ယခင်မြ၀တီမြို့၌ ထုတ်ပေးသော လက်ရေးဖြင့် ရေးထားသည့် ယာယီနိုင်ငံကူး လက်မှတ်ကို ယခု Computerized Temporary Passport စာများဖြင့် ယနေ့မှစ၍ ပြောင်းလဲ ထုတ်ပေးတော့မည်ဟု မြ၀တီရှိ နိုင်ငံကူး လက်မှတ်လုပ်ရေးတွင် ပါဝင်ကူညီနေသူတဦးက ပြောပါသည်။
“ ဒီလိုလုပ်မယ်ဆိုတာ နှစ်ဆန်းကတည်းက ကြားနေရတယ်လေ အခုမှမြ၀တီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးကနေ ထုတ်ပေးနေပြီးလေ။ အထွေအထူးတော့ မဟုတ်ပါဘူး လက်မှတ်က ပိုသန့်တာပေါ့ဗျာ။ အရင်က လက်ရေးနဲ့ဆိုတော့ ကြည့်လို့ မကောင်းဘူးပေါ့ ဒါပါဘဲ”
ယာယီမြန်မာနိုင်ငံ ကူးလက်မှတ် ထိုင်း-မြန်မာအစိုးရတို့၏ အစီစဉ်ဖြင့် ခွင့်ပြုနေပြီး အလုပ်သမားရှာဖွေရေးအတွက် အဓိက ရည်ရွယ်ထားပါသည်။ ထိုင်းနိုင်ငံအတွင်း မည်သည့် ဒေသမဆို အလုပ်လုပ်ကိုင်ခွင့်ရှိပြီး စစ်ဆေးတားမြစ်မှု မခံရဘဲသွား ရောက်နိုင်ပါသည်၊၊
နေထိုင်ခွင့် ဗီဇာသက်တမ်း နှစ်နှစ်ရမည်ဖြစ်ပြီး ပတ်စ်ပို့သက်တမ်း ခြောက်နှစ်ရှိမည်ဖြစ်ကြောင်း၊ ထိုင်းအလုပ်သမား ဥပဒေ ပါ ခံစားမှုများ တန်းတူ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း၊ အခွန်ကောက်ခံခြင်း၊ တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ လုံးဝမရှိ ကြောင်း သိရသည်။
အလားတူ မြ၀တီနယ်စပ်မြို့အပြင် ကော့သောင်းမြို့၊ တာချီလိတ်မြို့များတွင်လည်း ကွန်ပျူတာစနစ်သုံး ယာယီမြန်မာနိုင်ငံ ကူးလက်မှတ်များကို နေ့ချင်းပြီးပြုလုပ်ပေးနေကြောင်းသိရပါသည်။
Ref: ရွှေဟင်္သာသတင်းဌာန
Ref: ရွှေဟင်္သာသတင်းဌာန



22:21
Unknown

Posted in:
0 comments:
Post a Comment