စက်တင်ဘာ။ ။ တရားဥပဧေ။်အထက်တွင်ငွေနှင့် ဒုစရိုက်ဂိုဏ်းသားများရှိသော ထိုင်းနိုင်ငံ တွင် ထိုဂိုဏ်းသား များဖြင့်မပတ်သက်သရွေ့ ပြည်သူများမှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြပါသည်။ သို့သော် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ယင်းတို့ ကိုယ်တိုင် မသိရှိလိုက်ရပဲ ထိုဂိုဏ်းသားများပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများတွင် သွားရောက် အလုပ်လျှောက်ထားလုပ်ကိုင်မိကြသဖြင့် ကိုယ်ကျိုးနည်းရလေသည်။ စက်တင်ဘာလ အတွင်း မဟာချိုင်ခရိုင်တစ်ခုတည်းမှာပင် ကြီးကျယ်လှသော တရားမမှုနှစ်ခု ပေါ်ပေါက် အောင် ဖော်ထုတ်နိုင်ခဲ့ကြပါသည်။
ပထမအမှုမှာသူဌေးတစ်ဦးတည်းကပိုင်ဆိုင်သော ငါးဖမ်းမော်တော် ၆စင်းပေါ်မှ မြန်မာ၊ ထိုင်းနှင့် ကမ္တောဒီးယား နိုင်ငံသားများအပါအ၀င်ငါးဖမ်းသမားများအားလုံး အဆိပ် သင့် ကာ ဆေးရုံသို့အချိန်မီရောက်သူအနည်းငယ်မှအပ ကျန်သူများ အားလုံး သေဆုံးရာ တွင် မြန်မာလှေသား ၆၀ဦးကျော်ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။ မဟာချိုင်ဆေးရုံကြီးမှ တာဝန် ကျ ဆရာဝန်ကြီးက အဆိပ်သင့် သေဆုံးခြင်းဟု အတည်ပြု ပြောဆိုခဲ့သော်လည်း မည် သည့် အဆိပ်အမျိုးအစား ဖြစ်ကြောင်းကိုမူထုတ်ဖော်ပြောဆိုခြင်းမပြုဝံ့ဘဲ ငြင်းဆန်ခဲ့ ပါသည်။
ကျန်ရစ်သူလှေသားများဧ။်ပြောဆိုချက်အရ ယင်းတို့အားလုံးမှာ လစဉ်လခရ သည် မဟုတ်ဘဲ တစ်နှစ်နေမှ လစာစုရှင်းပေးခံကြရကြောင်း၊ ယခုစက်လှေ၆စင်းမှ လှေသားများမှာ လစာမရသည်မှာ ၃နှစ်ကျော်ပြီဖြစ်ကြောင်း၊ ယခုတစ်ခေါက် စက်လှေ ကပ်လျှင်လစာရှင်းရန် လှေသားများမှ တောင်းဆိုခဲ့ကြကြောင်း၊ သို့သော်စက်လှေ ကမ်း မ ကပ်မီမှာပင် လှေသားများ ကိုယ်ဖောရောင်ကာ စတင်သေဆုံးခဲ့ကြကြောင်း၊ စက်လှေ ဆိပ်ကမ်းမကပ်မီစုစုပေါင်း၁၅ဦးမှာပင်လယ်ထဲတွင်စက်လှေခုတ်မောင်းနေစဉ် သေဆုံး ခဲ့ကြကြောင်း၊
ထိုသူတို့ကိုလှေသားများကရေခဲရိုက်ထားခဲ့ကြသော်လည်း မာလိန်မှုးနှင့် သူဌေးမှ ပင်လယ် တွင်းပစ်ချခဲ့ရန်ခိုင်းစေမှုကြောင့် မလွှဲရှောင်သာပဲ ပစ်ချခဲ့ရကြောင်း၊ အမှုမှန်ပေါ်မည်စိုးသောကြောင့်အလောင်းဖျောက် ခိုင်းသည်ထင်ပါကြောင်းစသည်ဖြင့် ဖြေကြားခဲ့ပါသည်။ ထိုလှေသားအားလုံးမှာတရားမ၀င်လာရောက်အလုပ်လုပ် ကိုင်ကြရ သူများဖြစ်သည့်အတွက်ကျန်ရစ်သူမိသားစုပါ ဒုက္ခပေးခံရမည်စိုးသောကြောင့် ယင်းတို့ ဧ။် အမည်မှန်နှင့် လိပ်စာမှန်ကိုမည်သူ့ကိုမျှမပြောပြဘဲ နေခဲ့ကြသဖြင့် မည်သူ့ကိုမျှ အကြောင်းကြားမပေးနိုင်ပါချေ။
ဒုတိယအမှုမှာအဖွားကြီးခြံဟုလူသိများသောအထည်ချုပ်စက်ရုံမှမြန်မာလုပ်သားအများစုအပါအ၀င်အလုပ်သမား များကိုစက်ရုံဝင်းအပြင်ဖက်သို့ ထွက်ခွင့်မပေးဘဲ ချုပ်လှောင် ထားပြီး အခမပေးဘဲခိုင်းစေခြင်း၊အခွင့်အရေးတောင်းဆို သူများကို ညှင်းပန်းနှိပ်စက် ခြင်းတို့ ပြုလုပ်နေရုံမျှမက ရဲက၀င်စစ်ရာအစစ်မခံဘဲ ရဲများကိုပင်လက်နက်ငယ်များဖြင့် ပြန်လှန်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ILO အပါအ၀င် အခြားထိုင်းနှင့် နိုင်ငံခြားသား ဦးစီးသော NGO များ၊ ရဲများနှင့် ကမ္တောဒီးယားသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များပါ ပူးပေါင်း ၀န်းရံ ပိတ်ဆို့တိုက်ခိုက်ကာ ပိုင်ရှင်များကိုဖမ်းဆီး ရရှိခဲ့ပါသည်။ သို့သော် ပစ်ခတ်မှုအပြီး ထို အထည်ချုပ်စက်ရုံကိုထိန်းသိမ်းပြီးနောက် ရှိသမျှ အလုပ်သမားများကို ထိန်းသိမ်းထား ခဲ့ပြီး ညှင်းပန်းနှိပ်စက်ခံရမှုတို့ကြောင့်အပြင်းအထန်နေထိုင်မကောင်းဖြစ်နေသူများကို မဟာချိုင်
ဆေးရုံသို့တင်ပို့ဆေးကုသစေခဲ့ကြရပါသည်။ ထူးခြားချက်မှာ ဆေးရုံ တက် ရောက် နေရသောအလုပ်သမားများရော အချုပ်ခန်းထဲတွင် ထိန်းသိမ်းခံ ထားရ သော အလုပ်သမားများပါ ယင်းတို့ကိုနှိပ်စက်ခဲ့သည်များ၊ လခမရဘဲမတရား အလုပ်လုပ်ခိုင်း ခံရသည်များကို မတိုင်ကြားရန်နှင့် တိုင်ကြားခဲ့ပါက အသေပစ်သတ်မည်ဟု အစောင့်များ ခဏမရှိခိုက် ခြိမ်းခြောက်ခံကြရခြင်းဖြစ်ပါသည်။
ထိုအမှုနှစ်မှုလုံးမှအသက်ရှင်ကျန်ရစ်၍ထိန်းသိမ်းခံရသူများထဲမှအလုပ်သမားလက်မှတ်မရှိသော အသက်၁၈နှစ် အထက်လူများကို
မြန်မာနိုင်ငံသို့ပြန်ပို့ပြီး အသက်၁၈နှစ် အောက် ကလေးငယ်များကို လူငယ်ပြုပြင်ရေးကျောင်း များသို့ပို့ဆောင်ပညာသင်စေပြီး အလုပ်သမားလက်မှတ်ရှိသူများကိုမူ ဘန်ကောက်ရှိ အလုပ်သမားရုံးတွင် ခဏ ခေါ်ယူ ထားရှိကာအလုပ်သမားလိုအပ်သူထိုင်းအလုပ်ရှင်များအစိုးရထံမှတိုက်ရိုက်လျှောက်ထားရယူနိုင်ကြောင်း သိရှိရပါသည်။
တပ်ခ်ခရိုင်မဲဆောက်မြို့အတွင်းရှိစက်ရုံအလုပ်ရုံများတွင်အလုပ်လုပ်ကိုင်ကြသော မြန်မာ လုပ်သားများအတွက်မူ ရောင်ခြည်ဦးအဖွဲ့နှင့် အခြားအလုပ်သမား အခွင့်အရေးကို ကာ ကွယ် စောင့်ရှောက်ပေးနေသောြွဥ များကြောင့် အသိအမြင်ပိုမိုပွင့်လင်းလာကာ ယခင် ကထက်ပိုမိုသော အလုပ်သမားခံစားခွင့်များကိုတောင်းဆိုခံစားရရှိလာနိုင် ကြသည်ကို
တွေ့ရှိရသော်လည်းအခြားတိုင်း၊ခရိုင်နှင့်မြို့နယ်များတွင်မူ မြန်မာအလုပ်သမား များဧ။် ဘ၀အခြေအနေ မှာ မဲဆောက်နှင့် ဘန်ကောက်မြို့ အနီးတ၀ိုက်မှ လုပ်သားများထက် အခွင့်အရေးရရှိမှု လျော့နည်းနေသေးကြောင်း တွေ့ရှိရပါသည်။
မြန်မာအလုပ်သမားများဧ။်လုံခြုံရေးအတွက် တနိုင်တပိုင်တာဝန်ယူကာ စိတ်ကောင်း ရှိသောထိုင်းအလုပ်ရှင်များကို စုံစမ်းရင်း ထိုအလုပ်ရှင်များလိုအပ်သော အလုပ်သမား များကို အလုပ်ရှင်ဘက်မှရော အလုပ်သမားဘက်မှပါ ၀န်ဆောင်ခမယူဘဲ ရှာဖွေကာ အလုပ်ရှင်နှင့် အလုပ်သမားကို တိုက်ရိုက်ဆက်သွယ် အပ်နှံပေးသောလူမှုရေးစိတ်ရှိသူ များကြောင့်မြန်မာအလုပ်သမားများမှာ အနည်းငယ်စိတ်အေးကြရပါသည်။ သို့သော် အလုပ်ရှာလိုသူများ ထိုသူများနှင့်တိုက်ရိုက် ဆက်သွယ်ခွင့်ပိုမိုရရှိနိုင်ရန် သူတို့ တနိုင် တပိုင် ကြော်ငြာထားသောကြော်ငြာစာရွက်ကို တင်ပြလိုက်ပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင်းရှိမြန်မာလှေလုပ်သားရွာများရှိ ကလေးသူငယ် များဧ။်ပညာရေးကိုစောင့်ရှောက် ကူညီပေးနေသောစီမံကိန်းများဧ။်သက်တမ်းမှာ လာမည့် ၂၀၀၇ခုနှစ်ဆန်းပိုင်းတွင် ကုန်ဆုံးတော့မည်ဖြစ်ပြီးနောက် ထပ် စီမံကိန်းသစ်များ ချမှတ် မည့် သတင်းထွက် ပေါ်မ လာ သေးသဖြင့် မိဘများမှာ ယင်းတို့ဧ။် ကလေး များ အတွက် စိုးရိမ်ပူပန် နေကြကြောင်း သိရှိရပါသည်။ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ သူတို့ဧ။် ဘ၀ အခြေအနေကြောင့် မိသားစုလိုက် ထိုင်းနိုင်ငံသို့တရားမ၀င်လာရောက် အလုပ် လုပ်ကိုင်နေကြစဉ်တွင် လင်ရောမယားပါ လုပ်ငန်းခွင်သို့ တနေကုန် သွားရောက် နေ ခိုက် နာက်ပိုင်းရှိအသက်မပြည့်သေးသော ကလေးငယ်များမှာ ကျောင်းလည်း မနေနိုင်၊ အလုပ်လည်း မလုပ်နိုင်ကြဘဲ သည်အတိုင်း နေကြရရှာပါသည်။
မြန်မာပြည်တွင်းရှိကျောင်းမရှိသောကျေးလက်တော ရွာများတွင်ပင် သည်လို ကလေး များမှာ ဘုန်းကြီးကျောင်းများတွင် ဘုန်းကြီး သင်သလောက်တော့ ပညာသင်ကြားခွင့် ရှိကြပါသေးသည်။ အနည်းဆုံးတော့ ရပ်ထဲရွာထဲမှ အိမ်စောင့်ကျန် ခဲ့သော အဘိုးအို၊ အဘွားအိုများနှင့်အတူအိမ်စောင့် ရင်း သူတို့ထံမှ လောကကြီး အကြောင်းကို ရှေး ဟောင်း နှောင်းဖြစ်၊ ပုံတိုပတ်စများမှတဆင့် သင်ယူနိုင်ခွင့်ရှိကြရှာ ပါသေးသည်။ ထိုင်းနိုင်ငံတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများဧ။်ရင်သွေးငယ်များမှာမူ ထိုသို့သော အခြေခံ အခွင့်အရေးကလေးများသော်မှ မရရှိနိုင်ကြရှာပေ။
ထိုင်း-မြန်မာ အလုပ်သမားဝန်ကြီးရုံးများဧ။်အစီအစဉ်အရထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကို မြန်မာအစိုးရမှ နိုင်ငံကူး လက်မှတ် များ ထုတ်ပေးခြင်းနှင့် ထိုင်းအစိုးရမှ လက်ရှိသုံးစွဲနေသော အလုပ်သမား လက်မှတ် မဟုတ်ဘဲ နိုင်ငံတကာ စံချိန်မီ တရားဝင် အလုပ်လုပ်ခွင့် ပါမစ် ထုတ်ပေးခြင်း တို့ပြုနိုင်ရန်အတွက်မြန်မာအလုပ်သမားများဧ။်အမည်နှင့်နိုင်ငံသားမှတ်ပုံတင်၊မြန်မာပြည်တွင်း နေရပ်လိပ်စာစာရင်းတို့ကို ကောက်ခံခြင်းတို့ကိုစတင်ပြုလုပ်နေပြီဖြစ်ပါသည်။
တာချီလိပ်-မယ်ဆိုင် နယ်စပ်ဂိတ်၊ မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်နှင့် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တို့တွင် မြန်မာဘက် မှ အလုပ်သမားများမှာ ထိုင်းနိုင်ငံတွင်း အလုပ် လုပ်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် လျှောက်ထား ကြရမည်ဖြစ်ပြီး ထိုင်း အလုပ် ရှင်များမှ လည်း အလုပ်သမား ရရှိနိုင်ရေး အတွက် ထိုင်းအလုပ်သမား ၀န်ကြီး ဌာန မှတဆင့် မြန်မာဂိတ် များမှ တာဝန်ရှိသူများ ထံလျှောက်ထား ကြရမည် ဖြစ်ကြောင်း သိရှိရပါသည်။ သို့သော်လည်း လက်ရှိအလုပ်သမား လက်မှတ်ဖြင့်လုပ်ကိုင် နေသော မြန်မာနိုင်ငံသား အလုပ်သမားများက ထိုသို့ စာရင်းပေးခြင်းကို လိုက်နာရန် ငြင်းဆန်ခဲ့ ကြပါသည်။

အကြောင်းရင်းကိုမေးကြည့်ရာ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဘက်တို့တွင် ထိုင်းနိုင်ငံ သို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများ ဧ။် ကျန်ရစ်သူ မိသားစုထံမှ အလှူငွေ ကဲ့သို့ ကောက်ခံကြေး များကို သာမန် မိသားစုထက် ပိုများစွာ အဆမတန် ကောက်ခံ ခြင်းကို ခံခဲ့ကြရကြောင်း၊ မပေးနိုင်ပါက ထိုမိသားစု ၀င်များကို ဖမ်းဆီးကာ ထိုင်းနိုင်ငံတွင် သွား ရောက် အလုပ် လုပ်ကိုင် သူများကို ပြည်ပ အဖွဲ့အစည်း များနှင့် ဆက်သွယ်သည်ဟု သံသယ ရှိသည်ဟု စွပ်စွဲကာ နှိပ်စက် မေးမြန်း ခံကြ ရသော သာဓကများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် နောက်ထပ် အသစ် လာရောက် ကြသော မြန်မာ နိုင်ငံသား များဧ‘။် အခြေ အနေကို စောင့်ကြည့် ပြီးမှ စဉ်းစား ဆုံးဖြတ် ကြမည် ဖြစ်ကြောင်း နယ်အသီးသီးမှ မြန်မာ လုပ်သား များက ပြောဆို နေကြပါသည်။
ရင်ငြိမ်းပန်းကရုဏာအသင်းမှကြီးမှူးပြီးအောက်တိုဘာလ ၅ရက်နေ့က ထိုင်းနိုင်ငံစမွန်စခွန်ခရိုင်၊မဟာချိုင်ရပ်ရှိ ၀ပ်ဟုမ်ဘုရားကို မြန်မာအလုပ်သမားများက မြန်မာပြည်မှ မှာယူပင့်ဆောင်လာသော ရွှေထီးတော်သစ်တင်လှူ ဆက်ကပ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး အောက်တိုဘာလ ၈ရက်နေ့တွင်မူ ၀ပ်ထစ်ဘုန်းတော်ကြီး ကျောင်းတွင် မြန်မာဘုန်းတော်ကြီးများကိုပင့်ဆောင်ကာ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ကို အနှစ်ပါပါကျက်သရေရှိစွာကျင်းပသွားခဲ့သည်ကိုအောက်ပါအစီအစဉ်အရတွေ့ရှိရပါသည်။ တက်ရောက်သူများကို လည်း ဓမ္မဒါနအဖြစ် တရားခွေများနှင့်အရှင်ဆန္ဒဓိကဧ။်တရားစာအုပ်တို့ကိုဦးရွှေသိန်းဒေါ်ချောမိသားစုနှင့် ဦးဝင်းသိန်းဒေါ်သိန်းသိန်းဆန်းမိသားစုတို့မှ လှူခဲ့ကြပါ သည်။
ဤနေရာမှ ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment