Friday, 2 December 2011

မင်းတုန်းမင်းမှ ဟီလာရီ ကလင်တန် အထိ

မြန်မာ – အမေရိကန် ဆက်ဆံရေး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သမိုင်းဝင် အလည်အပတ်ခရီး သွားချိန်နှင့် တဆက်တည်း အမေရိကန်-မြန်မာ ဆက်ဆံရေးကို ယှဉ်ထိုး လေ့လာနိုင်ရန် အတွက် နှစ်နိုင်ငံအကြား အဓိက ဖြစ်ထွန်းမှုများကို နှစ်အလိုက် ဖော်ပြလိုက်ပါသည်။
၁၉၅၅ ခုနှစ်က ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျွန် ဖော်စတာ ဒါးလက်စ်(အလယ်ရှိ ဂုဏ်ပြုတပ်ဖွဲ့ဝင် အနောက်ဘက်) နှင့် မြန်မာ ၀န်ကြီးချုပ် ဦးဘဦး(ဓာတ်ပုံ - Life Magazine)

နိုဝင်ဘာ ၃၀ ရက်က စတင်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် အမေရိကန် ထိပ်တန်းသံအဖွဲ့နှင့် အတူ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်ပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ နိုဝင် ဘာ ၁၈ ရက်က အမေရိကန်သမ္မတ ဘားရက် အိုဘားမား ကြေညာလိုက်သော ထိုခရီးစဉ်သည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်း လဲမှုများပိုမိုဖြစ်ထွန်းလာစေရန် အားပေးသည့် ကြိုးပမ်းချက်တခုအဖြစ် ရှုမြင်နိုင်သည့်အပြင် အနောက်နိုင်ငံများနှင့် သံတမန်ရေး အရ အထီးကျန်ဆန်နေသော မြန်မာနိုင်ငံကို ကူညီအားပေးရာ လုပ်ရပ်တခုအဖြစ်လည်း ရှုမြင်ကြပါသည်။
စစ်တပ်နောက်ခံ အစိုးရသစ်သည် ကမ္ဘာ့ သြဇာတိက္ကမ အကြီးဆုံးနိုင်ငံနှင့် ‘ပုံမှန်’ ဆက်ဆံရေး ပြန်လည်ရရှိရန် ကြိုးပမ်းနေချိန်ဖြစ်သည်။
မြန်မာ – အမေရိကန် ဆက်ဆံရေး မှတ်တမ်း
၁၉၅၃ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည့် အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင်ကို ရွှေတိဂုံ ဘုရားတွင်တွေ့ရစဉ်
 ၁၈၅၆ ခုနှစ် ။  ။ မင်းတုန်းမင်းသည် အမေရိကန်နိုင်ငံနှင့် နီးနီးကပ်ကပ်ဆက်ဆံချင်ကြောင်း အမေရိကန်သမ္မတ ဂျိမ်းစ် ဗြူကန်နန် ထံသို့ စာရေးသည်။
၁၈၅၇ ခုနှစ် ။  ။ ဘူချာနန်က အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးလိုလားကြောင်းနှင့် မြန်မာ့ အချုပ်ချာအာဏာကို ထိပါးစေမည့်ဖြစ်ရပ်များကို သူ မမြင်တွေ့လိုကြောင်း ထပ်လောင်းကတိပြုရင်း မင်းတုန်းမင်းထံသို့ ပြန် စာပို့သည်။ အမေရိကန်သမ္မတက မြန်မာဘုရင်မင်းမြတ်ထံသို့ စာအုပ်နှင့် ရေနွေးငွေ့သုံး မီးရထားပုံစံငယ်ကို လက်ဆောင်
အဖြစ် ဆက်သသည်။
၁၉၄၈ ခုနှစ် ။  ။ အမေရိကန်က မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်ပြုသည်။ ရန်ကုန်တွင် သံရုံးဖွင့်ပြီး အောက်တိုဘာလတွင် ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ခန့်အပ်သည်။
၁၉၄၈-၅၃ ခုနှစ် ။  ။ အမေရိကန်သည် မြန်မာနိုင်ငံကို စီးပွားရေးအထောက်အပံ့ပေးသည့်အပြင် မြန်မာနိုင်ငံတွင်းခိုလှုံနေသော တရုပ်ကူမင်တန်(KMT) တပ်များကိုလည်း လျှို့ဝှက်ထောက်ပံ့ပေးသည်။ ထို အကူအညီသည် ၁၉၅၃-၅၄ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီး ကူမင်တန်အများစု ထိုင်ဝမ်သို့ ပြန်ပို့ခံရသည်။
၁၉၅၀ ပြည့်နှစ် ။  ။ ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံအား မြောက်ကိုးရီးယားက ၀င်ရောက်သိမ်းပိုက်မှုကို မြန်မာနိုင်ငံက ရှုတ် ချသည်။ ဇူလိုင်လတွင် ကမ္ဘာ့ကုလသမဂ္ဂ တုံ့ပြန်ချက်ကို ထောက်ခံသည့် မဲ ထည့်သည်။ ဇွန်လတွင်ပင် ဗြိတိသျှ ဓနသဟာယနိုင်ငံများ အဖွဲ့က မြန်မာကို ဗြိတိသျှ စတာလင်ပေါင် ၆ သန်းချေးရန် သဘောတူသော်လည်း စက်တင်ဘာလတွင် မြန်မာနိုင်ငံ က အမေရိကန်အစိုးရ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(TCA) ထံမှ အကူအညီရယူသည်။
၁၉၅၅ ခုနှစ်တွင် တွေ့ရသော မြန်မာ ၀န်ကြီးချုပ် ဦးနု နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျွန် ဖော်စတာ ဒါးလက်စ်
၁၉၅၃ ခုနှစ် ။  ။ အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင်သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီး ရောက်ရှိသည်။ ရန်ကုန်တွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် ကြုံရသည်။ နယူးယောက် တိုင်းမ် သတင်းစာအဆိုအရ ပဲခူးတွင်“မြန်မာ နိုင်ငံသည် အမေရိကန်စစ်ဘီလူးများအတွက် နေရာမဟုတ်”ဟု ဖော်ပြသောစာတန်းနှင့်ဆန္ဒပြသူများက နစ်ဆစ်ကိုကြိုဆိုခဲ့ကြ သည်။
၁၉၅၅ ခုနှစ် ။  ။ ဖေဖော်ဝါရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဖော်စတာ ဒါးလက်စ် သည် ရန်ကုန်ကို အလည်ရောက်ရှိလာပြီး ၀န်ကြီးချုပ် ဦးနု အပါအ၀င် မြန်မာ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံသည်။
၁၉၅၅ ခုနှစ် ။  ။ ဇွန်လတွင် ဦးနုသည် ၀ါရှင်တန်သို့ တရားဝင် သွားရောက်လည်ပတ်ပြီး အမေရိကန် လွှတ်တော်တွင် မိန့်ခွန်းပြောသည်။ အမေရိကန်သမ္မတ ဒွိုက် အိုင်ဆင်ဟောင်ဝါနှင့် မြန်မာဝန်ကြီးချုပ် ပူးတွဲထုတ်ပြန်သောကြောညာချက်၌“ရန်ကုန်မြို့တော်တွင် လတ်တလော ကျင်းပနေသော ဆဋ္ဌမ သံဃာရတနာ တင်ပွဲသည် ဒေသတခုလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်း စေ သည်”ဟု မှတ်ချက်ချခဲ့ပြီး ကွန်မြူနစ်တရုတ်နိုင်ငံတွင် အဖမ်းခံထားရသော အမေရိကန် လေယာဉ်မှူးများအရေးကိုလည်း ပြန် လည် သုံးသပ်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် အမေရိကန်နှင့် မြန်မာနိုင်ငံတို့၌ နိုင်ငံခြားတင်ပို့ရောင်းချမည့် ဆန်စပါးများ အဆမတန် ပိုလျှံခြင်းကြောင့် ဖြစ်ပေါ်လာသည့် “ရှုပ်ထွေးခက်ခဲသော စီးပွားရေးပြဿနာများ”များကိုလည်း ဆွေးနွေးခဲ့သည်။
၁၉၅၇ ခုနှစ် ။  ။ မြန်မာနိုင်ငံ သမ္မတ မန်းဝင်းမောင်သည် ဆေးကုသမှုခံယူရန်အတွက် အမေရိကန်နိုင်ငံသို့ သွားရောက်သည်။ ဒီဇင်ဘာ၂၃ရက်နေ့တွင် အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါနှင့် တွေ့ဆုံသည်။
၁၉၅၅ ခုနှစ် က ၀ါရှင်တန်တွင် အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင် နှင့် ၀န်ကြီးချုပ် ဦးနုကိုတွေ့ရစဉ်
၁၉၅၆-၆၄ ခုနှစ် ။  ။ မြန်မာနိုင်ငံသို့ အမေရိကန်က စားနပ်ရိက္ခာအထောက်အပံ့များ ၁၉၅၆ ခုနှစ်တွင် စတင်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး နေ၀င်းက ရပ်ဆိုင်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းချိန်၌ အမေရိကန်တွင် စစ်ပညာ သင်ကြားနေသော မြန်မာ့တပ်မတော် အရာရှိပေါင်း ၁၀၀၀ ခန့် ရှိသည်။
၁၉၆၆ ခုနှစ်က အာဏာရှင် ဦးနေ၀င်း နှင့် အမေရိကန် သမ္မတ လင်ဒန် ဘီ ဂျွန်ဆင် တို့ လက်ဆွဲ နှုတ်ဆက်နေစဉ်
၁၉၆၆ ခုနှစ် ။  ။ စက်တင်ဘာလတွင် ဗိုလ်ချုပ်နေ၀င်းသည် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည် ပတ် ပြီး သမ္မတ လင်ဒန် ဘီ ဂျွန်ဆင်နှင့် တွေ့ဆုံသည်။ တရားဝင်ထုတ်ပြန်ကြေညာချက်တွင် အမေရိကန်သမ္မတက မြန်မာနိုင်ငံ ၏ ဘက်မလိုက်မူဝါဒကို နားလည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး“နှစ်ပြည်ထောင် နိုင်ငံသားများ၏ အပြန်အလှန် အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာနားလည်မှုအကျိုး ထမ်းရွက်ရာတွင်”ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာအောင်လုပ် ဆောင်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက ထပ်လောင်းပြောဆိုခဲ့သည်။
၁၉၇၄ ခုနှစ် ။  ။ အမေရိကန်နှင့် မြန်မာအစိုးရသည် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးသည်။ အမေရိကန်က Bell 205 ရဟတ်ယဉ်များ မြန်မာနိုင်ငံအား ထောက်ပံ့ရန်လည်း သဘောတူသည်။
၁၉၈၂ ခုနှစ် ။  ။ အမေရိကန်နိုင်ငံ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်သို့ လာရောက် လည် ပတ် သည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်များကို ဆက်လက်ထောက်ပံ့ပေးမည်ဟု ပြောကြားသည်။
၁၉၈၈ ခုနှစ် ။  ။ နိုင်ငံတ၀န်း ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပေါ်နေသော စက်တင်ဘာလတွင် အာရှနှင့်ပစိဖိတ်ရေးရာ ကော် မတီ ဥက္ကဌ အောက်လွှတ်တော်အမတ် စတီဖင် ဂျေ ဆိုလာ့ဇ် ရန်ကုန်သို့ လာရောက်လည်ပတ်ပြီး သမ္မတသစ် ဒေါက်တာ မောင်မောင်နှင့် တွေ့ဆုံသည်။ ဒေါ်အောင်ဆန်းစုကြည့် အပါအ၀င် အတိုက်အခံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသည်။
၁၉၈၈ ခုနှစ် ။  ။ နိုဝင်ဘာလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဒန်နာ ရိုရာဘာချာသည် ထိုင်းမြန်မာနယ်စပ်အနီးရှိ သေဘောဘိုး ကျောင်းသားစခန်းသို့လာရောက်လည်ပတ်ပြီး ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်ကဖြိုခွင်း ခဲ့သဖြင့် ပြည်ပသို့ရောက်ရှိလာသူများအတွက် နိုင်ငံရေးထောက်ခံမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ကတိပေး ပြောကြား သည်။
၁၉၉၀ ပြည့်နှစ် ။  ။ အမေရိကန်က မြန်မာကိုပေးနေသော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ဖြတ်တောက်လိုက်သည်။ နှစ် ပေါင်း၃၀အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အပြတ်အသတ်အနိုင်ရလိုက်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုသောကြောင့် သံတမန်ဆက်ဆံရေးအဆင့်ကို သံအမတ်အဆင့်မှ သံရုံးယာယီ တာဝန်ခံ အဆင့်သို့ ယနေ့အထိ လျှော့ချလိုက်သည်။
၁၉၉၅ ခုနှစ် က တွေ့ရသည့် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံတမန် မက်ဒလင်း အောလ်ဘရိုက် နှင့် ဒေါ်အောင်ဆန်းစုကြည်
၁၉၉၄ ခုနှစ် ။  ။ ဖေဖော်ဝါရီလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် သည် နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် တွေ့ဆုံခွင့်ရသည်။ အမေရိကန် သမ္မတ ဘီလ်ကလင်တန်က ဒေါ်အောင် ဆန်းစုကြည်အတွက် ပေးပို့သော စာတစောင်အား အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် က ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပေးအပ်သည်။ အောက်လွှတ်တော်အမတ်သည် စစ်ထောက်လှမ်းရေးအကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့်လည်း
တွေ့ဆုံသည်။ ဘန်ကောက်မြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏အနာဂတ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှစ်ဦးတည်းကသာ အဆုံးအဖြတ်ပေးမည်ဟု သူက ပြောဆိုသည်။
၁၉၉၅ ခုနှစ် ။  ။ စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နောက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ် လာသူ မက်ဒ်လင်း အောလ်ဘရိုက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့်တွေ့ဆုံသည်။ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ၎င်းတို့ အစိုးရသည် လူထုထောက်ခံမှုအများအပြားရရှိနေသည်ဟု အောလ်ဘရိုက်ကို ပြောဆိုသည်။ နောက်တနေ့တွင် မစ္စ အောလ်ဘရိုက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသည်။
၁၉၉၇ ခုနှစ် ။  ။ မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အသင်းတွင် ၀င်ခွင့်ပြုခဲ့ခြင်းအပေါ် အမေရိကန်အစိုးရက ပြင်းပြင်း ထန်ထန် ကန့်ကွက်သည်။
၁၉၉၇ ခုနှစ် ။  ။ အမေရိကန် နိုင်ငံသားများ အနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို သမ္မတ ကလင်တန်က တားမြစ်ပိတ်ပင်သည်။ မြန်မာနိုင်ငံတွင် ငွေခ၀ါချခြင်း အား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အမေရိကန်ပြည်ထောင်စုက တားမြစ်ပိတ်ပင်မှုချမှတ် လိုက်သည့်အပြင် တချို့သော မြန်မာစစ်တပ်အရာရှိများနှင့် မိသားစုဝင်များကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ပိတ်ပင်သည်။
၂၀၀၃ ခုနှစ် ။  ။ မေလ ၃၀ ရက် မြန်မာနိုင်ငံအလယ်ပိုင်း ဒီပဲယင်းအရပ်တွင် NLD ယာဉ်တန်းအား အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဇူလိုင်လတွင် သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်သည်။ မြန်မာနိုင်ငံ လွတ်မြောက်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ နှင့် အမိန့်စာ အမှတ် ၁၃၃၁၀ အရ မြန်မာနိုင်ငံမှ ထုတ်ကုန် တင်သွင်းခြင်းကို တားမြစ်ခြင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ခြင်း၊ စစ်အစိုးရနှင့် မြန်မာနိုင်ငံခြား ကူး သန်းရောင်းဝယ်မှု အဖွဲ့သုံးဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည်။ ထိုဒဏ်ခတ်ပိတ်ဆို့မှုများအရ အမေရိ ကန် အစိုးရက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ကူညီမှုတိုင်းကို ကန့်ကွက်သွားမည် ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် မြန်မာကို အရေးယူပိတ်ဆို့သည့် JADE Act ကို အမေရိကန် သမ္မတ ဂျော့ ဘုရှ် လက်မှတ်ထိုး အတည်ပြုနေစဉ်

၂၀၀၅ ခုနှစ် ။  ။ သမ္မတ ဘုရှ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားသော ကွန်ဒိုလီဇာ ရိုက်စ်က မြန်မာနိုင်ငံကို“ကမ္ဘာတ၀န်း အာဏာရှင်များ၏ ခံကတုတ် ခြောက်ခုအနက်”တခုဖြစ်သည်ဟု ပြောဆိုသည်။
၂၀၀၇ ခုနှစ် ။  ။ အစိုးရက လောင်စာဆီဈေး ရုတ်တရက်မြှင့်တင်လိုက်သဖြင့် ရန်ကုန်နှင့် နေရာ အနှံ့အပြားတွင် လူထုဆန္ဒပြပွဲများဖြစ်ပေါ်လာသည်။ ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်သည့်အတွက် သမ္မတ ဘုရှ်က လူ့ အခွင့်အရေး
ချိုးဖောက်မှုများနှင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်မှုအတွက် တာဝန်ရှိသူဟု သတ်မှတ်ခံရသူ တဦးချင်းစီ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည့် အမိန့် ကြေညာချက် အမှတ် ၁၃၃၄၈ ကို ထုတ်ပြန်သည်။ ထို့အပြင် ၎င်းတာဝန်ရှိသူများအား ဘဏ္ဍာ ရေးနှင့် ရုပ်ဝထ္ထုပစ္စည်း အထောက်အပံ့ပေးသော လူပုဂ္ဂိုလ် တဦးချင်းနှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုကိုလည်း သိမ်းဆည်း ရန် ယင်း အမိန့်တွင်ပါဝင်သည်။ ယခင်ပြစ်ဒဏ်ခတ်မှုအား တိုးချဲ့ထားသော အမိန့်စာဖြစ်သည်။
၂၀၀၈ ခုနှစ် က အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံနေစဉ်
၂၀၀၈ ခုနှစ် ။  ။ သမ္မတ ဘုရှ်သည် မြန်မာနိုင်ငံမှထွက်သော ကျောက်မျက် ရတနာများ တင်သွင်းခြင်းကို ကန့်သတ်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောလက်ရှိ သွင်းကုန်ကန့်သတ်မှုအား တိုးချဲ့သော Burma Jade Act ကို လက်မှတ်ရေး ထိုး ထုတ်ပြန်သည်။ မြန်မာကုမ္ပဏီ ၁၀ ခုထက်မနည်း အဆိုပါ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခံရသည်။
၂၀၀၈ ခုနှစ် ။  ။ မေလတွင် ရဟတ်ယဉ်များ၊ ရေ နှင့်အစားအစာ တန်ပေါင်းများစွာ တင်ဆောင်လာသော အမေရိကန် လေ ယာဉ်တင် သဘောင်္(US Aircraft Carrier Essex)သည် ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းသင့်ပြည်သူများကို ကူညီရန် မြန်မာ အစိုးရထံမှ ခွင့်ပြုချက်ကို ကမ်းလွန်ပင်လယ်ပြင်တွင် ရက်သတ္တပတ် ၃ ပတ်ကြာစောင့်ဆိုင်းသည်။ မြန်မာအစိုးရက ကယ် ဆယ်ရေး အစီအစဉ်ကို ပယ်ချလိုက်သည်။ သို့သော် အမေရိကန်အစိုးရကို အမေရိကန်ဒေါ်လာ ၁ ဒဿမ၂ သန်းတန်ဖိုးနီးပါးရှိအစားအစာနှင့်နေထိုင်စရာအကူအညီများ 185 DOD C-130 ကုန်တင်လေယာဉ်များဖြင့် ရန်ကုန်သို့ သယ်ဆောင်ခွင့်ပြုသည်။
၂၀၀၈ ခုနှစ် ။  ။ သြဂုတ်လတွင် အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံသည်။ သမ္မတ ကတော် လော်ရာ ဘုရှ် က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းနှင့် ဒုက္ခသည် စခန်းများကို သွားရောက်သည်။
၂၀၀၉ ခုနှစ် တွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံသည်
၂၀၀၉ ခုနှစ် ။  ။ သြဂုတ်လတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသဖြင့် ဆယ်စုနှစ်များစွာအတွင်း မြန်မာ စစ်ခေါင်းဆောင်နှင့်တိုက်ရိုက်ထိတွေ့ခွင့်ရခဲ့သော အဆင့်မြင့်ဆုံးအရာရှိဖြစ် သည်။ မြန်မာနိုင်ငံအတွင်း တရုတ်သြဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကို ထောက်ပြပြီး အမေရိကန်အစိုးရအား မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရန် ဂျင်မ် ၀က်ဘ်က အပြင်းအထန် စည်းရုံးသည်။
၂၀၀၉ ခုနှစ် ။  ။ စက်တင်ဘာလတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းမရှိဘဲ မြန်မာအစိုးရ စစ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့မှုလုပ်ဆောင်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။
၂၀၀၉ ခုနှစ် ။  ။ နိုဝင်ဘာလက စင်ကာပူနိုင်ငံတွင် ကျင်းပသော အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သမ္မတ အိုဘားမား က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား လက်ဆွဲနှုတ်ဆက်သည်။
မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်မည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်မည်ဟု သမ္မတ အိုဘားမားက ပြောဆိုသည်။ ၁၄ နှစ် အတွင်း အဆင့်မြင့်ဆုံး အမေရိကန်အရာရှိအဖြစ် အမေရိကန်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည်။ ထိုခရီးစဉ်သည် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ်ချမှတ်သော မူဝါဒအသစ် တိုက်ရိုက် ထိတွေ့ဆက်ဆံရေး၏ တစိတ်တဒေသဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ။  ။ နိုဝင်ဘာလ ၇ ရက်နေ့က အနှစ်၂၀အတွင်း ပထမဆုံးအကြိမ် ကျင်းပသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ
အား “လွတ်လပ်မှု နှင့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲ”ဟု သမ္မတ အိုဘားမားက ရှုတ်ချသည်။ ရွေးကောက်ပွဲမှတဆင့် စစ်အရာရှိဟောင်းများ ဦးဆောင်သော အမည်ခံအရပ်သားအစိုးရထံသို့ စစ်အစိုးရက အာဏာလွှဲပြောင်းပေးသည်။
၂၀၁၁ ခုနှစ် ။  ။ ဧပြီလတွင် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ ခေါင်းဆောင်များအကြား ဆက်သွယ်ဆောင်ရွက်သူအဖြစ် ဒဲရစ် မစ်ချယ်ကို မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် သမ္မတ အိုဘားမားက ခန့်အပ်သည်။
၂၀၁၁ ခုနှစ် ။  ။ စက်တင်ဘာ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိများနှင့် ၀ါရှင်တန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံသည်။ နောက်တနေ့တွင် သမ္မတ ဦး သိန်းစိန်က မြန်မာနိုင်ငံမြောက်ဘက်ခြမ်းတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်နေသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား ယာယီရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။ ၀ါရှင်တန်က အရေးပါပြီး အပြုသဘောဆောင်သော လုပ်ရပ်တခုအဖြစ် ကြိုဆိုလိုက်သည်။
၂၀၁၁ ခုနှစ် ။  ။ နိုဝင်ဘာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ်ချယ်သည် သက်တမ်းနှစ်လ မပြည့်သေးသည့် အချိန်တွင် တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့သွားရောက်ပြီး မြန်မာအစိုးရခေါင်းဆောင်များအပါအ၀င် ဒေါ်အောင် ဆန်းစုကြည်နှင့်ပါ တွေ့ဆုံသည်။ မြန်မာနိုင်ငံမှ နောက်ထပ်ဖြစ်ပေါ်လာမည့် အပြုသဘောဆောင်သော အပြောင်း အလဲ များနှင့်အတူ အမေရိကန်အစိုးရကလည်း အပြန်အလှန်ဆောင်ရွက်သွားမည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာ သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ ထိပ်သီး ညီလာခံ၌ အမေရိကန်သမ္မတ အိုဘားမား ၏ နောက်တွင် ရပ်နေသော သမ္မတ ဦးသိန်းစိန်ကိုတွေ့ရစဉ်

၂၀၁၁ ခုနှစ် ။  ။ နိုဝင်ဘာ ၁၈ ရက်တွင် သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် “တိုးတက်ပြောင်းလဲမှု အရိပ်အယောင်များ” ဖြစ် ပေါ်နေသည်ဟု ပြောဆိုလိုက်ပြီး “နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ တဦးချင်းအခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ် ငန်း များ ပိုမိုတိုးတက်လာစေရန် အမေရိကန်အနေဖြင့် ကူညီပေးနိုင်မှုများ” ရှာဖွေလေ့လာရန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကို ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့စေလွှတ်မည်ဟု ထုတ်ပြန်ကြေညာသည်။
မြန်မာအစိုးရက အမေရိကန်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အပြုသဘောဆောင်သည့် အပြောင်းအလဲများကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ပြီး သမ္မတ အိုဘားမား၏ ကြေညာချက်ကို ကြိုဆိုလိုက်သည်။
၂၀၁၁ ခုနှစ် ။  ။ ဒီဇင်ဘာ ၁ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် နေပြည်တော်၌ တွေ့ဆုံသည်။ အမေရိကန်-မြန်မာ ဆက်ဆံရေး အခန်းကဏ္ဍသစ် တခုကို ရောက်ရှိပြီ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြော သည်။

နေပြည်တော် သင်္ဂဟ ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ဟီလာရီ ပြောကြားခဲ့သည်များ

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၃၀ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလ ၁ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ အစရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံခဲ့ပြီး မွန်းလွဲသုံးနာရီကျော်တွင် ခေတ္တတည်းခိုရာ သင်္ဂဟဟိုတယ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲ၌ ဟီလာရီကလင်တန်ပြောကြားခဲ့သော စကားရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မြန်မာအစိုးရအနေနဲ့ ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ရေးသားခဲ့တဲ့ အပြင်ဥပဒေတွေကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀ဝကျော် လွှတ်ပေးခဲ့ပါတယ်။ ကျွန်မအနေနဲ့ ပြောခဲ့တာက အခုယူခဲ့တဲ့ ခြေလှမ်းတွေဟာ အစဉ်အလာမရှိခဲ့ပေမယ့် အစဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာက အားရစရာဖြစ်ပေမဲ့လို့ ၁၀ဝ၀ကျော် ကျန်ရှိနေပါသေးတယ်။ ဒီကိစ္စကို ကျွန်မအနေနဲ့ သီးခြားပြောခဲ့သလို လူသိရှင်ကြားပြောလိုတာကတော့ ဘယ်နိုင်ငံမှာမဆို ဘယ်သူကိုမှ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် ယုံကြည်ချက်တွေကြောင့် အကျဉ်းချထားခြင်း မရှိခဲ့ပါဘူး။  ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလွတ်လာပြီးတော့ နိုင်ငံရေးဖော်ဆောင်မှုမှာ ပါဝင်တာဟာ အားရစရာဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း နိုင်ငံရေးပါတီတွေ အားလုံးဟာ နိုင်ငံတစ်ဝှမ်း ရုံးတွေကို ဖွင့်လှစ်ခွင့်ရပြီးတော့ လွတ်လပ်ပြီး တရားမျှတပြီး ယုံကြည်ကိုးစားမှုရှိတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ရရှိဖို့ လိုအပ်ပါတယ်။

နောက်တစ်ချက်ကတော့ တိုင်းရင်းသား ဒေသတွေမှာ တင်းမာမှုတွေ လျော့ကျစေဖို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြာရှည်ဆုံးဖြစ်တဲ့ ပဋိပက္ခတွေမှာ အကြမ်းဖက်မှုဖြစ်တဲ့အခါ ဝမ်းနည်းစရာကောင်းပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ များစွာရှိပြီးတော့ ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးအမျိုးမျိုးလည်း ရှိပါတယ်။

မြန်မာသမ္မတကို ကျွန်မတိုက်တွန်းခဲ့တာကတော့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေကို လာရောက်တာကို ခွင့်ပြုဖို့ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ တကယ်တန်းတော့ အကဲစမ်းမှုတွေ ဖြစ်ပါတယ်။ ပဋိပက္ခရဲ့ အခြေခံအကြောင်းတရားတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အားလုံးကို ငြိမ်းချမ်းရေးရရှိစေမှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီအချက်တွေအပြင် အခြားအကဲစမ်းမှုတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အပစ်အခတ်ရပ်စဲရေး အကြောင်းတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် အရေးကြီးတာကတော့ အစိုးရတစ်ရပ်လုံးဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ သဘောတူညီမှုတွေကို လိုက်နာစေဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီးတော့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့အတွက် မြန်မာနိုင်ငံရဲ့ သန္ဓိဌာန် ခိုင်မာမှုကိုလည်း ကျွန်မတို့ ကြိုဆိုပါတယ်။

ဒီတိုးတက်မှုတွေကို အခုထက်ပိုပြီး ကျယ်ပြန့်အောင် မြှင့်တင်ပြီးတော့ လုပ်ဆောင်သွားလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ အစိုးရအတွင်းနဲ့ အစိုးရပြင်ပရှိ ခိုင်မာတဲ့ စစ်မှန်တဲ့ စေတနာရှိသူတွေကို ထောက်ခံပါတယ်။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေရဲ့ ရွေးလမ်းမှားတွေကြောင့် လွန်ခဲ့တဲ့ အတိတ်မှာ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အခုလိုမျိုး တိုးတက်မှုတွေ မြင်လာတာကို အပြုသဘောဆောင် တုန့်ပြန့်ဖို့ရှိပါတယ်။ အဲဒီတုန့်ပြန်ဆောင်ရွက်မယ့် အရာတွေဟာ မဲခေါင်ဒေသ အောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွေ လေ့လာရာမှာ ပါဝင်နိုင်မှုနဲ့ ကမ္ဘာ့ဘဏ်၊ ADB စရှိတဲ့ အဖွဲ့ အစည်းတွေ မြန်မာနိုင်ငံကို လာရောက်လေ့လာနိုင်ဖို့တို့ ဖြစ်ကြပါတယ်။ ဒါတွေအပြင် UNDP ရဲ့ အသေးစားငွေချေးလုပ်ငန်းတွေ၊ ပညာရေး ကဏ္ဍတွေမှာ ကူညီနိုင်မယ့်ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

တစ်ချိန်က ဗီယက်နမ်နဲ့ ဆက်ဆံရေးမှာ ပျောက်ဆုံးနေတဲ့ အမေရိကန် စစ်မှုထမ်းတွေကို ပြန်လည်ရှာဖွေရေးဟာ အကျိုးပြုခဲ့သလို မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်းက Burma Road တည်ဆောက်စဉ်က ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေ ပြန်လည် ရှာဖွေရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း မြန်မာအစိုးရနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါတွေဟာ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် ကျွန်မတို့ဘက်က လုပ်ဆောင်သွားမှာတွေ ရှိပါတယ်။ မြန်မာ-အမေရိကန် သံတမန်ရေးဆက်ဆံမှု တိုးတက်ဖို့နဲ့ သံအမတ်ချင်း ဖလှယ်ဖို့လည်း ပါဝင်ပါတယ်။ နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်မှုတွေကို တင်ပြနိုင်ဖို့လည်း လမ်းကြောင်းတစ်ရပ် ချမှတ်ထားပါတယ်။ ဒါဟာ နှစ်နိုင်ငံအပြန်အလှန် ယုံကြည် ကိုးစားမှုရရှိဖို့အတွက် ဖြစ်ပါတယ်။

တစ်ချိန်က မြန်မာနိုင်ငံဟာ စပါးကျီတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်အချိန်မှာ တခြားနိုင်ငံတွေက ဖြတ်ကျော်သွားပြီးတော့ အရှေ့အာရှဒေသမှာ အင်အားကြီးမားတဲ့ နိုင်ငံတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါကြောင့်မလို့ မြန်မာအစိုးရအတွက် အရေးကြီးတဲ့ မေးခွန်းရှိလာပါတယ်။ အခုချိန်မှာ အရေးကြီးတာက အမေရိကန် ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုခုနဲ့ ဆက်ဆံရေး မဟုတ်ပါဘူး။ မြန်မာခေါင်းဆောင်တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ မွေးရာပါ အခွင့်အရေးကို နိုင်ငံသားတွေ ခံစားနိုင်ဖို့အတွက် ယုံကြည်ချက်ခိုင်မာစွာနဲ့ ဆောင်ရွက်မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီလိုလုပ်မှလည်း အာရှ-ပစိဖိတ်ဒေသမှာ အင်အားကြီးအဖြစ် ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေကြားရာမှာ ဘယ်လိုထွက်လာမလဲဆိုတာတော့ မသိပါဘူး။ အပြုသဘောဆောင် ဖြေကြားမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ တိုးတက်လာမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကျွန်မတို့အနေနဲ့လည်း အထောက်အကူပေးဖို့ အဆင်သင့်ပါပဲ။

မြန်မာသမ္မတနဲ့တွေ့တုန်းက မိုးရွာတုန်းရေခံ ဆိုတဲ့ မြန်မာစကားပုံတစ်ခုကို သူပြောခဲ့ပါတယ်။ ကျွန်မတို့ အနေနဲ့ မသိပါဘူး။ ခေါင်းဆောင်တွေယူတဲ့ ခြေလှမ်းတွေဟာ နောက်ပြန်ဆုတ်လို့ မရတဲ့ ခြေလှမ်းတွေလား၊ စီးပွားရေးကို ဖွင့်ပေးရင် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေလား။ ဒီမေးခွန်းတွေဟာ ကျွန်မဖြေဖို့ မဟုတ်ပါဘူး။ ဒီမေးခွန်းတွေကို ဖြေရမယ့်သူတွေက နိုင်ငံသားတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

မြန်မာခေါင်းဆောင်တွေရဲ့ ခြေလှမ်းဟာ သန်းပေါင်း ၆၀ ရှိတဲ့ မြန်မာနိုင်ငံသားတွေ လွတ်လပ်မှု ဂုဏ်သိက္ခာနဲ့ နေထိုင်ကြဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။ သမ္မတအိုဘားမားက မြန်မာနိုင်ငံမှာ မှိန်ပျပျတိုးတက်မှုတွေ တွေ့ရှိရပြီလို့ ပြောခဲ့ပါတယ်။ သမိုင်းကြောင်းအရတော့ မှိန်ပျပျ အလင်းရောင်တွေဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီမှိန်ပျပျ အလင်းရောင်တွေဟာ လွတ်လပ်မှုအတွက် ထတောက်နိုင်ဖို့နဲ့ အနာဂတ် ကောင်းစားရေးအတွက်ဆိုတာ ခေါင်းဆောင်တွေအပေါ်မှာ မူတည်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ကြိမ်တစ်ခါ လာရောက်တဲ့ ခရီးစဉ်အပေါ် အခြေခံပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး မဟာမိတ်ထားရှိဖို့ ဖြစ်ပါတယ်။ မြန်မာသမ္မတကို စောစောက ပြောခဲ့တဲ့အတိုင်းပါပဲ။ အမေရိကန်အနေနဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းနှင့်အတူ ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။

စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံရေး အကျဉ်းသားအရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဟီလာရီ၏ ဖြေဆိုမှုများ
စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံရေး အကျဉ်းသားအရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သော ဟီလာရီ၏ ပြောစကားများကို ဆက်လက်ဖော်ပြပါသည်။ မေးခွန်းမေးမြန်းခြင်းကို အမေရိကန်တာဝန်ရှိသူများမှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲ မစတင်မီ နာရီပိုင်းအလိုက ကြိုတင်ရယူခဲ့သော မေးခွန်းများကိုး မေးမြန်းစေခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ မေးမြန်းရာတွင် အမေရိကန်နိုင်ငံခြား သတင်းထောက်နှစ်ဦးနှင့်အတူ မြန်မာတိုင်း(မ်)နှင့် The Voice ဂျာနယ်တို့မှ မေးမြန်းခွင့်ရရှိခဲ့ပါသည်။ သတင်းထောက်များ မေးမြန်းခဲ့သည်များအနက် ဖြေကြားမှုအချို့ကို ကောက်နှုတ်ဖော်ပြပါသည်။

စီးပွားရေး ပိတ်ဆို့မှုအတွက် အဆင်သင့်မဖြစ်သေးကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တိုက်တွန်း
သမ္မတနဲ့နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ကိစ္စနဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှု ကိစ္စနှစ်ရပ်လုံးကို ကျွန်မတို့ဆွေးနွေးခဲ့ကြပါတယ်။  ဒါဟာကျွန်မတို့ရဲ့ဆွေးနွေးမှုမှာ အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုတောင်းဆိုပါတယ်။ ဘယ်နိုင်ငံမှာမဆို  နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်တည်း ရှိတာတောင် လွန်လွန်းလှပြီလို့ ကျွန်မတို့ယူဆပါတယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေရှိတာ တွေ့ရပါတယ်။   နိုင်ငံရေးအကျဉ်းသားနှစ်ရာကို အောက်တိုဘာထဲမှာ လွှတ်ပေးခဲ့တာကို ကျွန်မတို့ ကြိုဆိုပါတယ်။ နိုင်ငံရေးအကျဉ်းအားလုံးလွှတ်ပေးဖို့ကို ကျွန်မတို့ထပ်လောင်း တောင်းဆိုပါတယ်။ ကျွန်မတို့အနေနဲ့ တစ်ချို့ခြေလှမ်းတွေကို ယူနိုင်ဖို့ရာ ဒီဟာကိုလုပ်ဆောင်ဖို့အရေးကြီးပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ  လွှတ်ပေးရေးဟာ မြန်မာအစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်မှု၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီဖော်ဆောင်မှုဟာ ခက်ခဲတယ်ဆိုတာကို ကျွန်မတို့ နားလည်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို နားလည်ပါတယ်။ ဒါကို ကျွန်မတို့ ဒီနေ့ဆွေးနွေးရာမှာလည်း လွှတ်တော်ဥက္ကဋ္ဌတွေနဲ့အပြင် သမ္မတနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။  အခုလိုအကျဉ်းသားတွေ လွှတ်ပေးရေးကိုလည်း မကြာမီအနာဂတ်အတွင်းမှာ ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။

ကျွန်မအနေနဲ့ တရားဝင်ပြောကြား လိုတာကတော့ ဒီနေ့ ကျွန်မလာရောက်တဲ့ ခရီးစဉ်ဟာ နှစ်နှစ် တာကာလအတွင်း ကျွန်မတို့ လုပ်ဆောင်ချက်တွေကို ပြန်ပြောင်းတာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ မြန်မာနိုင်ငံကို သွားရောက်တာ အနည်းဆုံး အကြိမ်နှစ်ဆယ် ရှိပါတယ်။ သူတို့တွေရဲ့ ကြိုးပမ်းမှုလည်း ပါပါတယ်။  ကျွန်မတို့အနေနဲ့ ၂၀ဝ၉ခုနှစ်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒကို  ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ အပြောင်းအလဲကို မြင်လိုပါတယ်။ အထူးသဖြင့် လူထုအားလုံးအတွက်ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကိုရောက်ရှိဖို့အတွက် ကျွန်မတို့ ကြိုးပမ်းနေပါတယ်။  နောက်ဆုံးဒီဆုံးဖြတ်ချက်ရရှိတဲ့အထိ ရောက်အောင်လည်း ကျွန်မတို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

မြန်မာသမ္မတနဲ့ဆွေးနွေးခဲ့ရာမှာ  ပြီးခဲ့တဲ့ ခြေလှမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီခြေလှမ်းတွေဟာ စစ်မှန်ဖို့အရေးကြီးပါတယ်။ ဒါ့အပြင် ကျွန်မတို့အနေနဲ့ တိုင်းရင်းသား လူနည်းစုတွေ၊ နိုင်ငံရဲ့အတိုက်အခံအုပ်စုတွေနဲ့ ဆွေးနွေးပြီးတော့ အားလုံးအာမခံချက်ရရှိဖို့ကို ကျွန်မတို့ ကြိုးစားမှာဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့အဆင်သင့် မဖြစ်သေးပါဘူး။  လက်ရှိကျင့်သုံးနေတဲ့မူဝါဒကို  ပြုပြင်ပြောင်းလဲဖို့က လေ့လာရဦးမှာ  ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အစိုးရရဲ့ခြေလှမ်းတွေကို သေချာစွာ လေ့လာပြီးတော့ ကျွန်မအနေနဲ့ တုန့်ပြန်မှာဖြစ်ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို စဉ်းစားပေးမှာ ဖြစ်ပါတယ်။ ဒါဟာ အပြောပဲ မဟုတ်ဘဲနဲ့ လက်တွေ့ ဖော်ဆောင်ဖို့ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို အကဲဖြတ်လေ့လာပြီးတော့ ကျွန်မတို့အနေနဲ့ ဘက်စုံကနေပြီးတော့ ကြိုးပမ်းပြီးတော့ ဒီပြုပြင်ပြောင်းလဲမှုများကို လေ့လာမှာဖြစ်ပါတယ်။
တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အကောင်းမြင်
ကျွန်မတို့ အစိုးရသစ်နဲ့ ဆွေးနွေးညှိနှိုင်းမှု တစ်လျှောက်လုံး အပြုသဘောဆောင်တဲ့ အပြောင်းအလဲ တွေမြင်ဖို့ပါ။ ဆယ်စုနှစ်တစ်ခု ကြာလောက်ကစပြီး နိုင်ငံရေး ကုလားဖန်ထိုးသူတွေရဲ့ ပုံဖော်မှုကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့ ဝမ်းနည်းစရာ ကောင်းလှတဲ့ ဆက်ဆံရေး သမိုင်းကိုလည်း နိုင်ငံတကာကများစွာ စိတ်ဝင်စားစေခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အပြောင်းအလဲတွေ ဖြစ်နေခဲ့ပြီးဖြစ်သလို ပြောင်းလဲမှုတွေ ဖြစ်နေတယ်လို့လဲ ပြောလို့ရတယ်။ ကျွန်မတို့ဟာ နိုင်ငံတိုင်းကို ပဋိပက္ခတွေကိုသာ ဖြစ်ပွားစေတဲ့နိုင်ငံတော့ မဟုတ်ပါဘူး။ ထောက်ပံ့မှုကိုသာ ပေးရုံသက်သက်ပါ။ အမြဲတမ်းလိုလို တရုတ်နဲ့ အာရှ-ပစိဖိတ်ဒေသအရေး ဆွေးနွေးတိုင်းလည်း မြန်မာ့အရေးကို အမြဲပါဝင် ထည့်သွင်းပြောကြားမြဲပါ။ အခုအစိုးရသစ်နဲ့ သီခြားတွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း မြန်မာ့အရေးကို အပြုသဘောဆောင်တဲ့ ဆက်ဆံရေးနဲ့ တည်ဆောက်နေကြတဲ့ တရုတ်အပါအဝင် အခြားအိမ်နီးချင်းနိုင်ငံတွေက စိတ်ဝင်စားတယ်ဆိုတာ အများကြီးကို ကြိုဆိုပါတယ်။ ကျွန်မတို့ စဉ်စားတယ်။ တရုတ်နိုင်ငံက စိတ်ဝင်စားရင် ကျန်တဲ့ နိုင်ငံတွေလည်း စိတ်ဝင်စားမှာပဲ။ ကျွန်မထင်ပါတယ်။ တစ်ဦးတည်းနဲ့ သူငယ်ချင်း ဖြစ်တာထက် သူငယ်ချင်း မိတ်ဆွေ အများကြီးရှိနေတဲ့အခါ ဘယ်လိုပဲ ယှဉ်ပြိုင်မှုတွေရှိနေပါစေ အကျိုးဖြစ်ထွန်းတာ ဒီနိုင်ငံပါပဲလို့ မြင်ပါတယ်။
ရလဒ်ကောင်းမျှော်လင့်
ဒီနေ့လို အစိုးရသစ်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုအရ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရှိနေပြီ ဆိုတာတွေ့ခဲ့တယ်။ ပြီးတော့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေအတွက် လိုအပ်တဲ့အဆင့်တွေကို ဆောင်ရွက်နိုင်ဖို့ အမေရိကန်နိုင်ငံကိုယ်စား ကျွန်မက မျှော်လင့်ပါတယ်။ ဒီမှာ ထပ်ပြီးဖြေရှင်းရမယ့် အဆင့်တွေဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ နိုင်ငံရေးအကျဉ်းသား ထောင်ကျော် ကျန်ရှိနေသေးတဲ့ကိစ္စ၊ တိုင်းရင်းသားအရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကိစ္စတွေမှာ ဘယ်လောက်အထိဖြစ်လာမလဲဆိုတာ ကျွန်မတို့မျှော်လင့်ထားပါတယ်။
Ref: EMG

Thursday, 1 December 2011

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိ

b35_10
ယနေ့ညနေ ၄နာရီခွဲခန့်တွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို တွေ့ရစဉ်
  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၃၀ရက်နေ့ ညနေ လေးနာရီ မိနစ်၃၀အချိန်က အမေရိကန်လေယာဉ် ၈၀၀၀၂ ဖြင့် မြန်မာနိုင်ငံ၊ နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်။
နှစ်ပေါင်း ၅၆နှစ်တာကာလအတွင်း သမိုင်းဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို နေပြည်တော်လေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်က ကြိုဆိုခဲ့ပါသည်။ထို နောက် ဟီလာရီကလင်တန်နှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ခေတ္တတည်းခိုမည့် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြ ပါသည်။  
ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်မှာ သုံးရက်ကြာမြင့်မည် ဖြစ်ပြီး နိုဝင်ဘာလ ၃၀ရက်နေ့မှ ဒီဇင်ဘာလ၂ရက်နေ့ အထိ လာရောက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအစီအစဉ်အရ ဒီဇင်ဘာလ ၁ရက်နေ့တွင် ဟီလာရီကလင်တန်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံမည်ဖြစ်ပါသည်။ ထို့နောက် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် နေ ပြည်တော်မှ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါသည်။
b35_10_2
နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့် ကြိုဆိုနှုတ်ဆက်
ဟီလာရီကလင်တန်နှင့်အတူ မြန်မာနိုင်ငံသို့ သုံးကြိမ်တိုင်လာရောက်ခဲ့ဖူးသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ်နှင့် မြန်မာနိုင်ငံသို့ တစ်ကြိမ်လာရောက်ခဲ့ဖူးသော အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာတို့ လိုက်ပါလာကြောင်း သိရပါသည်။  အမေရိကန်ကိုယ်စားလှယ် အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနှင့်အမေရိကန် နှစ်နိုင်ငံကြား သမိုင်းနှစ်ပေါင်းများစွာကရှိခဲ့သည့် သံတမန်ဆက်ဆံရေးကို အခြေခံပြီး ပြန်လည်ထိတွေ့ ဆက်ဆံမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ 
ခရီးစဉ်ကာလအတွင်း မြန်မာ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ရာ၌ နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ တိုင်းရင်းသားအရေးကိစ္စများနှင့် နျူ ကလီးယားဆိုင်ရာကိစ္စရပ်များကို ဟီ လာရီကလင်တန်က ဆွေးနွေးသွား ဖွယ်ရှိကြောင်း သိရပါသည်။  ထို့အပြင် အမေရိကန် သမ္မတ ဘားရက်အိုဘားမား အစိုးရအဖွဲ့၏ အာရှဆိုင်ရာ ပထ၀ီနိုင်ငံရေးအပေါ် ပြန်လည်အာရုံစိုက်မှုကို အဓိကထား ဦးတည်သွားမည့် ခရီးစဉ် အစိတ်အပိုင်း တစ်ရပ်လည်းဖြစ်ပြီး မြန်မာ- အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေး တိုး မြှင့်မှုများအတွက် သံတမန်ရေးကျကျ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ 
အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဝေဖန်မှုပြုလုပ်ခဲ့ သော်လည်း လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကို အသိအမှတ်ပြုသော အားဖြင့် အမေရိကန် သမ္မတ ဘားရတ်အိုဘားမား က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ခြင်းဖြစ်ပါသည်။  သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၈ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီ၌ ပြုလုပ်ခဲ့သော တတိယအကြိမ် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ မြန်မာနိုင်ငံနှင့်ပတ်သက်သော သီးခြားထုတ်ပြန်ချက်တစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ် ရန် အတည်ပြု ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ 
ဟီလာရီကလင်တန်သည် ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ဖြစ်ပါသည်။
Ref:EMG

Wednesday, 30 November 2011

ထိပ်တန်း အတွေးအခေါ်ရှင် များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ဝါရှင်တန်အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမား ၁၀၀ ရွေးချယ်ရာတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်သည်။
“အာဏာရှင်အုပ်ချုပ်မှုအောက်မှ မြန်မာပြည် ရုန်းထွက်နိုင်ပြီ ဆိုပါက ထိုဖြစ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအရ ပါးနပ်လိမ္မာမှု နှင့် ကြံ့ကြံ့ခံရပ်တည်လှုပ်ရှားမှုကြောင့် ဖြစ်ပေလိမ့်မည်” ဟု ယခုလထုတ် Foreign Policy မဂ္ဂဇင်းတွင် ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို မဂ္ဂဇင်း၏ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများစာရင်း အမှတ်စဉ် ၃၁ တွင် တွေ့ရသည်။
အာရပ်နွေဦးတော်လှန်ရေး ခေါင်းဆောင်များဖြစ်သည့် အီဂျစ်နိုင်ငံမှ Mohamed ElBaradei and Wael Ghonim တို့ကို အမှတ်စဉ် ၁ တွင် ဖော်ပြထားသည်။ အမေရိကန် သမ္မတ အိုဘားမားက အမှတ်စဉ် ၁၁ တွင် ရှိနေသည်။
Foreign Policy မဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် အနှစ် ၂၀ ကျော် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ထိုကာလအတွင်း ထိန်းသိမ်းခံရသည့် ကာလ ၁၅ နှစ် ရှိခဲ့သည်ဟု ရေးထားသည်။
ယမန်နှစ်က အချုပ်အနှောင်မှ ပြန်လွတ်လာသော်လည်း ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း၊ နှစ် ၅၀ နီးပါး စစ်အုပ်ချုပ်မှုအောက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရှေ့သို့ တက်လှမ်းနေပုံ ရှိကြောင်း ဖော်ပြထားသည်။
အစိုးရသစ်၏ သမ္မတ ဦးသိန်းစိန်သည် စာနယ်ဇင်းချုပ်ကိုင်မှုများ ဖြေလျှော့ပေးခဲ့ပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ကြောင်းလည်း Foreign Policy မဂ္ဂဇင်းက မှတ်ချက်ပြုထားသည်။

Tuesday, 29 November 2011

“လမင်းပြည့်သာ ဇာတိရွာ”

ဇာတိကျေးရွာ
ဖယ်ကြဉ်ခွာ
ဆယ်နှစ်မက ကြာခဲ့ပြီ။

နီးလျှက်နဲ့  ဝေး
ဝမ်းစာရေး
ချက်မြှုပ်မြေနဲ့  စိမ်းရသည်။

မြို့ ပြရင်ခွင်
လပြည့်လျှင်
ရင်မှာဆို့ တက် လွမ်းလှသည်။

လမင်းပြည့်လျှံ
သောသောညံ
ပူပန်မရှိ ပျော်ခဲ့သည်။

ပလွေကိုမှုတ်
ကိုဖိုးတုတ်
ငုတ်တုတ်ထိုင်ကာရင်ဖွင့်သည်။

ကလေးနှင့်ခွေး
အတူပြေး
ကောက်လှိုင်းဘေးမှာ ပျော်ကြသည်။

လူကြီးတစ်သိုက်
ဝိုင်းဖွဲ့ လိုက်
စကားအသိုက် စည်ကြသည်။

ပျိုမေတစ်သိုက်
ထုပ်စည်းလိုက်
ချွေးပြိုက်ပြိုက်ပင် ရွှဲတော့သည်။

ချက်အရက်ဆိုင်
စကားမြိုင်
လမင်းနိုင်နိုင် ပြုံးတော့သည်။

ဆွဲလည်းသံမွှေး
စေတီဘေး
ကိုရင်လေးတို့  ပျော်ကြသည်။

ညဥ့်နက်လွန်လေ
ဝင်းထိန်ပေ
လမင်းလှလှ ပြုံးပြသည်။

ပြုံးရယ်ခဏ
သင်္ခါရ
တရားနဲ့ သာ ဖြေရသည်။

ဇာတိကျေးရွာ
ဖယ်ချန်ခွာ
ဆယ်နှစ်မက ကြာခဲ့ပြီ။ ။

တစ်ကောင်ဘွား (ညောင်ရမ်း)

Ref

mwrn ရေဘေးကူညီ ထောင့်ပံ့ရေး


ထိုင်းနိုင်ပိုင် အလုပ်သမားသမဂ္ဂများအဖွဲ့နှင့် ရွှေ့ပြောင်းအလုပ်သမားအတွက်အခွင့်ရေးကွန်ယက်အဖွဲ့တို့ ပူးပေါင်းကာကထုပင်မြို့ အုံးနွဲ့ စိုင် 5 ဒေသတွင် ဆန် မာမာ့ ရေသန့် ဆပ်ပြာ စသည်တို့ထည့်ထားသော ပစ္စည်းအထုပ်ပေါင်း ၃၃၃ ထုပ်အား 27 11 2011 တွင်သွားရောက်လှူဒါန်းကြသည်။

အိမ်ပေါ်သို့ပစ္စည်းများတင်နေပုံ


mwrn ဥက္ကဌ ဦးအောင်ကျော်မှ ပစ္စည်းထုပ်လှူဒါန်းနေပုံ
အပြန်ခရီး
     


   

 

 

Monday, 28 November 2011

ရေဘေးကူညီနေပုံ

27.11.2011 ထိုင်းနိုင်ငံ ပိုင်အလုပ်သမားးသမဂ္ဂများအဖွဲ့နှင့် ရွှေ့ပြောင်းအလုပ်သမားအတွက်အခွင့်အရေးကွန်ယက် MWRN
တို့ပူးပေါင်းကာ ရေဘေးသက်နေသော မြန်မာအလုပ်သမားများထံဆန် ဆီ စသော ပစ္စည်းများအာ သွားရောက် လှူဒါန်းနေသော ဓါန်ပုံများ
ဒီလိုလှေကလေးနှင့်ပျော်စရာလေးနော်
Add caption

ကိုင်း......... လုပ်ချလိုက်ပြီ ဒို့လူတွေကတော့

ကိုင်း.... ဘယ်လိုလုပ်ကြမလဲ။
အရှေ့တောင်အာရှအားကစားအလံကို မြန်မာကတော့ ကိုကြီးကျော်သီချင်းနဲ့ကြိုသွားပါပြီ...။
မြန်မာ့ Music မြန်မာ့အပျိုတော်အက ကိုကြီးကျော်သီချင်းနှင့် အားကစားအလံ..... အင်း...ရသကတော့ ပေါင်မုန့်ကို ငပိရည်ဆန်းစားရသလိုပါ့။ ဒီပုံကိုကြည့်ခြင်းအားဖြင့် လာမည့် ၂၀၁၄ အာဆီယံဥက္ကဌမြန်မာက ကျဉ်းပပေးမယ့် အရှေ့တောင်အာရှဆိုင်ရာ အစည်းအဝေး ၆၀၀ ၀န်းကျင်ကိုလည်း စည်တော်ယွန်း၊ ရေကင်းဗျော၊ နှဲတော်နှင့် ၀င်းခင်းလို့ ကြိုဆိုကျင်းပမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲလို့ ကြိုမြင်မိပါတယ်။ ဘာဘဲဖြစ်ဖြစ် ပြည်ထောင်စုသီချင်းကိုဆိုပြီး ပြည်ထောင်စု မောင်မယ်တို့ လက်တွဲညီညီအကကိုကြည့်ရတာတော့ မျက်ရည်လည်းဝဲ ကိုယ့်ပြည်ကို အသဲထဲက ဘယ်လောက်အထိချစ်တယ်ဆိုတာ အဲဒီမှဗူးပေါ်သလို ပေါ်တာဗျိုး။

ဗုဒ္ဓစွယ်တော်ကို ဖူးမြော်ရန် တန်းစီနေသူများ

 ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။
ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။

 ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။
ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။
Ref: မဇ္ဈိမ

Sunday, 27 November 2011

မြောင်းထဲသို့ သွန်ပစ်လိုက်သည့် အစားအသောက်များမှ ဆီများအားစစ်ယူကာ ဟင်းချက်ဆီအဖြစ် ပြန်ရောင်း...

တရုတ်နိုင်ငံတွင် စားသောက်ဆိုင်များ၊ အိမ်များမှ ရောင်းမကုန်စားမကုန်၍ မြောင်းအတွင်းစွန့် ပစ်ထား
သည့် စားကြွင်းစားကျန်များမှ ဆီများအားစစ်ယူခပ်ထုတ်ကာဟင်းချက်ဆီအဖြစ်ပြန်လည်ရောင်းချသည့် သ
တင်းတစ်ပုဒ်ကို လွန်ခဲ့ သည့် သီတင်းပတ်က ဒူဘိုင်းထုတ်နေ့ စဉ်သတင်းစာတွင် ဖတ်ရှုမိခဲ့ ရာမှ ကာလအ
တန်ကြာက ဖတ်ရှုခဲ့ ရပြီးဘာသာမပြန်ရသေးသည့် သတင်းတစ်ပုဒ်အား ပြန်ဆိုတင်ပြလိုက်ပါသည်...
နောက်ဆက်တွဲအနေဖြင့် ထိုသို့ ကျန်းမာရေးနှင့် မညီညွတ်သည့် ဆီများအားထုတ်လုပ်သည့် သတင်းအား
စုံစမ်းဖော်ထုတ်သည့် သတင်းထောက်အား အဆိုပါ လုပ်ငန်းရှင်ဟုယူဆရသူက ဓါးဖြင့် ထိုးသတ်လိုက်
သည့် အကြောင်းကိုပါ လွန်ခဲ့ သည့် သုံးရက်ခန့် က သတင်းစာတွင်ထပ်မံဖော်ပြခဲ့ ပါတယ်...

ဒါကြောင့် တရုတ်နိုင်ငံမှစားသုံးဆီများမြန်မာပြည်ဈေးကွက်သို့ ဝင်ရောက်နေသည်ဟုမကြားသိရသော်
လည်း ထိုကဲ့ သို့ မသန့် ရှင်းသောဆီများဖြင့် ကြော်လှော်ထုတ်လုပ်နိုင်ဖွယ်ရှိသည့် ကလေးသူငယ်များအ
ကြိုက် အသင့် စားသုံးနိုင်သည့် ဆီကြော်မုန့် များ ( အာလူးကြော်၊ ငါးမုန်ကြော် အစရှိသည်ဖြင့် ) ကတော့ 
ရွှေပြည်ကြီး၏ကျောင်းများ၊ ရပ်ကွက်ဈေးဆိုင်များ၊ ဆူပါမါးကက်၊ မီနီမါးကက် များတွင် ရောင်းချနေသည်က
တော့ အသေအချာမို့ နိုင်ငံ၏အနာဂတ်ရင်သွေးလေးများအတွက် သတိပြုမိစေရန်တင်ပြအပ်ပါတယ်...
 အပြင်မှာတော့ ဒီလိုလှလှပပလေးတွေထုတ်ပြီး အထဲကအစားအစာတွေကတော့ 
မသန့် တဲ့ ဆီတွေနဲ့ ကြော်ထားလျှင်...
( ဓါတ်ပုံကိုနမူနာအဖြင့် ပြသရန် ရည်ရွယ်ပါတယ်...အမှန်တကယ်ထိုတံဆိပ်မဟုတ်ပါ...)
( အကောင်းဆုံးကတော့ ကျန်းမာရေးဝန်ကြီးဌာန၊ စားသောက်ကုန်ကြီးကြပ်စိစစ်ရေးဆိုင်ရာ ခွင့် ပြုချက်မ
ပါသည့် မည်သည့် အသင့် စားသုံးနိုင်သည့် ဆီကြော်မုန့် မျိုးကိုမဆို ရောင်းချခွင့် မပြုသင့် ပါဘူး...)
ဒီ ဒူဘိုင်းနဲ့ ယူအေအီးမှာတော့ မူလတန်းကျောင်းများမှာ ( Junk Food ) လို့ ခေါ်တဲ့ အသင့် စားသုံးနိုင်
သည့် အဟာရမဖြစ်သောမည်သည့် မုန့် ကိုမဆိုရောင်းချခွင့် မပြုပါဘူး...
 စီးပွားရေးအရတွက်ခြေကိုက်ဖို့ အဓိကပဲ...ဘယ်သူတွေဒုက္ခရောက်ရောက် " ၀ " တို့ ကတော့ မမှုဘူးပဲ...

အကြော်ခံဆီ၊ ဟင်းချက်ဆီ ဆိုသည်ကား စားသောက်ဆိုင်များ၊ အိမ်များမှ ရောင်းမကုန်၊ စားမကုန်၍သွန်
ပစ်လိုက်သည့် အစားအသောက်အကြွင်းအကျန်များတွင်ပါဝင်သည့် ဆီအား စစ်ထုတ်ခပ်ယူထားသည့် ဆီ
ကိုခေါ်ပါတယ်...
တစ်နည်းအားဖြင့် ဆိုလျှင် စားသောက်ဆိုင်များမှ အမှိုက်များစွန့် ပြစ်သည့် မြောင်း၊ ပိုက်များအတွင်းမှ စစ်
ယူထားသည့် ဆီပင်....

ပုံမှန်အားဖြင့် ဆိုလျှင် အဆိုပါစားကြွင်းစားကျန်များအား ၀က်စာအဖြစ်အသုံးပြုကာဝက်များအားကျွေးရန်
ဖြစ်သော်လည်း တရုတ်နိုင်ငံမှ လူစိတ်မရှိသူ၊ ကိုယ်ကျင့် တရားကင်းမဲ့ သည့် လူ့ တိရိစ္ဆာန်များက အဆိုပါ
စားကြွင်းစားကျန်များမှ ဆီများကိုစစ်ယူခပ်ထုတ်ကာ ဟင်းချက်ဆီအဖြစ်ဈေးနှုံးချိုသာစွာ ပြန်လည်ရောင်း
ချလေ့ ရှိကြတာဖြစ်ပါတယ်...

အလကားရတဲ့ ဆီမို့ ရောင်းတန်းဝင်ဆီသန့် များထက်စာလျှင်တော့ ဈေးအပုံကြီးသက်သာပါတယ်...

ဒီထက်ပိုပြီးစိုးရိမ်ထိတ်လန့် ဖို့ ကောင်းတာကတော့ လမ်းဘေးအကြော်သည်များ၊ ကလေးငယ်များအကြိုက်
အသင့် စားသုံးနိုင်သည့် အာလူးကြော်၊ ငါးမုန့် ကြော်စသည့် တရုတ်ပြည်မှလာသော မုန့် ထုတ်များအနေ
ဖြင့် ထုတ်လုပ်ရောင်းချသူများက ကုန်ကျစားရိတ်သက်သာအောင် အဆိုပါ ဆီညံ့ များအားသုံးစွဲထားနိုင်
တာပဲဖြစ်ပါတယ်...

တရုတ်နိုင်ငံ၊ ၀ူဟန်းမြို့ တော်မှ လူယုတ်မာစီးပွားရေးသမားတစ်ဦးကတော့ အကြော်ခံစစ်ထုတ်ဆီဟာ
စားသုံးရန်သင့် တော်ပါတယ် ( ဘေးအန္တရယ်မရှိပါဘူး ) လို့ ပင်အာမခံလိုက်ပါသေးတယ်...
ထိုကိစ္စကိုလွန်ခဲ့ သည့် ၂၀၀၉ ခုနှစ်ကတည်းကပင် တရုတ်နိုင်ငံတွင် တွေ့ ရှိဖော်ထုတ်နိုင်ခဲ့ ပါတယ်...
ထိုသို့ ဖော်ထုတ်တင်ပြနိုင်ခဲ့ မှုကြောင့် ဝူဟန်းမြို့ တော်အစိုးရနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ပြစ်
မှုကျူးလွန်သူများကို တစ်လကျော်ကြာစုံစမ်းဖော်ထုတ်ခဲ့ လို့ အညစ်အကြေးဆီ အမြောက်အများအား
တွေ့ ရှိသိမ်းဆည်းနိုင်ခဲ့ ပါတယ်....
သို့ သော် လူအများစိတ်ဝင်စားမှုလျော့ နည်းသွားချိန်တွင် အဆိုပါအညစ်အကြေးဆီများပြန်လည်ပေါ်
ထွက်လာလိမ့် မည်ဟု အများစုအနေဖြင့် မထင်မှတ်ထားခဲ့ ပေ...
လွန်ခဲ့ သည့် နှစ်စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်လျှို့ ဝှက်စုံစမ်းထောက်လှမ်းမှုကြောင့် 
ဟုန်ရှန်းဒေသတွင် အဆိုပါ ညစ်ညမ်းဆီ အမြောက်အများအားလျို့ ဝှက်စွာရောင်းချနေသည်ကိုတွေ့ ရှိ
ခဲ့ ရပြန်ပါတယ်...
စားသုံးတစ်ချို့ ကတော့ ထိုဆီကိစ္စဟာအထူးအဆန်းမဟုတ်ပဲအားလုံးသိရှိနေကြတာပဲလို့ ဆိုပါတယ်..


ကဲ ...ပေါက်ဖော်ကြီးတို့ တိုင်းပြည်ကလူစိတ်မရှိတဲ့ သူတစ်ချို့ ရဲ့ ဆီလုပ်ငန်းပုံများအားရှုစားကြပါကုန်...














တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်ကို ရာထူးက ဖယ်ရှား

မြန်မာစစ်အစိုးရ လက်ထက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တဦး ဖြစ်ခဲ့သူ ဒု-ဗိုလ်ချုပ်ကြီးဟောင်းခင်ဇော် ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း တနင်္သာရီ တိုင်းဒေသ ဝန်ကြီးချုပ် ဦးခင်ဇော် ဖြစ်လာခဲ့ပြီး အာဏာ အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေနဲ့ ရာထူးက ဖယ်ရှားခံလိုက်ရပြီလို့ သိရပါတယ်။
အရင်က မန္တလေးတိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဝန်ကြီးချုပ် ဦးခင်ဇော်ဟာ ဆန်စပါး အထွက်နည်းတဲ့ တနင်္သာရီတိုင်းကို ဆန်တင်ပို့ခွင့် ပါမစ် ထုတ်ပေးရာမှာ မန္တလေးမြို့ အခြေစိုက် ‘အောင်မြင်သူ’ ကုမ္ပဏီ တခုတည်းကိုသာ နယ်ကျော် တင်သွင်းခွင့် ပေးထားတာကြောင့် မြိတ်၊ ထားဝယ်၊ ကော့သောင် ဒေသက ဆန်ကုန်သည်တွေ ဆန်ဖြန့်ဖြူးရာမှာ အခက်ကြုံရသလို တနင်္သာရီတိုင်း ဒေသခံ ပြည်သူတွေလည်း ဆန်ကို ဈေးကြီးပေး ဝယ်စားနေရတယ်လို့ ဒေသခံ ကုန်သည်တွေက RFA ကို ပြောပါတယ်။

ဒါ့အပြင် ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ တခြား ကဏ္ဍတွေမှာလည်း အာဏာကို အသုံးပြုပြီး လက်ဝါးကြီးအုပ် လုပ်ကိုင်နေတာကြောင့် ဒါကို မကျေနပ်ကြတဲ့ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက နေပြည်တော်ကို တိုင်ကြားရာက အခုလို ရာထူးက အဖယ်ရှားခံရကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးခင်ဇော်နဲ့ နီးစပ်တဲ့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေကို ဆက်သွယ်မေးမြန်းပြီး ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
Ref: RFA

အာဏာရှင်ဟောင်း ဦးသန်းရွှေ “အမှန်တကယ် အနားယူပါပြီ”

ဦးသန်းရွှေသည် အုပ်ချုပ်ရေးရာထူးတွင် မရှိတော့ကြောင်း မြန်မာ ထိပ်တန်း ခေါင်းဆောင်တဦးက သောကြာနေ့တွင်ပြောလိုက်သည်။
“ဗိုလ်ချုပ်မှူးကြီးက အမှန်တကယ် အနားယူပါပြီ” ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့တွင် သတင်းထောက်များကို ပြောသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနှစ် ၂ ခုကြာ ဖိနှိပ်၊ အကျဉ်းချခဲ့ပြီးနောက် ဦးသန်းရွှေက မြန်မာစစ်တပ် အကြီးအကဲအဖြစ်မှ အနားယူလိုက်သည်။
ပြီးခဲ့သည့် မတ်လက စစ်ကောင်စီကို ဖျက်သိမ်းလိုက်သည်။ ထိုအချိန်မှစပြီး အစိုးရသတင်းစာမျက်နှာဖုံးတွင် ဖော်ပြခံရလေ့ရှိသော ဗိုလ်ချုပ်မှူးကြီးကို မတွေ့မြင်ရတော့ခြင်းဖြစ်သည်။
ကြာသပတေးနေ့ထုတ် သတင်းစာများတွင် ရန်ကုန်မြို့ရောက် မြတ်စွယ်တော်အတွက် ဦးသန်းရွှေ အလှူအတန်းလုပ်ကြောင်း ဖော်ပြထားသည်။ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့အမည်ကို သတင်းစာတွင် တွေ့ရခြင်းဖြစ်သည်။
သူကိုယ်တိုင် မြတ်စွယ်တော်ကို သွားရောက် ဖူးမျှော်ခြင်းဖြစ်ကြောင်း သတင်းစာတွင် ရေးထားခြင်းမရှိသည့်အပြင် သူ၏ ဓာတ်ပုံလည်း ပါဝင်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရ ပေါ်ပေါက်လာသော်လည်း မထင်မရှား နေထိုင်နေသည့် ဦးသန်းရွှေက လက်ရှိအစိုးရကို ချုပ်ကိုင်ထားဆဲဖြစ်သည်ဟု အများအပြားက ယူဆနေကြသည်။
သူရဦးရွှေမန်းကမူ အသက် ၇၈ နှစ် ရှိပြီဖြစ်သည့် ဦးသန်းရွှေသည်
စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီတွင်ပင် “အမှန်တကယ်” ပါဝင် ပတ်သက်ခြင်း မရှိတော့ဟု ဆိုသည်။ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲတွင် မဲအများဆုံး ရခဲ့သည်။
“ထပ်ပြီး ရှင်းရှင်း ပြောရရင် ဗိုလ်ချုပ်မှူးကြီးက ပါတီမှာရော၊ အစိုးရအဖွဲ့မှာရော၊ ကျနော်တို့ လွှတ်တော်မှာရော အမှန်တကယ် ပါဝင် ပတ်သက်ခြင်း မရှိတော့ပါဘူး” ဟု သူက ပြောသည်။
ဦးသန်းရွှေသည် ရွေးကောက်ပွဲအပြီးတွင် အစိုးရအပေါ် တစုံတရာ သြဇာလွှမ်းမိုးမှု ရှိနေသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။
ဦးသန်းရွှေသည် ရာထူးမှ အနားယူပါက အန္တရာယ်ရှိပုံကို သိရှိထားပြီးဖြစ်သည်။ သူက ယခင်အာဏာရှင်ဟောင်း ဦးနေ၀င်းကို ၂၀၀၂ ခုနှစ်က နေအိမ်အကျယ်ချုပ်ချခဲ့သည်။ ဦးနေ၀င်းမိသားစုဝင်တို့အား စစ်အစိုးရကို ဖြုတ်ချမှုဖြင့် အရေးယူအပြီး ထိုသို့ အကျယ်ချုပ်ချလိုက်ခြင်းဖြစ်သည်။
(AFP သတင်းကို မိုးမခက ဘာသာပြန်သည်။)

Saturday, 26 November 2011

NLD ပထမဆုံးအသုတ် ပါတီဝင် ၁၀ သိန်း လက်ခံမည်

ချင်းမိုင် (မဇ္ဈိမ)။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင်ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူများက ပြောသည်။

ပါတီဝင် လျှောက်လွှာပုံစံများကို ပုံနှိပ်ရန် ပြင်ဆင်နေပြီဖြစ်ကာ လာမည့်အပတ်အတွင်း တိုင်းနှင့် ပြည်နယ် အားလုံးသို့ ဖြန့်ဝေသွားရန်ရှိသည်ဟု ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်မေဝင်းမြင့်က ပြောသည်။ လက်ရှိ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှအစ ပါတီဝင်လိုသူများအားလုံး လျှောက်လွှာတင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဒေါ်မေဝင်းမြင့်က ပြောသည်။

"လျှောက်လွှာတင်တယ်ဆိုတာ အန်တီတို့က အဟောင်းကို လုပ်တာမဟုတ်ဘူး၊ အန်တီတို့ကအစ ဒေါ်စုတို့က အစ ပါတီ လျှောက်လွှာအသစ်ကို ပြန်တင်ပြီးတော့ အန်တီတို့လျှောက်ရမှာ။" ဟု မဇ္ဈိမကိုပြောသည်။
dhome4
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတတေးသံရှင် ၅၀ ကျော်တို့ NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများ ရေးစပ် သီကုံးသွားနိုင်ရေး တိုင်ပင်ဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ပါတီဝင်လျှောက်လွှာပုံစံတွင် အသက်၊ ပညာအရည်အချင်း လူမျိုး၊ ဘာသာနှင့် နေရပ်လိပ်စာ တို့ပါဝင်မည်ဟုလည်း ပါတီထူထောင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။ NLD ၏ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီနေသူ တဦးဖြစ်သည့် ကဗျာဆရာ ကိုငြိမ်းသစ်က ပါတီဝင်များ၏ အရည်အချင်းသည် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့်ပင် လုံလောက်သည်ဟု သုံးသပ်သည်။

"သတ်မှတ်ထားတဲ့ အရည်အချင်းတော့ မရှိပါဘူး၊ တက်ကြွစွာ ရိုးသားစွာ ဒီမိုကရေစီအရေးမှာ ပူးပေါင်းပါဝင်မယ် ဆိုရင်ပဲ လုံလောက်ပါပြီ။ အဲဒီလောက်ဆိုရင်တော့ မည်သူမဆို ဝင်ခွင့်ရမှာပါပဲ။" ဟု ကိုငြိမ်းသစ်က မဇ္ဈိမကိုပြောသည်။

ပါတီဝင်လိုသူများအနေဖြင့် လျှောက်လွှာပြန်တင်ရမည် ဖြစ်သော်လည်း ပါတီဝင်ဟောင်းနှင့် ပါတီဝင်သစ် ခွဲခြားမည် မဟုတ်ဘဲ ပါတီဝင်အသစ်များသည်လည်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ရှိသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။

ကိုယ်စားလှယ်လောင်းများကို ဒေသံခံ၊ တိုင်းရင်းသား၊ အမျိုးသမီးနှင့် ပညာအရည်အချင်းတို့ကိုကြည့်ကာ ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

NLD အနေဖြင့် လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပြီဖြစ်ကာ ပြည်နယ်နှင့်တိုင်း
ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မရှင်များ ဖွဲ့စည်းရန်ပြင်ဆင်နေပြီဟု NLD တည်ထောင်သူများက ပြောသည်။

သောကြာနေ့တွင်လည်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီချင်းများစပ်ဆိုရေးသားသွားနိုင်ရန် အနုပညာရှင် ၅ဝ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသေးသည်။ တေးရေးဆရာတဦးဖြစ်သည့်
ကိုရဲလွင်က NLD အတွက် အကူအညီပေးသွားမည်ဟုလည်း မဇ္ဈိမကိုပြောသည်။

"ကျနော်ကတော့ NLD ပါတီဝင်မဟုတ်ပါဘူး၊ ဒါပေမယ့် အမေစုကို ကူညီမှာပဲလေ၊ သူ့ကိုတော့ ကျနော်က ယုံကြည်တာပဲ၊ သူကိုယ်တိုင်က လုပ်ပေးပါဆိုရင်တော့ ဖြစ်အောင်လုပ်ပေးမှာပဲ။" ဟု ကိုရဲလွင်က ပြောသည်။

Friday, 25 November 2011

ဘန်ကောက်သားတချို့ ဒေါသ ရေဆူမှတ် ရောက်လာပြီ

အာဏာပိုင်တွေက နဂိုရေဘေးစီမံခန့်ခွဲမှု အစီအစဉ်အတိုင်း ဆက်လုပ်ဖို့ ကြိုးစားနေတာကြောင့် ဘန်ကောက် တမြို့လုံး ကာလအတော်ကြာ ရေလွှမ်းနေတဲ့အပေါ် လူထုတွေက ဒေါသတကြီး ဆန့်ကျင်ကွက်ကုန်ကြပါတယ်။
ကန်ချနဖီဆက် လမ်းမအပြင်ပိုင်းကို ပိတ်ဆို့ထားတဲ့ ဘန့်ခယ်၊ ထားဝီ၀ပ်ထနာနဲ့ထာလင်းချန်း ခရိုင် လူထုက ရေဘေးစီမံ ခန့်ခွဲမှုအစီအစဉ်ကို ရှင်းရှင်းလင်းလင်း သိရဖို့ တောင်းဆိုနေစဉ်
အာဏာပိုင်တွေနဲ့ ရေလွှမ်းခံနေရတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေအကြား အငြင်းပွားမှုတွေဟာ ဆက်လက်ဖြစ်နေပြီး ရမ်အင်ထရာဒေသက လူတွေက ရမ်အင်ထရာလမ်းမကို ပိတ်ပစ်ဖို့ ခြိမ်းခြောက်တဲ့အထိ ဖြစ်လာနေပါတယ်။ ဖဟွန်ယို ထင်လမ်းမပေါ်၊ လမ်းဆုံမှာရှိတဲ့ ရေတားကို ဖြိုဖျက်ပစ်လိုက်တာဟာ သူတို့အိမ်ပတ်လည်မှာ ရေလွှမ်းမှုတွေ တိုးလာ မှာကို သူတို့က စိုးရိမ်ပူပန်နေကြပါတယ်။ အရာရှိတွေအနေနဲ့ စီစဉ်ထားတဲ့အတိုင်း ရေစီးရေလာ အာမခံဖို့ အတား အ ဆီးတွေကို ပိုကာကွယ်ပေးဖို့ လိုတယ်လို့ အမျိုးသားကပ်ဘေးသတိပေးဌာန၊ ညွှန်ကြားရေးမှူး ဆုမ်ဆက်ခေါက်ဆူဝမ်က ပြောပါတယ်။
“ရေတံတိုင်းတွေဖယ်ပစ်တာဟာ ရေလွှမ်းတဲ့အခြေအနေတွေကို မသက်သာစေပါဘူး၊ ဒါနဲ့ဆန့်ကျင်ဖက်ပဲ ရေတွေပြန့် သွားတဲ့အတွက် ရေဖောက်ထုတ်ဖို့ ပိုကြာမှာဖြစ်တယ်” လို့ ဆုမ်ဆက်က ပြောပါတယ်။ “လွှမ်းနေတဲ့ရေကို ထိန်းထား မယ်ဆိုရင် ကျနော်တို့အနေနဲ့ ရေစုပ်စက်တွေကို ဖြန့်ပေးနိုင်ပြီး ရေတွေကို ထိထိရောက်ရောက် ဖောက်ထုတ်နိုင်မှာ ဖြစ် တယ်”။ ဒါကြောင့် ရေလွှမ်းနေတဲ့ရပ်ကွက်တွေကလူတွေ ဒါကို အသေအချာနည်းလည်ဖို့ အရေးကြီးတယ်လို့ သူကပြော ပါတယ်။
လန်စစ်လမ်းမကြီးပေါ်က ရေတားတွေဖယ်ပေးဖို့  ရေဘေးကယ်ဆယ်ရေးစစ်ဆင်ရေးအမိန့်ပေးဌာနချုပ်ကို အသနားခံဖို့  ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆူလဖုန်ဆူဝေါင်လီးခေါင်းဆောင်တဲ့ ပထုမ်ဌာနီ၊ လမ်လုခ ရက်ကွက်သူရပ်ကွက်သားတွေက ပြင်ဆင်နေကြတယ်ဆိုတာ ကြားရအပြီး သူ့ရဲ့ မှတ်ချက်ချ ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က လန်စစ်တက္ကသိုလ် ပါမောက္ခချုပ်လည်းဖြစ်၊ အရင် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ အာသစ် က ၀ိဟာ ၀ဒီလမ်းကြီးနဲ့ ဒွန်မောန်လမ်းမကြီးကို ပိတ်ထားဖို့ အကြံပေးပါတယ်။
အစိုးရရေးဘေးစီမံခန့်ခွဲမှုအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေက ဘန်ကောက်၊ နွန်ဌာဘူရီနဲ့ ပထုမ်ဌာနီတို့မှာ ဒီတပတ် အ တွင်း ပြင်းထန်လာနေပါတယ်။ ဗုဒ္ဓဟူးနေ့က ရေမြောင်းတွေမြန်မြန်စီးရေး ရေဘေးကယ်ဆယ်ရေးစစ်ဆင်ရေး အမိန့်ပေး ဌာနချုပ်ကို ဖိအားပေးဖို့အတွက် လန်စစ်နဲ့ လမ်လုခါနယ်မြေက ရေဘေးဒဏ်ခံရတဲ့သူအတော်များများဟာ ဒင်ဒဲန်-ဒွန် မောန်လမ်းမကြီးရဲ့တစိတ်တပိုင်းကို ပိတ်ဆို့ထားကြပါတယ်။ မနေ့က ဘန်ကောက်က ထာဝီ၀ပ်ထနာခရိုင်၊ တာလင်းခ ရိုင်နဲ့ ဘန့်ခယ်ခရိုင်က လူ ၁၀၀ လောက်ဟာ ခလုန်ဘန့်ချွဲ့နန်း က ကန်ချနဖီဆက်လမ်းမပိုင်းကို ပိတ်ပစ်ပြီး မြို့တော် ခန်းမက ရေဘေးစီမံခန့်ခွဲမှု အစီအစဉ်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပေးဖို့ တောင်းဆိုကြပါတယ်။
မြို့တော်အုပ်ချုပ်ရေး အစီအစဉ်အရ ရေတွေကို ခလုန်ဘန့်ရာမတ်ဖက်ကို ဖောက်ထုတ်ပြီး ခလုန်ချာ့က်ဖရားနဲ့ ခလုန် ဘန်ကောက်ယိုင် ဘက်ကို လွှဲပစ်မှာ ဖြစ်ပါတယ်။ နောက် ၄၈ နာရီအတွင်း အခြေအနေတွေကို အနီးကပ် စောင့်ကြည့်ဖို့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးက ကတိပေးလိုက်ပါတယ်။
နိုဝင်ဘာ ၂၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ ရပ်နားရတော့မလား

အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော ပြည်ပအလုပ်အကိုင် အေဂျင်စီ အများစုမှာ စီးပွားရေး ကောင်းမွန်ခြင်းမရှိတော့ဘဲ တွက်ခြေမကိုက်ဖြစ်ကာ လုပ်ငန်းများရပ်နားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။
“အေဂျင်စီတွေ အတော်ကိုရုန်းကန်ရတယ်။ ပြည်ပနိုင်ငံတွေက လုပ်သားခေါ်တာတွေ နည်းလာတယ်။ မြန်မာနိုင်ငံက လူတွေက နိုင်ငံခြားသွား အလုပ်လုပ်ချင်ကြပေမယ့် အရင်းအနှီး မတတ်နိုင်ကြဘူး။ အေဂျင်စီ အနည်းဆုံး ၂၀ ကနေ
၃၀ လောက်အထိ ကုမ္ပဏီသက်တမ်း မတိုးဘဲ ဖျက်သိမ်းတာမျိုးတွေ ရှိလာနိုင်ပါတယ်” ဟု ကမာရွတ်မြို့နယ်မှ ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီပိုင်ရှင် တဦးက ဧရာဝတီသို့ ပြောသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီတွင် တွေ့ရသော တောင် ကိုရီးယားသွားမည့် သူများ (ဓာတ်ပုံ - Popular News)
မလေးရှား၊ စင်ကာပူ၊ ယူအေအီးအပါအ၀င် ပြည်ပနိုင်ငံများက အထွေထွေလုပ်သား ခေါ်ယူမှုနည်းပါးလာခြင်း၊ လုပ်သား အများစု စရိတ်မတတ်နိုင်ခြင်း၊ တောင်ကိုရီးယားနှင့် မြန်မာအစိုးရအကြား နားလည်မှု စာချွန်လွှာရေးထိုးပြီး မြန်မာ အလုပ်သမားများကို ၀န်ဆောင်ခ သက်သာစွာနှင့် လစာကောင်းမွန်သော တောင်ကိုရီးယားနိုင်ငံသို့ ပိုမို ပို့ဆောင်လာခြင်းတို့ ကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀၀ ကျော် ရှိသည့်အနက် အများစုမှာ စီးပွားရေး မကောင်းမွန်တော့ဘဲ ဆက်လက် ရပ်တည်ရန် အခက်အခဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။
ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီအများစုသည် မလေးရှားနိုင်ငံမှ အလုပ်သမားခေါ်ယူမှု အပေါ်တွင်သာ အဓိကထား အလုပ်လုပ်ကိုင် ခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး နှေးကွေးလာချိန်မှ စပြီး မလေးရှားနိုင်ငံမှ အလုပ်သမား ခေါ်ယူမှု တဖြည်းဖြည်း လျော့ကျလာခဲ့ကြောင်း၊ ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်များတွင် မလေးရှားနိုင်ငံမှ အလုပ်သမားခေါ်ယူမှု ရှိခဲ့ သော်လည်း သွားရောက်မည့်သူ နည်းပါးလွန်းသည့်အတွက် ၀န်ဆောင်ခအကြွေး စနစ်ဖြင့် မလေးရှား နိုင်ငံသို့ မြန်မာအလုပ်သမား ပို့ဆောင်မှု များပြားလာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်မူ မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်လာမှုနှင့် မလေးရှားနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တရားမ၀င် နေထိုင်သူများကို အလုပ်လုပ် ခွင့်ပြုလာခြင်းတို့ကြောင့် မလေးရှား သွားရောက်အလုပ်လုပ်လိုသူ မရှိသလောက် ရှားပါးလာကြောင်း သိရသည်။
“အရင် မလေး ၁ ရင်းဂစ်ကို မြန်မာငွေ ၃၀၀ ကျော်လောက်အထိ ရှိပေမယ့် အခုဆို ၂၄၀ နဲ့ ၂၅၀ ကြားမှာပဲရှိတယ်။ အရင်က တလကို ကျပ် ၁ သိန်းခွဲလောက် အိမ်ပြန်ပို့နိုင်ပေမယ့် အခုငွေဈေးနဲ့က တလကို ၁ သိန်းအောက်ပဲ အိမ်ပြန်ပို့နိုင်တယ်။နောက်ပြီး မလေးရှားမှာ တရားမ၀င်နေတဲ့သူတွေကို အလုပ်လုပ်ခွင့်ပြုလိုက်တော့ အလုပ်သမားခေါ်တာတွေ လုံးဝ ရပ်နေတယ်” ဟု ရှမ်းတောင်တန်း ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ ၀န်ထမ်းတဦးက ပြောသည်။
အလုပ်သမားဝန်ကြီးဌာနက မြန်မာအမျိုးသမီးများကို ပြည်ပနိုင်ငံများသို့ အလုပ်သမားအဖြစ် ပို့ဆောင်ခွင့်မရှိဟု ဆိုကာ
တင်းကျပ်မှုများ ပြုလုပ်နေခြင်းကလည်း ပြည်ပအလုပ်အကိုင် အေဂျင်စီများအတွက် အခက်အခဲဖြစ်စေကြောင်း သိရသည်။
“အထည်ချုပ်လို လုပ်ငန်းမျိုးတွေက အမျိုးသမီး ဦးစားပေးခေါ်တာများတယ်။ အခု အလုပ်သမားဝန်ကြီးဌာနက အမျိုးသမီး တွေကို နိုင်ငံရပ်ခြား အလုပ်သမားအဖြစ် ပို့တာမျိုး တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေတော့ အလုပ်ခေါ်စာရထားပြီးတဲ့ အမျိုးသမီးတွေ နိုင်ငံခြားထွက်ဖို့ မလွယ်ဘူးဖြစ်နေတယ်” ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီ ပိုင်ရှင် တဦးက
ဆိုသည်။
စင်ကာပူ အလုပ်အကိုင်များမှာ ကျွမ်းကျင်အလုပ်သမားများသာ အဓိက ခေါ်ယူပြီး ၀န်ဆောင်ခစရိတ် များပြား လွန်းသည့် အတွက် မြန်မာအလုပ်သမား အများစုမှာ မတတ်နိုင်ကြကြောင်း ကြားသိရသည်။
“စင်ကာပူမှာ အလုပ်မယ်ဆိုရင် ဂဟေဆော်၊ ပိုက်ဆက်၊ သံချည်သံကွေးလို သင်တန်းမျိုးတွေကို မြန်မာပြည်မှာ အရင် တက်ရမယ်။ အဲဒီအလုပ်သင်တန်းတွေက သင်တန်းကြေးချည်းပဲ ကျပ် ၂ သိန်းလောက် ကုန်တယ်။ သင်တန်းဆင်းပြီးရင်
အလုပ်ရှင်နဲ့ အင်တာဗျူးဖြေရတယ်။ အောင်မှ စင်ကာပူသွား အလုပ်လုပ်လို့ရတယ်။ စင်ကာပူသွားဖို့က အေဂျင်စီဝန်ဆောင်ခ တဦးကို အနည်းဆုံး ကျပ်သိန်း ၂၀ အထက်မှာရှိတယ်။ ဒီက အလုပ်သမားတွေက မတတ်နိုင်ကြဘူး” ဟု စင်ကာပူနိုင်ငံသို့
အလုပ်သမားပို့နေသော ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီပိုင်ရှင်တဦးက ပြောသည်။
စင်ကာပူနိုင်ငံမှ အလုပ်ခေါ်စာများ ရရှိနေသော်လည်း သွားရောက်လိုသည့် အလုပ်သမား ရှားပါးလွန်းသည့် အတွက် အေဂျင်စီများ အခက်အခဲဖြစ်ရသည်။
ယူအေအီးအပါအ၀င် အရှေ့အလယ်အပိုင်းဒေသမှ အလုပ်သမားခေါ်ယူမှု တချို့ရှိသော်လည်း ယဉ်ကျေးမှု၊ ရေမြေသဘာဝ မတူညီသော ယင်းဒေသများသို့ မြန်မာအများစု သွားရောက်အလုပ်မလုပ်လိုကြကြောင်း၊ သွားရောက် အလုပ်လုပ်ကိုင်သော
မြန်မာအလုပ်သမားများမှာလည်း အဆင်မပြေသဖြင့် အများစုမှာ မိခင်ဌာနေနိုင်ငံသို့ ပြန်လာကြကြောင်း သိရသည်။
မြန်မာအစိုးရနှင့် တောင်ကိုရီးယား အစိုးရတို့အကြား နားလည်မှုစာချွန်လွှာရေးထိုးပြီး EPS (Empolyment Permit System) အရ မြန်မာအလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမား ၀န်ကြီးဌာနက ပို့ဆောင်ပေးလျက်ရှိနေရာ တောင် ကိုရီးယား နိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် မြန်မာလူငယ် သောင်းဂဏန်းနှင့်ချီ၍ ကြိတ်ကြိတ်တိုး လျှောက်ထားမှု ရှိနေသည်ကို တွေ့ရသည်။
မြန်မာလူငယ်များသည် စင်ကာပူ၊ မလေးရှား၊ ယူအေအီး အလုပ်အကိုင်များကို စိတ်မ၀င်စား ကြတော့ဘဲ တောင်ကိုရီးယား အလုပ်အကိုင်ကိုသာ အဓိက စိတ်ဝင်စားနေကြဟု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
တောင်ကိုရီးယား အလုပ်အကိုင်သည် အစိုးရအချင်းချင်း (Government to Government) ဆောင်ရွက်သည့် အစီအစဉ် ဖြစ်သောကြောင့် မြန်မာအလုပ်သမား တဦးလျှင် တောင်ကိုရီးယားသွားရန် စရိတ် ကျပ် ၈ သိန်းသာ ပေးသွင်းရကြောင်း၊
တောင်ကိုရီးယား ရောက်လျှင် တလ ကျပ် ၉ သိန်းနှင့် ၁၀ သိန်းအကြား ရရှိနိုင်ခြင်းတို့ကြောင့် လူငယ်အများစု စိတ်ဝင်စားကြ ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကိုရီးယား သွားဖို့ဆိုရင် ကိုရီးယားအရည်အချင်းစစ် စာမေးပွဲဖြေရမယ်။ အောင်ရင် ကိုရီးယား အလုပ်ရှင်တွေဆီ
အလုပ်သမားရဲ့ ကိုယ်ရေးအကျဉ်း ပို့ပေးမယ်။ အလုပ်ရှင်ကြိုက်လို့ ခေါ်ရင် သွားခွင့်ရမယ်။ ၀န်ဆောင်ခအပြင်
အပိုငွေ ဘာမှ ပေးစရာမလိုဘူး။ ၀န်ဆောင်ခသက်သာပြီး လစာက အရမ်းများတော့ စင်ကာပူ၊ မလေးရှားနဲ့ ယူအေအီး နိုင်ငံတွေထက် ပိုသွားချင်နေကြတာပါ” ဟု အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူက ရှင်းပြသည်။
အလုပ်သမားဝန်ကြီးဌာန၏ တွက်ချက်မှုအရ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်နေသော အလုပ်သမား အရေအတွက် ၂ သန်းကျော် ၃ သန်းနီးပါး ရှိပြီး အများစုမှာ အိမ်နီးချင်းထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြကြောင်း သိရသည်။
တရားဝင်လိုင်စင်ဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီ ဖွင့်လှစ်မည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနတွင် စပေါ် ကျပ်သိန်း ၅၀ ပေးဆောင်ရပြီး လိုအပ်သော စာရွက်စာတမ်း ပြည့်စုံမှသာ လိုင်စင်ချပေးလေ့ရှိသည်။
 

ပြစ်မှုဆိုင်ရာလွတ်ငြိမ်းခွင့်မူကြမ်းကို အစိုးရ စွန့်လွှတ်

အပြင်းအထန်ကန့်ကွက်မှုခံပြီးနောက်မှာ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထ်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး စီမံကိန်းကို အစိုးရက ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ ဒီနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျရောက်မယ့် ထိုင်းဘုရင် ကြီးရဲ့ ၈၄နှစ်မြောက် မွေးနေ့အခါသမယမှာ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတဲ့ နန်းတော်ရဲ့ အမိန့် ဒီကရီ ဆိုတာဟာ သမရိုးကျ အခြေအနေတွေပဲ ဖြစ်မှာပါ။ လို့ တရားရေးဝန်ကြီး ဖရားချာဖရွမ်နော့ က တနင်္ဂ နွေနေ့က ပြောပါတယ်။
မကြာသေးခင်က ဒူဘိုင်းမှာ ဘန်ကောက်ပို့စ်နဲ့အင်တာဗျူးနေတဲ့ ထပ်စင်
ဒီအထဲမှာ မူးယစ်ဆေးဝါးမှု၊ အဂတိလိုက်စားမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ အကျဉ်းသားတွေအပေါ် တားမြစ်ထားတာ တွေ ပါဝင်ပါတယ်။ နန်းတော်ရဲ့အမိန့်ဒီကရီမူကြမ်းက ဘယ်တသီးပုဂ္ဂလကိုမှ မျက်နှာသာပေးမှာ မဟုတ်ပါဘူး၊ ပြစ်မှု ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲ ဖြစ်မှာပါလို့ ရဲဗိုလ်ချုပ်ကြီး ဖရားချာ က ပြောပါတယ်။ အစိုးရအနေနဲ့ ဘုရင်ကြီး အတည်မပြုခင်မှာ ဒီမူကြမ်းကို နိုင်ငံတော်ကောင်စီကို အသေအချာ အသေးစိတ် စစ်ဆေးစေရမှာ ဖြစ်ပါတယ်။ သူ့အနေ နဲ့ နန်းတော်ကလွတ်ငြိမ်းခွင့်ပေးတာမျိုး အထူးဦးစားပေး စောင့်ရှောက်မှုကို လက်ခံလိုစိတ်မရှိပါဘူးလို့ ထပ်စင်က စာတ စောင်ထုတ်အပြီး နာရီပိုင်းလောက်မှာ အကျဉ်းသားတွေအတွက် လွတ်ငြိမ်းခွင့် အဆိုပြုရေးမှာ တာဝန်ရှိတဲ့ ရဲဗိုလ်ချုပ်ကြီး ဖရားချာ က တနင်္ဂနွေနေ့က ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါပေမဲ့ ရဲဗိုလ်ချုပ်ကြီး ဖရားချာက ထပ်စင်ရဲ့ကြေညာချက်နဲ့သူ့အကြားမှာ ဘာအဆက်အသွယ်မှ မရှိဘူးဆိုတာကို ငြင်း ဆိုပါတယ်။ ထပ်စင်ရဲ့လက်ရေးမူ ကြေညာချက်ကို အာဏာရ ဖွေ့ထိုင်းပါတီကတဆင့် သတင်းစာတွေကို ဝေပါတယ်။ ထပ်စင်ပြောတာက သူဒီစာကို ဒူဘိုင်းကရေးခဲ့တာဖြစ်ပြီး နောက်လလုပ်မယ့် နန်းတော်ကပေးမယ့် လွတ်ငြိမ်း ခွင့်ကနေ ဘာအကျိုးအမြတ် တခုမှ မလိုချင်ပါဘူးလို့ ပါပါတယ်။ တိုင်းပြည်က ရေဘေးဒဏ်ခံနေရတယ်။ ညီညွတ် ဖို့လိုနေတယ်။ ဒါကြောင့် အမျိုးသား ညီညွတ်ရေးကို အနှောက်အယှက်ဖြစ်စေမယ့် ဘယ်လုပ်ဆောင်မှုမျိုးကိုမှ မမြင် ချင်ပါဘူးလို့ သူက ပြောပါတယ်။ “ကျနော့်အနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရှေ့ရှူ့တဲ့ လုပ်ငန်းမှန် သမျှကို ထောက်ခံဖို့ ဆန္ဒရှိ နေပါတယ်။ ကျနော့်အနေနဲ့  တရားမျှတမှုကို မရတာ ၅နှစ်ကျော်ကြာနေတာတောင်မှ ကျနော့် ကိုယ်ပိုင်ပျော်ရွှင်မှုကို စွန့် လွှတ်ဖို့ အဆင်သင့်ပါ၊ ပြည်သူတွေအတွက် ကျနော် သည်းခံစိတ်ရှည်ပေးပါမယ်” လို့ သူက ပြောပါတယ်။
မကြာသေးခင်ကထွက်ပေါ်လာတဲ့ နန်းတော်ရဲ့ လွတ်ငြိမ်းခွင့်အပေါ် ဝေဖန်ပြောဆိုမှုတွေကို တုန့်ပြန်ရာမှာ အစိုးရအနေ နဲ့ ကျနော့်တယောက်တည်းအတွက်ပဲ အကျိုးဖြစ်စေမယ့် ဘယ်လုပ်ဆောင်မှုမျိုးကိုမှ မလုပ်ဘူးဆိုတာ ကျနော် ယုံပါ တယ်လို့ ထပ်စင် က ပြောပါတယ်။ ဘုရင်းကြီး ကျန်းမာရေးမကောင်းဘူး၊ ဒါကြောင့် ဘုရင်ကြီး စိုးရိမ်ပူပန်မှု ဖြစ်စေမယ့် အလုပ်မျိုးကို ဘယ်သူမှ မလုပ်သင့်ပါဘူး။ ၀န်ကြီးချုပ်လည်း သူ့ရပ်တည်ချက်နဲ့ တသဘောတည်း ဖြစ် မယ်။ ဆိုတာ ယုံပါတယ်။ လို့လည်း သူက ရေးသားခဲ့ပါတယ်။ သူ့စာထဲမှာသူ့ကို ထောက်ခံတဲ့သူတွေအနေနဲ့လည်း စိတ်မပျက်ကြဖို့ ရေးခဲ့ပါတယ်။ သူ့ပါတီဝင်အားလုံးကိုလည်း ခွင့်လွှတ်ကြဖို့၊ မေ့ပျောက်ပစ်ကြဖို့ သူက တောင်းဆိုလိုက်ပါတယ်။
သူ့အတွက်လွတ်ရေးအကျုံးဝင်စေမယ့် မူးယစ်ဆေးဝါးမှုနဲ့အဂတိလိုက်စားမှုကြောင့် အကျဉ်းကျသူတွေအပေါ် တားမြစ် ချက်ကို ထည့်သွင်းမထားတဲ့ နန်းတော်ရဲ့လွတ်ငြိမ်းခွင့်အမိန့်ဒီကရီ စီမံကိန်းကို ဖျက်သိမ်းဖို့ သူ့ပါတီကို ထပ်စင်က အမိန့် ပေးခဲ့တာဖြစ်တယ်လို့ ဖွေ့ထိုင်းပါတီ သတင်းရပ်ကွက်တခုက ဆိုပါတယ်။ ဒီတားမြစ်ချက်တွေမပါတဲ့ နန်းတော်ရဲ့ လွတ် ငြိမ်းခွင့်အမိန့်ဒီကရီမူကြမ်းဆိုတာကို ကက်ဘိနက်က ပြီးခဲ့တဲ့ အင်္ဂါနေ့က အတည်ပြုခဲ့ပါတယ်။ ထပ်စင်ဟာ အစိုးရအနေ နဲ့ လွတ်ငြိမ်းခွင့်စီမံကိန်း ရုတ်သိမ်းဖို့ အချက်ပြတဲ့စာကို ရေးလိုက်ပြီး ဒီလွတ်ငြိမ်းခွင့်အမိန့်နဲ့ သူ့ကို အစိုးရက မကူဖို့ တ နင်္ဂနွေနေ့က သတင်းစာတွေကိုပြောဖို့ ရဲဗိုလ်ချုပ်ကြီး ဖရားချာကို အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ အတိုက်အခံတွေက ပြော ဆိုကြပါတယ်။ ဖရားချာရဲ့ကြေညာချက်နဲ့ တနင်္ဂနွေနေ့က ထပ်စင်ရဲ့စာကို ကြားနာအပြီးမှာတော့ နိုင်ငံတော်ကောင်စီရုံး ရှေ့မှာ တနင်္လာနေ့ဆန္ဒပြမှာကို ဖျက်သိမ်းမှာဖြစ်တယ်လို့ ပြည်သူ့ဒီမိုကရေစီမဟာ မိတ်အဖွဲ့က ကြေညာလိုက်ပါတယ်။
၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီး ထပ်စင်နဲ့ သူ့အစိုးရကို ဖယ်ရှားပစ်ခဲ့ချိန် က တည်းက ထပ်စင်ကို အဂတိလိုက်စားမှု အမှုတွေနဲ့ တရားစွဲဆိုပြီး အပြစ် ပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်မှာ သူ့ကို တရားရုံးချုပ်က အာဏာအလွဲသုံးစားလုပ်မှုနဲ့ ထောင်ဒဏ် ၂နှစ် ချခဲ့ပါတယ်။ တရား စီရင်ချက် မကြေညာခင် ကလေးမှာ ပဲ သူဟာ တိုင်းပြည်က ထွက်ပြေးခဲ့ပါတယ်။
နိုဝင်ဘာ ၂၀၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

ရေဘေးဒုက္ခသည်များ ထံမှ မဟာချိုင်းရဲက သိမ်းဆည်းထားသည့် လက်ကိုင်ဖုန်းနှင့် ပစ္စည်းများပြန်ရ

ရေးဘေးဒုက္ခကြောင့် ယာယီ ကယ်ဆယ်ရေး စခန်းသို့ လာရောက်သည့် ပန်းရံ အလုပ်သမား (၃)ဦးထံမှ မဟာချိုင်ရဲများ သိမ်းယူထားသော လက်ကိုင်ဖုန်းနှင့် အခြားပစ္စည်းများ ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။
20111122aပန်းရံ အလုပ်သမား (၃)ဦးမှာ ဘန်ကောက်မြို့၊ လာမင်ထား (၉၆)လမ်းတွင် အလုပ် လုပ်ကိုင်နေရာမှ ရေဘေး ဒုက္ခကြောင့် မဟာချိုင် ယာယီ ရေဘေး ကယ်ဆယ်ရေးစခန်းသို့ လာရောက်စဉ် နိုဝင်ဘာလ (၁၃)ရက်၊ ည (၇)နာရီခန့်က မဟာချိုင်၊ ဘန်းပါရပ်၊ မာလီ ငါးသေတ္တာရုံ အနီးရှိ ယာဉ်ထိန်း ရဲကင်းမှ ဖမ်းဆီးပြီး ပစ္စည်းများ သိမ်းယူခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံသူများထဲမှ တစ်ဦးဖြစ်သော မမြင့်မြင့်ဌေးက “သမီးတို့ လုပ်ငန်းခွင် ရေမြုပ်သွားတယ်။ လုပ်အားခလည်း သူဌေးက ရှင်းမပေး လိုက်ဘူး။ ကယ်ဆယ်ရေး စခန်းကို သွားဖို့ ကားခ လောက်ပဲပါတယ်။ ပေးစရာ ပိုက်ဆံ မပါတာကြောင့် ကျမတို့မှာ ပါလာတဲ့ ပစ္စည်းတွေကို အကုန်သိမ်း လိုက်တာဖြစ်တယ်။ ဖုန်းသိမ်းတယ်။ ပြီးတော့ မဟာချိုင် (၄)ထပ် အချုပ်ခန်းမှာ (၂)ည အိပ်ခဲ့ရတယ်’’ ဟုပြောသည်။
ရဲများက အလုပ်သမားများ ထံမှ တစ်ဦးလျှင် ဘတ်ငွေ(၈၅၀၀) တောင်းသဖြင့် ရေဘေးဒုက္ခကြောင့် လာသူများ ဖြစ်၍ ငွေမပါကြောင်း အလုပ်သမားများက ပြန်လည်ပြောဆိုခဲ့ရာ တစ်ဦးလျှင် (၆၅၀၀)ဘတ် လျော့ပေးခဲ့ပြီး မိတ်ဆွေများမှတဆင့် ရွေးထုတ်ရန် ရဲများက ပြောဆိုခဲ့သည်။
၎င်းတို့ တောင်းခံသည့်ငွေကို မပေးနိုင်သဖြင့် လက်ကိုင်ဖုန်း (၂)လုံး၊ ဘတ်ငွေ (၁၉၉)ဘတ် တန်ဘိုးရှိ အနီးရောင် ပန်ကာ တစ်လုံး၊ အ၀တ်အထည် ထည့်သည့် အိတ်(၃)လုံးနှင့် အမျိုးသမီး ဆလင်းဘက်အိတ် တစ်လုံးကို သိမ်းဆည်း ထားလိုက်သည်။
အဆိုပါ ပစ္စည်းများကို ရေဘေး ဒုက္ခသည်များအတွက် မဟာချိုင် ယာယီကယ်ဆယ်ရေး စခန်းကို ဖွင့်လှစ်ထားသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ (BAT)က ရဲစခန်းမှ ပြန်လည်တောင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။
BAT တာဝန်ခံ ဦးကျော်သောင်းက ယာယီ ကယ်ဆယ်ရေးစခန်းကို ခါးတစ်ထည် ကိုယ်တစ်ခုတည်းနဲ့ အလုပ်သမား (၃)ယောက် ရောက်လာတာ အ၀တ်လဲစရာတောင် မပါဘူး။ ဘတ်ငွေ (၆၀)ပဲ ပါတဲ့ ပန်းရံ အလုပ်သမားတွေ ဖြစ်တယ်။ ကျနော်တို့ မိတ်ဆွေတွေနဲ့ သွားပြီးတော့ သိမ်းထားလိုက်တဲ့ ရဲစခန်းကို သွားတောင်း ပေးလိုက်တယ်။ အလုပ်သမားတွေ ၀မ်းသာသွားကြတာပေါ့’’ဟု ပြောသည်။
ရေဘေးသင့်နေသည့် ရွှေ့ပြောင်းအလုပ်သမား တို့အား ဖမ်းဆီးခြင်းမပြုရန် ထိုင်းအာဏာပိုင်များက တရားဝင် ထုတ်ပြန် ထားသော်လည်း မဟာချိုင်ရဲများမှာ မြန်မာအလုပ်သမားများအား ဖမ်းဆီးခြင်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။
Ref: GHR

Thursday, 24 November 2011

ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားဟု အစိုးရသတင်းစာ၌ ဖော်ပြ

ယခင် နအဖစစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား အငြိမ်းစားဟူသည့် သုံးနှုန်းဖော်ပြချက်ကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မထင်မရှား တွေ့ရသည်။
ယမန်နှစ် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစုက အမေရိကန်ဒေါ်လာ ၁၃၀၀၊ ပတ္တမြားတာ ၁၁ ပွင့်၊ မြိတ်ပုလဲ တစ်ပွင့်၊ ကာလ တန်ဖိုးကျပ် ၄၈၈၀၀၀ရှိ ရွှေလက်စွပ်တကွင်း လာရောက်လှူဒါန်းခဲ့”ဟု ဗုဒ္ဓစွယ်တော်အတွက် လှူဒါန်းခဲ့ခြင်း အား သတင်းစာများ၏ အတွင်းစာမျက်နှာ၌ ရေးသားထားသည်ကို တွေ့ရခြင်းဖြစ်သည်။
ဗုဒ္ဓစွယ်တော်သည် တရုတ်နိုင်ငံမှ ယခုလဆန်းပိုင်းတွင်ပင့်ဆောင်ခဲ့ပြီး အများပြည်သူ ဖူးမြော်နိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့၌ တလှည့်စီ အပူဇော်ခံယူလျက်ရှိသည်။
မြန်မာနိုင်ငံအား စစ်အာဏာရှင် တဦးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့သော အသက် ၇၈ နှစ်အရွယ် ဦးသန်းရွှေ သည် စစ်တပ်မှ အငြိမ်းစားယူသွားကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရက စတင်ကြေညာခြင်းဖြစ်သည်။
စစ်တပ်အစိုးရမှ အရပ်သားအစိုးရ တရပ်ပေါ်ပေါက်လာရေး၊ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်တရပ်” ထူ ထောင်မည်ဟု ကြွေးကြော်ကာ လမ်းပြမြေပုံ ၇ ဆင့်ရေးဆွဲခြင်း၊ အမျိုးသားညီလာခံ ကျင်းပခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်းတို့ကို ကန့်ကွက်မှုများကြားမှ အောင်မြင်စွာ ဖော်ဆောင်ထားခဲ့သည်။
၎င်းဦးဆောင်သော နအဖ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးရာထူးဖြင့် ၀န်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့သူ လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်း စသည့် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များသည် အစိုးရသစ်လက်ထက်တွင် လည်း ထိပ်တန်းခေါင်းဆောင်များအဖြစ် ပြန်လည်တာဝန်ယူထားသည့်အတွက် အစိုးရသစ်အား ဦးသန်းရွှေက နောက်ကွယ်မှ ကြိုး ကိုင်ထားဆဲဖြစ်သည်ဟု အများက ယူဆနေကြသည်။
ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံ၏ အာဏာအရှိဆုံး အဖွဲ့ဖြစ်သော အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီ အား ဦးသန်းရွှေ က ကြိုးကိုင် လမ်းညွန်မှု ပေးနေသည်ဟုလည်း လူအများက  ပြောဆိုနေကြသည်။
အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီသည် သမ္မတ၊ ဒု-သမ္မတများ၊ ကာကွယ်ရေး ဦးစီချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒု-ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေး ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး စသည့် အဖွဲ့ဝင် ၁၁ ဦး ဖြင့် ဖွဲ့စည်းထားကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပါရှိသည်။
ဦးသန်းရွှေနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား Wall Street Journal က အင်တာဗျူးရာ ၎င်း၏ နေအိမ်၌ စာဖတ်၍ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ဖြေဆိုခဲ့သော်လည်း အစိုးရသစ်အပေါ် သြဇာလွှမ်းမိုးမှု ရှိမရှိဆိုသည်ကို တိကျစွာ ဖြေဆိုခြင်း မရှိပေ။
“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု ဦးကျော်ဆန်းက ပြော ဆိုကြောင်း Wall Street Journal ၌ နိုဝင်ဘာလ ၁၅ ရက်က ဖော်ပြခဲ့သည်။

Gmail, Gtalk ကို မြန်မာအစိုးရ ကြားဖြတ် ဖောက်ဖတ်နိုင်ဟုဆို

နယူးဒေလီ (မဇ္ဈိမ) ။         ။ ဂူဂဲလ်မှ အခမဲ့သုံးခွင့် ပြုထားသည့် ဂျီမေးလ်နှင့် ဂျီတော့ပ်များကို အစိုးရအနေဖြင့် ကြားဖြတ် စောင့်ကြည့်၊ ဖောက်ထွင်းနိုင်ကြောင်း အင်တာနက်လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။

“သူက ကြားခံ ဆာဗာ သုံးခုကို  ဖြတ်ရတယ်။ ဖြတ်တိုင်းမှာ ဆာဗာတွေက မှတ်တမ်းယူထားတယ်။ အဲဒီမှတ်တမ်းကို အခြေခံပြီး ပြန်ယူလို့လွယ်တယ်။” ဟု ပြည်ပအခြေစိုက် အိုင်တီလုံခြုံရေးဆိုင်ရာ ပညာရပ်ဖြင့် လုပ်ကိုင်နေသူ ကိုမောင်မောင်က မဇ္ဈိမကို ပြောသည်။

ကြားခံ ဆာဗာသုံးခုမှာ အသုံးပြုရာ နယ်မြေအခြေစိုက် သက်ဆိုင်ရာ မြို့နယ်အလိုက် ထားရှိသည့် Local ISP (Internet service provider), တနိုင်ငံလုံးအား အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ရတနာပုံ တယ်လီပို့စ်နှင့်
မြန်မာ့ဆက်သွယ်ရေး MPT ကဲ့သို့သော Main ISP နှင့် ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် ထားရှိသည့် ဟံသာဝတီ National Gateway တို့ဖြစ်သည်။
i4
မြန်မာနိုင်ငံတွင် ဂျီမေးလ်၊ ဂျီတော့ပ်အား တိုက်ရိုက်ကြည့်ရှု့ခွင့်ရနေသည်ဟု ထင်မြင်ရသော်လည်း အမှန်တွင်မူ အထက်ပါ ကြားခံဆာဗာသုံးခုအား ဖြတ်ကျော်ပြီးမှသာလျှင် ကြည့်ရှုရနိုင်ခြင်း ဖြစ်သည်။ ယင်းကြားခံ ဆာဗာသုံးခု မှာလည်း အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းဖြစ်ကာ ယင်းတို့မှ အဆင့်ဆင့် ဖြတ်ကျော် ဝင်ရောက်ရခြင်း
ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်အထိ မြန်မာ့ဆက်သွယ်ရေး MPT နှင့် ရတနာပုံ တယ်လီပို့စ်ဟူ၍ အင်တာနက် ဝန်ဆောင်မှု ပေးသည့် Internet Service Provider – ISP နှစ်ခုရှိပြီး ယင်းအထက်တွင် ဟံသာဝတီ National Gateway ရှိသည်။

ယင်းနောက် ၂ဝ၁ဝ နောက်ပိုင်းတွင် စစ်အစိုးရက အင်တာနက်လိုင်းစနစ်အား ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ပြောင်းလဲ လိုက်သည့် ISP စနစ်သစ်တွင် MPT နှင့် ကာကွယ်ရေးဝန်ကြီးဌာန MOD ISP ဟူ၍ ပင်မနှစ်ခု ဖြစ်လာကာ ရတနာပုံ တယ်လီပို့စ် ISP အား MPT လက်အောက်သို့ ပြောင်းလဲထားရှိခဲ့သည်ဟု ပြည်ပ အခြေစိုက် မြန်မာ့သတင်းသမဂ္ဂ BMA မှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်း ထုတ်ပြန်ခဲ့သည့် “အမျိုးသားအဆင့် ရတနာပုံ မြန်မာ Web Portal - ဖွံ့ဖြိုးမှုလော၊ ဖိနှိပ်မှုလော” စာတမ်းတွင် ပါရှိသည်။

“တယောက်ချင်းစီ စစ်စရာမှ မလိုဘူးလေ။ ကိုယ်လိုချင်တဲ့ အကောင့်ကို ဖွင့်ရုံပဲ။ ဘယ်သူ ဘယ်လိုင်း သုံးတယ်ဆိုတာ ဆာဗာထဲမှာ အကုန်ရှိတယ်လေ။ ဆာဗာတွေက ISP လက်အောက်မှာ ရှိတာ။ လုပ်ပိုင်ခွင့်က ISP မှာ အပြည့်ရှိတယ်။ ISP မှာ ဘယ်သူ ဘာဆိုတာ အကုန်ရှိပြီးသား။ လုပ်ချင် လွယ်လွယ်လေးပေါ့။” ဟု ကိုမောင်မောင် က ဆိုသည်။

အစိုးရအနေဖြင့် အင်တာနက်သုံးစွဲသူ၏ သုံးစွဲမှုမှတ်တမ်းအား စစ်ဆေးမည်ဆိုပါက ဆာဗာအသီးသီးရှိ Main Memory (ပင်မ မှတ်တမ်းသိုမှီးရာနေရာ) မှသာမက Cache Memory ဟုခေါ်သည့် သီးခြားမှတ်တမ်း သိုမှီးရာ နေရာမှလည်း လွယ်လင့်တကူ စောင့်ကြည့် စစ်ဆေးနိုင်သည်။

မြန်မာ့အင်တာနက်လုံခြုံရေးဆိုင်ရာ အင်ဂျင်နီယာတဦးအဆိုအရ အစိုးရအနေဖြင့် အင်တာနက် သုံးစွဲသူ အားလုံး ကို စောင့်ကြည့်လေ့ရှိခြင်းမဟုတ်ဘဲ ထင်ရှားသူများ၊ ပစ်မှတ်ထားခံရသူများကို စောင့်ကြည့်ခြင်းဖြစ်ကာ ဦးသိန်းစိန် အစိုးရ တက်လာသည့်နောက်ပိုင်းတွင် စောင့်ကြည့်မှု လျော့ပါးလာသည်ဟု ဆိုသည်။
i1
“ နိုင်ငံခြားသူတယောက် ပြောပြတယ် ကျနော့်ကို။ ရန်ကုန်သွားတော့ သူ ဂျီမေးလ် အသစ်တခုဖွင့်ပြီး သုံးတာ။ သူလည်း အစိုးရ မကောင်းကြောင်းတွေရေးတော့ ရက်ပိုင်းအတွင်း သူ့မေးလ် ပိတ်သွားတယ်တဲ့။ ” ဟု ပြည်ပ သတင်းဌာနတခုတွင် လုပ်ကိုင်နေသူ ချင်းမိုင်အခြေစိုက် အိုင်တီသမား ကိုထွန်းထွန်းအောင်က ပြောသည်။

သုံးစွဲသူအနေဖြင့် မည်မျှပင် လုံခြုံရေးစကားဝှက် Password ပြောင်းလဲထားစေကာမူ သုံးစွဲသူ၏ မှတ်တမ်း
အားလုံးမှာ ဆာဗာတွင် ကျန်ရစ်မည်ဖြစ်၍ မလုံခြုံနိုင်ခြင်း ဖြစ်သည်။

အစိုးရပိုင်းမှ စောင့်ကြည့်ခြင်း၊ ဖောက်ထွင်းခြင်းများ ရှိ၊ မရှိဆိုသည်ကိုမူ သေချာမသိသော်လည်း ထင်ရှား ကျော်ကြား သူအချို့ မည်သည့်ဝက်ဘ်ဆိုက်ကြည့်သည်၊ မည်သည့်သူနှင့် ဆက်သွယ်သည်ကိုမူ IP Address မှတ်သား၍ အာဏာပိုင်များသို့ သတင်းပို့ရလေ့ရှိသည်ဟု ရတနာပုံတယ်လီပို့စ် ဝန်ထမ်းဟောင်း တဦးထံမှ သိရသည်။

“စာရင်းကတော့ အတိအကျ မရှိဘူး။ ၅ဝ လည်း ဖြစ်ရင် ဖြစ်မယ်၊ ၁ဝဝ လည်း ဖြစ်ရင် ဖြစ်မယ်။ ဥပမာ ဘုန်းကြီး အရေးအခင်းဖြစ်မယ်ဗျာ။ ဘုန်းကြီးအရေးအခင်းဖြစ်တုန်းကဆိုရင် သူတို့ စောင့်ကြည့်ရမယ့်သူတွေ အများကြီးပဲ။ အယောက် ၂၀၀ လောက်ဖြစ်ရင် ဖြစ်သွားမယ်။ သာမန်ကတော့ အရေးကြီးတဲ့ အန်တီစုတို့ ဘာတို့ကတော့ Report အမြဲတမ်း လုပ်နေရမှာပေါ့နော်။” ဟု ရတနာပုံ တယ်လီပို့စ် ဆာဗာအင်ဂျင်နီယာဟောင်းတဦးက မဇ္ဈိမကို ပြောသည်။
i2
စောင့်ကြည်ခြင်းလုပ်ငန်းကို ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဆက်သွယ်ရေးတပ် (ကက-ဆက်) မှ စစ်ဘက် အရာရှိ အများစု ပါဝင်သည့် Net Security ကဲ့သို့သော အင်တာနက်လုံခြုံရေးဌာနမှ လုပ်ကိုင်ခြင်းဖြစ်ကာ အဓိက အားဖြင့် နိုင်ငံရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသူများကို စောင့်ကြည့်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်း များအတွက် အသုံးစားရိတ်ကို စစ်ဘက် အသုံးစားရိတ်များတွင် ထဲ့သွင်း ဖော်ပြလေ့ရှိသည်။

စောင့်ကြည့်ခံရသူ အရေအတွက်မှာမူ အတိအကျမရှိနိုင်သော်လည်း ပြည်တွင်း၌ နိုင်ငံရေးလှုပ်ရှားမှု တစုံတရာ
ဖြစ်ပေါ်ပါက စောင့်ကြည့်ခံရသူ များပြားနိုင်ပြီး သာမန်ချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်၊ လူရွှင်တော် ဇာဂနာ ကဲ့သို့သော သူများမှာ စောင့်ကြည့်ခံရနိုင်ဖွယ်ရှိသည်ဟု အင်ဂျင်နီယာက ခန့်မှန်းထားသည်။ ထိုသူမှာ အဓိက အားဖြင့် Network ပိုင်းဆိုင်ရာ စောင့်ကြည့်ထိန်းသိမ်းရေး၊ တဦးနှင့် တဦး မေးလ်ပို့ရာတွင် မှန်ကန်ကြောင်းဆိုင်ရာ မှတ်ပုံတင်ခြင်း Certificate Authority ပိုင်းဆိုင်ရာ ဌာနတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

အင်တာနက် သုံးစွဲသူ အများစုအား ဝန်ဆောင်မှုပေးနေသည့် ရတနာပုံတယ်လီပို့စ်တွင် Net Security, Proxy, Mail, CA – Certificate Authority Team စသည်ဖြင့် ဌာနခွဲပေါင်းများစွာ ထားရှိ၍ ဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကိုလည်း MPT မှ သတ်မှတ်ပေးကြောင်း သိရသည်။ ဆာဗာလုံခြုံရေးနှင့် စောင့်ကြည့်
ရေးပိုင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် မိမိ၏ ဌာနမဟုတ်သည့်အတွက် မသိကြောင်း ပြောဆိုသည်။

“MPT ကနေ ချပေးလိုက်တဲ့ လမ်းညွန်ချက်အတိုင်း ဘယ် Port ပိတ်မယ်၊ ဘယ် Port ဖွင့်မယ်ပေါ့နော်။ အဲဒါတွေ ကတော့ အပေါ်က လူကြီးပိုင်းတွေပဲ လုပ်တာလေ။ သူတို့အပေါ်က လမ်းညွန်ချက်က ဒေါက်တာ လွဏ်းဆွေပိတ်မယ်၊ ဒါမှမဟုတ် ဘယ်ဘလော့ဂ်ဆိုက်ပိတ်မယ်ပေါ့။ တခု ပိတ်မယ်၊ ဖွင့်မယ်။ အပေါ်မှာ သူတို့ ဘယ်လို လုပ်တယ်ဆိုတာ
တော့ ကျနော်တို့ သေချာမသိဘူး။” ဟု ဆာဗာ အင်ဂျင်နီယာဟောင်းက ဆိုသည်။

အစိုးရအနေဖြင့် အင်တာနက် သုံးစွဲခွင့်ပေးထားရာတွင် ဆာဗာအဆင့်ဆင့် ခံထားသည့်အပြင် ယင်းဆာဗာများတွင် DNS Poisoning  နည်းလမ်းများသုံး၍ အင်တာနက်သုံးစွဲသူ၏ အချက်အလက်များအား ရယူနိုင်ဖွယ် ရှိသည်ဟုလည်း BMA ၏ စာတမ်းတွင် ပါရှိသည်။
i3
DNS Poisoning ဆိုသည်မှာ ISP ဆာဗာတွင် ကြားခံ စက်ကိရိယာထားရှိ၍ အင်တာနက်အသုံးပြုသူ၏ အချက် အလက်များကို ခိုးယူခြင်း ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် သုံးစွဲသူမှ ရိုက်သွင်းလိုက်သည့် Login ဆိုင်ရာ အချက်အလက်များကို ကြားဖြတ်ယူထားကာ၊ ယင်းမှတဆင့် သက်ဆိုင်ရာ ဆာဗာသို့ ပေးပို့ခြင်း ဖြစ်သည်။

“လုံခြုံရေးကြောင့်ပဲပေါ့။ လိုအပ်ရင် လိုအပ်သလို ထိန်းဖို့လေ။ စစ်သားဆိုတာလုံခြုံရေးပဲ အရင်ကြည့်တာ ဘယ်ခေတ်
ရောက်ရောက်။” ဟု ကိုမောင်မောင်က ပြောဆိုသည်။

ယင်းသို့ မိမိ၏ အချက်အလက်များအား ဆာဗာမှ ခိုးယူခြင်းအား ကာကွယ်နိုင်ရန်မှာ Virtual Private Network - VPN ခေါ် ကြားခံဆာဗာတခုမှ မိမိသွားလိုသည့် အင်တာနက်စာမျက်နှာသို့ သွားရောက်ခြင်း ဖြစ်သည်။

VPN မှာ မိမိအသုံးပြုနေသည့်နိုင်ငံရှိ ဆာဗာများကို ဝင်ရောက်ခြင်းမရှိဘဲ အခြားဆာဗာမှတဆင့် မိမိ သွားလိုရာ အင်တာနက်စာမျက်နှာသို့ ဝင်ရောက်ခြင်းဖြင့် ယာယီအကာအကွယ်ဖြစ်စေသလို သီးခြားလျို့ဝှက်ကုတ်ဒ်များဖြင့် ပုံစံပြောင်းအသုံးပြုခြင်း ( Encryption) ဖြင့်လည်း ကာကွယ်နိုင်သည်ဟု  အင်တာနက်လုံခြုံရေးသမားများက လမ်းညွှန်ထားသည်။

Wednesday, 23 November 2011

မိဘတွေကိုကြည့်ပါ အရင်အတိုင်း ရှိနေသေးလား

မိဘတွေကို ကြည့်ရင်ကိုယ့်ရဲ့ပုံရိပ်ကိုမြင်ရတယ်


မိဘတွေရှိနေကြသေးရင်….

တစ်ရက်….မီးဖိုချောင်ဟာအရင်လို မသန့်ရှင်းတော့ရင်….
တစ်ရက်….ပန်းကန်ဆေးတာမပြောင်တော့ရင်….
တစ်ရက်….အိုးခွက်တွေဟာအရင်လိုမတောက်ပြောင်တော့ရင်….
တစ်ရက်….ပန်းပင်တွေဟာပေါင်းမြက်တွေနဲ့ဖြစ်နေရင်….
တစ်ရက်….ကြမ်းပြင်နဲ့စင်တွေမှာ ဖုန်တွေထူနေရင်….
တစ်ရက်….ဟင်းတွေငန်လာရင်….
တစ်ရက်….အရာရာကိုမေ့လွယ်လာရင်….
တစ်ရက်….အလေ့ထေတွေဟာပျက်ပြယ်ကုန်ရင်….
တစ်ရက်….သစ်သီးတွေစားရတာကိုမကြိုက်တော့ရင်….
တစ်ရက်….ဆန်ပြုတ်စားရတာကြိုက်လာရင်….
တစ်ရက်….အသွားအလာအရမ်းနှေးကွေးလာရင်….
သူတို့ကအအေးမိရုံလောက်ပဲဆိုပြီး မနေပါနဲ့…အဲဒါဟာ…အိုလာတာပါ…..

တစ်ရက်….သူတို့အပြင်မထွက်တော့ရင်…
သူတို့တကယ်အိုလာပါပြီ။
သားသမီးတွေရဲ့ပြုစုမှုကိုလိုလားတဲ့အချိန်ပါ….
သူတို့ကိုအချိန်ပေးပါ…
စိတ်ရှည်ပါ…သည်းခံပါ…
သူတို့ဘာလုပ်လုပ်အရင်လိုမဟုတ်တော့ဘူး။
သူတို့ရဲ့အိပ်ယာတွေကို လဲပေးပါ…..သူတို့ဒါတွေကို သတိထားမိတော့မှာမဟုတ်ပါဘူး….
မိဘဆိုတဲ့ ဂုဏ်အတိုင်း တင့်တယ်အောင်ထားပါ……
ရေချိုးပေးပါ….ကိုယ်တိုင်သန့်စင်အောင်သူတို့မလုပ်နိုင်တော့ပါဘူး…..
သူတို့တွေစားလို့ရနိုင်တဲ့ အစားတွေချက်ထားပေးဖို့လည်း မမေ့ပါနဲ့…..
ကောင်းကောင်းဝါးနိုင်တဲ့ သွားတွေမရှိတော့ပါဘူး….

မွေးကင်းစကတည်းက မိဘတွေလုပ်ပေးနေတဲ့ အရာအားလုံးကိုမမေ့ပစ်ပါနဲ့…..
လမ်းလျှောက်တာတွေ၊ စာရေးတာတွေ၊ အစစအရာရာ အခြေခံကနေ သင်ပေးခဲ့တယ်….
သူတို့တကယ် ဘာမှအလုပ်မလုပ်နိုင်တော့ဘူးဆိုရင်…ကိုယ်ပြန်လုပ်ပေးရမဲ့အလှည့်ပါ….
အားလုံးမှတ်ထားကြပါ….မိဘတွေဟာကိုယ့်ရဲ့ပုံရိပ်ပါ…
အားလုံးလဲတနေ့အိုလာကြမှာပါ….

အိုတဲ့အချိန်မှာ ဘယ်လိုနေထိုင်ချင်တယ်ဆိုတာ စဉ်းစားထားလား။
အခုလို လူလွတ်ဖြစ်နေတဲ့အချိန်မှာတောင် သင့်မိဘကို ဂရုစိုက်ဖူးလား။
သင့်မိဘကကော သင့်ကိုဘယ်အချိန်ထိစောင့်နေနိုင်ဦးမှာလဲ။

(စာကြွင်း ..။  ။ ..မှတ်သားဖူးတာလေးပါ .... )
------------------------------------------------------------------------------------------------------------
“ငါအိုသွားတဲ့အခါ”

ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။


အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”
ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။


အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။


တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
”” 
သူငယ်ချင်းအားလုံး သတိရကြပါစေဗျာ...
by Buddha In My Life on Saturday, November 19, 2011 at 1:22am
အရူးလွယ်အိတ် ၀က်ဆိုက်   သုတကဏ္ဍမှ ကူးယူဖော်ပြသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes