| ပတ်စ်ပို့ရုံးအနီး သွားလာနေသည့် အမျိုးသမီးငယ် အချို့အားတွေ့ရစဉ် | 
ဂျီတူဂျီစနစ်ဖြင့် အစိုးရချင်း ချိတ်ဆက်ကာ ပြည်ပနိုင်ငံအသီးသီးသို့  အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်း မကြာမီကာလ အတွင်း၌  စေလွှတ်နိုင်ရန် စီစဉ်သွားရန်ရှိကြောင်း အလုပ်သမား ၀န်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားခဲ့ပါသည်။
အမျိုးသမီးများမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာရာတွင်  မိမိအစီအစဉ်ဖြင့်သာ ထွက်ခွာမှုများ နေခြင်းကြောင့် ပြည်ပနိုင်ငံများတွင်  မလိုလားအပ်သည့် ပြဿနာများ ကြုံတွေ့မှုများ ရှိနေကြသည်။ ထို့ကြောင့်  ယခုကဲ့သို့ ပြဿနာများ မဖြစ်ပေါ်စေရန် နောင်တွင် သက်ဆိုင်ရာနိုင်ငံများနှင့်  သဘောတူစာချုပ်များ ချုပ်ဆိုကာ အမျိုးသမီးများကို စေလွှတ်နိုင်ရန်  စီစဉ်သွားမည်ဖြစ်သည်ဟု သိရသည်။“မိန်းကလေးတွေကို ဂျီတူဂျီ နဲ့ စေလွှတ်တဲ့အခါ  တစ်နေရာတည်း စုစုစည်းစည်း လုပ်နိုင်မယ့် အလုပ်မျိုး ဥပမာ စက်ရုံတွေမှာ  လုပ်နိုင်အောင်ပဲ စီစဉ်သွားမှာပါ” ဟု အလုပ် သမားဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောဆိုပါသည်။
ယခုအခါ ထိုင်းနိုင်ငံရှိ စက်ရုံများဆီသို့လည်း အမျိုးသမီး အလုပ်သမားများ  စေလွှတ်ခြင်းများ ရှိနေပြီး ဖြစ်သည့်အပြင် ယခင်က  ကျန်းမာရေးလုပ်ငန်းခွင်နေရာများ ဖြစ်သည့် သူနာပြု အလုပ်အကိုင်  နေရာများတွင်လည်း တရားဝင်စေလွှတ်ခြင်းများ ရှိခဲ့ကြောင်း  သိရှိရပါသည်။ယခုကဲ့သို့ထိုင်းနိုင်ငံသို့ အမျိုးသမီး အလုပ်သမား  စေလွှတ်ခြင်းမှာ ထိုင်းနိုင်ငံ စက်ရုံများမှ အမျိုးသမီး အလုပ်ခေါ်စာများကို  ထည့်သွင်းခေါ်ယူခြင်းများကြောင့် ဖြစ်သည်ဟု သိရှိရပါသည်။
“မြန်မာအမျိုးသမီးတွေ ဘယ်နိုင်ငံကိုသွားသည်ပဲဖြစ်စေ တရားဝင်သွားတာ  မဟုတ်တဲ့အတွက် အလုပ်သမား ခေါင်းပုံဖြတ်တဲ့ကိစ္စ၊ လူကုန်ကူးမှု  အသွင်ဆောင်တာတွေ အမြဲဖြစ်ကြတယ်။ အဆိုးဆုံးကတော့ အလုပ်သမားတွေခေါ်တဲ့  နေရာကစာချုပ်မှာ ပြထားတဲ့ တရားဝင်လစာနဲ့ တကယ်  ရတဲ့လစာ  ကွာခြားတဲ့ကိစ္စတွေပဲ” ဟု မလေးရှားရှိ အေဂျင်စီတစ်ခုနှင့် ချိတ်ဆက်ကာ  အလုပ်ဆက်သွယ် ဆောင်ရွက်ပေးနေသည့် တရားဝင်လိုင်စင်ရှိ အလုပ်သမား  အေဂျင်စီမှတာဝန်ရှိသူ က ပြောကြားခဲ့ပါသည်။
ဂျီတူဂျီစနစ်ဖြင့် အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်စေလွှတ်လျက်ရှိသည့်  နိုင်ငံများမှာထိုင်းနှင့် တောင်ကိုရီးယားနိုင်ငံ ဖြစ်ကြောင်း  သိရှိပါသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ် သြဂုတ်လပိုင်းအထိ ၁၂ နှစ်တာ  ကာလအတွင်းပြည်ပနိုင်ငံအသီးသီး သို့သွားရောက်လုပ်ကိုင်နေကြသော  မြန်မာအလုပ်သမားသုံးသန်းခန့်ရှိ ရာထိုအထဲတွင်နှစ်သန်းနီးပါးသည်  မိမိအစီအစဉ်ဖြင့်ထွက်ခွာသွားသူ များဖြစ်ကြသည်။
Source: EMG 



 11:24
11:24
 Unknown
Unknown
 
 Posted in:
 Posted in:   
0 comments:
Post a Comment