“သမ္မတကြီးဆီ တင်တာ။ သမ္မတကို အကြံပေးတာပေါ့လေ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ အကြံပေးကြတာပါ။ ကျနော်တို့ ကတော့ ကျမ်းကျိန်လွှာမှာ ပြင်စေချင်တာပေါ့နော်။ ဥပဒေနဲ့ အညီ ပြင်စေချင်တာပေါ့။ ကျနော်တို့ ကျမ်းကျိန် လွှာမှာပါတဲ့ စကားလုံးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပြုချက်လေးတွေ တင်ထားပါတယ်။ အကြံပြုချက်လေးတွေ တင်ထားတဲ့ အပေါ်မှာ ပြေလည်ကောင်းမယ်လို့ မျှော်လင့်တယ်လေ။”
ဧပြီလ ၂၃ ရက်နေ့မှာ ပြည်သူ့ လွှတ်တော် အစည်းအဝေး ပြန်စဖို့ ရှိနေပြီး အဲဒီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေပါ တက်ဖို့ စီစဉ်ထားပါသည်။ သို့သော် လွှတ်တော် မတက်ခင် ကျမ်းကျိန်သည့်အခါ အခုလို ပြောင်းလဲ ရွတ်ဆိုနိုင်ဖို့ ပြင်ဆင်တာ အချိန် မှီမကျခဲ့လျှင် ထိုရက်တွင် NLD က ကိုယ်စားလှယ်တွေ လွှတ်တော် တက်ဖြစ်မှာ မဟုတ်သေးဟု ဆိုပါသည်။
ဤကိစ္စနှင့် ပတ်သက်ပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတော် သမ္မတဆီ အကြံပြုစာကို ယမန်နေ့က တင် လိုက်သည်ဟု ပြောပါသည်။ ကျမ်းကျိန်သည့်အခါ ရွတ်ဆိုရမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမည်ဆိုသည့် စကားလုံးအစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာမယ် ဆိုသည့် စကားလုံး ပြင် ဆင်နိုင် ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစား နေခြင်းဖြစ်ပါသည်။
“ဟုတ်ပါတယ်။ မမှီရင် နောက်ပိုင်းမှ တက်ဖြစ်မှာပါ။ သိပ်တော့ ကြာမယ်မထင်ဘူး။ ဒါပေမဲ့လို့ သင်္ကြန်တွင်းတော့ ဖြစ်နေတော့ အဲဒါတော့ မပြောတတ်ဘူး။ သင်္ကြန်တွင်းကလည်း ပိတ်ရက်တွေက များနေတော့။”
အကယ်၍ အကြံပြုစာကို ဆုံးဖြတ်ချက်တခုခု မရှိလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်ရလိမ့်မည်ဟု ဦးဥာဏ်ဝင်းက ဆိုပါသည်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ကလည်း သမ္မတ ဦးသိန်းစိန်နှင့် နေ ပြည်တော်တွင် နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးပါသည်။ ဆွေးနွေးကြသည့် အကြောင်းအရာများကို အပြည့်အစုံ ထုတ်ပြန်ခြင်း မရှိသော်လည်း ကျိမ်းကျန်ရာတွင် စကားလုံး အပြောင်းအလဲ နှင့် ရွတ်ဆိုနိုင်ရေး ကိစ္စများလည်း ပါဝင်မည်ဟု NLD ဘက်မှ ပြောထားပါသည်။
Ref: ရွှေဟင်္သာ



11:09
Unknown
Posted in:
0 comments:
Post a Comment