ဖော်ပြပါ ဓာတ်ပုံရှင် ကိုဇော် (ခ) ကိုမင်း (ခ) ဇော်မင်းသန်း သည် မလေးရှားနိုင်ငံ၊ ကေအယ်မြို့တွင် “နဒီဧရာ” အမည်ဖြင့် အေးဂျင့် ရုံးခန်း ဖွင့်ကာ 6P အစီ အစဉ်အရ အလုပ်လုပ်ခွင့် ပါမစ် ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး လူပေါင်း ၄၇-ယောက်ထံမှ တဦးလျှင် ရင်းဂစ် ၈၀၀၊ ၁၀၀၀၊ ၁၂၀၀၊ ၁၅၀၀၊ ၂၀၀၀ စသည့်နှုန်းထား များဖြင့် စရန်ငွေယူကာ စုစုပေါင်း မလေး ရင်းဂစ် ၄၈၀၀၀ (လေးသောင်း ရှစ်ထောင်) အား လိမ်လည် ထွက်ပြေး သွားသူ ဖြစ်ပါသည်။
အဆိုပါ ဇော်မင်းသန်း (ပတ်စပို့နံပါတ် M-560332) သည် အမိ ဒေါ်သန်းသန်းမြင့်၏ သားဖြစ်ပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် နေထိုင်သူ ဖြစ်ပါသည်။ သုံးလပိုင်း နှစ်ဆယ် ရက်နေ့တွင် မလေးရှားနိုင်ငံမှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိသွားကြောင်း ကြားသိရပါသည်။
တိုင်းတပါးတွင် ပင်ပန်း ဆင်းရဲစွာ လာရောက်လုပ်ကိုင်နေရသော မိမိနိုင်ငံသား အချင်းချင်း မသမာသော နည်းလမ်းဖြင့် လိမ်လည် သွားသူအား ရှောင်နိုင်ကြစေရန်နှင့် အထက်ပါဖြစ်ရပ်များ ထပ်မံမကြုံတွေ့၊ မဖြစ်ပေါ်ကြစေရန် အတွက် မလေးရှားရောက် မြန်မာ အလုပ်သမားများ အနေနှင့် 6P အစီအစဉ်အရ လက်ဗွေနှိပ်၍ ပါမစ်ပြုလုပ်ကြမည်ဆိုပါက သက်ဆိုင်ရာ အေးဂျင့်များကို သေချာစွာ လေ့လာစုံစမ်းပြီးမှသာ ကျသင့်ငွေများ ပေးချေအပ်နှံကြပါရန် အကျိုးလိုလားစွာဖြင့် သတိပေးအပ်ပါသည်။

Ref: ရွှေဟင်္သာ

21:26
Unknown
Posted in:
0 comments:
Post a Comment