Wednesday, 18 April 2012

အမေရိကန်၊ နော်ဝေနှင့် သြစတြေးလျတို့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ စတင်ဖြေလျော့၊ ဥရောပသမဂ္ဂအနေဖြင့်လည်း ဖြေလျော့မှုများ ပြုလုပ်ရန်စီစဉ်နေ

ausi
မြန်မာနိုင်ငံပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင်ဖြေလျော့ရန် သြစတြေးလျမှ တရားဝင်ထုတ်ပြန်မှုတစ်ခု


မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို အမေရိကန်၊ နော်ဝေနှင့် သြစတြေးလျတို့ စတင်ဖြေလျော့ပြီး ဥရောပသမဂ္ဂအနေဖြင့်လည်း ဖြေလျော့မှုများ ပြုလုပ်ရန် စီစဉ်နေကြပြီဖြစ်သည်။
အမေရိကန်က မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လများ၌ ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားတိုးတက်မှုဖြစ်စဉ်များကို မြင်တွေ့ရပြီးနောက် အမေရိကန်ပြည်ထောင်စုက အဆင့်ငါးဆင့်ဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ဧပြီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
''ကျွန်မတို့ဘက်က ရှေ့ဆက်လှမ်းဖို့ ပြင်ဆင်ပြီးပါပြီ။ ပထမအဆင့်အနေနဲ့ မကြာခင်မှာ သံအမတ်ကြီးအဆင့် ရန်ကုန်မှာထားရှိသွားဖို့ သဘောတူညီချက် ရယူသွားပါမယ်။ အဲဒီနောက်မှာတော့ ကျွန်မတို့ဘက်က အဆိုတင်သွင်းသူကို တရားဝင် ကြေညာပါမယ်။ ဒုတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံထဲမှာ USAID ကိုယ်စားလှယ်အဖွဲ့ကို ထားရှိပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ပုံမှန်  နိုင်ငံတွင်း လုပ်ငန်းစဉ်တွေကို အကူအညီပေးသွားပါမယ်။ တတိယအဆင့်အနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကနေ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းစဉ်များအထိ အမေရိကန် ပုဂ္ဂလိကအဖွဲ့အစည်းတွေက  ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကနေ အကျိုးအမြတ်မယူဘဲ ဆောင်ရွက်နိုင်စေဖို့ပါပဲ။ စတုတ္ထအဆင့်အနေနဲ့ အစိုးရအဖွဲ့ဝင်တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမေရိကန်ပြည်ထောင်စုကို လာရောက်နိုင်အောင် ကူညီပေးသွားဖို့ဖြစ်ပါတယ်။ ပဉ္စမအဆင့်ကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့်ပေးဖို့ အတွက် အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပိတ်ဆို့ထားတာတွေကို စိစစ်ပြီး လျော့ချပေးသွားပါမယ်။ ဒီလို သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးမှာ လမ်းမှားပေါ်မှာပဲ ဆက်ရှိနေသေးတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အပေါ်ထားရှိတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ကန့်သတ်ချက်တွေကိုတော့ ဆက်လက်ထားရှိသွားမှာ ဖြစ်ပါတယ်''ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆက်လက်ပြောကြားခဲ့သည်။
နော်ဝေနိုင်ငံကလည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူပိတ်ဆို့ထားမှုကို ရုပ်သိမ်းလိုက်ပြီဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere က ဧပြီလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
သို့ရာတွင် လက်နက်ရောင်းချမှုကိုမူ ဆက်လက်ပိတ်ပင်ထားဦး မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သြစတြေးလျနိုင်ငံကလည်း မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးကို ထောက်ခံအားပေးသည့် အနေဖြင့် အရေးယူပိတ်ဆို့ထားမှုကို ဖြေလျော့ပေးရန်နှင့် မြန်မာနှင့် ပုံမှန်ကုန်သွယ်ရေး ပြန်လုပ်သွားရန် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါထုတ်ပြန်ချက်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ကားနှင့် ကုန်သွယ်ရေးဝန်ကြီး ခရိတ်ခ် အီမာဆန်တို့က သြစတြေးလျအစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း နှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲနေမှုတွေကို နွေးထွေးစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဘော့ကားက''ကျွန်တော်တိုရဲ့ အရေးယူပိတ်ဆို့မှုတွေကို လျော့ချပေးပြီး ကုန်သွယ်ရေးလုပ်ဖို့ အားပေးခြင်းအားဖြင့် အခုချိန် မြန်မာပြည်မှာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအပြောင်း အလဲတွေကို ပိုမို ခရီးရောက်စေပါမယ်။ မြန်မာနိုင်ငံကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ပြီးတော့ ဒီအပြောင်းအလဲတွေကို အခြေပြုပြီး မြန်မာပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်စေမယ့် အပြောင်းအလဲတွေ ရေရှည်ဖြစ်နိုင်မယ့် အခြေအနေတွေ ဖြစ်အောင် တွန်းအားပေးတဲ့ အနေနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပိုလုပ်သွားမယ်'' ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံက ဖြေလျော့ပေးလိုက်သည့် အရေးယူပိတ်ဆို့မှုအချို့မှာ ငွေရေးကြေးရေးနှင့် ခရီးသွားလာခွင့် ဆိုင်ရာပိတ်ဆို့ အရေးယူထားသည့် မြန်မာနိုင်ငံမှတာဝန်ရှိသူ စုစုပေါင်း ၃၉၂ ဦးထဲက ၂၆၀ ကျော်ကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်ပြီး စစ် ဘက် အရာရှိများ အပါအ၀င်ဆက်ပြီး အရေးယူထားသူ ၁၃၀ ဦးခန့်သာ ကျန်ရှိတော့ကြောင်းနှင့် ဖယ်ရှားပေးလိုက်သူများထဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အစိုးရအဖွဲ့နှင့် လွှတ်တော်ထဲမှ ပြုပြင်ပြောင်းလဲရေးလိုလားသူများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာလက်နက် ရောင်းချမှုကိုမူ ဆက်လက်ပြီး ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများ အနက်အချို့ကို ဆိုင်းငံ့သင့်ကြောင်း ဧပြီလ ၁၃ ရက် နေ့က ပြောကြားပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ဥရောပသမဂ္ဂကလည်း လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ရန် ရှိနေပြီး အချို့သော အရေးယူပိတ်ဆို့မှုအချို့ကို ဖြေလျော့ရန် ရှိနေကြောင်း သတင်းများထွက် ပေါ်နေသည်။
သို့ရာတွင် အရေးယူပိတ်ဆို့မှု မည်မျကို ဖယ်ရှားသင့်သည်၊ မသင့်သည်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံများ အကြား အမြင်ကွဲပြားမှုများလည်း ရှိနေသည်။
ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုအားလုံးသည် လာမည့်  ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
ထိုကဲ့သို့ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင် ဖြေလျော့ပေးနေမှုနှင့် ပတ်သက်၍ ပြည်တွင်းရှိ  လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များကလည်း ကြိုဆိုခဲ့ကြပြီး အရေးယူပိတ်ဆို့မှု များကို ချက်ချင်းရုပ်သိမ်းပေးရန် တိုက်တွန်းခဲ့ကြသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''အီးယူအပါအ၀င် အနောက်နိုင်ငံတချို့ရဲ့ နိုင်ငံရေးအရ အရေးယူပိတ်ဆို့မှုဟာ ပြည်သူကို အဓိကထိခိုက်တယ်လို့ ယူဆပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအခြေအနေကို ကြည့်ပြီးမှ sanctions ကို အလုံးစုံ ရုပ်သိမ်းမယ်၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်ထားမယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူတွေ အဓိကနစ်နာမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မှန်မှန်ကန်ကန်၊ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက် နိုင်ကြဖို့အတွက် sanctions က အပေး အယူသဘောမျိုး ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု လျော့နည်းပပျောက်ဖို့ဆိုရင် sanctions ကို ချက်ချင်းရုပ်သိမ်းသင့်တယ်လို့ ယူ ဆပါတယ်''ဟု ပြောကြားခဲ့သည်။
''စီးပွားရေး ပိတ်ဆို့မှုတွေကတော့ ရုပ်သိမ်းသွားရမှာပဲ။ အခုချိန်မှာ တချို့ကို ရုပ်သိမ်းသွားပြီး တချို့ကိုတော့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေတယ်။ အားလုံး ရုပ်သိမ်းဖို့အတွက် အဆင့်တစ်ဆင့်၊ နှစ်ဆင့်လောက်ပဲ လိုတော့မယ်။ ဘာပဲပြောပြော လုပ်ထုံးလုပ်နည်းအရ ရက် ၆၀ မပြည့်သေးပေမယ့်လည်း ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD ကို ဧပြီ ၂၃ မှာ စမယ့် လွှတ်တော်ပုံမှန်အစည်းအဝေးကို တက်ဖို့ ဖိတ်ကြားတာ၊ NLD မှတ်ပုံတင်နိုင်အောင် လုပ်ပေးတာ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်စေတာတွေဟာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခင်းအကျင်းတွေဖြစ်နေတယ်။ နောက်ပြီး အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ကလည်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးခရီးတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်လို့ ပြောထားတာတွေ ရှိပါတယ်။ နောက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေက တိုက်ရိုက်အနေအထားနဲ့ ၀င်လာမှာတော့ မဟုတ်ဘူး။ IMF တို့၊ World Bank  တို့ Stock လုပ်ငန်းတွေ အဲဒါတွေက တစ်ဆင့်ဝင်လာမှာ။ အခုချိန်မှာ စီးပွားရေး ပိတ်ဆို့မှုတွေကို တချို့ရုပ်သိမ်းပေးပြီး တချို့ရပ်ပေးတယ်ဆိုတာ တော်တော်ကောင်းတဲ့ အနေအထားပါ။ တစ်ခု သိထားလို့ရတာက အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှု ဆိုတာ အမေရိကန် အစိုးရရဲ့ မူဝါဒ ပဲ။ အမေရိကန်နိုင်ငံသား တစ်ဦးချင်းစီက ဒီမူဝါဒကို မလိုက်နာရင်လည်း ဖြစ်တယ်။ အရင်ကလည်း Coca Cola တို့၊ Total တို့တွေ ဒီ နိုင်ငံထဲ လာခဲ့ဖူးတာပဲ။ ရှယ်ယာရှင် တွေက ကန့်ကွက်လို့၊ သူတို့အတွက် အမှန်တကယ် အကျိုးမရှိလို့သာလျင် သူတို့ ပြန်ထွက်သွားကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ စီးပွားရေးပိတ်ဆို့မှု ရပ်နားထားတယ် ဆိုရင်ပဲ သက်ဆိုင်ရာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံထဲကို လာလို့ရပါပြီ။ ဒါတွေဟာ ကောင်းတဲ့ လက္ခဏာလို့မြင်တယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။
ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)က ''ဘယ်နိုင်ငံမှာ မဆိုပါ စီးပွားရေးပိတ်ဆို့မှု လုပ်တာကို ကျွန်တော်လည်း နှစ်သက်တာမဟုတ်ပါဘူး။ ဒါပေမယ့် ပိတ်ဆို့မှုတွေကို ဖွင့်လိုက်တဲ့အခါ ဒီလိုဖွင့်လိုက်မှုဟာ သန်းပေါင်း ၆၀ သော ပြည်သူလူထုဆီကို ရောက်နိုင်မှာလား၊ အခြေခံလူတန်းစားတွေဆီကို ရောက်နိုင်မှာလား။ အဲဒါတွေကို ပြန်ကြည့်ရမှာပါ။ စီးပွားရေး ပိတ်ဆို့မှုတွေကို ကျွန်တော်တို့လည်း ဖွင့်စေချင်ပါတယ်။ အကုန်လုံး မဟုတ်တောင် ပညာရေးနဲ့ ကျန်းမာ ရေးကဏ္ဍတွေမှာ ထိရောက်မှုရှိအောင် ဖွင့်စေချင်တယ်။ တခြားတစ်ဖက်မှာလည်း အစိုးရအဖွဲ့အနေနဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ ဘတ်ဂျက်ကိုတိုး သုံးစေချင်တယ်။ ကျန်တဲ့ အဆင့်တွေကိုလည်း တစ်ဆင့်ချင်းလာခဲ့ပါ။ တိုင်းရင်းသား အရေး ဆွေးနွေးတဲ့အခါမှာလည်း သူတို့ယုံကြည်တဲ့သူနဲ့ ပြေလည်အောင် ညှိနှိုင်းပြီး လုပ်ပေးစေချင်ပါတယ်။ KNU နဲ့တောင် ပြေလည်အောင် လုပ်နိုင်သေးတာပါ။ ကျန်တဲ့သူတွေနဲ့လည်း ပြေလည်အောင်လုပ်နိုင်မယ့် သူတွေနဲ့ အစားထိုးပြီး လုပ်ပေးပါလို့ အစိုးရကို ကျွန်တော်က တိုက်တွန်းချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ပါမောက္ခဒေါ်လှမြင့်က ''ကြားဖြတ်ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ရလဒ်တွေအရ  မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အမေရိကန်၊ အီးယူ၊ ဂျပန်နိုင်ငံတို့က ဖြေ လျော့ပေးဖို့ ပြင်ဆင်လာကြပါပြီ။ ဒါပေမယ့် ဒါကအစပဲရှိသေးတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်သွားတဲ့အတွက် ပိတ်ဆို့ထားတဲ့နိုင်ငံတွေက ပြန်ဖြေလျော့ပေးမှာ မှန်ပေမယ့် နိုင်ငံက ၀ုန်းဆိုချက်ချင်းကြီးပြောင်း လဲသွားမှာမဟုတ်ဘူး။ မှော်ကြိမ်လုံးနဲ့ တို့လိုက်သလို ချက်ချင်းပြောင်းလဲ သွားမှာမဟုတ်ဘူး။ ပိတ်ဆို့မှုတွေ ရုပ်လိုက်လို့ ဆီကို ရေချိုး ဆေးရိုးမီးလှုံ အခြေအနေဖြစ်မှာတော့ မဟုတ်ဘူး။  မြန်မာနိုင်ငံရဲ့အနေအထား ဒီလိုဖြစ် နေတာ အကြောင်းအချက် များစွာရှိတယ်။ ပိတ်ဆို့မှုတွေမှာလည်း အကြောင်းအရင်းများစွာရှိတယ်။ ချ မှတ်ထားတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးပြီး စည်းစနစ်နဲ့ အလုပ်လုပ်တဲ့နိုင်ငံတွေ လည်းဖြစ်တော့ ဒီက ပြောင်းလဲတဲ့ အပြောင်းအလဲတွေအလိုက် ဘယ်လောက်ထိ ပြန်လျော့မယ်ဆိုတာ သူတို့ပဲသိမှာပါ။ ကမ္ဘာမှာ မြန်မာကို မသိသူ ရှိပေမယ့် ဒေါ်အောင်ဆန်းစု ကြည်ကို မသိသူ မရှိလောက်ဘူး။ အခုနိုင်ငံရေးမှာ သူဒီလောက်ထိပါဝင် ခွင့်ရလာတဲ့အတွက် အဲဒီရဲ့တန်ပြန် သက်ရောက်မှုကို မြန်မာနိုင်ငံက ခံစားရမှာပါ။ ဒါကြောင့် မကြာခင်မှာပဲ အဓိကကျတဲ့ ပိတ်ဆို့မှုတွေ ပြန်ဖြေ လျော့တာမျိုး ဖြစ်လာမယ်လို့ ယူဆပါတယ်''ဟု သုံးသပ်ခဲ့သည်။
ပါမောက္ခ ဒေါ်ရီရီမြင့်ကလည်း ''အခုအစပဲရှိပါသေးတယ်။ အမေရိကန်နဲ့ အီးယူရော ဂျပန်ပါ တချို့ကို ပြန်ဖြေလျော့ပေမယ့် တချို့ကို ဆက်စောင့်ကြည့်ဦးမယ့် သဘောရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘက်က ဆက်ပြီး လုပ်ပြရဦးမယ်။ အမေရိကန်ထက် အီးယူနဲ့ ဂျပန်က ပိုပြီး လိုက်လိုက်လျောလျော ရှိနိုင်တယ်။ ဘယ်ဖြေလျော့မှုပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ကောင်းတယ်''ဟု ပြောကြားခဲ့သည်။
ပါမောက္ခဦးမော်သန်းက ပိတ်ဆို့မှုများ ဖြေလျော့လာသည်နှင့်အမျှ နိုင်ငံအတွင်း၌ ပြည်တွင်းပြည်ပ စီးပွားရေးပလေယာများ များလာနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရပိုင်းက စီးပွားရေးယှဉ်ပြိုင်မှုများအကြားတွင် သန့်ရှင်းအောင်၊ တရားမျှတအောင်၊ သင့်တော်အောင် ဆောင်ရွက်နိုင်စွမ်း ရှိရန်လည်း လိုပါကြောင်း၊ ပြည်တွင်းလုပ်ငန်းများအနေဖြင့်လည်း ခေတ်စနစ်အမျိုးမျိုးကြား၌ လုပ်ဖူးသလို နိုင်ငံတကာ လုပ်ငန်းများအနေဖြင့်လည်း နိုင်ငံမျိုးစုံတွင် နည်းမျိုးစုံဖြင့် လုပ်ခဲ့ဖူးကြသည်ဖြစ်သည့်အတွက် ဥပဒေများ၊ အခွန်များ၊ စည်းမျဉ်း စည်းကမ်းများကြားတွင် လှည့်နိုင် ပတ်နိုင်ကြ၍ အစိုးရက နိုင်ငံနှင့် ပြည်သူလူထု မထိခိုက်အောင် လုပ်ဆောင်နိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုခဲ့သည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေများ
ဥရောပသမဂ္ဂ
- ဥရောပသမဂ္ဂသည် ၁၉၉၆ ခုနှစ်တွင် တင်းကျပ်သော အရေးယူမှုများဟု ခေါ်ဝေါ်သော ဥရောပသမဂ္ဂ၀င်နိုင်ငံများမှ လက်နက်များ၊ ပြည်တွင်းတွင် ဖိနှိပ်ရေးအတွက် သုံးနိုင်သောကိရိယာများ မြန်မာနိုင်ငံသို့ လွှဲပြောင်းမှု၊ ရောင်းချမှု၊ ပေးပို့မှုများ ကို ပိတ်ပင်ခဲ့သည်။
- သစ်ထုတ်လုပ်ရေး၊ သတ္တုနှင့် ကျောက်မျက်တူးဖော်ရေးတို့နှင့်ဆိုင်သော ကိရိယာများ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ တင်ပို့မှုကို ပိတ်ပင်ကန့်သတ်ခဲ့ပြီး ယင်းတို့ကို တင်သွင်းခြင်းကိုလည်း ကန့်သတ်ခဲ့သည်။ ယင်းကဏ္ဍများရှိ မြန်မာကုမ္ပဏီများနှင့် ဥရောပသမဂ္ဂ နိုင်ငံများမှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့သည်။ စွမ်းအင် နှင့် ခရီးသွားလာရေးကဲ့သို့သော ကဏ္ဍများမှာမူ မပါဝင်ခဲ့ပေ။
- ဒီမိုကရေစီရေး၊ သန့်ရှင်းသော အစိုးရဖြစ်ရေး၊ အကျပ်အတည်း ဖြေရှင်းရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့မှအပ အခြားကဏ္ဍများတွင် အကူအညီများပေးအပ်ခြင်းကို ပိတ်ပင်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလတွင် မြန်မာထိပ်တန်း ခေါင်းဆောင်ပိုင်းမှ ၈၇ ဦး အပေါ် ဗီဇာပိတ်ပင်ထားခြင်းကို ယာယီရုပ်သိမ်းခဲ့သည်။ သို့ရာတွင် ၄င်းတို့နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ မိသားစုများ၏ ပိုင်ဆိုင်မှုများ ထိန်းသိမ်းထားခြင်းကိုမူ ဆက်လက်လုပ် ဆောင်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင်ပင် မြန်မာနိုင်ငံ၌ အကူအညီပေးရေး အစီအစဉ်များနှင့် ဆွေးနွေးမှုများ တိုးမြှင့်နိုင်ရေး ကိုယ်စားလှယ်ရုံးဖွင့်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
- နှစ်နှစ်ကြာမြင့်မည့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးမှု အစီအစဉ်ဖြစ်သော ယူရိုသန်း ၁၅၀ တန်ဖိုးရှိ အစီအစဉ်ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
- ၂၀၁၂ ခုနှစ် ဧပြီလ၂၃ ရက် နေ့တွင် လူဇင်ဘတ်နိုင်ငံ၌ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံဖြေလျော့ရန် ဆွေးနွေးကြမည်ဖြစ်သည်။ မြန်မာ နိုင်ငံမှ လူ ၅၀၀ နီးပါးနှင့်သီးခြား ကဏ္ဍနှင့် လုပ်ငန်း ၉၀၀ နီးပါး၏ ဥရောပရှိ ပိုင်ဆိုင်မှုများထိန်းချုပ်ထားခြင်းကို ယင်းဆွေးနွေးမှုတွင် ဖယ်ရှားပေးဖွယ်ရှိနေသည်။
- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို ယာယီဖယ်ရှားရေးကို ထောက်ခံကြောင်း ထုတ်ဖော်ထားသည်။
အမေရိကန်ပြည်ထောင်စု
- ၁၉၉၇ ခုနှစ်တွင် အမေရိကန် နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို ပိတ်ပင်ခဲ့သည်။
- Burma Freedom and Democracy Act of 2003 အရ မြန်မာနိုင်ငံမှ တင်ပို့မှုအားလုံး၊ ဘဏ္ဍာရေး ကူးလူးယှက်နွှယ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းအားလုံးကို ကန့်သတ်ခဲ့သလို  မြန်မာနိုင်ငံတွင်းရှိ ဘဏ္ဍာရေးအဖွဲ့ အစည်းများနှင့် မြန်မာအစိုးရထိပ်တန်း  ခေါင်းဆောင်ပိုင်း၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် ဗီဇာကန့်သတ်ခြင်းများကို ထပ်တိုးခဲ့သည်။ မြန်မာကုမ္ပဏီများနှင့် အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။
- ၂၀၀၇ ခုနှစ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် အကျင့်ပျက်ခြစားခြင်းတွင် ပါဝင်သူ မည်သူမဆို၊ ယခင်စစ်အစိုးရကို ထောက်ပံ့ပေးသူ မည်သူမဆိုအပေါ် အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း ပြုလုပ်ခဲ့သည်။
-၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရေး စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင်  မြန်မာနိုင်ငံသို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီနှင့် လေ့လာသုံးသပ်ရေး အစီအစဉ်များ ပေးအပ်ရေးကို အကူအညီပေးနိုင်ရန် ပိတ်ပင်မှု အချို့ကို ဖယ်ရှားပေးခဲ့သည်။
- ကြားဖြတ်ရွေးကောက်ပွဲများ အပြီးတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟီလာရီကလင်တန်က အရေးယူပိတ်ဆို့မှုများ စတင်ဖြေလျော့နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာအရာရှိများ အမေရိကန်သို့ လွယ်ကူစွာ လာရောက်နိုင်ရေးမှ စတင်မည်ဖြစ်ပြီး ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုကို ပိတ်ပင်ထားမှုအား ဖြေလျော့ပေးမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် အမေရိကန်က အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်းပါ ပြောကြားခဲ့သည်။
- သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်နေသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများပေါ်တွင်မူ အရေးယူ ပိတ်ဆို့မှုများ ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ၾသစေၾတးလ်
- ၂၀၀၇ ခုနှစ် အောက်တိုဘာလက  သြစတြေးလျသည် မြန်မာခေါင်းဆောင်ပိုင်းနှင့် ၄င်းတို့၏ အပေါင်းအပါများ၊ ထောက်ခံသူများ အပေါ် အရေးယူ ပိတ်ဆို့ခဲ့သည်။ ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှု အပါအ၀င် ဘဏ္ဍာရေးအရ ချိတ်ဆက်မှုများ၊ ဗီဇာနှင့် ခရီးသွားလာမှုများကိုပါ ပိတ်ပင်ခဲ့သည်။ လက်နက်တင်ပို့မှုနှင့် ပတ်သက်ပြီးလည်း ပိတ်ပင်ထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။
-၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် မြန်မာသမ္မတနှင့် အခြားပုဂ္ဂိုလ် ၂၀၀ ကျော်အား ဘဏ္ဍာရေးနှင့် ခရီးသွားလာမှု ပိတ်ပင်ထားခြင်းအား ရုပ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။ သို့ရာတွင် စစ်ဘက်ထိပ်တန်းခေါင်းဆောင်အချို့နှင့် လူ့ အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်ပြီး သံသယရှိခံရသူ ၁၃၀ ခန့်ကို ပိတ်ပင်မှုတွင် ဆက်လက်ထားရှိမည် ဖြစ်သည်။
နော်ဝေ
နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းလိုက်ကြောင်း ဧပြီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လက်နက် ကူးသန်းရောင်းဝယ်မှုကိုမူ ဆက်လက်ပိတ်ပင်ထားမည် ဖြစ်သည်။
ကနေဒါ
- ၁၉၈၈ ခုနှစ်ကတည်းက ကနေဒါသည် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ပိတ်ပင်ထားခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများမှအပ မည်သည့် ကုန်ပစ္စည်းကိုမျှ မတင်ပို့ရန် ပိတ်ပင်ထားခဲ့ပြီး ဖွံ့ဖြိုးရေးအကူအညီများကိုလည်း ရပ်ဆိုင်းခဲ့သည်။
- ယခင်အစိုးရ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။၂၀၀၇ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့ပြီး ကနေဒါနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု၊ မြန် မာနိုင်ငံမှ တင်သွင်းမှုတို့ကို ပိတ်ပင်ခဲ့ သလို မြန်မာနိုင်ငံတွင် ဘဏ္ဍာရေး ၀န်ဆောင်မှုများပေးခြင်းကိုလည်း ပိတ်ပင်ခဲ့ပြီး အစိုးရထိပ်တန်းအရာရှိများ၊ အစိုးရနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ကနေဒါရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင်မူ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ကနေဒါသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြင်ဆင်ရန် (သို့မဟုတ်) အဆုံးသတ်ရန် စဉ်းစား သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။
ဂျပန်
၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံက ကိုးနှစ်ကြာ ရပ်ဆိုင်းထားသော ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်လည်ပေးအပ်မည်ဟု ကြေညာခဲ့သည်။မြန်မာနိုင်ငံပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင်ဖြေလျော့ရန် သြစတြေးလျမှ တရားဝင်ထုတ်ပြန်မှုတစ်ခု
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို အမေရိကန်၊ နော်ဝေနှင့် သြစတြေးလျတို့ စတင်ဖြေလျော့ပြီး ဥရောပသမဂ္ဂအနေဖြင့်လည်း ဖြေလျော့မှုများ ပြုလုပ်ရန် စီစဉ်နေကြပြီဖြစ်သည်။

အမေရိကန်က မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လများ၌ ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားတိုးတက်မှုဖြစ်စဉ်များကို မြင်တွေ့ရပြီးနောက် အမေရိကန်ပြည်ထောင်စုက အဆင့်ငါးဆင့်ဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ဧပြီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

''ကျွန်မတို့ဘက်က ရှေ့ဆက်လှမ်းဖို့ ပြင်ဆင်ပြီးပါပြီ။ ပထမအဆင့်အနေနဲ့ မကြာခင်မှာ သံအမတ်ကြီးအဆင့် ရန်ကုန်မှာထားရှိသွားဖို့ သဘောတူညီချက် ရယူသွားပါမယ်။ အဲဒီနောက်မှာတော့ ကျွန်မတို့ဘက်က အဆိုတင်သွင်းသူကို တရားဝင် ကြေညာပါမယ်။ ဒုတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံထဲမှာ USAID ကိုယ်စားလှယ်အဖွဲ့ကို ထားရှိပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ပုံမှန်  နိုင်ငံတွင်း လုပ်ငန်းစဉ်တွေကို အကူအညီပေးသွားပါမယ်။ တတိယအဆင့်အနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကနေ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းစဉ်များအထိ အမေရိကန် ပုဂ္ဂလိကအဖွဲ့အစည်းတွေက  ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကနေ အကျိုးအမြတ်မယူဘဲ ဆောင်ရွက်နိုင်စေဖို့ပါပဲ။ စတုတ္ထအဆင့်အနေနဲ့ အစိုးရအဖွဲ့ဝင်တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမေရိကန်ပြည်ထောင်စုကို လာရောက်နိုင်အောင် ကူညီပေးသွားဖို့ဖြစ်ပါတယ်။

 ပဉ္စမအဆင့်ကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့်ပေးဖို့ အတွက် အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပိတ်ဆို့ထားတာတွေကို စိစစ်ပြီး လျော့ချပေးသွားပါမယ်။ ဒီလို သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးမှာ လမ်းမှားပေါ်မှာပဲ ဆက်ရှိနေသေးတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အပေါ်ထားရှိတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ကန့်သတ်ချက်တွေကိုတော့ ဆက်လက်ထားရှိသွားမှာ ဖြစ်ပါတယ်''ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆက်လက်ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံကလည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူပိတ်ဆို့ထားမှုကို ရုပ်သိမ်းလိုက်ပြီဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere က ဧပြီလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ သို့ရာတွင် လက်နက်ရောင်းချမှုကိုမူ ဆက်လက်ပိတ်ပင်ထားဦး မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ သြစတြေးလျနိုင်ငံကလည်း မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးကို ထောက်ခံအားပေးသည့် အနေဖြင့် အရေးယူပိတ်ဆို့ထားမှုကို ဖြေလျော့ပေးရန်နှင့် မြန်မာနှင့် ပုံမှန်ကုန်သွယ်ရေး ပြန်လုပ်သွားရန် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ကားနှင့် ကုန်သွယ်ရေးဝန်ကြီး ခရိတ်ခ် အီမာဆန်တို့က သြစတြေးလျအစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း နှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲနေမှုတွေကို နွေးထွေးစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဘော့ကားက''ကျွန်တော်တိုရဲ့ အရေးယူပိတ်ဆို့မှုတွေကို လျော့ချပေးပြီး ကုန်သွယ်ရေးလုပ်ဖို့ အားပေးခြင်းအားဖြင့် အခုချိန် မြန်မာပြည်မှာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအပြောင်း အလဲတွေကို ပိုမို ခရီးရောက်စေပါမယ်။ မြန်မာနိုင်ငံကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ပြီးတော့ ဒီအပြောင်းအလဲတွေကို အခြေပြုပြီး မြန်မာပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်စေမယ့် အပြောင်းအလဲတွေ ရေရှည်ဖြစ်နိုင်မယ့် အခြေအနေတွေ ဖြစ်အောင် တွန်းအားပေးတဲ့ အနေနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပိုလုပ်သွားမယ်'' ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံက ဖြေလျော့ပေးလိုက်သည့် အရေးယူပိတ်ဆို့မှုအချို့မှာ ငွေရေးကြေးရေးနှင့် ခရီးသွားလာခွင့် ဆိုင်ရာပိတ်ဆို့ အရေးယူထားသည့် မြန်မာနိုင်ငံမှတာဝန်ရှိသူ စုစုပေါင်း ၃၉၂ ဦးထဲက ၂၆၀ ကျော်ကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်ပြီး စစ် ဘက် အရာရှိများ အပါအ၀င်ဆက်ပြီး အရေးယူထားသူ ၁၃၀ ဦးခန့်သာ ကျန်ရှိတော့ကြောင်းနှင့် ဖယ်ရှားပေးလိုက်သူများထဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အစိုးရအဖွဲ့နှင့် လွှတ်တော်ထဲမှ ပြုပြင်ပြောင်းလဲရေးလိုလားသူများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာလက်နက် ရောင်းချမှုကိုမူ ဆက်လက်ပြီး ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများ အနက်အချို့ကို ဆိုင်းငံ့သင့်ကြောင်း ဧပြီလ ၁၃ ရက် နေ့က ပြောကြားပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် ဥရောပသမဂ္ဂကလည်း လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ရန် ရှိနေပြီး အချို့သော အရေးယူပိတ်ဆို့မှုအချို့ကို ဖြေလျော့ရန် ရှိနေကြောင်း သတင်းများထွက် ပေါ်နေသည်။

သို့ရာတွင် အရေးယူပိတ်ဆို့မှု မည်မျကို ဖယ်ရှားသင့်သည်၊ မသင့်သည်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံများ အကြား အမြင်ကွဲပြားမှုများလည်း ရှိနေသည်။

ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုအားလုံးသည် လာမည့်  ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ထိုကဲ့သို့ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင် ဖြေလျော့ပေးနေမှုနှင့် ပတ်သက်၍ ပြည်တွင်းရှိ  လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များကလည်း ကြိုဆိုခဲ့ကြပြီး အရေးယူပိတ်ဆို့မှု များကို ချက်ချင်းရုပ်သိမ်းပေးရန် တိုက်တွန်းခဲ့ကြသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''အီးယူအပါအ၀င် အနောက်နိုင်ငံတချို့ရဲ့ နိုင်ငံရေးအရ အရေးယူပိတ်ဆို့မှုဟာ ပြည်သူကို အဓိကထိခိုက်တယ်လို့ ယူဆပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအခြေအနေကို ကြည့်ပြီးမှ sanctions ကို အလုံးစုံ ရုပ်သိမ်းမယ်၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်ထားမယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူတွေ အဓိကနစ်နာမယ်။ 

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မှန်မှန်ကန်ကန်၊ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက် နိုင်ကြဖို့အတွက် sanctions က အပေး အယူသဘောမျိုး ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု လျော့နည်းပပျောက်ဖို့ဆိုရင် sanctions ကို ချက်ချင်းရုပ်သိမ်းသင့်တယ်လို့ ယူ ဆပါတယ်''ဟု ပြောကြားခဲ့သည်။

ausi2
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်က

''စီးပွားရေး ပိတ်ဆို့မှုတွေကတော့ ရုပ်သိမ်းသွားရမှာပဲ။ အခုချိန်မှာ တချို့ကို ရုပ်သိမ်းသွားပြီး တချို့ကိုတော့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေတယ်။ အားလုံး ရုပ်သိမ်းဖို့အတွက် အဆင့်တစ်ဆင့်၊ နှစ်ဆင့်လောက်ပဲ လိုတော့မယ်။ ဘာပဲပြောပြော လုပ်ထုံးလုပ်နည်းအရ ရက် ၆၀ မပြည့်သေးပေမယ့်လည်း ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD ကို ဧပြီ ၂၃ မှာ စမယ့် လွှတ်တော်ပုံမှန်အစည်းအဝေးကို တက်ဖို့ ဖိတ်ကြားတာ၊ NLD မှတ်ပုံတင်နိုင်အောင် လုပ်ပေးတာ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်စေတာတွေဟာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခင်းအကျင်းတွေဖြစ်နေတယ်။ နောက်ပြီး အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ကလည်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးခရီးတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်လို့ ပြောထားတာတွေ ရှိပါတယ်။ နောက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေက တိုက်ရိုက်အနေအထားနဲ့ ၀င်လာမှာတော့ မဟုတ်ဘူး။ IMF တို့၊ World Bank  တို့ Stock လုပ်ငန်းတွေ အဲဒါတွေက တစ်ဆင့်ဝင်လာမှာ။ အခုချိန်မှာ စီးပွားရေး ပိတ်ဆို့မှုတွေကို တချို့ရုပ်သိမ်းပေးပြီး တချို့ရပ်ပေးတယ်ဆိုတာ တော်တော်ကောင်းတဲ့ အနေအထားပါ။ တစ်ခု သိထားလို့ရတာက အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှု ဆိုတာ အမေရိကန် အစိုးရရဲ့ မူဝါဒ ပဲ။ အမေရိကန်နိုင်ငံသား တစ်ဦးချင်းစီက ဒီမူဝါဒကို မလိုက်နာရင်လည်း ဖြစ်တယ်။ အရင်ကလည်း Coca Cola တို့၊ Total တို့တွေ ဒီ နိုင်ငံထဲ လာခဲ့ဖူးတာပဲ။ ရှယ်ယာရှင် တွေက ကန့်ကွက်လို့၊ သူတို့အတွက် အမှန်တကယ် အကျိုးမရှိလို့သာလျင် သူတို့ ပြန်ထွက်သွားကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ စီးပွားရေးပိတ်ဆို့မှု ရပ်နားထားတယ် ဆိုရင်ပဲ သက်ဆိုင်ရာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံထဲကို လာလို့ရပါပြီ။ ဒါတွေဟာ ကောင်းတဲ့ လက္ခဏာလို့မြင်တယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။
ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)က ''ဘယ်နိုင်ငံမှာ မဆိုပါ စီးပွားရေးပိတ်ဆို့မှု လုပ်တာကို ကျွန်တော်လည်း နှစ်သက်တာမဟုတ်ပါဘူး။ ဒါပေမယ့် ပိတ်ဆို့မှုတွေကို ဖွင့်လိုက်တဲ့အခါ ဒီလိုဖွင့်လိုက်မှုဟာ သန်းပေါင်း ၆၀ သော ပြည်သူလူထုဆီကို ရောက်နိုင်မှာလား၊ အခြေခံလူတန်းစားတွေဆီကို ရောက်နိုင်မှာလား။ အဲဒါတွေကို ပြန်ကြည့်ရမှာပါ။ စီးပွားရေး ပိတ်ဆို့မှုတွေကို ကျွန်တော်တို့လည်း ဖွင့်စေချင်ပါတယ်။ အကုန်လုံး မဟုတ်တောင် ပညာရေးနဲ့ ကျန်းမာ ရေးကဏ္ဍတွေမှာ ထိရောက်မှုရှိအောင် ဖွင့်စေချင်တယ်။ တခြားတစ်ဖက်မှာလည်း အစိုးရအဖွဲ့အနေနဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ ဘတ်ဂျက်ကိုတိုး သုံးစေချင်တယ်။ ကျန်တဲ့ အဆင့်တွေကိုလည်း တစ်ဆင့်ချင်းလာခဲ့ပါ။ တိုင်းရင်းသား အရေး ဆွေးနွေးတဲ့အခါမှာလည်း သူတို့ယုံကြည်တဲ့သူနဲ့ ပြေလည်အောင် ညှိနှိုင်းပြီး လုပ်ပေးစေချင်ပါတယ်။ KNU နဲ့တောင် ပြေလည်အောင် လုပ်နိုင်သေးတာပါ။ ကျန်တဲ့သူတွေနဲ့လည်း ပြေလည်အောင်လုပ်နိုင်မယ့် သူတွေနဲ့ အစားထိုးပြီး လုပ်ပေးပါလို့ အစိုးရကို ကျွန်တော်က တိုက်တွန်းချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ပါမောက္ခဒေါ်လှမြင့်က ''ကြားဖြတ်ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ရလဒ်တွေအရ  မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အမေရိကန်၊ အီးယူ၊ ဂျပန်နိုင်ငံတို့က ဖြေ လျော့ပေးဖို့ ပြင်ဆင်လာကြပါပြီ။ ဒါပေမယ့် ဒါကအစပဲရှိသေးတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်သွားတဲ့အတွက် ပိတ်ဆို့ထားတဲ့နိုင်ငံတွေက ပြန်ဖြေလျော့ပေးမှာ မှန်ပေမယ့် နိုင်ငံက ၀ုန်းဆိုချက်ချင်းကြီးပြောင်း လဲသွားမှာမဟုတ်ဘူး။ မှော်ကြိမ်လုံးနဲ့ တို့လိုက်သလို ချက်ချင်းပြောင်းလဲ သွားမှာမဟုတ်ဘူး။ ပိတ်ဆို့မှုတွေ ရုပ်လိုက်လို့ ဆီကို ရေချိုး ဆေးရိုးမီးလှုံ အခြေအနေဖြစ်မှာတော့ မဟုတ်ဘူး။  မြန်မာနိုင်ငံရဲ့အနေအထား ဒီလိုဖြစ် နေတာ အကြောင်းအချက် များစွာရှိတယ်။ ပိတ်ဆို့မှုတွေမှာလည်း အကြောင်းအရင်းများစွာရှိတယ်။ ချ မှတ်ထားတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးပြီး စည်းစနစ်နဲ့ အလုပ်လုပ်တဲ့နိုင်ငံတွေ လည်းဖြစ်တော့ ဒီက ပြောင်းလဲတဲ့ အပြောင်းအလဲတွေအလိုက် ဘယ်လောက်ထိ ပြန်လျော့မယ်ဆိုတာ သူတို့ပဲသိမှာပါ။ ကမ္ဘာမှာ မြန်မာကို မသိသူ ရှိပေမယ့် ဒေါ်အောင်ဆန်းစု ကြည်ကို မသိသူ မရှိလောက်ဘူး။ အခုနိုင်ငံရေးမှာ သူဒီလောက်ထိပါဝင် ခွင့်ရလာတဲ့အတွက် အဲဒီရဲ့တန်ပြန် သက်ရောက်မှုကို မြန်မာနိုင်ငံက ခံစားရမှာပါ။ ဒါကြောင့် မကြာခင်မှာပဲ အဓိကကျတဲ့ ပိတ်ဆို့မှုတွေ ပြန်ဖြေ လျော့တာမျိုး ဖြစ်လာမယ်လို့ ယူဆပါတယ်''ဟု သုံးသပ်ခဲ့သည်။
ပါမောက္ခ ဒေါ်ရီရီမြင့်ကလည်း ''အခုအစပဲရှိပါသေးတယ်။ အမေရိကန်နဲ့ အီးယူရော ဂျပန်ပါ တချို့ကို ပြန်ဖြေလျော့ပေမယ့် တချို့ကို ဆက်စောင့်ကြည့်ဦးမယ့် သဘောရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘက်က ဆက်ပြီး လုပ်ပြရဦးမယ်။ အမေရိကန်ထက် အီးယူနဲ့ ဂျပန်က ပိုပြီး လိုက်လိုက်လျောလျော ရှိနိုင်တယ်။ ဘယ်ဖြေလျော့မှုပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ကောင်းတယ်''ဟု ပြောကြားခဲ့သည်။

ပါမောက္ခဦးမော်သန်းက ပိတ်ဆို့မှုများ ဖြေလျော့လာသည်နှင့်အမျှ နိုင်ငံအတွင်း၌ ပြည်တွင်းပြည်ပ စီးပွားရေးပလေယာများ များလာနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရပိုင်းက စီးပွားရေးယှဉ်ပြိုင်မှုများအကြားတွင် သန့်ရှင်းအောင်၊ တရားမျှတအောင်၊ သင့်တော်အောင် ဆောင်ရွက်နိုင်စွမ်း ရှိရန်လည်း လိုပါကြောင်း၊ ပြည်တွင်းလုပ်ငန်းများအနေဖြင့်လည်း ခေတ်စနစ်အမျိုးမျိုးကြား၌ လုပ်ဖူးသလို နိုင်ငံတကာ လုပ်ငန်းများအနေဖြင့်လည်း နိုင်ငံမျိုးစုံတွင် နည်းမျိုးစုံဖြင့် လုပ်ခဲ့ဖူးကြသည်ဖြစ်သည့်အတွက် ဥပဒေများ၊ အခွန်များ၊ စည်းမျဉ်း စည်းကမ်းများကြားတွင် လှည့်နိုင် ပတ်နိုင်ကြ၍ အစိုးရက နိုင်ငံနှင့် ပြည်သူလူထု မထိခိုက်အောင် လုပ်ဆောင်နိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုခဲ့သည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေများ
ဥရောပသမဂ္ဂ
- ဥရောပသမဂ္ဂသည် ၁၉၉၆ ခုနှစ်တွင် တင်းကျပ်သော အရေးယူမှုများဟု ခေါ်ဝေါ်သော ဥရောပသမဂ္ဂ၀င်နိုင်ငံများမှ လက်နက်များ၊ ပြည်တွင်းတွင် ဖိနှိပ်ရေးအတွက် သုံးနိုင်သောကိရိယာများ မြန်မာနိုင်ငံသို့ လွှဲပြောင်းမှု၊ ရောင်းချမှု၊ ပေးပို့မှုများ ကို ပိတ်ပင်ခဲ့သည်။
- သစ်ထုတ်လုပ်ရေး၊ သတ္တုနှင့် ကျောက်မျက်တူးဖော်ရေးတို့နှင့်ဆိုင်သော ကိရိယာများ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ တင်ပို့မှုကို ပိတ်ပင်ကန့်သတ်ခဲ့ပြီး ယင်းတို့ကို တင်သွင်းခြင်းကိုလည်း ကန့်သတ်ခဲ့သည်။ ယင်းကဏ္ဍများရှိ မြန်မာကုမ္ပဏီများနှင့် ဥရောပသမဂ္ဂ နိုင်ငံများမှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့သည်။ စွမ်းအင် နှင့် ခရီးသွားလာရေးကဲ့သို့သော ကဏ္ဍများမှာမူ မပါဝင်ခဲ့ပေ။
- ဒီမိုကရေစီရေး၊ သန့်ရှင်းသော အစိုးရဖြစ်ရေး၊ အကျပ်အတည်း ဖြေရှင်းရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့မှအပ အခြားကဏ္ဍများတွင် အကူအညီများပေးအပ်ခြင်းကို ပိတ်ပင်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလတွင် မြန်မာထိပ်တန်း
 ခေါင်းဆောင်ပိုင်းမှ ၈၇ ဦး အပေါ် ဗီဇာပိတ်ပင်ထားခြင်းကို ယာယီရုပ်သိမ်းခဲ့သည်။ သို့ရာတွင် ၄င်းတို့နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ မိသားစုများ၏ ပိုင်ဆိုင်မှုများ ထိန်းသိမ်းထားခြင်းကိုမူ ဆက်လက်လုပ် ဆောင်ခဲ့သည်။

- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင်ပင် မြန်မာနိုင်ငံ၌ အကူအညီပေးရေး အစီအစဉ်များနှင့် ဆွေးနွေးမှုများ တိုးမြှင့်နိုင်ရေး ကိုယ်စားလှယ်ရုံးဖွင့်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
- နှစ်နှစ်ကြာမြင့်မည့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးမှု အစီအစဉ်ဖြစ်သော ယူရိုသန်း ၁၅၀ တန်ဖိုးရှိ အစီအစဉ်ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

- ၂၀၁၂ ခုနှစ် ဧပြီလ၂၃ ရက် နေ့တွင် လူဇင်ဘတ်နိုင်ငံ၌ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံဖြေလျော့ရန် ဆွေးနွေးကြမည်ဖြစ်သည်။ မြန်မာ နိုင်ငံမှ လူ ၅၀၀ နီးပါးနှင့်သီးခြား ကဏ္ဍနှင့် လုပ်ငန်း ၉၀၀ နီးပါး၏ ဥရောပရှိ ပိုင်ဆိုင်မှုများထိန်းချုပ်ထားခြင်းကို ယင်းဆွေးနွေးမှုတွင် ဖယ်ရှားပေးဖွယ်ရှိနေသည်။

- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို ယာယီဖယ်ရှားရေးကို ထောက်ခံကြောင်း ထုတ်ဖော်ထားသည်။
အမေရိကန်ပြည်ထောင်စု
- ၁၉၉၇ ခုနှစ်တွင် အမေရိကန် နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို ပိတ်ပင်ခဲ့သည်။

- Burma Freedom and Democracy Act of 2003 အရ မြန်မာနိုင်ငံမှ တင်ပို့မှုအားလုံး၊ ဘဏ္ဍာရေး ကူးလူးယှက်နွှယ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းအားလုံးကို ကန့်သတ်ခဲ့သလို  မြန်မာနိုင်ငံတွင်းရှိ ဘဏ္ဍာရေးအဖွဲ့ အစည်းများနှင့် မြန်မာအစိုးရထိပ်တန်း  ခေါင်းဆောင်ပိုင်း၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် ဗီဇာကန့်သတ်ခြင်းများကို ထပ်တိုးခဲ့သည်။ မြန်မာကုမ္ပဏီများနှင့် အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။

- ၂၀၀၇ ခုနှစ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် အကျင့်ပျက်ခြစားခြင်းတွင် ပါဝင်သူ မည်သူမဆို၊ ယခင်စစ်အစိုးရကို ထောက်ပံ့ပေးသူ မည်သူမဆိုအပေါ် အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း ပြုလုပ်ခဲ့သည်။

-၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရေး စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

- ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင်  မြန်မာနိုင်ငံသို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီနှင့် လေ့လာသုံးသပ်ရေး အစီအစဉ်များ ပေးအပ်ရေးကို အကူအညီပေးနိုင်ရန် ပိတ်ပင်မှု အချို့ကို ဖယ်ရှားပေးခဲ့သည်။။ - ကြားဖြတ်ရွေးကောက်ပွဲများ အပြီးတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟီလာရီကလင်တန်က အရေးယူပိတ်ဆို့မှုများ စတင်ဖြေလျော့နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာအရာရှိများ အမေရိကန်သို့ လွယ်ကူစွာ လာရောက်နိုင်ရေးမှ စတင်မည်ဖြစ်ပြီး ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုကို ပိတ်ပင်ထားမှုအား ဖြေလျော့ပေးမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် အမေရိကန်က အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်းပါ ပြောကြားခဲ့သည်။

- သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်နေသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများပေါ်တွင်မူ အရေးယူ ပိတ်ဆို့မှုများ ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ၾသစေၾတးလ်

- ၂၀၀၇ ခုနှစ် အောက်တိုဘာလက  သြစတြေးလျသည် မြန်မာခေါင်းဆောင်ပိုင်းနှင့် ၄င်းတို့၏ အပေါင်းအပါများ၊ ထောက်ခံသူများ အပေါ် အရေးယူ ပိတ်ဆို့ခဲ့သည်။ ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှု အပါအ၀င် ဘဏ္ဍာရေးအရ ချိတ်ဆက်မှုများ၊ ဗီဇာနှင့် ခရီးသွားလာမှုများကိုပါ ပိတ်ပင်ခဲ့သည်။ လက်နက်တင်ပို့မှုနှင့် ပတ်သက်ပြီးလည်း ပိတ်ပင်ထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။

-၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် မြန်မာသမ္မတနှင့် အခြားပုဂ္ဂိုလ် ၂၀၀ ကျော်အား ဘဏ္ဍာရေးနှင့် ခရီးသွားလာမှု ပိတ်ပင်ထားခြင်းအား ရုပ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။ သို့ရာတွင် စစ်ဘက်ထိပ်တန်းခေါင်းဆောင်အချို့နှင့် လူ့ အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်ပြီး သံသယရှိခံရသူ ၁၃၀ ခန့်ကို ပိတ်ပင်မှုတွင် ဆက်လက်ထားရှိမည် ဖြစ်သည်။
နော်ဝေ

နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းလိုက်ကြောင်း ဧပြီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လက်နက် ကူးသန်းရောင်းဝယ်မှုကိုမူ ဆက်လက်ပိတ်ပင်ထားမည် ဖြစ်သည်။
ကနေဒါ

- ၁၉၈၈ ခုနှစ်ကတည်းက ကနေဒါသည် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ပိတ်ပင်ထားခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများမှအပ မည်သည့် ကုန်ပစ္စည်းကိုမျှ မတင်ပို့ရန် ပိတ်ပင်ထားခဲ့ပြီး ဖွံ့ဖြိုးရေးအကူအညီများကိုလည်း ရပ်ဆိုင်းခဲ့သည်။

- ယခင်အစိုးရ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။၂၀၀၇ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့ပြီး ကနေဒါနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု၊ မြန် မာနိုင်ငံမှ တင်သွင်းမှုတို့ကို ပိတ်ပင်ခဲ့ သလို မြန်မာနိုင်ငံတွင် ဘဏ္ဍာရေး ၀န်ဆောင်မှုများပေးခြင်းကိုလည်း ပိတ်ပင်ခဲ့ပြီး အစိုးရထိပ်တန်းအရာရှိများ၊ အစိုးရနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ကနေဒါရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့သည်။

- ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင်မူ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ကနေဒါသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြင်ဆင်ရန် (သို့မဟုတ်) အဆုံးသတ်ရန် စဉ်းစား သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။ 
ဂျပန်

၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံက ကိုးနှစ်ကြာ ရပ်ဆိုင်းထားသော ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်လည်ပေးအပ်မည်ဟု ကြေညာခဲ့သည်။

Ref: EMG

ပိတ်ဆို့မှုတချို့ အမေရိကန် ရုပ်သိမ်း

 မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှု အတော်များများကို အမေရိကန်က လျှော့ပေးလိုက်

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို လျှော့ချပေးလိုက်ပါတယ်။

အစိုးရမဟုတ်တဲ့ အမေရိကန် NGO အဖွဲ့တွေကို လူသားချင်းစာနာတဲ့လူမှုရေးလုပ်ငန်းတွေ အခုအခါ မြန်မာနိုင်ငံထဲမှာ သွားရောက်လုပ်ခွင့်ပေးမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

သြစတြေးလျနိုင်ငံကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ ထိပ်ပိုင်းက တခြားခေါင်းဆောင်တွေအပေါ် ငွေကြေးဆိုင်ရာနဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာကို ပြန်ရုပ်သိမ်းခဲ့ပြီးဖြစ်ပါတယ်။

တခါ ဗြိတိန် ၀န်ကြီးချုပ် David Cameron ကလည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အများစုကို ဆိုင်းငံ့ထားရေးနဲ့ပတ်သက်လို့ သူထောက်ခံကြကြောင်း ပြောပါတယ်။

EU ဥရောပ သမဂ္ဂကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းရေးကိစ္စနဲ့ ပတ်သက်လို့ အခုလ နှောင်းပိုင်းမှာ ဆုံးဖြတ်မယ်လို့ ယူဆရပါတယ်။ 
Ref: BBC

Tuesday, 17 April 2012

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျေးလက်ဖွံ့ဖြိုးရေး ကံစမ်းမဲဖွင့်


ချင်းမိုင်(မဇ္ဈိမ) ။ ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နှစ်ဆန်းတရက်နေ့က ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကံစမ်းမဲ ဖောက်ရာ ပထမဆုအဖြစ် ကမာမက်ကျေးရွာက ရရှိသွားခဲ့သည်ဟုဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ယူထားသူ ဦးခွန်သာမြင့်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မိခင်ဒေါ်ခင်ကြည်၏ နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဧပြီလ ၁၆ ရက်နေ့က ထူထောင်ထားခြင်း ဖြစ်သည်။ ဖောင်ဒေးရှင်း၏ ရန်ပုံငွေထဲမှ ကျပ်သိန်း ၃၀၀ ကို
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်မှ ကျေးရွာအုပ်စုပေါင်း ၆၂ စုတွင် ကံစမ်းမဲသုံးခုဖောက်ခဲ့ရာ ပထမဆု ကျပ် ၁၇၅ သိန်းကို ကမာမက်ရွာက လည်းကောင်း၊ ဒုတိယဆု ကျပ် ၇၅ သိန်းကို ဆတိုင်မွန်ရွာ က လည်းကောင်း၊ တတိယဆု ကျပ် သိန်း ၅ဝ ကို ပုပ္ပါးရွာက လည်းကောင်း အသီးသီး ရရှိသွားခဲ့ခြင်းဖြစ်သည်။ 

“ဒေါ်အောင်ဆန်းစုကြည်က ကျောင်းနဲ့ ကပ်လျက်မှာရှိတဲ့ စင်မှာ အခမ်းအနားဖွင့်တယ်။ ပြီးတော့ ရွာသုံးရွာ ကံစမ်းမဲကို ၆၂ အုပ်စု ကိုယ်စားပြုပြီးတော့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေ မဲနှိုက်ပေးပါတယ်။ ပထမဆု ကမာမက်က ရသွားပါ တယ်”ဟု ဦးခွန်သာမြင့်က မဇ္ဈိမကို ပြောသည်။
dkkfoundation
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျေးလက်ဖွံ့ဖြိုးရေး ကံစမ်းမဲဖောက်ရာတွင် မဲပေါက်သော ကော့မှူးမြို့နယ် ကမာမတ်ကျေးရွာမှ လူကြီးတဦးအား ဒေါ်အောင်ဆန်းစုကြည်က ဆုငွေပေးအပ်နေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)


ကော့မှူးမြို့ရှိ ဝိဇ္ဇောဒယ ကျောင်းတိုက်မှ ဆရာတော်အား ဒေါ်အောင်ဆန်းစုကြည်က သင်္ဃန်းကပ်လှူပြီးနောက် ကံစမ်းမဲ အစီအစဉ် ပြုလုပ်ခြင်း ဖြစ်သည်။

ကော့မှူးမြို့မှ အရှေ့ဘက် ၁၆ မိုင်အကွာရှိ ဆဆိုင်မွတ်ကျေးရွာ ဒေသခံ ဦးစိုးမြင့်က မဲပေါက်ငွေကို ဆင်းရဲကျေးရွာလေး အတွက် လိုအပ်သည့်နေရာတွင် အသုံးချနိုင်မည်ဖြစ်၍ ဝမ်းသာကြောင်း ပြောသည်။

“ဝမ်းလည်းသာပါတယ်း။ ကံလည်း ထူးပါတယ်။ ဒီပါတီကိုလည်း လေးလည်း လေးစားတယ်။ ဂုဏ်လည်းယူပါတယ်။ ဝမ်းလည်းသာပါတယ်။ ကျနော်တို့ရွာမှာ ခုလို ဒုက္ခရောက်ပြီး လိုအပ်နေတဲ့နေရာ၊ ဆင်းရဲ နွမ်းပါးတဲ့အတွက် ခုလို ဆုရသွားတော့ အတိုင်းနဲ့အလွန် ဝမ်းမြောက်ပါတယ်။ ကျနော်တို့ကျေးရွာ လိုအပ်တဲ့နေရာလေးကို သုံးလို့ရတာ ဝမ်းသာပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဆတိုင်မွတ်ကျေးရွာသည် လိုအပ်ချက် များစွာရှိနေသော်လည်း အဓိကအားဖြင့် မိုးတွင်းကာလတွင် ရေကြီးသည့်အခါ တခါတရံ ရေမြုပ်လေ့ရှိသဖြင့် ရေမတိုးနိုင်ရန် (တာ)ကာရန် လိုအပ်နေသလို၊ အမက စာသင်ကျောင်းလည်း ပြန်လည်
ပြုပြင်ရန် လိုအပ်နေပြီး မည်သည့် နေရာတွင် အသုံးပြုသွားမည်ကို မဆုံးဖြတ်ရသေးကြောင်း ဦးစိုးမြင့်က ဆက်ပြော သည်။

အဆိုပါ ဆုငွေများကို ကံစမ်းမဲ ပေါက်ခဲ့သော ကျေးရွာသားများ ကိုယ်တိုင် စည်းဝေး ဆုံးဖြတ်၍ အများအကျိုးရှိမည့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်ချက် တခုခုအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ဦးခွန်သာမြင့်ကပြောသည်။

ထိုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ရုပ်ရှင်သရုပ်ဆောင်နှင့် ဂီတအနုပညာရှင်များ ဖြစ်သော လူမင်း၊ဝေဠုကျော်၊ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ မျိုးကျော့မြိုင်၊ အနဂ္ဂ၊ သျှီ၊ သံသာဝင်း၊ သားထွေးတို့ အပါအဝင် လိုက်ပါ ကူညီခဲ့ပြီး ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။ အခမ်းအနားအပြီး ဒေါ်အောင်ဆန်းစုကြည်က စင်ပေါ်တက်ပြီး အဆိုတော်များနှင့်အတူ “မြနန္ဒာ”သင်္ကြန်သီချင်း သီဆိုဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က သိန်း ၁ဝဝ မတည်ကာ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ပြည်သူ လူထုအတွက် လူမှုရေးလုပ်ငန်းများတွင် ကူညီထောက်ပံ့သွားရန် ရည်ရွယ်၍ ထူထောင်လိုက်ခြင်း ဖြစ်ကာ ပထမဆုံး အဖြစ် ကော့မှူးမြို့နယ် ကျေးရွာသားများအတွက် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဆောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ၁၉၁၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းမြောင်းမြမြို့တွင် အဖ ဦးဗိုလ်ငြိမ်း အမိ ဒေါ်ဖွားစုတို့မှ မွေးဖွားခဲ့သည်။

၁၉၆ဝ ခုနှစ်က ဒေါ်ခင်ကြည်အား မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သံအမတ်အဖြစ် အိန္ဒိယနှင့် နီပေါလ် နိုင်ငံများ အတွက် ပူးတွဲတာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် သံအမတ် တာဝန်အပြင် လွှတ်တော်အမတ်၊ မြန်မာ အမျိုးသမီးအသင်း ဥက္ကဋ္ဌနှင့် အခြား လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး သူ့၏ စွမ်းဆောင်မှုကို အစိုးရမှ အသိအမှတ် ပြုသောအားဖြင့် မဟာသီရိသုဓမ္မဘွဲ့ကိုလည်း ချီးမြင့်ခြင်း ခံခဲ့ရသည်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့ပြီးနောက် သားကြီး ဦးအောင်ဆန်းဦးနှင့် သမီး ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်ရစ်ခဲ့သည်။

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကျေးရွာ ဖွံ့ ဖြိုးရေးလုပ်ငန်းအတွက် လှူဒါန်းမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ ဒီကနေ့ကျရောက်တဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေတရပ် စတင်ထူထောင်လိုက်ပြီး၊ ဒီရန်ပုံငွေထဲက ကျပ် သိန်း ၃၀၀ ကို ကော့မှူးမြို့နယ်က ကျေးရွာတွေရဲ့ ဖွံ့ ဖြိုးရေးလုပ်ငန်းတွေအတွက် မနက်ဖြန် သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။
Photo courtesy of ဗိုလ်ချုပ်ပြတိုက် မော်ကွန်းဓာတ်ပုံ
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်မိသားစု ဓာတ်ပုံဖြစ်ပါသည်။
ကော့မှူးမြို့နယ်တွင်း ကျေးရွာအုပ်စုတွေထဲက ရွာ ၃ ရွာကို ကံစမ်းမဲဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်းမှာဖြစ်ကြောင်း လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ပြောကြားပါတယ်။

ကံစမ်းမဲ ၃ ဆု ရွေးချယ်မှာဖြစ်ပြီး ပထမဆုအနေနဲ့ ကျပ် ၁၇၅ သိန်း၊ ဒုတိယ ၇၅ သိန်း၊ တတိယဆုအဖြစ် သိန်း ၅၀ ပေးအပ်မှာဖြစ်ပါတယ်။ ကံစမ်းမဲပေါက်တဲ့ ကျေးရွာတွေက ပြည်သူတွေကို အစည်းအဝေးခေါ်ယူပြီး ကျေးရွာရဲ့ လိုအပ်ချက်တွေကို တစ်ခါထဲ ဆုံးဖြတ်ချက်ချ စီစဉ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း လိုက်ပါကူညီခဲ့တဲ့ ရုပ်ရှင် ဂီတ အနုပညာရှင်တွေကလည်း မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါလာပြီး ကံစမ်းမဲ ဖောက်ပေးမှာဖြစ်သလို ကော့မှူးမြို့မှာ ဖျော်ဖြေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ပြည်သူလူထုရဲ့ လူမှုရေး စီးပွားရေးတွေကို အထောက်အကူပြုရေး ရည်ရွယ်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံး သိန်းတစ်ရာ မတည်ပြီး ဖွဲ့စည်းဆောင်ရွက်တာဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းကနေ အထောက်အပံ့ပေးရေး အစီအစဉ်ကို ပထမဆုံး ကော့မှူးမြို့နယ်မှာ စတင်တာဖြစ်ပြီး တစ်ပြည်လုံးမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်းလည်း သိရပါတယ်။

Ref: RFA

မြန်မာအပေါ် ဒဏ်ခတ်မှု တချို့ သြစတြေးလျ ရုပ်သိမ်း

ဓာတ်ပုံ ASSOCIATED PRESS
သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး ဘော့ရ်ကား (Bob Carr)

သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ ပေးလိုက်ပါပြီ။ နော်ဝေးနိုင်ငံက အလားတူ လျှော့ပေါ့ပေးလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ သြစတြေးလျ ကလည်း ဖြေလျော့ပေးလိုက်တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေကို အားပေးဖို့ အခုလို ဖြေလျှော့ပေးတာလို့ ဗြိတိန်နိုင်ငံမှာ ရောက်နေချိန်အတွင်း သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး က ပြောခဲ့တာပါ။ မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ အခု အလျှော့ပေး တာဟာ သိပ်များလွန်း ပြီး သိပ်စော လွန်းတယ်လို့ ချက်ခြင်းပဲ တုန့်ပြန် ဝေဖန်ကြပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်တွေ အနိုင်ရခဲ့ပြီးကတည်းက မြန်မာနိုင်ငံအပေါ် ချမှတ် ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းရေးကိစ္စကို ပိုပြီး ကျယ်ကျယ် လောင်လောင် ကြားလာ ရတာပါ။

အဲဒီထဲမှာ အခုနောက်ဆုံး လက်တွေ့ ရုပ်သိမ်းလိုက်တာကတော့ သြစတြေးလျနိုင်ငံပဲဖြစ်ပါတယ်။ အခု လျှော့ပေါ့ ပေးလိုက်တဲ့ ဒဏ်ခတ်အရေးယူမှုအရ သြစတြေးလျ နိုင်ငံက ငွေရေးကြေးရေးနဲ့ ခရီးသွားလာ ခွင့်ဆိုင်ရာ ပိတ်ပင် ဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံ က တာဝန်ရှိသူ စုစုပေါင်း ၃၉၂ ယောက်ထဲက ၂၆၀ ကျော်ကို ဖယ်ရှားပေးလိုက်တဲ့အတွက် စစ်ဘက်အရာရှိတွေ အပါအ၀င် ဆက်ပြီး အရေးယူထားသူ ၁၃၀ လောက် ပဲကျန်ပါတော့တယ်။ ဖယ်ရှားပေး လိုက်သူတွေထဲမှာ သမ္မတဦးသိန်းစိန်နဲ့အတူ အစိုးရ အဖွဲ့နဲ့ လွှတ်တော်ထဲက ပြုပြင် ပြောင်းလဲရေးလိုလားသူတွေ ပါတယ်လို့ သြစတြေးလျနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ငွေရေး ကြေးရေးနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ အရေးယူထားတာကို ရုပ်သိမ်းပေမဲ့ လက်နက် ရောင်းချတာကို တော့ ဆက်ပြီး ပိတ်ထားဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ခတ် အရေးယူ တာကို ပြန်ချမှတ်ဖို့ကလည်း အမြဲတမ်းဖြစ်နိုင်ခြေ ရှိနေပါ တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဘော့ဘ် ကားရ် (Bob Carr) က ဆိုပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချပြီး ကုန်သွယ်ရေးလုပ်ဖို့ အားပေးတာဟာ မကြာသေးခင် ကာလတွေ အတွင်း မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ် ပြုတာဖြစ်ပါတယ်လို့ ဘော့ဘ် ကားရ် က ပြောပါတယ်။

ခရီးသွားလာခွင့် ကန့်သတ်ချက် ရုပ်သိမ်းပေးလိုက်တာကို သဘောတူပေမဲ့ အပြောင်းအလဲတွေက ဒီလောက် ကြီးမခိုင်မာသေးဘဲ စောစောစီးစီး လျှော့ပေါ့ပေးလိုက်တာကိုတော့ ဘ၀င်မကျဘူးလို့ သြစတြေးလျ အခြေစိုက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ သြစတြေးလျ-မြန်မာရုံးက ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ အဲဒါ ကို များလွန်းတယ်။ စောလွန်းတယ် ဆိုပြီး ထောက်ပြထားပါတယ်။ နောက် တစ်ချက် ကလည်း ဒေါ်အောင်ဆန်း စုကြည် တို့ ပြည်တွင်းက ပြောထားတဲ့ အပြောင်းအလဲ တွေ မဖြစ်ဘဲနဲ့ အခုလိုမျိုး စောစောစီးစီး ပြောင်းလိုက်တဲ့ အပေါ်မှာလည်း အထဲ က သဘောထားနဲ့ သိပ် မကိုက်ညီဘူးလို့ ထောက်ပြ ဝေဖန်ထားတယ် ခင်ဗျ။ နောက်တစ်ခု က ကျနော် တို့ စိုးရိမ်တာက အခု လိုမျိုး များများစားစားနဲ့ စောစောစီးစီး အချိန် မတန်ဘဲ အခုလိုမျိုး လျှော့ချပေး လိုက်တာဟာ အထဲက ဦးသိန်းစိန် အစိုးရကော အထဲ စစ်တပ်ကော နောက်ထပ် ငါတို့ ဖမ်းထားတဲ့လူ တွေကို လွှတ်ပေးစရာ မလိုတော့ဘူး။ တိုင်းရင်းသား လူမျိုးစု တွေကို တိုက်ခိုက်တာတွေ ရပ်စရာ မလိုတော့ဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာလည်း ဂရုစိုက်စရာ မလိုတော့ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်လည်း ရပါတယ် ဆိုတဲ့ စိတ်မျိုး ဝင်သွားပြီးတော့ အပြောင်းအလဲ တွေကို ဆက်မလုပ်မှာ ကျနော်တို့ စိုးရိမ်တယ် ခင်ဗျ။”

ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ဒ် ကမ်မ်ရွန်းန် (David Cameron) နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက်မှာ ဒဏ်ခတ် အရေးယူမှုတွေကို ရုပ်သိမ်းဖို့ထက် လောလောဆယ် အချိန်ကာလမှာ ဆိုင်းငံ့ထား ဖို့ဆိုပြီး သဘောထား ထွက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲရေးတွေဟာ လုံးဝ ခိုင်မာပြီလို့ ပြောလို့ရနိုင်တဲ့ အခြေအနေမှာ မရှိသေးဘဲ အချိန်မရွေး နောက်ပြန်လှည့်နိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေသေးတာကြောင့် အခု သြစတြေးလျ အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ NLD ရဲ့ သဘောထားနဲ့ ကိုက်ညီစေချင်တယ်လို့ NLD ပါတီရဲ့ နာယကအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောပါတယ်။

“ကျနော် တို့ ကတော့ အရေးယူ ပိတ်ဆို့မှု တွေကို ချက်ချင်းလက်ငင်း ပယ်ဖျက်ဖြစ်တဲ့ အရေးယူမှု မျိုးတော့ မလုပ်သင့်ဘူး လို့ ကျနော်က တော့ ယူဆတယ်။ ဒါကြောင့် ဆိုင်းငံ့ထားပါလို့ ကျနော်က အဆိုပြုတာ ဖြစ်ပါတယ်။ နောက်ပြီး အခု သြစတေးလျ က လုပ်တဲ့ ဟာလည်း လိုတယ်။ သူအရေးယူထား တဲ့ သုံးပုံ နှစ်ပုံ လောက်ကို သူက ပယ်ဖျက် ပစ်လိုက်ပြီ။ သုံးပုံ တစ်ပုံ လောက်ဘဲ ချန်ထားတယ် ဆိုသော်ငြားလည်း နောက်ထပ် သုံးပုံတစ်ပုံ ဟာလည်း ဖယ်ရှားမယ့် အနေအထားမျိုး ရောက်မယ် ဆိုလည်း ရောက်နိုင်တာကိုး။ ကျနော်ကတော့ ပြောတဲ့ သဘောထား အတိုင်းဘဲ ဆန်ရှင်တွေကို impose လုပ်ထားတဲ့ အခါ ထားမြဲထားပါ။ သို့သော် တစ်ခု ရှိတာက အရေးယူတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ ဆိုင်းငံ့တဲ့ အနေအထားနဲ့ ထားပါလို့ ပြောတဲ့ အတိုင်းဘဲ ကျနော်ထင်တယ်။ ဒီ သြစတေးလျ ဝန်ကြီး လုပ်တဲ့ဟာ မှာလည်း ဒီ ၂၆၀ ကျော် လူတွေကို ရွေးထားတာမှာလည်း လုံးဝ ပယ်ဖျက်ပြီ ရုတ်သိမ်းပြီ ဆိုတာ မျိုးထက် ဒီဟာတွေကိုလည်း ဆိုင်းငံ့ထားတဲ့ အခြေအနေမှာဘဲ ရှိသင့်တယ် လို့ ကျနော် ကတော့ အဲဒီလိုဘဲ ထင်ပါတယ်။ ”

ပြုပြင်ပြောင်းလဲရေးတွေ ခိုင်မာပြီး မြန်မာလူထုရဲ့ဘ၀တွေ တိုးတက်စေရေး နောက်ထပ် အပြောင်းအလဲ တွေအတွက် အခြေအနေ တွေ ရေရှည်မြဲမြံစေဖို့ အားပေးမယ့် ပိုမိုကြီးမားတဲ့ ထိတွေ့ဆက်ဆံမှုနဲ့ မြန်မာနိုင်ငံ ကို လက်တွေ့ကျကျ အထောက်အပံ့ပြုရပါ မယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။

အားပေးရမယ်ဆိုတာကို ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မကန့်ကွက်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေက ဒဏ်ခတ် အရေးယူမှုတွေကို လုံးဝနီးပါး လျှော့ချပစ် လိုက်ရမယ့် အခြေအနေ မျိုးထိတော့ မရှိသေးဘူးလို့ ထောက်ပြနေကြတာပါ။

EU အဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဧပြီလ ၂၃ ရက်နေ့မှာ ဆွေးနွေး သုံးသပ်ကြဖို့ရှိပြီး ဒဏ်ခတ် အရေးယူမှု ကိစ္စက ထိပ်တန်း ဦးစားပေး ဆွေးနွေး ကြမယ့်ကိစ္စ ဖြစ်ပါတယ်။ တခါ အမေရိကန်ပြည်ထောင်စု မှာလည်း ဒီကိစ္စကို ဆွေးနွေးသုံးသပ်တာတွေ ရှိနေပြီ ဖြစ်ပါတယ်။

Ref: VOA

မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု နော်ဝေ ရုပ်သိမ်း

ဓာတ်ပုံ ASSOCIATED PRESS
နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး ယိုးနတ်(စ်)ဂါးစတာရာ (Jonas Gahr Stoere)
မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချတာနဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်တာ ကလွဲလို့၊ နော်ဝေနိုင်ငံက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ် မှုတွေကို နော်ဝေအစိုးရက ရုပ်သိမ်း လိုက်ပြီလို့၊ ဧပြီ(၁၅)ရက် နေ့စွဲနဲ့ နော်ဝေနိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မကြာသေးခင်က ရန်ကုန်မြို့မှာ  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ နော်ဝေ နိုင်ငံခြားရေး ၀န်ကြီး ယိုးနတ်(စ်)ဂါးစတာရာ (Jonas Ghar Stoere) ကိုယ်တိုင် ဒီကြေညာချက် ထုတ်ပြန် ခဲ့တာပါ။ ဒီလိုရုပ်သိမ်း တာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူခဲ့ပါတယ်။ ဒီကြေညာချက် နဲ့ ပတ်သက်ပြီး နော်ဝေနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဆိုင်းမက်ကင်ဆင် (Svein Michelsen) နဲ့ နော်ဝေနိုင်ငံမှာ နေထိုင်နေတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သွင်တို့ကို ကိုရော်နီညိမ်းက ဆက်သွယ် မေးမြန်းထားပါတယ်။

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး ယူးနတစ် ဂါး စတတ်တာ (Jonas Gahr Stoer) ရဲ့ မနေ့က ဧပြီ ၁၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် နဲ့ ပတ်သက်ပြီး နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဆိုင်းမက်ကင်ဆင် (Svein Michelsen) ဆို ဆက်သွယ် မေးမြန်းတဲ့ အခါမှာ အခုလို ရှင်းပြပါတယ်။

“၀န်ကြီးရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားတာက၊ မကြာသေးခင် က မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု တွေကနေ ပြသနေတာက၊ မြန်မာအာဏာပိုင် တွေဟာ ပြုပြင်ပြောင်း လဲရေး မူဝါဒတွေအပေါ်မှာ အလေး အနက်ထား ရှိခြင်း ဖြစ်ပါတယ်။ ဒါကို ထောက်ခံအားပေးသင့်တယ်။ အခု မြန်မာနိုင်ငံ လိုအပ်နေတာက၊ ပြင်ပ ကမ္ဘာနဲ့ ဆက်ဆံမှုတွေရှိဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံတကာ အကူအညီ တွေ ရဖို့တွေပါ။ ဒါတွေကို ဖြစ်ပေါ်လာစေဖို့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှု တွေကို ရုပ်သိမ်းလိုက်တာပါ။”

ဒါ့ အပြင် အခုလို နော်ဝေ အစိုးရက မြန်မာ အစိုးရ အပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု တွေ ရုပ်သိမ်းတာ ကို နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး က ဒေါ်အောင်ဆန်း စုကြည်ကို ပြောပြခဲ့ပြီးတော့ ဒေါ်အောင်ဆန်း စုကြည် ကလည်း သဘောတူတယ်လို့ အခုလို သူက ဆက်ပြီးတော့ ပြောပါတယ်။

“သူတို့နှစ်ယောက် မနေ့ကတနင်္ဂနွေနေ့က တယ်လီဖုံး ပြောကြပါတယ်။ အဲဒီပြောဆိုမှုထဲမှာ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှု တွေကို ရုပ်သိမ်းလိုက်တာကို ဒေါ် အောင်ဆန်းစုကြည်က သဘောတူ ပါတယ်။ မြန်မာနိုင်ငံ အတွက် ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို အထောက်အကူပြုစေမယ့် အနေအထားကို ရောက်ရှိစေဖို့၊ ဒီလိုရုပ်သိမ်းတာကို သဘောတူခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှု တွေကို ရုပ်သိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာမယ့် အခြေအနေ တွေကို  အနီးကပ်စောင့်ကြည့်နေဖို့၊ ဒေါ်အောင်ဆန်း စုကြည် က တိုက်တွန်းထားပါတယ်။”

အခုလို အရေးယူ ဒဏ်ခတ်မှု ရဲ့ အကျိုးသက်ရောက်မှု တစ်ခု အဖြစ် နော်ဝေ နိုင်ငံ၊ အော်စလို မြို့တော်ကို မြန်မာနိုင်ငံက ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ပြည်ထောင်စု ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ရောက်ရှိနေတာကိုလည်း ထောက်ပြ ပြောဆိုသွားခဲ့ ပါတယ်။

“အကျိုးသက်ရောက်မှု တခုအနေနဲ့ ပြောရရင်၊ ဒီကနေ့မှာ မြန်မာနိုင်ငံက ရထားပို့ဆောင်ရေး ပြည်ထောင်စု ၀န်ကြီး ဟာ အော်စလိုမြို့တော်ကို ရောက်ရှိလာပါ တယ်။ ဒါက ဒီအစိုးရအရာရှိကြီး အဆင့်နဲ့ ဆက်ဆံမှု ရှိလာတာပါပဲ။ ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီးဟာ မြန်မာအစိုးရအနေ နဲ့ တိုင်းရင်းသား အဖွဲ့ (၁၁) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးခဲ့တဲ့၊ ဆွေးနွေးနေဆဲ ကိစ္စတွေမှာ သူ့ရဲ့ ပါဝင် လုပ်ဆောင်နေမှု တွေကို နော်ဝေအစိုးရကို လာပြီးရှင်းပြနေတာပါ။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တွေအပေါ် နောက်ဆက် တွဲလိုက်ပြီး ကူညီလုပ်ဆောင်ပေးဖို့၊ နော်ဝေအစိုးရကလည်း ဆန္ဒတွေ ရှိနေပါတယ်။ ဒီ အပစ်အခတ်ရပ်စဲရေး မှာ ပါဝင်နေတဲ့အဖွဲ့တွေဟာ ခိုင်မာတဲ့ အကျိုးကျေးဇူးတွေ ရရှိကြရမှာပါ။”

နော်ဝေ နိုင်ငံ မှာ နေထိုင်နေတဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ခရမ်း မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ကနေ ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သွင် ကလည်း အခုလို ပြောပါတယ်။

“အဓိက နော်ဝေ နိုင်ငံက နေပြီး တိုတယ် (Total) တို့ စတဲ့ ရေနံ ကုမ္ပဏီ တွေက မြန်မာ နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု တွေ ရှိသလိုဘဲ၊ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး ကိစ္စ၊ နောက်ပြီးတော့ ခရီးသွား လာရေး ဆိုင်ရာ ကိစ္စ စသဖြင့် အနည်းအကျဉ်း လည်းဘဲ မြန်မာ နိုင်ငံနဲ့ ကုန်သွယ်နေတာ တွေ ရှိပါတယ်။ အခု ကျနော်တို့ ကြေငြာချက် မှာ ဆိုလို့ ရှိရင် တခါတည်း sanction ကို ရုပ်သိမ်း လိုက်တာတော့ မဟုတ်ပါဘူး ခင်ဗျ။ သူကြေငြာချက်ကို  နော်ဝေ သတင်းဌာန တွေရဲ့ ကြေငြာချက်အရတော့ သူက မြန်မာ နိုင်ငံမှာ အခု ပြုပြင်ပြောင်းလဲ ရေးတွေ တွေ့တယ်။ ဒီ ပြုပြင်ပြောင်းလဲရေး တွေက ဒီထက် ပိုပြီး တော့ ပြုပြင်ပြောင်းလဲ သွားမယ် ဆိုရင် sanction တွေ အားလုံးကို ရုပ်သိမ်းပေးမယ်။ သို့သော်လည်းဘဲ အခု အခြေအနေ မှာတော့ အကယ်၍သာ ပြုပြင်ပြောင်းလဲ ရေးတွေက negative သဘောကို အပျက်သဘော ကို ဆောင်လာမယ် ဆိုရင်တော့ အချိန်မရွေး ဒီ sanction ကို ပြန်ပြီးတော့ ကျင့်သုံးမယ် ဆိုတဲ့ သဘောဘဲ ဖြစ်ပါတယ် ခင်ဗျ။ ဒါဟာလည်းဘဲ ဗြိတိန် ဝန်ကြီးချုပ် နဲ့ တွေ့တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သဘောတူခဲ့တဲ့ အချက်နဲ့ တော်တော်လေး ထပ်တူ ညီမျှတာ ကို တွေ့ရပါတယ်။”

နော်ဝေ အစိုးရ က မြန်မာ အစိုးရ အပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု တွေကို ရုပ်သိမ်းတဲ့ နေရာမှာ မြန်မာ နိုင်ငံကို စစ်လက်နက် ပစ္စည်း ရောင်းချတာနဲ့ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု ပိတ်ပင် တာတွေကို တော့ ဆက်ပြီး ထားရှိမှာ ဖြစ်ပါတယ်။

Ref: VOA

Monday, 16 April 2012

ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်း သုံးစွဲဖို့ကိစ္စ အချိန်မီ အဆင်ပြေသွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ဦးတင်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
လွှတ်တော်ပြန်ခေါ်တဲ့အချိန် ဧပြီလ ၂၃ ရက်နေ့မှာ စကားရပ် ပြောင်းလဲသုံးစွဲဖို့ ကိစ္စ ချောချောမောမော ပြေလည်သွားမယ်လို့ ယူဆတဲ့အကြောင်း NLD နာယက အဖွဲ့ဝင် ဦးတင်ဦးက RFA ကို ပြောပါတယ်။ ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်ဟာ တပ်ထဲမှာ သုံးစွဲတာဖြစ်ပြီး နေရာတိုင်းမှာ အရိုးစွဲနေတဲ့ တပ်ပုံစံအတိုင်း လိုက်လုပ်တာလို့ ဦးတင်ဦးက ပြောပါတယ်။ 
 
အရပ်သားတွေ အနေနဲ့ လေးစား လိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်းသုံးရင် လုံလောက်တယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ အသုံးအနှုန်းကို ဥပဒေနဲ့ အညီပြင်ဆင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေပြည်တော်ကို စနေနေ့က သွားပြီး နိုင်ငံတော်သမ္မတဆီ အကြံပြုစာ တင်လိုက်ပြီလို့လည်း သိရပါတယ်။ 
 
Ref: RFA

စတီဗင်ဟော့ခ်ကင်းနှင့် အိုင်စတိုင်းတို့အား တုပြိုင်မည့် လေးနှစ်သမီး ပညာပါရမီရှင် ဟိုင်ဒီဟန်ကင်း

ထို့ထက်မြင့်သော တောင်တစ်လုံးရှိသေးသည် ဟူသည့် မြန်မာစကားပုံတစ်ခုရှိပါသည်။ အကျော်ဇေယျ သိပ္ပံပညာရှင်ကြီးများ ဖြစ်သည့် စတီဗင်ဟော့ခ်ကင်းနှင့် ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်းတို့၏ ဥာဏ်ရည်ကို တုယှဉ်နိုင်သူ လေးနှစ်သမီးလေး ဘရိန်နီဟိုင်ဒီဟန်ကင်းကို ဗြိတိန်ရှိ Mensa (IQ - ဥာဏ်ရည်အတိုင်းအတာ စမ်းသပ်စစ်ဆေးရေး အဖွဲ့အစည်း) က စမ်းသပ်ပြီးနောက် အသိအမှတ်ပြုလိုက်ပါသည်။


ကျောင်းပင်မတက်ရသေးသည့် ဟိုင်ဒီ၏ ပညာဥာဏ်ပါရမီကြီးရင့်ပုံကို မူကြိုဆရာဆရာမများ၏ ချီးကျူးပြောဆိုမှုများအရ Mensa အဖွဲ့က လာရောက် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ Mensa အဖွဲ့၏ IQ စမ်းသပ်မှုအရ ဟိုင်ဒီ၏ IQ ရမှတ်မှာ အလွန် အံ့သြဂုဏ်ယူဖွယ်ရာ ၁၅၉ မှတ်အထိ ရရှိခဲ့သည်။ စကြ၀ဠာမဟာပေါက်ကွဲမှုသီအိုရီ Big Bang အား ဖော်ထုတ်ခဲ့သူ ပညာရှင် စတီဗင်ဟော့ခ်ကင်းနှင့် ရီလေတီဗတီ သီအိုရီ Relativitiy Theory ၏ ဖခင်ကြီး အဲလ်ဘတ်အိုင်စတိုင်းတို့၏ IQ ရမှတ်မှာ ၁၆၀ စီ ရှိနေသဖြင့် ထိုပါရမီရှင်ကြီး ၂ ဦးတို့ထက် တစ်မှတ်သာ လျော့နည်းသည့် ဥာဏ်ကြီးရှင် ကလေးမလေးဖြစ်ပါသည်။
သာမန်လူလတ်ပိုင်းအရွယ်တို့၏ IQ ရမှတ်သည် ပျမ်းမျှ ၁၀၀ တွင်သာရှိပြီး ထက်မြက်သည့် ဥာဏ်ပညာအထုံပါသူများတွင် IQ ရမှတ် ၁၃၀ အထိ ရရှိနိုင်ကြသည်။


ဟိုင်ဒီသည် အသက် ၁၈ လ အရွယ်ကတည်းက သူ့ဘာသာကွန်ပျူတာ အကူအညီဖြင့် စာဖတ်တတ်ခဲ့သူလေးဖြစ်ကြောင်း၊ စကားသံစထွက်သည့် အရွယ်ရောက်ပြီး မကြာမတင်မှာပင် စကားအပြည့်အ၀ ပြောတတ်ခဲ့သူလေးလည်း သူမ၏ဖခင်က ပြောကြားခဲ့သည်။ မိဘ ၂ ပါးမှာ ဖခင် မတ်သယူး (၄၇ နှစ် - တက္ကသိုလ်ဆရာ) နှင့် မိခင် ဆိုဖီ (၄၃ နှစ် - ပန်းချီပညာရှင်) တို့ဖြစ်သည်။ စက်တင်ဘာတွင် ကျောင်းစဖွင့်သည့်အခါ တနှစ်အတန်းကျော်တက်မည်ဟု ဆိုကြသည်။

"သမီးလေး ၂ နှစ်အရွယ်မှာ အောက်စဖို့ဖတ်စာသစ်ပင်အုပ်တွဲ Oxford Reading Tree တစ်စုံလုံးကို ပေးခဲ့တယ်။ အတွဲ ၃၀ ကို တနာရီအတွင်း သမီးပြီးအောင် ဖတ်နိုင်ခဲ့တယ်။ ၇ နှစ်အရွယ်တွေသာ လုပ်တတ်တဲ့ဟာပါ။ မွေးကတည်း ဆူညံဆူညံ၊ ပွစိပွစိနဲ့ သမီးလေးက စကားပြောဖို့ ကြိုးစားခဲ့တယ်။ တနှစ်သမီးအရွယ်မှာတော့ ဝေါဟာရအတော်ကြွယ်ဝနေပြီ။ စကားစပြောတာနဲ့ တပြိုင်တည်းမှာ ၀ါကျအပြည့်အစုံကို ပြောတော့တာပါပဲ။" သမီးမှာ ငယ်ရွယ်စဉ်ကတည်းက စာဖတ်နေကြောင်းကိုလည်း ဖခင်ဖြစ်သူ ဒေါက်တာဟန်ကင်းက ရှင်းပြခဲ့သည်။  ၁၄ လအရွယ်တွင် မင်းသမီးများ၊ တိရိစ္ဆာန်ရုပ်ပုံများကို ရေးဆွဲနိုင်နေလေပြီ။ အရွယ်တူများမှာမူ စာရွက်ပေါ်တွင် ရေးခြစ်ရုံသာ လုပ်တတ်သေးသည်။

 ဗြိတိန်နိုင်ငံ ဟန့်ပြည်နယ် ၀င်ချက်စကာမြို့တွင် နေထိုင်လျက်ရှိသူ ဟိုင်ဒီလေးသည် ၁၈ လသမီးအရွယ်က ကွန်ပျူတာဖြင့် မိမိဖာသာ စာဖတ်သင်နေကြောင်း မိဘများ အံ့သြဖွယ်တွေ့ရှိခဲ့သည်။ အရွယ်ရောက်လာသည့်အခါတွင်လည်း ဥာဏ်ရည်မှာ ပြောင်းလဲသွားဖွယ်မရှိဟု Mensa အဖွဲ့ကဆိုပါသည်။

မြတ်ပန်းရှင်
Ref: မောက္ခနိုင်ငံတကာပညာရေးသတင်း

ကြံ့ဖွံ့ပါတီဘာ့ကြောင့် ရှုံးရတာလဲ၊ ဘာဆက်လုပ်မှာလဲ


အပိုင်း(၁)
ပြည်သူ့လွှတ်တော်လစ်လပ်နေရာ(၃၇)နေရာနဲ့ အမျိုးသားလွှတ်တော် လစ်လပ်နေရာ(၆ နေရာနှင့်တိုင်း ဒေသကြီး လွှတ်တော်(၂) နေရာအတွက် ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကြီးကတော့ ပြီးဆုံးသွားပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က(၄၅)နေရာမှာ (၄၃)နေရာ ရရှိသွားတဲ့အတွက် ( ၉၆ )ရာခိုင်နှုန်းနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့သူကြံ့ဖွံ့ပါတီရဲ့အရှုံးကတော့ အလွန်ပဲ ရှက်စရာ ကောင်းတဲ့ အရှုံးတစ်ခု လို့ဆိုရမှာပါ။ အခြားယှဉ်ပြိုင်တဲ့ပါတီများ နှင့်ယှဉ်လျင် ငွေကြေးအမြောက်အများ သုံးစွဲနိုင်တဲ့ပါတီဖြစ်သလို လက်ရှိ အာဏာရပါတီလည်းဖြစ်တဲ့ ကြံ့ဖွံ့ပါတီကို ပြည်သူလူထုက လုံးဝယုံကြည် မှုမရှိ၊ မထောက်ခံဘူး ဆိုတာ ပြသလိုက်တာဖြစ် တယ်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်လာပါတယ်။ ဒါ့ကြောင့်ကြားဖြတ်ရွေး ကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ရဲ့ရှက်ဖွယ်လိလိအရှုံးကို ပြန် လည်ဆန်းစစ်ကြည့် လိုက်ရင် ပါတီအတွင်း စည်းလုံးညီညွတ်မှုမရှိခြင်း၊ မီဒီယာလှုံ့ဆော်မှုအားနည်းခြင်း၊ အပြောင်းအလဲလုပ်လို သော ပြည်သူများကို မစည်းရုံးနိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။

ပါတီအတွင်း စည်းလုံးညီညွတ်မှုမရှိခြင်း

နေ့စဉ်အင်တာနက် သတင်းတွေမှာပါရှိနေတဲ့ ကြံ့ဖွံ့ပါတီအကွဲအပြဲသတင်းတွေအရ ပါတီဝင်အချင်းချင်း စည်းရုံး မှုရှိအောင် မလုပ်နိုင်ဘူးဆိုတာ ထင်ရှားနေပါတယ်။ အစိုးရအဖွဲ့အတွင်းနေရာမရတဲ့ ကြံ့ဖွံ့အမတ် တွေက နေရာရနေတဲ့ သူတွေကို မကျေ မနပ်ဖြစ်ပြီး တိုက်ခိုက်နေမှုတွေဟာ ပြည်သူလူ ထုရဲ့ယုံကြည်မှုကို ကျဆင်းစေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ အကွဲအပြဲကတော့ သမ္မတကြီးကိုတောင် ကြံ့ဖွံ့ပါတီရဲ့ ဒုဥက္ကဌဖြစ်တဲ့ ဦးရွှေမန်းကိုယ်တိုင် Political Challenge လုပ်ခြင်းဖြစ် ပါတယ်။
USDP
အထူးသဖြင့် ကြံ့ဖွံ့ပါတီ ဒုတိယဥက္ကဌ ဦးရွှေမန်းဟာ ဒီမိုကရေစီဘက်တော်သားတစ်ဦးဆိုတဲ့ ပုံရိပ်ကို အထင် အရှားပုံဖော်ပြီး လွှတ်တော်အတွင်းပြုမူ၊ ပြောဆိုလှုပ်ရှားမှုများက လူပြိန်းကြိုက်အစိုးရကို ဝေဖန်ပြစ်တင်သလို ဖြစ်နေ ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ရဲ့စွမ်းဆောင်မှု၊ အောင်မြင်မှုများသည် ကြံ့ဖွံ့ပါတီအပေါ်တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိမှာဖြစ်သလို လက်ရှိ အစိုးရအဖွဲ့ အားနည်းချက်များဖြစ်ပေါ်လာခဲ့ရင် ပြည်သူများ ကြံ့ဖွံ့ပါတီကို အပြစ်မြင်ကြမှာဖြစ်ပါတယ်။ လွှတ်တော်အသံ၊ ပြည်သူ့အသံဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ကြံ့ဖွံ့ပါတီကနေဖြစ်လာတဲ့ လွတ်တော်အမတ်မင်း အချို့ကလက်ရှိ အစိုးရအဖွဲ့အကြပ်အတည်း၊ အခက်အခဲဖြစ်စေတဲ့ အဆိုပြုချက်များတင်သွင်း နေခြင်းဟာ မိခင်ကြံ့ဖွံ့ပါတီ အတွင်း စည်းလုံးညီညွတ်မှုမရှိဘူးဆိုတာကို ထင်ရှားပြတ်သားစွာ ဖော်ပြသလို ဖြစ်နေပါတယ်။

ဒါ့အပြင် လက်ရှိအာဏာရပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီမှ တိုင်းနှင့်ပြည်နယ် တာဝန်ခံများနှင့် အတွင်းရေးမှူးများက လည်း မဲဆွယ်စည်းရုံး ရေးကာလမှာ စည်းရုံးရေးအလုပ်တွေကို ဖိဖိစီးစီးလုပ်ရမဲ့အစား ပြည်နယ်၊ တိုင်း ဒေသကြီးအစိုးရ အဖွဲ့တွေရဲ့ အားနည်းချက်တွေ ကိုစောင့်ကြည့်ပြီး ထိုးနှက်တိုက်ခိုက်ဖို့အတွက်သာ အားသန်နေခဲ့ကြတယ်လို့ လေ့လာသူများကဆိုပါတယ်။ တစ်ဦးနဲ့တစ်ဦး မြွေမြွေချင်းခြေမြင်ဆိုသလို စည်းလုံးမှုမရှိပဲ တိုက်ခိုက်နေတဲ့ အကျိုးအမြတ်တွေရဲ့ ရလာဒ်ကတော့ မီဒီယာများမှာတိုင်စာတွေ ပလူပျံလာခဲ့ပါတယ်။ တိုင်စာတွေကလည်း အနီးစပ်ဆုံး မှန်ကန်နေပြီး လူတန်း စားအသီးသီးဆီသို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ ရောက် ရှိခဲ့ပါတယ်။

ဒါကြောင့်ပြည်သူအများစုဟာ ကြံ့ဖွံ့ပါတီကို မကျေနပ် ချက်တွေရှိလာပြီး အတိုက်အခံပါတီများက ကြံ့ဖွံ့ပါတီ ကိုဖြိုခွဲစရာမလိုပဲ သူတို့အချင်းချင်း ပြိုကွဲလျက်ရှိနေတယ်ဆိုတာ အထင်အရှားမြင်တွေ့ ကြားသိနေရပါတယ်။ ဒီမိုကရေစီရဲ့ လွတ် လပ်မှုကို အခွင့်ကောင်းယူပြီး တစ်ယောက်နဲ့ တစ်ယောက်ရင့်ကျက်မှုမရှိဘဲ အတိုက်အခိုက် လက်သီးပုန်းတွေ သုံးနေကြတာဟာ ပါတီစည်းလုံးညီညွှတ်မှုကို မတည်ဆောက်နိုင်တာကြောင့် ဖြစ်ရတာပါ။ ပါတီအတွင်း စည်းလုံးညီညွှတ်မှုကို မတည်ဆောက်နိုင်ဘဲ ပါတီပြင်ပကို စည်းရုံးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပါတီရှုံးရခြင်းရဲ့ အကြောင်းအရင်းကလည်း ပါတီတွင်းစည်းလုံးညီ ညွှတ်မှု မရှိခြင်းဟာအဓိကအချက်ဖြစ်ပါတယ်။


မီဒီယာလှုံ့ဆော်မှုအားနည်းခြင်း

ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ အစိုးရမှမီဒီယာများအား လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း အပေါ် ယခင်စစ် အစိုးရလက်ထက် က ဆန့်ကျင်ဘက်လုပ်ခဲ့တဲ့ မီဒီယာတွေအားလုံး NLD ပါတီ ဘက်ကို ကူးပြောင်းခဲ့ကြပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့ ဂျာနယ်၊ မဂ္ဂဇင်း များနှင့် ပြည်ပအခြေစိုက် အင်တာနက်မီဒီယာများ အပါအဝင် အနောက်နိုင်ငံ အသံလွှင့်ဌာန များမှ NLD ပါတီကို ပြည်သူလူထုမှ အုံးအုံးကြွက်ကြွက်ဖြစ် လာအောင် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြပါတယ်။

မီဒီယာများအပြင် နိုင်ငံအနှံ့က မြို့ပေါ်ကျေးလက်ပါမကျန် အားလုံးသိကြတဲ့အနုပညာရှင်တွေက NLD ဖျော်ဖြေ ရေးအသွင်စည်းရုံး မဲဆွဲတာဟာလည်း ကြံ့ဖွံ့ပါတီကို အားလျော့စေခဲ့ပါတယ်။ ဒီနေရာမှာ နောက်ကွယ်က ဆရာကြီးတွေရဲ့ မီဒီယာလွှမ်းမိုးမှုအပေါ် NLD မှ ထိရောက်စွာအသုံးချနိုင်ချိန်မှာ ကြံ့ဖွံ့ပါတီအနေနဲ့ မီဒီယာတုံ့ပြန်နိုင်မှု လုံးဝမပြုလုပ်နိုင်ဘူး ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

NLD ပါတီဟာ သူတို့ရဲ့လှုပ်ရှားမှုတွေကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသိရှိနိုင်စေရန် အတွက် ဗြိတိသျှသံရုံး အကူအညီနဲ့ ဒီလှိုင်းဂျာနယ်ကို အရှုံးခံထုတ်ဝေခဲ့ပါတယ်။ အလားတူပဲ အနောက်အုပ်စုမှ ခေါင်းစဉ်အမျိုးမျိုးနဲ့ ထောက်ပံ့ကြေး အမျိုးမျိုးကိုရယူထားတဲ့ ပြည်တွင်း၊ ပြည်ပ ပုံနှိပ်မီဒီယာ လောကနဲ့ အီလက်ထရောနစ် မီဒီယာလောကက သတင်းသမား၊ အတင်း စကားတွေကို အစီအမံရှိရှိ အကွက်ကျကျနဲ့ NLD ကို ဝိုင်းဝန်းပုံဖော်ပေးခဲ့ကြပါတယ်။

ကြော်ငြာကို စိတ်ဝင်စားတဲ့ မြန်မာလူမျိုးများ ရဲ့ပင်ကို ဓလေ့စရိုက်အရဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ဂျာနယ်တွေဟာ ရောင်းအားတက်ခဲ့သလို ဖွင့်လိုက် သမျှ ရေဒီယိုအသံလှိုင်းများမှာလည်း သူတို့အသံ သူတို့အကြောင်းတွေကိုသာ အမြဲတမ်းကြားသိနေရပါတယ်။ ဒီလိုအခြေအနေ ဒီလိုအချိန်မျိုးမှာ ကြံ့ဖွံ့ ပါတီကတော့ ပါတီလှုပ်ရှားမှုသတင်းစဉ်လေးတောင် မထုတ်ဝေနိုင်ခဲ့ပါဘူ။

တစ်ခါတစ်လေ မီဒီယာစာမျက်နှာမှာတွေ့ရတဲ့ ကြံ့ဖွံ့ပါတီရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကလည်း ပါတီကလုပ်ပေးတာလား အစိုးရကလုပ်ပေးတာလားမကွဲပြားပဲ ပြည်သူတွေကို ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်နိုင်တာ မရှိပါဘူး။ လုပ်ပေးခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာလည်း ကိုယ်ကျိုးစီးပွား ရှာခြင်းများရှိသလို ကြံ့ဖွံ့ပါတီကလုပ်ပေးခြင်းကို ပြည်သူအများနား လည်အောင် မလုပ်နိုင်ခဲ့ကြပါဘူး။

အထူးသဖြင့်မှ ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှုများကို အသေးအဖွဲပါမကျန် နာရီစဉ်အလိုက် စက္ကန့်မခြား မီဒီယာများမှ ထုတ် လွှင့်ဖော်ပြနေတဲ့အချိန်မှာ ကြံ့ဖွံ့ကအချို့အမတ်မင်းများရဲ့ မကောင်းသတင်းတွေကတော့ မီဒီယာ များမှာ အနံ့မခံချင်လောက် အောင် ပုတ်ပွနေခဲ့ပါတယ်။ အလားတူကြံ့ဖွံ့ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းလုပ်ဖို့ တာဝန်ပေး ထားတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ခံများကလည်း တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရများရဲ့ အားနည်းချက် သတင်း၊ လာဘ်စားတဲ့သတင်းတွေကို စုစည်းပြီး ကိုယ့်ပေါင်ကိုပြန်ထောင်းခဲ့ကြပါတယ်။

မီဒီယာများမှာပါလာတဲ့ ကြံ့ဖွံ့ ပါတီနဲ့ပတ်သက်တဲ့သတင်းတွေကို ဖြေရှင်းချက်မပေးခဲ့သလို ပါတီမှလုပ်ပေးနေတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် မီဒီယာကိုအသုံး မချနိုင်ခဲ့တာက ကြီးမားတဲ့ အားနည်းချက် ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် NLD ပါတီနဲ့ ကြံ့ဖွံ့ပါတီရဲ့မီဒီယာလှုံ့ဆော်နိုင်မှုကို နှိုင်းယှဉ် လိုက်ရင် ကြံ့ဖွံ့ပါတီ အနေနဲ့ အကြီးအကျယ် အပြတ်အသတ်ရှုံးနိမ့်ခဲ့ပါတယ်။

သာမာန်ပြည်သူတစ်ယောက်ဟာ သူရွေးချယ်ရမဲ့ NLD ပါတီကိုယ်စားလှယ်ရဲ့ လုပ်ရည်ကိုင်ရည်၊ အကျင့်စာရိတ္တ၊ နိုင်ငံရေး အတွေ့ အကြုံတွေကို သိစရာမလိုပဲ ခွပ်ဒေါင်းကို အမှန်ခြစ်ခဲ့ကြတာကို ဆန်းစစ်ကြည့်လိုက်ရင် မီဒီယာကိုအသုံးချ သွားတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံရိပ်ကြောင့်ဖြစ်ပါတယ်။

ဒါ့ကြောင့် ယခုကြားဖြတ်ရွေးကောက်ပွဲမှာ မီဒီယာရဲ့အရေးပါမှုကို ထင်ထင်ရှားရှားမြင်ခဲ့ရသလို နိုင်ငံရဲ့ စတုတ္ထ မဏ္ဍိုင်ကို NLD က ကိုင်လှုပ်သွားနိုင်ခဲ့ပါတယ်။ အစိုးရအဖွဲ့ရဲ့မူဝါဒအပြောင်းအလဲကြောင့် အစိုးရမီယာတွေက ကြံ့ဖွံ့ ပါတီကို မပံ့ပိုးပေးနိုင်တော့တာကို ပါတီတာဝန်ရှိသူတွေက မေ့လျော့နေခဲ့ကြပါတယ်။ ပါတီအနေနဲ့ ကိုယ်ပိုင်မူ ကိုယ်ပိုင် ဟန်တွေနဲ့ မီယာဒီလှုံ့ဆော်မှု ပြုလုပ်နိုင်ခြင်း မရှိသလို လုပ်ရကောင်းမှန်း မသိသလိုပဲ ဖြစ်နေခဲ့ကြပါတယ်။ ဒါ့ကြောင့်မို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီရဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရခြင်းရဲ့ ဒုတိယအရေးကြီးအချက်ကတော့ မီဒီယာ လှုံ့ဆော်မှု အားနည်းခြင်းဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီဘာ့ကြောင့် ရှုံးရတာလဲ၊ ဘာဆက်လုပ်မှာလဲ

အပိုင်း(၂)

အပြောင်းအလဲလုပ်လိုသော ပြည်သူများကို မစည်းရုံးနိုင်ခြင်း

ပြည်သူလူထုဟာ အပြောင်းအလဲလုပ်လိုကြပြီး တစ်ပါတီစနစ်ကို မကြိုက်ကြဘူးဆိုတာ ၁၉၉၀ ရွေးကောက်ပွဲမှာ အားလုံးသိကြပြီး သားပါ။ ဒါကိုယခင်စစ်အစိုးရက ရိပ်မိတာကြောင့် ပြည်သူတွေလိုလားတဲ့ အရပ်သားဒီမိုကရေစီစနစ်ကို ကူးပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ အရပ်သားအစိုးရရဲ့ အစိုးရသက်တမ်း တစ်နှစ်အတွင်း ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် လက်ရှိအစိုးရအဖွဲ့ကို ယခင်စစ်အစိုးရရဲ့ လွှမ်းမိုးမှုကတော့ အထိုက်အလျောက် ရှိနေဆဲပါပဲ။

လက်ရှိအာဏာရပါတီဖြစ်လာခဲ့တဲ့ ကြံ့ဖွံ့ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မှုအပေါ်မှာ ယုံကြည်မှုလွန်ကဲခဲ့တယ် လို့ဆိုရ မှာပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက စစ်တပ်အုပ် ချုပ်တာကိုမလိုချင်လို့ အရပ်သားအသွင် အုပ်ချုပ်မှုကို မဲပေးခဲ့ကြ ပါတယ်။ မဲပေးခဲ့တဲ့ပြည်သူတွေက သူတို့ မဲပေးရွေးချယ်ခဲ့တဲ့ လက်ရှိအာဏာရပါတီအတွင်းမှ အုပ်ချုပ်သူတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို စောင့်ကြည့် ခဲ့ကြပါတယ်။ ဒီလိုစောင့်ကြည့် နေချိန်မှာ ကြံ့ဖွံ့ပါတီက အစိုးရအဖွဲ့အတွင်း ရောက်ရှိသွား တဲ့ဝန်ကြီးများ၊ လွှတ်တော်အတွင်းရှိနေတဲ့  စစ်အစိုးရလက်ထက် ကဝန်ကြီးဟောင်း အမတ်မင်းများရဲ့ အကျင့်ပျက်ခြစားမှု သတင်းများဟာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ပြည်သူလူထု အတွင်း ပျံ့နှံ့ခဲ့မှုဟာ ကြံ့ဖွံ့ပါတီအပေါ် အရိပ်မဲကြီးဖြစ်နေခဲ့ပါတယ်။

ဒါ့အပြင် ကြံ့ဖွံ့ပါတီ ပြည်နယ်၊ တိုင်းစည်းရုံးရေးတာဝန်ခံများဟာ ယခင်စစ်အစိုးရဝန်ကြီးဟောင်းများဖြစ်ခဲ့ပြီး အချို့ဝန်ကြီးဟောင်း များကို ပုဂ္ဂိုလ်ရေးအရ ဒေသခံပြည်သူများက လက်ခံခြင်းမရှိခဲ့ပါဘူး။ နာမည်ဆိုးနဲ့ ကြော်ကြားတဲ့ အဲဒီဝန်ကြီးဟောင်းများရဲ့ ယခင် အကျင့်ပျက်ခြစားမှုများကို လက်ရှိကြံ့ဖွံ့ပါတီ တာဝန်ရှိသူများက မသိခြင် မမြင်ခြင် ယောင်ဆောင်နေပေမဲ့ ပြည်သူအများစုကတော့ အလွန်ပဲအော့နှလုံးနာလျက်ရှိပါတယ်။ ဒါကြောင့်လည်း ကြံ့ဖွံ့ပါတီသာ အနိုင်ရခဲ့ရင် ယခင်လို လာဘ်စားတဲ့ဝန်ကြီးများ နေရာပြန် ရသွားမလားဆိုတဲ့ ပြည်သူတွေရဲ့စိုးရိမ်မှုက သူတို့ရဲ့သဘော ထားကို ပြသသွားခဲ့တာ ဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီရဲ့ အမှားများစွာထဲက အဆိုးရွားဆုံးအမှားကတော့ ကြံ့ဖွံ့ပါတီကခန့်အပ်ထားတဲ့ အောက်ခြေ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ကိုယ်ကျိုးစီးပွားရှာမှု၊ နယ်မြေအလိုက် စည်းရုံးရေးတာဝန်ပေးထားတဲ့ ပြည်သူ့ ဆက်ဆံရေးတာဝန်ခံများရဲ့ မောက်မာ မှုပဲ ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီကခန့်အပ်ထားတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များဟာ ရပ်ရွာကောင်းကျိုးထက် သူတို့ရဲ့ ကိုယ် ကျိုး စီးပွားအတွက်သာ လုပ်နေခြင်းများကြောင့် ကြံ့ဖွံ့ပါတီအပေါ် ပြည်သူလူထုထောက်ခံမှု ကျဆင်းလျက်ရှိပါတယ်။

အထူးသဖြင့် ရပ်ကွက်၊ ကျေးရွာတွေမှာ စည်းရုံးရေးမှူး (ပြည်သူ့ဆက်ဆံရေးတာဝန်ခံ)အဖြစ် တာဝန်ပေးထားသူများဟာ ပြည်သူ လူထုကို ရင့်သီး မောက်မာစွာ ဆက်ဆံမှု၊ နိုင်လို မင်းထက်ပြုမှုများကြောင့် အောက်ခြေလူတန်းစားအလွှာမှာ ကြံ့ဖွံ့ပါတီကို မုန်းတီး နာကြဉ်းနေပြီး NLD နောက် လူထုပါ သွားခြင်းဖြစ်ပါတယ်။ ဒီလိုပါတီရဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေကို အချိန်မှီပြုပြင် နိုင်ခြင်းမရှိသလို ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်များကလည်း ပြည်သူတွေကို ထိတွေ့စည်းရုံးမှု အားနည်းခဲ့ပါ တယ်။

NLD ကတော့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့အချိန်ကတည်းက လူတန်းစားအလွှာအသီးသီးကိုစတင်စည်းရုံးလှုပ်ရှား ခဲ့တာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီး နောက်ပိုင်း ပြည်သူလူထုကိုထိတွေ့ နေချိန်မှာ ကြံ့ဖွံ့ပါတီက ပြည်သူလူထုနဲ့ကင်းကွာသွားခဲ့ပါတယ်။ ပါတီမပြောင်းလဲခင် အသင်းတုန်းကလုပ်ခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးတွေ ကို ပါတီပြောင်းလဲလိုက်ချိန်မှာ သိသိသာသာလျော့ချလိုက်တာ မူဝါဒ အမှားလို့ ထင်မြင်မိပါတယ်။

ဗဟိုက ဦးစီးချုပ်ကိုင်တဲ့ပုံစံနဲ့ဝင်ပြိုင်လို့ တစ်ချို့နယ်မြေတွေမှာ ကြံ့ဖွံ့ကိုယ်စားလှယ်တွေကို ဒေသခံမဲဆန္ဒရှင်တွေက မသိတာများ ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ကြံ့ဖွံ့ပါတီကို မဲပေးမယ်ကြလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး NLD ကို အထင် သေး ခဲ့ကြပါတယ်။

မဲပေးခဲ့တဲ့မဲဆန္ဒရှင်များဟာ ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ကိုသာကြည့်ပြီး NLD ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့စိတ်ကြောင့် NLD ပါတီရဲ့ကိုယ်စားလှယ်လောင်း ဘယ်သူဘယ်ဝါ၊ စွမ်းဆောင်ရည်ကို မစဉ်းစားမသုံးသပ်ကြ တော့ဘဲ NLD ကိုမျက်စိမှိတ်ပြီး မဲပေးခဲ့ကြပါတယ်။ ဒါ့ကြောင့် NLD ရဲ့အမတ်လောင်းတွေထဲမှာ စန္ဒာမင်းတို့လို လူမှုရေး ဖောက်ပြန်သူများ ဇေယျာသော်လို ဘိန်းစားများဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်နဲ့ မဲအသာစီးရခဲ့တာ အထူးအဆန်း တော့မဟုတ်ပါဘူး။

အပြောင်းအလဲတွေပေါ်မူတည်ပြီး NLD ပါတီ နေရာပေါင်းစုံကနေ တက်ညီလက်ညီ လှုပ်ရှားစည်းရုံးနေချိန်မှာ ကြံ့ဖွံ့ပါတီက အပြောင်းအလဲလုပ်လိုတဲ့ ပြည်သူလူထုကို မစည်းရုံးနိုင်ခဲ့လို့ ထောက်ခံမှုကျဆင်းခဲ့ရတယ်ဆိုတာတော့ ရှင်းရှင်းလေးပါ။ မဲရလဒ် တွေအရ အပြောင်းအလဲဖြစ်ရင်ပြီးရောဆိုပြီး မျက်စိမှိတ် မဲပေးခဲ့ကြတာကိုကြည့်ရင် ပြည်သူ လူထုကအပြောင်းအလဲကို လိုလားနေ တယ်ဆိုတာ တတိယအရေးကြီးဆုံးအချက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

ဘယ်သူမှာတာဝန်ရှိသလဲ

မြန်မာလူမျိုးတွေရဲ့ ပင်ကိုယ်စိတ်နေသဘောထားအရ သူရဲကောင်းကို လေးစားတဲ့စိတ်က အလိုလိုရှိပြီးသားပါ။ ဗိုလ်ချုပ်အောင် ဆန်းဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက သိရှိထားကြသလို မီဒီယာတွေနဲ့ နိုင်ငံတကာ ပုံရိပ်တွေကြောင့် NLD ပါတီရဲ့ Icon ဟာဒေါ်အောင်ဆန်းစုကြည် ဖြစ်နေပါတယ်။ NLD ရဲ့ Icon က ဒေါ်အောင်ဆန်း စုကြည်ဖြစ်သလို ကြံခိုင်ရေးပါတီရဲ့ Icon ကဘယ်သူလဲ လို့ မေးလာလိုက်ရင် ဘယ်သူဘယ်ဝါမှန်း ကွဲကွဲပြားပြား မသိရ ပါဘူး။ ပါတီကို ဦးဆောင်ပေးနေတဲ့ Icon ဆိုတာ ဦးရွှေမန်းလား၊ ဦးဌေးဦးလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရပဲ သို့လော သို့လော ဖြစ်နေပါတယ်။

ဒုဥက္ကဌတာဝန်ယူထားတဲ့ ဦးရွှေမန်းကရော ဘာလုပ်နေလဲ? ပါတီအောင်နိုင်ရေး အတွက် ဦးရွှေမန်း ဘယ်လိုနည်းဗျူဟာတွေ ချမှတ်ခဲ့ပါသလဲ? ပါတီစည်းရုံးရေးအတွက် ဘာတွေလုပ်ခဲ့ပါသလဲ? ပါတီတွင်းစည်းလုံး ညီညွှတ်မှုမရှိတာကို မသိခဲ့တာလား၊ မသိချင်တာလား?ဆိုတဲ့ မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။ ဦးရွှေမန်းကိုယ်တိုင် ပြောဆိုလုပ်ကိုင်နေတာတွေဟာ ကြံ့ဖွံ့ပါတီတွင်း စည်းလုံးညီညွှတ်မှု မရှိဘူးဆိုတာကို ပြည်သူ လူထုကို ပြောပြနေသလိုဖြစ်နေပါတယ်။

NLD ပါတီရဲ့ Icon ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ခွပ်ဒေါင်း ဖြစ်သလို ဦးရွှေမန်းသာအမှန်တကယ် သတ္တိရှိ  တယ်ဆိုရင် ကြံ့ဖွံ့ပါတီ ရဲ့ Icon ဟာလည်း  ဦးရွှေမန်းနဲ့ခြင်္သေ့ ဖြစ်သင့်ပါတယ်။ နိုင်ငံတကာမှာဆိုရင် ရွေးကောက်ပွဲရှုံးခဲ့ရင်တော့ ပါတီတာဝန်ရှိသူက ပါတီကနေနှုတ်ထွက်ပေးရတယ်ဆိုတာလေ့လာသိရှိ ရပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ရှက်ဖွယ်ကောင်း လောက်အောင်ရှုံး ရခြင်းအတွက် ရဲရင့်ငယ် ၀ဘ်ဆိုက်မှာဖော်ပြထားတဲ့ ဆောင်းပါးရှင် ကောင်းကင်မင်းသား မေးသလို အဘမန်း ဘာလုပ်မှာလဲ အဘမန်းဘယ်လဲ လို့ မေးလိုက်ချင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ပါတီရဲ့ပြုပြင်ပြောင်းလဲခြင်းများကို သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့လုပ်မယ်ဆိုရင် ကြံ့ဖွံ့ပါတီစည်းလုံးမှုကို ပြိုကွဲနိုင်တဲ့ အပြုအမူအပြောအဆိုများကို ရပ်ဆိုင်းရမှာဖြစ်ပါတယ်။ တာဝန်အရလွှတ်တော် အနေနဲ့ အစိုးရအဖွဲ့ကို ထောက်ပြဖို့ လိုအပ်လာရင် လူပြိန်းအကြိုက် လက်တန်းမပြောပဲ မဟာဗျူဟာကျကျ စဉ်းစားတွေး ခေါ်ပြီး ပြောသင့်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအလွန် လာမဲ့လွှတ်တော်သက်တမ်းအတွင်း အစိုးရအဖွဲ့ကို ဖိအား ပေးလာမဲ့ NLD က အင်အားစုတစ်ခု ရောက်လာတော့မှာဖြစ်တဲ့အတွက် လွှတ်တော် ဥက္ကဌကြီး အနေနဲ့  အစိုးရအဖွဲ့အား ပုတ်ခတ်ပြောဆိုတိုက်ခိုက်ခြင်းများကို ဦးဆောင်ဦးရွက်မပြုပဲ သတိထားရပါမယ်။ မိခင်ကြံ့ဖွံ့ပါတီ ဒုဥက္ကဌတစ်ယောက် အနေနဲ့ ပြည်သူလူထုအကျိုးစီးပွား မထိခိုက်ပဲ ပါတီရဲ့ဂုဏ်သိက္ခာ၊ ပါတီရဲ့စည်းလုံးညီညွတ်မှုတို့ကို ထိန်းညှိလုပ်ဆောင် သင့်ပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျဆင်းခဲ့တဲ့ ကြံ့ဖွံ့ပါတီဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ ပါတီအတွင်း သန့်ရှင်းရေးအတွက် ပါတီအတွင်း နာမည်ဆိုးနဲ့ကြော်ကြားသူတွေကို ပြတ်ပြတ်သားသားရှင်းလင်း ဖယ်ထုတ်ပြီး မရှု့မလှ ရှုံးနိမ့်မှုအတွက် တာဝန်အရှိဆုံး ဒုတိယဥက္ကဌကြီးအနေနဲ့လည်း နုတ်ထွက်သင့်ကြောင်း ဝေဖန်ချက်များ ကျယ်ကျယ် ပြန့်ပြန့် ရှိနေပါတယ်။ ဒါကြောင့်၂၀၁၅ ရွေးကောက်ပွဲအကြို ပါတီရဲ့ ပုံရိပ်(Image)ပြန်လည်ကောင်းမွန်လာစေရေးအတွက် ကြံ့ဖွံ့ပါတီအနေနဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများကို ဘယ်လိုချမှတ်မလဲဆိုတာ စောင့်ကြည့်ကြရပါတော့မယ်။

Ref: သျှမ်းသံတော်ဆင့်သတင်း

အောင်မြင်တဲ့ တိုင်းပြည်ဖြစ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကတိပြု

ဆီးရီးယားနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်မှုဖြစ်ရတဲ့ အကြောင်း အတည်ဖြစ်နေဆဲ အပစ်ရပ်သဘောတူညီမှုကို စောင့်ထိန်းဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောပါတယ်။ ဆီးရီးယား အစိုးရကိုလည်း ရရှိထားတဲ့ အပစ်ခတ်ရပ်စဲမှုကို ဘယ်လိုနည်းလမ်းနဲ့မဆို ဆက်လက် ထိန်းသိမ်းထားဖို့ တိုက်တွန်းလိုက်ပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ဘယ်လ်ဂျီယံ ၀န်ကြီးချုပ် အီလီယို ဒီ ရူပိုနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ မစ္စတာဘန်ကီမွန်းက ဆီးရီးယားနိုင်ငံ အလယ်ပိုင်း သူပုန်တွေရဲ့ ဟုမ်းစ် မြို့ကို အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေမှုအပေါ် သူ့အနေနဲ့ အလွန်စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။ သွေးထွက်သံယို ဖြစ်ပွားမှုတွေကို ရပ်စဲဖို့ သူ့အနေနဲ့ အတတ်နိုင်ဆုံး တောင်းဆိုပါတယ်လို့ ပြောပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ ဒီကနေ့ တနင်္လာနေ့မှာ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ရဲ့ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဆီးရီးယား အစိုးရတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သုံးမိနစ်တကြိမ်နှုန်းလောက် ပစ်ခတ် တိုက်ခိုက်နေပြီး လူ ၅ ဦး ထက်မနည်း သေဆုံးခဲ့ရပြီးပြီလို့ ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် ရာမီ အဗ္ဘဒယ်လ် ရာမန်က ပြောပါတယ်။
သမ္မတ ဘက်ရှာအယ်လ်အာဆဒ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်တွေကလည်း နိုင်ငံမြောက်ပိုင်း အလက်ပို ခရိုင်က ရဲစခန်းကို ၀င်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

လက်နက်ကိုင် အကြမ်းဖက် အုပ်စုတွေက နိုင်ငံတကာကနေ ညှိနှိုင်းပေးထားတဲ့ အပစ်ရပ်ရေး ဆိုတာကို အခွင့်ကောင်း ယူပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆီးရီးယားအစိုးရက ပြောဆိုပါတယ်။ အကြမ်းဖက်အုပ်စုတွေရဲ့ ရာဇ၀တ်မှု မြောက်တဲ့ တိုက်ခိုက်မှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ ခုခံကာကွယ်မှုတွေ ပြုလုပ်ရမှာဖြစ်တယ် ဆိုပြီး နိုင်ငံပိုင် ရုပ်သံဌာနကနေ ပြောဆိုသွားပါတယ်။

Ref: VOA

သန်လျင် NLD လူငယ်တွေ သင်္ကြန်မှာ တိုက်ခိုက်ခံရ

88 မျိုးဆက် ကျောင်းသားအဖွဲ့တွေ သန်လျင်က အပြန်(ဓာတ်ပုံ 88 Generation)
သန်လျင်မြို့နယ်မှာ ရှိတဲ့ အဲန်အယ်လ်ဒီလူငယ်တွေ ရေကစားမဏ္ဍပ် တနင်္ဂနွေနေ့ ညနေ သိမ်းအပြီးမှာပဲ လူငယ်တစ်စုရောက်လာပြီး ၀င်ရိုက်နှက်လို့ အဖွဲ့ဝင်တချို့ ဒဏ်ရာတွေရသွားကြပါတယ်။

ခုလိုဖြစ်ရတာကလဲ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ယာဉ်တန်း အဲဒီ မဏ္ဍာပ်ကိုရောက်အပြီး ပြန်ထွက်စမှာ ဖြစ်သွားတာလို့ သန်လျင်မြို့နယ် အဲန်အယ်လ်ဒီ လူငယ်အဖွဲ့က ကိုညီညီဦးက ဘီဘီစီကို ပြောပါတယ်။

ကိုမင်းကိုနိုင်တို့အဖွဲ့ သန်လျင်ဘုရားကြီးဘက်ကို ဖျော်ဖြေရေးသွားရောက်ပြီး ညနေ ၆ နာရီလောက် မဏ္ဍပ်ရှေ့ကိုရောက်လာလို့ မဏ္ဍပ်မှာရှိတဲ့ အဲန်အယ်လ်ဒီ လူငယ်တွေက နှုတ်ဆက်နေတုန်း တဖက်က ဘီအမ် ဘတ်စ်ကားတစ်စီး ရောက်လာပြီး အဲဒီက လူ ၁၀ ယောက်လောက် ဆင်းလာပြီး လူငယ်တွေကို စ ရိုက်နှက်တာလို့ ကိုညီညီဦးက ပြောပါတယ်။

ကိုမင်းကိုနိုင်နဲ့ အဖွဲ့ကတော့ ကား စ ထွက်နေပြီမို့လို့ အတိုက်ခိုက် မခံလိုက်ရဘူးလို့ ဆိုပါတယ်။

ဝင်ရိုက်တဲ့ လူငယ်တွေထဲမှာ တစ်ယောက်က ကြံ့ခိုင်ဖွဲ့ဖြိုးရေးပါတီ တံဆိပ်ပါတဲ့ တီရှပ်ကို ၀တ်ထားတယ်လို့လဲ ကိုညီညီဦးက ပြောပါတယ်။

အရိုက်ခံလိုက်ရတဲ့လူငယ်တွေကို သန်လျင်ဆေးရုံကို ခေါ်သွားပြီး ဆေးကုသမှုခံခဲ့ရပါတယ်၊ ရဲစခန်းမှာလည်း တိုင်ချက်ဖွင့်ခဲ့လို့ အခုတော့ ၅ ယောက်ကို ဖမ်းဆီးထားပြီလို့ သိရပါတယ်။

၈၈ မျက်ဆက်ကျောင်းသား အဖွဲ့ယာဉ်တန်းနဲ့ ပါသွားတဲ့ ကိုဂျင်မီကတော့ သူတို့အဖွဲ့သားတွေအားလုံး အဲဒီ သန်လျင်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ မသိပါဘူး၊ သူတို့နဲ့လဲ ဆက်စပ်မှုရှိတယ်လို့ မထင်ပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

သန်လျင်က အဲန်အယ်လ်ဒီ လူငယ် ကိုကိုညီဦးကတော့ ကိုမင်းကိုနိုင်တို့ ယာဉ်တန်းရောက်လာအပြီး အခုလို ၀င်တိုက်ခိုက်သူတွေ ရောက်လာတယ်ဆိုတာကိုက စဉ်းစားစရာဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။ 

Ref: BBC

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေး ကြိုးပမ်းနေတဲ့ အခုလိုကာလမျိုးမှာ ဘာသာရေးအရ အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေကို ရှောင်ရှားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
AFP
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့နဲ့ မကွေးတိုင်း ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံလိုက်တာ ဖြစ်တယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ် တည်ထောင်မယ့် အချိန်အခါမျိုးမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ဟာတွေ အငြင်းပွားနေမယ့်အစားကို တစ်ဦးပေါ်တစ်ဦး နားလည်မှု ရှိကြပါလို့ သူက အဲဒီလို ပြောပါတယ်။ ဘာသာရေးက သိပ်ပြီးတော့ သိမ်မွေ့တယ်။ အခုလို အချိန်အခါမျိုးမှာ သည်းခံပါ။ တစ်ယောက်ကို တစ်ယောက် နားလည်နိုင်အောင် ကြိုးစားကြပါလို့ အဲလို မှတ်ချက်ပေးတယ်ဗျ။ နောက် ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ဘူး။ ဘယ်နိုင်ငံဖြစ်ဖြစ် ဘာသာရေးနဲ့ ပတ်သက်ရင် ဖြေရှင်းရခက်ကြတယ်။ အဲဒါကြောင့်မို့ မဖြစ်စေချင်လို့ ဒီလိုပြောလိုက်ရတာပါ"

ယခင်အစိုးရ အဆက်ဆက်တုန်းကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးတာရှိပြီး၊ နိုင်ငံရေးပယောဂ မကင်းဘဲ ဖြစ်ပေါ်လေ့ရှိတယ်လို့ မြန်မာ့သမိုင်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဘာသာရေးပေါ် အခြေခံပြီး ခိုက်ရန်ဖြစ်ပွားတာတွေကို NLD ပါတီအနေနဲ့ မလိုလားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

Ref: RFA

အနောက်နိုင်ငံတချို့ ပိတ်ဆို့မှုများ စတင်ရုပ်သိမ်း

မြန်မာနိုင်ငံအပေါ်နော်ဝေးနိုင်ငံက ချမှတ်အရေးယူထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ နော်ဝေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere ယိုးနတ်စ် ဂါး စတူရာက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံတွင်း တိုးတက်ပြောင်းလဲမှုတွေကို ကြည့်ရင် အာဏာပိုင်တွေဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲချင်တယ်ဆိုတာ ထင်ရှားနေကြောင်း၊ ဒီိအတွက် ကြိုဆိုရမှာ ဖြစ်ကြောင်း၊ အခု မြန်မာနိုင်ငံ လိုအပ်နေတာကတော့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မိဖို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီတွေပဲ ဖြစ်ကြောင်းလည်း နော်ဝေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere ယိုးနတ်စ် ဂါး စတူရာက ပြောဆိုပါတယ်။

တချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သူများကို ပြောလိုတာကတော့ ဒီပိတ်ဆို့ အရေးယူမှုတွေကို ပြန်ချမှတ်နိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ အမှန်စင်စစ်တော့ ကျွန်တော်တို့ဟာ အရေးယူမှုတွေကို ဆိုင်းငံ့လိုက်တာပဲ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

နော်ဝေးနိုင်ငံဟာ မြန်မာနိုင်ငံ သစ်ဝယ်ယူ တင်သွင်းမှုကိုလည်း ပိတ်ပင်တားမြစ်ထားတယ်လို့  သိရပါတယ်။ ခုလိုစီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပေမဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးချက်ကို ဆက်လက် ထားရှိတယ်လို့  ဆိုပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံက ရာပေါင်းများစွာသော ပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေကို သြစတြေးလျနိုင်ငံက ရုပ်သိမ်းမှာ ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက လန်ဒန်မြို့မှာ တနင်္ဂနွေနေ့က ကြေညာ ပြောဆိုလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်အပါအဝင် လူပုဂ္ဂိုလ် အယောက် ၂၆၀ အပေါ် ချမှတ်အရေးယူထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်ကြောင်း၊ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူလို့ ယူဆရသူတွေ စုစုပေါင်း ၁၃၀ ခန့်ကိုတော့ အရေးယူခံရသူများ စာရင်းထဲမှာ ဆက်လက်ထားရှိမှာဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr က ပြောဆိုပါတယ်။

မြန်မာ အတိုက်အခံတွေနဲ့ အခြားအခြားသော နိုင်ငံတွေကို တိုင်ပင်ဆွေးနွေးပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း သူကပြောဆိုပါတယ်။

Mr Bob Carr က သမ္မတ ဦးသိန်းစိန်ဟာ တကယ်ပဲ ရိုးသားဖြောင့်မတ်သူ ဖြစ်တယ်လို့ ထင်ကြောင်း၊ ဒီအတွက် သူအကျိုး ခံစားထိုက်တယ်လို့  မိမိအနေနဲ့ ယူဆကြောင်း ပြောဆိုပါတယ်။
ဒါပေမဲ့ လိုအပ်လာတယ်ဆိုရင် အချိန်မရွေး ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်ချမှတ်နိုင်ကြောင်းလည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

Ref: RFA

Sunday, 15 April 2012

ဒုတိယ ကမ္ဘာစစ် လက်ကျန်တိုက်လေယာဉ်များ ဗြိတိန်ကို ပြန်ပို့မည်

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာမှာ သိုဝှက်ထားခဲ့တဲ့ တိုက်လေယာဉ်တွေကို ဗြိတိန်နိုင်ငံကို ပြန်လည်ပေးပို့ဖို့ အစိုးရချင်း သဘောတူညီခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းနဲ့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့စဉ်အတွင်း အဲဒီသမိုင်းဝင် တိုက်လေယာဉ်တွေကို ပြန်လည်ရှာဖွေပေးပို့ဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်တပ်တွေအ၀င် ၁၉၄၅ ခုနှစ် နွေရာသီမှာ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်ရဲ့ အမိန့်နဲ့ ဗြိတိသျှစစ်တပ်က Spitfires အမျိုးအစား တိုက်လေယာဉ် အသစ်အစီး (၂၀) ကို ဂျပန်စစ်တပ်တွေ မသိမ်းယူနိုင်အောင် မြေမြှုပ်သိုဝှက်ထားခဲ့ပါတယ်။

အခုအခါ ဗြိတိန်နိုင်ငံ Leeds တက္ကသိုလ်က ကျွမ်းကျင်သူတွေနဲ့ ရန်ကုန်အခြေစိုက် မြန်မာပညာရှင်တစ်ဦးတို့ ပူးပေါင်းပြီး ရေဒါနည်းစနစ်တွေနဲ့ လေယာဉ်တွေ သိုဝှက် မြှုပ်နှံထားတဲ့နေရာကို ရှာဖွေခဲ့ကြရာမှာ အဲဒီနေရာကို သိရပြီလို့ ယုံကြည်ရပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းက Spitfires အမျိုးအစား တိုက်လေယာဉ် စီးရေ နှစ်သောင်းတစ်ထောင်လောက် ထုတ်လုပ်ခဲ့ရာမှာ အခုအခါ (၃၅) စီးလောက်ပဲ မောင်နှင်ပျံသန်းလို့ရတဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ်။
Ref: RFA

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှစ်သစ်ကူး ဆင်နွဲ

AFP


ထိုင်းရိုးရာ နှစ်သစ်ကူးရေသဘင်ပွဲတော်တွင် ထိုင်းစစ်တပ်မှ တပ်သားများ တောင်ပိုင်းဒေသဖြစ်သည့် နာရာသီဝပ် ခရိုင်တွင် ၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ပါဝင်ဆင်နွဲနေကြပုံ ဖြစ်ပါသည်။





ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ဒီနှစ်ကျရောက်တဲ့ သင်္ကြန်ပွဲတော်ကာလမှာ တရားနာပွဲများ၊ ရဟန်းခံရှင်ပြုအလှူများ၊ သက်ကြီးပူဇော်ပွဲများနဲ့ နှစ်သစ်ကူး ရေကစားပွဲတော်တွေကို မိမိတို့ ဒေသအလိုက် ပြုလုပ်ကြတယ်လို့ သိရပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုဟာ အလုပ်က နားနေကြပြီး မိမိတို့ဒေသအလိုက် ကုသိုလ်ကောင်းမှုပြုသူ၊ တရားဘာဝနာ ပွားများသူ၊ ရေပက်ကစားသူတွေနဲ့ အထူးစည်ကား ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မြန်မာအလုပ်သမား အများဆုံးရှိတဲ့ စမုတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသက အခြေအနေကိုတော့ မြန်မာအလုပ်သမား အရေး လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ ဦးတိုးက အခုလို ပြောပါတယ်။
 “ကျွန်တော်တို့နှစ်စဉ်ကျင်းပတဲ့ သမထဝိပဿနာ တရားစခန်းကျင်းပတယ်။ ဝပ်ထစ်ကျောင်းမှာ ၁၂ ရက်နေ့ ညနေ ၆ နာရီက စတယ်။ ၁၆ ရက်နေ့ ၁၂ နာရီထိအောင် သတ်မှတ်ထားတယ်။ အဲဒါက လူပုဂ္ဂိုလ်ရိုးရိုးတွေချည်းပဲ တရားထိုင်ကြတယ်။ ဝပ်ခေါင်မဒီယံမှာတော့ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီကနေပြီးတော့ ၁၇ ရက်နေ့အထိအောင် သတ်မှတ်ထားတယ်။ အဲဒါက တရားစခန်းပါတယ်။ ရဟန်းခံရှင်ပြုပါမယ်။ မယ်သီလရှင်ပါတယ်။ ရဟန်းနဲ့ ကိုရင်နဲ့ တရားထိုင်တဲ့ ယောဂီအပါး အားလုံး စုစုပေါင်း (၃၀၀) ကျော်တယ်။ လတ်ဘူရီမှာ ဘုရားတည်နေတာရှိတယ်။ တချို့အလုပ်သမားတွေက ဘတ်စ်ကားတွေဘာတွေ ဌားပြီးတော့ အဲဒီနေရာကို သွားလည်ကြတယ်။ နောက်တစ်ခုက ရေကစား တော်တော်များများတွေ့ရတယ်။ မြန်မာနဲ့ထိုင်းနဲ့ကြားမှာ ကျွန်တော်တို့မြန်မာတွေ များတယ်။”
 ဒါ့အပြင် ထိုင်းနိုင်ငံကိုခေတ္တ ကြွရောက်လာတဲ့ ရွှေညဝါဆရာတော်ကြီးကလည်း ဒီကနေ့ ညနေ ၇ နာရီခွဲမှာ ပုဇွန်စက်ရုံ တစ်ခုဖြစ်တဲ့ စိန်ထော်ရုံမှာ တရားဟောကြားတော်မူမယ်လို့ သိရပါတယ်။ အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွာပမြို့နယ်အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED က ကြီးမှူးပြီး အသက် (၆၀) ကျော် အဘွားအို၊ အဘိုးအိုတွေကို ခြေသဲလက်သဲညှပ်ပြီး ကောင်းမှုကုသိုလ် ပြုလုပ်ကြရာမှာ မြန်မာအလုပ်သမား ဦးရေ (၅၀) ကျော် ပါဝင်တယ်လို့ သိရပါတယ်။ဒီအကြောင်းကိုတော့ FED အဖွဲ့ရဲ့ ရွှေ့ပြောင်းအလုပ်သမားရေး တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။ 
 “ဒီသင်္ကြန်မှာတော့ သက်ကြီးပူဇော်ပွဲတွေ လုပ်တယ်။ ဘုန်းကြီး ၂ ပါးပင့်ပြီးတော့ လုပ်တယ်။ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ လုပ်တယ်။ လူဦးရေ (၅၀) လောက်လာတယ်။ ကန်တော့ခံတဲ့ သက်ကြီးပူဇော်ခံတဲ့သူတွေကတော့ (၁၈)ယောက်ရှိတယ်။ အဘွားကြီးက (၁၂) ယောက် အဘိုးကြီး (၆) ယောက် အဲဒါကျွန်တော်တို့ လက်သည်းခြေသည်းညှပ် ပြီးတော့ခေါင်းတွေဘာတွေ လျှော်ပေးပြီးတော့ ကျွန်တော်တို့ ရေစိုထမင်းနဲ့ ငါးခြောက်ကျော်ထမင်းကျွေးပြီးတော့ ပြီးဆုံးသွားတာပေါ့နော်။ ပကလန် ရော်ဘာခြံမှာ ရေပက်ခံထွက်တာတော့ရှိတယ်ဗျ။”
ထိုင်းနိုင်ငံတောင်ပိုင်းကတော့ ရေပက်ကစားမှုကို သင်္ကြန်အကျနေ့ တရက်ထဲပဲ ပြုလုပ်တာဖြစ်ပါတယ်။ အလားတူပဲ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်စတဲ့ ထိုင်းနိုင်ငံဒေသ အသီးသီးမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ မိမိတို့ဒေသတွင်းမှာ ထိုင်းပြည်သူတွေနဲ့အတူ နှစ်သစ်ကူး ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေကြပါတယ်။ 
Ref: RFA

သမ္မတ ဦးသိန်းစိန်ကို လန်ဒန်သင်္ကြန်က ငြိမ်းချမ်းရေးဆု ချီးမြှင့်

မနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မြို့က ၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ပါတယ်။

လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရက အခုလို မိန့်ပါတယ်။

ဆရာတော် ဦးဥတ္တရ
" ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ၊ လုပ်ဆောင်နေတာကို ကြည့်သောအားဖြင့် ဘုန်းကြီးတို့  ငြိမ်းချမ်းရေးဆုကို ပေးပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကလည်း ငြိမ်းချမ်းချင်ကြတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကလည်းပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွက်ကြောင့် ဘုန်းကြီးတို့က ဒီနှစ်ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပိုလုပ်လာနိုင်အောင် ဆိုပြီးတော့ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပါတယ်"

လန်ဒန်သင်္ကြန်ကနေ ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ်လို့ သိရပါတယ်။

မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပရာမှာ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါ။

Ref: RFA

NLD က လွှတ်တော် တက်မှာ မဟုတ်ဘူးတဲ့

Hlat_Daw_stutyရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် သစ်တွေ ကျမ်းကျိန်တဲ့ အခါ ရွတ်ဆို ရတဲ့ စကားလုံး အသုံး အနှုန်း ပြင်ဆင်ဖို့ ကိစ္စ အဆင်မပြေလျှင် NLD က လွှတ်တော် တက်မှာ မဟုတ်သေးဘူးလို့ ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါသည်။

“သမ္မတကြီးဆီ တင်တာ။ သမ္မတကို အကြံပေးတာပေါ့လေ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ အကြံပေးကြတာပါ။  ကျနော်တို့ ကတော့ ကျမ်းကျိန်လွှာမှာ ပြင်စေချင်တာပေါ့နော်။ ဥပဒေနဲ့ အညီ ပြင်စေချင်တာပေါ့။ ကျနော်တို့ ကျမ်းကျိန် လွှာမှာပါတဲ့ စကားလုံးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပြုချက်လေးတွေ တင်ထားပါတယ်။ အကြံပြုချက်လေးတွေ တင်ထားတဲ့ အပေါ်မှာ ပြေလည်ကောင်းမယ်လို့ မျှော်လင့်တယ်လေ။” 

ဧပြီလ ၂၃ ရက်နေ့မှာ ပြည်သူ့ လွှတ်တော် အစည်းအဝေး ပြန်စဖို့ ရှိနေပြီး အဲဒီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေပါ တက်ဖို့ စီစဉ်ထားပါသည်။ သို့သော် လွှတ်တော် မတက်ခင် ကျမ်းကျိန်သည့်အခါ အခုလို ပြောင်းလဲ ရွတ်ဆိုနိုင်ဖို့ ပြင်ဆင်တာ အချိန် မှီမကျခဲ့လျှင် ထိုရက်တွင် NLD က ကိုယ်စားလှယ်တွေ လွှတ်တော် တက်ဖြစ်မှာ မဟုတ်သေးဟု ဆိုပါသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတော် သမ္မတဆီ အကြံပြုစာကို ယမန်နေ့က တင် လိုက်သည်ဟု ပြောပါသည်။ ကျမ်းကျိန်သည့်အခါ ရွတ်ဆိုရမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမည်ဆိုသည့် စကားလုံးအစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာမယ် ဆိုသည့် စကားလုံး ပြင် ဆင်နိုင် ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစား နေခြင်းဖြစ်ပါသည်။

“ဟုတ်ပါတယ်။ မမှီရင် နောက်ပိုင်းမှ တက်ဖြစ်မှာပါ။ သိပ်တော့ ကြာမယ်မထင်ဘူး။ ဒါပေမဲ့လို့ သင်္ကြန်တွင်းတော့ ဖြစ်နေတော့ အဲဒါတော့ မပြောတတ်ဘူး။ သင်္ကြန်တွင်းကလည်း ပိတ်ရက်တွေက များနေတော့။”

အကယ်၍ အကြံပြုစာကို ဆုံးဖြတ်ချက်တခုခု မရှိလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်ရလိမ့်မည်ဟု ဦးဥာဏ်ဝင်းက ဆိုပါသည်။

 NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ကလည်း သမ္မတ ဦးသိန်းစိန်နှင့် နေ ပြည်တော်တွင် နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးပါသည်။ ဆွေးနွေးကြသည့် အကြောင်းအရာများကို အပြည့်အစုံ ထုတ်ပြန်ခြင်း မရှိသော်လည်း ကျိမ်းကျန်ရာတွင် စကားလုံး အပြောင်းအလဲ နှင့် ရွတ်ဆိုနိုင်ရေး ကိစ္စများလည်း ပါဝင်မည်ဟု NLD ဘက်မှ ပြောထားပါသည်။
Ref: ရွှေဟင်္သာ

အစိုးရ နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ အပစ်ရပ်ပြီး

အစိုးရ၏ ကမ်းလှမ်းချက် အရ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) The National Socialist Council of Nagaland – Khaplang မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ (၉) ရက်နေ့ မွန်း လွဲပိုင်း (၂) နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့ တပ်နယ် ခန်းမတွင် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ အဆိုပါ အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးရေးတွင် အချက် (၅) ချက် ပါဝင်သော ပဏာမ သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ ပါသည်။ 

ငြိမ်ချမ်းရေးအတွက် တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက် များမှာ-
(က) တပ်မတော်နှင့် နာဂ လက်နက်ကိုင် အဖွဲ့တို့သည် ၂၀၁၂ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ မှစ၍ အပြန်အလှန် အပစ်အခတ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန်။

(ခ) နှစ်ဦးနှစ်ဖက် အပြန်အလှန်ပြောဆို ဆက်ဆံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက်  နာဂလက်နက်ကိုင် NSCN-K အဖွဲ့ ၏ ဆက်ဆံရေးရုံကို နှစ်ဖက် သဘောတူညီသော ခန္တီးမြို့တွင် ဖွင့်လှစ်ရန်။

(ဂ) အပစ်အခတ် ရပ်ဆိုင်းထားစဉ် ကာလအတွင် နှစ်ဦနှစ်ဖက် သဘောတူညီထားသော နေရာများမှအပ နယ်မြေ ကျော် လွန်၍ လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဦးနှစ်ဖက် ကြိုတင် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်။

(ဃ) အပစ်အခတ်ရပ်စဲ ထားစဉ်ကာလအတွင်း နာဂ လက်နက်ကိုင် NSCN-K အဖွဲ့အား လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ပြုရန်။

(င) ပြည်ထောင်စု အစိုးရက ဖွဲ့စည်းသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ နှင့် နာဂလက်နက်ကိုင် NSCN-K အဖွဲ့မှ ဖွဲ့စည်း သည့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့သည် နှစ်ဦးနှစ်ဖက် သဘောတူညီသော နေရာ၊ သဘောတူညီသော အချိန်ကာလ တွင် နာဂဒေသအတွင်း တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကိစ္စရပ်များ ဖေါ်ဆောင်နိုင်ရေးအတွက် ဆက်လက် တင်ပြ ညှိနှိုင်းဆွေးနွေးကြရန် တို့ဖြစ်သည်။
N_02ထိုအပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲအတွင်းသို့ စစ်ကိုင်းတိုင်း ဒေသကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်း ဆောင်၊ တိုင်းဒေသကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုးကြီး ကြည်နိုင် ဦးဆောင်သော အဖွဲ့ဝင် (၅) ဦး နှင့် အနာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ခေါင်းဆောင် Y ဝမ်းဝာင် နာဂ ဦးဆောင် အဖွဲဝင် (၇) ဦး တက်ရောက်ခဲ့ပါသည်။

နာဂ တိုင်းရင်းသား များသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ အတွင်း၌ နေထိုင်ကြသည်။ အိန္ဒိယ- မြန်မာနယ်စပ် အတွင်း ခြေကုတ်စခန်း ဖွင့်လှစ်ထားပြီး အိန္ဒိယ- မြန်မာနိုင်ငံ အတွင်းရှိ နာဂဒေသများ ပူးပေါင်းပြီး သီးခြား နာဂနိုင်ငံ ထူထောင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည်။
N_01နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီသည် ၁၉၈၈ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၀ ခုနှစ် ဆန်းပိုင်းမှာ အခြေခံ ဥပဒေအရ စစ်ကိုင်းတိုင်း အတွင်း၌ ဒေသတချို့ကို စုပေါင်းကာ (လေးရှီး၊ လဟယ်၊ နန်းယိမ်း (၃) မြို့နယ်ပါဝင်) နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ခဲ့ပါသည်။

Ref: ရွှေင်္ဟသာ

ဦးခင်ညွန့်ဆောင်းပါးအကြောင်း ဦးမြင့်ရွှေပြန်ရှင်းပြီ

ဓါတ်ပုံ (မြင့်ရွှေ-ဖေ့စ်ဘုတ်)
Bangkok Post သတင်းစာတွင်ပါရှိခဲ့သော ဦးခင်ညွန့်နှင့် တွေ့ဆုံခြင်းဆောင်းပါးနှင့်ပတ်သက်၍ မူရင်းစာရေးသူ ဦးမြင့်ရွှေက သူ၏ facbook စာမျက်နှာတွင် ပြန်လည်ရှင်းလင်းရေးသား ထားပြီဖြစ်ကြောင်းတွေ့ရသည်။

ဦးခင်ညွန့်နှင့်သူသည် ၂၀၁၂ ခုနှစ် မတ်လလယ်ခန့်တွင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး သူ့အနေနှင့်အသံဖမ်းယူထားခြင်းမရှိပဲ ဦးခင်ညွန့်တို့ဖက်ကသာလျှင် အသံဖမ်းယူထားခြင်းရှိကြောင်း၊ မှတ်တမ်းဓာတ်ပုံကိုပင်လျှင် ဦးခင်ညွန့်၏ မိတ်ဆွေတစ်ဦးက သူ့ကိုရိုက်ပေးထားခြင်းဖြစ်ကြောင်း၊ ဦးခင်ညွန့်သည် သူ့အား ပြည်ပမီဒီယာသမားတစ်ဦးအဖြစ် လက်ခံတွေ့ဆုံခြင်းမဟုတ်ပဲ၊
မြန်မာလူမျိုး တစ်ဦးအဖြစ်သာလက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်ရွှေကရေးသားထားသည်။
 
"မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် အလျဉ်းသင့်သလို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်ဆောင်းပါးများ
 ရေးသားလေ့ရှိပြီး၊ယခုသူနှင့်တွေ့ဆုံခြင်းကိုလည်း ပြန်လည်ရေးသားမည့် ရည်ရွယ်ချက်
ကျွန်တော့်တွင်ရှိကြောင်းကိုတော့ ဦးခင်ညွန့်သိပြီးသားဖြစ်မည်ဟု ကျွန်တော်နားလည်ပါသည်"ဟု ဦးမြင့်ရွှေကဆိုသည်။

သို့ရာတွင် ယခု Bangkok Post သတင်းစာတွင် ပါလာသော သူ့ဆောင်းပါးမှာ မူလသူရေးသားပေးပို့ထားသည်နှင့်ကွဲလွဲချက်များပါရှိကြောင်း ဦးမြင့်ရွှေကရှင်းပြထားသည်။

သူသတင်းစာတိုက်သို့ပေးပို့စဉ်က ဆောင်းပါး၏ ခေါင်းစဉ်ကို "ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ်ခဲ့သည့်
မြန်မာ့ထောက်လှမ်းရေးအကြီးအကဲဟောင်း(Burma-ex-spyboss is a reformed man.)" ဟုရေးသားထားသော်လည်း သတင်းစာတွင်ပါလာသောအခါတွင်မူ ယင်းခေါင်းစဉ်မဟုတ်တော့ကြောင်း၊ စာသား အထားအသိုများနှင့်အရေးအသားဟန်ပါမတူတော့သည့်အပြင် သူမရေးသားခဲ့သည်တို့လည်း ပါလာကြောင်းကိုလည်း ဦးမြင့်ရွှေကရှင်းပြထားသည်။

အဓိကကျသောအချက်ဖြစ်သည့် ဦးခင်ညွန့်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းစာပိုဒ်တွင်မူ အတော်လေးခြားနားသွားသဖြင့် အငြင်းပွားမှုများပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း ဦးမြင့်ရွှေကရေးသား ရှင်းလင်းထားသည်။

ဦးမြင့်ရွှေ Bangkok Post သတင်းစာဆီသို့ ရေးသားပေးပို့ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့သည်ဟု ဦးခင်ညွန့်ကပြောကြားကြောင်း လုံးဝမရေးသားခဲ့။ သူ၏လေ့လာသုတေသနပြုချက်များအပေါ် အခြေခံ၍သာလျှင်အမှန်ဟု သူယုံကြည်သည်တို့ကိုရေးသား ခဲ့ခြင်းဖြစ်ကြောင်းသူကရှင်းထားသည်။

ထိုသို့ရေးသားခဲ့သော်လည်း သတင်းစာထဲဝယ်ပါလာသည်တွင်မူ သူရေးသားပေးပို့ခဲ့သည်နှင့်မတူတော့ပဲ ဦးခင်ညွန့်က ပြောပြသည့်ဟန်ဖြစ်နေကြောင်း ဦးမြင့်ရွှေကရှင်းပြထားသည်။

Bangkok Post သတင်းစာမှ စာပြင်များသည် ဦးမြင့်ရွှေရေးသားသည့် စာသားများထဲမှ ဝေါဟာရတစ်ခုဖြစ်သည့်"အလျှင်အမြန်(snap)" ကိုလည်း "လုယူသည်(snatch)" ဟု မှားယွင်းခဲ့ကြကြောင်းသူကထောက်ပြထားသည်။

အမှန်အားဖြင့်မူ သူသည် ယင်းဆောင်းပါးကို အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေ့ရှု၍
စေတနာကောင်းဖြင့်  ရေးသားခဲ့ခြင်းသာဖြစ်ကြောင်း ဦးမြင့်ရွှေကဆိုသည်။

"ကျွန်တော့်ဆောင်းပါးနှင့်ပတ်သက်၍ ပြည်သူ့ရဲရုံးဌာန၀ယ် စာနယ်ဇင်းရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့သည်ဆိုသောကြောင့် ကျွန်တော်အပါအ၀င် လူအများ နားလည်ရခက်ကာ ဇဝေဇ၀ါတွေဖြစ်ကုန်ကြပါသည်" ဟု ဦးမြင့်ရွှေကဆိုထားပါသည်။


Popular Myanmar News Journal
Ref: MNN

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes