Wednesday, 19 October 2011

ထိုင်းရေကြီးမှုကြောင့် ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံကျော် ကုန်ကျဖွယ်ရှိ မြို့တော်ဘန်ကောက် ရေကြီးမည့်အန္တရာယ် ရင်ဆိုင်နေရဆဲ

b29_02
ရေလွှမ်းနေသော ဘန်ကောက်မြို့မြောက်ပိုင်းကို ဝေဟင်မှတွေ့ရစဉ်
ထိုင်းနိုင်ငံတွင် ၁၀ စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြုံတွေ့နေရာ မြို့တော်ဘန်ကောက်သည်လည်း ရေလွှမ်းမိုးမှုခံရနိုင်သည်ဟု စိုးရိမ်မှုထပ်မံဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထိုင်းစစ်သားများသည် အောက်တိုဘာလ ၁၈ ရက်တွင် သဲအိတ်တစ်သန်းကျော်အသုံးပြု၍ ရေတားနံရံများ အရေးပေါ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရာထူးသက်တမ်း နှစ်လသာရှိသေးသော ၀န်ကြီးချုပ်ယင်လက်ခ်ရှင်နာဝပ်ထရာက ဘန်ကောက်မြို့သည် ရေလွှမ်းမိုးမှုအန္တရာယ်မှ ရှောင်လွှဲနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်း၍ ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး သေဆုံးသူ ၃၁၅ ဦးအထိ ရှိလာပြီဖြစ်သည်။

ရေလွှမ်းမိုးမှုခံရပြီးနောက် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယခင်ခန့်မှန်းထားသော ကုန်ကျစရိတ်ထက် ငါးဆပိုမိုများပြားကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံကျော်ကုန်ကျမည်ဟု ထိုင်းဝန်ကြီးချုပ်က အောက်တိုဘာလ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

စက်မှုဇုန်များ ရေလွှမ်းမိုးမှုမခံရစေရန် တာဝန်ရှိသူများက မလုပ်ဆောင်နိုင်ခဲ့ဘဲ ဘန်ကောက်အုပ်ချုပ်ရေးမှူး Sukhumbhand Paribatra က ဘန်ကောက်မြို့မှာ ရေလွှမ်းမိုးမှု အန္တရာယ်ကြုံနိုင်သေးကြောင်း သတိပေးခဲ့သည်။ ဘန်ကောက်မြို့ စီမံခန့်ခွဲရေးအဖွဲ့ (BMA) က သဲအိတ် ၁ ဒသမ ၂ သန်း ကျော်အသုံးပြု၍ ဘန်ကောက်မြို့ မြောက်ပိုင်းတွင် ရေတားနံရံများကို လက်မ ၂၀ ခန့် မြှင့်တင်သွားမည်ဖြစ်ပြီး ၄၈ နာရီအတွင်းပြီးစီးမည်ဟု မျှော်လင့်ထားကြောင်း ၎င်းကပြောကြားခဲ့သည်။

ရေလွှမ်းမိုးမှုကြုံခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန်အတွက် လက်ရှိဘဏ္ဍာရေးနှစ် အသုံးစရိတ်ဖြစ်သော ထိုင်းဘတ်ဘီလျံ ၅၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ) ကို ထိုင်းဘတ်ဘီလျံ ၄၀၀ အထိ တိုးမြှင့်သုံးစွဲသွားရန် အစိုးရက အောက်တိုဘာလ ၁၈ ရက်တွင် အတည်ပြုခဲ့သည်။ 
သုံးလကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံရှိ ပြည်နယ်အားလုံး၏ သုံးပုံတစ်ပုံမှာ ရေလွှမ်းမိုးမှု ခံစားနေရသည်။

ရေကြီးမှုကြောင့် ထိုင်းနိုင်ငံ၏ အဓိကပို့ကုန်လုပ်ငန်းများဖြစ်သော ကားလုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုတို့ကို ခြိမ်းခြောက်ခဲ့သည်။ ရေကြီးမှုကြောင့် ထိုင်းဆန်ထုတ်လုပ်မှု ၁၀ ပုံ ၁ ပုံခန့် ပျက်စီးခဲ့သည်။ တိုယိုတာ၊ ဖို့ဒ်၊ ဟွန်ဒါ၊ အီဆူဇူးတို့သည် ထိုင်းနိုင်ငံတွင် ကားတပ်ဆင်ရေးလုပ်ငန်းများကို ဆိုင်းငံ့ထားသည်။
ရေကြီးမှုကြောင့် ထိုင်းစီးပွားရေးသည် ဒေါ်လာ ၄ ဒသမ ၉ ဘီလျံခန့် ထိခိုက်နိုင်ပြီး စီးပွားရေးတိုးတက်မှု ၁ ဒသမ ၃ မှ ၁ ဒသမ ၅ ရာခိုင်နှုန်းထိ ထိခိုက်နိုင်ကြောင်း ထိုင်းကူးသန်းရောင်းဝယ်ရေးတက္ကသိုလ်က ခန့်မှန်းထားသည်။

Source: EMG

အခြေခံပညာစာသင်နှစ် ၁၂ နှစ်နှင့် အဆင့်မြင့် တက္ကသိုလ်စာသင်နှစ် လေးနှစ်သို့ အသီးသီး တိုးမြှင့်သင်ကြားရန် စီစဉ်

အခြေခံပညာစာသင်နှစ် ၁၂ နှစ်နှင့် အဆင့်မြင့်တက္ကသိုလ် စာသင်နှစ်လေးနှစ်သို့ အသီးသီးတိုးမြှင့် သင်ကြားရန် ဆွေးနွေးစီစဉ်နေသည်ဟု အခြေခံနှင့် အဆင့်မြင့်ပညာသင် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ အခြေခံစာသင်နှစ်ဟု ဆိုရာတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ စာသင်နှစ်စုစုပေါင်း ၁၁ နှစ်ကို ၁၂နှစ်အထိတိုးချဲ့ခြင်းဖြင့်လည်း ကောင်း၊ အဆင့်မြင့်တက္ကသိုလ် စာသင်နှစ်များကိုလည်း ရှိရင်းစွဲနှစ်များထက် ထပ်မံတိုးချဲ့ကာ သုံးနှစ်မှ လေးနှစ် စာသင်နှစ်များသို့လည်းကောင်း တိုးမြှင့်သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိနေသည်ဟု ပညာရေးအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

    အခြေခံပညာသင်နှစ်များကို မူလရှိရင်းစွဲ စာသင်နှစ်များထက် တစ်နှစ် ထပ်မံတိုးချဲ့ခြင်းမှာအာဆီယံ အဆင့်နှင့်အညီပြုလုပ်ခြင်းအပြင် နိုင်ငံတကာပညာရေးနှင့် တစ်ပြေးညီ အဆင့်ရှိသွားစေနိုင်သည်ကို ရန်ကုန် ပညာရေးတက္ကသိုလ်မှ အငြိမ်းစား ဒုတိယပါမောက္ခချုပ်က ပြောကြားခဲ့သည်။
    “တက္ကသိုလ်တွေမှာ အရင်က လေးနှစ်ရှိခဲ့တယ်။ အချိန်ကာလတစ် ခုတုန်းက လေးနှစ်ကနေ သုံးနှစ်ကို လျှော့ပြီး တက္ကသိုလ်တွေကနေ မြန်မြန်ဘွဲ့တွေရအောင် မူဝါဒတစ်ခုဆွဲပြီး လုပ်ခဲ့ဖူးတယ်။ အရေအတွက်တွေတော့ များလာတယ်။ တကယ်တတ်တဲ့ ကျောင်းသားတွေရှားလာတယ်” ဟု အငြိမ်းစား ပါမောက္ခကြီးတစ်ဦး က ပြောပြခဲ့ပါသည်။

    ယခုပညာသင်နှစ်တွင် အဆင့်မြင့် တက္ကသိုလ်စာသင်နှစ်များမှာ သုံးနှစ်သာရှိသေးကာ ကွန်ပျူတာတက္ကသိုလ် တစ်ခုတည်းသာ လေးနှစ်ပညာသင်နှစ်အဖြစ် တိုးချဲ့ခဲ့သည်ဟု သိရသည်။
    “စာသင်နှစ်တွေ တိုးတယ်ဆိုတာ သင်ရိုးတွေပြန်ဆွဲ။ အချိန်နဲ့ညှိပြီး လုပ်ရတာပါ။ ဗြုန်းစားကြီး ပြုလုပ်လို့မရသလို သေချာဆွေးနွေးပြီး လုပ်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် ပညာရှင်တွေ ညှိနှိုင်းဆွေးနွေးနေပါတယ်” ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ဆရာကြီးတစ်ဦးက ပြောပြခဲ့သည်။

    နိုင်ငံတွင်းရှိနေသည့် အဝေးသင်ပညာရေးနှင့် ပတ်သက်၍လည်း ကျောင်းသားများ၏ဘွဲ့ရရှိမှုနှင့် တတ်မြောက်မှု အရည်အသွေးပိုင်းကို ပြန်လည်စိစစ်သွားသင့်သည့်အပြင် နိုင်ငံတော်မှ အလုပ်အကိုင် ပြန်လည်ခန့်အပ်သည့်အခါ ၀န်ထမ်းရွေးချယ်ရေး အဖွဲ့အနေနှင့်လည်း အဝေးသင်ဘွဲ့များကို အသိအမှတ်ပြု ခန့်အပ်သင့်သည်ကို ပညာရှင်အများစုက ထောက်ပြခဲ့ကြသည်။  
Source: EMG  

မြန်မာစတော့အိပ်ချိန်းကို ၂၀၁၅ ခုနှစ်မကုန်ဆုံးမီ တည်ထောင်နိုင်ရန် ပြင်ဆင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် ရှယ်ယာများထုတ်ရောင်းရန် စီစဉ်ထား

b29_03
ဂျကာတာမြို့တွင် အင်ဒိုနီးရှားစတော့အိပ်ချိန်းကို တီဗွီဖန်သားပြင်ပေါ်၌ ဖော်ပြနေမှုအား သြဂုတ်လ ၈ ရက်က တွေ့ရစဉ်
မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်းကို ၂၀၁၅ခုနှစ်မကုန်ဆုံးမီ တည်ထောင်နိုင်ရန်ပြင်ဆင်လျှက်ရှိပြီး နိုင်ငံပိုင် စက်ရုံအလုပ်ရုံများအပါအ၀င် စီးပွားရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် အများပြည်သူသို့  အစုရှယ်ယာများ ထုတ်ဝေရောင်းချရန် စီစဉ်ထားကြောင်း သတင်းရရှိပါသည်။
''ငွေရေးကြေးရေး ဈေးကွက်မှာ ငွေကြေးဈေးကွက်နဲ့ အရင်းအနှီးဈေး ကွက်ဆိုပြီး နှစ်ပိုင်း  ပါဝင်ပါတယ်။ ငွေကြေးဈေးကွက်ဆိုတာ တစ်နှစ်အောက် ကာလတိုချေးငွေတွေကို ဆောင်ရွက်တဲ့ဈေးကွက်ဖြစ်ပါတယ်။ အရင်းအနှီး ဈေးကွက်ဆိုတာက တစ်နှစ်အထက်ကာလရှည်ချေးငွေတွေကို ဆောင်ရွက်တဲ့ဈေးကွက်ပါ။ မြန်မာနိုင်ငံမှာ ငွေကြေးဈေးကွက်ရှိပေမယ့် အရင်းအနှီးဈေးကွက် မဖြစ်ထွန်းသေးဘူး။ ဒါကြောင့် အရင်းအနှီးဈေးကွက်ကို တည်ထောင်နိုင်ဖို့ ပြင်ဆင်နေပါ တယ်။ လုပ်ငန်းစဉ်တွေကို အပိုင်း သုံးပိုင်းနဲ့ ဆောင်ရွက်နေတယ်။၂၀၁၅ ခုနှစ် မကုန်ဆုံးမီ စတော့အိပ်ချိန်းကို တည်ထောင်သွားမှာပါ'' ဟု အရင်းအနှီး ဈေးကွက်တည်ထောင်ရန် ပြင်ဆင်နေသည့်တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

မြန်မာနိုင်ငံတွင် တည်ထောင် မည့်အရင်းအနှီးဈေးကွက်တွင် အစိုးရနှင့် အစိုးရအဖွဲ့အစည်းများ၊ ကာလရှည် ချေးငွေများကိုဆောင်ရွက်ပေးမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်များအပါအ၀င် ဘဏ်များ၊ စည်ပင် သာယာရေးအဖွဲ့အစည်းများ၊ အများပိုင်ကုမ္ပဏီများ ပါဝင်ကြမည်ဖြစ်ပြီး ငွေချေးသက်သေခံလက်မှတ်များ၊ ငွေချေးစာချုပ်များ၊ စတော့ရှယ်ယာများ၊ နိုင်ငံခြားငွေများနှင့် ငွေရေးကြေးရေး ရရန်ပိုင်ခွင့်များအပေါ် တာဝန်ခံမှု ကတိစာချုပ်များကို အရောင်းအ၀ယ် ပြုလုပ်ကြမည်ဖြစ်သည်။
''ကာလရှည် ရင်းနှီးမြှုပ်နှံရမယ့် လုပ်ငန်းတွေအတွက် အရင်းအနှီးဈေးကွက် လိုအပ်ပါတယ်။ ဒါကြောင့်အများနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေ၊ ကော်ပိုရေးရှင်းတွေဖွဲ့စည်းပြီး ရှယ်ယာတွေ ထုတ်ဝေရောင်းချတာ၊ ငွေချေးစာချုပ် တွေထုတ်ဝေရောင်းချတာတွေ ပြုလုပ်မယ်ဆိုရင်  ဘဏ်ကချေးငွေရယူသလို အာမခံအပေါင်တင်သွင်းရတာ၊ သတ်မှတ်တဲ့ကာလအတွင်း ချေးငွေပြန်ဆပ်ရတာမျိုး အနေအထားတွေမရှိတော့ဘဲ ကာလရှည် အရင်းအနှီးရရှိမှုပေါ်မူတည်ပြီး လုပ်ငန်းဖွံ့ဖြိုးဖို့ စီမံခန့်ခွဲနိုင်တဲ့ အခြေအနေကို ရရှိနိုင်မှာပါ'' ဟု ငွေရေးကြေးရေး ပညာရှင်တစ်ဦးက ထင်မြင်ချက်ပေးပါသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်တည်ထောင်မည့် လုပ်ငန်းစဉ်များတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အများပြည်သူသို့ ရှယ်ယာများ ထုတ်ဝေရောင်းချမည့်အပြင် စတော့အိပ်ချိန်းတည်ထောင် ပြီးပါက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောအရင်းအနှီးများကို အရင်းအနှီးဈေးကွက်မှတစ်ဆင့် စုစည်းနိုင်ခြင်းကြောင့် နိုင်ငံတော်ဘတ်ဂျက်မှ ကျခံသုံးစွဲရန် မလိုအပ်တော့သဖြင့် နိုင်ငံတော်၏ဘတ်ဂျက် ၀န်ထုပ်ဝန်ပိုး လျော့ကျစေမည်ဖြစ်ကြောင်းနှင့် အများပြည်သူလက်ဝယ်ရှိ ငွေကြေးများကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများတွင် မြှုပ်နှံလာခြင်းကြောင့် ငွေကြေးဖောင်းပွမှုကို တစ်ဖက်တစ်လမ်းက လျော့ကျစေမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ အတွင်းပြုလုပ်သော အမျိုးသားအဆင့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲတွင် အရင်းအနှီးဈေးကွက်အကြောင်း စာတမ်းတင်သွင်းသူ ဦးနေအေး၏ စာတမ်းတွင် ထည့်သွင်းဖော်ပြထားပါသည်။
မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးရေးအတွက် ၁၉၉၀ ပြည့်နှစ်ကတည်းက စီမံဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ် ဇွန်လတွင်  မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံဒိုင်ဝါ သုတေသနအဖွဲ့လီမိတက်တို့က မြန်မာငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်ကို ဖက်စပ်ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပြီး ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေရောင်းချခဲ့ကြောင်း၊ လက်ရှိထုတ်ဝေလျက်ရှိသော ငွေချေး သက်သေခံလက်မှတ်များ၏ သက်တမ်းမှာ ၂နှစ်၊ ၃နှစ်နှင့် ၅နှစ်သက်တမ်းများဖြစ်ပြီး အမျိုးအစားများမှာ ကျပ် တစ်သောင်းတန်၊ ကျပ်တစ်သိန်းတန်၊ ကျပ်တစ်သန်းတန်၊ ကျပ်ဆယ်သန်းတန် အမျိုးအစားများဖြစ်ကြောင်း သိရပြီး အဆိုပါငွေချေး သက်သေခံ လက်မှတ်များကို ပုဂ္ဂလိကဘဏ်များက အများဆုံးဝယ်ယူထားကြောင်း သတင်းရရှိပါသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အများပိုင်ကုမ္ပဏီအရေအတွက် အနည်းငယ်သာရှိသော်လည်း  လာမည့်နှစ်များအတွင်း အများပိုင်ကုမ္ပဏီအဖြစ် တည်ထောင်မည့် ပုဂ္ဂလိကလုပ်ငန်းများ ရှိကြောင်း၊ လက်ရှိအများပိုင်ကုမ္ပဏီ အချို့အနေဖြင့်လည်း အစုရှယ်ယာများ ထုတ်ဝေရောင်းချခြင်းအပြင် ငွေချေး သက်သေခံစာချုပ်များဖြင့်ပါ အရင်းအနှီးစုဆောင်းပြီး လုပ်ငန်းတိုးချဲ့ဆောင် ရွက်လျက်ရှိကြောင်းနှင့် ပုဂ္ဂလိကဘဏ်များ တည်ထောင်ရာတွင်လည်း ကူးသန်းရောင်းဝယ်ရေးဘဏ်များအပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်များအဖြစ်ပါ တည်ထောင်ဆောင်ရွက်လာကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
Source: EMG

မင်းကိုနိုင် မွေးနေ့အတွက် မိုးသီးဇွန် အမှတ်တရစကား


ပေါ်ဦးရေ
မင်းရဲ့၄၉ နှစ်မြောက်မွေးနေ့မှသည် နှစ်ပေါင်းတရာအထိ အများအကျိုးကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေ။ မင်းရဲ့ လိုအင်ဆန္ဒတွေနဲ့ ပြည့်ဝပါစေ။ ငါတို့ အလိုလားဆုံးဆန္ဒကတော့ မင်းမွေးနေ့ပွဲကို မင်းကိုယ်တိုင် ကျင်းပနေတာကို မြင်ချင် ပါတယ်။ အောင်ပွဲဆိုတဲ့ ကိတ်မုန့်ကို မင်းဓါးနဲ့ခွဲပေးတာကို ဒို့အားလုံးက အာသီသရှိနေတယ်။ ငါဒို့အားလုံး မွေးနေ့တွေ အတွက် မင်းရဲ့မွေးနေ့ပေါင်းများစွာကို အေးစက်စက်အခန်းကျဉ်းထဲမှာ နှစ်မြှုပ်ထားရတာကို ဒို့ မှတ်ထားတယ်။ မင်းမွေး နေ့အတွက် ဒို့ ထွန်းညှိလိုက်တဲ့ ဖယောင်းတိုင်လေးက သေးပေမဲ့ အမှောင်ထုတွေကို ခြိမ်းခြောက်လိုက်နိုင်လို့ ဒို့ ၀မ်း သာတယ် … သူငယ်ချင်း။

ဂုံဆာလာ ကွင်းထဲက ကျွဲနွားတွေရဲ့ အသံ၊ ဘုန်းကြီးကျောင်းဝန်းထဲက ၀တ်တက်တဲ့ အသံ၊ ဟင်ဒီ ဘုရားလှည့်လာတဲ့ အသံ၊ သရက်ပင်အိုကြီးတွေ လေတိုးသံ၊ ကိုတင်ဦး မယ်ဒလင် သံ၊ သက်ထွန်းရဲ့ မထီမဲ့မြင် စကားသံ၊ မင်းရဲ့ ကြွေး ကြော်သံ ဒီအသံတွေက ပဲ့တင်ပြန်လာမယ်လို့ ငါယုံကြည်နေတယ် … သူငယ်ချင်း။
မိုးသီးဇွန်

Source : နေ့သစ်

FED တွင် ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငဒေသရှိ ရွှေ့ပြောင်းမြန်မာ ကလေးများအတွက် စာသင်ကျောင်းများ ဖွင့်လှစ် ထားသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)၏ ပညာရေးဌာနမှ ပညာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာ (၁၃)ရက်နေ့က ထုံခမင်း အလယ်တန်းကျောင်းတွင် စတင်ပြုလုပ်ခဲ့သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထိုင်းအစိုးရ ခရိုင်ပညာရေး ၀န်ကြီးဌာနသို့ တင်ပြရမည့် FED၏ ကိုယ်ပိုင် ပညာရေး သင်ရိုး ညွှန်းတမ်း တစ်စောင်ရရှိအောင် ရေးဆွဲမှာဖြစ်ပြီး သင်ကြားနည်း စနစ်များ၊ ပညာရေး စီမံ ခန့်ခွဲမှုများနှင့် ကလေး အခွင့်အရေး ဆိုင်ရာ သင်တန်းများကို နည်းပြဆရာ (၃)ဦးဖြင့် ပညာပေး ပို့ချ ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ ကာလမှာ အောက်တိုဘာ (၁၉)ရက်နေ့အထိ (၇)ရက်ကြာ ပြုလုပ်သွား မည်ဖြစ်ကြောင်း FED ၏ ပညာရေးတာဝန်ခံ ဆရာဦးမင်းသိမ်းကျော်မှ ပြောကြားသွားသည်။
FED ၏ ပညာရေးဆိုင်ရာ အကြံပေးအရာရှိ၊ မောက္ခ ပညာရေးမဂ္ဂဇင်း အယ်ဒီတာ ဆရာဦးသိန်းနိုင်က ဆွေးနွေးပွဲကို ဦးဆောင်ခဲ့ပြီး ဖောင်ဒေးရှင်းမှ မြန်မာ ဆရာ၊ ဆရာမ (၁၈)ဦး တက်ရောက်ခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သော FEDမှ ဒါရိုက်တာ ဦးထူးချစ်က “ကျနော်တို့ သင်ကြားရေးနဲ့ ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲလေး ဒီနေ့ ပြုလုပ်တာပါ။ ရှေ့ပညာသင်နှစ်အတွက် ကျနော်တို့ ကျောင်းကြီး တစ်ကျောင်း တည်ဆောက်ထား ပါတယ်။ အဲဒီအချိန်မှာ ထိုင်းအစိုးရကို ဒီကျောင်းမှာ ဘာတွေသင်တယ်။ သင်ရိုး ညွှန်းတမ်း နည်းစနစ်တွေက ဘာတွေဆိုတာကို တင်ပြဖို့ လိုပါတယ်။ အဲဒါကြောင့် ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်။ အဓိက ကတော့ ကျနော်တို့ သင်ရိုးညွှန်းတမ်း ထွက်လာလို့ရှိရင် ဒီဖန်င ဒေသမှာရှိတဲ့  ကျနော်တို့ ကျောင်းတွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမား ကျောင်းတွေအနေနဲ့ ဒီသင်ရိုးညွန်းတမ်း တွေဟာ သူတို့သင်တာနဲ့ လိုက်ဖက်မှု ရှိတယ်။ သူတို့ အနေနဲ့ အသုံးပြုချင်တယ်ဆိုရင် ကျနော်တို့ အနေနဲ့ အသုံးပြုခွင့် ပြုဖို့ အစီအစဉ် ရှိပါတယ်”ဟု ပြောကြား သွားသည်။
20111018b
“ကျနော်တို့ ဒီနေ့ ဒီမှာ FED ပညာရေး အဖွဲ့အစည်း ကနေပြီတော့ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်ပေါ့လေ ဒီမှာ ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာ စာသင်ကျောင်းတွေမှာ သင်ကြားနေတဲ့ ကလေးတွေအတွက် သင်ရိုး ညွှန်းတမ်းကို ပြုစုကြတာပါ။ ဒီသင်ရိုး ညွှန်းတမ်းဟာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ကလေးတွေနဲ့ ပိုပြီး ကိုက်ညီမှု ရှိဖို့၊ နောက်ပြီးတော့ သူတို့ ရှင်သန်မှု၊ သူတို့ရဲ့လိုအပ်ချက်ပေါ့။ သူတို့ရဲ့ ရှိနေပြီးသား သင်ရိုး ညွန်းတမ်းတွေကို ပြန်လည် သုံးသပ်တယ်။ ပြန်စီစစ်တယ် နောက်ပြီးတော့ အကြောင်းအရာ သစ်တွေလည်း ထည့်သွင်း ထားပါတယ်။ အဓိက အားဖြင့်တော့ သင်ရိုးညွှန်းတမ်းမှာ စံနှုန်းတွေရှိတယ်။ စံတန်းဖိုးတွေကို ကျနော်တို့ သတ်မှတ်ကြတယ်။ မြန်မာနိုင်ငံ ပြည်တွင်းက ဖတ်စာအုပ်တွေကိုလည်း ပြန်ပြီးတော့ ကလေးတွေနဲ့ ပိုပြီး ကိုက်ညီတဲ့ လူမျိုးရေးအရ ယဉ်ကျေးမှုအရ၊ အလုပ်အကိုင်အရ၊ ရေမြေတောတောင် ရာသီဥတုနဲ့ အခြားသော ရှင်သန်မှုအရ၊ ကလေးတွေရဲ့ လိုအပ်ချက်ပေါ်မှာ ကျနော်တို့ စဉ်းစားပြီးတော့ ကလေး ဗဟိုပြု သင်ရိုးညွှန်းတမ်း၊ ကလေးဗဟိုပြု ဖတ်စာအုပ်၊ ကလေးဗဟို ပြုသင်ကြားနည်းတွေ ဖြစ်လာဖို့အတွက် ကျနော်တို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဆရာအတတ်သင် သင်တန်းကိုလည်း သင်တန်းပေးဖို့ အစီအစဉ်လည်း ရှိပါတယ်။ အတွေးအခေါ် စွမ်းရည်၊ တွေးတောမှု စွမ်းရည် မြင့်လာဖို့လည်း သင်တန်းပေးဖို့ အစီအစဉ် ရှိပါတယ်။ နောက်တစ်ခုကလည်း ခေါင်းစဉ် အသစ်တစ်ခု အနေနဲ့ ခံစားမှု ဥာဏ်ရည်ပေါ့၊ ကလေးတွေရဲ့ ခံစားမှု၊ ဖွံ့ဖြိုးမှုမှာ ပိုမိုဖွံ့ဖြိုးလာ ဖို့အတွက် ပြီးတော့လည်း မျှတမှု ရှိလာဖို့အတွက် ကျနော်တို့ဟာ ခံစားမှု ဥာဏ်ရည်ကို သင်တန်းမှာ မိတ်ဆက်သွားဖို့ ရှိပါတယ်”ဟု ဆရာဦးသိန်းနိုင်က ပြောသွားသည်။
ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း(FED)သည် ၂၀၁၁- ၁၂ခုနှစ် ပညာသင်နှစ်တွင် စာသင်ကျောင်း (၇)ကျောင်းနှင့် နေ့ကလေးထိန်းကျောင်း (၂)ကျောင်း ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူ (၆၀၀)ကျော်ကို ဆရာ၊ ဆရာမ (၃၃)ဦးဖြင့် ပညာ သင်ကြားပေးလျက် ရှိသည်။
 
Source: GHR

အမှုလွှဲပြောင်းမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ထိုင်းတောင်ပိုင်းတွင်ပြုလုပ်


အောက်တိုဘာ (၉) ရက်နေ့က အမှုလွှဲပြောင်းမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်၊ ခီးခပ်ကျေးရွာရှိ Khao Lak Orchid Resort တွင် နှစ်ရက်ကြာ ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း၊ ဆူရတ်ဌာနီနှင့် ဖန်ငခရိုင်အတွင်းရှိ လူမှုအခြေပြု အဖွဲ့အစည်းများ၊ အန်ဂျီအိုများ၊ မြန်မာရွှေ့ပြောင်း အလုပ်သမား အသင်းအဖွဲ့၊ သာရေးနာရေး အဖွဲ့နှင့် စာကြည့်တိုက် အသင်းအဖွဲ့များမှ ကိုယ်စားလှယ် (၃၅)ဦး တက်ရောက်ခဲ့သည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ထိုင်းတောင်ပိုင်း၌ ဥပဒေ အထောက်အကူပြု လုပ်ဆောင်လျက်ရှိသော SNF Foundationမှ ရှေ့နေ၊ ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)အဖွဲ့၊ ချင်းမိုင် အခြေစိုက် MAP ဖောင်ဒေးရှင်းမှ ရှေ့နေနှင့် တာဝန်ရှိသူများက အဓိကဖြေကြား ဆွေးနွေး ပေးခဲ့သည်။
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ရနောင်း ပရဟိတ လူငယ်အင်အားစု အဖွဲ့မှ ကိုဟိန်းထက်အောင်က “အလုပ်ရုံ ဆွေးနွေးပွဲတွေက တဆင့် ထိုင်းတောင်ပိုင်းမှာရှိတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ မြန်မာ့ လူထုအခြေပြု အသင်းအဖွဲ့တွေကို ပိုသိလာတယ်။ အမှုတွေ၊ ပြဿနာတွေကို စနစ်တကျနဲ့ ဘယ်လို ဆက်သွယ် လုပ်ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို သိရှိလာတဲ့အပြင် အခု ရွှေ့ပြောင်း အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဝေမျှခွင့်၊ သိရှိခွင့် ရခဲ့ပါတယ်”ဟု ပြောပြ သွားသည်။
FEDမှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက “အဓိက ရည်ရွယ်တာက ထိုင်းတောင်ပိုင်းမှာ နေထိုင်ကြတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ အနေနဲ့ မတရားခံရတာပဲ ဖြစ်ဖြစ်၊ အမှုဖြစ်လာတာပဲ ဖြစ်ဖြစ် ကြုံတွေ့ရပြီဆို ဘယ်လို ဆက်သွယ် လုပ်ဆောင်ရမယ်။ နောက်ပြီး ကိုယ်က ကူညီမယ်ဆို ဘယ်လို စနစ်တကျ ကူညီရမလဲ ဆိုတာတွေ ဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးပွဲကို ရနောင်း၊ စူရတ်ဌာနီနဲ့ ဖန်ငပြည်နယ်အတွင်းရှိ မြန်မာလူထု အသင်းအဖွဲ့တွေ တက်ရောက် လာခဲ့တဲ့အတွက် နယ်မြေ အသီးသီးက အခက်အခဲတွေ ဆွေးနွေးဖလှယ်ခွင့် ရခဲ့တယ်။ သူတို့တွေ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တစ်နေရာနဲ့ တစ်နေရာကို ချိတ်ဆက် ပေးနိုင်ခဲ့တယ်”ဟု ပြောပါသည်။
အမှုလွှဲပြောင်းမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို MAP ဖောင်ဒေးရှင်းနှင့် FEDတို့မှ တာဝန်ယူ ကျင်းပခဲ့ခြင်းဖြစ်ပြီး  ဒုတိယ အကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်သည်။ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ရနောင်းတွင် ကျင်းပသွားခဲ့ကြောင်း သိရသည်။
 
Source: GHR

ကိုမင်းကိုနိုင်၏ ၄၉နှစ်ပြည့် မွေးနေ့အခမ်းအနားကို ရန်ကုန်မြို့ သမိုင်းမြို့မ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် ဘူတာရုံလမ်းရှိ သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်တွင် အင်္ဂါနေ့ အောက်တိုဘာ ၁၈ ရက်၊ ၂ဝ၁၁ ခုနှစ်ကကျင်းပရာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး မင်းကိုနိုင် လွတ်မြောက်ရေး ရည်စူးကာ ငှက်လွှတ်ပေးခဲ့သည်။ ဓာတ်ပုံ - မဇ္ဈိမ။ ။ မင်းကိုနိုင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရပြီး ကျိုင်းတုံထောင်တွင်ရှိနေသည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉နှစ်ပြည့် မွေးနေ့ အခမ်းအနားကို အောက်တိုဘာလ ၁၈ရက်နေ့တွင် ရန်ကုန်မြို့ရှိ သမိုင်းမြို့မဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ မွေးနေ့ပွဲ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသူရ(ခေါ်) ဇာဂနာအပါအ၀င် ၀ါရင့်နိုင်ငံရေးသမားများ၊ တိုင်းရင်းသားကိုယ်စားလှယ်၊ ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၊ သတင်းစာဆရာများနှင့်အတူ ရဟန်းရှင်လူ ပြည်သူ အများအပြားတက်ရောက်ခဲ့ကြပါသည်။ မွေးနေ့ပွဲအခမ်းအနားကို သမိုင်းမြို့မဘုန်းတော်ကြီးကျောင်းရှိ အသောကဖောင်ဒေးရှင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ကာ အစီအစဉ်များကို အောက်တိုဘာလ ၁၈ရက်နေ့ နံနက်ကိုးနာရီ အချိန်ကပင် စတင်ခဲ့ခြင်းဖြစ်ပါသည်။

ကိုမင်းကိုနိုင်၏ မွေးနေ့ပွဲအခမ်းအနားသို့ တက်ရောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် သည် သမိုင်းမြို့မကျောင်းဆရာတော်ထံသို့ သွားရောက်ဖူးမျှော်ကာ ကထိန်သင်္ကန်း ဆပ်ကပ်လှူးဒါန်းခြင်း၊ အခမ်းအနားအဖွင့် မိုးပျံပူဖောင်းများ လွှတ်တင်ပေးခြင်း၊ ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက်များလွှတ်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကာ ကိုမင်းကိုနိုင်အတွက် အမှတ်တရ စကားကိုလည်း ပြောကြားပေးခဲ့ပါသည်။

ထို့နောက် ကိုမင်းကိုနိုင်၏ မွေးနေ့အတွက် ၈၈မျိုးဆက်ကျောင်းသားများ၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး ချင်းအမျိုးသားပါတီမှ ဦးဇိုဇမ်က လည်းကောင်း၊ မကြာမီရက်ပိုင်းက မော်လမြိုင်ထောင်မှ လွတ်မြောက်လာသော မဖြိုးဖြိုးအောင်ကလည်းကောင်း အမှတ်တရ စကားများပြောကြားခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဦးသူရ(ခေါ်) ဇာဂနာကလည်း အမှတ်တရ စကားပြောကြားခဲ့ပါသည်။

"မင်းကိုနိုင်ဆိုတာ ဘယ်လို လူမျိုးလဲ၊ ပြောနေကြတာပါပဲ။ ကျွန်တော်ကတော့ ထောင်ထဲမှာ သူနဲ့ ကျွန်တော် အခန်းချင်းကပ်လျက် လေးနှစ်လုံးလုံး နေခဲ့ရတယ်။ သူ့အဖေက ကျွန်တော့် အဖေပဲ၊ သူ့အမေ ကျွန်တော့် အမေပဲ။ ကျွန်တော်အဖေနဲ့အမေ ကျွန်တော်ထောင်ထဲမှာ သေသွားပေမယ့် ကျွန်တော့် အဖေ၊အမေ ကျန်သေးသလို ခံစားရတယ်။ ဒါ ကျွန်တော့် အဖေ၊ ကျွန်တော့် အမေပါ။ သူနဲ့ ကျွန်တော်နဲ့ အဲဒီလို သံတိုင်ကြားထဲကနေ ညဘက် တစ်ည မိုးကောင်ကင်ကို မော့ကြည့်ကြ၊ သူ့ကိုလည်း ကျွန်တော်မမြင်ရ၊ ကျွန်တော့်ကိုလည်း သူမတွေ့ရနဲ့၊ ဒါပေမဲ့ အသံလေးတော့ ကြားနေရတယ်။ သူပြောတဲ့ စကားလုံးတွေက ကဗျာတစ်ပုဒ်ဖြစ်တယ်။ အဲကဗျာဟာ မင်းကိုနိုင်ဖြစ်တယ်ဆိုတာကို နားထောင်ကြည့်ပေးပါ။

"လရောင်အောက်မှာနေ၊ လကိုလေ မမြင်ရ၊ ငါ ဘယ်ရောက်နေတာလဲ၊ ပါဝင်ခွင့်မရတဲ့ လောကမှာ သတိရရုံလေးပါပဲ"။ မင်းကိုနိုင်ပါ။ အဲဒီလိုလေးတွေ သတိရနေတဲ့ အချိန်လေးပဲလား။  မဟုတ်သေးပါဘူး။ နောက်တစ်ပုဒ် သီချင်းလေးဆိုတယ်။ သီချင်းလေး ရေးတယ်။ မင်းကိုနိုင်ရဲ့  သီချင်းဟာ ကျွန်တော် အသံဝင်နေလို့၊ မဟုတ်ရင်တော့ ကျွန်တော်ဆိုပြလို့ရတယ်။ ဒါပေမဲ့  အဲဒီသီချင်းရဲ့ သံပြိုင်ပိုဒ်ကလေးက ဘာလဲ၊ မင်းကိုနိုင်ဘာလဲ သိစေချင်တယ်။ အဲတာ  ဘာလဲလို့ဆိုတော့ "အာဃာတ တရား၊ အငြိုးများ ပျောက်ကွယ်စေ၊ ချိုးဖြူငှက်ရဲ့ သီချင်းများ သာယာသည်၊ ခိုင်မာခြင်း၊  ညီညာခြင်း မြန်မာဆိုတဲ့ မူရင်း အဓိပ္ပါယ် အမြဲပေါ်လွင်သည်" အဲတာ မင်းကိုနိုင်ရဲ့ သံပြိုင်ပိုဒ်ပါ။ မင်းကိုနိုင်ရဲ့ သံပြိုင်ပိုဒ်ပါ။ ခိုင်မာခြင်းနဲ့ ညီညာခြင်းကို  အမြဲလိုချင်တဲ့ ကျွန်တော့် သူငယ်ချင်းကို သမ္မတကြီးခင်ဗျာ... ဒီကနေ့ မွေးနေ့လက်ဆောင် အဖြစ်နဲ့ ပြန်လွှတ်ပေးပါ"ဟု ဦးသူရ(ခေါ်) ဇာဂနာက အမှတ်တရစကား ပြောကြားခဲ့ပါသည်။

ယခုပြုလုပ်ခဲ့သော ကိုမင်းကိုနိုင်မွေးနေ့ပွဲ အခမ်းအနားကို ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၊ အကျဉ်းကျခံရသည့် ပုဂ္ဂိုလ်များများကို သတိတရရှိပြီး ၄င်းတို့နှင့် တစ်သားတည်း ရှိကြောင်းကို ပြသလိုသည့် ရည်ရွယ်ချက်၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုအတွက် ကျောင်းသားထု၏ ဒီမိုကရေစီရေး ကြိုးပမ်းမှု အဆက်ဆက်ကို ဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအား ချွင်းခြက်မရှိ အမြန်ဆုံးပြန်လည် လွတ်မြောက်လာစေချင်သော ရည်ရွယ်ချက် အစရှိသော ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

"လူငယ်တွေလည်း လူကြီးဘ၀သို့ ရောက်ခဲ့ကြပါပြီ။ ပြည်ထောင်စုကြီးလည်း ချမ်းသာအေးချမ်းရန် အချိန် ရောက်ရှိနေပါပြီ။ ပြည်သူပြည်သား အားလုံး ညီညီညွတ်ညွတ်နှင့် ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံသားအကျဉ်းကျ အားလုံးကို သတိတရနှင့် တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်ကြပါစေ" ဟု ဒေါ်အောင်ဆန်းစုကြည်က ကိုမင်းကိုနိုင်မွေးနေ့ အမှတ်တရစာအုပ်၌ ရေးသားထားခဲ့ပါသည်။

ကိုမင်းကိုနိုင်သည် ၁၉၆၂ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး အမည်ရင်းမှာ ပေါ်ဦးထွန်းဖြစ်ပါသည်။ ဘ၀တစ်လျှောက် ထောင်ဒဏ် နှစ် ၂၀ ကျော် ကျခံခဲ့ရပြီး ၂၀၀၇ခုနှစ် သြဂုတ်လအတွင်းက ထပ်မံ အဖမ်းခံခဲ့ရပြီးနောက် ထောင်ဒဏ် ၆၅နှစ်ကျခံခဲ့ရကာ လက်ရှိအချိန်တွင် ကျိုင်းတုံအကျဉ်းထောင်သို့ ရောက်ရှိနေခဲ့ပါသည်။


ကိုမင်းကိုနိုင်၏ ၄၉နှစ်ပြည့် မွေးနေ့အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော အမှတ်တရစကား။

"ကိုမင်းကိုနိုင်ရဲ့ မွေးနေ့မှာ ကိုမင်းကိုနိုင်ရဲ့ မိသားစုကို ဂုဏ်ပြုချင်ပါတယ်။ ဒီလိုသားတစ်ယောက်ကို ဒီလောက် နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့တာ၊ ထောက်ခံခဲ့တာ ပြုစုပျိုးထောင် ပေးတာတွေအတွက် မိသားစုကို ပထမဆုံး ကျေးဇူးတင်တယ်လို့ ပြောပါရစေ။
ကျွန်မတို့ နောက်ပြောချင်တာကတော့ ဒီကနေ့ဟာ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးကို ဦးတည်ပြီးတော့ ကျင်းပတဲ့နေ့တစ်ခု ဖြစ်ပါတယ်။ လွတ်မြောက်ရေးကို ဦးတည်ပြီးတော့ ကျင်းပတဲ့နေ့တစ်နေ့ပေါ့။ စဉ်းစားကြည့်ပါ တယ်။ လွတ်မြောက်ရေးဆိုတာ ဘာလဲပေါ့။ အားလုံးအတွက် အရေးကြီးဆုံးလို့ ကျွန်မထင်တာကတော့ အဂတိတရားလေးပါးမှ လွတ်မြောက်ရမယ်။ အားလုံးဟာ အဂတိတရား လေးပါးကနေ လွတ်မြောက်သွားပြီ ဆိုလို့ရှိရင် လူတိုင်း လူတိုင်းဟာ တကယ်ကို လွတ်မြောက်နေတာပဲ။ ထောင်ထဲမှာ ရှိသည်ဖြစ်စေ၊ ထောင် ပြင်မှာ ရှိသည်ဖြစ်စေ ဘယ်မှာပဲရှိရှိ တိုင်းပြည်တစ်ပြည်လုံးဟာ အဂတိတရားလေးပါးကနေ ကင်းလွတ်ပြီဆိုလို့ရှိရင် ဒီနိုင်ငံဟာ တကယ်လွတ်လပ်တဲ့ နိုင်ငံဖြစ်သွားပြီ။ ဒီလိုအခြေအနေမျိုး ရောက်အောင်လို့ အားလုံးဝိုင်းပြီးတော့ ကြိုးစားရမယ်။ တစ်ဦးချင်း တစ်ဦးချင်းက ကြိုးစားရမယ်။ တစ်ဦးချင်း တစ်ဦးချင်းက အဂတိတရားလေးပါးကနေ ကင်းလွတ်ရမယ်။
တစ်ချို့က အဂတိတရားလေးပါးလို့ ဆိုလို့ရှိရင် အလုပ်နဲ့သက်ဆိုင်တယ်လို့ပဲ ထင်ကြတယ်။ ဥပမာအားဖြင့်ဆိုရင် လာဘ်ပေးလာဘ်ယူပေါ့လေ။ ဒီလို လွယ်လွယ်တွေးကြတယ်။ တကယ်စဉ်းစားကြည့်လို့ရှိရင် ဒါထက် အများကြီးကျယ်ပြန့်ပါတယ်။ ဆန္ဒာဂတိပေါ့နော်။ ကိုယ့်ဆန္ဒအရ မလုပ်ရဘူးပေါ့။ ကိုယ့်ဆန္ဒစွဲအရ မလုပ်ရဘူး။ ကြာကြာစဉ်းစားရမယ်။ အလုပ်တစ်ခုကို ကိုယ်လုပ်လို့ရှိရင် တကယ်မှန်တယ်ထင်လို့ လုပ်တာလား။ ကိုယ်လုပ်ချင်လို့ လုပ်တာလား။ ဒီလိုဟာကို သုံးသပ်တဲ့နေရာမှာ အင်မတန်မှ ဖြောင့်မတ်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ် မလှည့်ဖျားဖို့လိုတယ်။ လူများကို လှည့်ဖျားတာက ဒုတိယလာတာ။ ပထမဦးဆုံးက ကိုယ့်ကိုကိုယ် မလှည့်ဖျားရဘူး။ ဒီကိစ္စတစ်ခုကို ကိုယ်လုပ်ချင်တာ ကိုယ့်အတွက်လား။ အများအတွက်လား။ အမှန်တရားအတွက်လား။ ဒါကိုသေသေချာချာ သုံးသပ်မှ ဆန္ဒာဂတိကနေ ကင်းမှာဖြစ်တယ်။ လောဘဂတိကတော့ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုပါဘူး။ အားလုံးနားလည်ပါတယ်။ လောဘဆိုတာ လူတိုင်းရှိတာပဲ။
ကျွန်မတို့လည်း ရှိတာပဲ။ ဒါပေမဲ့ ဒါဟာ အထိန်းအကွပ်ရှိရမယ်။ သူ့စည်းနဲ့သူ ရှိရမယ်။
လွန်ပြီးတော့ ကိုယ်ရသင့်ရထိုက်တာထက် ပိုပြီးတော့ လိုချင်တဲ့ လောဘဆိုလို့ရှိရင်တော့ ဒါအများကို ထိတဲ့ လောဘမျိုးဖြစ်သွားနိုင်တယ်။ အဲတာကို အားလုံးကနေပြီးတော့ ဆင်ခြင်ရမယ်ဆိုတာ ကျွန်မထူးထူးထွေထွေ ပြောဖို့ မလိုပါဘူး။ ဘယာဂတိအကြောင်း အမြဲပဲ ပြောလေ့ရှိပါတယ်။ ကြောက်ခြင်းတရားပေါ့နော်။ ကြောက်တဲ့စိတ်ဟာ ကိုယ့်ကိုလွှမ်းမိုးနေလို့ ရှိလို့ရှိရင် အမှန်ကိုမလုပ်နိုင်ဘူးဆိုတာ။ ဒါကြောင့်မို့ ကျွန်မတို့ကနေပြီးတော့ စိုးရိမ်ကြောင့်ကြမှု ကနေ လွတ်ကင်းအောင် ကိုယ့်ကိုကိုယ်လုပ်ရမယ်လို့ ပြောတာပါ။ ဒီတော့ စိုးရိမ်ကြောင့်ကြမှုကနေ လွတ်ကင်းအောင်လုပ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါဟာ ထပ်တလဲလဲ ကျင့်ပြီးတော့ ယူရပါတယ်။ အဲဒီလိုပြောခြင်းအားဖြင့် မွေးကတည်းက မကြောက်တတ်တဲ့စိတ် ပါတာကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ကိုယ်ကြောက်လို့ရှိရင် တောင် ကြောက်တာကြောင့်မလို့ မမှန်တဲ့ကိစ္စကို မလုပ်ဖို့ ဒါပါပဲ။ ကျွန်မ အမြဲပဲ ပြောတယ်။ကြောက်ကြောက်နဲ့ ငြင်းပါ။ မလုပ်သင့်တဲ့ ကိစ္စကို ကြောက်ကြောက်နဲ့ပဲ မလုပ်ဘူးဆိုပြီးတော့ ငြင်းပါ။ လုပ်သင့်တဲ့ ကိစ္စကိုလည်း ကြောက်ကြောက်နဲ့ပဲ လုပ်ပါ။ လုပ်လို့ရှိရင် ဒါဟာ အရေးကြီးတာပဲ။ အမှန်ကို လုပ်ရမယ်။ မမှန်တဲ့ ကိစ္စကို ရှောင်ရမယ်။ ဒါဟာ ကြောက်လို့ မလုပ်ဖြစ်ပါဘူး၊ ကြောက်လို့ လုပ်လိုက်တာပါ။ ဒါဟာ လူတိုင်းမှာ ဖြစ်တတ်ပါတယ်။
ဖြစ်ပြီးရင် ပျက်ပေမယ့်လည်း ထပ်တလဲလဲကြုံရပါတယ်။ တစ်ခါလုပ်လို့ မအောင်မြင်ရင်လည်း နောက်နှစ်ခါ ထပ်ကြိုးစားပါ။ နှစ်ခါလုပ်လို့ မအောင်မြင်လည်း ထပ်တလဲလဲ ကြိုးစားပါ။
ကြိုးစားသင့်တဲ့ ကိစ္စဆိုတာဟာ ဘယ်လောက် ဘယ်နှစ်ခါပဲ ကြိုးစားရ ကြိုးစားရ ကြိုးစာရနပ်ပါတယ်။ နောက်ပြီးတော့ ဒေါသဂတိပေါ့နော်။ ကိုယ်မကြိုက်လို့ ကိုယ်မုန်းလို့
အဲဒီလိုကြောင့်မို့ လုပ်တဲ့ကိစ္စတွေဟာလည်း ဒါဟာ အမှန်တရားနဲ့ မကိုက်ညီပါဘူး။ လူတစ်ယောက်ကို မုန်းလို့လုပ်တာပဲ ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကို မုန်းလို့ပဲ လုပ်တာပဲဖြစ်စေ၊ ဒေါသဆိုတာ မကျေနပ်ချက်ကြောင့်ပဲ ဖြစ်စေ၊ အဲတာတွေကလည်း ကျွန်မတို့ ရှောင်ဖို့လိုပါတယ်။ ဘာပဲပြောပြော အဂတိတရားလေးပါးကို ကင်းတယ်ဆိုလို့ရှိရင် မမှန်တဲ့လမ်းကို မရောက်သွားဘူးပေါ့။ မှန်ကန်တဲ့လမ်းပေါ်မှာ လျှောက်သွားနိုင်တယ်။
မှန်ကန်တဲ့လမ်းဆိုတာ အမြဲပဲ ဖြူးဖြူးဖြောင့်ဖြောင့် မဟုတ်ပါဘူး။ အင်မတန်မှလည်း အန္တရာယ်များနိုင်တယ်။ အင်မတန်မှလည်း ပင်ပန်းနိုင်တယ်။ ဒါပေမဲ့ လျှောက်ရကြိုးနပ်တယ်လို့ ကျွန်မ ပြောပါရစေ။ အဂတိတရားလေးပါးကနေ လွတ်ကင်းပြီဆိုလို့ရှိရင် ထောင်ထဲမှာလည်း သူဟာ လွတ်လပ်နေတာပဲ။ ထောင်ပြင်မှာလည်း လွတ်လပ်နေတာပဲ။ အဂတိတရားလေးပါး မကင်းဘူးဆိုလို့ရှိရင် အပြင်မှာလည်း မလွတ်လပ်ဘူး။ အတွင်းမှာလည်း မလွတ်လပ်ဘူး။
ဘယ်တော့မှ လွတ်လပ်မှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းတဲ့ ဒီလိုနေ့မျိုးမှာ ဆိုလို့ရှိရင်
ကိုယ့်ကိုယ်ကိုလည်း ပြန်ပြီးတော့ သုံးသပ်ဖို့လည်း လိုပါတယ်။ ကိုယ်ကိုယ်တိုင်ကရော လွတ်မြောက်နေရဲ့လား။ ကိုယ်ကိုယ်တိုင်က လွတ်မြောက်နေရဲ့လားဆိုတာ အပြင်အနှောင်အဖွဲ့တွေကို ကျွန်မပြောတာ မဟုတ်ပါဘူး။ ပထမဆုံး အဂတိတရားလေးပါးဆိုတဲ့ ကိုယ့်ရဲ့ ကိုယ်တွင်းအနှောင်အဖွဲ့တွေကနေ လွတ်မြောက်နေရဲ့လားဆိုတာ ပထမသုံးသပ်ဖို့ လိုပါတယ်။ အဲတာတွေကနေ လွတ်မြောက်နေဖို့ ပထမဦးဆုံး ကြိုးစားပါ။ ကြိုးစားမှ ပြင်ပ အနှောင်အဖွဲ့တွေက နေပြီးတော့ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ အခါမှာ အမှားမပါမှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေတော်တော်များများဟာ အခုထိ အကျဉ်းသားဘ၀ကနေ မလွတ်မြောက်သေးပါဘူး။ ဒါ လွတ်မြောက်ဖို့အတွက်လည်း ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။ နိုင်ငံရေးအကျဉ်းသားများ ဘာဖြစ်လို့ လွတ်မြောက်စေချင်လဲဆိုရင် ကျွန်မတို့နိုင်ငံဟာ တကယ်ကိုလွတ်မြောက်တဲ့ တိုင်းပြည်ဖြစ်စေချင်လို့၊ ကျွန်မတို့နိုင်ငံဟာ တကယ်ကို အဂတိတရားလေးပါးကနေ ကင်းလွတ်တဲ့ တိုင်းပြည်ဖြစ်စေချင်လို့၊ ဒါကြောင့်မို့ အကျဉ်းမချသင့်တဲ့သူတွေကို မချတာကလည်း အဂတိတရားကနေ ကင်းလွတ်တဲ့အထဲ ပါပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ကနေ လွှတ်သင့်တဲ့သူတွေကို လွှတ်ရမယ်။ လုပ်သင့်တဲ့ ကိစ္စကို လုပ်ရမယ်ဆိုပြီးတော့ ဒါကို ကျွန်မတို့က ဦးတည်ပြီးတော့ ပြောနေတာ ဖြစ်ပါတယ်။
လူတိုင်း လူတိုင်းရဲ့ လွတ်လပ်ပိုင်ခွင့် လူတိုင်း လူတိုင်းရဲ့ မိမိဘ၀ကို ထူထောင်ပိုင်ခွင့်အတွက် ကျွန်မတို့ဟာ ဒီမိုကရေစီ လှုပ်ရှားမှုထဲကို ၀င်လာတာပါ။ ဒီတော့ အခွင့်အရေး အကြောင်းကြီးပဲ ကျွန်မ အမြဲပြောတာ မဟုတ်ပါဘူး။ အခွင့်အရေးအကြောင်းပြောရင် အမြဲပဲ တာဝန်အကြောင်းကို တစ်ခါတည်းဆက်ပြီး ပြောပါတယ်။ အခွင့်အရေးရှိသလို တာဝန်ဆိုတာလည်း ရှိရမယ်။ ကိုယ့်တာဝန်ကို ကိုယ်အလေးမထားနိုင်လို့ရှိလို့ရှိရင် တကယ်တော့ လူများရဲ့ လွတ်လပ်မှုကို အလေးမထားတာနဲ့ အတူတူပဲ။ လူများရဲ့ လွတ်လပ် မှုကို အလေးမထားတဲ့သူတွေဟာ ဘာဖြစ်လို့ ကိုယ့်လွတ်လပ်မှုကို တောင်းဆိုပိုင်ခွင့်ရှိလဲ။ မရှိဘူး။ ဒါဟာ မတရားဘူး။ တာဝန်ယူနိုင်တဲ့ စိတ်၊ တာဝန် ထိန်းသိမ်းရဲတဲ့ စိတ်ဓာတ်ရှိမှ လွတ်လပ်ခြင်းကို တောင်းနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ကျွန်မဒီလိုပဲ ယူဆပါတယ်။ အဲတာကြောင့်မို့လို့ ကျွန်မတို့ရဲ့ လူငယ်တွေ၊ လူလတ်တွေ၊ လူကြီးတွေ၊ လူငယ်တွေလို့ အခုပြောပေမယ့် ကျွန်မတို့လူငယ်တွေကလည်း လူကြီးတွေဖြစ်လာပြီ။ ကျွန်မတို့ လူကြီးတွေက လည်း အကြီးကြီးတွေ ဖြစ်လာပြီ။ အဲလို တစ်ဆင့် တစ်ဆင့် ပြောင်းလာတဲ့ အခြေအနေမှာ ကျွန်မတို့ အားလုံးဟာ အဂတိတရားနဲ့ကင်းဖို့ဆိုတာ ဘယ်အရွယ်နဲ့မှ မဆိုင်သူမရှိဘူး။ အရွယ်တိုင်းနဲ့ ဆိုင်တယ်။ အဲတာကြောင့်မို့လို့ ဒီဟာအတွက် ဒီလွတ်မြောက်ရေး အတွက် ၀ိုင်းပြီးတော့ ကြိုးစားသွားကြပါ။ လွတ်မြောက်ရေးဆိုတာ အမျိုးမျိုးရှိပါတယ်။ လွတ်လပ်ရေး လွတ်မြောက်ရေး အကြောင်းပြောမယ် ဆိုလို့ရှိရင် တစ်နေကုန်လည်း ပြောလို့ပြီးမှာ မဟုတ်ပါဘူး။ နိဂုံးချုပ်အနေနဲ့ပြောချင်တာက ကိုမင်းကိုနိုင်နဲ့တစ်ကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ။ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံး ပြည်သူ ပြည်သားအားလုံး ညီညီညွတ်ညွတ်နဲ့ အဂတိတရား လေးပါးကနေပြီးတော့ လွတ်မြောက်တဲ့ဘ၀ကို ရောက်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းလိုက်ပါတယ်"

Source: EMG

ရေဘေးကြောင့် အလုပ်သမားထောင်ပေါင်းစွာ အလုပ်လက်မဲ့ဖြစ်


ဒေသ ၂၀ မှာရှိတဲ့ စက်ရုံများနှင့် လုပ်ငန်းများ စုစုပေါင်း ၁၄၁၇၂ ခု ရေဘေးသင့်မှုကြောင့် အလုပ်သမားပေါင်း ၆၆၃၂၁၈ ဦးတို့ ဆိုးရွားစွာထိခိုက်ကြရကြောင်း အလုပ်သမားကာကွယ် စောင့်ရှောက်ရေးနှင့် ဖွင့်ဖြိုးရေးဌာန၏ ညွှန်ကြားရေးမှုး Arthit Isamo က မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ 

ပထုမ်ဌာနီမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ရေဘေးကြောင့် စက်ရုံပေါင်း ၃၃၂၆ ခု ပိတ်ခဲ့ရပြီး အလုပ်သမားပေါင်း ၂၁၈၄၇၄ ဦး အလုပ်လက်မဲဖြစ်ခဲ့ရကြောင်း မနေ့ နေ့လည်ပိုင်းက ထုတ်ပြန်တဲ့ ၎င်းရဲ့ အစီရင်ခံစားထဲမှာ ဖေါ်ပြထားပါတယ်။ န၀ နခွန် စက်မှုဇုန်မှာဖြစ်ပွားခဲ့တဲ့ ရေဘေးဟာလည်း လုပ်ငန်းပေါင်း ၂၂၇ ခုကို ရပ်ဆိုင်းခဲ့ရတဲ့အတွက်ကြောင့် အလုပ်သမားပေါင်း ၁၇၅၀၀၀ ကိုထိခိုက်စေခဲ့ကြောင်း ၎င်းကပြောပါတယ်။ သူ့အနေနဲ့ ပထုမ်ဌာနီ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့် ဖွင့်ဖြိုးရေးဝန်ထမ်းများအား အလုပ်သမားတွေ သူတို့အလုပ်တွေပိတ်ထားရချိန်မှာ တခြားထူထောင်ရေးလုပ်ငန်းတွေနှင့်ဖြည့်ဆည်းပေးဖို့ ညွှန်ကြားထား ကြောင်း ပြောပါတယ်။ 

အယုဒ္ဓယနယ် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့် ဖွင့်ဖြိုးရေးရုံး၏တင်ပြချက်အရ ဗန်ဘာအင်းနှင့် ရိုဂျန နယ်မှာရှိတဲ့ ထူထောင်ရေးလုပ်ငန်း ၃၀ အနက် ၁၅ ခုမှာရှိတဲ့ အလုပ်သမားတွေကို အကူအညီအပြည့်အ၀ပေးပြီးဖြစ်ကြောင်းနှင့် တခြား ၁၄ ခုမှာလဲ လုပ်အားခရဲ့ ၇၅ ရာခိုင်နှုန်းကို လတစ်လရဲ့ လစာတစ်ဝက်ပေးပြီးသောသူများကို ထုတ်ပေးပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသွားပါတယ်။ 

ရေဘေးသင့်ပြီး ၅ ရက် ၆ ရက်အကြာ ပထုမ်ဌာနီနယ်ရဲ့အခြေအနေတွေနှင့် တွက်ဆကြည့်ရင် အယုဒ္ဓယနယ်ဟာ အလုပ်သမားပေါင်း ၁၀၀၀၀၀ သူတို့အလုပ်တွေပိတ်ခဲ့ရနိုင်တယ်လို့တွက်ဆကြည့်နိုင်ကြောင်း ၎င်းကပြောပါတယ်။ 

မောင်ရွယ်ရောက်
Source: The Nation

ကမ္ဘာတစ်လွှားကို ရိုက်ခတ်စေတဲ့ ထိုင်းရေဘေးရဲ့ ဆိုးကျိုး


ထိုင်းနိုင်ငံရဲ့ နှစ်ငါးဆယ်အတွင်းအဆိုးရွားဆုံးရေကြီးမှုဟာ နိုင်ငံတွင်လာရောက်လုပ်ကိုင်နေတဲ့ စက်မှုလက်မှုလုပ်ငန်းများ၊ ဂျပန်စက်ရုံများကိုထိခိုက်စေကြောင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုကိုပါ ထိခိုက်လာလေမလားဆိုတဲ့ စိုးရိမ်မှုတွေကိုပါ တိုးပွားလာစေပါတယ်။

ယိုမီယူရီ ရှမ်ဘမ် ရဲ့ ယနေ့တင်ပြတဲ့ အစီရင်ခံစာအရဆိုလျှင် ဘန်ကောက်မြို့နှင် သိပ်မဝေးလှတော့တဲ့ ရှေးဟောင်းမြို့တော် အယုဒ္ဓယနယ်မှာရှိတဲ့ အဓိကကျတဲ့ စက်မှုဇုန်ကြီး (၅) ခုဟာ ရေနစ်ခဲ့ရပါတယ်။ ၎င်းနယ်ဟာ ဂျပန်ကားစက်ရုံများနှင့် လျှပ်စစ်ပစ္စည်းများထုတ်လုပ်ရာ စက်ရုံများ အများအပြားတည်ရှိရာ နယ်လည်းဖြစ်ပါတယ်။

အစီရင်ခံစာအရ စက်ရုံတွေဟာ အားလုံးရေနစ်နေပြီး စက်ရုံဧရိယအတွင်း လှေမပါလျင် သွားလာလို့မဖြစ်နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ စက်ရုံဟာ ပထမထပ် မျက်နှာကျက်အထိ ရေနစ်ခဲ့တယ်” လို့ စက်မှုဇုန်ကြီးတစ်ခုလုံး ဗွက်အိုင်ကြီးအဖြစ် ယုတ်ချည်းပြောင်းလဲသွားတဲ့ အဆင့်မြင့်လျှပ်စစ်ပစ္စည်းများထုတ်လုပ်တဲ့ ဂျပန်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ယောက်ကပြောပါတယ်။

သူ့အနေနဲ့ ကုန်ထုတ်လုပ်တဲ့စက်ပစ္စည်းတွေကို အပြင်ကိုဆွဲထုတ်သယ်ယူဖို့ကြိုးစားခဲ့ပေမယ့် အပြင်မှာ အဲဒီပစ္စည်းတွေကိုထားသိုစရာနေရာရှာမတွေ့တော့တဲ့အတွက်ကြောင့် လက်လျော့ခဲ့ရတယ်လို့ပြောပါတယ် “ပစ္စည်းတွေကို ဆွဲထုတ်ကယ်တင်ဖို့ အချိန်လေးကို မရလိုက်ဖူးဗျာ” လို့ ၎င်းကပြောပါတယ်။

အစီရင်ခံစာအရ ၎င်းရေးကြီးမှုကြောင့် ကုမ္ဗဏီ ၃၂၀ လောက်ဟာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ကုမ္ဗဏီတွေအားလုံး အပြည့်အ၀ပြန်လည် လည်ပတ်နိုင်ဖို့ဆိုလျင် လ အတော်များများကြာအောင် အချိန်ယူရဖွယ်ရှိပြီး တခြား အစားထိုးကုန်ပစ္စည်းများထုတ်လုပ်နိုင်အောင် သို့မဟုတ် တခြားထိရောက်မယ့် လမ်းကြောင်းတစ်ခုခုကို သူ့ထက်ငါ အလုအယက်ကြိုးပန်းရှာဖွေနေကြပါတယ်။

Merrill Lynch Japan Securities Company ရဲ့အဆိုအရ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ကုန်ထုတ်စွမ်းအားလည်ပတ်မှုထဲက အဓိကျတဲ့စက်မှုလက်မှုလုပ်ငန်းများတည်ရှိ ရာနိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ အကယ်၍ ကုန်ထုတ်လုပ်မှုရေရှည်ပျက်စီးမယ်ဆိုပါက ကမ္ဘာ့ကုန်ထုတ်စွမ်း အားကိုပါ ထိခိုက်လာနိုင်ကြောင်း ပြောပါတယ်။

ဂျပန်လုပ်ငန်းရှင်တစ်ဦးကတော့ အခုရေကြီးမှုဟာ ဂျပန်အရှေ့ဘက်ကမ်းရုံးတန်းမှာ ဖြစ်သွားတဲ့ မြေငလျင်လုပ်မှုနဲ့ နယူးကလီးယားအကျိုးဆက် ကပ်ဆိုက်တဲ့အဖြစ်နဲ့ အလားတူတယ်လို့ ပြောပါတယ်။

အယုဒ္ဓယနယ်၊ ရိုဂျနာ မှာရှိတဲ့ ဂျပန် ဟွန်ဒါ ကားကုမ္ဗဏီကတော့ ၎င်းရဲ့ စက်ရုံကို အောက်တိုဘာလ ၄ ရက်နေ့ကတည်းက ရပ်နားခဲ့ရပါတယ်။ ဒီစက်ရုံဟာ ဟွန်ဒါရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးဆုံး ကုမ္ဗဏီလည်းဖြစ်ပြီး ယခုနှစ်ဈေးကွက်အတွက် ခရီးသည်တင်ကားနှင့် Brio ကားများအပါအ၀င် ကားအစီးရေ ၂၄၀၀၀၀ (နှစ်သိန်းလေးသောင်း) ကိုထုပ်လုပ်ပေးခဲ့တဲ့ကားကုမ္ဗဏီလည်းဖြစ်ပါတယ်။

စက်ရုံတွင်းအခြေအနေတွေကို အခုအချိန်အထိတော့ အတည်ပြုချက်မထုတ်ပြန်နိုင်သေးဘူးလို့ ဟွန်ဒါစက်ရုံ အရှာရှိတစ်ဦးကပြောပါတယ်။

ရေနစ်သွားတဲ့ စက်ပစ္စည်းတွေ အသုံးအဆောင်တွေအကုန်လုံး ပြန်လည်ပြုပြင်နေရာချထားရတာမျိုး လုပ်ရမှာဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ပျက်စီးမှုဟာ အချိန်ကြာနိုင်တယ်လို့ဆိုပါတယ်။

တိုယိုတာ ကားကုမ္ဗဏီကတော့ သံမဏိကားဘီးအတွင်းခွေထုပ်လုပ်ရေး အပါအ၀င် စက်ရုံရဲ့ အစိတ်အပိုင်းတစ်ချို့ရယ် တခြား၎င်းစက်ရုံတွေနှင့် လမ်းတွေရေထိခဲ့တာကြောင့် လာမည့် စနေနေ့အထိ ကုန်ထုတ်လုပ်မှုတွေအားလုံး ရပ်ဆိုင်းထားရဖွယ်ရှိကြောင်း ပြောပါတယ်။

တိုယိုတာကုမ္ဗဏီရဲ့ အခြေအနေဟာ အရေးပေါ်အခြေအနေမှာရှိနေပါတယ်။ ဒီကုမ္ဗဏီဟာ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားအခြေစိုက်ကုမ္ဗဏီတွေထဲမှာ အမေရိကန်နှင့် တရုပ်နိုင်ငံတွေပြီးလျင် တတိယ အကြီးဆုံး ကုမ္ဗဏီလဲဖြစ်ပါတယ်။ ဒီကုမ္ဗဏီဟာ ထိုင်းနိုင်ငံမှာ၂၀၁၀ ခုနှစ်က ကားအစီးရေ ၆၃၀၀၀၀ (ခြောက်သိန်းသုံသောင်း) ကိုထုတ်လုပ်ပေးခဲ့တဲ့ ကားကုမ္ဗဏီလည်းဖြစ်ပါတယ်။

လောလောဆည် ကုန်ထုတ်စွမ်းအားဆုံးရှုံးမှုကို ကွက်လပ်ဖြည့်နိုင်အောင် ဂျန်ပန်နိုင်မှ ရေလမ်းကြောင်းဖြင့်  တခြားနိုင်ငံများကို ကုန်ပစ္စည်းများ ပို့ဖို့စဉ်းစားနေကြောင်း ပြောပါတယ်။

လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုတွေဟာလည်း ထိုင်းထုတ်ကုန်တွေအပေါ်တွေ အများကြီး မှီခိုနေရပြီး

ထိုင်းနိုင်ငံဆိုင်ရာ Nokia ကုမ္ဗဏီဟာ ၎င်းရဲ့ အလည်လတ်တန်းစား အများသုံးနိုင်မယ့် ကင်မရာတွေကို ထိုင်းနို်င်ငံမှာ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါဟာ ကုမ္ဗဏီရဲ့ SLR ကင်မရာထုတ်လုပ်ခြင်းရဲ့ ၉၀ ရာခိုင်းနှုန်းအထိ ရှိတယ်လို့ပြောတယ်။

ဒစ်ဂျစ်တယ် SLR ကမ်မရာတွေ အားလုံးထုတ်လုပ်တဲ့ Sony ကုမ္ဗဏီဟာလည်း အယုဒ္ဓယနယ်မှာ ဘဲတည်ရှိပါတယ်။

တခြားကုမ္ဗဏီတွေကို ကုန်စီဖြန့်ဖြူးရေးနှင့်ပတ်သက်လို့ ကားအတွင်းပိုင်း အင်ဂျင်မော်တာထုတ်လုပ်တဲ့ Nidec ကုမ္ဗဏီဟာလည်း အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက ၎င်းရဲ့ ထုပ်ကုန်တွေကို ရပ်ဆိုင်းခဲ့ရကြောင်းသိရပါတယ်။

မောင်ရွယ်ရောက်
Source: The Nation 

Tuesday, 18 October 2011

ထိုင်းရေဘေးသင့် မြန်မာအလုပ်သမားများ ကယ်ဆယ်ရေးဌာနကို အကူအညီ တောင်းခံနိုင်


ရေလွှမ်းမိုးခံနေရတဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမား ရေဘေးဒုက္ခသည်တွေဟာ ထိုင်း ရေဘေးကယ်ဆယ်ရေးဌာနတွေဆီ တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြား နိုင်တယ်လို့ မြန်မာရေဘေးဒုက္ခသည်အရေး တာဝန်ခံက ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းက စီးဆင်းလာတဲ့ ရေထုကြောင့် ဘန်ကောက်မြို့ အထက်က နခွန်စ၀မ်၊ အယုဒ္ဓယနဲ့ ပထုံဌာနီဒေသတို့မှာ ခရိုင်တခုလုံး ရေလွှမ်းမိုးနေပါတယ်။

ဒီခရိုင်တွေမှာ အလုပ်လုပ်နေပြီး ရေဘေးဒုက္ခရောက်နေတဲ့ မြန်မာ အလုပ်သမားတွေဟာ ထိုင်းအစိုးရက ဖွင့်လှစ်ထားတဲ့ ဘန်ကောက် ဒွန်မောင်း လေဆိပ်က အရေးပေါ် ရေဘေးကယ်ဆယ်ရေးစင်တာကို ဆက်သွယ်နိုင် ပါတယ်လို့ တာဝန်ခံက ပြောပါတယ်။

“ဖုန်းဆက်လာတာ သိပ်မများသေးဘူး။ မြန်မာအလုပ်သမားတွေက စင်တာရဲ့​ဖုန်းနံပါတ်တွေကိုမသိသေးဘူး။ ကျမတို့ စင်တာက ခုမှ စဖွင့်တာလည်း ပါတယ်လေ။ သူတို့ကို ပြောပြပါ။ စင်တာကို ဖုန်းနဲ့ ဆက်သွယ်အကူအညီတောင်းနိုင်တယ်။ သူတို့ ရှိနေတဲ့ နေရာတွေနဲ့ သိမြင်နိုင်တဲ့အမှတ်အသားတွေနဲ့ အချက်အလက်တွေကို တိတိကျကျ ပြောပြစေချင်တယ်။ သွားပြီးကူညီတဲ့အဖွဲ့တွေက အလွယ်တကူ သိရှိနိုင်ဖို့ပေါ့။”

ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကတော့ ၀၈၅ ၃၃၂၇၅၅၃ ဖြစ်ပြီး အမည်က ‘ဖိနုတ်’ ဖြစ်ပါတယ်။

ထိုင်းစကားမပြောနိုင်တဲ့ မြန်မာအလုပ်သမားတွေအတွက် ၀၈၅-၃၇၀၀၅၉၆၊ ၀၈၀-၅၅၂၂၀၆၂၊ ၀၈၉-၆၃၇၅၂၇၁ စတဲ့ ဖုန်းနံပါကို ဆက်သွယ်ပြီး မြန်မာစကားပြန်တွေကို အကြောင်းကြားနိုင်ပါတယ်။

ထိုင်းစကားတတ်တဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ၀န်ကြီးချုပ်ရုံးကို အရေးပေါ်ဖုန်းနံပတ် ၁၁၁၁ ကနေ ၂၄ နာရီပတ်လုံး အခမဲ့ တိုက်ရိုက်ဖုန်းဆက် အကြောင်းကြားနိုင်ကြောင်း ၀န်ကြီးချုပ်ရုံး တာဝန်ခံတဦးက ပြောပါတယ်။

“ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားဆိုရင် ဖုန်းဆက် အကြောင်းကြားပါ။ အမည်နဲ့ ပြန်ပြီးဆက်သွယ်လို့ ရတဲ့ ဖုန်းနံပါတ်တွေကိုပြောပါ။ ပြီးတော့ မိမိ ရေဘေးဒုက္ခ ရောက်နေတဲ့ ခရိုင်အမည်တွေကို အကူအညီတောင်းခံမယ်။ ဥပမာ သဲအိတ်လိုလား၊ ဆေးဝါးလား၊ အစားအသောက်၊ အသုံးအဆောင် စသဖြင့်ပေါ့။ တိုက်ရိုက်သက်ဆိုင်တဲ့ အနီးဆုံးဌာန အမှုထမ်းတွေကို ဆက်သွယ် အကြောင်းကြား ဆောင်ရွက်ပေးဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်။ ခရီးသွားလာရာမှာ ဘယ်လမ်းတွေကို ရှောင်ပြီး ဘယ်လမ်းတွေကနေ သွားရမယ်ဆိုတာကို သိဖို့ ဖုန်းနံပါတ် ၁၄၉၀ ကို ဆက်သွယ်နိုင်တယ်။ အရေးပေါ်ဆေးကုသရေး လိုအပ်ရင် အရေးပေါ်ကျန်းမာရေးဌာန ဖုန်းနံပါတ် ၁၆၆၉ ကို ဆက်သွယ်နိုင်ပါတယ်။”

၂ လကြာ ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံမှာ လူ ၃၀၇ ဦး သေဆုံးခဲ့ပြီး ဘန်ကောက် အထက်က နခွန်စ၀မ် အယုဒ္ဓယနဲ့ ပထုံဌာနီ စတဲ့ခရိုင်တို့မှာ အိမ်ခြေ ၃ သန်းနီးပါး ရေမြုပ်ပြီး လူဦးရေ ၈ သန်းခွဲကျော် ဒုက္ခရောက်နေပါတယ်။

ပထုံဌာနီခရိုင်နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ ဘန်ကောက်အနောက်ဘက်က ရပ်ကွက်ဇုန် ၁၅ ခုကို ရေမလွှမ်းနိုင်ဘူးလို့  ထိုင်းအစိုးရက ကြေညာထားပေမယ့် ဘန်ကောက်မြို့တော်ဝန်နဲ့  ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ကတော့ အစိုးရက ရေမလွှမ်းဘူးလို့ ကြေညာခဲ့တဲ့ ခရိုင်တွေမှာ ရေလွှမ်းသွားတာကြောင့် ခုကြေညာချက်ကို ရာနှုန်းပြည့် စိတ်မချဘူးသေးဘူးလို့ မီဒီယာတွေကို ပြောပါတယ်။ 
Source: DVB

ထပ်တူထပ်မျှ အမောပြေနိုင်ပါစေ....

ဒီလအတွက် အမောပြေကဏ္ဍအဖြစ် ထပ်တူကျမှုတစ်ခုကိုမျှဝေပါရစေ။ ထပ်တူကျမှုဆိုလို့ မျက်စိရှုပ်မသွားလိုက်ပါနှင့်ျှဝေသူဆိုလိုချင်တာက အလွမ်းဆုံးသီချစ်တစ်ပုဒ်နှင့် အနှစ်သက်ဆုံးအဆိုတော် တစ်ယောက် ထပ်တူကျခဲ့တာကိုဆိုလိုချင်တာပါ။

ထပ်တူတဲ့။ စာဖတ်သူဘ၀မှာ ကိုယ်နှစ်သက်တဲ့အရာတွေနှင့် ဘယ်နှစ်ခါ ထပ်တူကျဖူးပါသလဲ၊ နောက် ကိုယ် မနှစ်သက်တဲ့အရာတွေနဲ့ ထပ်တူလာကျနေတာကိုကောဘယ်နှစ်ခါကြုံဖူးပါသလဲ၊ နောက်ဆုံးပြောရရင် ထပ်တူ မကျ ကျအောင်ကော ဘယ်နှစ်ခါ တမင်လုပ်ဖူးပါသလဲ။ စကားလေး နှစ်လုံးကထွက်ကျလာတဲ့ မေးခွန်းတွေဟာ ဘ၀တစ်ခုစာအထိ နက်ရှိုင်းစိမ့်ဝင်သွားမတတ် ကျယ်ပြန့်သွားတာကို စာဖတ်သူ အကဲခတ်မိပါလိမ့်မယ်။ ဟုတ်ပါတယ် ကျွန်တော်တို့ဘ၀တွေမှာ ကျွန်တော်တို့ တောင့်တတဲ့အရာတွေနှင့် ထပ်တူကျခဲ့တာကို ကြုံတွေ့ခဲ့ရဖူးသလို ထပ်တူ မကျချင်တဲ့အရာတွေနှင့်လည်း ကြုံတွေ့ခဲ့ကြရပါတယ်၊ ထပ်တူ မကျကျအောင် ကြိုးစားတည်ဆောက်ပေမယ့်လည်း ယနေ့အထိ အံလျော်နေတဲ့အဖြစ်တွေကလည်း ကျွန်တော်တို့ ဘ၀ကိုယ်စီမှာ ရှိနေကြတာ အမှန်ပါဘဲ။ ဘ၀ချင်း၊ အမြင်ချင်း၊ ယုံကြည်ချက်--ခံယူချက်ချင်းဆိုတဲ့ ဒီအချက်တွေထဲက တစ်ခုခုနဲ့ထပ်တူကျလို့ ဘ၀မှာပျော်နိုင်သူတွေရှိသလို တစ်ခုခုနှင့် လွဲလျော်နေတဲ့အတွက်ကြောင့်လည်း ဘ၀မှာ မောနေခဲ့ရသူတွေလည်းရှိနေတာပါဘဲ။ တစ်ချို့ကလဲ အဲဒီအချက်တွေထဲက တစ်ခုခုနှင့် ထပ်တူ မကျကျအောင် ကြိုးစားနေကြတာ အမှန်ပါ။ လမ်းညွှန်မြေပုံမဲ့ မရေရာတဲ့ ခရီးသွားတွေဘဲကို။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက ဘ၀မှာ ဆန္ဒနဲ့ ထပ်တူကျမှုဘဲဖြစ်ဖြစ် ဆန္ဒမဲ့ ထပ်တူကျမှုဘဲဖြစ်ဖြစ် ထပ်တူကျမှုကို တောင့်တနေတာဘဲဖြစ်ဖြစ် အရာတိုင်းအတွက် အနုပညာဟာ ထပ်တူကျနေတယ်လို့ ပြောရင် စာဖတ်သူငြင်းနိုင်မယ် မထင်ပါဘူး။ ဟုတ်ပါတယ် အနုပညာဟာ စိတ်ရဲ့ အပျော့ အမာတိုင်းအတွက် ထပ်တူကျနေတဲ့ ကောင်းကင်တစ်ခုပါ။  မျှဝေသူအတွက်တော့ ဒီလအတွက် (သို့မဟုတ် ဒီဘ၀အတွက်) Celine Dion နဲ့ My Heart Will Go On ဟာ ထပ်တူကျခဲ့ပါတယ်။ ဆန္ဒနဲ့ ထပ်တူကျမှုတွေအတွက်လား၊ ဆန္ဒမဲ့ ထပ်တူကျမှုတွေအတွက်လား ဒါမှမဟုတ် ပေါက်ဂဏန်တစ်လုံးမှမပါတဲ့ ထီလက်မှတ်တစ်ဆောင်ကို အမြတ်တနိုးသိမ်းဆည်းခဲ့မိခြင်းတွေအတွက်လား…။ ဘာဘဲဖြစ်ဖြစ် စာဖတ်သူနဲ့ မျှဝေသူ ထပ်တူကျခဲ့မယ်ဆိုရင်။ ထပ်တူမကျခဲ့တဲ့ဘ၀တွေအတွက် အနုပညာဟာ ထပ်တူကျနေတယ်လို့ ယုံကြည်လျှင်၊ ဒါမှမဟုတ် အနဲဆုံးတော့ Celine Dion ဟာ သူမရဲ့ My heart will go on နှင့် ထပ်တူကျခဲ့တယ်ဆိုရင် စာဖတ်သူကော မျှဝေသူပါ ထပ်တူထပ်မျှ အမောဖြေနိုင်လိမ့်မယ်လို့ ယုံကြည်လက်ခံမိပါတယ်။
သင်နှင့် သင့်ဘ၀ ထပ်တူကျနိုင်ပါစေ
မေတ္တာဖြင့်
မောင်ရွယ်ရောက်။



Monday, 17 October 2011

စတုတ္ထမြောက် ရေမြုပ်သွားတဲ့ စက်မှုဇုန်

စက်ရုံ ၉၀၊ အလုပ်သမား ၆၀,၀၀၀တို့ရဲ့ အနာဂတ် မရေမရာ ဖြစ်နေပြီ
ပထုမ်ဌာနီ စီးပွားရေးဇုန်
ရေအရမ်းကြီးလို့ အယုဒ္ဓမှာရှိတဲ့ စတုတ္ထအကြီင်္းဆုံးစက်မှုဇုန် ရေမြုပ်သွားပြီး အလုပ်သမားတွေရွှေ့ပြောင်းရေး အမိန့်ပေး ဖို့ အာဏာပိုင်တွေ ကြုံတွေ့နေရပါတယ်။ စစ်တပ်နဲ့အလုပ်သမားတွေက ရေတားတွေထိမ်းထားဖို့ကြိုး စားပေမဲ့လည်း ရေ တွေက တံတိုင်းအကာတွေကို ချိုးဖျက်ပစ်လိုက်ပြီး ဘန့်ဖာအင်းစက်မှုဇုန်ဟာ ရေမြုပ်သွားပါတယ်။ ဘေးကင်းရာမြေကို ချက်ချင်းရွှေ့ဖို့ ပြည်သူတွေကို အမိန့်ထုတ်ထားပါတယ်လို့ ဘန့်ဖာအင်းခရိုင်မှူး နာသီးဘောဆုဝမ်က ပြောပါတယ်။ ရေ အမြင့်က ၈၀ စင်တီမီတာကနေ တမီတာထိ ရောက်လာပါပြီ။
သောကြာနေ့ကတည်းက ဒီစက်မှုဇုန်ရဲ့ အရှေ့ဖက်က ကြိုးပေါက်သွားတဲ့ရေတံတိုင်းကို ပြင်ဖို့ စစ်သားတွေနဲ့အလုပ် သ မားတွေက အပြိုင်အဆိုင်လုံးပမ်းခဲ့ကြပေမဲ့ ရေအားကအရမ်းသန်လို့ မရပါဘူး။ အောက်တိုဘာ ၄ ရက်က ကျောက်ဖရား မြစ်ရေ လျှံပြီး ချိုင်ဝပ်ထနာရမ်ဘုန်း ကြီးကျောင်းမှာတားထားတဲ့ အတားတွေကို ချိုးဖျက်ပစ်လိုက်ချိန်ကစပြီး အယုဒ္ဓယနဲ့ မြစ်အောက်ပိုင်းဒေသတွေ ရေမြုပ် ကုန်ပါတယ်။ ဆာဟာရတ္ထနာနုခေါန်၊ ရိုကျနာနဲ့ အဆင့်မြင့်နည်းပညာသုံး စက်မှုဇုန် တွေ ရေလွှမ်းကုန်ပြီး ဘတ်ငွေ ဘီလျံနဲ့ချီပြီး ပျက်စီးကုန်ပါတယ်။ အာဏာပိုင်တွေက ကြိုးစားပေမဲ့လည်း ဘန်ပါအင်းဇုန် အားလုံးရေမြုပ်ကုန်တယ်လို့ ထိုင်းစက်မှုဇုန် ဒုအုပ်ချုပ်ရေးမှူး နာရာပေါ့တီးဝဲထနွမ်က ပြောပါတယ်။
စက်မှုဇုန် ၄ ခု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ၁၉၄ ဘီလျံလောက် ရှိတယ်လို့ သူက ပြောပါတယ်။ ဘန့်ဖာအင်ဇုန်ဟာ လိုက် (ရိုင်) ပေါင်း ၁၉၆၂ လိုက်ရှိပြီး စက်ရုံပေါင်း ၉၀ နဲ့ အလုပ်သမား ၆၀,၀၀၀ ရှိပါတယ်။ လုပ်ငန်းအများစုက အီလက် ထ ရောနစ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အင်ဂျင်နဲ့အ၀တ်အထည်လုပ်ငန်းတွေ ဖြစ်ကြပါတယ်။
အယုဒ္ဓယကလာတဲ့ရေတွေတားဖို့ အသေအချာဆောင်ရွက်မှုတွေလုပ်ထားဖို့ ပထုမ်ဌာနီ၊ ခလုန်လူအန်းခရိုင်းမှာရှိတဲ့ နာ ၀မ်နာခေါန်စက်မှုဇုန်ကို မနေ့က ကြည်းတပ်ဦးစီးချုပ် ဖရာယုသ်ကျန်းအိုချား စစ်ဆေးခဲ့ပါတယ်။ စက်မှုဇုန်တွေမှာ ရေကြီး တာကို ကူညီဖြေရှင်းပေးဖို့ အစိုးရရဲ့ ရေဘေးကယ်ဆယ်ရေးစစ်ဆင်မှုဌာနက တပ်မတော်ကို တောင်းဆိုထားတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။ အခုအခါမှာ တပ်မတော်ဟာ နာဝမ်နာခေါန် စက်မှုဇုန် မပျက်စီးစေဖို့ ရေကြီး တာကနေ ကာကွယ်ဖို့ အဓိကထား လုပ်နေပါတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။ ဒီဇုန်မှာ ကုန်ထုန်စက်ရုံ ပေါင်း ၂၂၇ ရုံရှိပါတယ်၊ အကျယ်အ၀န်းက လိုက် (ရိုင်) ၈၀၀၀ ရှိပြီး အလုပ်သမားပေါင်း ၁၈၀,၀၀၀ ကျော် ရှိပါတယ်။ ဒီနယ်မှာ ရင်းနှီးမြှုပ်နှံမှုက ဘတ်ဘီလျံ ၁၀၀ ကျော်ပါတယ်။
အယုဒ္ဓယ၊ ဘန့်ဇာအင်း စက်မှုဇုန် ရေမြုပ်နေပုံ
စစ်သားတွေဟာ ရေတားတံတိုင်းတွေဖို့ ဘို့ သဲအိတ် ၁၀၀,၀၀၀ ကျော် ကို အပြိုင်အဆိုင် ထုတ်လုပ်နေကြရပါတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။ ရေတား အကာအကွယ်အတွင်းမှာရှိတဲ့စက်မှုဇုန်နေရာက လုံခြုံစိတ်ချရပေမဲ့ အကာအကွယ်အပြင်ဖက်မှာနေတဲ့ လူတွေကတော့ ရေလွှမ်းတာ ခံနေရပါတယ်။ သောကြာညက လျှံတက်လာတဲ့ရေက အရမ်းမြင့်တယ်လို့ န၀မ်နခေါန်စက်မှုဇုန်မှူး နီဖစ်က ပြောပါတယ်။ “စနေနေ့လည်မှာ ရေတက်လာတာဆို ၅မီတာ အမြင့် ရှိတဲ့တံတိုင်းကိုရောက်ဖို့ တမီတာလောက်ပဲ လိုတော့တယ်” လို့ သူက ပြောပါတယ်။ တချို့နေရာတွေမှာ ရေတွေက ဒီ အတား အဆီးတွေကို ချိုးဖျက်လိုက်ပြီး စက်မှုဇုန်ထဲကို ၀င်လာတယ်။ ဒါပေမဲ့ အလုပ်သမားတွေက ရေတွေကို စုပ်ထုတ် ပစ် နိုင်ခဲ့ပါတယ်။ အာရှအဝေးပြေးလမ်းမကြီးပေါ်က ဒက်ချာတီဝေါင်တံတားအနီးက မြေတံတိုင်းကိုပြင်ဖို့ အာဏာပိုင် တွေနဲ့ အလုပ်သမားတွေက လုပ်ကိုင်နေကြပါတယ်။ အာရှလမ်းမကြီးကို ဒီကနေ့ဖွင့်ဖို့ မျှော်လင့်ရတယ်လို့ နခုန်ဆ၀မ် အုပ်ချုပ်ရေးမှူး ချိုင်ရော့ခ်ျမီဒဲန်က ပြောပါတယ်။ပြည်နယ်ရေဘေးကယ်ဆယ် ရေးဌာနက ရေဘေးဒုက္ခ သည် ၁၀,၀၀၀ လောက်ကို နေစရာပေးနေရပါတယ်လို့ သူက ပြောပါတယ်။







အောက်တိုဘာ ၁၆၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Source: နေ့သစ်

ရိုဟင်ဂျာဒုက္ခသည် ၃ သောင်း နီးပါး မြန်မာ လက်ခံမည်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပြီး လတ်တလော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာ ၃ သောင်းလောက်ကို မြန်မာအစိုးရက ပြန်လက်ခံဖို့ သဘောတူလိုက်ပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့ရဲ့ အသက်အန္တရာယ်၊ တိုင်းရင်းသား တန်းတူ အခွင့်အရေးနဲ့ တရားဝင်နိုင်ငံသား အဖြစ် မြန်မာအစိုးရက ပေးအပ်မယ်ဆိုရင် ပြန်မယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဘက်ကတော့ ဒီ ဒုက္ခသည်တွေကို ရိုဟင်ဂျာအဖြစ် လက်ခံမလား။ ဘယ်နေရာတွေမှာ အခြေချ နေထိုင်ခွင့်ပြုမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး အတိအကျ ပြောဆိုထားတာ မရှိသေးပါဘူး။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ သောင်း ၈ ထောင်ကို ပြန်ခေါ်ဖို့ သဘောတူတဲ့အကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့ စနေနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကောက်ဘဇာ ခရိုင်တွင်းက ဒုက္ခသည်စခန်း တစ်ခုမှာ နေထိုင်ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည် အသိအမှတ် ပြုထားသူတွေကို ပြန်ခေါ်ဖို့ မြန်မာအစိုးရက သဘောတူလိုက်တာ ဖြစ်ပါတယ်။
စနေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသွားတာ ကိုတော့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလားတန်သတင်း ဂျာနယ်ရဲ့ အယ်ဒီတာ ဦးတင်စိုးက အခုလို ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရုံး အတွင်းရေးမှူးက သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါကျတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံးရဲ့ သဘောတူညီချက်နဲ့ အဲဒီမှာရှိနေတဲ့ လူပေါင်း ၂ သောင်း ၈ ထောင်ကို ပြန်ခေါ်သွားမယ်လို့ ပြောတာပဲ။ ဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ လူပေါင်း ၄ သိန်းကျော်နဲ့ ၅ သိန်းအတွင်းမှာ ရှိနေတဲ့ လူတွေကို သူတို့ တဖြည်းဖြည်း ခေါ်သွားနိုင်အောင် ကြိုးစားပေးမယ်၊ ဒါပေမဲ့ လောလောဆယ် မပို့နိုင်တဲ့အခြေအနေမှာ ဒီ ရိုဟင်ဂျာတွေကို သူတို့ အတင်းအဓမ္မ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ပြန်ထွက်ခွာသွားဖို့အတွက် မလုပ်ပါဘူး ဆိုပြီးတော့ သတင်းစာဆရာတွေကို အားလုံး ရှင်းပြထားတာ ရှိပါတယ်။”
မြန်မာစစ်အစိုးရ လက်ထက်တုန်းကတော့ မြန်မာတိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာမပါဘူး ဆိုပြီး နိုင်ငံပိုင် သတင်းစာတွေကနေ ကြေညာခဲ့တာပါ။ ဒါကြောင့် အခု အစိုးသစ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်မယ် ဆိုပေမဲ့ ရိုဟင်ဂျာအဖြစ် အသိအမှတ် ပြုမလား၊ ဘယ်ဒေသတွေမှာ အခြေချနေထိုင်ခွင့် ပေးမယ် ဆိုတာကိုရော ရှင်းရှင်းလင်းလင်း ပြောဆိုထားတာ မရှိပါဘူး။
မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေသူတွေက လူဦးရေ ၃ သိန်းကျော် လောက် ရှိနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ မြန်မာအစိုးရကတော့ ဒီလူတွေ အားလုံး နေရပ်ရင်း ပြန်လာဖို့အတွက် နောက်ပိုင်းမှာ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဒီမတိုင်ခင်အထိတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီလူတွေကို အတင်းအကျပ် ဌာနေပြန်ခိုင်းတာမျိုးတွေ မလုပ်ဘူးလို့ သဘောတူခဲ့ကြပါတယ်။
မြန်မာအစိုးရဘက်က ပြန်ခေါ်ဖို့သဘောတူထားတဲ့ ဒုက္ခသည် ၂ သောင်း ၈ ထောင်ကို နေရပ်ရင်း ပြန်လည် အခြေချလိုတဲ့ဆန္ဒနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဒီဒုက္ခသည်တွေ သဘောထားကို မေးမြန်း ခဲ့ပါတယ်။
“ဒုက္ခသည်စခန်းတွေထဲမှာရှိတဲ့ ရိုဟင်ဂျာတွေက ကျနော်တို့ တခြား တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေး ရမယ်။ ကျနော်တို့ရဲ့ နိုင်ငံသား အခွင့်အရေးတွေ ပေးမယ်ဆိုရင် ကျနော်တို့ အချိန်မရွေး သွားမယ် ဆိုတဲ့ စကားလုံးကတော့ သူတို့က ပါးလိုက်တာရှိတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကို သူတို့ အဲဒီလို ပြောထားတာ ရှိတယ်။ အဲဒါတွေပြီးမှ အခုတခါ ဒီနေ့ပဲ သူတို့က ပြန်ပြီးတော့ ကျနော်တို့ကို ပြန်ပို့ပေးမယ်။ မြန်မာအစိုးရက လက်ခံတော့မယ် ဆိုတဲ့ စကား ထွက်လာတယ်။”
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အခြေချနေထိုင်ခဲ့ကြတဲ့ ဒီဒုက္ခသည်တွေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၉၁ ခုနှစ်တို့အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ အများစုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇာ ခရိုင်နဲ့ စစ်တကောင်း တို့မှာ နေထိုင်နေကြတာဖြစ်ပါတယ်။

Source: VOA

မြန်မာကို ဂျပန် ဖွံ့ဖြိုးမှု အကူအညီ ပြန်ပေးတော့မည်

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ရပ်ဆိုင်းထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ Oversea Development Assistance (ODA) ကို မြန်မာအစိုးရကို ပြန်ပေးဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်းလိုက်တဲ့ ၂၀၀၃ ခုနှစ်ကနဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကို မြန်မာ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်း ပြီးတဲ့နောက်မှာ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးနေတာကို ဂျပန်ဘက်က ရပ်ဆိုင်းခဲ့တာပါ။ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီကို ဒီအချိန်မှာ ပြန်ပေးဖို့အတွက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေက တိုးတက် ကောင်းမွန်လာပြီလား ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။
မြန်မာ အစိုးရသစ် လက်ထက်မှာ လူ့အခွင့်အရေး အခြေအနေ ထူးထူးခြားခြား တိုးတက်လာတာ မရှိသေးတဲ့အတွက် ဂျပန် အစိုးရအနေနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေကို ပေးဖို့ အချိန်စောလွန်းတယ်ဆိုပြီး ကန့်ကွက်မှုတွေ ရှိသလို တဘက်ကလည်း မြန်မာအစိုးရသစ်ဟာ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ရောက်လာပြီ ဖြစ်လို့ အကူအညီတွေ ပြန်ပေးဖို့ အချိန်ရောက်ပါပြီလို့ ပြောဆိုသူတွေလည်း ရှိပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ကတော့ ဂျပန်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။
“မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီးတော့ သူတို့က ထိန်းထိန်းသိမ်းသိမ်း နေ နေတဲ့အချိန်မှာ မြန်မာအစိုးရ ပေါ်လစီအရ သူတို့က ဘယ်လိုမှပေးလို့ မရဘူး။ အခုကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နဲ့ တွေ့တဲ့အချိန်မှာ မူတည်ပြီးတော့မှ သူတို့ကလည်း အနေအထားအရ ပေးတော့မယ်လို့ ဆုံးဖြတ်တဲ့အခါမှာတော့ ပေးမယ့်သူကဆုံးဖြတ်တာကို ကျနော်တို့က မပေးသင့်ဘူးလို့တော့ မပြောကောင်းဘူးပေါ့။ သို့သော်လည်း ဘယ်လိုနည်းနဲ့ပေးမယ်၊ ဘယ်သူတွေ ပေးမယ် ဆိုတာတွေကိုတော့ ကျနော်တို့က စောင့်ကြည့်ရမယ်။ ဒီအချိန်ကျမှ ပေးတယ်ဆိုတာက သူတို့ လူ့အခွင့်အရေး အရတော့ ထူးထူးခြားခြား တိုးတက်လာတာတော့ မရှိသေးဘူး။ သို့သော်လည်း တိုးတက်လာစရာ အကြောင်းတွေတော့ အလားအလာတွေ မြင်နေရပါပြီ။”
ဒါ့အပြင် မြန်မာ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ကာလအတွင်း အခု ဂျပန်က ပြန်ပေးမယ့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီတွေက အထောက်အကူ ဖြစ်နိုင်ပါတယ်ဆိုပြီးလည်း သူက ထောက်ပြပါတယ်။
ဒါပေမဲ့ ပြည်ပရောက် နိုင်ငံရေး အတိုက်အခံ အင်အားစု တချို့ကတော့ ဖွံ့ဖြိုးရေး အကူအညီတွေ ပြန်ပေးဖို့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု ရှိတဲ့အချိန်အထိ ဂျပန် အစိုးရအနေနဲ့ စောင့်ဆိုင်းသင့်တယ်ဆိုပြီး ပြောဆိုကြပါတယ်။ ဂျပန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ကိုဘုန်းမြင့်ထွန်းကတော့ သူ့သဘောထားကို အခုလို ပြောပါတယ်။
“မြန်မာပြည်ဟာ မပြောင်းလဲသေးဘူးပေါ့နော်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တယ် ဆိုတာကလည်း ပြောပလောက်တဲ့ အနေအထား မရှိဘူး။ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပါတယ်။ တကယ့် တကယ် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားက ၂,၀၀၀ ကျော် ရှိတယ်။ အခု လွတ်လာတာက ၂၀၀ ကျော်ပဲ ရှိတယ်။ အဲဒီတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမယ်။ ပြီးတော့ ODA နဲ့ပတ်သက်ပြီးတော့ လေ့လာစုံစမ်းချက်တွေ ရှိရမယ်။ တကယ်ပဲ အောက်ခြေကို သွားသလား မသွားဘူးလားဆိုတာတွေကို ကောင်တာလိုက်ခွင့် ရှိရမယ်။ နောက်ပြီးတော့ ဒီဟာတွေကို စောင့်ကြည့်လေ့လာတာတွေ ရှိရမယ်။ အဲဒါမျိုး အနေအထားတွေ ရှိတဲ့အခါကျတော့မှ အကူအညီတွေကို ချပေးပါ။ တိုင်းပြည်က မပြောင်းလဲဘဲနဲ့ ODA ပေးမယ်ဆိုလို့ရှိရင် သူတို့ရဲ့ အစိုးရထဲမှာပဲ ခြစားမှုတွေနဲ့ လာဘ်စားမှုတွေနဲ့ပဲ အဲဒီအခွင့်အရေးက ကုန်သွားပြီးတော့ တကယ့်တကယ် မြန်မာ နိုင်ငံသူနိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ဒုက္ခရောက်နေတဲ့ နေရာဒေသတွေကို ရောက်ဖို့ဆိုရင် အင်မတန်မှ နည်းနည်းပါးပါးပဲ ရောက်တယ်ဆိုတာကို ကျနော်တို့ကိုယ်တိုင် လေ့လာဆန်းစစ် တွေ့ရှိချက်တွေနဲ့ ကျနော်တို့က ထောက်ပြထားတယ်ခင်ဗျ။ ထောက်ပြ ပြောဆိုထားတယ်။”
အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ (NDF) ရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ မြန်မာအစိုးရဟာ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် နိုင်ငံတကာက အထောက်အပံ့တွေ ပေးကြဖို့ အချိန်ရောက်နေပြီလို့ ပြောဆိုပါတယ်။
“ချို့ယွင်းတာတွေ၊ ချွတ်ချော်တာတွေ၊ ကြားထဲက ဖြတ်စားလာဘ်စား လုပ်တယ် ဆိုတာတွေက မြန်မာနိုင်ငံကို ပေးတဲ့ အကူအညီတွေတင် မဟုတ်ပါဘူး။ NGO တွေကို ပေးနေတဲ့ လူတွေကြားထဲမှာတောင်မှ ဖြတ်စား လာဘ်စားတွေ ရှိနေတာကတော့ ကမ္ဘာကြီးအနှံ့မှာ အကုန် လက်တွေ့ပါပဲခင်ဗျာ။ ကြောင့်ကြပြီးတော့ မပေးပါနဲ့တို့၊ ကြောင့်ကြပြီးတော့ မဖြစ်နိုင်ပါဘူးတို့ ဆိုတာတွေက ခေတ်ဟောင်းကိုသွားနေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းဆီကို သွားဖို့ ခြေလှမ်းစနေတဲ့ အခါမျိုးမှာ ဟိုးတုန်းက ခေတ်ဟောင်း အတွေးအခေါ်တွေ၊ လွန်ခဲ့တဲ့ နှစ် ၂၀ စစ်အုပ်ချုပ်ရေး ကာလ အောက်မှာ ရှိခဲ့တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အနေအထားတွေနဲ့ စဉ်းစားမယ်ဆိုလို့ရှိရင်တော့ ခေတ်နဲ့အမီ မလိုက်နိုင်တဲ့ အမြင်တွေ ဖြစ်တယ်လို့ပဲ ပြောရမှာပဲ။”
ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ မြန်မာအစိုးရဟာ ဒီမိုကရေစီအရေး ရှေ့တိုး လုပ်ဆောင်လာတာနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းတွေကို ကြိုဆို ထောက်ခံတယ်ဆိုပြီး ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
ဒါ့အပြင် လာမယ့် ရက်ပိုင်းအတွင်း လာရောက်မယ့် မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်းမှာ ဂျပန်ရဲ့ ဖွံ့ဖြိုးရေး အကူအညီတွေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတွေ ဆွေးနွေးဖို့လည်း ရှိနေပါတယ်။
ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်မှာ မြန်မာ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးအတွက် ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ဆောင် သွားမယ်လို့ ပြောဆိုကြပါတယ်။
Source: VOA

ကင်ဆာရောဂါနှင့် သင်္ဘောရွက် (ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)


လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွန်တော်အယ်ဒီတာချုပ် အဖြစ် တာဝန်ထမ်းဆောင်နေချိန်က ဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည် ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ (ဆောင်းပါးနည်းနည်းရှည်သည် အချိန်သိပ်မရှိသော စာဖတ်ချစ်သူများ မိမိဘာသာမိမိ အပိုင်းအပိုင်း ခွဲ၍ ဖတ်ကြပါလေ)

“ကင်ဆာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော် ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက
၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။
ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။

ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။

ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။

ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)

ဤကားဒေါက်တာခင်ရွှေ၏ ဘာသာပြန်ဆိုတင်ပြချက် ဖြစ်ပါသည်။ ကျွှန်တော်သည် ထိုအကြောင်း ကိုရင်းနှီးသောမိတ်ဆွေ ဆရာတက္ကသိုလ်ဝင်းမွန် ( တွဲဖက်ပါမောက္ခ-ငြိမ်း) ကို စကားစပ်မိရင်း ပြောပြ သည်။ ဆရာတက္ကသိုလ်ဝင်းမွန်က ကျွှန်တော်၏ ပြောပြချက်ကို မှတ်သားထားရာမှ လည်ပင်းကြီး ရောဂါ ရနေရှာသူ နွမ်းပါးသောမိန်းကလေးတစ်ဦးအား ပြောပြသည်။ သင်္ဘောရွက်စိမ်းကို ထောင်းထု၍ အရည်ညှစ် သောက်ကြည့်စေသည်။ ဆရာတက္ကသိုလ်ဝင်းမွန်က “ဆရာဝင်းရေ၊ အဲဒီမိန်းကလေးရဲ့ လည်ပင်းကြီး ရောဂါဟာသိသိသာသာ လျော့ကျသွားတယ်” ဟူ၍ဖုန်းဆက် ပြောသည်။ သင်္ဘော ရွက်စိမ်းကတော့ တစ်နည်းမဟုတ်တစ်နည်း အာနိသင်ရှိသည်မှာ အမှန်ဖြစ်ပါသည်။

ကျွန်တော်သည် အသက် ၈၃-နှစ် ရှိသော်လည်း ဘာရောဂါမျှမရှိ။ ကျန်းမာပေါ့ပါးဖျတ်လတ်၍ တစ် နေ့လျှင် ၈-နာရီကျော် အယ်ဒီတာနှင့်စာရေးဆရာအလုပ်ကို လုပ်ကိုင်နေပါသည်။ ကျွန်တော်သည် ထမင်းစားတိုင်း သင်္ဘောရွက်စိမ်းကို ရေနွေးဖြော၍ မကြာခဏ တို့စားလေ့ရှိပါသည်။ သဘောင်္ရွက်စိမ်း မစားဖြစ်သော နေ့ ဆိုလျှင် ရဲယိုရွက်စိမ်းကို ရေနွေးဖြော၍ တို့စားတတ်ပါသည်။ သင်္ဘောရွက်စိမ်းနှင့် ရဲယိုရွက်စိမ်းသည် ကျွှန်တော်အားထားရာ အစားအစာများတွင် နှစ်ခုပါဝင်ကြောင်းတင်ပြအပ်ပါသည်။ ဖတ်မိသမျှကို ထပ်ဆင့် ၍မျှဝေလိုက်ပါသည်။ ရောဂါ ၊ဝေဒနာခံစားမှုမှ လျှော့ပါးနိုင်ကြပါစေ။

မေးလ်ထဲရောက်လာတဲ့ ဆောင်းပါးလေးပါ။ ဘုန်းဘုန်းက ပုဒ်ထီး၊ ပုဒ်မ၊ စာပိုဒ်ခွဲ၊ သတ်ပုံ နည်းနည်း ပါးပါးပြင်ရုံလောက်ပါ။ (ဒါပေမယ့် တော်တော်လေး အချိန်ပေးရတယ်ခင်ဗျာ့)

တောက်ပကြယ်စင် 

အလုပ်သမား (၁၂၇)ဦး လုပ်အားခ ဘတ်ငွေ သိန်းသုံးဆယ် နီးပါးရရှိ

ဘန်ကောက်မြို့၊ စန္ဒမလုံစောင်၊ ထ၀ီဝတ်ဌနာ (၁၉/၁)၊ မူဘန်း ခွန်ထ၀ီ အလုပ်ရုံ အိမ်အမှတ် (၁၆)ရှိ ဥဒုံဆတ် အထည်ချုပ် စက်ချုပ်ရုံမှ အလုပ်သမား (၁၂၇)ဦး ရရန်ရှိသော စက်တင်ဘာလ လုပ်အားခများ အနက်မှ ထက်ဝက်တိတိ ဘတ်ငွေ နှစ်ဆယ့် ကိုးသိန်းကျော်အား ယမန်နေ့က ရရှိခဲ့ပြီဖြစ်သည်။
20111015aအောက်တိုဘာလ (၁၂)ရက်နေ့က အလုပ်သမားများ အထဲမှ ဦးဆောင်သူ ဖြစ်သော ကိုဝင်းနိုင်က ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (BAT)ရုံးသို့ အကူအညီ တောင်းခံခဲ့သည်။
BAT က ထိုင်းအန်ဂျီအို နှစ်ဖွဲ့နှင့်အတူ မြန်မာသံရုံးမှ “မြန်မာနိုင်သားများ ကူညီ စောင့်ရှောက်ရေးအသင်း’’ သို့ သတင်းပို့ခဲ့ပြီး အလုပ်သမားများ ရှိရာသို့ သွားရောက်ခဲ့ကြသည်။ လုပ်ငန်းရှင်မှ အလုပ်မဆင်းပါက အလုပ်ဖြုတ်ပစ်မည် ဖြစ်ကြောင်း စာကပ်ထားသဖြင့် BAT အဖွဲ့က ထိုင်းအန်ဂျီအိုများနှင့် တိုင်ပင်ကာ အလုပ်သမားများ အလုပ်ဆင်းကြရန် မေတ္တာရပ်ခံခဲ့ပြီး ကူညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
အလုပ်သမားများ အထဲမှ ဦးဆောင်သူ ကိုဝင်းနိုင်က “ဘန်ကောက်မှာ ရေကြီးမယ်လို့ ထိုင်းအစိုးရက ကြေညာနေတော့ မြန်မာအလုပ်သမားတွေ စိုးရိမ် နေကြတယ်လေ။ လက်ထဲမှာ ပိုက်ဆံတပြားမှ မရှိဘူး။ အရေးအကြောင်းဆိုရင် ကျနော်တို့ ဘာနဲ့စားမလဲ၊ ဘာနဲ့ ပြေးမလဲ။ အချို့ မိဘတွေက ပြန်ခေါ်နေကြတယ်။ အဲဒါကို လုပ်ငန်းရှင်က ဒီလကုန်မှ ထုတ်ပေးမယ်ပဲ ပြောနေတော့ BAT အဖွဲ့ကို အကူအညီ တောင်းခဲ့တယ်။ စက်တင်ဘာလ အတွက် လုပ်အားခထဲက ထက်ဝက်တိတိကို မနေ့က အလုပ်သမား တစ်ယောက်ကို ဘတ်တစ်သောင်းခွဲစီ ထုတ်ပေးပါတယ်။ ကူညီပေးကြတဲ့အတွက် အားလုံးကို ကျေးဇူး တင်ပါတယ်’’ ဟုပြောသည်။
စက်တင်ဘာလ လုပ်အားခ ကျန်ငွေ ထက်ဝက်ကို အောက်တိုဘာလ (၂၇)ရက်နေ့တွင်  ထုတ်ပေးမည် ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။ အဆိုပါ အလုပ်ရုံတွင် တစ်လစာ ရက်ပေါင်း ထားရသည်။ လုပ်အားခ ငွေအချို့ ရရှိသွားခဲ့ ကြသဖြင့် အလုပ်သမား (၇၀)ဦး ထက်မနည်း မိဘများ နေရပ်ရင်း မြန်မာနိုင်ငံသို့ ယနေ့ နံနက်က  ခေတ္တ ပြန်သွားနိုင်ခဲ့ကြပြီး ဖြစ်သည်။
BAT တာဝန်ခံ ဦးကျော်သောင်းက “အလုပ်သမားတွေဆီကို သွားပြီးတော့ အချက်အလက်တွေကို ယူတယ်။ ပြီးတော့ လုပ်ဖော်ကိုင်ဖက် ထိုင်းအဖွဲ့ နှစ်ခုကို အီးမေလ်းပို့တယ်။ တပြိုင်တည်းမှာပဲ မြန်မာသံရုံးမှာ ဖွဲ့စည်းထား ပြီးဖြစ်တဲ့ မြန်မာနိုင်ငံသား ကူညီစောင့် ရှောက်ရေးအသင်းကို အကြောင်းကြားခဲ့တယ်။ ဘာဖြစ်ဖြစ် မြန်မာအစိုးရက ထိုင်းမှာရှိတဲ့ အလုပ်သမားတွေ အတွက် ကူညီဖို့ လုပ်တာကိုတော့ ကြိုဆိုပါတယ်။ ကျနော်တို့အတွက် အားလည်း ရှိတာပေါ့” ဟုပြောသည်။
လုပ်ငန်းရှင်က  အထည်များ ပျက်သည်ဟု အကြောင်းပြပြီး ဘတ်ငွေ နှစ်သောင်းကျော်စီ ဖြတ်တောက်ခံထားရသည့် အလုပ်သမား (၆)ဦးနှင့် အခြားသော အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှုများစွာ ရှိသေးသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၁)ရက်နေ့ ညနေပိုင်းက ဘန်ကောက်မြို့ မြန်မာသံရုံးတွင် မြန်မာအစိုးရ အလုပ်သမား ဒုဝန်ကြီးနှင့် ဘန်ကောက် မြန်မာသံရုံး သံမှူးတို့ ဦးဆောင်းဖွဲ့ စည်းခဲ့သော “မြန်မာနိုင်ငံသားများ ကူညီစောင့်ရေး အသင်း” ဖွဲ့စည်းခြင်း အစည်းဝေးသို့  နိုင်ငံတကာအင်ဂျီအိုများနှင့် အတူ BAT အဖွဲ့လည်း တက်ရောက်ခွင့် ရရှိခဲ့သည်။
ယခု အောင်မြင်မှုမှာ ထိုင်းအန်ဂျီအို၊ မြန်မာသံရုံးနှင့် BAT အဖွဲ့တို့၏ တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ခြင်း၏ အောင်မြင်မှုရလဒ် ဖြစ်ကြောင်း မြန်မာသံရုံးမှ မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး အသင်း တာဝန်ရှိသူက ပြောသည်။

Source: GHR

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် BIDC ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာလူငယ်အသင်း ထိုင်းကို အနိုင်ရရှိပြီး ဗိုလ်စွဲ

738
BIDC Cup ပြိုင်ပွဲတွင် အနိုင်ရရှိပြီး အောင်ပွဲခံနေသော မြန်မာလူငယ်အသင်း
ကမ္ဘောဒီးယားနိုင်ငံတွင် အောက်တိုဘာလ ၈ ရက်နေ့မှ စတင်ကျင်းပခဲ့သော BIDC Cup (Bank of Investment & Development for Cambodia) ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ မြန်မာလူငယ်အသင်းက ထိုင်းလူငယ် အသင်းကို အချိန်ပိုတွင် သွင်းယူသော ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
မြန်မာလူငယ် အသင်းသည် ဗိုလ်လုပွဲအဖြစ် ထိုင်းလူငယ်အသင်း နှင့်ယှဉ်ပြိုင်ကစားခဲ့ရာ၌ ပွဲကစားချိန် မိနစ် ၄၀ တွင် ဦးဆောင်ဂိုး ပေးခဲ့ရသော်လည်း ၄၂ မိနစ်၌ ဇော်လင်းက ချေပဂိုး ပြန်လည်သွင်းယူခဲ့ပြီး မိနစ် ၉၀ ပြီးဆုံးချိန်အထိ (၁-၁)ဂိုးစီ သရေကျနေခဲ့သည်။ ထို့ကြောင့် အချိန်ပို ဆက်လက်ကစားရာတွင် ၁၀၅ မိနစ်၌ သက်နိုင်က မြန်မာ လူငယ်အသင်းအတွက် ဗိုလ်စွဲစေမည့် ဂိုးကို သွင်းယူခဲ့ကြောင်း သိရသည်။ မြန်မာလူငယ် အသင်းသည် အုပ်စု(ခ)၌ အိမ်ရှင် ကမ္ဘောဒီးယား လူငယ်အသင်း၊ လာအိုလူငယ်အသင်းတို့နှင့် အတူ ကျရောက်ခဲ့ပြီး အောက်တိုဘာလ ၁၀ ရက်က အဖွင့်ပွဲစဉ်အဖြစ် လာအိုလူငယ် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အောက်တိုဘာလ ၁၂ ရက်နေ့ တွင် အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယား လူငယ်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာတွင် (၂-၂)ဂိုးစီ သရေကျခဲ့ပြီး ပေးလိုက်ရသော ချေပဂိုးများထဲ၌ ပယ်နယ်တီတစ်ဂိုး ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာလူငယ် အသင်းသည် အုပ်စုဗိုလ်အဖြစ် အကြို ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ဗီယက်နမ် လူငယ်အသင်းနှင့် တွေ့ဆုံခဲ့သည်။ အကြိုဗိုလ်လုပွဲတွင် မိနစ် ၉၀ ပြီးဆုံး ချိန်အထိ (၁-၁) ဂိုးစီ သရေကျနေသောကြောင့် အချိန်ပို မကစားတော့ဘဲ ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ မြန်မာလူငယ် အသင်းက (၅-၄)ဂိုး ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ဗိုလ်လုပွဲတွင် ထိုင်းလူငယ် အသင်းကို အနိုင်ရရှိခဲ့မှုမှာ မြန်မာ လူငယ်အသင်းအတွက် ပြီးခဲ့သည့်အာဆီယံယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ၌ ရှုံးနိမ့်ခဲ့မှုကို ပြန်လည်ချေဖျက်နိုင်ခဲ့ ခြင်းလည်းဖြစ်သည်။
၂၀၁၁ BIDC Cup မြန်မာအသင်း ပွဲစဉ်များ
အုပ်စုအဆင့်
မြန်မာ  ၄-၀     လာအို
မြန်မာ  ၂-၂     ကမ္ဘောဒီးယား
အကြိုဗိုလ်လုပွဲ
မြန်မာ  ၁-၁     ဗီယက်နမ်
(ပယ်နယ်တီ ၅-၄ ဂိုးဖြင့် မြန်မာနိုင်)
ဗိုလ်လုပွဲ
မြန်မာ  ၁-၁     ထိုင်း
(အချိန်ပိုတွင် ၂-၁ ဂိုးဖြင့် မြန်မာနိုင်)
Source: EMG

၂၀၁၃ ခုနှစ်တွင် ထပ်မံထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့မြေ စီမံကိန်းသစ်များမှ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ရောင်းချခြင်းထက် ပြည်တွင်းသုံးစွဲရန် အတွက်သာ တိုးမြှင့်ရယူသွားမည်၊


ဖျာပုံမြို့မှ ရန်ကုန်မြို့သို့ ပေးပို့သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်နေရာကို တွေ့ရစဉ်

၂၀၁၃ ခုနှစ်တွင် ထပ်မံထွက်ရှိ လာမည့် ကမ်းလွန်ဓာတ်ငွေ့မြေ စီမံကိန်းသစ် နှစ်ခုမှ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ရောင်းချခြင်းထက် ပြည်တွင်းသုံးစွဲရန် အတွက်သာ တိုးမြှင့်ရယူသွားမည်ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းသုံးအတွက် တစ်နေ့လျှင် ကုဗပေသန်း ၁၆၀ အထိ တိုးမြှင့် ရယူဖြန့်ဝေရေးအတွက် ၂၀၁၃ ခုနှစ် တွင်ထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့ မြေစီမံကိန်းသစ်နှစ်ခုမှ သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်း၌သာ ပိုမို သုံးမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုပြင် ၂၀၁၆ခုနှစ်တွင် ထပ်မံ တိုးမြှင့်ရရှိလာမည့် လုပ်ကွက် M-3 အောင်သိင်္ခစီမံကိန်းမှ ဓာတ်ငွေ့များ ကို ပြည်တွင်း၌ အဆင်ပြေစွာဖြန့်ဝေနိုင်ရန် အတွက်လည်း လက်ရှိပြည်တွင်းပိုက်လိုင်း စနစ်များကို Master Plan ရေးဆွဲကာ ပြုပြင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်းသုံး အတွက် ပိုမိုဖြန့်ဝေပေးမည်ဖြစ်ရာ သဘာဝဓာတ်ငွေ့များ ပို့လွှတ်ရာတွင် အသုံးပြုသည့် ရိုးရိုးသံပိုက်များအစား PE Coated ခေါ် ပလတ်စတစ်ဖုံး သံမဏိပိုက်များ အစားထိုးလဲလှယ်ခြင်း၊ အသစ်ခင်းကျင်းခြင်းတို့ကို အမေရိကန်ဒေါ်လာ ၁၂၆ သန်းခန့်နှင့် ကျပ်ငွေ ၁၇ ဘီလျံ ခန့်ကျခံ၍ နှစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုက်ဟောင်းများ အစားထိုးလဲလှယ်ခြင်းကို ၂၀၁၁-၂၀၁၂ နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်များ အတွင်း ကံပေါက်-မြိုင်ကလေး လက်မ ၂၀ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မြိုင်ကလေး-ရန်ကုန် လက်မ ၂၀ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ညောင်တုန်းမှ အင်းစိန်နှင့်မှော်ဘီ မြို့နယ်များသို့ဆက်သွယ်ထားသော ၁၄ လက်မ၊ ၁၀ လက်မ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ၌ သက်တမ်း ကြာမြင့်ပြီး သံချေးစား ဆွေးမြေ့နေသော အပိုင်းများအား ပလတ်စတစ် ဖုံးအုပ်ပိုက်များဖြင့် အစားထိုးလဲလှယ်ခြင်း၊ သံချေးစားမြေနှင့် ဆားငန်ရေ ထိတွေ့သောနေရာများအား ရှောင်ကွင်း၍ လမ်းကြောင်းပြောင်း ဆက်သွယ်ခြင်းလုပ်ငန်းကို ယခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈ နာရီလောက်က ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့် မြို့နယ်၊ ဒါးကကျေးရွာအနီးမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကျိုးပြတ်ပြီး ဓာတ်ငွေ့ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။ တချို့နေရာတွေက ဓာတ်ငွေ့ပိုက်လိုင်းတွေက သက်တမ်းကြာမြင့်နေပြီဖြစ်လို့ သံချေးစားခံရမှု တွေဖြစ်ပေါ်နေပါတယ်။ ဒါတွေကို သက်ဆိုင်ရာက ပြုပြင်မှုတွေ၊ ပိုက်လိုင်း အစားထိုးလဲလှယ်မှုတွေ ပြုလုပ် ပေးသွားဖို့ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် သဘာဝ ဓာတ်ငွေ့များရရှိရန်အတွက် မအူပင်၊ ညောင်တုန်း၊ အဖျောက်ဒေသများ၌ စမ်းသပ် တူးဖော်လျက်ရှိကြောင်း သိရှိရသည်။     
ပြည်တွင်း၌ စီအင်ဂျီဓာတ်ငွေ့ တပ်ဆင် အသုံးပြုနေသော မော်တော်ယာဉ်စီးရေ စာရင်း
ရန်ကုန်           ၂၅၀၀၀ ၀န်းကျင်
ရေနံချောင်း ၂၃၂
ချောက် ၂၃၁
ပုလိပ်၊ မန္တလေး ၄၅၇

  Source: EMG

လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သော အကျဉ်းသား ၆၃၅၉ ဦး၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၆ ဦးပါဝင် ၊ အမိန့်အမှတ် ၄၉/၂၀၁၁ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သော အကျဉ်းသားအားလုံး လွှတ်ပေးပြီး ဖြစ်ကြောင်းသိရ

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာချက်အရ အကျဉ်းထောင်မှ ပြန်လွတ်လာသူများနှင့်
လာရောက်ကြိုဆိုသူများကို ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
နိုင်ငံတော်သမ္မတ၏ အမိန့် ကြေညာစာအမှတ် ၄၉/၂၀၁၁ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သော အကျဉ်းသား ၆၃၅၉ ဦးတွင် ယုံကြည်ချက်ဖြင့် အကျဉ်းကျခံနေရသူ ၂၀၆ ဦး ပါဝင်ခဲ့ပြီး ထိုအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သော အကျဉ်းသား အားလုံးကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် အားလုံးလွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

“နိုင်ငံတော်သမ္မတက လွှတ်ပေးဖို့ သတ်မှတ်ထားတဲ့ ရက်မှာပဲ အများစုကို လွှတ်လိုက်ပါတယ်။ နောက်ရက်ကျန်နေတဲ့ အနည်းအကျဉ်းကို ဆက်လွှတ်ပါတယ်။ အောက်တိုဘာလ ၁၄ ရက်မှာ စုစုပေါင်းလွှတ်ဖို့ သတ်မှတ်ထားသူ အားလုံးကို လွှတ်ပြီးသွားပါပြီ” ဟု ပြည်ထဲရေးဝန်ကြီး ဌာန အကျဉ်းဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ပါသည်။
လွတ်မြောက်လာခဲ့သော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရသူများတွင် ထောင်ဒဏ် ၃၅ နှစ်ကျခံနေရသော ဦးသူရ(ခေါ်) ဇာဂနာ၊ ထောင်ဒဏ် ၁၀၆ နှစ်ကျခံနေရသော ဗိုလ်ချုပ်ဆေထင်(ခေါ်) စိုင်းကျော်စိန် နှင့် ထောင်ဒဏ် ရှစ်နှစ်နှင့်ခြောက်လ ကျခံနေရသော မစုစုနွေး (ခေါ်) နွယ်နွယ်ဝင်း တို့သာ . . .

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက်လာသူများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၆ ဦးပါဝင်သည်။

“လွှတ်ပေးလိုက်တဲ့ ၆၀၀၀ ကျော်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူက ၂၀၆ ဦး ပါပါတယ်။ ဒီစာရင်းက အနီးစပ်ဆုံး ပြုစုထားတာ ဖြစ်ပါတယ်”ဟု ဦးတိုးကျော်လှိုင်က ပြောပြပါသည်။

လွတ်မြောက်လာခဲ့သော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများတွင် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသော ဦးသူရ(ခေါ်)ဇာဂနာ၊ ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေရသော ဗိုလ်ချုပ်ဆေထင်(ခေါ်) စိုင်းကျော်စိန် နှင့် ထောင်ဒဏ် ရှစ်နှစ်နှင့် ခြောက်လ ကျခံနေရသော မစုစုနွေး(ခေါ်) နွယ်နွယ်ဝင်းတို့သာ ထင်ရှားသူများ ဖြစ်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုရာ၌ မူလေးချက် ကို အဓိကထားခဲ့ခြင်းဖြစ်သည်။ အဆိုပါမူများမှာ အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ နှင့် ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီးစည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသားများ အား နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေရန်ဟူသော အချက်များ ဖြစ်ကြပါသည်။

Source: EMG

Saturday, 15 October 2011

အာလူးပူရီ မစားပါနဲ့ သမ္မတကြီး

(ဇာဂနာနှင့် အင်တာဗျူး)

အကျဉ်းထောင်မှ လွတ်မြောက်လာပြီးသော ပါရမီရှင် လူရွှင်တော် ဇာဂနာကို  မဇ္ဈိမသတင်းထောက်က ရုပ်သံ အင်တာဗျူး လုပ်ထားရာမှ ပြန်လည် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။

နာဂစ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောက်ခံပွဲကို ကသုတ်ကရက် လုပ်ဖြစ်သွားတယ်။ အဲ့ဒီ အချိန် အကိုတို့က ကူညီမှုတွေ လုပ်နေတဲ့အချိန်ပေါ့။ အဲ့ဒီအနေအထားအပေါ် အကို့အမြင်လေး
ပြောပါဦး။


Zaganar4တကယ့်တကယ် ပြောမယ်ဆိုရင်တော့ အဲ့ဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆန္ဒမဲပေးတာ ကျနော်ပေးကို မပေးလိုက်ရဘူး။
 အဲ့တုန်းက ကျနော်တို့ ရပ်ကွက်မှာ ကျနော်ရှိတယ်။ ဒါပေမယ့် ကျနော့်ကို မဲစာရင်းထဲ မထည့်တော့ ကျနော်မဲ မပေးလိုက်ရဘူး။ (ရယ်လျက်) အဲ့တော့လဲ နိုင်ငံသား တယောက် အနေနဲ့ ကျနော်
ထောက်ခံသည် ဖြစ်စေ ကန့်ကွက်သည် ဖြစ်စေ ကျနော့်မှာ
ထောက်ခံမဲကော ကန့်ကွက်မဲကော ပေးပိုင်ခွင့် ရှိပါလျက်နဲ့
ကျနော် မဲပေးခွင့် အဲ့ဒီတုန်းက ဆုံးရှုံးခဲ့တယ်။ ဒါကတော့ သိပ်မကောင်းဘူး ပေါ့။ အဲ့တော့ ဒါအပေါ် မှာမဲပေးခွင့်မရခဲ့တာ
က ကျနော့် မဲပေးခွင့် ဆုံးရှုံးခဲ့တယ်ပဲ ပြောရမှာပဲ။

ဘာကြောင့်များ အကို့ကို မဲစာရင်းမှာ မထည့်ခဲ့တာလဲ။

အဲ့တာကို ကျနော် နားမလည်တာ။ ကျနော်ကလဲ
ကျနော့်မဲ မပါတဲ့အတွက် ဒီမှာလုပ်နေတဲ့
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူး
လေ။ ကျနော့်မဲမှ မပါပဲ။ ထို့နည်းတူ အစိုးရ အဖွဲ့က တခုခု အမှားအယွင်းလုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ (ရယ်လျက်) ကျနော်တင်ထားတဲ့သူတွေ တယောက်မှ မဟုတ်ဘူးလို့ ကျနော်ပြောလို့ ရတာပေါ့။ ဒီသဘောပါပဲ။
အဲ့ဒီအချိန် မှာ သူတို့ကို မေးဖို့ အချိန်တွေကို မရလိုက် တော့ဘူး။ မရ လိုက်တော့ဘူးဆိုတာက အဲ့တာလဲ အပြီး ကျနော်လဲ အဖမ်း ခံလိုက်ရတာပဲ ဆိုတော့မေးဖို့လဲ မသိတော့ဘူး၊ အဲ့တာတွေ
လဲ မမေးနိုင်တော့ ဘူးပေါ့လေ။ နောက် အဲ့ဒီတုန်းက
နာဂစ် ကိစ္စနဲ့ တအား လုံးထွေးနေတဲ့ အခါကြတော့ မဲပေး တဲ့နေ့မှာ ကျနော့်နာမည် မပါဘူးဆိုတော့ ‘အေး မပါဘူး ဆိုလဲ နေကွာ’ ဆိုပြီးတော့ မေးဖို့ စခန်းကိုကျနော်မရောက် ခဲ့တာ။ အခုအချိန် ကျတော့ ကျနော် ဘယ်သူ့မှ မေးလို့ရ
တော့ မှာ မဟုတ်ဘူး။ အဲ့လိုဖြစ်သွားတာ။

အဲ့ဒီအချိန်က မဲပေးခွင့် ရှိခဲ့မယ် ဆိုရင်ကော။

ကန့်ကွက်မဲ ပေးမှာ။ (ရယ်လျက်)

ဒီ ရွေးကောက်ပွဲ ပြီးသွားတော့ ကြံခိုင်ရေး ပါတီက အဓိက အနိုင်ရတယ်။ ပြီးတော့ အစိုးရဖွဲ့ တယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာကော မဲမထည့်လိုက်ရတဲ့ လူတယောက်အနေနဲ့ အကို့အမြင်က။

အဲ့တာပဲ။ ကျနော့်မဲ မပါတဲ့အတွက် ဒီမှာလုပ်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ ကျနော့်မဲမှ မပါပဲ။ ထို့နည်းတူ အစိုးရ အဖွဲ့က တခုခု အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ (ရယ်လျက်) ကျနော် တင်ထားတဲ့သူတွေ တယောက်မှ မဟုတ်ဘူးလို့ ကျနော်ပြောလို့ ရတာပေါ့။ ဒီသဘောပါပဲ။

အခုအစိုးရကတော့ ဒီမိုကရေစီစနစ်ကို ပြောင်းနေပြီလို့ ပြောတယ်။ အဲ့ဒီအပေါ်မှာကော ကိုဇာဂနာ ကြိုဆိုသလား။ ဘယ်လိုအမြင်များ ရှိသလဲ။

အဲ့တာနဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမိုကရေစီ စနစ်ကို စတင်ပြီးတော့ ကျနော်တို့ ပြောင်းလဲ
နေပြီဆိုတဲ့ စကားအပေါ်မှာ ကျနော်ဝမ်းသာပါတယ်။ တကယ်လဲ ဒီမိုကရေစီစနစ်ကို ပြောင်းလဲလာတယ်လို့ ကျနော်ယုံကြည်တယ်။ ဒါလဲ ကျနော်ယုံကြည်ပါတယ်။ သို့သော် ပြောင်းလဲလာတယ်လို့ ပိုပိုပြီး ယုံရအောင်၊ ကျနော်တို့တွေရဲ့ စိတ်ထဲမှာ ပိုပြီး ယုံစေချင်တယ်။ ကျနော်တို့က အခုထိ သံသယတွေ ရှိနေတယ်။ ကျနော် တို့ဆီမှာ မယုံကြည်နိုင်သေးတဲ့ စိတ်တွေ ရှိနေတယ်။ မယုံရာကနေ နည်းနည်း၊ နည်းနည်း ယုံလာတယ်။ ပိုပြီးတော့ ယုံရအောင်ဆိုရင် အစိုးရအနေနဲ့ လုပ်ပြဖို့လိုမယ်။ လုပ်ပြဖို့ဆိုတာက အစိုးရကိုးဗျ၊ အစိုးရဆိုတာ
ပြည်သူပြည်သား ယုံကြည်အောင် ပြည်သူပြည်သား ထောက်ခံအောင် ပိုပြီးတော့ လုပ်ပြစရာတွေ ရှိသေး တယ်လို့ ကျနော်ထင်တယ်။

ဥပမာတခုပေါ့ အနီးဆုံး ဥပမာဆိုရင် အကျဉ်းသားလွှတ်တဲ့ ကိစ္စမှာကို ဒီလိုမျိုး လုပ်လိုက်တဲ့ ကိစ္စက ကျနော်တို့ စိတ်ထဲမှာ ယုံရမှာကို မရဲဘူး။ မဝံ့မရဲဘူး ဖြစ်သွားပြီ၊ ယုံဖို့တောင် မရဲတဲ့ အဆင့်ဖြစ်သွားပြီ။ အဲ့တာမျိုးတွေ အစိုးရက လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ယုံဖို့ခက်တယ်။ အဲ့တော့ ကျနော်တို့ကို ယုံစေ့ ချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်တန်းတန်း ဖြူးဖြူးဖြောင့်ဖြောင့်လေး လုပ်ပေးကြစေချင်
တယ်။ တကယ့်ကို ပြောင်းလဲမှုကို မြင်ပါရစေလို့ ကျနော်ကတော့ တောင်းဆိုချင်တယ်။
အခု တဘက်မှာလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ အကြိမ်ကြိမ်တွေ့တယ်။
နောက်
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကို ဖိတ်ပြီး သမ္မတ ဦးသိန်းစိန်တို့နဲ့တွေ့တယ်။ ဒါတွေက တိုးတက် ပြောင်းလဲလာမှုလို့ ကိုဇာဂနာ ထင်လား။

တခုရှိတာကတော့နော်။ သမ္မတနဲ့ အန်တီနဲ့ တွေ့ပြီးတော့ ဘာတွေ ပြောတယ်ဆိုတာ ကျနော်တို့ မသိရတဲ့ အတွက်။ ဘာတွေပြောလဲဆိုတာ ကျနော်တို့ ပြန်ပြီး သိခွင့်မရတဲ့ အတွက် ဒါဟာ ဘယ်လို အနေအထားလဲ ဆိုတာ ဝေဖန်ဖို့ခက်ပါတယ်။ သို့သော် တခုတော့ ရှိပါတယ်။ တွေ့တာအတွက်ကတော့ ဒါကောင်းတာပေါ့။ ဒီဥစ္စာကတော့ တိုးတက်လာတဲ့လက္ခဏာ ပြောင်းလဲလာတဲ့ လက္ခဏာလို့ ပြောရမယ်။ သို့သော် ကျနော် နည်းနည်းလေး ဖြည့်ချင်တယ်။ အဲ့တာက ဘာလဲဆိုတော့ မတွေ့တာထက် စာရင် တွေ့တာက ကောင်းတာ
ပေါ့။ တွေ့ပြီးတော့ ဘာမှမလုပ်တာထက် စာရင်တော့ မတွေ့ပဲနေတာက ကောင်းလိမ့်မယ်။

အခု ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်တယ်။ ဒီအပေါ်မှာ တချို့က
ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက အသုံးချနေတယ်လို့ ဝေဖန်တာလဲ ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘက်ကလဲ သူ့အနေနဲ့ တကယ်သာ တိုင်းပြည်ကောင်းမယ်ဆိုရင် အသုံးချခံဖို့ အဆင်သင့်ပဲလို့ ပြန်ဖြေထားတာလဲ ရှိပါတယ်။ ကိုဇာဂနာ့ဘက်ကကော အန်တီစု လျှောက်နေတဲ့ လမ်းစဉ်နဲ့ လှုပ်ရှားမှုတွေအပေါ် ဘယ်လိုအမြင်များ ရှိသလဲ။


အဲ့တာကို နှစ်ခုတော့ ကျနော်ခွဲပြောရလိမ့်မယ်
တကယ်လဲ ဒီမိုကရေစီစနစ်ကို ပြောင်းလဲ လာတယ်လို့ ကျနော်ယုံကြည်တယ်။ ဒါလဲ ကျနော်ယုံကြည်ပါတယ်။ သို့သော် ပြောင်းလဲ လာတယ်လို့ ပိုပိုပြီး ယုံရအောင်၊ ကျနော်တို့
တွေရဲ့ စိတ်ထဲမှာ ပိုပြီး ယုံစေချင်တယ်။ ကျနော်တို့က အခုထိ သံသယတွေ ရှိနေ
တယ်။ ကျနော်တို့ဆီမှာ မယုံကြည်နိုင်သေးတဲ့ စိတ်တွေ ရှိနေတယ်။ မယုံရာကနေ နည်းနည်း၊ နည်းနည်း ယုံလာတယ်။ ပိုပြီးတော့ ယုံရအောင် ဆိုရင် အစိုးရအနေနဲ့ လုပ်ပြဖို့လိုမယ်။
ထင်တယ်။ တစ်က အသုံးချခံနေရတယ်တို့ အသုံးချနေ တယ်တို့ ဆို
တဲ့ စကားအပေါ်မှာ ကျနော့်အနေနဲ့ ချက်ချင်း တုံ့ပြန်ချင်
တဲ့ စကား တခွန်းရှိတယ်။ အဲ့တာက ဘာလဲဆိုတော့ ကျ
နော် တို့က မျောက်လက်ထဲကို ရွှေထည့်လိုက်ရင် မျောက် က ရွှေတန်ဖိုးကို ဘာနားလည် မှာလဲ၊ ပန်းထိမ်ဆရာလက် ထဲကို ထည့်မှ လက်စွပ်တွေ၊ လက်ကောက်တွေ ဖြစ်လာ
မှာ ပေါ့။ အဲ့တော့ အန်တီက အဲ့လို အသုံးချခံရမယ့် လူ
လား။ ရွှေတုံးကြီးကို မျောက်လက်ထဲ ထည့် လိုက်လို့လား။ အဲ့လိုတော့ ကျနော်မထင်ဘူး လေ။ တန်ဖိုးရှိတဲ့ ပန်းထိမ် ဆရာ လက်ထဲ ရောက်သွားတယ် ဆိုရင်တော့ ဒါကို
အသုံးချ ခံရတယ်လို့ မယူဆရပါဘူး။ အန်တီက အဲ့လောက် ညံ့တဲ့ လူမျိုး မဟုတ်ပါဘူး။ ဒါက တပိုင်းပေါ့။

နောက် ဒုတိယတပိုင်း အနေနဲ့ ပြောရမယ် ဆိုရင်တော့ သမ္မတကြီးဦးသိန်းစိန်နဲ့ အန်တီနဲ့ တွေ့တဲ့ဆုံတဲ့
ကိစ္စက ဘယ်လိုနည်းနဲ့မဆို ကန့်ကွက်စရာ တစက်မှ မရှိတဲ့ကိစ္စ။ မတွေ့တော့ ဘာလုပ်နေရမလဲ။
သမ္မတကြီး ဦးသိန်းစိန်နဲ့ အန်တီနဲ့ တွေ့တော့ကော ဘာဖြစ်လို့လဲ၊ ဘယ်သူတွေ အကျိုး ယုတ်လျော့လို့လဲ။ တိုးတက်ဖို့ လမ်းကြောင်းပဲရှိတာ။ ကျနော် ပြောဖူးတယ် အန်တီနဲ့၊ ဦးသိန်းစိန်နဲ့၊ ၈၈ မျိုးဆက် ကျောင်းသား
တွေနဲ့ ဦးခွန်ထွန်းဦးတို့လို လူတွေနဲ့ ဒီလူတွေအကုန်လုံး ဝန်းဝိုင်းပြီးတော့ လီလီပန်းခင်းကြီးထဲမှာ ပြုံးပြီးတော့ ရပ်နေကြတာကြီးများ တွေ့လိုက်ရမယ့် မြင်ကွင်းကြီးကို ကျနော်ဆွဲနေခဲ့တာ ကြာပါပြီ။

သမ္မတ ဖိတ်ခေါ်ချက်အရ ပြည်ပကနေ ပြည်တွင်း ပြန်ဝင်တယ်။ အဲ့ဒီမှာ ကိုဇာဂနာရဲ့… သီးလေးသီးလေ… (ကိုဇာဂနာမှ ဝင်ထောက်ပေးသည်) ဟုတ်ကဲ့။ သူတို့က ပြည်တွင်း ပြန်ရောက် ပြီးတဲ့ အချိန်မှာ ပြည်ပ အတိုက်အခံ အဖွဲ့အစည်းတွေကို ဝေဖန်တာလုပ်တယ်။ အဲ့တာတွေက ဟိုဘက်ဒီဘက် ပြောစရာဖြစ်လာတဲ့ အနေအထားမှာ ရှိနေတယ်။ အဲ့ဒီအပေါ်မှာ အကို့အမြင်က။

ကျနော် အဲ့ဒီဥစ္စာက မနေ့ကလဲ သူတို့ကို တရားဝင် ကျနော်ပြောခဲ့ပြီးပါပြီ။ ကျနော်က လက်မခံဘူး။ ကျနော့် အနေနဲ့ကတော့။ ကျနော့်ညီတွေလို့ သတ်မှတ်ထားတဲ့ သီးလေးသီး၊ ဂေါ်ဇီလာ စသည်ဖြင့် အခုတော့ သီးလေးသီးမဟုတ်ဘူး ဒီမှာရောက်နေတာ သီးနှစ်သီးပေါ့။ ဒီသီးနှစ်သီးတို့ ဂေါ်ဇီလာတို့ဟာ ပြည်ပရောက်
နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ဒီလိုမျိုး ပုတ်ပုတ်ခတ်ခတ်၊ ဒီလူတွေကို အမနာပ ပြောတယ်ဆိုတာကို ကျနော် ပြင်းပြင်းထန်ထန် ရှုံချတယ်။ ရှေ့ဆက်ပြီး သူတို့ ပြောမယ်ဆိုရင်လဲ ကျနော်နဲ့ လက်တွဲဖြုတ်ဖို့ အဆင်သင့်ပဲ့။

အခု ၂၉ ရက်နေ့မှာ သူတို့ ကမယ်ဆိုတဲ့ ပွဲမှာလဲ  ကျနော်တရားဝင် ပြောပြီးသား။ မကနဲ့လို့ ကျနော် မတား ပါဘူး။ သီးလေးသီးဆိုတဲ့ နာမည်ကို အသုံးပြုခွင့် ကျနော်တားတယ်။ သီးနှစ်သီးပဲ လုပ်ချင်လုပ်။ မြပုဏ္ဏမာ ဆိုတဲ့ နာမည်ကိုလဲ ကျနော်တားတယ်။ ကျနော်လုံးဝ ခွင့်မပြုနိုင်ဘူး။ သို့သော် အသီးလေးသီး ဆုံတယ် ဆိုရင်တော့ သီးလေးသီးကပါ။ သို့သော် ထပ်ပြီးတော့ ကျနော်ပြောချင်တာက ပြည်ပရောက်နေတဲ့ နိုင်ငံ
ရေး အဖွဲ့အစည်းတွေကို ပုတ်ပုတ်ခတ်ခတ်လုပ်တဲ့ စကားလုံး၊ ပုတ်ပုတ်ခတ်ခတ် လုပ်တဲ့ ပြက်လုံးတွေ
ပြောလာ မယ် ဆိုခဲ့ရင်တော့ ရပြီ၊ ကျနော့် ရာဇဝင်နဲ့ ကျနော့်သမိုင်းမှာ အဲ့ဒီနာမည်သုံးခု မရှိတော့ဘူး။ ကျနော်ဖျက်ပြီးသား ဖြစ်သွားပြီ။ ကျနော် တရားဝင် ပြောပြီးသားဖြစ်တယ်။ ဒီစကားကို ကမ္ဘာသိကျနော်
ကြေငြာလိုက်တာပဲ။

ပြည်ပမှာ ကျန်နေခဲ့တဲ့ ကျန်တဲ့ နှစ်သီးက ကိုဇာဂနာ လွတ်တဲ့ အချိန်အထိ စောင့်မယ်လို့ အင်တာဗျူးတွေ မှာ ဖြေထားပါတယ်။ အခု ကိုဇာဂနာလွတ်လာပြီဆိုတော့ သူတို့ကိုကော ဘာပြောချင်ပါသလဲ။

မနက်ကတင် သူတို့နဲ့ ကျနော်တွေ့ပြီးပါပြီ။ ပန်းသီးနဲ့
ကျနော် ပြောဖူးတယ် အန်တီနဲ့၊ ဦးသိန်းစိန်နဲ့၊
၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဦးခွန်ထွန်းဦး
တို့လို လူတွေနဲ့ ဒီလူတွေအကုန်လုံး ဝန်းဝိုင်းပြီး
တော့ လီလီပန်းခင်းကြီးထဲမှာ ပြုံးပြီးတော့ ရပ်နေကြတာကြီးများ တွေ့လိုက်ရမယ့် မြင်ကွင်း
ကြီးကို ကျနော်ဆွဲနေခဲ့တာ ကြာပါပြီ။
ရော၊ကြယ်သီးနဲ့ရော၊ မြစပယ်ငုံနဲ့ရော မနက်ကတင် ကျနော်တော်တော်ကြာကြာလဲ စကားပြောပြီးပါပြီ။ သီချင်းတွေဘာတွေ သူတို့ ဆိုပြတာလဲ ကျနော် နား
ထောင်ပြီးပြီ။ သူတို့အနေနဲ့က ကျနော်
ခေါ်မယ်ဆိုရင် ဒီနေ့ခေါ် ဒီနေ့လာပါမယ်လို့ သူတို့
ပြောတယ်။ တကယ်လို့ ကျနော်က ကျနော့် သူငယ်
ချင်းတွေ ဖြစ်တဲ့ ကိုမေတ္တာတို့၊ ကိုအရိုင်းတို့၊ ကိုကင်းကောင်တို့ ကိုငှက်ပျောကြော်တို့နဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ကသာ ပွဲတပွဲ ကမယ်ဆိုရင်၊ ကျနော်တို့ ဦးဆောင်ပြီး လုပ်မယ်ဆိုရင် သူတို့ ပြန်လာပါ့မယ်လို့
ပြောထားပါတယ်။ အဲ့တော့ ကျနော်က ပွဲကနိုင်မယ့် အခြေအနေ ရောက်ရင်တော့ ဒီကလေးတွေကို
ပြန်ခေါ်မှာပါ။ လောလောဆယ်တော့ ဘာအစီအစဉ်မှ မရှိပဲနဲ့တော့ သူတို့ကို သက်သက်မဲ့ကြီး ကျနော် မခေါ်ချင်သေးဘူး။

ပြည်ပခရီးစဉ်တွေကော သွားဖို့ အစီအစဉ်ရှိလား။ ကိုဇာဂနာ့ မိသားစုတွေ အကုန်လုံး ပြည်ပမှာ
ရောက်နေကြတော့ သွားလည်ဖို့ကော အစီအစဉ်ရှိလား။


ပတ်စပို့တ်ကို မရှိတာ။ ပြီးခဲ့တဲ့ အစိုးရလက်ထက် တောက်လျှောက် ကျနော် ပတ်စပို့တ် လျှောက်လွှာ တင်ခဲ့တိုင်း
ကျနော့်ကို ပယ်ချပြီး ပတ်စပို့တ် လုံးဝ ထုတ်မပေးခဲ့တဲ့ အတွက် ကျနော့်မှာ ပတ်စပို့တ်ကို မရှိဘူး။ ကျနော် လော
လောဆယ် နိုင်ငံခြားသွားဖို့ဆိုတာ ပတ်စပို့တ်ရှိမှ ဖြစ်မှာကိုး။ အဲ့တော့ ကျနော် ပတ်စပို့တ်တော့ လျှောက်ချင် တယ်။ ကျနော့်မိသားစုကို တွေ့ဖို့ဆိုတာက ဒုတိယ ဦးစားပေးပေါ့။ ပထမ ဦးစားပေးကတော့ ကျနော် လေ့လာ ချင်တာလေးတွေ ရှိတယ်။ အဲ့တာလေးတွေကိုတော့ ကျနော် သွားလေ့လာချင်သေးတယ်။ အဲ့အတွက်က နှစ်လ သုံးလလောက် ဖြစ်စေပေါ့။ ကျနော့်သူငယ်ချင်းတွေကိုလဲ ကျနော်မေးပြီးပါပြီ။ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်း
တွေကိုပေါ့။ စာရေးဆရာ၊ ဆရာမတွေလဲရှိတယ် သူတို့တွေကို ကျနော်လေ့လာနိုင်တဲ့ ဟာလေးတွေပေါ့။ ဥပမာ မီဒီယာနဲ့ ပတ်သတ်တာမျိုးတွေ လေ့လာ ချင်တယ်။ ကျနော်ဝါသနာ ပါတာပေါ့နော်။ နောက်တော့ Public Relation နဲ့ ပတ်သတ်တာတွေ ကျနော် လေ့လာချင်တယ်။ အဲ့ဒီ ကျနော်လေ့လာချင်တာလေးတွေကို တလ တန်သည် နှစ်လတန်သည် လေ့လာလို့ ရတယ်လို့ သူတို့ကပြောတော့ အဲ့လိုလေး သင်တန်းလေး သဘော၊ Workshop လေး သဘောတော့ ကျနော်သွားလေ့လာချင်တယ်။ ကျနော်ဘယ်နိုင်ငံမှ မရောက်ဖူးသေးတဲ့ အတွက် သွားချင်တာလဲ ပါတယ်။ ကျနော်တို့ တိုင်းပြည်အတွက် အကျိုးရှိနိုင်မယ်လို့ ထင်တဲ့ သင်တန်းမျိုး
ပေါ့နော်။ ကြာကြာကြီးတော့ မဖြစ်ဘူး။ ကျနော်ဒီမှာ အလုပ်တွေပျက်မယ်။ အဲ့လို နှစ်လတန်သည် သုံးလတန် သည် သွားလေ့လာပြီး သင်တန်းလေး ဘာလေး တက်ရမယ်ဆို တက်ချင်တယ်။
Zaganar3

ဒီမိုကရေစီအစိုးရလို့လဲ ပြောထားတဲ့ အနေအထားတွေရှိတော့ ဒီတခေါက် ပတ်စပို့တ်တင်ရင် ခွင့်ပြုမယ်လို့ ထင်လား။

ကျနော်ကတော့ ထင်ပါတယ်။ ကျနော်ပြောလဲ ပြောထားတယ်။ ဘာကိစ္စနဲ့မှလဲ ကျနော့်ကို မပိတ်ထားသင့်
တော့ဘူးလို့ ထင်ပါတယ်။ အရင်တုန်းက မသွားစေချင်လို့ ပိတ်ထားပေမယ့် အခုတော့ ပေးပြီးတော့ သွားမယ်လို့ ထင်ပါတယ်။ ကိုယ်မှ လျှောက်လွှာ မတင်ရသေးတော့ မသိဘူးပေါ့။ သို့သော် ပေးမယ်လို့ ယုံကြည်ပါတယ်။ ကျနော် လျှောက်ကြည့်ဦးမယ်။

တက်ကြွတဲ့ လှုပ်ရှားမှုတွေ မလုပ်ဖို့ တားမြစ်ခံရတာတို့၊ လာပြီး အသိပေးတာမျိုးတို့ မလုပ်ဖို့ တိုက်တွန်းတာမျိုးတို့ အဲ့ဒီလိုမျိုးတွေ အကို ကြုံခဲ့ဖူးလား မသိဘူး။

မကြုံပါဘူး။ မကြုံဘူးဆိုတာက အဲ့လိုပြောလဲ နားထောင်မယ့်သူ မဟုတ်ဘူးလို့ သူတို့ ထင်ပုံရပါတယ်။ (ရယ်လျက်) မကြုံဖူးပါဘူး။ ပြောလဲမပြောပါဘူး။

၂ဝဝ၈ မှာ စီရင်ချက် ချခံရတော့ အင်တာနက်
ဒီသီးနှစ်သီးတို့ ဂေါ်ဇီလာတို့ဟာ ပြည်ပရောက်
နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ဒီလိုမျိုး ပုတ်ပုတ်ခတ်ခတ်၊ ဒီလူတွေကို အမနာပ ပြော တယ် ဆိုတာကို ကျနော် ပြင်းပြင်းထန်ထန် ရှုံချတယ်။ ရှေ့ဆက်ပြီး သူတို့ ပြောမယ် ဆိုရင် လဲ ကျနော်နဲ့ လက်တွဲဖြုတ်ဖို့ အဆင်သင့်ပဲ့။
အီးမေးလ်နဲ့ ပြည်ပရောက်တွေကို ဆက်သွယ်တဲ့ ပုဒ်မတွေပါတယ်။ အခု အင်တာနက် ပြန်သုံးမယ်
ဆိုတော့ ဒီဥပဒေတွေအပေါ်မှာ အကို့အနေနဲ့ ဘယ်လိုများ မြင်သလဲဗျ။


တခုတော့ရှိတယ်။ ကျနော်ကတော့ ဒီဟာက သုံးရမှာပဲ။
ဒီဟာကြောင့် အဖမ်းခံရတယ်ပဲ ဆိုဆို ဒီဟာကို ကျနော်
သုံးရမှာပဲ။ နောက်တခုက ဒါမှမသုံးရင် ကျနော် ဘာသွားသုံးရမှာလဲ။  ကျနော့်မိတ်ဆွေတွေ၊ ကျနော့် သူငယ်ချင်းတွေ၊ နိုင်ငံခြားရောက်နေတဲ့ သူတွေနဲ့ ကျနော့် ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ် ပြည်တွင်းက လူတွေနဲ့ ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ်၊ ဒီဟာမှ မရှိရင် ကျနော် ဘယ်လိုသွားပြီး ဆက်သွယ်ရမလဲ။ ဒီ့အတွက်ကြောင့် ကျနော်ကတော့ သုံးရမှာပဲ။ ဒီအပေါ်မှာ အပြစ်တွေ အကျဲတွေ လာလုပ်နေရင်လဲ ကျနော်ကတော့ ဂရုစိုက်နေမှာ မဟုတ်ဘူး။

အခုက Facebook လို Social Networking Sites တွေ အရမ်းဖွံ့ဖြိုးလာတယ်။ ပြည်တွင်းက လူတွေက သတင်းအချက်အလက် ပေးတဲ့နေရာမှာကော၊ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုတွေ အကြောင်း အသိပေးတဲ့ နေရာမှာကော ဒီဆိုက်တွေကို သုံးလာတယ်။ ကိုဇာဂနာကော အဲ့လိုဆိုက်တွေ သုံးဖို့
အစီအစဉ် ရှိလားမသိဘူး။


ကျနော် မနက်ကမှ ဖေ့စ်ဘွတ်ခ် မြင်ဖူးတာ။ အဲ့တော့ ကျနော် နည်းနည်း လေ့လာချင်သေးတယ်။ သုံးဖို့ အစီအစဉ် ရှိသလားဆိုတော့ ဖေ့စ်ဘွတ်ခ်ကို ကျနော်သေသေချာချာ မလေ့လာနိုင်သေးဘူး။ ဂျီမေးလ် ကတော့ တောက်လျှောက်သုံးလာတဲ့ လူဖြစ်တဲ့အတွက် ဒါကတော့ ပြဿနာ မရှိဘူး။ နောက်ပြီးတော့
ထောင်ထဲမှာ ကျနော် Social Network ဆိုတဲ့ ရုပ်ရှင်ကား ကြည့်လိုက်ရတယ်။ အဲ့လို ကြည့်လိုက်ရတော့
ဖေ့စ်ဘွတ်ခ်ကို ကျနော် တော်တော်စိတ်ဝင်စားတယ်။ သို့သော် ဖေ့စ်ဘွတ်ခ်ရဲ့ အားနည်းချက် အားသာချက် ကို ကျနော်မလေ့လာရသေးတဲ့အတွက် သုံးဖြစ်မယ် မသုံးဖြစ်ဘူးတော့ ကျနော်အတိအကျ မပြောနိုင်သေး
ဘူး။ သို့သော် အခုဖတ်ကြည့်လိုက်တော့ နည်းနည်းကြောက်နေတယ်။ (ရယ်လျက်) ဘာလို့လဲဆိုတော့ ညစ်တီးညစ်စုတ်တွေ လျှောက်ရေးထားတယ်။ ဆဲဆဲဆိုဆိုတွေ။ အဲ့တာတွေ တွေ့တော့ သြော် ဒါမျိုးလဲ ရှိနေတာပါလားလို့ ထင်တယ်။ သို့သော် အတိအကျ ကျနော်မလေ့လာရသေးဘူးလို့ပဲ ပြောမှာပေါ့။

ကိုဇာဂနာသာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် အဲ့ဒီနယ်မှာတော့ ပြိုင်ရဲမယ့်သူ ရှိမှာ မဟုတ်ဘူး ထင်တယ်။ အဲ့ဒီလို ရွေးကောက်ပွဲ ဝင်ဖို့အစီအစဉ်တွေ ဘာတွေများ ရှိမလားခင်ဗျ။

လောလောဆယ် အခြေအနေမှာတော့ အဲ့ဒီအစီအစဉ် ကျနော့်မှာ မရှိပါဘူး။ တကယ်ကို လွှတ်တော်ထဲ သွားနိုင် မယ့် ရွေးကောက်ပွဲ ဝင်နိုင်မယ့်သူတွေပေါ့။ နောင်တော့လဲ ကြုံလာရဦးမှာပါ။ အဲ့ဒီလူတွေကို လွှတ်တော်ထဲ ပို့ဖို့။ တကယ့် ပြည်သူ့အကျိုး သယ်ပိုးနိုင်တဲ့သူတွေကို လိုက်လံရှာဖွေဖို့။ ဘယ်လိုခေါ်မလဲဗျာ ဘောလုံး စကားနဲ့ ပြော ရင် အာဆင်နယ်မှာ ကင်းထောက်ထားတယ်မဟုတ်လား။ အဲ့လိုပေါ့ ကျနော်ကလဲ နိုင်ငံရေးသမား ကင်းထောက်
လုပ်ချင်တာ။ ကျနော် အဲ့ဒီလွှတ်တော်ထဲဝင်ပြီး အမတ်လုပ်ချင်တဲ့သူ မဟုတ်ဘူး။ ဘောလုံးသမားတွေလိုက်ရှာ
တဲ့ ကင်းထောက်သမားတွေလို ကျနော်က နိုင်ငံရေးသမားတွေ လိုက်ရှာတဲ့ ကင်းထောက် ကျနော်လုပ်ချင်တယ်။

ကိုဇာဂနာတော့ လွတ်ပြီ။ ထောင်ထဲမှာတော့ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေ အများကြီး ကျန်သေးတယ်။ သူတို့ကိုကော အကိုဘာများ ပြောချင်မလဲ။

ထောင်ထဲက သူတွေကိုတော့ စိတ်ဓါတ်မကျ
လောလောဆယ် အခြေအနေမှာတော့ အဲ့ဒီ အစီအစဉ် ကျနော့်မှာ မရှိပါဘူး။ တကယ်ကို
လွှတ်တော်ထဲ သွားနိုင်မယ့် ရွေးကောက်ပွဲ ဝင်နိုင်မယ့်သူတွေပေါ့။ နောင်တော့လဲ ကြုံလာ ရဦးမှာပါ။ အဲ့ဒီလူတွေကို လွှတ်တော်ထဲ ပို့ဖို့။ တကယ့် ပြည်သူ့အကျိုး သယ်ပိုးနိုင်တဲ့ သူတွေ ကို လိုက်လံရှာဖွေဖို့။
ကြပါနဲ့ဦး၊ အလဲမလှဲ ကြပါနဲ့ဦးလို့။ ကျနော်တို့ သူတို့ကို ဘယ်
တော့မှ မေ့သွားမယ့်သူတွေမှ မဟုတ်တာ။ သူတို့လဲ
မကြာခင် အတောအတွင်းမှာ ဧကန်မုချ မိသားစု ရင်ခွင်ထဲကို ပြန်ရောက် လာကြမှာလို့ ကျနော်
ယုံကြည် တယ်။ သူတို့ ကိုလဲ ယုံကြည်စေ့ ချင်တယ်။
အလွန်ဆုံး ဒီနှစ် မကုန်စေ ရဘူးလို့ ကျနော်ပြောချင်
တယ်။ ဒီဟာကိုလဲ ဖြစ်အောင် ကျနော်တို့ ကိုယ်စွမ်း
ဥာဏ်စွမ်း ရှိသမျှ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။

ကိုဇာဂနာကို အနုပညာလုပ်ငန်းတွေ မလုပ်ဖို့ တားမြစ်ထားတာ ရှိသေးလား။

ကျနော် ထောင်ထဲ မရောက်ခင် ၂ဝဝ၆ ခုနှစ်ကတည်းက ကျနော့်ကို အနုပညာ လုပ်ငန်း လုပ်ခွင့် ပိတ်ကို ပိတ်ထားတယ်။ တရားဝင် ပိတ်ထားတယ်။ သူတို့ စာထုတ်ပြီး ပိတ်ထားတာ။ ကျနော့်ကို အဲ့ဒီတုန်း
ကတည်းက နာမည်တောင် သုံးခွင့်မပြုဘူး။ ဘယ်ဂျာနယ်၊ ဘယ်စာစောင်မှာမှ မထည့်ရဘူး။ ကျနော့် အသံတောင် မသုံးရဘူးလို့ ဆိုပြီးတော့ သူတို့ အမိန့်ထုတ်ထားတယ်။ အခုကျနော် ထောင်ကထွက်လာတော့ ကျနော်ပုံတွေ ဂျာနယ်တွေတိုင်းမှာ မျက်နှာဖုံးအနေနဲ့ ပါလာတဲ့ အခါကျတော့ ဒါတွေက ပြီးသွားပြီလား မပြီးသေးဘူးလား ကျနော်မသိဘူး။ ခွင့်ပြုလိုက်ပြီလား၊ ခွင့်မပြုသေးဘူးလား ဆိုတာလဲ ကျနော် မမေးရသေး ဘူး။ ကျနော့်ကိုလဲ ဘာမှ အကြောင်းမကြားသေးတဲ့ အတွက် တိတိကျကျ ကျနော် မသိရသေးပါဘူး။ သို့သော် ကျနော့်အနေနဲ့ကတော့ ကျနော့်ရဲ့ အနုပညာကို ဘယ်သူခွင့်ပြုပြု မပြုပြု ဘာမှဖြစ်မသွားဘူးလို့ ထင်တယ်။ ကျနော့်အနုပညာက ကျနော်အသက်ရှင်နေသလောက် သူလဲ ရှင်သန်နေမှာပဲ။

ရှေ့လျှောက် အနုပညာရယ်၊ လူမှုရေးလုပ်ငန်းတွေရယ်၊ နိုင်ငံရေးရယ် ဘယ်ဟာကို ဦးစားပေး လုပ်သွားမလဲ ခင်ဗျ။

လတ်တလော အခြေအနေမှာ၊ လောလောဆယ် ဒီစကားကို ပြောနေတဲ့ အချိန်မှာတော့ ပထမ ဦးစားပေးက
နိုင်ငံရေးပဲ။ နိုင်ငံရေးပြီးရင်တော့ ဒုတိယ ဦးစားပေးက အနုပညာပဲ။ လူမှုရေးဆိုတာကတော့ သူ့ဘာသာသူ တွဲပါသွားပါလိမ့်မယ် ဒီထဲမှာပဲ။

ကိုဇာဂနာကို လွှတ်ပေးလိုက်တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အိန္ဒိယနိုင်ငံကို ရောက်နေ ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အခြေစိုက်တဲ့ မဇ္ဈိမသတင်းဌာနကတဆင့် ကိုဇာဂနာ ဘာများ ပြောချင်မလဲ။

သမ္မတကြီး… လို့ ။ အိန္ဒိယ ရောက်ရင် ချာပါတီ စားပါလို့။ အာလူးပူရီ မစားပါနဲ့…လို့ ကျနော်ပြောချင်ပါတယ်။

ဘာဖြစ်လို့များလဲ။

ပါသွားပြီလေ။ ဟဲ…ဟဲ…ဟဲ… (ရယ်မောလျက်)



Source: မဇ္ဈိမ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes