ဓာတ်ပုံ- MNTV
အမေရိကန် ပြည်ထောင်စုကို မသွားမီ ၃ ရက်တာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ကို စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ်တခုက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပေးအပ် ချီးမြင့်ခဲ့ပါတယ်။
အခုလို ပေးအပ်လိုက်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအစီ အစဉ်
ကြောင့် ဖြစ်တယ်လို့ Sky Net ရုပ်သံ သတင်းတခုမှာ ယမန်နေ့ညနေပိုင်းက ထုတ်လွှင့်သွားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်က အခုလို တရုတ်နိုင်ငံက ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်တဲ့
အခမ်းအနားမှာ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့တာကိုလည်း Sky Net က ထုတ်လွှင့်ပြသွား ခဲ့ပါတယ်။
အခုဆိုရင် သမ္မတကြီးလည်း ဒေါက်တာ ဦးသိန်းစိန် ဖြစ်သွားခဲ့ပါပြီ။
တချို့ ဝေဖန်သူတွေက မကြာသေးမီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံ ခရီးစဉ် အတွင်း ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းခဲ့တာမို့ တရုတ်နိုင်ငံကလည်း အခုလို အပြိုင်အဆိုင်အားဖြင့် မြန်မာ သမ္မတ ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းတာဖြစ်တယ် လို့ ထောက်ပြပြောဆိုနေကြပါတယ်။
ဧရာဝတီ



09:22
Unknown

Posted in:
0 comments:
Post a Comment