ပြည်တော်မြင့် ~
  
ယနေ့ မွန်းလွဲ ၂ နာရီက မော်လမြိုင်မှမဲဆောက်သို့ရောက်ရှိလာသည့်ထိုင်းအဖွဲ့ (ဓာတ်ပုံ - ဧရာဝတီ)
ပျံသန်းချိန် ၁၈ မိနစ်သာကြာမြှင့်သည့် မဲဆောက်-မော်လမြိုင် လေယာဉ်ခရီးစဉ် ပြေးဆွဲရေးအတွက် မွန် ပြည်နယ်ဝန်ကြီးချုပ်၊ 
မွန်ပြည်နယ်ကုန်သည်ကြီးများနှင့်  သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် NOK AIR ထိုင်းလေကြောင်းလိုင်း  ဒုဥက္ကဌနှင့် ထိုင်းကုန်သည်များ ယနေ့ မဲဆောက်လေဆိပ်သို့ ပြန်လည်  ရောက်ရှိလာသည်။
မွန်ပြည်နယ်အတွင်း အထင်ကရနေရာများသို့  ထိုင်းခရီးသွားများ သွားရောက် 
လည်ပတ်နိုင်ရေး၊  နှစ်နိုင်ငံခရီးသွားလုပ်ငန်းတိုးမြှင့်နိုင်ရေးတို့အတွက်  သောကြာနေ့က   မဲဆောက်လေဆိပ်မှတဆင့် မော်လမြိုင်သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု NOK  AIR လေကြောင်းလိုင်းဒုဥက္ကဌနိုင်ပီရရော့မနီးက သတင်းထောက်များကို လေဆိပ်တွင်  ပြောသည်။
၎င်းက ”ဒီအစီအစဉ်အတွက် ဒီလ ၂၈ ရက်နေ့ (သောကြာနေ့) က  စတင်တာဖြစ်တယ်။ မဲဆောက်-မော်လမြိုင် ပုံမှန်ပြေးဆွဲဘို့ အတွက်ကိုတော့  နှစ်ဘက်လိုအပ်ချက်တွေကို ထပ်မံညှိနှိုင်းကြရအုံးမယ်။
 မွန်ပြည်နယ်ရဲ့အထင်ကရနေရာ  တွေဖြစ်တဲ့ ကျိုက်ထီးရိုးဘုရားနဲ့အခြားနေရာတွေကို  သွားရောက်လေ့လာဖြစ်ပါတယ်။ ပုံမှန်ဖြစ်နိုင်ခြေရှိဘို့ တော့ များပါတယ်။  ကုန်သည်တွေအပြင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နဲ့လည်း  ဆွေးနွေးခဲ့ပါတယ်” ဟု ပြောသည်။
မော်လမြိုင် မြို့အခြေအနေ
မွန်ပြည်နယ်ခရီးစဉ်တွင်ပါရှိသည့်  ထိုင်းကုန်သည်တဦးက မော်လမြိုင်တွင် တည်းခိုနေစဉ် ဟိုတယ်တွင် မီး၊ ရေ  မကြာခဏ ပြတ်ခြင်းများ ကြုံတွေ့ရသဖြင့် ခရီးသွားလုပ်ငန်း တိုးမြှင့်မည်  ဆိုပါက လက်ရှိ အနေ အထားထက် တိုးတက်ကောင်းမွန်ရန်လိုသည်ဟု ပြောသည်။
မော်လမြိုင် ကွင်းအခြေအနေ
မော်လမြိုင်ခရီးစဉ်၏ NOK AIR လေကြောင်းလိုင်းမှ လေယာဉ်မှူးက” မဲဆောက်-မော်လမြိုင်က ၁၈ မိနစ်ပဲ ကြာတယ်။
 လေဆိပ်မျှော်စင်နဲ့  အဆက်အသွယ်လုပ်ရတာ အဆင်ပြောတယ်။ မပြည့်စုံတာက လေဆိပ်ရဲ့မြေ ပြင်  အချက်ပြမီးတွေနဲ့ လေယာဉ်ကွင်းရဲ့ အမှတ်အသားမျဉ်းတွေ ပျက်နေတယ်။
 မော်လမြိုင်လေဆိပ်ဟာ မဲဆောက်လေဆိပ်ထက် ကြီးတယ်၊ သူတို့ဒီလေဆိပ်ကို မသုံးတာကြာပြီလို့ ယူဆရတယ်’ ဟု ပြောသည်။
NOK AIR
NOK  သည် ပျံသန်းချိန် မိနစ် ၃၀ ခန့် ကြာသည့် မဲဆောက်-ချင်းမိုင်ခရီးစဉ်ကို  ခရီးသည်တဦးလျှင် ထိုင်းဘတ် ၁၂၀၀ ဖြင့် ပုံမှန် ပြေးဆွဲလျက်ရှိသည်။
မော်လမြိုင်ခရီးစဉ်ကိုလည်း  ချင်းမိုင်ခရီးစဉ် ဈေးနှုန်းအတိုင်း  ပြေးဆွဲမည်ဆိုပါက ခရီးသည် အများအပြား  ရနိုင်သည်ဟု မြန်မာကုန်သည်တဦးက သုံးသပ်သည်။
ခရီးသည်အကြိုက်မော်လမြိုင်မှမြ၀တီသို့ရောက်ရှိရန်အတွက်  အချိန် ၇ နာရီခန့်ကြာမြှင့်ပြီး ခရီးကြမ်းသည့်အတွက် မဲဆောက်-  မြ၀တီလေကြောင်းလိုင်း ပြေးဆွဲမှုကိုကြိုဆိုသည်ဟု  မြန်မာအလုပ်သမားများကပြောသည်။
ဘန်ကောက်ရှိ ဆေးဆိုးပန်းရိုက်စက်ရုံမှ  နိုင်ကလော့က ”ယာယီနိုင်ငံကူးလက်မှတ်ရှိတဲ့ အလုပ်သမားတွေ  မော်လမြိုင်ဘက်ပြန်တာ နေ့တိုင်း ရှိတယ်။ မြ၀တီကနေ မော်လမြိုင်ရောက်ဘို့  အချိန်နဲ့ငွေ အများကြီးကုန်တယ်။
 တောင်ပေါ်လမ်းကလည်း ဘာကြမ်းသလဲမပြောနဲ့။  အခက်အခဲတွေကလည်း အမျိုးမျိုးပဲ ဆိုတော့ ၁၈ မိနစ်နဲ့ ရောက်လို့ကတော့  ကပြီးတော့လိုက်ကြမယ်” ဟု ဧရာဝတီသတင်းဌာနသို့ပြောသည်။
ခရီးစဉ်ပုံမှန်ပြေးဆွဲနိုင်ရန်အတွက်  မြန်မာဘက်မှတာဝန်ရှိသူများနှင့် အဆင့်ဆင့် ထပ်မံဆွေးနွေးရဦးမည်ဟု NOK AIR  လေကြောင်းလိုင်းက ပြောသည်။
ဧရာဝတီ
လူရင်းတွေကို စိတ်ကုန်သွားတာအတွက် ဖြေရှင်းနည်း ၃ နည်း
12 hours ago



 22:00
22:00
 Unknown
Unknown
 
 Posted in:
 Posted in:   
0 comments:
Post a Comment