skip to main |
skip to sidebar

00:35

Unknown
No comments
ဧပြီလ (၁၀)ရက် နေ့လည် ၁၂ နာရီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အလုပ် အမှုဆောင်သစ်အား လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့သည်။ အလုပ် အမှုဆောင်သစ်အား လွှဲအပ်ပြီးနောက် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ် ခဲ့ပါတယ်။
စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်း “စာနယ်ဇင်းအဖွဲ့များက တကယ်ကို အင်နဲ့အားနဲ့ ကူညီခဲ့ပါတယ်။ လုပ်ဆောင်မှု၊ လှုပ်ရှားမှုတွေကို အများပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ နိုင်ဖို့ လုပ်ပေးခဲ့ပါတယ်။ တစ်ယောက်တည်း လုပ်လို့ မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်လောကသား ၄၀၀၀ ကျော် ၀ိုင်းဝန်းလုပ်ဆောင် ကြရမှာပါ။ ယုံကြည်မှုနဲ့ သွားကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲမှုဖြစ် ဖို့အတွက် ကြိုးစားခဲ့ရတယ်။ ကိုယ့်လောက မြှင့်တင်ဖို့အတွက် ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နယ်ပယ် အသီးသီးနဲ့ ပူးပေါင်း လုပ်ဆောင် သွားမှာပါ။ စာနယ်ဇင်းဆရာများက အစားချိန်အစား၊ အအိပ်ချိန် အအိပ် ကြည့်ရှုစောင့်ရှောက် ခဲ့ကြပါတယ်။ အထူးသဖြင့် ကိုမျိုး(မြန်မာစာ) ကိုဆို မှတ်မှတ်ရရ ရုပ်ရှင် အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ဆိုပြီး နာမည်ခံပေး ခဲ့တယ်။ ဒီနာမည်ကို အမြတ်တနိုး တန်ဖိုးထားသုံးစွဲခဲ့ပါ တယ်”လို့ ပြောကြားခဲ့သည်။ ထို့နောက် စာနယ်ဇင်းများ က သိလိုသမျှကို မေးမြန်းခဲ့ကြသည်။
Popular Myanmar News Journal
Ref: MNN
0 comments:
Post a Comment