![]() |
| ရွှေည၀ါဆရာတော်ဦးပညာသီဟ |
ရန်ကုန်တိုင်း၊ကြည့်မြင့်တိုင်မြို့ နယ်ရှိသာဓုပရိယတ္တိစာသင်တိုက်၏ကျောင်းထိုင်ဆရာတော် ရွှေညဝါဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားပေးရန် ညွှန်ကြားစာတစ်စောင်ကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ယနေ့ညနေ ၆နာရီခန့်က ပေးပို့လိုက်ကြောင်း ဆရာတော်နှင့်နီးစပ်သူတစ်ဦးက ဘားမားဗီဂျေ မီဒီယာ အား ပြောကြားခဲ့ပါတယ်။
အထက်ပါညွှန်ကြားစာနဲ့ ပတ်သက်၍ “မနက်ကတည်းက သင်္ကန်းအပိုနှစ်ထည်ထည့်ပြီး စောင့်နေတယ်။ လာဖမ်းရင် တခါတည်း လိုက်သွားမလို့” ဟု ဆရာတော်က အတည်ပြုမိန့်ဆိုခဲ့ပါတယ်။
မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရွှေည၀ါဆရာတော် တရားဟောပြောခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ၊ နိုဝင်ဘာ ၂၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မ ဟာနယကအဖွဲ့ (၄၇) ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
ယင်းညွှန်ကြားစာထဲတွင် ရွှေည၀ါဆရာတော်ဦးပညာသီဟအား နိုင်ငံတော်သံဃာနာယကပိုင် ကြည့်မြင့်တိုင်မြို့ နယ်၊သာဓုကျောင်းတိုက်မှဖယ်ရှားပေးရန်၊ သံဃာအဖွဲ့စည်း အဆင့်ဆင့်၏ ဆုံးမ ညွှန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်သည့်အပြင် သာဓုကျောင်း တိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခွင့်မပြုရန် ပါရှိပါတယ်။ အထက်ပါညွှန်ကြားချက်များကို မလိုက်နာပါက သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၁ အရ အရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။ မည်သည့်နေ့ရက်တွင် ထွက်ခွာပေးရန်ညွှန်ကြားမှု မပါရှိကြောင်း၊ သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ရွှေည၀ါ ပညာ့ဗိမာန်သို့ ဒီဇင်ဘာ ၁၅ရက်နေ့တွင် ကြွရောက်လာရန် အစီအစဉ်ရှိကြောင်းဆရာတော်နှင့် နီးစပ်သူတစ်ဦးကပြောပါတယ်။
“ဟီလာရီလာတုန်းက ဆရာတော်သွားတွေ့လိုက်လို့ သူတို့တွေ လန့်သွားကြတယ်နဲ့တူတယ်။” ဟု ဆရာတော်၏ အနီးကပ် ကပ္ပိယတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ ဆရာတော်သည် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်လာရောက်စဉ်က ပြည်တွင်းရှိ လူမှုရေး၊ နိုင်ငံရေး ဆောင်ရွက်သူများနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့ပါတယ်။
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပွဲအပြင် နိုင်ငံရေးအကျဉ်းသားမိသားစုများဦးဆောင်သည့် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ဆုရရှိသည့် နှစ် ၂၀ ပြည့်အခမ်းအနားကိုလည်းယင်းကျောင်းတိုက်တွင်ကျင်းပခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့သည် ရွှေည၀ါဆရာတော်ကဲ့သို့ပင် ဦးသုမင်္ဂလ (ဒယ်အိုး) ဆရာ တော်ကိုလည်း ဒီဇင်ဘာ ၉ရက်နေ့ ၂၀၁၁ခုနှစ် မှ ဒီဇင်ဘာ ၈ရက် ၂၀၁၂ခုနှစ်အထိ တစ်နှစ်တိတိတရား ဟောပြောခွင့် ပိတ်ပင်လိုက်ပါတယ်။
ကိုဟိန်း
Ref:Burma VJ Media Group

10:20
Unknown

Posted in:
0 comments:
Post a Comment