Wednesday, 26 September 2012

ဂျပန် ခြေစမ်းပွဲများတွင် မြန်မာအသင်း ရလဒ်ဆိုးရွားနေ

ဂျပန် ခြေစမ်းပွဲများတွင် မြန်မာအသင်း ရလဒ်ဆိုးရွားနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။            ။ ခြေစမ်းပွဲများ ကစားရန်အတွက် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ့ လက်ရွေးစင် အသင်းသည် စက်တင်ဘာလ ၂၃ ရက်နေ့က ဂျေလိဂ် (၁) ကလပ် ဆီရီဇို အုဆာကာ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၃-၀ ဖြင့် ရှုံးနိမ့်သွားခဲ့ပြီး ဒုတိယအကြိမ် ဂိုးပြတ်ဖြင့် ရှုံးခြင်းလည်း ဖြစ်သည်။

စက်တင်ဘာ ၂၀ ရက်နေ့က ကစားခဲ့သော ဂျေလိဂ်ကလပ် အိုကိုရာမာအသင်းနှင့် ပွဲတွင် ၆-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သေးသည်။

ဂျပန်ကလပ်အသင်းများမှာ မြန်မာအသင်းထက် ဘောလုံးကျွမ်းကျင်မှု၊ လျှင်မြန်မှုနှင့် နည်းစနစ် ပိုင်းများတွင် များစွာ သာလွန်နေသည့်အတွက် မြန်မာအသင်းအနေဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်မှ မီဒီယာတာဝန်ရှိသူများက သုံးသပ်သည်။

မြန်မာအသင်း၏ နည်းပြချုပ် ပတ်ဆောင်ဟွာ အနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက် ခြေစမ်းမည့် ခရီးစဉ်အတွက် တိုက်စစ်မှူး ရန်ပိုင်နှင့် စိုးမင်းဦးတို့မှ လွဲ၍ မြန်မာ နေရှင်နယ်လိဂ်၏ အကောင်းဆုံး ကစားသမား ၂၅ ဦးကို ရွေးချယ်
ခေါ်ယူသွားခဲ့သော်လည်း ရလဒ်များမှာမူ ကျေနပ်ဖွယ်အနေအထား တခုအထိ စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။

“ကျနော်တို့အသင်းနဲ့ ဂျပန်အသင်းကြားမှာ ကွာခြားချက်တွေ အများကြီးရှိပါတယ်။ ကျနော်တို့မှာ လိုအပ်နေတာက
လေ့ကျင့်ပြင်ဆင်မှုနဲ့ ပြင်းပြင်းထန်ထန် အားထုတ်မှုပါ။ သူတို့လို အဆင့်မျိုး ရောက်ဖို့ဆိုရင် လေ့ကျင့်မှုနဲ့ကြိုးစား
အားထုတ်မှုကို အခုထက်ပိုပြီး လိုအပ်ပါတယ်” ဟု မြန်မာ့ လက်ရွေးစင်အသင်း၏ အသင်းမန်နေဂျာ ဦးသန်းတိုးအောင်က ဆိုသည်။

လက်ရှိခြေစမ်းပွဲ နှစ်ပွဲ ကစားပြီးချိန်အထိ မြန်မာအသင်း၏ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးဘဲ တိုက်စစ်မှူး
များအဖြစ် ပတ်ဆောင်ဟွာ ရွေးချယ် ခေါ်ယူသွားသည့် ကောင်းစည်သူ၊ ရာဇာဝင်းသိန်းနှင့် ကျော်ဇေယျာဝင်းတို့မှာ ဂိုးပေါက်ပျောက် လျက်ရှိသည်။

ဒဏ်ရာရရှိထားသော တိုက်စစ်မှူး ကျော်ကိုကို ဂျပန်ခရီးစဉ်သို့ လိုက်ပါသွားခဲ့သော်လည်း ၎င်းမှာ ခြေစမ်းပွဲများတွင် ပါဝင်ကစားနိုင်ခြင်း မရှိသေးပေ။

“မြန်မာအသင်းအနေနဲ့ လိုအပ်ချက်တွေ အများကြီးပဲ။ တဦးချင်းရော၊ အသင်းလိုက် ပိုင်းမှာရော၊ ကစားကွက်ပိုင်းနဲ့ နားလည်မှုပိုင်းမှာရော လိုအပ်ချက်တွေ ရှိနေသေးတယ်” ဟု ကျော်ကိုကိုက မဇ္ဈိမ ကိုပြောသည်။

မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ခန်းဆဲအိ တက္ကသိုလ် လက်ရွေးစင်အသင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဗစ်ဆဲလ် ကိုဘေး ယူ-၁၈ အသင်းတို့နှင့် ခြေစမ်းပွဲများ ဆက်တိုက် ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသေးသည်။
မဇ္ဈိမ

မဇ္ဈိမ စာဖတ်ပရိသတ်သို့

mizzimajo1
မဇ္ဈိမသတင်းဌာန ။        ။ မဇ္ဈိမ သတင်းဂျာနယ်ကို မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ပြီး အင်္ဂါနေ့၊ စက်တင်ဘာ ၂၅ ရက်၊ ၂ဝ၁၂ ခုနှစ်တွင် စတင် ဖြန့်ချိလိုက်ပါပြီ။

၁၉၈၈ ခုနှစ်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဦးစိုးမြင့် အပါအဝင် မဇ္ဈိမကို တည်ထောင်သူ မြန်မာကျောင်းသား သုံးဦးအတွက် ထူးကဲသော မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။

သတင်းစာ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီမှာ ခွဲခြားမရကောင်းဟု ယုံကြည်သော မဇ္ဈိမ အတွက် စာဖတ်ပရိသတ်၏ အားပေးထောက်ခံမှု၊ အလှူရှင်များနှင့် အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့ကြသူများ၏ အားထုတ်မှုများကြောင့် ယခုကဲ့သို့ ကျယ်ပြန့်လာနိုင်ခြင်း ဖြစ်ပါတယ်။

“မြန်မာ့စာနယ်ဇင်း ရွှေခေတ်ကို အားကျတယ်။ သတင်းစာ ဆရာကြီးတွေရဲ့ အကြောက်အရွံ့မရှိတဲ့ ပြောဆိုသင်ပြခဲ့တဲ့ စကားတွေက စိန်ခေါ်မှုတွေ ကြုံရတိုင်း နည်းပေးလမ်းပြ
ဖြစ်စေခဲ့တယ်” ဟု အယ်ဒီတာချုပ် ဦးစိုးမြင့် က ပြောသည်။

ယခုနှစ်ဆန်းပိုင်းက စပြီး မဇ္ဈိမ၏ ထိပ်ပိုင်း အယ်ဒီတာများ

နှင့် ဝန်ထမ်းများ မြန်မာပြည်သို့ ပြန်ကာ အလုပ်လုပ်နေခဲ့ ကြသလို နယူးဒေလီနှင့် ချင်းမိုင်ရုံးများလည်း ဆက်လက် လည်ပတ်နေသည်။

“သမာသမတ်ကျပြီး ပရော်ဖက်ရှင်နယ် ဆန်တဲ့ သတင်းတွေ တင်ပြခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့် မယ်။ ပြီးတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ဦးစိုးမြင့် က ပြောသည်။

သတင်းစာ လွတ်လပ်ခွင့်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက် အရေးပါပုံကိုလည်း မဇ္ဈိမ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်း က အလေးပေး ပြောကြားပါတယ်။

“ဂျာနယ်အနေနဲ့ ဘက်မလိုက်တဲ့ သတင်းတွေ၊ ရဲရဲဝံ့ဝံ့ စိတ်ဖြာလေ့လာချက်တွေနဲ့ အသုံးဝင်မယ့် သတင်း အချက်အလက်တွေကို ပေးနိုင်လိမ့်မယ်။ အရေးကြီးတဲ့ ကိစ္စတွေမှာ လှည့်စား ဖုံးကွယ်ထားတာတွေကို ဖယ်ရှားပြီး အမှန်ကို တင်ပြလာနိုင်မယ်” ဟု ဆိုသည်။

“မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရရင် ပြည်သူတွေဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီး လာနိုင်လိမ့်မယ်” ဟု ဦးစိန်ဝင်း က ပြောသည်။

မဇ္ဈိမ ဂျာနယ်ကို တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချရန် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ မြို့ကြီးများနှင့် နယ်များတွင်ပါ ဖတ်ရှုနိုင်အောင် ကြိုးစားထားပါတယ်။

ပထမဆုံးထုတ် ဂျာနယ်တွင် စာမျက်နှာ ၃၂ မျက်နှာ ပါဝင်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေး၊ အတွေးအမြင်နှင့် စိတ်ဖြာလေ့လာချက်၊ လူမှုဘဝနှင့် အားကစား ကဏ္ဍတို့ ပါဝင်ပါတယ်။ အချပ်ပို လေးမျက်နှာ လည်းထည့်သွင်း ဖြန့်ချိခဲ့ပါတယ်။
မဇ္ဈိမ

မြန်မာနိုင်ငံကိုအကူအညီ ဆက်ပေးဖို့ ဒေါ်အောင် ဆန်းစုကြည် ပန်ကြား



 ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ လာနေတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ အကူအညီတွေဆက်ပေး သွားဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ကင်တာကီပြည်နယ် လူဝီဗီးလ် တက္ကသိုလ်မှာ မကြာသေးခင် အချိန်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။ လူဝီဗီးလ် တက္ကသိုလ်က ဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ အပြင် ကင်တာကီပြည်နယ် တ၀ိုက်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံစဉ်မှာ ခုလို ပြောသွားတာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ လာနေတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ အကူအညီတွေဆက်ပေး သွားဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ကင်တာကီပြည်နယ် လူဝီဗီးလ် တက္ကသိုလ်မှာ မကြာသေးခင် အချိန်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။ လူဝီဗီးလ် တက္ကသိုလ်က ဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ အပြင် ကင်တာကီပြည်နယ်
တ၀ိုက်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံစဉ်မှာ ခုလို ပြောသွားတာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
 

 ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ လာနေတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ အကူအညီတွေဆက်ပေး သွားဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ကင်တာကီပြည်နယ် လူဝီဗီးလ် တက္ကသိုလ်မှာ မကြာသေးခင် အချိန်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။ လူဝီဗီးလ် တက္ကသိုလ်က ဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ အပြင် ကင်တာကီပြည်နယ် တ၀ိုက်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံစဉ်မှာ ခုလို ပြောသွားတာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

အမေရိကန် စံတော်ချိန် မနက် ၉ နာရီ ပြီးခဲ့တဲ့အချိန်ပိုင်းတွင်းကပဲ ကင်တာကီပြည်နယ်၊ လူဝီဗီးလ်မြို့ကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူဝီဗီးလ် တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေ အပြင် ကင်တာကီပြည်နယ်တ၀ိုက်က မြန်မာမိသားစု တွေနဲ့ တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ အဝေးကြီးမှာ ရှိနေပေမဲ့လို့ မြန်မာနိုင်ငံသားတွေကို မေ့မထားဘဲ အမြဲတမ်း ကူညီ ထောက်ပံ့ခဲ့တာတွေ၊ အမေရိကန် ပြည်ထောင်စုမှာ လာရောက် အခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို လုံခြုံမှု ပေးခဲ့တာတွေ အတွက် အမေရိကန်ပြည်ထောင်စုကို အထူး ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံကတော့ ကိုယ့် နိုင်ငံသားတွေအတွက် လုံခြုံ စိတ်ချရတဲ့နေရာတခု ဖြစ်မလာသေးဘူး။ အဲဒီအတွက် ဆက်ပြီး ကြိုးပမ်းကြ ရဦးမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။

အခုချိန်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းစ ပေါ်လာနေပြီဖြစ်လို့ အရင်လောက် အကူအညီတွေ မလိုအပ်နိုင်တော့ဘူးဆိုပြီး အကူအညီတွေ လျော့သွားမှာကို စိတ်ပူမိတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမကို ခုချိန်မှာ နည်းနည်း စိုးရိမ်တာက တော်တော်များများက ထင်ကြပါလိမ့်မယ်၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကိစ္စတွေမှာ သူတို့အနေနဲ့ အရင်လို သိပ် အားထုတ် ကူညီစရာ မလိုတော့ဘူး၊ ကျမတို့ ဦးတည် ကြိုးပမ်းနေတဲ့ ဒီမိုကရေစီ ရရှိဖို့ ဆိုတာ အခု မြန်မာနိုင်ငံမှာ ရှိလာနေပြီ၊ ဆိုတော့ အရင်လောက် ကူညီစရာ မလိုတော့ဘူးလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်ကတော့ ခုချိန်မှာ အကူအညီတွေက ပိုပြီးတော့တောင် အလိုအပ်ဆုံး အချိန် ဖြစ်ပါတယ်။ ဉာဏ်ပညာ အရည်အသွေး မြင့်တင်ရေးပိုင်းဆိုင်ရာ အကူအညီတွေပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ဘာဖြစ်နေလဲဆိုတာ သိဖို့လိုပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားနိုင်ဖို့၊ ဘယ်ဟာက တကယ်စစ်မှန်တဲ့ တိုးတက် ပြောင်းလဲမှုလဲ၊ ဘယ်ဟာက အပေါ်ယံ ပြောင်းလဲမှုလဲ ဆိုတာကို ခွဲခြားသိဖို့ပါ။”

ဒီပွဲမှာ မြန်မာ့အရေးကို အစဉ်တစိုက် တက်တက်ကြွကြွ အားပေး ထောက်ခံလာခဲ့တဲ့ ကင်တာကီပြည်နယ် ကိုယ်စားပြု ရီပက်ပလစ်ကန် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနဲလ်ကလည်း အခုလို အမှာစကားပြောသွားခဲ့ပါတယ်။

“ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ကျနော်တို့ ရပ်တည်ပါတယ်။ အနာဂတ်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အမိနိုင်ငံ အတွက် သံန္နိဌာန် ခိုင်မာစွာနဲ့ နောက်မဆုတ်ဘဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။”

နောက်ပိုင်း တက္ကသိုလ် ကျောင်းသားတွေနဲ့ အမေးအဖြေ လုပ်တဲ့အခါ မှာ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံမှာ အခြေခံပညာရေး ပြုပြင်ပြောင်းလဲဖို့ အများကြီး လိုအပ်တဲ့အကြောင်း၊ နှစ်နိုင်ငံ ကျောင်းသားတွေအကြား အပြန်အလှန် ဗဟုသုတ ဖလှယ်တဲ့ အစီအစဉ်တွေ အရေးကြီးပေမဲ့လို့ အဓိကအားဖြင့်တော့ မြန်မာ ကျောင်းသူကျောင်းသား လူငယ်တွေ အကြား အခြေခံ အင်္ဂလိပ်စာ တက်မြှောက်မှုအပိုင်းမှာ အင်မတန် အားနည်းနေတာကြောင့်မိုလို့ အင်္ဂလိပ်စာ တတ်ကျွမ်းမှုကို ဦးစားပေးတဲ့ ပညာသင်ဆုတွေကို အဓိက အလေး ထား ပေးသွားဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

လူဝီဗီးလ်မှာရောက်နေတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား လူငယ်တွေ အနေနဲ့ ကိုယ့်နိုင်ငံတွေအတွက် ဘာတွေ ပြန်လုပ်ပေးနိုင်မလဲလို့ လူငယ်တယောက်ရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေသွားပါတယ်။

“ကျမတို့ကို ဒီလို အခုပေါ့နော်၊ ဒီမှာရောက်နေတဲ့လူငယ်တွေက ဒုက္ခသည်တွေ ဘ၀ကနေ ရောက်လာပြီးတော့ ဒီရောက်တဲ့အခါကျရင် ကိုယ့်နိုင်ငံအတွက် ဘာ ပြန်ပြီးတော့ အကူအညီပေးရမလဲ ဆိုတာ စိတ်ထားရှိတာကို ကျမ အရမ်းဝမ်းသာတယ်။ ဂုဏ်လည်း ယူတယ်။ လေးလည်း လေးစားတယ်။ အဲဒီတော့ တကယ်ပဲ အကူအညီပေးချင်တယ် ဆိုရင် နံပါတ်တစ်က ကိုယ်က ဘယ်ဘက်ကို အားသန်လဲ ဆိုတာ သိရပါတယ်။ ဥပမာ - တယောက်နဲ့တယောက် မတူကြဘူး။ တချို့ဆိုရင် ပညာရေးဘက်မှာ အားသန်တယ်၊ တချို့ဆိုရင် ကျန်းမာရေးဘက်မှာ အားသန်တယ်။ ဘယ်ဘက်မှာ အားသန်လဲ ဆိုတာကို သိဖို့လိုပါတယ်။ ကိုယ်အားသန်တဲ့ဘက်ကနေမှ ကိုယ် ကူညီလို့ရမှာ။ အခု ကျမတို့ကနေပြီးတော့ ပထမ အရေးကြီးတာက ကျမတို့ရဲ့ လူငယ်တွေ မြန်မာနိုင်ငံကို ပြန်လာချင်လို့ရှိရင် ဘယ်လို ပုံစံနဲ့ပဲ ရောက်လာတာဖြစ်ဖြစ်၊ ပြန်လာချင်လို့ရှိရင် လုံလုံခြုံခြုံနဲ့ ပြန်လာနိုင်တဲ့ အနေအထားတခုကို ဖန်တီးဖို့ လိုပါတယ်။

နောက်တခုကလည်း တချို့တွေကလည်း ဒီနိုင်ငံမှာပဲ အခြေခံချင်တယ် ဆိုရင်လည်း ဒါဟာ အပြစ်မဟုတ်ပါဘူးနော်။ အဲဒါတော့ ကျမ သတိပေးပါရစေ။ ဒီနိုင်ငံမှာ အခြေချတာဟာ အပြစ် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်လိုအပ်တဲ့ အချိန်တုန်းက ကိုယ့်ကို လက်ခံခဲ့တဲ့ နိုင်ငံတခုအပေါ်မှာ သံယောဇဉ် တွယ်သွားတာ၊ ကျေးဇူးတရား ရှိသွားတာ၊ မေတ္တာတရား ထားတာဟာ ဒါ အမှား မဟုတ်ပါဘူး။ ဆိုတော့ ဒီနိုင်ငံမှာပဲ အခြေချပြီးတော့ နေချင်တယ်၊ ဒါပေမဲ့ တတ်နိုင်သမျှ အရင်တုန်းက ကိုယ့်အမိ နိုင်ငံကို ပြန်ပြီးတော့ ကူချင်တယ် ဆိုရင်လည်း အဲဒီလို အခွင့်အရေးတွေ ဖြစ်အောင်လို့ ဖန်တီးဖို့ ကျမတို့ ကြိုးစားနေပါတယ်။”


လက်နက်ကိုင် တိုက်ပွဲတွေနဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် နယ်စပ်ဒေသတွေမှာ ထွက်ပြေး တိန်းရှောင်နေကြရတဲ့ ကရင်ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးနဲ့ပတ်သက်လို့ ကရင်အမျိုးသမီးတဦးရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေခဲ့ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းက ကချင်တကျပ်၊ ဗမာတကျပ် ဆိုပြီးတော့ ပြောတယ်ပေါ့။ အခုရော သူ့သမီးက ဒီလို လာပြောဦးမှာလား၊ ပြောပြီးတော့ ကတိတည်ဦးမှာလား ဆိုတော့၊ ကျမက ပြောတယ်၊ ကျမမှာ တကျပ် ပေးစရာလည်း မရှိဘူး။ ကချင်လည်း မပေးနိုင်ဘူး။ ဗမာလည်း မပေးနိုင်ဘူးလို့။ အဲဒီတော့ ကျမတို့ အားလုံးအတူတူ ကြိုးစားပြီးတော့မှ ညီညီမျှမျှနဲ့ ချမ်းသာနိုင်အောင် ကျမတို့ ကြိုးစားရမယ်လို့ ကျမ ပြောပါတယ်။ အခုအနေမှာဆိုရင်တော့ ဖွံ့ဖြိုးရေး အကူအညီနဲ့ပဲ ဖြစ်ဖြစ်၊ လူသားချင်း စာနာတဲ့အကူအညီပဲ ဖြစ်ဖြစ်၊ ကျမကို လာပြီးတော့ တိုင်ပင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေကို ကျမ အမြဲပြောပါတယ်။

မြန်မာ အများစုရှိတဲ့ပြည်နယ်တွေမှာ အကူအညီ တခုပေးလို့ရှိရင် တိုင်းရင်းသားတွေ နယ်တွေမှာလည်း အကူအညီတခုပေးရမယ်။ ဒီလို ညီမျှအောင်ပေးရမယ်။ ဒါကတော့ ဖွံ့ဖြိုးရေးအတွက်။ ဒီလို ဖွံ့ဖြိုးတာက မလုံလောက်သေးဘူး။ ဒီလို ဖွံ့ဖြိုးမှလည်း ကျမတို့ အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်မှာပေါ့။ ပြန်လာပြီး ဆင်းရဲနေရင်လည်း မကောင်းဘူး။ ဒါပေမဲ့ ဆင်းရဲမှုကတင် မလုံလောက်ပါဘူး။ နိုင်ငံရေးအရ လုံခြုံမှု ရှိရမယ်။ အဲဒီတော့ အဲဒီ လုံခြုံမှု ကျမတို့ ပေးနိုင်ပြီလားဆိုတော့ ကျမ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျမတို့ အာမ မခံနိုင်သေးဘူး။ အာမခံနိုင်အောင်လို့ ကျမတို့ ကြိုးစားပါမယ်။

အဲဒီလို နိုင်ငံရေးအခြေအနေ ရောက်အောင်လို့ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အတွက် အပြည့်အ၀ အကာအကွယ် ပေးနိုင်တဲ့ အခြေအနေ ရောက်အောင်လို့ ကျမတို့ ကြိုးစားပါမယ်။ မရောက်သေးဘဲနဲ့တော့ ကျမတို့ ရောက်ပြီ ဆိုပြီးတော့ လှည့်ဖျားပြီးတော့ မပြောပါဘူးလို့ ကျမ ကတိပေးပါတယ်။”


နိုင်ငံခြားမှာရှိနေတဲ့ မြန်မာလူငယ်တွေ အနေနဲ့ မြန်မာနိုင်ငံအတွက် အကူအညီတွေ ပြန်လုပ်ပေး ချင်ကြတယ် ဘယ်လို ကူညီရမယ်ဆိုတာကို သူ့ကို အီးမေးကနေ ဆက်သွယ်နိုင်တဲ့အကြောင်း၊ အီးမေးလိပ်စာ info.nldburma@gmail.com ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေ အပြည့်အ၀ ရဖို့ လိုအပ်နေသေးတဲ့ အကြောင်းနဲ့ ပြုပြင် ပြောင်းလဲမှုတွေ အများကြီး ဆက်လုပ်စရာ ရှိနေသေးတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတခုဖြစ်သလို ဒီတိုင်းရင်းသား လူမျိုး အားလုံး၊ ကိုယ့်လူမျိုးတခုတည်းကို မခွဲခြားဘဲ၊ ဘယ်နေရာ ဘယ်ဒေသမှာပဲ ရှိနေရှိနေ မြန်မာနိုင်ငံ အကျိုးအတွက် တက်ညီလက်ညီ ဆောင်ရွက်သွားကြမယ်ဆိုရင် နှစ်ပေါင်းများစွာ မျှော်လင့် ကြိုးပမ်းလာခဲ့တဲ့ လွတ်လပ်ပြီး တိုးတက်တဲ့ နိုင်ငံတခု ဖြစ်လာမှာဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
voa

သမ္မတဦးသိန်းစိန် ကုလသမဂ္ဂညီလာခံ တက်ဖို့ အမေရိကန်ရောက်


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တက်ရောက်ဖို့အတွက် မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နယူးယောက်မြို့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကြာသပတေးနေ့ကျရင်တော့ ဒီညီလာခံကြီးမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားမှာဖြစ်ပြီး မြန်မာနိုင်ငံက အပြောင်းအလဲတွေအကြောင်းကို အဓိက ပြောဆိုဖို့ ရှိတယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို မြန်မာသမ္မတရုံးကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်း က ပြောပြပေးပါမယ်။
 
ကြာသပတေးနေ့မှာပဲ မိန့်ခွန်းပြောမယ့် မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ အခုအချိန်အထိတော့ သမ္မတအိုဘားမားနဲ့ တွေ့ဆုံဖို့ သီးသန့် အစီအစဉ်မရှိသေးဘူးလို့ မြန်မာသမ္မတရုံး ညွန်ကြားရေးမှုး ဦးဇော်ဌေးကလည်း ဆိုပါတယ်။ ဒါပေမယ့် အင်္ဂါနေ့မှာ ရောက်လာမယ့် သမ္မတဦးသိန်းစိန်အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ကမ္ဘာမှာ ထင်ရှားတဲ့
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နီရီကစ်ဆင်ဂျာတို့နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

နှစ်ပေါင်းငါးဆယ်နီးပါးအတွင်း ဒီကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ပထမဆုံး မြန်မာသမ္မတ အဆင့်နဲ့ မိန့်ခွန်းပြောဖို့ရှိတဲ့ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းအပြင် အီးယူဥရောပ သမဂ္ဂက ခေါင်းဆောင်တွေ၊ ထိုင်း အပါအဝင် ဒေသတွင်းက ခေါင်းဆောင်တွေ၊ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဖို့ရှိပြီး  Asia Society မှာလည်း မိန့်ခွန်းပြောဖို့ရှိနေပါတယ်။

ကုလသမဂ္ဂညီလာခံမှာ မိန့်ခွန်းပြောရမှာတော့ သမ္မတဦးသိန်းစိန်အနေနဲ့ နိုင်ငံတွင်းက အပြောင်းအလဲတွေအကြောင်းကို အဓိကထားပြောဖို့ရှိတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“ အဓိကက သူလုပ်ခဲ့တဲ့ ဟာတွေပေါ့ဗျာ။ Reform တွေ သူ ဘာကြောင့်လုပ်တယ်။ ဘာတွေလုပ်နေတယ်။ နိုင်ငံရေး စီးပွားရေး လူမူရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲမူတွေ၊ နောက် ငြိမ်းချမ်းရေးပေါ့နော်။ အထူးသဖြင့် နောက် ဆက်လက်ဆောင်ရွက်မယ့် သူ့ရဲ့မျှော်မှန်းချက်တွေ၊ နောက် သူ့မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အဲ့ဒီ့အခက်အခဲတွေထဲမှာ အဓိကကတော့ ဆင်းရဲနွမ်းပါးမူ ပပျောက်ရေးပေါ့၊ လျော့ချရေးပေါ့။ အဲ့တာနဲ့ပတ်သက်ပြီး ယူအန်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေပေါ့။”

ဒါ့အပြင် ရိုဟင်ဂျာပြသနာလည်း ထည့်ပြောဖို့ စီစဉ်ထားတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“ ရိုဟင်ဂျာ၊ ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက တချို့သတင်းအမှားတွေနဲ့ မှားယွင်းနေတဲ့ နားလည်မူတွေ အမှန်ဖြစ်အောင် သူပြောတာတွေ ပါမယ်။ နောက် နိုင်ငံတကာကနေပြီးတော့ ပံ့ပိုးကူညီမူတွေက ဒီရခိုင်ပြည်နယ်မှာပေါ့။”

နောက်ထူးခြားမူတခုက မြန်မာအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်မှာရောက်နေချိန်နဲ့ တိုက်ဆိုင်နေတာမို့ သူမ ဆုရတာကို ထောက်ခံပေးတာကိုလည်း သမ္မတဦးသိန်းစိန်အနေနဲ့ ထည့်ပြောနိုင်တယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“ကျနော်တို့ကို သတင်းဌာနတွေက မေးတယ်။ မနှစ်မြို့တဲ့ဟာတွေရှိလားလို့။ သူဆုရတာ ကောင်းတာပေါ့။ ကိုယ့်နိုင်ငံသူ ကိုယ့်နိုင်ငံသားပေါ့နော်။ ဒီလို ဆုချီးမြှင့်တာ ဂုဏ်ယူဖို့ကောင်းတယ်ပေါ့။”

အခုလို ထူးခြားတဲ့ မြန်မာသမ္မတရဲ့ ခရီးစဉ် မတိုင်ခင်မှာ ရှေ့ပြေး အဖြစ် ရောက်ရှိခဲ့တဲ့ မြန်မာသမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဆုပေးပွဲကို တက်ကာ သူမကို ချီးကျူးခဲ့ပြီး သူမနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေလည်း ရှိခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးတိုးတက်မှု အိုဘားမား ချီးကျူး



အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက မြန်မာနိုင်ငံက  ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အားတက်စကား ပြောဆိုသွားပါတယ်။
မန်မာသမ္မတက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပိတ်ထားတဲ့ လူမှုအသိုင်းအ၀ိုင်းကို လွတ်လပ်ခွင့်ပေးတာ၊ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် တယောက်ကို လွှတ်တော်မှာ ပါဝင်ခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။ လူထုအနေနဲ့လည်း နောက်ထပ် အပြောင်းအလဲတွေ ထွက်ပေါ်လာစေဖို့ စောင့်စားနေကြပါတယ်လို့ သမ္မတ အိုဘားမား က ပြောသွားပါတယ်။

မြန်မာနိုင်ငံ အစ အီဂျစ်နိုင်ငံ အဆုံး လူထုရဲ့ လက်ထဲမှာ အာဏာရောက်စေဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတာကို သူမြင်တွေ့ခဲ့ရတယ်လို့  သမ္မတ အိုဘားမားက ဆိုပါတယ်။ ဒီအတွက်
ကမ္ဘာကြီးမှာ မျှော်လင့်ချက် ပိုပြီး ထားလာနိုင် သလို အီရတ်စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့တာ၊ အမေရိကန် စစ်သည်တွေ နေရပ်ရင်း ပြန်ခေါ်နိုင်ခဲ့တာတွေကိုလည်း အလေးထား ပြောသွားခဲ့တာပါ။ အီဂျစ်နိုင်ငံမှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေလို အဖြစ်အပျက်မျိုးတွေကို တားဆီးဖို့ အတွက်လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

အထွေထွေ ညီလာခံ အတွင်းမှာတော့ သမ္မတ အိုဘားမား ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့တော့ မရှိပဲ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ကသာ သူ့ကိုယ်စား လက်ခံတွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ မိန့်ခွန်းထဲမှာပဲ ကမ္ဘာပေါ်မှာ အကြမ်းဖက်မူနဲ့ အစွန်းရောက်မူကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ဖို့ အမေရိကန်သမ္မတ ဘားရပ်အိုဘားမားက နိုးဆော်သွားပြီး ကမ္ဘာကြီးဟာ သည်းညည်းခံမူ၊ တိုးတက်မူတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်လို့ ပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အမေရိကန်သမ္မတ အိုဘားမားက အကြမ်းဖက်မူကို ကိုယ်တိုင် မကျူးလွန်ရင်တောင်မှ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ကမ္ဘာအပေါ် အမုန်းတရားပွားအောင် လုပ်ဆောင်နေသူတွေကို ဘေးဖယ်ထားဖို့ အချိန်ရောက်ပြီလို့ ပြောသွားပါတယ်။

တခါ သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားနေချိန်မှာ လူတွေက အပေါ်ယံသဘော လက်ခုပ်တီးပြီး အားပေးတာတွေရှိခဲ့ပါတယ်။

ရခိုင်ဒေသလူထုအစည်းအဝေး ရသေ့တောင်မြို့တွင် စတင်ကျင်းပ


   ရခိုင်ပြည်နယ်တစ်ခုလုံးက လူထုကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေပါဝင်တဲ့ ရခိုင်ဒေသ လူထုအစည်းအဝေးတစ်ရပ်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်းမှာ ဒီကနေ့ မနက် ၈ နာရီက စတင်ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က လူထုကိုယ်စားလှယ်တွေ တစ်မြို့နယ်ကို ၅ ဦးကနေ ၁၅ ဦးအထိ တက်ရောက် စာတမ်းဖတ်ခဲ့ကြပြီး မိမိတို့ မြို့နယ်အသီးသီးရဲ့ သဘောထားတွေကို ဆွေးနွေး တင်ပြခဲ့ကြပါတယ်။
ကျောက်ဖြူမြို့နယ်လူထုရဲ့ ဆန္ဒသဘောထားတွေကိုတော့ ကျောက်ဖြူမြို့နယ် ကိုယ်စားလှယ် ဦးထွန်းအေးက အခမ်းအနားမှာ အခုလို တင်ပြခဲ့ပါတယ်။
"ကျောက်ဖြူမြို့တွင် မူဆလင်ဘင်္ဂါလီများနှင့် ရခိုင်တိုင်းရင်းသားများ၏ အတူယှဉ်တွဲ နေထိုင်ရေးကိစ္စမှာ (၁) နိုင်ငံတော်သမ္မကြီး ပြောကြားထားသည့် ၁၉၄၈ မတိုင်မီ ဝင်ရောက်နေထိုင်ကြသော ဘင်္ဂါလီများ၏ Third Generation ကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (၂) အတူယှဉ်တွဲနေထိုင်စဉ် ယခုကဲ့သို့
အကြမ်းဖက်မှု ပြဿနာများ ပေါ်ပေါက်လာပါက နိုင်ငံသား၊ တိုင်းရင်းသားများကို ကိုယ်စားပြု ကာကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းပေးရန်၊ (၃)  ဒေသအတွင်းရှိ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် တရားဥပဒေ စိုးမိုးရေးကို တိကျမှန်ကန်စွာ ဆောင်ရွက်ရန်၊ (၄) မတရား ကျူးကျော် ဝင်ရောက်လာခဲ့သူများ၏ နိုင်ငံသားဖြစ်မှုကတ်များကို တရားမဝင် နည်းလမ်းများကို ဆောင်ရွက်နေမှုများအား အဂတိတရား ကင်းရှင်းစွာဖြင့် တိကျမှန်ကန်စွာ ဆောင်ရွက်ရန်"
၂ ရက်ကြာ ကျင်းပမယ့် ဒီအစည်းအဝေးမှာ ရခိုင်အမျိုးသားကွန်ယက်၊ ရခိုင်လူမှုရေး အသင်းအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
ဒီလူထုအစည်းအဝေးမှာ မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတွေကို အဖြေရှာကြမှာဖြစ်ပြီး အတည်ပြု ရရှိလာတဲ့အချက်တွေကို နိုင်ငံတော်သမ္မတ အပါအဝင် လွှတ်တော်ဥက္ကဋ္ဌတွေ၊ ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်နဲ့ ကမ္ဘာ့ကုလသမဂ္ဂအထိ တင်ပြသွားမယ်လို့ ဆိုပါတယ်။
အခုအစည်းအဝေးအတွက် အာဏာပိုင်တွေက လူပေါင်း ၃၅ဝ သာ ခွင့်ပြုထားခဲ့ပေမယ့် ဒေသတွင်းမြို့နယ်တွေက လူထု နှစ်ထောင်ကျော် ဒီကနေ့ တက်ရောက်ခဲ့ကြပါတယ်။ အာဏာပိုင်တွေဘက်က လုံခြုံရေးတွေချထားပြီး တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
အဲဒီအစည်းဝေးပွဲကို တက်ရောက်နေတဲ့ ရခိုင်တိုင်းရင်သားများ တိုးတက်ရေးပါတီ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA

Sunday, 23 September 2012

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် မြန်မာအလုပ်သမားများအား ထိုင်းပုလိပ်များကမတရားဖမ်းဆီးနှိပ်စက်ငွေတောင်းခြင်း

       22.9.2012 ရက်နေ့တွင် ထိုင်းနိုင်ငံ၊မဟာချိုင်မြို့ မူစီရပ်ကွက်၊ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းဝင်း
အတွင်းရှိ ဖြတ်လမ်းတခုတွင်  ညနေ 6 နာရီ 30 မိနစ်အချိန်တွင် ထိုင်းပုလိပ်သုံးဦးမှ
ဈေးဝယ်ထွက်လာသော  မြန်မာအလုပ်သမားလေးယောက်အားခေါ်ယူစစ်ဆေးခဲ့ပါသည်။ထိုအလုပ်သမား
များမှာ မောင်ချမ်းမြင့်အောင်၊မမိုးလှိုင်၊မတင်မူနှင့်မချိုဇင်ဦးတို့ဖြစ်ပါသည်။ထိုသို့စစ်ဆေးမေးမြန်းရာတွင်
အလုပ်သမားများက ဘတ်/ပတ်(စ်)ပို့များ  ပြည့်ပြည့်စုံစုံ ပြနိုင်ပါလျက်  ထိုင်းပုလိပ်များက ကားပေါ်ဖမ်း
ခေါ်သွားပြီး  အလုပ်သမားများအားလည်း ခေါင်းငုံ့ထားစေလျက် မူစီနယ်မြေနှင့်ဝေးသော နယ်မြေ
တခုသို့ ခေါ်ဆောင်သွားခဲ့သည်။ထိုနေရာသို့ရောက်သောအခါ လူတယောက်ကို ဘတ် 5000 စီတောင်းပါ
သည်။အလုပ်သမားများက ပေးစရာမရှိဟု ငြင်းဆိုခဲ့ရာ အားလုံးသတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။

    ထို့နောက်အိတ်များကိုရှာဖွေခဲ့ရာ မတင်မူမှ ATM ကဒ် ကိုတွေ့သွား၍ နံပါတ်မေးပြီး ငွေထုတ်ခိုင်းပါသည်။
ပထမတစ်ခါထုတ်မရသောအခါ လိမ်ပြောသည်ဆိုပြီး ရိုက်လိုက်သောအခါ ဒဏ်ရာများအပြင်းထန်ရခဲ့ပါ
သည်။နောက်တကြိမ်ထပ်မံထုတ်ယူသောအခါ ဘတ်ငွေ 19000 ရရှိပြီး မတင်မူအိတ်ထဲရှိသော ဘတ်
ငွေ 1700 နှင့် စုစုပေါင်း 20700 ဘတ်အားယူသွားခဲ့ပါသည်။ထို့နောက် မတင်မူမှ လက်စွပ်တစ်ကွင်း၊
နားကပ်တစ်ရံ၊ မမိုးလွင်မှ နားကပ်တစ်ရံနှင့်မချိုဇင်ဦးမှ ဘတ်ငွေ 300 တို့ကို မတရားယူသွားခဲ့ပါသည်။
ထိုင်းပုလိပ်များကအလုပ်သမားများရှေ့မှောက်တွင်ထိုငွေများအား ဝေစုခွဲဝေခဲ့ပြီးအလုပ်သမားတယောက်
စီအားလမ်းစရိတ်အဖြစ်ဘတ်ငွေ200စီပြန်ပေးပြီး  ပြန်ခိုင်းလိုက်ကြောင်း MWRN အားပြောပြခဲ့ပါသည်။
ထိုအမှုအား MWRN မှစစ်ဆေးချက်များရယူပြီး သက်ဆိုင်ရာများသို့ တိုင်ချက်ဖွင့်ထားပါသည်။

 

ကချင်အရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ပိတ်နေခြင်း မဟုတ်ကြောင်း ဦးဝင်းတင်ငြင်းဆို


United States Institute of Peace တွင် စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပတ်သက်သည့် အရေး နှုတ်ပိတ်နေသည်ဟူသော ပြောဆိုမှုများကို မှားယွင်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
“ဒေါ်စု ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင်၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်လာရင် ဘာမှ နှုတ်ပိတ်တယ်လို့ မရှိဘူး။ ဒေါ်စု ပြောနေတဲ့ အကြောင်းက ပထမဆုံး အပစ်အခတ်တွေ
ရပ်စဲဖို့လိုတယ်၊ ပစ်နေခတ်နေကြရင် ဆွေးနွေးပွဲ ဆိုတာ မဖြစ်နိုင်ဘူး၊ နောက်တချက်က တိုင်းရင်းသား အရေးနဲ့ ပတ်သက်လာရင် တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူ အခွင့်အရေး ဆိုတဲ့အချက် ၂ ချက်ကို ကြည့်ပြီး စစ်မှန်သည့် ဒီမိုကရေစီ ပြည် ထောင်စု ဆိုတာဖြစ်ဖို့ ညှိနှိုင်း ဆွေးနွေးကြပါဆိုတာ ပြောနေတာ” ဟု သူက ဆိုသည်။
တချိန်တည်းတွင် ယခုလက်ရှိ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့် သည့် ဆု လက်ခံရရှိခြင်းကို ဂုဏ်ယူမိကြောင်း၊ သို့သော် အဆိုပါ အခမ်းအနားကို ကချင်တိုင်းရင်းသားများ အနေဖြင့် ပါဝင်နိုင်ခြင်း မရှိကြောင်း အမေရိကန်နိုင်ငံ ကချင် မဟာမိတ် (Kachin Alliance – KA) က ဒေါ်အောင်ဆန်းစုကြည် ထံသို့ စက်တင်ဘာ ၁၆ ရက်နေ့ နေ့စွဲဖြင့် စာပို့ထားသည်။
“ဒေါ်အောင်ဆန်းစုကြည်က တချိန်မှာ အမျိုးသား ခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ မြန်မာအစိုးရ ပါတီ ခေါင်းဆောင် တယောက် ဖြစ်နေတယ်။ အဲဒီ ပါတီကလည်း အစိုးရထဲ ပါတဲ့ ပါတီဖြစ်တယ်။ လွှတ်တော်ကလည်း အစိုးရကို ထောက်ခံနေတယ်လေ” ဟု အမေရိကန်နိုင်ငံ ကချင်မဟာမိတ်၏ တာဝန်ခံ ဖြစ်သူ Nsang Gum San က ပြောဆိုကြောင်း ကချင်သတင်းဌာန က သတင်းရေးသားထားသည်။
လက်ရှိ ကာလ ကချင်ပြည်နယ်တွင် နေ့စဉ် ရက်ဆက် ဖြစ်ပွားနေသော စစ်မက်ဘေးဒဏ်ကြောင့် မိမိတို့၏ ဆွေမျိုး သားချင်းများ လျစ်လျူရှု ခံနေရကြောင်း၊ ၎င်းတို့ ဆင်းရဲဒုက္ခများနှင့် ၀မ်းနည်း ပူဆွေးသောကများ ဖိစီးမှုဖြင့် ကြေကွဲနေချိန်၊ ကချင် တိုင်းရင်းသားများ သောင်းနှင့်ချီ၍ နေရပ်စွန့်ခွာ ပြောင်းရွှေ့ခံနေရသည့် အချိန် စသည့် အခြေအနေ များတွင် မိမိတို့ အနေဖြင့် ၀မ်းမြောက်ပျော်ရွှင်ရန် မည်သို့မျှ ဆီလျှော် အပ်စပ်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်စုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် ကတည်းက သတင်းမီဒီယာများနှင့် ပြောဆိုမှုများ၊ ကြေညာချက်များက ထုတ်ဖော်ပြသလျှက်ကြောင်း၊ လွန်ခဲ့သည့် ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် အိတ်ဖွင့်ပေးစာ တွင်လည်း ငြိမ်းချမ်းရေး အတွက် စစ်ရေး တိုက်ခိုက်မှုများအစား နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် လုပ်ဆောင်သွားကြရန် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့တို့ကို အိတ်ဖွင့်စာပေးပို့ မေတ္တာရပ်ခံ ကမ်းလှမ်းခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုစဉ်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် အစိုးရအကြား စွန့်စားပြီး ၀င်ရပ်မည်ဟု ပြောဆိုခဲ့ကြောင်း၊ အဆိုပါကိစ္စ လုပ်ဆောင်မပေးနိုင်ပါက ကြားညပ်ကာ အန္တရာယ်ကြီးသည့် ကိစ္စဖြစ် ကြောင်း သိလျှက် ရပ်တည်ခဲ့ကြောင်း သူက ဆက်ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့တော့ ကြားဝင်ရပ်ပေးမှဖြစ်မယ်၊ မလုပ်ရင်တော့ ပိုဆိုးလိမ့်မယ်ဆိုပြီး ဒေါ်စု ပြောတဲ့ စကား ကျနော် မှတ်မိနေသေးတယ်” ဟု ဦးဝင်းတင်က ဆိုသည်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ဆိုင်ရာ တတ်စွမ်းသမျှ ကူညီပေးသွားမည်ဟု ပြောဆို ကမ်းလှမ်းမှု တွင် တိုင်းရင်းသား အဖွဲ့များက ကြိုဆိုခဲ့ကြသည်။ သို့သော် အစိုးရဘက်က မည်သို့မျှ မတုံ့ပြန်ခဲ့ဟု သိရသည်။
“သဘောကတော့ ဒေါ်စုရဲ့ ကြားဝင်ပေးဖို့ ကမ်းလှမ်းချက်ကို အစိုးရဘက်ကလည်း ဘာမှ မတုံ့ပြန်ခဲ့ဘူး။ ကချင်ဘက် ကလည်း ဘာမှ မတုံ့ပြန်ခဲ့ဘူး” ဟု ဦးဝင်းတင်က ဆိုသည်။
သို့သော် မကြာသေးမီက ဧရာဝတီ သတင်းဌာန အယ်ဒီတာနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်း တို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ်အရေး အပါအ၀င် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အတိအလင်း အစိုးရဘက်က တုံ့ပြန်ပြောကြားလာခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်လည်း ၀ိုင်းကူမယ်လို့ ကတိပေးထားပြီးသားပါ။ လိုအပ်တာကိုပြောပါ၊ ၀ိုင်းကူမယ်လို့ ပြောထားပြီးသား။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခု လွှတ်တော် တက်နေရတာပေါ့ဗျာ။ လွှတ်တော် တက်နေရတော့ သူ မအားလပ်ဘူး။ အားလပ်တဲ့ နောက်ပိုင်း ကာလတွေမှာ သူ ကျနော်နဲ့ လိုက်မှာပေါ့ဗျာ။ ခင်ဗျားတို့ အဲဒါ စောင့်ကြည့်လိုက်ပေါ့” ဟု ဦးအောင်မင်းကလည်း ပြောထားသည်။
NLD ပါတီသည် အာဏာရပါတီမဟုတ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးရေးနှင့် ပတ်သက်၍ ၂ ဘက်စလုံးကို တိုက်တွန်း၍ အပစ်အခတ် ရပ်စဲရေး မေတ္တာရပ်ခံသည့် အဆင့်သာလုပ်နိုင်ပြီး တကယ် ငြိမ်းချမ်းရေး ပြောဆိုရေးမှာ အစိုးရနှင့် ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ (KIO) တို့သာဖြစ်ကြောင်း ဦးဝင်းတင်က ဆိုသည်။
တဖက်တွင်လည်း KIO က မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်၏ ငြိမ်းချမ်းရေး စကားပြောရန် နေပြည်တော်သို့ ဖိတ်ခေါ်မှုကို ပယ်ချလိုက်ပြီဖြစ်သည်။
“စစ်ရေး တင်းမာတဲ့အချိန်မှာ အစိုးရ ထိမ်းချုပ်ထားတဲ့နေရာကို သွားပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ အဖြစ်ဘူးဆိုတဲ့ အကြောင်း အရင်ကတည်းက ပြောပြီးသားရှိတယ်။ အမှန်တော့ သမ္မတကြီး ခေါ်တာမဟုတ်ပါဘူး။ ဦးအောင်မင်းက တွေ့ဆုံဖို့ နေရာကို နေပြည်တော်မှာ လုပ်ရအောင်ဆိုပြီး ပြောတာပါ၊ ကျနော်တို့ မလာနိုင်တဲ့အကြောင်းလည်း သူတို့ကို အကြောင်း ပြန်ကြားခဲ့ပြီးပါပြီ” ဟု KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီကို ပြောသည်။
သြဂုတ်လ၂၅ ရက်နေ့က အစိုးရနှင့် KIO တို့ ငြိမ်းချမ်းရေး စကားပြောရန် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက ပထမ မူဆယ် မြို့တွင် ပြောဆိုနိုင်ရေးအတွက် ကမ်းလှမ်းခဲ့ရာ မူဆယ်သို့ မလာနိုင်ကြောင်းပြောခဲ့၍ နေပြည်တော်သို့ လာရောက်ရန် ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း သူက ဆက်ပြောသည်။
သို့သော် စစ်ပွဲများ ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ခြေလှမ်းများ စတင်အကောင်အထည်ဖော်ရန် အတွက် ကြားခံ ဆက်သွယ်ရေး ရုံးဖြစ်သည့် Justice and Negotiation Center တခုကို လွိုင်ဂျယ်ရှိ ဖရန်ငွန်ရွာတွင် ယမန်နေ့က ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
“အဓိက ရည်ရွယ်တာကတော့ ကျနော်တို့ KIO အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဖို့ပေါ့၊ အနီးကပ် စောင့် ကြည့် လေ့လာဖို့ရယ်၊ လိုအပ်တဲ့အကြံပေးချင်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီရုံးမှာ လာပြီးမှ အကြံဉာဏ် ပေးနိုင်ဖို့ရယ် အတွက် ဖွင့်ဖြစ်တာပါ” ဟု ဦးလနန်က ပြောသည်။
ယခု ဖွင့်လှစ်လိုက်သည့် နေရာကို အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းနှင့် ၂ ဘက် သဘောတူ ဆွေးနွေးမှုအရ KIO ထိမ်းချုပ်နယ်မြေလည်း မဟုတ်၊ အစိုးရ စစ်တပ် စစ်စခန်း ချရာနေရာလည်း မဟုတ်သည့် ၂ ဘက် သွားလာရေး ကြား ကျသည့် နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရနှင့် KIO ၂ ဘက် တွေ့ဆုံမှု အသေးစိပ် မှတ်တမ်းများကို အများ သိရှိလေ့လာနိုင်ရန် ယခု ရုံးတွင် ထားရှိမည်ဖြစ်ကြောင်းသူက ဆက်ပြောသည်။
မြန်မာအစိုးရနှင့် KIO တို့မှာ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးများ လုပ်လာခဲ့ပြီး ယမန် နှစ် ဇွန်လမှ စတင်ကာ သဘောတူညီမှုများ ပျက်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့၍ ဒုက္ခသည် ၉ သောင်း ကျော်ခန့်တို့ အိုးအိမ်များ စွန့်ခွာ ထွက်ပြေးကြရသည်။
ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ အရေး၊ အမြန်ဆုံး စစ်ပွဲများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိရေး အတွက် ပြည်တွင်း ပြည်ပတို့မှ စိုးရိမ်မှုများ မြင့်တက်နေပြီး ငြိမ်းချမ်းရေး လိုလားသူများကလည်း ပုံသဏ္ဍန် အမျိုးမျိုး ဖြင့် လှုံ့ဆော်မှုများရှိကြသည်။ ဒုက္ခသည်များကိုလည်း ကူညီပေးမှုများ၊ အားပေးနှစ်သိမ့်မှုများ အဆက်မပြတ် လုပ်ဆောင်နေကြသည်။
စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း ငြိမ်းချမ်းရေး လိုလားသူများက ကချင်ပြည်နယ် စစ်ပွဲများ ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတခုကို နိုင်ငံအနှံ့ လုပ်ဆောင်ရန် လှုံ့ဆော်ထားသည်။
ဧရာဝတီ fc

Friday, 21 September 2012

ရန်ကုန်နှင့် အင်းလေးဒေသတွင် ဟိုတယ်ဇုန်များ ထပ်မံဖော်ထုတ်မည်


ရန်ကုန် (မဇ္ဈိမ) ။       ။ လာမည့် ဘဏ္ဍာနှစ်အတွင်း ပိုမိုဝင်ရောက်လာမည့် နိုင်ငံခြားသား ခရီးသည်များကို ကျေပွန်စွာ ဧည့်ခံနိုင်ရန် မျှော်မှန်း၍ ရန်ကုန်နှင့် ရှမ်းပြည်နယ် အင်းလေး ဒေသတို့ တွင် ဟိုတယ်ဇုန်များ ထပ်မံဖော်ထုတ်သွား မည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းတွင် လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်ရှိ မြေဧက ၈ဝဝ နှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသရှိ အင်ကြင်းကုန်းရှိ ၆၂၂ ဧက အကျယ်တွင် ဆောင်ရွက်သွားရန် လျာထားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း က ပြောသည်။

“ဟိုတယ်ဇုန် ဖော်ထုတ်ရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း လက်ခံသွားမှာပါ။ အင်းလေး ဟိုတယ်ဇုန်မှာ ရှမ်းပြည်နယ် အစိုးရက သုံးမျိုးလောက်တော့ ရည်ရွယ်တယ်။ တမျိုးက ဒေသခံတွေဘက်က ဆောက်နိုင်လောက်တဲ့ အတိုင်းအတာ ဒေသပုံစံနဲ့ ကိုက်ညီတဲ့ပုံမျိုးတွေ၊ နောက်တမျိုးက ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေ ဆောက်လုပ် မယ့် ကြယ်နှစ်ပွင့်၊
ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်တွေပါ။ နောက်တမျိုးကတော့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ရှိတဲ့ ဟိုတယ် အကြီးတွေလည်း ရှိသင့်တယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းတွင် ဖော်ထုတ်မည့် ဇုန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက် ရရှိပြီးဖြစ်ကာ ပြည်တွင်း ရင်းနှီးမြှပ်နှံမှုသာမက၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများလည်း လိုအပ်မည်ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) အတွင်းရေးမှူး ဦးသီဟအောင် က ပြောသည်။

“ဟိုတယ်ဇုန်က ရန်ကုန်နဲ့ ပဲခူးကြားမှာ ဖြစ်တဲ့အတွက် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့လည်း နီးတယ်။ ဟိုတယ်ဇုန်မှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနဲ့ဆိုရင် အရင်းနှီးများများနဲ့ မြန်မြန် လုပ်နိုင်မယ့်သူတွေ ရှိရင်လည်း လုပ်နိုင်မှာပါ။ အလတ်စားတွေကတော့ ချက်ချင်းကြီး မလုပ်နိုင်လောက်ဘူး ထင်တယ်။ ၂ဝ၁၃ လောက်မှာ ချက်ချင်း အကောင် အထည် ဖော်မဖော် ဆိုတာတော့ ပြောဖို့ခက်ပါတယ်” ဟု ဆိုသည်။

ရန်ကုန်ဇုန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ကျပြီးနောက် သမ္မတ ရုံးသို့ တင်ထားဆဲ ဖြစ်ကြောင်း ဦးသီဟအောင် က ပြောဆိုပြီး နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်လာနိုင်မှုနှင့် ပတ်သက်၍လည်း “ဝန်ကြီး မှန်းထားတာက အခုနှစ်အတွက် နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုက ခြောက်သိန်းဖြစ်တယ်။ အခု(စက်တင်ဘာလ) ထိကို ငါးသိန်းခွဲ ရှိပြီ။ လျာထားချက်ထက် ပိုနိုင်တယ်လို့ ထင်တယ်” ဟု ပြောသည်။
မဇ္ဈိမ

တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှု တရားရုံးတွင် နော်ခမ်း ငြင်းဆို



နယူးဒေလီ (မဇ္ဈိမ) ။      ။ လွန်ခဲ့သောနှစ်က မဲခေါင်မြစ်အတွင်း တရုတ် ကုန်တင်သင်္ဘော နှစ်စင်းအား ပစ်ခတ် တိုက်ခိုက်မှုနှင့် တရုတ်နိုင်ငံသား ၁၃ ဦးအား သတ်ဖြတ်မှုတို့ဖြင့် စွပ်စွဲဖမ်းဆီး၍ ရုံးတင် စစ်ဆေးခံနေရသော မူးယစ်ရာဇာ နော်ခမ်း က ၎င်းအနေဖြင့် ထိုတိုက်ခိုက်မှုအား စီစဉ်ခဲ့ခြင်း မရှိကြောင်း ငြင်းချက် ထွက်ဆိုလိုက်သည်။

ကြာသပတေးနေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် စွပ်စွဲခံရသူ ခြောက်ဦးအနက်
ခေါင်းဆောင် နော်ခမ်းက ထိုသို့ငြင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းတရပ်တွင် ရေးသားပါရှိသည်။

“အဲဒီအချိန်တုန်းက အဲဒီအကြောင်းကို ကျနော် မသိပါဘူး။ သူတို့ ကျနော့်ကို မပြောပါဘူး။ နောက်ကျမှသာ ကျနော် သိရတာပါ” ဟု နော်ခမ်း က ထွက်ဆိုခဲ့သည်။

ရုံးမထုတ်မီက မီဒီယာများနှင့် တွေ့ဆုံစဉ်က ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဝန်ခံ ပြောဆိုခဲ့သော်လည်း တရားရုံးတွင်မှု
ပြောင်းပြန် ထွက်ဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းတို့ ခြောက်ဦးအား နိုင်ငံတကာ လူသတ်မှု၊ မူယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှုနှင့် သင်္ဘော အပိုင်စီးမှုတို့ဖြင့်
စွဲဆိုထားခြင်း ဖြစ်သည်။

၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့က မြန်မာ-လာအိုနှင့်ထိုင် သုံးနိုင်ငံ ဆုံသည့် ရွှေတြိဂံ နယ်မြေရှိ မဲခေါင်မြစ်ပေါ် တွင် တရုတ်အလံတင် သင်္ဘော နှစ်စင်းအား ထိုင်း ပါမောင်း အထူးတပ်ဖွဲ့မှ ရပ်တန့်စေရာမှ အပြန်အလှန်ပစ်ခတ်မှု
ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုအတွင်း သင်္ဘောပေါ်ပါ တဦး သေဆုံးခဲ့သော်လည်း တရုတ်နိုင်ငံသား ၁၃ ဦး၏ အလောင်း များကို မြစ်အတွင်းမှ ဆည်ယူရရှိခဲ့သည်။

ထိုင်းအထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးချုပ် ပရာခန် ချွန်လာယွတ် Prakarn Chonlayuth ၏ အဆိုအရ အဆိုပါ သင်္ဘော
နှစ်စင်းမှာ ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး ပြန်ပေးအဖွဲ့မှာ ရှမ်းလူမျိုး နော်ခမ်း ဦးစီးသော ဂိုဏ်းဖြစ်နိုင်ကြောင်း “အဲဒီဂိုဏ်းက
မြစ်ပေါ်မှာ သွားလာနေတဲ့ သင်္ဘောတွေကို ပြန်ပေးဆွဲလေ့ရှိပြီး ဆက်ကြေးတောင်းတယ်။ မပေးရင် သင်္ဘောသားတွေကို သတ်ပြီး မြန်မာနိုင်ငံက မူးယစ်ဆေးတွေကို ထိုင်းနိုင်ငံထဲ သွင်းဖို့ လှေကို ယူကြတယ်” ဟု ထိုစဉ်က ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားပါရှိသည်။

နောက်ပိုင်းတွင် ထိုတိုက်ခိုက် သတ်ဖြတ်မှုနှင့် ဆက်စပ်နေသူ ပါမောင်း အထူးတပ်ဖွဲ့ဝင် အရာရှိ ကိုးဦးကို ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

သေဆုံးသူ တရုတ်များမှာ ‘Hua Ping’ နှင့်  ‘Yu Xing 8 Hao’ အမည်ရှိ တရုတ်သင်္ဘော နှစ်စီးမှ ဖြစ်ပြီး Hua Ping ပေါ်မှ စိတ်ကြွဆေး ၅၂ဝ,ဝဝဝ ပြားနှင့် Yu Xing 8 Hao မှ ၄ဝဝ,ဝဝဝ ပြား မိခဲ့ခြင်းဖြစ်သည်။ ဖမ်းမိသည့် မူးယစ်ဆေးဝါး တန်ဖိုးမှာ ဘတ်ငွေ သန်း ၁ဝဝ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီး မဲခေါင်မြစ်ကြောင်းအတွင်း သွားလာမှုကို လုံခြုံရေး နှစ်လကျော်ကြာ ရပ်နားထားခဲ့ရသည်။

မြန်မာစစ်တပ်အရာရှိကြီးများနှင့် နီးစပ်သူ စိုင်းနော်ခမ်းသည် ဘိန်းဘုရင် ခွန်ဆာ၏ MTA အဖွဲ့တွင် အုပ်ချုပ်ရေး အရာရှိတဦး ဖြစ်ခဲ့ဖူးကာ ခွန်ဆာ လက်နက်ချသွားပြီးနောက် တာချီလိတ်မြို့တွင် နေထိုင်ခဲ့သေးသည်။

၂ဝဝ၆ ခုနှစ်တွင် လက်နက်နှင့် စိတ်ကြွဆေးပြား သန်းနှင့်ချီ တွေ့ပြီးနောက် တာချီလိတ်တွင် မနေတော့ဘဲ မဲခေါင်မြစ် တွင်း သင်္ဘောများထံမှ ဆက်ကြေးကောက်နေကြောင်း ဒေသခံများနှင့် လေ့လာသူများက ပြောသည်။

နော်ခမ်းနှင့်အတူ ငါးဦးအား ယခုနှစ်အစောပိုင်းက တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း လေးနိုင်ငံ ပူးတွဲစစ်ဆင်ရေးဖြင့် ဧပြီလ ၂၅ ရက်နေ့က လာအိုနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ မေလ ၁ဝ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ သည်။

မဲခေါင်မြစ်အတွင်း လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပီကင်းမြို့တော်တွင် မြန်မာပြည်ထဲရေး ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို တက်ရောက်သည့် တရုတ်၊ လာအို၊ ထိုင်း၊ လေးနိုင်ငံ အစည်းအဝေးမှ ၂ဝ၁၁ ခုနှစ်၊
အောက်တိုဘာ ၃၁ တွင် သဘောတူခဲ့ကြသည်။

မိုင်ပေါင်း ၃,၁ဝဝ ကျော် ရှည်လျားသည့် မဲခေါင်မြစ်သည် တရုတ်ပြည်နှင့် လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ရေကြောင်း ကုန်သွယ်မှုတွင် အရေးပါသော မြစ်တစင်း ဖြစ်သည်။
မဇ္ဈိ

မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ


နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာ
စေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

“ကျောင်းဆရာ ရှရစ် အာမဒ် ဘရှီး ဆီဒီကီ Sharif Ahmed Bashir Siddiqui ဟာ သူ့အိမ်က ကွန်ပျူတာကနေ ဒါတွေ ကို အင်တာနက်ပေါ် တင်နေတာ ဖြစ်တယ်” ဟု ဒု-ရဲမင်းကြီး ဆန်ဂျေး ရှင်ဒေး Sanjay Shinde အား ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ(ရခိုင်ပြည်နယ်)အတွင်း အကြမ်းဖက်မှုများကို လီဆည် ပြုပြင်ထားသည့် အဆိုပါ ဗီဒီယိုများကို ကျောင်းဆရာ က သြဂုတ်လ အတွင်းက အင်တာနက်ပေါ်သို့ လွှင့်တင်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။ အဆိုပါ ဗီဒီယိုများမှာ
နောက်ပိုင်းတွင် မိုဘိုင်းဖုန်းများသို့ ပျံ့နှံ့သွားကာ ပူနေးမြို့နှင့် အခြား ဒေသများရှိ အိန္ဒိယ
အရှေ့မြောက် ပြည်နယ်သား
ကျောင်းသားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေသည့် အကြောင်းရင်း ဖြစ်သည်ဟုလည်း ဆိုသည်။

သိပံ္ပဘွဲ့ရ ကျောင်းဆရာမှာ မုံဘိုင်းမြို့အတွင်း ပုန်းအောင်းနေထိုင်ရာမှ ဗုဒ္ဓဟူးနေ့ ညနေပိုင်းကမှ သတင်းဆက်သွယ်ရေး ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ကြံဗီဒီယိုများ ဆက်လက်မပြန့်ပွားစေရန် အိန္ဒိယ အစိုးရက အင်တာနက်စာမျက်နှာ ၂၄၅ ခုကို သြဂုတ်လ ၂၂ ရက်နေ့မတိုင်မီကတည်းက ပိတ်ပင်ခဲ့ရသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများလည်း ထိုအတောအတွင်း ပျံ့နှံ့ခဲ့သည်။

အာသံပြည်နယ်တွင် ဒေသခံ ဘိုဒို တိုင်းရင်းသားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည်ဆိုသော မွတ်ဆလင် များအကြား အကြမ်းဖက်မှုများ ဇူလိုင်လကတည်းက စတင်ဖြစ်ပွားခဲ့သည်။ သြဂုတ်လဆန်းပိုင်းတွင် သတ်ဖြတ်မှုများနှင့် မီးရှိုမှုများ ပြင်းထန် သည်းသန်လာခဲ့ကာ အနည်းဆုံး လူ ၁ဝဝ ခန့် သေဆုံးခဲ့ရပြီး လူဦးရေ လေးသိန်းခန့်မှာ အိုးအိမ်မဲ့
ဖြစ်ခဲ့ရသည်။

သြဂုတ်လ ၁၁ ရက်နေ့က မုံဘိုင်းမြို့ကြီးရှိ မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတစုက ဝင်ရောက်အကြမ်းဖက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီး သတင်းမီဒီယာသမားများလည်း ရိုက်နှက်ခံခဲ့ရသည်။

၎င်းနောက်တွင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ် ခြိမ်းခြောက်မှုများ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့လာခဲ့သည်။

အစိုးရ တာဝန်ရှိသူများနှင့် ရဲဌာနမှ ထို ကောလာဟလများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်လန့်ခြင်း မရှိရန် ကတိကဝတ် များ ပြုထားသော်လည်း မုံဘိုင်း၊ ဘန်ဂလို၊ ပူနေး၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်ပြည်နယ်များမှ လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့မှုများ ဖြစ်ပွားခဲ့ရသည်။

အိန္ဒိယ ပြည်ထဲရေးဌာနက ပိတ်ပင်လိုက်မှုကြောင့် အဆိုပါ Burma Riots Thrilling Pictures 2012 အား အင်တာနက်ပေါ်တွင် ကြည့်ရှု၍ မရတော့ပေ။
မဇ္ဈိမသတင်းဌာန

သမ္မတ ဦးသိန်းစိန်ကို တရုတ်နိုင်ငံက ဒေါက်တာဘွဲ့ အပ်နှင်း

 ဓာတ်ပုံ-  MNTV

အမေရိကန် ပြည်ထောင်စုကို မသွားမီ ၃ ရက်တာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ကို စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ်တခုက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပေးအပ် ချီးမြင့်ခဲ့ပါတယ်။ 

အခုလို ပေးအပ်လိုက်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအစီ အစဉ် 
ကြောင့် ဖြစ်တယ်လို့ Sky Net ရုပ်သံ သတင်းတခုမှာ ယမန်နေ့ညနေပိုင်းက ထုတ်လွှင့်သွားခဲ့ပါတယ်။ 

သမ္မတ ဦးသိန်းစိန်က အခုလို တရုတ်နိုင်ငံက ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်တဲ့
အခမ်းအနားမှာ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့တာကိုလည်း Sky Net က ထုတ်လွှင့်ပြသွား ခဲ့ပါတယ်။ 

အခုဆိုရင် သမ္မတကြီးလည်း  ဒေါက်တာ ဦးသိန်းစိန် ဖြစ်သွားခဲ့ပါပြီ။ 

တချို့ ဝေဖန်သူတွေက မကြာသေးမီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံ ခရီးစဉ် အတွင်း ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းခဲ့တာမို့ တရုတ်နိုင်ငံကလည်း အခုလို အပြိုင်အဆိုင်အားဖြင့် မြန်မာ သမ္မတ ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းတာဖြစ်တယ် လို့ ထောက်ပြပြောဆိုနေကြပါတယ်။ 
ဧရာဝတီ

Thursday, 20 September 2012

အနောက်ဈေးကွက် ပြန်ဖွင့်မည်ကို ပို့ကုန်လုပ်ငန်းရှင်များ ကြိုဆို

ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ – Reuters)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ရန် ပြောဆိုလိုက်သည်နှင့် တပြိုင်  တည်းမှာပင် ဥရောပသမဂ္ဂ(EU)၏ မြန်မာ့ပို့ကုန်များအပေါ် အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှု ကင်းလွတ်ခွင့်များကို ပယ်ဖျက် လိုက်ရာ ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင်များက ကြိုဆို လိုက်ကြသည်။
မြန်မာကုန်များ တင်ပို့ခွင့်ကို အမေရိကန်အစိုးရက ခွင့်ပြုရန် အလားအလာရှိနေချိန်တွင် EUကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေ သည့် အပြောင်းအလဲများကို အသိအမှတ်ပြုသည့်အနေဖြင့် စစ်လက်နက် ပစ္စည်းများမှ လွဲ၍ ကင်းလွတ်ခွင့်များပေးခြင်းဖြစ်သည် ဟု အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို နိုင်ငံရေးတိုးတက်မှုနှင့် ချိတ်ဆက်ထားသော်လည်း EU ကမူ အပြည်ပြည်ဆိုင်ရာ အလုပ် သမား အခွင့်အရေးများနှင့် ချိတ်ဆက်ထားရာ ယခုအခါ ကလေးစစ်သားနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုများ လျော့နည်းလာခြင်းကြောင့် EU က ကင်းလွတ်ခွင့်များ ပြန်လည် ပေးအပ်လာခြင်း ဖြစ်သည်။
ထိုသို့ အမေရိကန်နှင့် EUကင်းလွတ်ခွင့်များ ပြန်လည်ရရှိတော့မည်ဆိုခြင်းကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်းနှင့် ရေထွက် ပစ္စည်း တင်ပို့မှု လုပ်ငန်းများ အကျိုးရှိလာမည်ဖြစ်ကြောင်း ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက လက်ရှိတင်ပို့နေသော မြန်မာ့အထည်များကို ဥရောပနိုင်ငံ များက အခွန်ငွေ ၁၁ မှ ၁၇ ရာခိုင်နှုန်းအထိ ကောက်ခံကြောင်း၊ ထို့ကြောင့် အခွန်ကင်းလွတ်ခွင့်ရထားသည့် အိမ်နီးချင်းနိုင်ငံမှ အထည် ချုပ် လုပ်ငန်းများနှင့် မယှဉ်နိုင်ကြောင်း၊ အခွန်ကင်းလွတ်ခွင့်ရရှိပါက ဈေးကွက်တွင် ယှဉ်ပြိုင်သွားနိုင်မည်ဖြစ်ကြောင်း ပြောသည်။
“ဒီလို အခွန်မပေးရဘူးဆိုတဲ့ အခွင့်အရေးမျိုးက ဘင်္ဂလားဒေ့ရှ် နဲ့ ကမ္ဘောဒီးယား တောင် ရနေတာ၊ ကျနော်တို့လည်း အခုပြန်ရတာ အရမ်းကောင်းတယ်”ဟု ၎င်းက ဆိုသည်။
ထိုသို့ အခွန်ကင်းလွတ်ခွင့်ကြောင့် ဥရောပဈေးကွက်တွင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများမှ အထည်ချုပ်လုပ် ငန်းများနှင့် ယှဉ်ပြိုင်လာနိုင်မည့်အပြင် ပြည်တွင်း၌လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ဦးမြင့်စိုးက ပြောဆိုသည်။
EU ကင်းလွတ်ခွင့်များမှာ လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်အသက်ဝင်မည်ဟု ဆိုသော်လည်း ပြည်တွင်း ပို့ကုန် လုပ်ငန်းရှင်များကမူ အမြန်ဆုံး စတင်နိုင်ရန် မျှော်လင့်နေကြကြောင်းလည်း ဦးမြင့်စိုးက ဆက်ပြောသည်။
ဥရောပ အ၀တ်အထည်ဈေးကွက်မှာ ကမ္ဘာတွင် အကြီးဆုံးဖြစ်ပြီး အများဆုံးတင်ပို့နေသည့် နိုင်ငံမှာ ကမ္ဘောဒီယား နှင့် ဗီယက်နမ် နိုင်ငံ တို့ ဖြစ်ကြောင်း သိရသည်။
ဈေးကွက်ပြိုင်ဆိုင်နိုင်ရန်မှာ အခွန်ကင်းလွတ်ခွင့်ရရှိခြင်းသာမက သယ်ယူပို့ဆောင်ရေး အပါအ၀င် အခြေခံ အဆောက်အအုံများကောင်းရန် လိုကြောင်း၊ ထို့အပြင် အလုပ်သမားများ၏ ထုတ်လုပ်မှုအရည်အသွေး၊ ပိုမိုလျင်မြန်စွာလုပ်ကိုင်နိုင်မှု စွမ်းရည်၊ စက်ရုံပိုင်ရှင်များနှင့် ၀ယ်ယူသူများ၏ ဆက်ဆံရေး ကောင်းမွန်မှုတို့ အပေါ်တွင်လည်း မူတည်ကြောင်း ဦးမြင့်စိုးက ထောက်ပြသည်။
ယခုအခါ အခွန်ကင်းလွတ်ခွင့်တားဆီးထားခြင်းကို ပယ်ဖျက်ခြင်းကြောင့် နာမည်ကြီး Adidas အထည်ချုပ်လုပ်ငန်းကြီးများက လာ ရောက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေသည့်အပြင် ပြည်တွင်း၌ ယခင်ကတည်းက ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားသား လုပ်ငန်းရှင် များ က လုပ်ငန်းများ ချဲ့ထွင်ရန် စတင်ကြိုးစားနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရှိနေစဉ်ကာလ ၂၀၁၁ ခုနှစ်အတွင်း ၌ EUသို့ မြန်မာ့ကုန်ပစ္စည်း တင်ပို့မှုမှာ ယူရို ၁၆၉ သန်း ရှိပြီး အများစုမှာ အ၀တ်အထည်များဖြစ်သည်ဟု အစိုးရ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့နေသည့် လုပ်ငန်းရှင်များကလည်း EU ၏ အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှု ကင်းလွတ်ခွင့် များပေးခြင်းကို ကြိုဆိုကြောင်း၊ သို့သော် မြန်မာနိုင်ငံ၌ EU နိုင်ငံများမှ သတ်မှတ်ထားသည့် အဆင့်မီရေထွက်ပစ္စည်း ထွက်ရှိမှု နည်းပါးကြောင်း၊ ထို့အတွက် အအေးခန်းများ ပြုပြင်ခြင်းမှအစ မွေးမြူခြင်းအဆုံး နိုင်ငံတကာ အဆင့်မီရန် ကြိုးစားဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရေလုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
“ဒီလိုပေးဖို့ကို ကျနော်တို့ တော်တော်ကို တောင်းဆိုထားတာပါ၊ ဒါပေမယ့် လက်ငင်းအကျိုးခံစားရမလားဆိုတော့ မခံစားရပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့မှာ EU အဆင့်မီတဲ့ စက်ရုံတွေ၊ မွေးမြူရေးတွေ မရှိလို့ပါ၊ တော်တော် ကြိုးစားရပါဦးမယ်”ဟု လည်း ၎င်းက ဆိုသည်။
လက်ရှိတွင် EU နိုင်ငံများရှိ တခြားသော အာရှ နွယ်ဖွားများအတွက် မွေးမြူရေး ငါးမြစ်ချင်းများကိုသာ တင်ပို့နေခြင်း ဖြစ်ပြီး ငါး၊ ပုစွန် စသည့် ထွက်ကုန်များကို တင်ပို့မည်ဆိုလျှင် EU သတ်မှတ်ချက် အဆင့်မီရန်အတွက် ငွေကြေး၊ နည်းပညာ စသည်များ လိုအပ်ကြောင်း၊ ထိုအတွက် ကြိုးစားရဦးမည်ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆက်လက် ပြောဆိုသည်။
ပြည်တွင်းငါးမွေးမြူရေး လုပ်ငန်းများ၏ အခြေအနေမှာ ၂၀၁၀ ခုနှစ်နှစ်ကုန်ခန့်ကတည်းက ကျဆင်းနေသည့် အမေရိကန်ဒေါ်လာ ဈေးကြောင့် နာလန်မထူနိုင်သည်မှာ ကြာပြီဖြစ်ကြောင်း၊ လုပ်ငန်းရှင်များက အရှုံးပေါ်သည့်အတွက် ငါး၊ ပုစွန် ကန်များ၊ အအေးခန်း များ အများစုကို ပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။
EU က မြန်မာကို ၁၉၉၇ ခုနှစ်မှ စ၍ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခြင်း ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများတွင် စစ် လက်နက် ပစ္စည်း ၀ယ်ယူခွင့်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုနှင့် EU နိုင်ငံများ အတွင်း ခရီးသွားလာ ရေး၊ မြန်မာ စစ်အာဏာပိုင်များနှင့် ၄င်းတို့နှင့် ဆက်နွယ်သူများ၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း စသည်တို့ ပါဝင်သည်။ ဗီဇာ ပိတ်ပင် မှုကို ဇန်န၀ါရီ လကုန်ပိုင်းက ရုပ်သိမ်း ပေးထားသည်။
ဧရာဝတီ

ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ လက်ပန်တောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကဲ့သို့ အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက် ထိုစီမံကိန်း ရပ်တန့်ရန် ပြည်သူများနှင့်အတူ ကန့်ကွက်မည်ဟု ဦးမိုးသီးဇွန်တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း လေ့လာနေသူ ကိုရဲလင်း က ပြောသည်။

စီမံကိန်းမှမှ ထွက်ရှိသည့် ဓါတုဗေဒစွန့်ပစ်ပစ္စည်းများအား ချင်းတွင်းမြစ်အတွင်း စွန့်ပစ်မှုကြောင့် တမျိုးသားလုံး ထိခိုက်လာမှာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဧရာဝတီ မြစ်ဆုံစီမံကိန်းလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတ်သက်တယ်။ လူထုလူတန်းစား အလွှာအသီးသီးနဲ့ ပါတ်သက်တယ်။ ဒီဖြစ်စဉ်က အရမ်း အရေးကြီးပါတယ်။ စီမံကိန်း အနီးအနားက ရွာတွေသာမကဘဲ ချင်းတွင်းမြစ်ထဲ ကို စွန့်ပစ်ပစ္စည်းတွေ၊ ဓါတုဗေဒပစ္စည်းတွေ အဆိပ်တွေ ပါတာပေါ့ဗျာ။ အဲဒါတွေက ချင်းတွင်းမြစ်ထဲကို စီးမယ်။ ချင်းတွင်းမြစ်ထဲကနေ ဧရာဝတီမြစ် ထဲကိုစီးမယ်။ ရေသံယံဇာတတွေ ထပ်ပြီးပျက်စီးဦးမယ်၊ အခုတောင် မြေသံယံ ဇာတ တွေ တော်တော် ပျက်စီးနေတာ ကျနော်တို့တွေ့နေရတယ်ဗျာ” ဟု မဇ္ဈိမကို ပြောသည်။
monyarwwww
၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် မုံရွာမြို့၊ မြို့မဂါတ်ကျောင်းတွင် တည်းခိုနေကြသည့် ဝက်မှေးရွာသူ/သားများနှင့်အတူ တွေ့ရစဉ်။(ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ)

စီမံကိန်းအတွက် လယ်အသိမ်းခံ ကျေးရွာများသို့ သွားရောက်လေ့လာနေသည့်အဖွဲ့တွင် လူ ၄ဝ ခန့် ပါဝင်ပြီး ဦးမိုးသီးဇွန်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗကသ ဖြစ်မြောက်ရေးကော်မတီနှင့် လူ့ဘောင်သစ်ပါတီမှလည်း ပါဝင်ကြသည်။

အဆိုပါ စီမံကိန်းကြီးမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ပေါင်းစပ် လုပ်ဆောင်သည့် စီမံကိန်းတခုဖြစ်နေ၍ ရပ်တန့်သွားစေရန်မှာ ကျယ်ပြန့်သော လှုပ်ရှားမှုများဖြင့် တုန့်ပြန်ဖို့လို
ကြောင်းလည်း “ကုမ္ပဏီ ဘက်က ကျောထောက်နောက်ခံ ကလည်း ကောင်းတယ်ဗျ။ ဒီဘက်ကလည်း ဦးပိုင် လီမိတက် ဖြစ်တယ်။ ဆန္ဒဖော်ပြ ကန့်ကွက်ရုံလောက်နဲ့ မလုံလောက်ဘူး။ ကြီးမားတဲ့ ကန်ပိန်းကြီးတွေ လုပ်ရမယ်ဗျ” ဟု ကိုရဲလင်း က ဆိုသည်။

အသိမ်းခံ လယ်မြေများအရေးနှင့် စီမံကိန်း ရပ်တန့်ရေးအတွက် လယ်သူမများက ဆန္ဒပြခဲ့ကြသော်လည်း အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခံရခြင်းနောက်ဝယ် ငြိမ်သက်သွားခဲ့ရသည်။

လေ့လာရေးအဖွဲ့က လယ်သိမ်းခံ ဝက်မှေး၊ ဆည်တဲနှင့် ရွှေလှေရွာများသို့ ရောက်ရှိပြီးကြ ဒေသခံ တောင်သူများနှင့်
တွေ့ဆုံကာ လယ်သမားများ၏ အခက်အခဲနှင့် စီမံကိန်း၏ အန္တရာယ်ကြီးမားပုံကို ကမ္ဘာသိအောင် လုပ်ဆောင်မည်ဟု ဆိုသော်လည်း “တရားစွဲဖို့အထိ လုပ်ဖို့မရည်ရွယ်သေးပါဘူး ခင်ဗျ” ဟု လေ့လာရေးအဖွဲ့ဝင် ကိုရဲလင်းက ပြောဆိုသွား သည်။

အဆိုပါစီမံကိန်းကြောင့် လက်ပန်တောင်းတောင် ပတ်ဝန်းကျင်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင် နှစ်ခုသည် ယခုအခါ တွင်းကျယ်ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ကြေးနီတောင်ကိုလည်း ယင်းတောင်များကဲ့သို့ ကွယ်ပျောက်သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများက စိုးရိမ်လျက် ရှိကြသည်။

ထိုစီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် တိုင်းဒေသကြီး အစိုးရ အနေဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်းစား
ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး က ပြောဆိုထားသည်။
မဇ္ဈိမ

ငြိမ်းချမ်းရေးနေ့ ဂုဏ်ပြု ‘Peace One Day’ မှတ်တမ်းရုပ်ရှင် ပြသမည်


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။      ။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ‘Peace One Day’ မှတ်တမ်း ရုပ်ရှင်ကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်း၌ ပြသမည်ဟု သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော်လည်း ထိုနေ့တွင် လမ်းလျှောက် ဆန္ဒပြမည့် အစီအစဉ်များ ရှိနေ၍ ၂၂ ရက်နေ့တွင်မှ ပြသမှာ ဖြစ်သည်။

peaceonedayPeace One Day မှတ်တမ်းရုပ်ရှင်ကို ပြသခြင်းမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်လာပုံ၊ ၂၁ ရက်နေ့ဆိုပြီး အတိအကျ ဖြစ်လာရန် ကြိုးစားစည်းရုံးခဲ့ပုံကို ပညာရေးပိုင်းမှ သိစေချင်တာကြောင့် ပြသရခြင်း
ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ပညာရေး အဖွဲ့အစည်း ဖြစ်တာကြောင့် ပညာရေးပိုင်း
ကနေ ဒီလိုနေ့မျိုးကို သိစေချင်လို့ ပြသပေးမှာပါ။ ပြီးခဲ့တဲ့ သုံးလက
လည်း ဗြိတိသျှကောင်စီနဲ့ ပေါင်းပြီး ငြိမ်ချမ်းရေးမှာ ပါဝင်တဲ့ နိုဘယ်ဆု ရရှိထားတဲ့ အမျိုးသမီး နှစ်ဦး အကြောင်း ရိုက်ကူးထားတာာလေး တခု လည်း ပြသပေးဖူးတယ်။ နောက်လည်း တလ တခါဖြစ်ဖြစ် နိုင်ငံရေးနဲ့ ပတ်သက်တာ လူမှုဘဝတွေပဲ ဖြစ်ဖြစ် အဲဒီအကြောင်းအရာ ပါတဲ့
မှတ်တမ်း ရုပ်ရှင်တွေ ပြသဖို့ လုပ်ထားပါတယ်” ဟု နိုင်ငံရေးသိပ္ပံကျောင်း
မှ တာဝန်ရှိသူ ကိုဝင်းညီညီဇော် က ပြောပြသည်။

Kofi Annan, Dalaima, Judi Dench, Helen Mirren, Alan Rick အစရှိသည့် ခေါင်းဆောင်များနှင့် တွေ့ဆုံ ရိုက်ကူးထားသည့် Peace One Day ဇာတ်ကားကို ဗြိတိသျှ ရုပ်ရှင်ပညာရှင် Jeremy Gilley ကိုယ်တိုင် ပါဝင် ရိုက်ကူးထားသလို ဒါရိုက်တာလည်း ၎င်းကိုယ်တိုင် ဖြစ်သည်။

တကမ္ဘာလုံးရှိ အပစ်အခတ်ဖြစ်သည့် နေရာများ၊ အကြမ်းဖက်မှု ဖြစ်သည့် နေရာများကို စက်တင်ဘာလ ၂၁ ရက်နေ့ တွင် ရပ်စဲရန် ချမှတ်ပေးဖို့အတွက် ရည်ရွယ်ရိုက်ကူးထားသည့် ဇာတ်ကား ဖြစ်သည်။

ပြသချိန် ၁ နာရီ ၂၁ မိနစ် ကြာမြင့်မည့် အဆိုပါ ဇာတ်ကားကို စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လည် ၁ နာရီတွင် အမှတ် ၄၈၂၊ ၃ လွှာ၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင် မြို့နယ်ရှိ နိုင်ငံရေးသိပ္ပံကျောင်း၌ ပြသမည်ဖြစ်ပြီး မည်သူဆို သွားရောက် ကြည့်ရှုနိုင်သည်။

အဖွဲ့အစည်းများမှ လာရောက် ကြည့်ရှသည် ဆိုပါက အခြားသူများအား မျှဝေနိုင်ရန် Peace One Day ဇာတ်ကား အခွေကို ပေးဖို့ စီစဉ်ထားကြောင်းလည်း သိရသည်။

ရန်ကုန်၊ နိုင်ငံရေးသိပ္ပံကျောင်းမှာ လွန်ခဲ့သော တနှစ်က ထူထောင်ထားခြင်း ဖြစ်ပြီး နိုငံတကာ ဆက်ဆံရေး၊ နိုင်ငံရေး သိပ္ပံ အပြင် အင်္ဂလိပ်စာတို့ကို သင်ကြားပေးနေသည့် သင်တန်းကျောင်းလည်း ဖြစ်သည်။ လူငယ်များအတွက် အဓိက ရည်ရွယ်သော်လည်း မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရသည်။
    မဇ္ဈိမ

 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော်မှ ပေးအပ်သည့် ဆုတံဆိပ်ကို လက်ခံရယူပြီးနောက် သမ္မတဘာရက်အိုဘားမားနှင့် တွေ့ဆုံ

AddThis Social Bookmark Button
b525ex1
စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကွန်ဂရက်လွှတ်တော်၏ ရွှေတံဆိပ်ဆုကို လက်ခံရယူနေစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်လွှတ်တော်က ပေးအပ်သော ဆုတံဆိပ်ကို လက်ခံရယူပြီးနောက် အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ အမေရိကန် ကွန်ဂရက်လွှတ်တော်က ၂၀၀၈ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက် လွှတ်တော်၏ ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့သော်လည်း ထိုစဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရသောကြောင့် လက်ခံရယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခုအခါ အမေရိကန် ပြည်ထောင်စုသို့ ၁၇ ရက်ကြာ ခရီးစဉ်ထွက်လာသော အခါတွင်မှ လက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
ဆုလက်ခံရယူသည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့နေရာအများအပြားတွင် ''လွတ်လပ်မှု ဆိုတာ အိပ်မက်တစ်ခုလိုပဲ ရှိနေပါသေးတယ်''ဟု ပြောကြားခဲ့ပြီး ''ဒီမိုကရေစီဟာ ကျွန်မတို့အားလုံးအတွက် မျှော်လင့်ချက် မီးရှူးတန်ဆောင်ပါပဲ''ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ညီညွတ်မှုရှိစွာ၊ ငြိမ်းချမ်းမှုရှိစွာဖြင့် ရှေ့ဆက်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ကွန်ဂရက်လွှတ်တော်၏ ရွှေတံဆိပ်ဆုကို အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘိုနာက ပေးအပ်ခဲ့သည်။
လာမည့်နှစ်ပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ထိပ်တန်း အရာရှိများ နှင့်သာမက ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့်ပါ တွေ့ဆုံရန် စီစဉ်ထားသည်။
အမေရိကန်သို့ ရောက်ရှိပြီးနောက် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံခဲ့ပြီး ၀ါရှင်တန်ရှိ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းအချိန်တွင် မြန်မာနိုင်ငံအပေါ် အမေရိကန်က အရေးယူပိတ်ဆို့ထားမှုများ ထပ်မံဖြေလျော့ပေးရေးကို ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ်အစောပိုင်းတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဥရောပနိုင်ငံများသို့ပါ သွားရောက်ခဲ့သည်။ ယင်းခရီးစဉ် အတွင်း ၁၉၉၁ ခုနှစ်က ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဗယ်ဆုကို ကိုယ်တိုင် လက်ခံရယူခဲ့သည်။
ယခုအမေရိကန်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံမှ အမေရိကန်သို့ ရွှေ့ပြောင်းအခြေချသူ အများအပြားနေထိုင်ရာ နေရာတစ်ခုဖြစ်သော အင်ဒီယားနားပြည်နယ်ရှိ ဖို့တ်ဝိန်းသို့ သွားရောက်ရန် စီစဉ်ထားသည်။

Wednesday, 19 September 2012

နယ်စပ်ကုန်သွယ်ရေး ‘နှစ်ဆတိုးရန်’ ထိုင်း မျှော်မှန်းထား


ဘန်ကောက် ။      ။ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးကို ၂ဝ၁၅ ခုနှစ်တွင် နှစ်ဆတိုးကာ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ အထိ ရှိလာစေရန် ထိုင်းနိုင်ငံက မျှော်မှန်းထားသည်။ ထိုအချိန်တွင် ပေါ်ထွက်လာမည့် အာဆီယံ စီးပွါးရေး အသိုင်းအဝိုင်း (AEC) ကြောင့် ပေါ်ထွက်လာမည့်ကျယ်ပြန့်သော ဈေးကွက်ကြီးများကို မျှော်ကာ ထိုသို့ ရည်ရွယ် မှန်းဆထားခြင်း ဖြစ်သည်။

“AEC မတိုင်ခင် ပေါ်ပေါက်လာမယ့် ပိုမိုနီးစပ်တဲ့ စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးဟာ ထိုင်းနိုင်ငံအတွက် ပိုပြီး အရေးပါလာဦးမယ်။ နောက်ထပ် အာဆီယံနိုင်ငံတွေ အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ တို့က အကောက်ခွန်တွေကို လျှော့ချနေကြပြီး ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေးကိုလည်း ပိုပြီး မြှင့်တင်လုပ်ဆောင်ဖို့ လိုလာနေပါတယ်” ဟု ထိုင်းနိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ ဥက္ကဋ္ဌ အော်လန်းချိုင်ပရာဗတ် (OlarnChaipravat) က တနင်္လာနေ့ က ပြောကြားလိုက်သည်။

ဥရောပ ကြွေးမြီ အကြပ်အတည်းကြောင့် နောင်နှစ်ပေါင်း အတော်ကြာထိ ရှိနေဦးမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး
နှေးကွးမှုအတွင်း နိုင်ငံ့စီးပွါးရေး ခိုင်မာနေစေရန်အတွက် ထိုင်းအစိုးရက နယ်စပ် ကုန်သွယ်ရေးကို ထည့်သွင်း
ဆောင်ရွက်သွားမည် ဖြစ်သည်။

AEC စနစ်အတွင်း အကောက်ခွန် သုညအထိ လျှော့ချထားမည်ဖြစ်၍ အာဆီယံ ကုန်သွယ်ရေးကို နှစ်ဆအထိ တိုးလာစေသင့်ကြောင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အလုပ်ကော်မတီ၏ ပထမဆုံး အစည်းအဝေးအပြီး အော်လန်း က ပြောကြားလိုက်သည်။

အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး တို့အတွက် ထိုင်းအစိုးရ က ဆောင်ရွက်သွားမည် ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့အတွက် ထိုင်းအစိုးရက လုပ်ငန်း အစီအစဉ် ငါးရပ် ရေးဆွဲချမှတ်သွားမည် ဖြစ်သည်။

လုပ်အား အသားပေး စီးပွါးရေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများတွင် တည်ထောင် လုပ်ကိုင်ပြီး တတိယနိုင်ငံ
ဈေးကွက်များသို့ တင်ပို့နိုင်ရန်အတွက် အစိုးရက မက်လုံးများ ပေးသွားမည် ဖြစ်သည်။ ဤနည်းဖြင့် ထိုင်းနိုင်ငံတွင်
ဖြစ်ပေါ်လျက်ရှိသော လုပ်သားအင်အား ရှားပါးမှုကို လျော့ပါးသက်သာစေပြီး ကုန်ချော တင်ပို့ရာတွင်လည်း ဖွံ့ဖြိုးပြီး
နိုင်ငံများက အိမ်နီးချင်းနိုင်ငံများကို အထူး သက်သာသော အခွန်နှုန်းထားများ ပေးထားသဖြင့် ထိုင်းလုပ်ငန်းရှင်များ အတွက် ပို့ကုန် အထူးအခွင့်အရေးများ ရရှိစေမည် ဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းအနေနှင့်လည်း အာဆီယံ ပေါင်းစည်းရေးကို ရှေးရှုသည့်အနေဖြင့် အာဆီယံ နိုင်ငံများအပြင် အခြား တတိယနိုင်ငံများသို့လည်း တင်ပို့သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ သည်လည်း ပိုမိုပြိုင်ဆိုင်နိုင်စွမ်း ရှိလာစေရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်မှုများ လုပ်ဆောင်လာမည် ဖြစ်သည်။

ထိုင်းနိုင်ငံအနေနှင့် နယ်စပ် ဂိတ်များလည်း ပိုမိုဖွင့်လှစ်ကာ အမြဲတန်း နယ်စပ်ဂိတ် ငါးခုကို နိုင်ငံတကာ နယ်စပ်စခန်း များအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး အနည်းဆုံး ယာယီဂိတ် ၁ဝ ခုကိုလည်း အမြဲတမ်း နယ်စပ်ဂိတ်များအဖြစ် တိုးမြှင့်သွားမည် ဖြစ်သည်။

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို အဓိကထားကာ အိမ်နီးချင်းနိုင်ငံများတွင် ကူးသန်း ရောင်းဝယ်ရေး ဘဏ်များ ဖွင့်လှစ်ရေး ထိုင်းအစိုးရက ကူညီထောက်ပံ့ပါရန်လည်း ထိုင်းအမျိုးသား သင်္ဘောလုပ်ငန်းရှင်များ အသင်း ဒု-ဥက္ကဋ္ဌ ဗာလော့ဗီတာနာကွန် က ပြောကြားလိုက်သည်။
မဇ္ဈိမ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုသို့
 ရောက်ရှိနေ
PDF Print
Tuesday, 18 September 2012 20:45
AddThis Social Bookmark Button
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွက် မြန်မာနိုင်ငံမှ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် 
ထွက်ခွာသွားရာ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ၌ ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံမှုတွင် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်
 ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
su-heliry1
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်တို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းက ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြသေးသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီသို့ မရောက်
ရှိမီ နာရီပိုင်းအလိုတွင် မြန်မာသမ္မတ ဦးသိန်းစိန်သည် အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ
 ၁၇ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခဲ့သည်။ ထိုအထဲတွင် အကျဉ်းကျနေသည့် နိုင်ငံရေးအ
ကျဉ်းသား အချို့လည်း ပါဝင်ခဲ့သည်။နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ၁၈ ရက်နေ့တွင် Asia Society Global Vision Award ဆုကို လက်ခံ ရယူမည်ဖြစ်ပြီးစက်တင်ဘာလ ၁၉ရက်နေ့တွင် အမေရိကန် ကွန်ဂရက်လွှတ်တော် 
ရွှေတံဆိပ် ဆုပေးပွဲ သို့ တက်ရောက်ကာ ဆုလက်ခံရ ယူမည်ဖြစ်သည်။ အဆိုပါဆုသည် အမေရိကန် ကွန်ဂရက်လွှတ်တော် က အရပ်သားများသို့ ပေးအပ်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သည်။
su-heliry2
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်)၊ ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးကျော်သူ
 (ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း- ရန်ကုန်)၊ ဒေါက်တာစင်သီယာမောင် (မယ်တော်ဆေးခန်း)၊ ဦးအောင်ဒင် (ညွှန်ကြားရေးမှုး၊ U.S. Campaign for Burma) တို့အား ၀ါရှင်တန်ဒီစီ အခြေစိုက် National Endowment for Democracy (NED) မှ ချီးမြင့် မည့် ဆုပေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင်တန်ဒီစီတွင် ရှိနေစဉ်အတွင်း အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရတ်အိုဘားမားနှင့် တွေ့ဆုံသွားရန် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အမေရိကန် သမ္မတ၏ အိမ်ဖြူတော်က အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ထို့ပြင် စက်တင်ဘာ လ ၂၁ ရက်နေ့တွင် နယူးယောက် မြို့တွင် ကျင်းပမည့် Atlantic Council
Global Citizen Award ဆုပေးပွဲသို့တက်ရောက်မည်ဖြစ်သည်။
အလားတူ ဒေါ်အောင်ဆန်းစု ကြည်သည် Louisville ၊ ယေးနှင့် ဟားဗတ်တက္ကသိုလ်များသို့လည်း သွားရောက်မည်ဖြစ်ပြီး ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပမည့် Freedom Forum သို့ တက်ရောက်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ရောက် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံသွား ရန်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုမှ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည် ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၂၀ ကျော်အတွင်း အမေရိကန်ပြည်ထောင်စုသို့ ပထမ ဆုံးရောက်ရှိလာသည့် ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်
 မြောက်လာပြီးနောက်ပိုင်း တတိယ အကြိမ်မြောက် ပြည်ပခရီးစဉ်ဖြစ်သည်။ ပထမဆုံးပြည်ပခရီးစဉ်
 အဖြစ် ထိုင်းနိုင်ငံသို့ မေလက သွားရောက်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ် ဥရောပနိုင်ငံများ ဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင် ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ ဇွန်လက သွားရောက်ခဲ့သည်။
ထို့အတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်လည်း အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ နောက်ဆုံးပတ်တွင် သွားရောက်မည်ဖြစ်ပြီး အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတ ကာမှ အကြီးအကဲများနှင့် သီးသန့် တွေ့ဆုံမှုများ ပြုလုပ်
သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ် မတ်လက စတင်ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပြုပြင် ပြောင်းလဲရေးများ ဖော်ဆောင်မှုကြောင့် ဥရောပ၊ အမေရိကန်တို့နှင့် ဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်လာသလို အဆိုပါနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ်
ချမှတ်ထားသည့် အရေးယူပိတ်ဆို့ မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်လာကြသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိက ခရီးစဉ်မှာ အမေရိကန်သမ္မတဟာ သမ္မတဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော နှစ်ယောက်စလုံး နဲ့ တွေ့သင့်တယ်လို့မြင်တယ်။
အ ချိန်ရရင် ကျွန်တော့်အမြင်၊ ဘားရက်အိုဘားမားဟာ နှစ်ယောက်လုံးနဲ့ တစ်ပြိုင်နက်တည်း
ဒုတိယအကြိမ် ထပ်တွေ့နိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။ အဲဒါဟာ အမေရိကန်ရဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ
အင်တိုက်အားတိုက် ပါဝင်တယ်ဆိုတာကို ပြသရာ ရောက်သလို တရုတ်နိုင်ငံကိုလည်း အမေရိကန်ရဲ့အခန်းကဏ္ဍကို လှစ်ပြလိုက်သလို ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် တွေ့သင့်တယ်လို့ ပြတ်ပြတ်သားသား ပြောတာပါ။ တစ်ယောက်ထဲကိုပဲ တွေ့မယ်ဆိုရင်တော့ နိုင်ငံရေး ချိန်ခွင်လျှာ ထိန်းညှိမှုကို ထိခိုက်
မလားလို့ စိုးရိမ်ရပါတယ်”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်မှု ဆောင်းပါးများရေးသားသူ
 ဒေါက်တာရန်မျိုးသိမ်းက
 ပြောကြားခဲ့သည်။

ဓါတ်ပုံ- AFP
http://eleven

Thursday, 13 September 2012

ူမန်မာဌာန > သတင်းမဵား ငှက်နှစ်ကောင် ချိုချဉ်စက်ရုံ အလုပ်သမားအခွင့်အရေး တောင်းဆို 2012-09-12

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၉ လမ်းပေါ်က မနော်ဟရီလမ်း အနီးမှာရှိတဲ့ ငှက်နှစ်ကောင် ချိုချဉ်စက်ရုံက နေ့စားအမျိုးသမီး လုပ်သား ၇၀ ကျော်ဟာ နေ့စားလုပ်ခ တိုးမြှင့်ပေးရေး၊ သတ်မှတ် အလုပ်ချိန်နဲ့အညီ အလုပ်လုပ်ခွင့်ရရေး၊ အလုပ်ခွင်အတွင်း လုပ်သားအခွင့်အရေး ခံစားခွင့်ရရှိရေး စတဲ့အချက်တွေ ပါဝင်တဲ့ တောင်းဆိုချက် (၁၂) ချက်နဲ့အတူ ဒီကနေ့ စက်ရုံဝင်းအတွင်း ငြိမ်းချမ်းစွာ ထိုင်သပိတ် ဆင်နွဲခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၉ လမ်း ငှက်နှစ်ကောင် ချိုချဉ်စက်ရုံက နေ့စားအမျိုးသမီးများ လုပ်သားအခွင့်အရေးအတွက် စက်ရုံဝင်းအတွင်း ငြိမ်းချမ်းစွာ ထိုင်သပိတ် ဆင်နွဲနေကြစဉ်။
ခုလိုတောင်းဆို ဆန္ဒပြရတာနဲ့ ပတ်သက်လို့ အမျိုးသမီး အလုပ်သမား တစ်ဦးဖြစ်သူ မမူမူက RFA ကိုအခုလို ပြောပါတယ်။
"ဟိုတုန်းကဆိုရင် လုပ်အားခက ၁၅၀၀၊ အဲတာ အချိန်အကြာကြီး လုပ်ရတယ်။ မနက်ခင်း ၇ နာရီ ဝင်ရတယ်။ ညနေ ၅ နာရီထိုးမှ သိမ်းတယ်။ ညဆိုင်းဆိုလို့ရှိရင် ညနေ ၅ နာရီခွဲ ဝင်ရတယ်။ မနက်ကျရင် ၅ နာရီခွဲမှ သိမ်းတယ်။ ၁၂ နာရီလုပ်ချိန်ကျမှ တစ်ရက်မှ ၁၅၀၀ ပဲရတယ်။ အခု အစိုးရ သတ်မှတ်တဲ့ နှုန်းထား တစ်ရက် ၈ နာရီပဲ လုပ်ခွင့်ရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အနေနဲ့ လုံးဝမကိုက်ဘူး။ အဲတာကြောင့် လုပ်အားခ မြှင့်တင်ရေးကို တောင်းဆိုရခြင်းဖြစ်တယ်"
ငှက်နှစ်ကောင် ချိုချဉ်စက်ရုံပိုင်ရှင် ဦးသိန်းအောင်ကတော့ အခုလို အလုပ်သမားတွေ ဆန္ဒပြမယ့် ကိစ္စကို ကြိုတင်သိရှိခွင့် မရခဲ့သလို အလုပ်သမားတွေဘက်က အခွင့်အရေးတွေ တင်ပြ တောင်းဆိုခဲ့တာမျိုးလည်း မရှိခဲ့ပေမယ့် အလုပ်သမားတွေနဲ့ ပြေလည်မှုရအောင် ညှိနှိုင်းဖြေရှင်းသွားဖို့ ဆန္ဒရှိတယ်လို့ အခုလို ပြောပါတယ်။
"ညှိနှိုင်းရေးအဖွဲ့ လာရင်တော့ ပြေလည်အောင် ဖြေရှင်းပြီး ညှိနှိုင်းသွားမှာပေါ့။ ကာလပေါက်ဈေးတော့ ပေးရမယ်လေ"
အဲဒီ စက်ရုံမှာ အလုပ်သမား ၂၀၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒီနေ့ဆန္ဒပြပွဲဟာ စက်ရုံအတွင်း ဖြစ်တာကြောင့် ရဲအထူးသတင်း တပ်ဖွဲ့ဝင်တွေ၊ မြို့နယ် ရဲတပ်ဖွဲမှူး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်လောက် လာရောက် စောင့်ကြည့်ခဲ့ကြပေမယ့် ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့တဲ့အပြင် မနက် ၉ နာရီလောက်မှာ အလုပ်သမား ညှိနှိုင်းရေးအဖွဲ့တွေက လာရောက် ညှိနှိုင်းပေးတဲ့အတွက် နေ့လည် တစ်နာရီလောက်မှာ အလုပ်ရှင်နဲ့ အလုပ်သမား ပြေလည်မှု ရသွားခဲ့တယ်လို့ သိရပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် NLD လွှတ်တော်ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာဖြစ်ပွားနေတဲ့ လက်ပန်းတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ လူမှုရေး အဖွဲ့အစည်း တချို့က ကိုယ်စားလှယ်တွေ ဒီကနေ့ ညနေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဒေသခံ ကျေးရွာလူထု တောင်းဆိုဆန္ဒပြနေကြစဉ်။
ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ပါဝင်တဲ့ မုံရွာဦးအောင်ရှင်က ဒီကနေ့ တွေ့ဆုံ ညှိနှိုင်းချက်တွေကို အခုလို ပြောပါတယ်။
"ကျွန်တော်တို့က ဒီဖမ်းထားတဲ့ ကျန်တဲ့ ၃ ယောက်ပေါ့နော်။ နောက်ပြီးတော့ ဖမ်းထားတဲ့ ကိုဝေဠုကို လွှတ်ပေးဖို့တောင်းတယ်။ နောက်ပြီးတော့ ဖမ်းထားတဲ့ ကလေးမလေးတွေကို တွေ့ချင်တယ်လို့ ပြောတယ်လေ။ ၁ ရက် ၂ ရက်အတွင်းမှာ စဉ်းစားပေးပါ့မယ်တဲ့။ သူ့အဖွဲ့နဲ့ တိုင်ပင်ပြီးတော့ စဉ်းစားပေးပါ့မယ်လို့ ပြောတယ်။ သူက ဒီဖြစ်စဉ်သမိုင်းကို အကုန်ရှင်းပြတာပေါ့ဗျာ"
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လယ်မြေ မတရားသိမ်းဆည်းမှုတွေ သီးနှံလျော်ကြေး ကိစ္စရပ်တွေအပြင် ဖမ်းဆီးမိန့် ထုတ်ပြန်ထားတဲ့ ပုဂ္ဂိုလ်တွေအတွက် ဖမ်းဝရမ်းအမိန့် ပြန်ရုပ်သိမ်းပေးဖို့ စတဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်ကို ၀န်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် စီစဉ်မည်ဟု စစ်ကိုင်းတိုင်းအစိုးရ ကတိပြု

ပဋိပက္ခဖြစ်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ စီစဉ်ပါ့မယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို ကတိပြုလိုက်ပါတယ်။
ဦးဂျင်မီ ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မနေ့ညနေက မုံရွာမြို့မှာ ဆန္ဒပြတဲ့ ၀က်မှေးရွာသူရွာသားတွေ၊  မုံရွာကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး သူတို့သဘောထားတွေ ကို တိုင်းဒေသကြီးအစိုးရထံ တင်ပြရာမှာ သဘောတူညီချက်ရခဲ့တာဖြစ် ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများ ၀က်မှေးဒေသခံများနှင့် တွေ့ဆုံနေစဉ်

ဆန္ဒပြသမားတွေနဲ့ ကျောင်းသားတွေက ဖမ်းဆီးထားသူ အကုန်ပြန်လွတ်ဖို့၊  ဆန္ဒပြ လှုပ်ရှားသူတွေကို အရေးမယူဖို့နဲ့ ကြေးနီးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ အစရှိတဲ့ အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။
ဒီတောင်းဆိုချက်တွေကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊  တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသောင်းစိန်အပါအ၀င် သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်တို့ကို တင်ပြဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးချက်အပေါ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီက “အချက်အလက်တွေ ယူသွားပြီးတော့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကို သူတို့ပြောတဲ့ အတိုင်း ပြောတယ်။ ထိန်းသိမ်းထားတဲ့သူတွေက လုပ်ထုံးလုပ်နည်းနဲ့အညီ ထိန်းထားတာဖြစ်တဲ့ အတွက် ပြန်လွှတ်ပေးမယ်ဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမှာဖြစ်တဲ့အတွက် အချိန်တခုယူမယ်ဆိုတယ်။ အချိန်ကိုလည်း မကြာဖို့ အမြန်ဆုံးလုပ်ပေးဖို့ ကျနော်ပြောခဲ့တယ်။ နှစ် အချက်က အခု ပါဝင်ခဲ့တဲ့သူတွေကို တစုံတရာ အရေးမယူဘူး၊ မဖမ်းပါဘူး။ အိမ်ပြန်နေပါ။ စောင့်ကြည့်မှုတောင် မလုပ်ပါဘူးလို့ ပြောတယ်။ သုံး အချက်က သူက တိုင်းဒေသကြီးအဆင့်ပဲဖြစ်တယ်။ ဒီကိစ္စက ပြည်ထောင်စုအဆင့်မှာဖြေရှင်းရမှာဖြစ်လို့ သူ့အနေနဲ့က လုံခြုံရေးနဲ့ အုပ်ချုပ်ရေး တာဝန်ပဲရှိတယ်ပေါ့။ ကျန်တာကတော့ ပြည်ထောင်စု အဆင့်နဲ့ နိုင်ငံတော် သမ္မတ၊ အစိုးရအဖွဲ့မှာ လုပ်မှရမယ် ဆိုပြီး ချုံ့ပြောရရင်တော့ အဲ့အဓိပ္ပာယ် ထွက်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဘုန်းကြီးကျောင်းမှာ သပိတ်စခန်းဖွင့်လို့ဆိုပြီး ၀က်မှေး ရွာသူရွာသားတွေကို နေခွင့် မပေးတဲ့ ကိစ္စကို ပယ်ဖျက်ပေးပြီး နေခွင့်ပေးဖို့ တောင်းဆိုရာမှာလည်း ခွင့်ပြုခဲ့ကြောင်းလည်း ပြော ပါတယ်။ ဒါ့အပြင် ၀န်ကြီးက ကျေးရွာသားတွေ အစားအသောက်၊ ကျန်းမာရေး အကူအညီလိုအပ်ရင် တင်ပြဖို့လည်း ပြောဆိုခဲ့ပါတယ်။
လက်ရှိ ချထားတဲ့ လုံခြုံရေးနဲ့ သံဆူးကြိုး ကာထားတာကိုလည်း ဒီမနက်အစောပိုင်းမှာ ရုပ်သိမ်းပေး လိုက်တယ်လို့ ဦးဂျင်မီက ပြောပါတယ်။
“သံဆူးကြိုးချထားတဲ့ကိစ္စတွေဟာ ဘယ်လိုမှ ကြည့်မကောင်းပါဘူး။ ဖယ်ပေးပါ၊ လုံခြုံရေး အင်အားတွေကိုလည်း ရုပ်သိမ်းပေးပါတောင်းဆိုတယ်။ ဒီမနက်မှာတော့ အဲဒါတွေ ရုပ်သွားပြီ။ ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးရေး မလွှတ်ပေးရေးကိစ္စကို မကြာခင် ကျနော်သိရနိုင်မယ်ထင်တယ်။ ဒီရက်အတွင်းတော့သိရမယ်၊ ကျနော့်မှာလည်း အချိန် ကန့်သတ်ချက်တွေ ရှိနေတာကိုး။ ကျနော်အဖြေကို ရှင်းရှင်းလင်းလင်းသိချင်တယ်၊ အခုအချိန်ထိ အကောင်းဘက်ကို မျှော်လင့်တယ်၊ စောင့်နေပါတယ်။”
လက်ရှိ အသွင်ကူးပြောင်းရေးကာလမှာ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့  အင်အားသုံးတာမျိုး မလုပ်ဖို့နဲ့ အခွင့်အရေး တောင်းဆိုသူတွေဘက်ကလည်း ထိပ်တိုက်တွေ့တဲ့ ဆန္ဒပြမှုတွေ မလုပ်ဘဲ စေ့စပ် ညှိနှိုင်းဖို့ကို ဦးဂျင်မီက တိုက်တွန်းသွားပါတယ်။
လက်ရှိ ဆန္ဒဖော်ထုတ်မှုမှ အဖမ်းခံရဆဲဖြစ်တဲ့ ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်နဲ့ ရန်ကုန်က ကိုဝေဠုတို့ ပြန်လည်လွတ်ရေး၊ မလွတ်ရေး ဒီနေ့ အဖြေသိရမယ်လို့ ဦးဂျင်မီက ပြောပါတယ်။

mwrn အဖွဲ့၏ ၂၀၁၂-၂၀၁၃ တနှစ်တာလုပ်ငန်းစဉ်များ

 M.W.R. N အဖွဲ့သည် 9-10 sep 2012 တွင် နာခွန်နာရွတ် ခရိုင်သို့သွားရောက်က ကော်မတီ၂၇ဦးနှင့် H.R.D.F မှဝန်ထမ်း ၅ ဦးလိုက်ပါပြီးအောက်ပါလုပ်ငန်းစဉ်များကိုရေးဆွဲ တနှစ်တာလုပ်ဆောင်ရန်အတွက်
ဆွေးနွေးတိုင် ဆုံးဖြတ်အတည်ပြုခဲ့ပါသည်။
၁။မဟာချိုင်မြို့ဈေးကြီးအတွင်းရှိ မြန်မာအလုပ်သမား လာာရောက်လည်ပတ်မှု အများဆုံးဖြင့်သော နမ်းဖု
ပလာဇာ (မြန်မာခေါ်) ရေပန်းကုန်တိုက်ကြီးတွင် sep 30မှစတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အလုပ်သ
မားများအား အသိပညာဖွံ့တိုးတက်ရန်နှင့် အလုပ်သမားခွင့်ရေးများ ရှင်းလင်းပြတ်သားစွာ သိရှိစေရန် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို အပတ်စဉ်ပြုလုပ်ပေးသွားမည်။
၂။4.11.2012 ရက်နေ့တွင် ကော်မတီများနှင့် အလုပ်သမားများအား ထိုင်း မြန်မာ ဥပဒေများကို ရှင်းလင်းမှုသင်တန်းအကို မဟာချိုင်မြို့ မူစီရပ်ကွက်ရှ ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ပေးသွားမည်
ဖြစ်ပါသည်။
၃။မြန်မာစာပေနှင့် လက်လှမ်းဝေးနေသော မြန်မာအလုပ်သမားမျာ မြန်မာစာနှင့်နီးစပ်မှုရရန်နှင့် မျိုးစားရေးစိတ်ဓါတ်နှင့်အညီ စည်းလုံးညီညွတ်စွာနေထိုင်ခြင်းကိုရရှိရန်ရည်ရွယ်၍ လည်းကောင်းလူငယ်များဗဟုသုတအဖျာဖျာ ရရှိရန်အတွက်လည်းကောင်း စာပေဟောပြောပွဲကို ထိုင်းနိုင်ငံတွင် နာမည်ကြီးအချိုရည် M150 co.ltd နှင့် M.W.R.N တို့ပူးပေါင်း၍ စာပေဟောပြောပွဲကြီးကို
အောက်တိုဘာ ပထမ အပတ်တွင် ပြုလုပ်ကျင်းပသွားမည်။
၎။ ထိုင်းနိုင်ငံတွင် နာမည်ကြီးအချိုရည် M150 co.ltd နှင့်  M.W.R.N တို့ပူးပေါင်း၍ မြန်မာအလုပ်သမားများ  စုံညီပွဲတော် အနေနှင့်လည်းကောင်း ကမ္ဘာတွင်ကျော်ကြားဆုံး အားကစားဖြစ်သော ဘောလုံးပွဲကို စိတ်ဝင်စား မှုပိုများလာစေရန်ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲကို  အလုပ်ပိတ်ရက်ဖြစ်သော နှစ်သစ်ကူး ဒီဇင်ဘာ ၃၁ရက်နေ့နှင့် ဇန်နဝါရီ ၁ ရက်နေ့တို့တွင်ပြုလုပ်ကျင်းပသွားပါမည်။ ပွဲတော်အတွင်းအလုပ်သမားအခွင့်ရေးဆိုင် ဟောပြော   ပွဲများ အသိပညာပေးပွဲများကိုလည်း ထည့် သွင်း သွားပါမည်။
၎။လက်ကမ်းစာစောင်နှင့် သတင်းဂျာနယ်ကိုလည်း အခါအားလျှောစွာ ထုတ်ဝေသွားမည်ဖြစ်သည်။
၂၀၁၂ =၂၀၁၃ ကော်မတီများ

Saturday, 8 September 2012

မြိတ်မြို့ မှာ ရဲတပ်ဖွဲ့ ဝင်များ အထောက်အထားမရှိ အင်အားသုံး ၀င်ရောက်စီးနင်းမှု ဖြစ်ပွါး

စက်တင်ဘာလ ၇ ရက်နေ့  ည ၈ နာရီခန့် က မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အား ရဲတပ်ဖွဲ့ ဝင်များ ၀င်ရောက်စီးနင်းစဉ်
       စက်တင်ဘာလ ၇ ရက်နေ့  ည၈နာရီခန့် ကတနင်္သာရီတိုင်း မြိတ်မြို့ ကန်ခေါင်းရပ်ကွက်စကားဝါ
လမ်းရှိ ဦးအင်ရှိန်၊ ဒေါ်ခင်တင့် နေအိမ်ကို ရဲတပ်ဖွဲ့ ဝင် အင်အား ၃၀ ခန့် က ရပ်ကွက် လူကြီးများ ခေါ်ယူခြင်း မရှိသလို ရှာဖွေပုံစံများ ဖမ်းဝရမ်းများ မပါပဲ မင်းမဲ့စရိုက် ဆန်ဆန် ၀င်ရောက် စီးနင်းခဲ့ပါတယ်။

       မြိတ်မြို့ မြိုမရဲစခန်းမှ ရဲအုပ်မြင့်လွင် ဦးစီးတဲ့ ရဲအင်အား ၃၀ ခန့် က ရုတ်တရက် ၀င်ရောက်လာပြီ
အနီးအနားရှိ နေတဲ့ လူတွေကို ၀ိုင်းရိုက်ခြင်း မသင်္ကာတဲ့ လူမှန်သမျှကို တုတ်တွေ ၊ ဒိုင်းတွေ နဲ့ ချိန်ရွယ်ထားပြီး ထိုင်ခိုင်းထားခြင်းများ ပြုလုပ်ခဲ့ပါတယ်။

    ဦးအင်ရှိန် ၊ ဒေါ်ခင်တင့် နေအိမ်ပေါ်ကိုလည်း ရဲတပ်ဖွဲ့ ဝင်တွေ အုပ်စုလိုက် တုတ်တွေနဲ့ တက်ပြေးလာတဲ့ အတွက် အိမ်ထဲမှာ ရှိနေတဲ့ ဒေါ်ခင်တင့် မှာ သွေးတက်ပြီး သတိမေ့သွားလို့ ယခုအခါ တော်ဝင်ဆေးရုံမှာ တင်ထားရတယ်လို့ မျက်မြင်သက်သေတွေက Myanmar News Now ကို ပြောပါတယ်။

      ဒေါ်ခင်တင့် မှာ ဆီးချို ၊ နှလုံး နဲ့ သွေးတိုး ရောဂါတွေ ခံစားနေရချိန်မှာ ရဲတပ်ဖွဲ့ ဝင်တွေ  ဒုတ်တွေ ဒိုင်းတွေ နဲ့ တက်လာလို့ လန့် ပြီး သတိမေ့သွားတာလို့ ဆိုပါတယ်။ ဒေါ်ခင်တင့် သတိမေ့သွားချိန်မှာ  ရဲတပ်ဝင်တွေ ပြန်ထွက်သွားလို့ ရပ်ကွက်လူထုက ဆေးရုံ တင်ပို့ ပေးခဲ့ရတာ ဖြစ်ပါတယ်။

    ရဲတွေနဲ့ အတူပါလာတဲ့ ရဲသတင်းပေး အရပ်သားကိုဝင်းမောင်(အဘ ဦးခင်မောင်ထွေး - ရင်ခွဲရုံ ၀န်ထမ်း) က လည်း ပတ်ဝန်ကျင်ရှိ အရပ်သားတွေ ရိုက်နှက်ခဲ့ပါတယ်။ အဆိုပါ မင်းမဲ့ စရိုက်ဆန်ဆန် ၀င်ရောက်စီးနင်းမှု ကို မကျေနပ်လို့ ရပ်ကွက်သူ ရပ်ကွက်သားများကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ကို တိုင်းကြားခဲ့ကြောင်းလည်း သိရပါတယ်။

       မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး မှ ရဲအုပ်မြင့်လွင်ကို ခေါ်ယူစစ်ဆေးခဲ့သလို ရပ်ကွက်သူ / ရပ်ကွက်သားများ ကျေနပ်အောင်လည်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့ ကတော့ မူးယစ်ဆေးဝါမှုနဲ့ တိမ်းရှောင်နေတဲ့ ဘောင်းဘီးကြီး ဆိုတဲ့ တရားခံပြေးကို လိုက်လံဖမ်းဆီးရာကနေ ဒေါ်ခင်တင့် နေအိမ်အောက်မှာ ဆိုင်ကယ်လာပြင်နေတဲ့ ဆိုင်ကယ်ဟာ ဘောင်းဘီကြီး ဆိုင်ကယ်ဖြစ်နိုင်တယ်လို့ တွက်ဆပြီး အိမ်ပေါ်ကို ယခုလို ရပ်ကွက်လူကြီးတွေ မပါပဲ တက်ရောက်မိတဲ့ အကြောင်း ပြောပါတယ်။ ဒေါ်ခင်တင့် ကိုလည်း ရဲတပ်ဖွဲ့ ကပဲ ဆေးကုပေးမယ်လို့ ပြောပါတယ်။

ဒါပေမယ့် ရပ်ကွက်သူ ရပ်ကွက်သားတွေကတော့ အခုလို မင်းမဲ့စရိုက်ဆန်ဆန် ရပ်ကွက်လူကြီးမပါ၊ ဖမ်းဝရမ်းမပါပဲ  အမှုနဲ့ ဘယ်လိုမှ ပါတ်သတ်မှု မရှိတဲ့ အိမ်ပေါ်ကို လက်နက်များနဲ့ တက်ရောက်ခြင်း အရပ်ထဲမှ လူများကိုလည်း ဥပဒေမဲ့ ရိုက်နှက်သွားခြင်း ၊ ၄င်းတို့ ကြောင့် သတိမေ့မြောသွားတဲ့ သူကို  တာဝန်မဲ့စွာ ပစ်ပြေးသွားခြင်း တွေအတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ကို အရေးယူအပစ်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးကို တိုင်တန်းထားကြောင်း Myanmar New Now မှ စုံစမ်းသိရှိရပါတယ်။






Ref...Myanmar New Now

Tuesday, 4 September 2012

ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခု လွှတ်တော်တွင် အတည်ပြု

ကာကွယ်ရေးဝန်ကြီးအဖြစ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို ခန့်အပ်ရေး လာမည့် စက်တင်ဘာ ၇ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည် (ဓာတ်ပုံ – ဧရာဝတီ)
  သမ္မတ ဦးသိန်းစိန် အဆိုပြုထားသည့် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၃၆ ခုထားရှိရေးကို ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်သည်။လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးကြပြီး ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၄၉မဲ၊ ကြားနေမဲ ၄၀ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
အစိုးရသစ် စတင်ဖွဲ့စည်းစဉ်က ၀န်ကြီးဌာန ၃၄ ခုဖြင့် ဖွဲ့စည်းပြီး ၀န်ကြီးဦးရေ ၃၀ ခန့်အပ်ကာ တာဝန်ပေး လုပ်ဆောင်စေခဲ့သော်လည်း မကြာသေးမီက သဘောထားတင်းမာသည့် ၀န်ကြီးတချို့ကို ဖယ်ရှားကာ အစိုးရအဖွဲ့ကို အသစ်ပြန်လည် ပြုပြင်ဖွဲ့စည်းခဲ့သည်။
       သမ္မတရုံး ၀န်ကြီးဌာနကိုလည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကဏ္ဍများတွင်
တိုးတက်စေရန်အတွက် မူလ နှစ်ဌာနအပြင် နောက်ထပ် ၄ ခု တိုးချဲ့ကာ ၆ ဌာန အထိ ဖွဲ့စည်းခဲ့သည်။
အဆိုပါ သမ္မတရုံး ၀န်ကြီးဌာန ၆ ခု၏ တာဝန်မှာ ငြိမ်းချမ်းရေး၊ ၀န်ကြီးဌာနအချင်းချင်း ဆက်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး စီမံခန့်ခွဲရေးတို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဆိုသည်။
“၂၀၁၃ ဆီးဂိမ်းမှာ အောင်မြင်စွာ ဆောင်ရွက်ဖို့ရယ် ၂၀၁၄ ခုနှစ်မှာ စတင်မယ့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို သီးခြားဆောင်ရွက်ဖို့တွေ ရှိတာကြောင့် ဖွဲ့စည်းရတယ်လို့ ဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သမ္မတရုံးဝန်ကြီးများအဖြစ် မီးရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၀န်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေးအခွန် ၀န်ကြီး ဦးလှထွန်းတို့ ၄ ဦးကို ထပ်မံခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
      ထို့အပြင် ဗိုလ်ချုပ် သိန်းဌေး တာဝန်ယူသည့်  မြန်မာ့စက်မှုဖွံဖြိုးရေး ၀န်ကြီးဌာနကို ဖျက်သိမ်းခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန အမှတ် (၁) နှင့် (၂) ကိုလည်း ပြန်လည်ပေါင်းစည်းကာ ၀န်ကြီးတဦးတည်းမှ ကိုင်တွယ်စေခဲ့သည်။ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊  အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနကဲ့သို့ ၀န်ကြီးတဦးတည်းမှ ပူးတွဲတာဝန်ယူရသည့် ၀န်ကြီးဌာနများကိုလည်း ခွဲထုတ်ကာ ၀န်ကြီးတဦးချင်း သီးသန့်တာဝန်ယူစေသည်။
ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း၏ နေရာတွင် တပ်မတော် စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို အစားထိုးရေး ခန့်အပ်ရေးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အသစ်အဖြစ် လက်ရှိ သတ္ထုတွင်းဝန်ကြီး ဦးသိန်းထိုက်တို့ကို ခန့်အပ်ရေးအား လာမည့်သောကြာနေ့တွင် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန်ရှိကြောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။

Ref, ဧရာဝတီသတင်းဌာန

Sunday, 12 August 2012

M.W.R.N အဖွဲ့၏ စတုတ္ထကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းဝေး

အစည်းဝေးတက်ရောက်လာသောအဖွဲ့ဝင်များ
           ယနေ့(၁၂.၀၈.၂၀၁၂)ရက်နေ့တွင်    ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်ရေး
ကွန်ယက်(M.W.R.N) အဖွဲ့မှ ကြီးမှူးကျင်းပသောစတုတ္ထအကြိမ်မြောက်  အသင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကြီးကို ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ မူစီရပ်ကွက်ရှိ ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းတွင် နံနက် ၈ နာရီမှစတင်ကျင်းပခဲ့ပါသည်။ထိုအစည်းဝေးသို့အသင်းသူ၊အသင်းသား(၁၃၀)နှင့်ဧည့်သည်တော်(၁၅၀)
လောက်တက်ရောက်ခဲ့ပြီး ဧည့်သည်တော်များအထဲမှ  အသင်းသားအသစ်(၈၀)ယောက်အားလက်ခံရရှိခဲ့
ပါသည်။
           ထိုအစည်းဝေးသို့ မဟာချိုင်ခြေစိုက် လူခွင့်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေရှင်း(H.R.D.F) မှဝန်ထမ်းများ၊ ချင်းမိုင်မြို့မှ ရွှေပြောင်းအလုပ်သမားများညီညွတ်ရေးအဖွဲ့(M.W.F)များနယ်မြေ
အသီးသီးမှ (M.W.R.N)အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။  အစည်းဝေးမစတင်ခင် မြန်မာတိုင်းရင်း သားများ အကဖြစ်သော စည်းလုံးခြင်းသီချင်းအက၊ ပုဂံအက ရွှေရိုးအကများနှင့်  ကပြဖျော်ဖြေခဲ့ပါသည်။ အစည်းဝေး၌ ဦးအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ
စုပေါင်းပြီးအဖွဲ့အားရေရှည်တည်တန့်ရန်အတွက် တက်ညီလက်ညီလုပ်ဆောင်သွားရန်နှင့် အဖွဲ့ဝင်နှင့်ကော်မတီများအစဉ်အမြဲဆက်သွယ်ပြီး လုပ်ဆောင်သွားရန် တိုက်တွန်းပြောဆိုခဲ့ပါသည်။ ထို့နောက် တနှစ်တာလုပ်ဆောင်ချက်များနှင့် ငွေစာရင်းရှင်းတမ်းများကိုလည်း တာဝန်ရှိသူများကတပြိုင်
တည်း ရှင်းလင်းသွားခဲ့သည်။ထို့နောက် တနှစ်တာအလုပ်အမှုဆောင်ကော်မတီ (၃၀) ဦးကိုလည်း 
 ရွေးချယ်ခန့်အပ်ခဲ့သည်။ 





အစည်းဝေးမှတင်မြှောက်လိုက်သောကော်မတီဝင်များ



    






 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes