![]() |
| အောက်တိုဘာ ၁၂ ရက်၊ သီတင်းကျွတ်လပြည့်နေ့က စပြီးလွတ်မယ့်ထဲ ဇာဂနာပါလို့ဆို |
သမ္မတ ဦးသိန်းစိန်က ဒီမိုကရက်တစ်မြန်မာကို ဖော်ဆောင်ဖို့အတွက် ထိုက်သင့်တဲ့ နေရာတွေက ပါနိုင်ဖို့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကချခံရပြီးသား အကျဉ်းသား ၆၃၅၉ ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့အကြောင်း ဒီကနေ့ (၁၁၊ ၀၁၊ ၂၀၁၁) မွန်းလွဲ ၁ နာရီက MRTV-4 ရုပ်သံကနေ ကြားဖြတ် အထူးသတင်း အနေနဲ့ ကြေငြာ ခဲ့ပါတယ်။
အသက်အရွယ်ကြီးရင့်တဲ့၊ ကျန်းမာရေးမကောင်းတဲ့၊ ကိုယ်လက်အင်္ဂါချို့တဲ့တဲ့၊ ထိုက်သင့်တဲ့ပြစ်ဒဏ် ကျခံပြီးတဲ့ အကျဉ်းထောင်တွင်း စည်းကမ်းနဲ့ အကျင့်စာရိတ္တကောင်းမွန်တဲ့ အကျဉ်းသားတွေကို ပြန်လွှတ်တာလို့ ကြေညာ ချက်မှာ ဖေါ်ပြထားပါတယ်။
အကျဉ်းသားတွေဟာ အောက်တိုဘာလ ၁၂ ရက်၊ သီတင်းကျွတ်လပြည့်နေ့ကစပြီး သက်ဆိုင်ရာအကျဉ်းထောင်တွေက အသီးသီး လွတ်မြောက်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။
သန့်ရှင်းတဲ့ အစိုးရကောင်း၊ ကောင်းမွန်တဲ့ အုပ်ချုပ်တဲ့စနစ်၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေတဲ့အချိန်မှာ အခုလို လွှတ်ပေးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတော်သမ္မတအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ခ ကို ကျင့်သုံးပြီး လူသားချင်းစာနာလို့၊ အကျဉ်းသားတွေနဲ့ သူတို့ရဲ့မိသားစုတွေကို သနားချစ်ခင် စာနာလို့ မေတ္တာ စေတနာထားလို့ လွှတ်ပေးတာလို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အကျဉ်းသားတွေအနေနဲ့ နိုင်ငံ့အကျိုး၊ ဒေသအကျိုး၊ အများအကျိုးကိုလည်း ပူးပေါင်းဆောက်ရွက်ဖို့ မျှော်လင့်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်ကလာတဲ့ အတည်ပြုလို့မရသေးတဲ့ သတင်းတွေအရတော့ ဒါဟာ သုံးသုတ်လွှတ်မယ့်ထဲမှာ ပထမဆုံး အကြိမ်လွှတ်ပေးတာဖြစ်ပြီး၊ နာမည်ကျော် လူရွှင်တော် ဇာဂနာ၊ ရှမ်းပြည်က ဗိုလ်ချုပ် ဆေထင်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
Source: BBC



15:05
Unknown

Posted in:
0 comments:
Post a Comment