မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှ တရုတ်နိုင်ငံသား ၀န်ထမ်းအများစုသည် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိ ဒေသခံအချို့ထံမှ သတင်းရရှိပါသည်။
မစ်ဆုံရေအားလျှပ်စစ်စီမံကိန်း သည် မြစ်ကြီးနားမြို့နှင့် မြစ်ဆုံဒေသအကြားတွင် တည်ရှိပြီး အဆိုပါစီမံကိန်းကို အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ China Power Investment Corporation (CPI) တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
| လောလောဆယ်မှာတော့ ၀န်ထမ်းတော်တော်များများ ပြန်သွားကြပြီ။ အကုန်လုံးတော့ မဟုတ်သေးဘူးထင်တယ်။ နည်းနည်း လောက်တော့ ကျန်ဦးမှာပေါ့။ လုပ်ငန်းခွင်လည်း လုံးဝရပ်သွားပြီ။ |
အဆိုပါစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုရေးသက်ရောက်မှု များစွာဖြစ်ပေါ်နိုင်သည့်အတွက် ယခုနှစ်အတွင်းမီဒီယာများ၊ အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ပြည်သူလူထုတို့ ကကန့်ကွက်မှုများ၊ အကြံပြုချက်များ ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။ ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။
''လောလောဆယ်မှာတော့ ၀န်ထမ်းတော်တော်များများ ပြန်သွားကြပြီ။ အကုန်လုံးတော့ မဟုတ်သေးဘူး ထင်တယ်။ နည်းနည်းလောက်တော့ ကျန်ဦးမှာပေါ့။ လုပ်ငန်းခွင်လည်း လုံးဝ ရပ်သွားပြီ။ ရုံးတွေဘာတွေကိုတော့ ဘယ်လိုလုပ်မလဲမပြောတတ်ဘူး''ဟု မြစ်ကြီးနား မြို့ခံတစ်ဦးက ၂၀၁၁ ခုနှစ် အောက် တိုဘာလ ၂၄ ရက်နေ့က ပြောပြခဲ့သည်။
ဧရာဝတီမြစ်အထက်ပိုင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၏ စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသော ရွာငါးရွာကို ပြောင်းရွှေ့နေရာချထားခဲ့ကာ ယင်းရွာများမှာ တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ ခပ္ပါး/အောင်ဂျာယန်၊ ဒေါင်ပန်ရွာတို့ဖြစ်ပြီးလက်ရှိတွင် ဒေသခံတိုင်းရင်းသားတို့သည်ပြောင်း ရွှေ့ပေးထားသော စံပြကျေးရွာသစ်များတွင် နေထိုင်လျက်ရှိကြသည်။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် တရုတ်နိုင်ငံသား ၀န်ထမ်းများ အဓိကပါဝင်လျှက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ် အတွင်းရှိ မြစ်ဆုံဒေသမှ အစပြုစီးဆင်းလာသော ဧရာဝတီမြစ်သည် ကီလိုမီတာ ၂၁၇၀ (၁၃၄၈ မိုင်) ရှည်လျားပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့ကို အဆင့်ဆင့် ဖြတ်သန်းစီးဆင်းကာ ကပ္ပလီပင်လယ် အတွင်းသို့ စီးဝင်နေသည်။ မြစ်ဖြတ်သန်းရာ တစ်လျှောက်တွင် လူနေထူထပ်သော၊ စီးပွားရေးဖွံ့ဖြိုးသော မြို့ကြီးများစွာ တည်ရှိနေကြသည်။
Ref: EMG



00:22
Unknown
Posted in:
0 comments:
Post a Comment