဘူး။ ဒီ အလုပ်ထက်သာ တဲ့ အလုပ်လုပ် ပြီး မိဘလည်း အဆင်ပြေပြေ ထားနိုင်တယ်”ဟု မပြေလည် သည့် ဘဝကပေးသော နှောင်း နောင်တတို့ကို ပြောပြသည်။
တစ်ချိန်က မင်းမှုထမ်းများ ပေါများခဲ့သော ပုဂံပြည်၊ စိုက်ပျိုးရေးလုပ်ငန်းတို့ကြောင့် ဆန်ရေစပါး ပေါများခဲ့သော လယ်တွင်းကိုးခရိုင် သည် ခေတ်ရေစီးနှင့်အတူပြောင်း လဲခဲ့ပြီဖြစ်သည်။ မမျှတသော လူ မှုဘဝတွေကြောင့် သူ့လို စားပွဲ ထိုးအဖြစ် ရန်ကုန်ရောက်လာသူ တွေ မနည်းတော့မှန်း သိသည်။ သို့သော် တစ်ချိန်ကရွှေထီးဆောင်း ခဲ့သော သူ့ရပ်ဌာနေ အညာမြေရဲ့ ဂုဏ်သတင်းကြီးမှုကို သူလို လူငယ်တိုင်းသိမည် မထင်။
ထို့ကြောင့် ပင် ….
မိုးမြင့်မြတ်
ဤနေရာမှ ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment