မတ်လ ၉ ရက်နေ့မှ စတင်၍ ထိုင်းသံရုံး၌ ဗီဇာ လျှောက်ထားရာတွင် ယခင်ကကဲ့သို့ ကိုယ်စားလှယ်ဖြင့် လျောက်ထား၍ မရတော့ဘဲ ကိုယ်တိုင်လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း ထိုင်းသံရုံးမှ သိရှိရသည်။
ယခုကဲ့သို့ သွားရောက်မည့်သူကိုယ်တိုင် လျှောက်ထားစေခြင်းမှာ ချက်မှာ နိုင်ငံခြားသား ခရီးသည်များအတွက် အဓိကထား ပြုလုပ်တာဖြစ်ကြောင်း ထိုင်းသံရုံးမှ သိရှိရသည်။
''အလည်အပတ် ရာသီရောက်လာတော့မယ်။ ဒီချိန်မှာ အခုလို ကိုယ်စားလှယ်တွေ မထားရတော့ဘူးဆိုတော့ အလုပ်ပျက် အကိုင်ပျက် ဖြစ်သွားတာပေါ့။ ပြီးတော့ ဗီဇာက တစ်နေ့ကို အယောက် ၁၂၀ ပဲ ထုတ်ပေးလို့ သွားမယ်သူတွေ အချိန်အတော်ကြာ စောင့်ဆိုင်ရလိမ့်မယ်'' ဟု ထိုင်း သံရုံးအနီး၌ ဗီဇာလုပ်ကိုင်သူ ကိုယ်စားလှယ်တစ်ဦးထံမှ သိရသည်။
''အန်တီတို့အနေနဲ့ အရင်အခေါက်တွေက ထိုင်းသွားမယ်ဆိုရင် ဗီဇာကို ကိုယ်စားလှယ်နဲ့ လုပ်ဖြစ်တယ်၊ အခုကိုယ်တိုင် သွားလုပ်ရတော့မယ်ဆိုတော့ နည်းနည်းငယ် အခက်အခဲရှိပါတယ်'' ဟု ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူတစ်ဦးထံမှ သိရသည်။
ယခင်က ကိုယ်စားလှယ်ဖြင့် လျှောက်ထားရာတွင် ကျပ် ၅၀၀၀ မှ ကျပ် ၇၀၀၀ ထိ ပေးဆောင်ရကြောင်း၊ ထိုင်းသံရုံးတွင် တစ်နေ့လျှင် ဗီဇာ ၁၂၀ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
Ref: EMG



09:16
Unknown
Posted in:
0 comments:
Post a Comment