မအေးယုအောင် ကျောက်ကြီးမြို့မှ မိခင်ဖြစ်သူ မကြူထံ ၂၃ ရက် ညနေ ၅နာရီခန့်က ပြန်လည်ရောက်ရှိနေကြောင်းသိရသည်။ ဦးအောင်ဖုန်းဝင်းမှ လိုက်လံပို့ဆောင်ခြင်းဖြစ်ပြီး ကလေးသည် ဦးအောင်ဖုန်းဝင်းတို့ဘက်က သွေးထိုးမှု၊ ဘုရားတွင် သစ္စာဆိုခိုင်းထားကာ ခြိမ်းခြောက်ထားမှုတို့ကြောင့် မိခင်ဖြစ်သူကိုပင် အကောင်းမမြင်နိုင်ဖြစ်နေသည်။ မိခင်မှ သတင်းသမားများနှင့် တွေ့ဆုံဖြေကြားခြင်းကို ကလေးမှ မိခင်အား အပစ်တင်ကြောင်း သိရသည်။
ထို့အပြင် မီးပူနှင့်အကပ်ခံရခြင်း ကိစ္စအား ဒီဘ၀တွင်သာမက နောင်ဘ၀အထိပါ ထုတ်ဖော်မပြောပါဟု ဘုရားများတွင် သစ္စာဆိုခိုင်းထားကြောင်းသိရသည်။ မအေးယုအောင်အား ဦးအောင်ဖုန်းဝင်းက လိုက်လံပို့ဆောင်ရာတွင် ကျောက်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် အမျိုးသမီးရေးရာမှ လူများရှေ့တွင် မိဘဖြစ်သူထံ ပြန်လည် အပ်နှံကြောင်းသိရသည်။ ထိုသို့အပ်နှံရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးမှ မအေးယုအောင်အား အပြီးပြန်လည် အပ်နှံခြင်းဖြစ်ကြောင်နှင့် နောင်တွင် ကလေးကို ပြန်ခေါ်မည် မဟုတ်ကြောင်းကို ဦးအောင်ဖုန်းဝင်အား လက်မှတ်ရေးထိုးစေရာ ဦးအောင်ဖုန်းဝင်းက ငြင်းဆိုသဖြင့် လူအများက ၀ိုင်းဝန်းပြောဆိုမှသာ လက်မှတ်ရေးထိုး ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးမှ လမ်းပြကြယ် အဖွဲ့မှ တရားစွဲဆိုမည် ဖြစ်ကြောင်း သိရှိရသည်။
ကိုရဲ
သတင်းအတွက် ညီငယ် ကိုရဲအား ကျေးဇူးတင်ပါတယ်..
Ref: ဒီမိုဝေယံ



20:42
Unknown

Posted in:
0 comments:
Post a Comment