ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင်မြို့ခံရဲက ယာယီနိုင်ငံကူးလက်မှတ် ကွန်ပျူတာ လက်ဗွေနှိပ်ရန် မြန်မာသံရုံးကိုသွားတဲ့ မြန်မာအလုပ်သမား ၂၀ ကျော်ကို သောကြာနေ့က လမ်းခုလတ်မှာ ဖမ်းဆီးခဲ့ပါတယ်။
အီလက်ထရွန်းနစ် နည်းပညာသုံး ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ်အသစ် အစီအစဉ်ကို ထိုင်းနှင့် မြန်မာအစိုးအရတို့ပူးတွဲစီစဉ်ဆောင်ရွက်နေတာဖြစ်ပေမယ့် အောက်ခြေက အာဏာပိုင်တွေက ယခင်ဥပဒေအရ အလုပ်သမားတွေအနေနှင့် နယ်ကျော် လုပ်ကိုင်သွားလာခွင့် မရှိတာကို အကြောင်းပြပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဖမ်းခံရတဲ့ အလုပ်သမားတွေထဲက ၂ ယောက်ကို နယ်ကျော်အမှုအဖြင့် ဘတ်ငွေ ၂ သောင်း တောင်းခံခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ဗဏီပွဲစားကတော့ ဘတ်ငွေ တစ်သောင်းဘဲ ပေးလိုက်ရတယ်လို့ ပြောပါတယ်။ ငွေပေးလိုက်ရတဲ့ အလုပ်သမား ၂ယောက်ဟာ ယခင်က ဘန်ကောက်မှာ နေထိုင်ခွင့်အလုပ်သမားလက်မှတ်လုပ်ထားပြီး မဟာချိုင်ကို ပြောင်းလာတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။ သူတို့ အဖမ်းခံနေရတုန်း ကားပေါ်မှာ အတူပါလာတဲ့ မြန်မာတစ်ဦးက သံရုံးကို အကူအညီတောင်းဖို့ ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ဘူးလို့ပြောပါတယ်။
ထိုင်းနှင့် မြန်မာအစိုးရတို့က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက နိုင်ငံအတွင်းမှာ ယာယီပတ်စ်ပို့ ထုတ်ပေးဖို့အတွက် ဘန်ကောက်၊ မဟာချိုင်၊ စမုပါရာကန်၊ ထိုင်းတောင်နိုင်ငံတောင်ပိုင်း စူရဌာနီနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့စတဲ့ ၅ နေရာမှာ သတ်မှတ်ခဲ့ပါတယ်။
Ref: DVB
Ref: ဧရာဝတီ
0 comments:
Post a Comment