အာဏာပိုင်တွေက နဂိုရေဘေးစီမံခန့်ခွဲမှု အစီအစဉ်အတိုင်း ဆက်လုပ်ဖို့  ကြိုးစားနေတာကြောင့် ဘန်ကောက် တမြို့လုံး ကာလအတော်ကြာ ရေလွှမ်းနေတဲ့အပေါ်  လူထုတွေက ဒေါသတကြီး ဆန့်ကျင်ကွက်ကုန်ကြပါတယ်။
| ကန်ချနဖီဆက် လမ်းမအပြင်ပိုင်းကို ပိတ်ဆို့ထားတဲ့ ဘန့်ခယ်၊ ထားဝီ၀ပ်ထနာနဲ့ထာလင်းချန်း ခရိုင် လူထုက ရေဘေးစီမံ ခန့်ခွဲမှုအစီအစဉ်ကို ရှင်းရှင်းလင်းလင်း သိရဖို့ တောင်းဆိုနေစဉ် | 
အာဏာပိုင်တွေနဲ့ ရေလွှမ်းခံနေရတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေအကြား  အငြင်းပွားမှုတွေဟာ ဆက်လက်ဖြစ်နေပြီး ရမ်အင်ထရာဒေသက လူတွေက  ရမ်အင်ထရာလမ်းမကို ပိတ်ပစ်ဖို့ ခြိမ်းခြောက်တဲ့အထိ ဖြစ်လာနေပါတယ်။ ဖဟွန်ယို  ထင်လမ်းမပေါ်၊ လမ်းဆုံမှာရှိတဲ့ ရေတားကို ဖြိုဖျက်ပစ်လိုက်တာဟာ  သူတို့အိမ်ပတ်လည်မှာ ရေလွှမ်းမှုတွေ တိုးလာ မှာကို သူတို့က  စိုးရိမ်ပူပန်နေကြပါတယ်။ အရာရှိတွေအနေနဲ့ စီစဉ်ထားတဲ့အတိုင်း ရေစီးရေလာ  အာမခံဖို့ အတား အ ဆီးတွေကို ပိုကာကွယ်ပေးဖို့ လိုတယ်လို့  အမျိုးသားကပ်ဘေးသတိပေးဌာန၊ ညွှန်ကြားရေးမှူး ဆုမ်ဆက်ခေါက်ဆူဝမ်က ပြောပါတယ်။
“ရေတံတိုင်းတွေဖယ်ပစ်တာဟာ ရေလွှမ်းတဲ့အခြေအနေတွေကို မသက်သာစေပါဘူး၊  ဒါနဲ့ဆန့်ကျင်ဖက်ပဲ ရေတွေပြန့် သွားတဲ့အတွက် ရေဖောက်ထုတ်ဖို့  ပိုကြာမှာဖြစ်တယ်” လို့ ဆုမ်ဆက်က ပြောပါတယ်။ “လွှမ်းနေတဲ့ရေကို ထိန်းထား  မယ်ဆိုရင် ကျနော်တို့အနေနဲ့ ရေစုပ်စက်တွေကို ဖြန့်ပေးနိုင်ပြီး ရေတွေကို  ထိထိရောက်ရောက် ဖောက်ထုတ်နိုင်မှာ ဖြစ် တယ်”။ ဒါကြောင့်  ရေလွှမ်းနေတဲ့ရပ်ကွက်တွေကလူတွေ ဒါကို အသေအချာနည်းလည်ဖို့ အရေးကြီးတယ်လို့  သူကပြော ပါတယ်။
လန်စစ်လမ်းမကြီးပေါ်က ရေတားတွေဖယ်ပေးဖို့   ရေဘေးကယ်ဆယ်ရေးစစ်ဆင်ရေးအမိန့်ပေးဌာနချုပ်ကို အသနားခံဖို့   ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆူလဖုန်ဆူဝေါင်လီးခေါင်းဆောင်တဲ့ ပထုမ်ဌာနီ၊ လမ်လုခ  ရက်ကွက်သူရပ်ကွက်သားတွေက ပြင်ဆင်နေကြတယ်ဆိုတာ ကြားရအပြီး သူ့ရဲ့ မှတ်ချက်ချ  ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က လန်စစ်တက္ကသိုလ်  ပါမောက္ခချုပ်လည်းဖြစ်၊ အရင် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ အာသစ် က  ၀ိဟာ ၀ဒီလမ်းကြီးနဲ့ ဒွန်မောန်လမ်းမကြီးကို ပိတ်ထားဖို့ အကြံပေးပါတယ်။
အစိုးရရေးဘေးစီမံခန့်ခွဲမှုအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေက ဘန်ကောက်၊  နွန်ဌာဘူရီနဲ့ ပထုမ်ဌာနီတို့မှာ ဒီတပတ် အ တွင်း ပြင်းထန်လာနေပါတယ်။  ဗုဒ္ဓဟူးနေ့က ရေမြောင်းတွေမြန်မြန်စီးရေး ရေဘေးကယ်ဆယ်ရေးစစ်ဆင်ရေး အမိန့်ပေး  ဌာနချုပ်ကို ဖိအားပေးဖို့အတွက် လန်စစ်နဲ့ လမ်လုခါနယ်မြေက  ရေဘေးဒဏ်ခံရတဲ့သူအတော်များများဟာ ဒင်ဒဲန်-ဒွန်  မောန်လမ်းမကြီးရဲ့တစိတ်တပိုင်းကို ပိတ်ဆို့ထားကြပါတယ်။ မနေ့က ဘန်ကောက်က  ထာဝီ၀ပ်ထနာခရိုင်၊ တာလင်းခ ရိုင်နဲ့ ဘန့်ခယ်ခရိုင်က လူ ၁၀၀ လောက်ဟာ  ခလုန်ဘန့်ချွဲ့နန်း က ကန်ချနဖီဆက်လမ်းမပိုင်းကို ပိတ်ပစ်ပြီး မြို့တော်  ခန်းမက ရေဘေးစီမံခန့်ခွဲမှု အစီအစဉ်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပေးဖို့  တောင်းဆိုကြပါတယ်။
မြို့တော်အုပ်ချုပ်ရေး အစီအစဉ်အရ ရေတွေကို ခလုန်ဘန့်ရာမတ်ဖက်ကို  ဖောက်ထုတ်ပြီး ခလုန်ချာ့က်ဖရားနဲ့ ခလုန် ဘန်ကောက်ယိုင် ဘက်ကို လွှဲပစ်မှာ  ဖြစ်ပါတယ်။ နောက် ၄၈ နာရီအတွင်း အခြေအနေတွေကို အနီးကပ် စောင့်ကြည့်ဖို့  ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးက ကတိပေးလိုက်ပါတယ်။
နိုဝင်ဘာ ၂၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်) 
Ref: နေ့သစ်



 23:30
23:30
 Unknown
Unknown
 
 Posted in:
 Posted in:   
0 comments:
Post a Comment