မြ၀တီမြို့အနီးသောင်ရင်း တစ်ဖက်ကမ်း တပ်မဟာနယ်မြေ ကမ်းစပ်တစ်ခုတွင် နှစ်နိုင်ငံသဘော တူညီချက်အရ ညအချိန်များ၌ မြေထိုးမြေဖို့၊ ကွန်ကရစ်လောင်းပြီး ကမ်းနံရံချဲ့ထွင်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ အနောက်တောင် စီးပွားရေးမြို့တော် မဲဆောက်၏ တရားမ၀င်ကုန်စည်ထွက်ပေါက်ဖြစ်သော အဆိုပါဂိတ်တွင် မြစ်ကြောင်းကျဉ်းလာစေရန် မြေသယ်ကား၊ ကွန်ကရစ်ဖျော်စက်များဖြင့် ကမ်းနံရံ ဖို့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ယင်းဂိတ်ဝင်းအတွင်း နေထိုင်သူများ ထံမှ သိရသည်။
''အခုတော့ ထိုင်းဖက်ကမ်း စပ်မြေသားတွေက မြစ်လယ်ထိ ရောက်နေပြီ။ ဟိုဖက်ဒီဖက်ကို လှေနဲ့ ကန့်လန့်ထားပြီး သွားလာလို့ရနေပြီး သူတို့လုပ်တုန်းက ညညဆို မြေသည်ကားကြီးတွေနဲ့ မြေဖို့ပြီး ကွန်ကရစ်ဖျော်တဲ့ ကားက နောက်မှ လိုက်လောင်းတာ''ဟု အဆိုပါဂိတ် အနီးတွင်နေထိုင်သူတစ်ဦးက ပြောသည်။ မြ၀တီခရိုင်နှင့်ထိစပ်နေသော သောင်ရင်းကမ်းစပ်တစ်လျောက် ကမ်းထိန်းနံရံတည်ဆောက်မှုအခြေ အနေမှာ ၁၈၄၅၂ ပေ ပြုလုပ်ပြီး စီးခဲ့ပြီးဖြစ်ကြောင်း၊ နောက်ထပ်ပြု လုပ်ရန် ၄၂၃၅ ပေ ကျန်ရှိသည့် အနက် ကမ်းပြိုနိုင်သည့်အခြေအနေ ပိုရှိသောကိုးကုတ်နှင့် ဓမ္မရန်အောင် စေတီကြား ပေ ၆၀၀ ကို ပထမဦး စားပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျွန်းတောနှင့် သဖန်းဆိပ်ကြား ၉၈၅ပေ၊သဖန်းဆိပ်နှင့်ကျောက်ဖျာကြား ၂၆၅၀ ပေတို့အား၂၀၁၁ ၂၀၁၂ ခုနှစ်တွင်ဦးစားပေးလျာထား မှုအခြေအနေအရထပ်မံပြုလုပ်ရန် ကျန်ရှိသေးကြောင်း သိရသည်။
မြစ်၏သဘောအရတစ်ဖက် ကမ်းစပ်မှမြေဖို့လျင် အခြားကမ်းတစ်ဖက်အား တိုက်စားတတ်ခြင်းကြောင့် ကမ်းထိန်းနံရံတည်ဆောက်မှုများအား နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ စည်းစနစ်ကျနစွာ လုပ်ဆောင် သင့်ကြောင်း၊ ယခုအခါ သောင်ရင်း တစ်ဖက်ကမ်း တပ်မဟာဘက်တွင် ကမ်းထိန်းနံရံကို စနစ်တကျ တည်ဆောက်ခြင်းမဟုတ်ဘဲ ညအချိန်များ၌ မြေထိုးမြေဖို့၊ ကွန်ကရစ်လောင်းပြီး ကမ်းနံရံ ချဲ့ထွင်လာမှုများရှိခဲ့၍ သောင်ရင်းမြစ်ကြောင်း ကျဉ်းမြောင်းလာခြင်းကြောင့် မြန်မာဘက်ကမ်းအား ရေစွယ်ထိုးကာ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်လာနိုင်ကြောင်း မြ၀တီမြို့မှ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

Ref: EMG

21:04
Unknown
Posted in:
0 comments:
Post a Comment