နော်ဝေနိုင်ငံမှ အစိုးရအဖွဲ့ ဝင် ၀န်ကြီး (Espen Barth Eide) အက်စ်ဘတ်အီဒဲ -သည် ၇။၁၀။ ၂၀၁၁ နေ့ က မြန်မာ အစိုးရ၏ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် နေပြည်တော်တွင် သွားရောက် တွေ့ ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် ဦးရွှေမန်းမှ မြန်မာနိုင်ငံတွင်များမကြာမီ ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသား(၂၀၀ဂ) နှစ်ထောင် လွှတ် ပေးမည်ဟု ထုတ်ဖော်ပြောဆိုသည်ကို နော်ဝေရုပ်မြင်သံကြား ဌာန တခု ဖြစ်သည့် .nrk မှ ပြသသွားသည်။
ဦးရွှေ မန်းမှ မြန်မာလို အကျဉ်းသားများ လွှတ်ပေးမည်ကို နော်ဝေ ၀န်ကြီးမှ နားမလည်သဖြင့် ပြန်လည်မေးမြန်းရာ -မကြာမီ ရက်ပိုင်း အတွင်း ပေါ့ ။အကောင်အထည်ဖော်မှာ ပါဟု ပြန်လည်ဖြေကြားရာ အင်္ဂလိပ် စကားပြန်မှ within a few days ဟု ပြန်ပြောပါသည်။
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရကြို ဆိုပါမည်လား ဟု ထပ်မံမေးမြန်းရာတွင် -- ရှိနိုင်ဖို့ အခွင့် အလမ်းတွေ ပေါ်လာနိုင်ပါတယ်။ အဲလို ပေါ်လာမယ်ဆိုရင်လည်း မိမိတို့  ဘက်မှ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုမည်ဖြေစ်ကြောင်း ထုတ်ဖော်ပြောဆိုပါသည်။
ဦးရွှေမန်း၏ နော်ဝေ ၀န်ကြီးအား မြန်မာလို ပြန်လည် ဖြေကြားချက် ဗွီဒီယိုဖိုင်
Source: ဟစ်တိုင်



08:16
Unknown
Posted in:
0 comments:
Post a Comment