ထိုင်းနိုင်ငံ မြောက်ပိုင်း အယုဒ္ဓမြို့ နယ်မြေအတွင်း ရေဘေးဒုက္ခ ကြုံနေရသည့် မြန်မာ အလုပ်သမားများ သောက်ရေ၊ ဆေးဝါးနှင့် အမျိုးသမီး အသုံးအဆောင်များ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။
သွားရောက် အကူအညီပေးနေသည့် ဘုန်းတော်ကြီး နှစ်ပါးနှင့် အလုပ်ရုံမှ အလုပ်သမားများ ပြောပြချက်အရ သောက်ရေ၊ ဖျားနာ ကိုက်ခဲဆေးဝါး၊ အစာခြောက်၊ ဖယောင်းတိုင်နှင့် အမျိုးသမီး အသုံးအဆောင်များ အပူတပြင်း လိုအပ်နေကြောင်း သိရသည်။
ဘန်ကောက်မြို့ ဘန်ဘော်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များအပြင် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်းတို့ ကလည်း ကူညီရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
Source: GHR



00:10
Unknown
Posted in:
0 comments:
Post a Comment