သရက်သီးများ လှိုင်လှိုင်ပေါ်ထွက်မလာမီအချိန်တွ င် ပေါ်ဦးပေါ်ဖျား ဈေးကောင်း ရရှိရေးအတွက် မရင့်မာသေးသော (Unmaturity) သရက်သီးများအား ခူး၍ မှည့်ဆေးများတို့ကာ ဈေးကွက်တွင် ရောင်းချနေကြသကဲ့သို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တစ်ဆင့် ပြည်ပသို့ တင်ပို့နေသော သရက်သီးများတွင်လည်း တချို့မှာ မှည့်ဆေးများတို့ကာ တင်ပို့နေကြသဖြင့် ဝယ်ယူသူများဘက်မှ ကြိုက်နှစ်သက်မရှိကြ၍ အဟန့်အတား ဖြစ်နေကြသည်ဟု ကြားသိရပါသည်။
မှည့်ဆေးဆိုသည်မှာ အက်သလင်းဓာတ်ပေါင်းပင် ဖြစ်ကြောင်း အများသိကြပြီး ဖြစ်ပါသည်။ အက်သလင်းဓာတ်သည် သဘာဝအပင် ဟော်မုန်းတစ်ခု ဖြစ်၍ အပင်များ၏ ကြီးထွားမှု၊ ဖွံ့ဖြိုးမှု၊ အသီးများ ရင့်မှည့်စေမှုတို့ကို ဖြစ်စေပါသည်။ အသီးများ ရင့်မှည့်လာလျှင် အက်သလင်းဓာတ်ထွက်လာ၍ အစိမ်းရောင် ကလိုရိုဖီးလ်ကိုအခွံမှ ဖယ်ရှားပြီး အဝါရောင် (သို့မဟုတ်) လိမ္မော်ရောင်သို့ ပြောင်းလဲပစ်သည်။
အနံ့အရသာကိုမူ ပြောင်းလဲပစ်နိုင်ခြင်း မရှိပါ။ သာမန်အားဖြင့် သီးနှံများ၏ အသက်ရှူမှု ဖြစ်စဉ်တွင် အက်သလင်းသည် ပမာဏ အနည်းငယ်သာထွက်ရှိ၍ သီးနှံများ အားလုံး အမှည့်ညီ၊ ရောင်းပန်းလှစေရန် ပြင်ပမှ အက်သလင်းဓာတ်ကို အသီးများ အတွင်းသို့ အညှာတံမှ တို့၍ ထည့်သွင်းကြခြင်း ဖြစ်ပါသည်။ မှည့်ဆေးတို့ သရက်သီး များသည် အသက်ရှူမှုဖြစ်စဉ်မြန်ဆန်၍ အရည်အသွေးများ ကျဆင်းလာခြင်း၊ သိုလှောင်ကာလ တိုတောင်းလာခြင်းတို့ ဖြစ်ပေါ်ပါသည်။
အက်သလင်းဓာတ် သက်ရောက်မှုသည် နိမ့်သော အပူချိန်တွင် နှေးကွေးသော်လည်း သာမန်အပူချိန်တွင် မြန်ဆန်မှု ရှိ၍ ပျက်စီးမှု မြန်ဆန်လာပါသည်။ သရက်သီးများသည် အဖွံ့ဖြိုးဆုံးအချိန်၊ ရင့်မာချိန် ရောက်ရှိလာမှသာ အနံ့အရသာနှင့် ပြည့်စုံသဖြင့် သရက်သီးများ၏ စံချိန်မှီ အရည်အသွေး နိမ့်ကျသွားခြင်း၊ မှည့်ဆေးသုံးထားသဖြင့် ကိုင်တွယ် မခံခြင်း၊ ကြာရှည်သိုလှောင်မထားနိုင်ခြင်း တို့ကြောင့် ဈေးကွက်ပျက်ခြင်းများ မရှိကြရလေအောင် ဂရုပြုဆောင်ရွက်သင့်ပါသည်။
မှည့်ဆေး (အက်သလင်း) အား သဘာဝ အတိုင်းမဟုတ်ဘဲ နည်းမျိုးစုံဖြင့် ရရှိအောင် ဆောင်ရွက်သုံးစွဲကြခြင်း ဖြစ်ပါသည်။ မှည့်ဆေးသည် စားသုံးသူများ လူသားတို့၏ ကျန်းမာရေးအား ထိရောက်သော အန္တရာယ်ပြုမှု မဖြစ်စေနိုင်သော်လည်း ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ထိရောက်သော အန္တရာယ် ဖြစ်စေနိုင်သည့် ဆေးတစ်မျိုး ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
Ref: Commerce



07:12
Unknown
Posted in:
0 comments:
Post a Comment