| ပြေလည်မှု မရသေးသောကြောင့် အလုပ်သမားများမှ မေလ ၁၈ ရက်နေ့က ဆက်လက်ဆန္ဒပြနေစဉ် |
လှိုင်သာယာစက်မှုဇုန် အလုပ်သမားဆန္ဒပြမှုများ လက်ရှိအချိန်ထိ ပြေလည်မှု မရရှိသေးပဲ အဆိုပါဇုန် အတွင်းရှိ အထည်ချုပ်စက်ရုံအချို့၌ပါ အလုပ်သမား ဆန္ဒပြတောင်းဆိုမှုများ ထပ်မံဖြစ်ပွားမှုရှိလာကြောင်း သတင်းရရှိသည်။
မေလ ၉ ရက်နေ့မှစတင်ကာ လှိုင်သာယာစက်မှုဇုန်၊ ဇုန် ၄ ရှိ Hi Mo(High Art) ဆံပင်တုစက်ရုံတွင် အလုပ်သမား ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ပြီး ယင်းနောက် မေလ(၁၄) ရက်နေ့တွင် စပယ်ပွင့်အထည်ချုပ် စက်ရုံမှလည်းကောင်း၊ မေလ(၁၅) ရက်နေ့တွင် ပုလဲအထည်ချုပ်စက်ရုံမှ လည်းကောင်း၊ မေလ(၁၆)ရက်နေ့တွင် နေမင်းအောင် အထည်ချုပ်စက်ရုံမှလည်းကောင်း ဆန္ဒပြမှုများထပ်မံဖြစ်ပွားခဲ့ပြီး မေလ(၁၇)ရက်တွင် YJ အထည်ချုပ်စက်ရုံ၌ အလုပ်သမားဆန္ဒပြမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Hi Mo ဆံပင်တုစက်ရုံမှ အလုပ်သမားများမှာ မေလ (၁၀)ရက်နေ့ ညနေပိုင်းတွင် ပြေလည်မှုရရှိခဲ့သော်လည်း စက်ရုံမှပြောကြားသည့်အတိုင်း မဆောင်ရွက်ပေးသောကြောင့် မေလ(၁၅)ရက်နေ့တွင် ထပ်မံဆန္ဒပြမှုဖြစ်ပွားပြီး (၁၆)ရက်နေ့လည်ပိုင်းတွင် ညှိနှိုင်းပြေလည်မှု ရရှိခဲ့ကြောင်း သို့သော် မေလ(၁၇)ရက်နေ့ လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် ညှိနှိုင်းမှု အချက်အလက်များ သဘောတူ လက်မှတ်ရေးထိုးထားသည့် စက်ရုံတာဝန်ရှိသူများ ပျောက်ဆုံးနေပြီး အဆိုပါ အချက်အလက်များ ဆောင်ရွက်ပေးသူမရှိသောကြောင့် အလုပ်သမားဆန္ဒပြမှုများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် Hi Mo ဆံပင်တုစက်ရုံ၌ မြန်မာသူဌေး၊ စက်ရုံ မန်နေဂျာများ ပျောက်ဆုံးလျက်ရှိနေပြီး ညှိနှိုင်း ဆောင်ရွက်ပေးမည့်သူများ မရှိကြောင်း
ကိုရီးယားမှ လုပ်ငန်းရှင်မှာ မေလ ၂၃ရက်နေ့မှ ရောက်ရှိလာမည်ဖြစ်ကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရှိရသည်။
မေလ(၁၇)ရက်တွင် ဆန္ဒပြမှု စတင်ဖြစ်ပွားသည့် YJ အထည်ချုပ် စက်ရုံမှလည်း ရှားပါးစရိတ်ကျပ် သုံးသောင်းနှင့် ပိတ်ရက်၊ ခွင့်ရက်၊ လုပ်ငန်းချိန်စသည့် အခြားသော လုပ်ငန်းခွင် အခွင့်အရေးများ ရလိုမှုကြောင့် ဖြစ်ကြောင်း YJ အထည်ချုပ်မှ ဆန္ဒ ပြ အလုပ်သမားက ပြောကြားခဲ့ကြသည်။
စပယ်ပွင့်၊ ပုလဲ၊ နေမင်းအောင် နှင့် YJ အထည်ချုပ်စက်ရုံများနှင့် Hi Mo ဆံပင်တုစက်ရုံမှာ မေလ (၁၈)ရက်နေ့အထိ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုများ မရရှိသေးပဲ အလုပ်သမားများ လုပ်ငန်းခွင်ပြင်ပမှ ဆန္ဒပြ တောင်းဆိုနေပြီး အဆိုပါအချိန်အတွင်း လှိုင်သာယာစက်မှုဇုန် (၂)အတွင်းရှိ Mo Z (မိုဇီး)အထည်ချုပ် စက်ရုံ၌လည်း အလုပ်သမားဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း၊ Mo Z (မိုဇီး)အထည်ချုပ်၌ ညှိနှိုင်းပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
လှိုင်သာယာစက်မှုဇုန် အလုပ်သမားဆန္ဒပြမှုများ လက်ရှိအချိန်ထိ ပြေလည်မှု မရရှိသေးပဲ အဆိုပါဇုန် အတွင်းရှိ အထည်ချုပ်စက်ရုံအချို့၌ပါ အလုပ်သမား ဆန္ဒပြတောင်းဆိုမှုများ ထပ်မံဖြစ်ပွားမှုရှိလာကြောင်း သတင်းရရှိသည်။
မေလ ၉ ရက်နေ့မှစတင်ကာ လှိုင်သာယာစက်မှုဇုန်၊ ဇုန် ၄ ရှိ Hi Mo(High Art) ဆံပင်တုစက်ရုံတွင် အလုပ်သမား ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ပြီး ယင်းနောက် မေလ(၁၄) ရက်နေ့တွင် စပယ်ပွင့်အထည်ချုပ် စက်ရုံမှလည်းကောင်း၊ မေလ(၁၅) ရက်နေ့တွင် ပုလဲအထည်ချုပ်စက်ရုံမှ လည်းကောင်း၊ မေလ(၁၆)ရက်နေ့တွင် နေမင်းအောင် အထည်ချုပ်စက်ရုံမှလည်းကောင်း ဆန္ဒပြမှုများထပ်မံဖြစ်ပွားခဲ့ပြီး မေလ(၁၇)ရက်တွင် YJ အထည်ချုပ်စက်ရုံ၌ အလုပ်သမားဆန္ဒပြမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Hi Mo ဆံပင်တုစက်ရုံမှ အလုပ်သမားများမှာ မေလ (၁၀)ရက်နေ့ ညနေပိုင်းတွင် ပြေလည်မှုရရှိခဲ့သော်လည်း စက်ရုံမှပြောကြားသည့်အတိုင်း မဆောင်ရွက်ပေးသောကြောင့် မေလ(၁၅)ရက်နေ့တွင် ထပ်မံဆန္ဒပြမှုဖြစ်ပွားပြီး (၁၆)ရက်နေ့လည်ပိုင်းတွင် ညှိနှိုင်းပြေလည်မှု ရရှိခဲ့ကြောင်း သို့သော် မေလ(၁၇)ရက်နေ့ လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် ညှိနှိုင်းမှု အချက်အလက်များ သဘောတူ လက်မှတ်ရေးထိုးထားသည့် စက်ရုံတာဝန်ရှိသူများ ပျောက်ဆုံးနေပြီး အဆိုပါ အချက်အလက်များ ဆောင်ရွက်ပေးသူမရှိသောကြောင့်အလုပ်သမားဆန္ဒပြမှုများ ပြန်လည်ဖြစ်ပွား လျက်ရှိကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် Hi Mo ဆံပင်တုစက်ရုံ၌ မြန်မာသူဌေး၊ စက်ရုံ မန်နေဂျာများ ပျောက်ဆုံးလျက်ရှိနေပြီး ညှိနှိုင်း ဆောင်ရွက်ပေးမည့်သူများ မရှိကြောင်း ကိုရီးယားမှ လုပ်ငန်းရှင်မှာ မေလ ၂၃ရက်နေ့မှ ရောက်ရှိလာမည်ဖြစ်ကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရှိရသည်။
မေလ(၁၇)ရက်တွင် ဆန္ဒပြမှု စတင်ဖြစ်ပွားသည့် YJ အထည်ချုပ် စက်ရုံမှလည်း ရှားပါးစရိတ်ကျပ် သုံးသောင်းနှင့် ပိတ်ရက်၊ ခွင့်ရက်၊ လုပ်ငန်းချိန်စသည့် အခြားသော လုပ်ငန်းခွင် အခွင့်အရေးများ ရလိုမှုကြောင့် ဖြစ်ကြောင်း YJ အထည်ချုပ်မှ ဆန္ဒ ပြ အလုပ်သမားက ပြောကြားခဲ့ကြသည်။
စပယ်ပွင့်၊ ပုလဲ၊ နေမင်းအောင် နှင့် YJ အထည်ချုပ်စက်ရုံများနှင့် Hi Mo ဆံပင်တုစက်ရုံမှာ မေလ (၁၈)ရက်နေ့အထိ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုများ မရရှိသေးပဲ အလုပ်သမားများ လုပ်ငန်းခွင်ပြင်ပမှ ဆန္ဒပြ တောင်းဆိုနေပြီး အဆိုပါအချိန်အတွင်း လှိုင်သာယာစက်မှုဇုန် (၂)အတွင်းရှိ Mo Z (မိုဇီး)အထည်ချုပ် စက်ရုံ၌လည်း အလုပ်သမားဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း၊ Mo Z (မိုဇီး)အထည်ချုပ်၌ ညှိနှိုင်းပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
Ref: EMG



19:40
Unknown
Posted in:
0 comments:
Post a Comment