Thursday 12 January 2012

အမေရိကန်သံများ ဒေါ်စုနှင့် တွေ့

ဒဲရစ်မစ်ချယ်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် Luis CdeBaca (ဓာတ်ပုံ-Reuters)
ရန်ကုန်မြို့တော်တွင် ရောက်နေသော အမေရိကန် သံတမန်ကြီးများ ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
၎င်းတို့မှာ အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်၊
လူကုန်ကူးမှုဆိုင်ရာ သံတမန် Luis CdeBaca တို့ဖြစ်သည်။
၎င်းတို့ ၂ ဦး မြန်မာနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိနေခြင်း ဖြစ်ပြီး နေပြည်တော်တွင် အရေးပါသည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes