အစိုးရ၏ ကမ်းလှမ်းချက် အရ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) The National Socialist Council of Nagaland – Khaplang မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ (၉) ရက်နေ့ မွန်း လွဲပိုင်း (၂) နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့ တပ်နယ် ခန်းမတွင် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ အဆိုပါ အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးရေးတွင် အချက် (၅) ချက် ပါဝင်သော ပဏာမ သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ ပါသည်။
ငြိမ်ချမ်းရေးအတွက် တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက် များမှာ-
(က) တပ်မတော်နှင့် နာဂ လက်နက်ကိုင် အဖွဲ့တို့သည် ၂၀၁၂ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ မှစ၍ အပြန်အလှန် အပစ်အခတ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန်။
(ခ) နှစ်ဦးနှစ်ဖက် အပြန်အလှန်ပြောဆို ဆက်ဆံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် နာဂလက်နက်ကိုင် NSCN-K အဖွဲ့ ၏ ဆက်ဆံရေးရုံကို နှစ်ဖက် သဘောတူညီသော ခန္တီးမြို့တွင် ဖွင့်လှစ်ရန်။
(ဂ) အပစ်အခတ် ရပ်ဆိုင်းထားစဉ် ကာလအတွင် နှစ်ဦနှစ်ဖက် သဘောတူညီထားသော နေရာများမှအပ နယ်မြေ ကျော် လွန်၍ လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဦးနှစ်ဖက် ကြိုတင် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်။
(ဃ) အပစ်အခတ်ရပ်စဲ ထားစဉ်ကာလအတွင်း နာဂ လက်နက်ကိုင် NSCN-K အဖွဲ့အား လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ပြုရန်။
(င) ပြည်ထောင်စု အစိုးရက ဖွဲ့စည်းသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ နှင့် နာဂလက်နက်ကိုင် NSCN-K အဖွဲ့မှ ဖွဲ့စည်း သည့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့သည် နှစ်ဦးနှစ်ဖက် သဘောတူညီသော နေရာ၊ သဘောတူညီသော အချိန်ကာလ တွင် နာဂဒေသအတွင်း တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကိစ္စရပ်များ ဖေါ်ဆောင်နိုင်ရေးအတွက် ဆက်လက် တင်ပြ ညှိနှိုင်းဆွေးနွေးကြရန် တို့ဖြစ်သည်။
နာဂ တိုင်းရင်းသား များသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ အတွင်း၌ နေထိုင်ကြသည်။ အိန္ဒိယ- မြန်မာနယ်စပ် အတွင်း ခြေကုတ်စခန်း ဖွင့်လှစ်ထားပြီး အိန္ဒိယ- မြန်မာနိုင်ငံ အတွင်းရှိ နာဂဒေသများ ပူးပေါင်းပြီး သီးခြား နာဂနိုင်ငံ ထူထောင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည်။
Ref: ရွှေင်္ဟသာ



11:06
Unknown

Posted in:
0 comments:
Post a Comment