ရန်ကုန် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်အား ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ရန် အစီအစဉ်ကို ဟောပြောရန် နေရာမရ သည့်အတွက် ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးအုန်းကြိုင် က မဇ္ဈိမကို ပြောသည်။
“ဟောပြောမယ့်ကိစ္စကို ကော်မရှင်က ခွင့်ပြုတယ်။ ဗထူးကွင်းကို ဘောလုံးအဖွဲ့ချုပ်က ပိုင်တယ်။ ဆိုတော့ ကော်မရှင် ကသာ ခွင့်ပြုရင် သူတို့ဘက်ကလည်း ကွင်းကို ငှားမယ်ပေါ့ ဆိုပြီးတော့ နှုတ်နဲ့ သဘောတူထားတာ။ နီးတော့မှ ကွင်းကို လူကြီးတွေ လာစစ်ဖို့ရှိတယ်ဆိုပြီးတော့ အဆင်မပြေတော့ဘူး ဆိုပြီး အကြောင်းပြန်တယ်” ဟု ပြောသည်။
ထို့နောက် မန္တလေးတောင်ခြေနှင့် ရှမ်းကွင်းတို့အား အသုံးပြုခွင့်ရရန် ကြိုးစားခဲ့သေးသော်လည်း မည်သို့မျှ အဆင်မပြေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
“အဲဒါကြောင့် မန္တလေး တောင်ခြေကို ကြိုးစားတော့လည်း တိုင်းအား/ကာ က ပိုင်တာဆိုပြီးတော့ သုံးမယ်ဆိုရင် ၀န်ကြီးချုပ်ထိ ပြောရမယ်ပြောလို့၊ ၀န်ကြီးချုပ်ထိ စာတွေတင်တယ်။ ဒါပေမယ့် အင်းလည်း မလုပ်။ ဟင့်အင်းလည်း မလုပ်။ ဒါကြောင့် နောက်ဆုံးတော့ ရှမ်းကွင်းကို ရတယ်။ အဲဒီကွင်းကလည်း ဘောကွင်း တ၀က်စာပဲ ရှိတာကြောင့် လူ ပြည့်ကျပ်ညပ်နေမှာစိုးလို့ ဥက္ကဋ္ဌက ရွှေ့လိုက်ပါလို့ ပြောတယ်”ဟု ဦးအုန်းကြိုင် က ပြောသည်။
NLD ပါတီမှတ်ပုံတင်ပြီးနောက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၉ ရက်နေ့က တနင်္သာရီတိုင်း စည်းရုံးရေးခရီးစဉ်တွင် ပရိသတ် သောင်းနှင့်ချီ၍ အားပေးခဲ့ကြသည်။
ထို့ပြင် အင်္ဂါနေ့ကလည်း နေ့ချင်းပြန်ခရီးအဖြစ် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှ ဆင်းရဲမွဲတေမှု ပပျောက်ရေး အခြေခံဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်လေ့လာခဲ့ပြီး ညောင်ဦးနှင့် ပခုက္ကူမြို့များသို့လည်း ၀င်ရောက်ခဲ့သေး သည်။
၂၀၂၆ Met Gala မှာ အပြောအများဆုံးဝတ်စုံများ
23 hours ago



17:01
Unknown
Posted in:
0 comments:
Post a Comment