ဇာတိကျေးရွာ
ဖယ်ကြဉ်ခွာ
ဆယ်နှစ်မက ကြာခဲ့ပြီ။
နီးလျှက်နဲ့  ဝေး
ဝမ်းစာရေး
ချက်မြှုပ်မြေနဲ့  စိမ်းရသည်။
မြို့ ပြရင်ခွင်
လပြည့်လျှင်
ရင်မှာဆို့ တက် လွမ်းလှသည်။
လမင်းပြည့်လျှံ
သောသောညံ
ပူပန်မရှိ ပျော်ခဲ့သည်။
ပလွေကိုမှုတ်
ကိုဖိုးတုတ်
ငုတ်တုတ်ထိုင်ကာရင်ဖွင့်သည်။
ကလေးနှင့်ခွေး
အတူပြေး
ကောက်လှိုင်းဘေးမှာ ပျော်ကြသည်။
လူကြီးတစ်သိုက်
ဝိုင်းဖွဲ့ လိုက်
စကားအသိုက် စည်ကြသည်။
ပျိုမေတစ်သိုက်
ထုပ်စည်းလိုက်
ချွေးပြိုက်ပြိုက်ပင် ရွှဲတော့သည်။
ချက်အရက်ဆိုင်
စကားမြိုင်
လမင်းနိုင်နိုင် ပြုံးတော့သည်။
ဆွဲလည်းသံမွှေး
စေတီဘေး
ကိုရင်လေးတို့  ပျော်ကြသည်။
ညဥ့်နက်လွန်လေ
ဝင်းထိန်ပေ
လမင်းလှလှ ပြုံးပြသည်။
ပြုံးရယ်ခဏ
သင်္ခါရ
တရားနဲ့ သာ ဖြေရသည်။
ဇာတိကျေးရွာ
ဖယ်ချန်ခွာ
ဆယ်နှစ်မက ကြာခဲ့ပြီ။ ။
တစ်ကောင်ဘွား (ညောင်ရမ်း)
Ref



13:13
Unknown

Posted in:
0 comments:
Post a Comment